မြန်မာပြည်က ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြဿနာ

Posted on

■ ပြဿနာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေအကြား ကြိမ်ဖန်များစွာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘယ်မှ ခရီးမရောက်ရတဲ့ အကြောင်းရင်းရှိပါတယ်။ အဲဒါကတော့ ဘက်နှစ်ဖက်လုံးကြားမှာ သူတို့ ဘာလိုချင်လဲဆိုတဲ့အပေါ် အခြေခံကျကျ ကွဲလွဲနေလို့ ဖြစ်ပါတယ်။ အရင် ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အစိုးရရော လက်ရှိ ဒီချုပ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရကပါ မြန်မာပြည်က လက်နက်ကိုင် တိုင်းရင်းသား အင်အားစုအားလုံးကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပထမဆုံး ရေးထိုးပြီးမှ အစီအစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကို တိုက်တွန်း ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း တပ်မတော်ရဲ့ သဘောထား ရပ်တည်ချက်က ပိုပြီး ရှင်းလင်းပါတယ်။ သူတို့က တို... […]