မြန်မာ့လူမျိုးစုနှင့် ဖက်ဒရယ် ပြဿနာအပေါ် အတွေးတချို့
Posted on■ နိဒါန်း အတိတ်ရဲ့ အရိပ်ရှည်ကြီးက မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေအပေါ်မှာ သက်ရောက်လျက် ရှိပါတယ်။ ဒါ့အပြင် တစိတ်တပိုင်း ဒီမိုကရေစီစနစ်အတွက် လူမျိုးစုရေး၊ ဖက်ဒရယ်အရေး မြော်မြင်ချက်တွေ၊ ပုံဖော်ချင်တာတွေကလည်း တစ်ခုနဲ့တစ်ခု အားပြိုင်နေကြပါတယ်။ ဒီဆောင်းပါးက လူမျိုးစုရေး၊ ဖက်ဒရယ်အရေးတွေရဲ့ နက်နဲရှုပ်တွေးမှုကို သမိုင်းရေးအမြင်နဲ့ ချဉ်းကပ်ရှုမြင်ထားတာ ဖြစ်ပါတယ်။ ■ ကိန်းဂဏန်း အရေအတွက်များ၊ လူမျိုးတွေကို ခွဲခြားသတ်မှတ်မှုများ ၂၀၁၄ ခုနစ် မတ်နဲ့ ဧပြီလဆန်းမှာ သန်းခေါင်စာရင်း ကောက်ယူ ပြီးစီးခဲ့ပေမယ့်၊ မြန်မာနိုင်ငံရဲ့ လူဦးရေ စာရင်းဇယားတွေဟာ အခုချိန်ထိ အငြင်းပွားစရာ ဖြစ်နေတုန်းပါပဲ။ ပြီးခဲ့တဲ့ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်း ရှိတယ်လို့ ဆိုပါတယ်။ ဒီ သန်းခေါင်စာရင်းကောက်ယူမှုက... […]