သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၂၆
ဌာနချုပ်- လွယ်တိုင်းလျှန်းဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း
လှုပ်ရှားဒေသ – ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းရှိမိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟိန်း၊ ရပ်စောက်၊ မောက်မယ်၊ မိုင်းကောင်၊ နမ့်ဆမ် ဒေသများ။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်းဒေသများ
ခန့်မှန်းအင်အား – ၈၀၀၀ အထက်
ခေါင်းဆောင် – ဗိုလ်ချုပ်ကြီး ယွက်ဆစ်(ဥက္ကဋ္ဌ) ဗိုလ်ချုပ် ဘောင်ခေး(ဒုဥက္ကဋ္ဌ)
အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်း
သျှမ်းပြည်ညီညွတ်သောတော်လှန်ရေးတပ်(SURA)နှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုကို လက်မခံလိုသည့် ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ၁၉၉၆ တွင် SSA ကို တည်ထောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် Shan State National Army(SSNA)နှင့် ပူးပေါင်းခဲ့သည်။ SSA ၏ နိုင်ငံရေးအဖွဲ့အ စည်းအဖြစ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကို ၂၀၁၀ မေလ ၂၇ ရက်တွင် ဗဟိုအမှုဆောင်ကော်မတီဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ယင်းနောက် ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်လာခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာတွင် ပြည်နယ်အဆင့်၊ ၂၀၁၂ ဇန်နဝါရီတွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုများ ရယူခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။
RCSS အနေဖြင့် NCA အရ ဖြစ်ပေါ်လာသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်နေသော်လည်း တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည့်နည်းတူ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ထို့ပြင် သျှမ်းပြည်တိုး တက်ရေးပါတီ(SSPP/SSA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့နှင့်လည်း ၂၀၁၈ ခုနှစ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်။ မေလ ၁၁ ရက်တွင် RCSS နှင့် SSPP တို့သည် နှစ်ဖက်အပစ်အခတ်ရပ်စဲကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
RCSS အနေဖြင့် NCA လမ်းကြောင်းမှ သွေဖယ်မည်မဟုတ်ဟု အတိအလင်းပြောဆိုထားသော်လည်း NCA အရ ဖြစ်ပေါ်လာသည့် တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်မှုကိုမူ လတ်တလောရပ်ဆိုင်းထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
မသိရသေးပါ။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဗိုလ်ချုပ်ကြီး ယွက်ဆစ်(ဥက္ကဋ္ဌ) ဗိုလ်ချုပ် ဘောင်ခေး(ဒုဥက္ကဋ္ဌ)
ယင်းတို့၏ ဦးဆောင်မှုအောက်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ကော်မတီဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အဆင့် (၁) – ဒီဇင်ဘာလ ၂ရက်၊ ၂၀၁၁ခုနှစ် တွင် ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သည်။
အဆင့် (၂) – ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၂ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
အဆင့် ( ၃) – ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ထိုးခဲ့သည်။
စုဖွဲ့မှု
RCSS သည် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST(Peace Process Steering Team)တွင် ပါဝင်သည်။
ဆက်ဆံရေးရုံးများ
၁။ တောင်ကြီး (၂၂-၂-၂၀၁၂)
၂။ ကျိုင်းတုံ(၂၂-၂-၂၀၁၂)
၃။ တာချီလိတ် (၂၉-၂-၂၀၁၂)
၄။ မိုင်းတုံ ( ၂၉-၂-၂၀၁၂)
၅။ ခိုလမ် (၂၁-၃-၂၀၁၂)
၆။ မိုင်းပန်(၆-၃-၂၀၁၄)
၇။ မူဆယ်(စီးပွားရေးဆက်ဆံရေးရုံး)
တပ်မဟာများ
မရနိုင်သေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://www.facebook.com/RestorationCouncilShanState/
Gmail : [email protected]