သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၈၉ ခုနှစ် မတ် ၁၁ ရက်
ဌာနချုပ် – ရွေ့လျား
လှုပ်ရှားဒေသ – ကိုးကန့်ဒေသရှိ မုန်းကိုး၊ ကွန်ဂျင်နှင့် လောက်ကိုင်ဒေသများ
ခန့်မှန်းအင်အား – ၂၀၀၀ အထက်
ခေါင်းဆောင် – ဖုန်ဒီးရန်(ခ) ဖုန်ဒါးရှန် (အတွင်းရေးမှူးချုပ်၊စစ်သေနာပတိချုပ်) ယန်ဝင်းရှန် (ဒု ၊စစ်သေနာပတိချုပ်) ဖုန်အားဒီ (ခ) ဦးထွန်းမြတ်လင်း( အတွင်းရေးမှူးနှင့်ပြောခွင့်ရပုဂ္ဂိုလ်)
မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှရေးပါတီ (MNTJP) ကို ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် ဖုန်ကြားရှင်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့မှာ MNDAA ဖြစ်သည်။
စတင်တည်ထောင်ခဲ့သည့် ၁၉၈၉ ခုနှစ်တွင်ပင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ်ချုပ်ဆိုခဲ့ဖူးသည်။ စာချုပ်ချုပ်ဆိုပြီးနောက် ကိုးကန့်ဒေသမှာ ရှမ်းပြည်နယ်အထူးဒေသ (၁) ဖြစ်လာခဲ့သည်။
၂၀၀၉ စက်တင်ဘာတွင် MNDAA ကို နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲရန် ညွှန်ကြားခဲ့ပြီးနောက် တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ တပ်မတော်နှင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ၊ ၂၀၁၇ ခုနှစ် မတ်လတို့တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ကွမ်လုံမြို့နယ်ထဲတွင် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည်။
UNFC တွင် ၂၀၁၃ ခုနှစ်ကတည်းက ပါဝင်ခဲ့သည့် MNDAA သည် ၂၀၁၇ ခုနှစ် မေလတွင် UNFC မှ နုတ်ထွက်ခဲ့ပြီး UWSA ဦးဆောင်သည့် FPNCC တွင် ပါဝင်ကာ အစိုးရနှင့် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်နေသည်။
MNDAA အနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NRPC နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့၈ ဖွဲ့ တွေ့ဆုံမှုသို့ တက်ရောက်ခဲ့သည့်နည်းတူ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က မူဆယ်မြို့တွင် ပြုလုပ်ခဲ့သည့် (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုကိုလည်း တက်ရောက်ခဲ့သည်။
၂၀၁၉ ခုနှစ် သြဂုတ် ၁၅ ရက်တွင် AA၊ MNDAA၊ TNLA ပူးပေါင်းအဖွဲ့မှ ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ်နှင့် နေရာငါးနေရာကို တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်နှင့် လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေသည်။
သို့ရာတွင် ၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက်၌ ကျိုင်းတုံမြို့တွင် မြောက်ပိုင်းလေးဖွဲ့နှင့် NRPC တို့ တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
မသိရသေးပါ။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဖုန်ကြားရှင် (ထောက်ပံ့သူ)
ဖုန်ဒီးရန်(ခ) ဖုန်ဒါးရှန် (အတွင်းရေးမှုးချုပ်၊စစ်သေနာပတိချုပ်)
ယန်ဝင်းရှန် (ဒု ၊စစ်သေနာပတိချုပ်)
ဖုန်ဒီးရွမ် ( စစ်ဦးစီးချုပ်) ရန်ဝင်ကျုံး(ဒုစစ်ဦးစီးချုပ်)
ဖုန်အားဒီ (ခ) ဦးထွန်းမြတ်လင်း( အတွင်းရေးမှုးနှင့်ပြောခွင့်ရပုဂ္ဂိုလ်)
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အပစ်အခတ်ရပ်စဲမှုမရှိသေး။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ။
အဖွဲ့ဝင်
MNTJP သည် UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC(Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မသိရသေးပါ။
တပ်မဟာများ
မသိရသေးပါ။
ဆက်သွယ်ရန်
Website: http://www.kokang123.com
Email: [email protected]