အမျိုးသား ညီညွတ်ရေးအစိုးရအတွက် ချိတ်ဆက်ရမယ့် လမ်းကြောင်းနှစ်သွယ်

Posted on

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ တရပ်ဖွဲ့စည်းရန် ကြေညာထားပြီး အခြား တိုင်းရင်းသား ပါတီများကိုလည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည်။ ဤသည်ကို အခြားပါတီများက ကြိုဆို ထောက်ခံကြသော်လည်း တိတိကျကျ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း NLD ပါတီ ခေါင်း ဆောင်ပိုင်းက ပြောကြားထားသည်။ NLD အစိုးရ ဦးဆောင်ခဲ့သည့်  ငါးနှစ်တာကာလအတွင်းမှာ တိုင်း ရင်းသား အခွင့်အရေးနှင့်ပတ်သက်၍ ထိပ်တိုက်ရင်ဆိုင်မှုများရှိခဲ့ပြီး NLD ပါတီနှင့် တိုင်းရင်းသား ပါတီများအကြား  ဆက်ဆံရေးလည်း များစွာကျဆင်းခဲ့သည်။ အဆိုပါ မကျေလည်မှုများကြောင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၌ တိုင်းရင်းသားနိုင်ငံရေးပါတီများအပေါ် လူထု ထောက်ခံမှု ပိုမို... […]