ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပင်လုံသစ္စာ
Posted on■ မိတ်ဆက် ဤ ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပင်လုံသစ္စာ ဆောင်းပါးတွင် တိုင်းရင်းသားလူမျိုးများ၏ နောက်ခံ နိုင်ငံရေးသမိုင်းကို အကျဉ်းမျှသာဖော်ပြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုထားသော ပင်လုံစာချုပ်နှင့် ကတိကဝတ်များ၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံထားရှိရမည့် အခြေခံမူများ၊ အခြေခံ ကျောရိုးကိုသာ ရှင်းလင်းချက်အနည်းငယ် တင်ပြခြင်းမှအပ သမိုင်းဝင်မှတ်တမ်း စာမူရင်းပါရှိသည့်အတိုင်း အဓိကဖော်ပြထားခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင်များသည် ဗြိတိသျှ ကိုလိုနီလက်ထက် ကာလတွင် သီးခြားနယ်မြေ တည်ရှိသော ဗမာပြည်မ (Burma Proper) နယ်မြေ၊ ပြည်ထောင်စု ရှမ်းပြည် (The Federated Shan States) နယ... […]