လက်နက်ကိုင် ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်နှင့် ပူးပေါင်းဆောင်ရွက်ရေး

Posted on

နိဒါန်း လက်နက်ကိုင် ပဋိပက္ခနှင့် သဘာဝဘေး အန္တရာယ်ကျရောက်မှုသည် တခါတရံ တချိန်တည်းတွင် ရောက်လာလေ့ ရှိပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခနှင့် ကူးစက်လွယ်သော ကိုရိုနာဗိုင်းရပ်စ်တို့ တချိန်တည်း ဖြစ်ပေါ်နေပါသည်။ ယင်းအခြေအနေသည် လက်နက်ကိုင်ပဋိပက္ခကို  အကောင်းဘက်သို့ ဦးတည်သွားနိုင်သလို အဆိုးဘက်သို့လည်း ရောက်သွားစေနိုင်ပါသည်။ ထို့ကြောင့် ဤအခြေအနေပေါ် မူတည်၍ ပဋိပက္ခတွင် ပါဝင်နေကြသူများအနေနှင့် မည်သည့် နည်းလမ်းကို ရွေးမလဲ စဉ်းစားကြရပါမည်။ လက်ရှိအခြေအနေအရ ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေးသည့် နည်းလမ်းကို အားလုံးက ရွေးချယ်ခဲ့သည်ဟု နားလည်ပါသည်။   သဘာဝဘေးအန္တရာယ်သည် ပဋိပက္ခကို ပိုမိုဆိုးရွားစေနိုင်သည် နိုင်ငံတကာ လေ့လာချက်များအရ လက်နက်ကိုင... […]