သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၅၈ ခုနှစ် ဇူလိုင် ၂၀ ရက်
ဌာနချုပ်- ရေးချောင်းဖျား၊ မွန်ပြည်နယ်
လှုပ်ရှားဒေသ – သထုံ၊ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ရေဖြူ၊ ဘုရားသုံးဆူ၊ မြိတ်-ထားဝယ်၊ ကျိုက်မရော မြို့နယ်များ။
ခန့်မှန်းအင်အား- ၈၀၀ အထက် (အရံအင်အား ၂၀၀၀ )
ခေါင်းဆောင် – နိုင်ထောမွန်(ဥက္ကဋ္ဌ) နိုင်ဟံသာ(ဒုတိယဥက္ကဋ္ဌ)၊ နိုင်အောင်မင်း(အထွေထွေအတွင်းရေးမှူး) နိုင်လယီဂကောင်း(စစ်ဦးစီးချုပ်)
၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦး(MPF)ကိုထူထောင်ခဲ့ကြသည်မှ စတင်ပြီး မွန်ပြည်သစ်ပါတီ ဖြစ်တည်ရန် အစပြုခဲ့သည်။ MPF ပြိုကွဲခဲ့ပြီးနောက် ပြန်လည်စုဖွဲ့၍လာခဲ့ရမှ မွန်ပြည်သစ်ပါတီ (NMSP) ပေါ်ပေါက်လာခြင်းဖြစ်သည်။
မွန်ပြည်သစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့မှာ Mon National Liberation Army(MNLA) ဖြစ်ပြီး စစ်ဦးစီးချုပ်မှာ နိုင်လယီဂကောင်းဖြစ်သည်။
၁၉၈၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ နှစ်ခြမ်းကွဲခဲ့သော်လည်း ၁၉၈၃ ခုနှစ်တွင် ပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။
၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရန် ဆွေးနွေးခဲ့ပြီး ယင်းနှစ် ဇွန် ၂၉ ရက်တွင် သဘောတူညီမှုရရှိခဲ့သည်။ သို့ရာတွင် ၂၀၁၀ ခုနှစ်၌ နယ်ခြားစောင့်တပ် အသွင် ပြောင်းရန် ငြင်းဆန်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ပျက်ပြယ်ခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် ဖြစ်သော မွန်ပြည်သစ်ပါတီအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ဦးသိန်းစိန် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့သော်လည်း NCA လက်မှတ်ရေး ထိုးရာတွင် ပါဝင်လာခြင်း မရှိခဲ့ပါ။
NLD အစိုးရလက်ထက် ၂၀၁၈ ဖေဖော်ဝါရီလ ၁၃ ရက်တွင်တော့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့်အတူ NCA ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် လက်ရှိအချိန်တွင် NCA လမ်းကြောင်းဖြစ်သော UPDJC၊ JMC-U၊ PPST တို့တွင် ပါဝင်ဆွေးနွေးလျက်ရှိသည်။
ရည်ရွက်ချက် ရည်မှန်းချက်
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ဖြင့် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာရေး ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
နိုင်ထောမွန်(ဥက္ကဋ္ဌ)
နိုင်ဟံသာ(ဒုတိယဥက္ကဋ္ဌ)
နိုင်အောင်မင်း(အထွေထွေအတွင်းရေးမှူး)
နိုင်လယီဂကောင်း(စစ်ဦးစီးချုပ်)
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အဆင့် (၁) ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ဆိုခဲ့သည်။
ယခင်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် – ၁၉၉၅ခုနှစ်၊ ဇွန်လ ၂၉ရက်က အပစ်ရပ်စာချုပ်ချုပ်ခဲ့ဖူးသည်။
နယ်ခြားစောင့်တပ်အစီအစဉ်- ဧပြီလ၊ ၂၀၁၀ခုနှစ်တွင်အစီအစဉ်ကို ငြင်းပယ်မှုလုပ်ခဲ့သည်။
NCA – ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် NCA လက်မှတ်ကို NLD အစိုးရနှင့်အတူ ရေးထိုးခဲ့သည်။
စုဖွဲ့မှု
NMSP သည် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST(Peace Process Steering Team)တွင် ပါဝင်သည်။
ဆက်ဆံရေးရုံးများ
ဆက်ဆံရေးရုံးများ
၁။ ဇင်းကျိုက်(ပေါင်မြို့နယ်)
၂။ မုဒုံ
၃။ သံဖြူဇရပ်
၄။ ရေး
၅။ ရေဖြူ (ရားဖူးကျေးရွာ)
၆။ မြိတ်
၇။ ကျိုက်မရော
စီးပွားရေးရုံး
၁။ မြဝတီ (စီးပွားရေးရုံး)
၂။ ဘုရားသုံးဆူ (စီးပွားရေးရုံး)
၃။ မော်လမြိုင် (စီးပွားရေးရုံး)
တပ်မဟာများ
မရနိုင်သေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website: newmonstateparty.org