သမိုင်းအကျဉ်း
တည်ထောင်သည့်ခုနှစ် – ၁၉၆၄ နှင့် ၁၉၈၉ ခုနှစ် (၂ကြိမ်)
ဌာနချုပ် – ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းတွင် ဌာနချုပ်ထားရှိသည်။
လှုပ်ရှားဒေသ – သီပေါ၊ ကျောက်မဲ၊ မိုင်းရှုး ၊နမ့်ခန်း၊ လန်ခို၊ ကျေးသီး၊ မုန်းယိုင်၊ တန့်ယန်း၊ လားရှိုး
ခန့်မှန်းအင်အား – ၈၀၀၀ အထက်
ခေါင်းဆောင် – ဒုတိယဗိုလ်ချုပ်ကြီးစဝ်ပန်ဖ(ဥက္ကဋ္ဌ) ဗိုလ်ချုပ်စဝ်ခွန်ဆိုင်(ဒုတိယဥက္ကဌ)
၁၉၅၈ ခုနှစ် မေလ ၂၁ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့သည့် ရှမ်းတော်လှန်ရေးအဖွဲ့သည် သျှမ်းပြည်တိုး တက်ရေး ပါတီ ဖြစ်တည်လာရခြင်း၏ အစဟု ဆိုနိုင်သည်။ ၁၉၆၀ ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့တွင် SSIA ကို ကျိုင်းတုံမြို့၊ မိုင်ယောင်းမြို့နယ်၊ လွိုင်လတွင် ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌမှာ ခွန်မဟာ ဖြစ်ပြီး အတွင်းရေးမှူးချုပ်မှာ စဝ်ဆိုခန်းဖြစ်သည်။ ၁၉၆၄ ခုနှစ် ဧပြီ ၂၄ ရက်တွင် ညောင်ရွှေစော်ဘွား ကြီးစဝ်ရွှေသိုက်၏မဟာဒေဝီ စဝ်မယ်နန်းဟိန်းခမ်းက SSA ကို စတင်တည်ထောင်ခဲ့ပြန်သည်။ ၁၉၇၁ ခုနှစ်တွင် SSPP အဖွဲ့ကို တည်ထောင်ပြီး ၁၉၇၁ ခုနှစ် သြဂုတ် ၁၆ ရက်တွင် ပထမဆုံးညီလာခံကျင်း ပခဲ့သည်။
SSPP သည် ၁၉၈၉ တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးခဲ့သည်။ ၂၀၁၀ တွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခိုင်းရာ ဗိုလ်မှူးကြီးစဝ်ပန်ဖဦးဆောင်သည့် တပ်မဟာ ၁ က ငြင်းဆန်ခဲ့သည်။ ယင်းနောက် လက်ရှိဒုတိယဗိုလ်ချုပ်ကြီးစဝ်ပန်ဖ က SSPP/SSA ကို ပြန်အသက်သွင်းကာ ယခုချိန်ထိ ဦးဆောင်လျှက်ရှိသည်။
SSPP အနေဖြင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ၂၀၁၂ ခုနှစ်၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထိုးနိုင်ခဲ့သော်လည်း NCA တွင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါ။
ထို့အပြင် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တပ်မတော်နှင့် တိုက်ပွဲရာနှင့်ချီ ဖြစ်ပွားခဲ့သည့်နည်းတူ NCA လက်မှတ်ရေး ထိုးထားသည့် ရှမ်းပြည်တောင်ပိုင်း အခြေစိုက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
SSPP သည် UWSA ဦးဆောင်သည့် FPNCC မှ တစ်ဆင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေး နေသလို NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့်လည်း အလွတ်သဘောအပြင် တရား ဝင်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသည်။
မေလ ၁၁ ရက်တွင် SSPP နှင့် RCSS တို့သည် နှစ်ဖက်အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
မရနိုင်သေးပါ။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဒုတိယဗိုလ်ချုပ်ကြီးစဝ်ပန်ဖ(ဥက္ကဋ္ဌ)
ဗိုလ်ချုပ်စဝ်ခွန်ဆိုင်(ဒုတိယဥက္ကဋ္ဌ)
ဗဟိုကော်မတီဝင်များ –
စဝ်နော်လိတ်၊ စဝ်တွန်းခမ်း၊ စဝ်ဘုန်းဟန် နှင့် စဝ်တိန်းခေါင်
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အဆင့် (၁) – ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲခဲ့သည်။
အဆင့် (၂) ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်တွင်ပင် အစိုးရနှင့် ပြည်ထောင့်စုအ ဆင့်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့သည်။
ယခင်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ချုပ်ဆိုမှု –
၁၉၈၉ စက်တင်ဘာ ၂ ရက်နေ့တွင် အစိုးရနှင့်အပစ်ရပ်ခဲ့ဖူးသည်။
အဖွဲ့ဝင်
SSPP သည် UWSP ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC(Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်ဖြစ်သလို UNFC တွင်လည်း ပါဝင်လျှက် ရှိသည်။
ဆက်ဆံရေးရုံးများ
၁ – လားရှိုး
၂ – တောင်ကြီး
၃ – ခိုလမ်
၄ – မူဆယ်(မဖွင့်နိုင်သေး)
၅ – တာချီလိတ်(မသေချာသေး)
တပ်မဟာများ
မသိရသေးပါ။
ဆက်သွယ်ရန်
Website : https://ssppssa.org
Facebook : https://www.facebook.com/ssppinfo/
Email : [email protected]