JMC Union စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ

နှစ်ဖက်လေးစား လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ
နှစ်ဖက်လေးစား လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တပ်ဖွဲ့ဝင်များသည် သဘောတူညီချက်ကတိကဝတ်များကို ထိန်းသိမ်းလိုက်နာပြီး တိတိကျကျ အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်သည်။ ထို့အပြင် သဘောတူညီချက်ကို ချိုးဖောက်ပြီး၊ အငြင်းပွားခြင်းများရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းဝင်များသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အဆုံးအဖြတ်ကို ခံယူရမည် ဖြစ်ကြောင်းနားလည် သဘောတူညီကြပါသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတို့ကို အခြေခံ၍အတူတကွ အကောင်အထည်ဖော်လုပ်ဆောင်ရန် နှစ်ဖက်မှ သဘောတူညီကြပါ သည်။

ရည်ရွယ်ချက်

ဤစည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခြင်း၊ နှစ်ဖက်တပ်များအကြား ရန်လိုမှုများကို လျှော့ချခြင်း၊ ယုံကြည်မှုနှင့် တည်ငြိမ်ကောင်းမွန်သော အခြေအနေများကို ဖန်တီးတည်ဆောက်ခြင်းတို့မှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ရည်ရွယ်ပါသည်။

အခန်း(၁)

အခြေခံမူများ

၁။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးဖြစ်ရာ နှစ်ဦးနှစ်ဖက်နှင့်သက်ဆိုင်သော ကိစ္စဟူသမျှကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ရန်မူသောလုပ်ရပ်နှင့် ရန်မူသည့် သဘောကိုဆောင်သည့်လုပ်ရပ်အားလုံးကို ရပ်စဲပြီးဖြစ်သည်။ ထို့အပြင်အပစ်ရပ်နယ်မြေနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အကျိုး သက်ရောက်ရာ ဒေသအတွင်းနေထိုင်ကြသော ပြည်သူလူထုအပေါ် ဥပဒေနှင့်ဆန့်ကျင်သော ပြုကျင့်မှုများမဖြစ်ပွားရေး စောင့်ထိန်းရန်နှင့် စစ်ရေးဆိုင်ရာရန်မူမှုများ အဆုံးသတ်ပြီဖြစ်ကြောင်း နှစ်ဦးနှစ်ဖက်က သဘောတူသည်။

၂။ နှစ်ဖက်တပ်များမှ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကိုလိုက်နာခြင်းအားဖြင့် နှစ်ဖက်တပ်များအကြားတွင်သော်လည်းကောင်း၊ နှစ်ဖက်တပ်များနှင့် ပြည်သူလူထု အကြားတွင်သော်လည်းကောင်း၊ အပြန်အလှန်ယုံကြည်မှုကို ဖြစ်ထွန်းစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပိုမိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

၃။ အစိုးရနှင့် လက်မှတ်ရေးထိုးပြီးသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြားတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေစဉ်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များသည် နှစ်ဖက်သဘောတူသတ်မှတ်ထားသည့် အပစ်ရပ်နယ်မြေများရှိ ပါဝင်ပတ်သက်သူ အားလုံးအပေါ်သက် ရောက်မှု ရှိသည်။

အခန်း(၂) အရပ်သားပြည်သူနှင့်ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် အရပ်သားများကို အကာကွယ်ပေးခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် သဘောတူသည်-

က) ပြည်သူလူထု၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သောပံ့ပိုးကူညီမှုများ ညှိ နှိုင်းပူးပေါင်းဆောင်ရွက်ရန်။

ခ) ပြည်သူလူထုအား လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကိုထိပါးစေသည့်လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူသားမဆန်စွာ ပြုမူဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်း မပြုလုပ်ရ။

ဂ) ဒေသခံပြည်သူများကို အဓမ္မ နေရပ်စွန့်ခွာစေခြင်း၊ ရွှေ့ပြောင်းစေခြင်း မပြုလုပ်ရ။

ဃ) ပြည်သူလူထုထံမှ ငွေ၊ ပစ္စည်းဥစ္စာ၊ စားရေးရိက္ခာ၊ လုပ်အားနှင့် ဝန်ဆောင်မှုများကို အဓမ္မတောင်းခံရယူခြင်း မပြုလုပ်ရ။

င) ပြည်သူလူထုအား အကြောင်းမဲ့ဖြစ်စေ၊ အမှုဆင်ပြီးဖြစ်စေ ဖမ်းဆီးအရေးယူခြင်း၊ အပြစ်ပေးခြင်း လုံးဝမပြုလုပ်ရန်နှင့် ဥပဒေနှင့် အညီ ဆောင်ရွက်ရန်။

စ) ဒေသခံများ၏ မြေယာများကို အဓမ္မသိမ်းပိုက်ခြင်းနှင့် လွှဲပြောင်းခြင်းများ မပြုလုပ်ရ။

ဆ) အများပိုင်ပစ္စည်းများကို ပျက်စီးစေခြင်း၊ ခိုးယူခြင်း၊ လုယက်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းမပြုလုပ်ရ။

ဇ) ဥပဒေနှင့်အညီ ပညာသင်ကြားရေးဆိုင်ရာအခွင့်အရေးများကို နှောင့်ယှက်ပိတ်ပင်ခြင်း၊ ပညာရေးဆိုင်ရာ ပစ္စည်းများနှင့်အတူ စာသင်ကျောင်း၊အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ပညာသင်ယူနေသူများကို နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ရ။

ဈ) လူတစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို ထိခိုက်စေခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဥပဒေအရခွင့်ပြုထားသည့် အများပြည်သူများအတွက် ဆေးဝါးများ သယ်ယူပို့ဆောင်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို နှောင့်ယှက်ဟန့်တားခြင်းများ မပြုလုပ်ရ။

ည)ပြည်သူလူထု၏ စားနပ်ရိက္ခာစုဆောင်းခြင်း၊ ကုန်ပစ္စည်းများနှင့် ကောက်ပဲသီးနှံများကို တစ်နိုင်တစ်ပိုင် သယ်ယူပို့ဆောင်ရောင်းချခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းများကိုနှောင့်ယှက်ခြင်းမပြုလုပ်ရ။

ဋ) စာသင်ကျောင်း၊ ဆေးရုံ၊ဆေးခန်းများနှင့် ဘာသာရေးအဆောက်အအုံပရဝဏ်များအား အကြောင်းမဲ့ ဖျက်ဆီးခြင်း၊ ပျက်စီးမှုဆိုးကျိုးများ ဖြစ်ပေါ်စေခြင်းနှင့် စစ်ဘက်ဆိုင်ရာတပ်စခန်းချထားခြင်း မပြုလုပ်ရ။

ဌ) ပြည်သူလူထု၏ ဘာသာရေး၊ စာပေယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုများကို နှောင့်ယှက်ခြင်း၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းနှင့် ပျက်စီးစေခြင်းတို့အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်ရ။

ဍ) အမျိုးသမီးများအား ဗလက္ကာယပြုခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အဓမ္မ သားမယားပြုကျင့်ခြင်း၊လိင်မှုဆိုင်ရာ ကျွန်ပြုခြင်း မပြုလုပ်ရ။

ဎ) ကလေးငယ်များအား သတ်ဖြတ်ခြင်းနှင့် ကိုယ်အင်္ဂါဖြတ်တောက်ခြင်း၊ ကလေးစစ်သားအဖြစ် စုဆောင်းစစ်မှုထမ်းစေခြင်း၊ အဓမ္မပြုခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ မပြုလုပ်ရ။

ဏ) ပြည်သူလူထုကို ကျွန်ပြုခြင်း၊ အဓမ္မမပြုလုပ်ရ။

တ) အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန်။

ထ) အရပ်သားပြည်သူများ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ အပစ်ရပ်နယ်မြေများ အတွင်းလွတ်လပ်စွာ သွားလာခွင့် ပြုရန်။

အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စစ်ဘက်ကျင့်ဝတ်များ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် တပ်ပိုင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ အောက်ပါတို့ကို လိုက်နာရန် သဘော တူသည်-

က) အပစ်ရပ်နယ်မြေအတွင်း တဖက်နှင့် တစ်ဖက်အကြား နယ်မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများ ဖျက်ဆီးခြင်းနှင့်ထိုးစစ်ဆင်ခြင်းများကို ရပ်ဆိုင်းရန်။

ခ) တစ်ဖက်နှင့် တစ်ဖက်ရန်မူသည့် (သို့မဟုတ်) စော်ကားမှုဖြစ်စေသည့် တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်သည့်လုပ်ရပ်များကို မပြုလုပ်ရ။

ဂ) နေရာချထားရာတွင်လိုအပ်သော အုပ်ချုပ်ထောက်ပံ့ရေး၊ အရေးပေါ်ဆေးကုသရေး၊ တပ်လဲလှယ်ရေးတို့နှင့် ပတ်သက်သည့်လုပ်ဆောင်မှုများမှအပ အပစ်ရပ်နယ်မြေတွင် အင်အားအသစ် ဖြည့်တင်းခြင်း၊ နှစ်ဖက်သဘောတူညီထားသောတပ်စခန်းများမှအပစခန်းအသစ်များ ထပ်မံဆောက်လုပ်ခြင်းနှင့် လက်နက်ခဲယမ်းများ ထပ်မံဖြည့်တင်းရေးအတွက်ဖြစ်စေ လိုအပ်လာပါကအပစ်ရပ်နယ်မြေအတွင်း ဖော်ပြပါ စစ်ရေးဆိုင်ရာ ပြင်ဆင်မှုများကို နှစ်ဖက်ညှိနှိုင်း၍ ပြုလုပ်သွားရန်။

ဃ) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လူသစ်စုဆောင်းခြင်းကိစ္စကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုနှင့် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်များနှင့်အညီဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။

င) ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ပရဝုဏ်များအတွင်းနှင့် ယဉ်ကျေးမှု ရိုးရာဓလေ့ဆိုင်ရာနေရာ၊လူထုနှင့်ပတ်သက်သော နေရာများတွင်စစ်ရေးဆိုင်ရာ တပ်စခန်းချခြင်း မပြုလုပ်ရန်။

စ) ငြိမ်းချမ်းရေးတိုးတက်ဖြစ်ပေါ်မှုနှင့် အညီနှစ်ဖက်တပ်များခင်းကျင်းထားသော မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ ကိုနိုင်ငံတော်အစိုးရနှင့် တစ်ဆင့်ချင်း ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရန်။

ဆ) အဖွဲ့အစည်းများအကြားရန်လိုသော ဝါဒဖြန့်ချီမှုများ၊ မမှန်မကန်သော (သို့မဟုတ်) ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ပြောဆိုမှုများ၊ အသရေဖျက်သည့် ထုတ်ပြန်မှုများကို ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပ၌သော်လည်းကောင်း မပြုလုပ်ဘဲရှောင်ကြဉ်ရန်။

ဇ) အပစ်ရပ်နယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်အခြေအနေများတွင်နှစ်ဖက်ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ခြင်း၊ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးပစ္စည်းများအရေးပေါ်ရွှေ့ပြောင်းခြင်းများကို ညှိနှိုင်းလုပ်ဆောင်ရန်။

ဈ) အပစ်ရပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးကိစ္စကို ညှိနှိုင်းဆောင်ရွက်ရန်နှင့်ပြစ်မှုကျုးလွန်သူများကို ဥပဒေနှင့်အညီဖြစ်စေရေးအတွက်နှစ်ဖက်ညှိနှိုင်း၍ အရေးယူဆောင်ရွက်ရန်။

ည) အပစ်ရပ်နယ်မြေများတွင် တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စများကို ညှိနှိုင်းဆောင်ရွက်ရန်။

ဋ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်းကို လက်မှတ်ရေးထိုးသည့် အချိန်မှစ၍ (၂၄) နာရီအတွင်း မိမိကွပ်ကဲမှု အောက်အဆင့်ဆင့်သို့ ညွှန်ကြားရန်နှင့် စာချုပ်ပါ အချက်အလက်များကို(၅)ရက် အတွင်းရှင်းလင်းအသိပေးရန်။

ဌ) နှစ်ဖက်အောက်ခြေအဆင့်တွင် ဖြစ်ပေါ်သည့် ပဋိပက္ခများအား အင်အားအသုံးပြု၍ဖြေရှင်းခြင်း မပြုလုပ်ရ။

ဍ) မတော်တဆ ဖြစ်ပွားသော ထိတွေ့မှုများကြောင့် ဖမ်းဆီးရမိသူများ၊ လက်နက်ချသူများ ရှိလာပါက နှစ်ဦးနှစ်ဖက်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်း(၄)ခု၏ ဘုံအာတီကယ်(၃)အတိုင်း ဆောင်ရွက်နိုင်ရန်။

ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်း

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တပ်ဖွဲ့များသည် ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်ရှားရန် မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့များ နေရာပြန်လည်ချထားခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို သဘောတူသည်-

က) နှစ်ဖက်တိုက်ရိုက်ထိတွေ့ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှုမရှိစေရေးအတွက် စက်ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှု နည်းလမ်းများရယူလျက် ချက်ချင်းဆောင်ရွက်ရန်။

ခ) လက်နက်ကိုင်အဖွဲ့များနေရာချထားရေး သတ်မှတ်ရာတွင် ထိပ်တိုက်ထိတွေ့ရင်ဆိုင်မှု မဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားရန်။

ဂ) နှစ်ဖက်ညှိနှိုင်းဆဲနှင့် လက်နက်ကိုင်အဖွဲ့များ နေရာချထားရန် ခက်ခဲနေဆဲ ဒေသများတွင် နှစ်ဖက်တပ်မှူးများ ပုံမှန်အဆက်အသွယ် ပြုလုပ်၍ ညှိနှိုင်းဆောင်ရွက်သွားရန်။

ဃ) တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သတ်မှတ်နေရာများတွင် ထားရှိရန်။

င) နှစ်ဖက်တိုက်ရိုက်ထိတွေ့ရင်ဆိုင်မှု ရှိသောနေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက်တပ်စခန်းများ၏ အရေအတွက်ကို ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်။

စ) သက်ဆိုင်ရာတပ်စခန်းနှင့် နယ်မြေတစ်ခုနှင့် တစ်ခုကြားဆက်သွယ်ရေးလမ်းကြောင်း လုံခြုံရေးအတွက် တစ်ဖက်နှင့်တစ်ဖက် ဤသဘော တူစာချုပ်ကို အခြေခံ၍ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန်။

တပ်ဖွဲ့ဝင်များ လွတ်လပ်စွာသွားလာခွင့်

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လွတ်လပ်စွာသွားလာခွင့်နှင့် စပ်လျဉ်း၍အောက်ပါအချက်များကို သဘောတူသည်-

က) လုံခြုံရေးအရ ကန့်သတ်ထားသော နေရာများမှအပ မည်သည့်နေရာကိုမဆို လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ အရပ်ဝတ်ဖြင့် လွတ်လပ်စွာ သွားလာခွင့်ပြုရန်။

ခ) တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေအတွင်းလက်နက်ဖြင့်သွားလာရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်းသဘောတူ ညီချက်ဖြင့် သွားလာရန်။

အခန်း(၄) အထွေထွေကိစ္စရပ်များ

နှစ်ဖက်သဘောတူညီချက်သည် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အကောင်အထည်ဖော်မှုကာလအတွင်း တရားဝင်သည်။ ထိုကာလအတွင်း တိုးတက်ဖြစ်ထွန်းလာသော အခြေအနေနှင့် လျော်ညီစွာပြင်ဆင်ဖြည့်စွက်ရန် လိုအပ်လာပါကနှစ်ဖက်ညှိနှိုင်းဆောင်ရွက်၍ JICM၏ အတည်ပြုချက်ရယူရမည်။

ဤသဘောတူညီချက်ကို နေပြည်တော်၌ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတက်ရောက်သူခေါင်းဆောင်များ၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးကြပါသည်-

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တပ်ဖွဲ့ဝင်များသည် သဘောတူညီချက်ကတိကဝတ်များကို ထိန်းသိမ်းလိုက်နာပြီး တိတိကျကျ အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်သည်။ ထို့အပြင် သဘောတူညီချက်ကို ချိုးဖောက်ပြီး၊ အငြင်းပွားခြင်းများရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းဝင်များသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အဆုံးအဖြတ်ကို ခံယူရမည် ဖြစ်ကြောင်းနားလည် သဘောတူညီကြပါသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရိုးသားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုတို့ကို အခြေခံ၍အတူတကွ အကောင်အထည်ဖော်လုပ်ဆောင်ရန် နှစ်ဖက်မှ သဘောတူညီကြပါ သည်။

ရည်ရွယ်ချက်

ဤစည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခြင်း၊ နှစ်ဖက်တပ်များအကြား ရန်လိုမှုများကို လျှော့ချခြင်း၊ ယုံကြည်မှုနှင့် တည်ငြိမ်ကောင်းမွန်သော အခြေအနေများကို ဖန်တီးတည်ဆောက်ခြင်းတို့မှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန် ရည်ရွယ်ပါသည်။