သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၁၇ခုနှစ် ဇန်နဝါရီ ၃၁ ရက်
ဌာနချုပ် – တိုကောကိုး၊ ကော့ကရိတ်၊ ကရင်ပြည်နယ်
လှုပ်ရှားဒေသ – တိုကောကိုးရွာ၊ ကော့ကရိတ်မြို့နယ်နှင့် မယ်လထရွာ ၊ လှိုင်းဘွဲ့မြို့နယ်၊ ကရင်ပြည်နယ်။
ခန့်မှန်းအင်အား- ၂၀၀ အောက်
ခေါင်းဆောင် – ဗိုလ်ချုပ်ကြီးစောထော့လေး(ဥက္ကဋ္ဌ/စစ်ဦးစီးချုပ်) ဗိုလ်ချုပ်စောယဉ်နု (ဒုတိယဥက္ကဋ္ဌ/ ဒုတိယစစ်ဦးစီးချုပ်)ဗိုလ်ချုပ် စောနေစိုးမြ(စစ်ရေးချုပ်)
KNU/KNLA Peace Council သည် ယခင် KNLA တပ်မဟာ-၇ ဖြစ်ပြီး ၂၀၀၇ တွင် KNU ဗဟို၏ ခွင့်ပြုချက်မရ ဘဲ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ခဲ့ခြင်းကြောင့် ဗဟိုမှ ထုတ်ပယ်ခံခဲ့ရသည့် ဗိုလ်မှူးကြီးစောဌေးမောင်က စတင်ဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်သည်။
ဗိုလ်မှူးကြီးစောဌေးမောင်သည် အစိုးရနှင့် ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လက်မှတ်ထိုးခဲ့ ပြီးနောက် ယင်း၏ တပ်မဟာ ၇ ကို KNU/KNLA PC အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ဇန်နဝါရီလအတွင်း ဘားအံမြို့နယ်အတွင်း ရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
၂၀၂၀ ပြည့်နှစ် မေ ၃ ရက်တွင် KNU/KNLA -PC ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီးစောဌေးမောင်သည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီးနောက် မေလကုန်ပိုင်းတွင်တွင် KNU/KNLA -PC ဗဟိုကော်မတီနှင့် တပ်မှူး၊ တပ်ဗိုလ်များ အစည်းအဝေးက ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောထော့လေးကို ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။
ဥက္ကဋ္ဌအပါအဝင် ထိပ်ပိုင်းနေရာများ အပြောင်းအလဲဖြစ်ပေါ်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် NCA အပေါ် အခိုင်အမာရပ်တည်သွားမည်ဟု အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောကြားခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
၁ – ကရင်အမျိုးသားတို့၏ မူလရည်မှန်းချက်ဖြစ်သည့် အမျိုးသားခေါင်းဆောင်စောဘဦးကြီးမူ (၄) ချက်ကို ခိုင်မာစွာ ဆက်လက်ကိုင်စွဲထားပြီး စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိသည်အထိဆက်လက်တိုက်ပွဲဝင်သွားမည်။
၂ – ကရင်တမျိုးသားလုံးလွတ်မြောက်ရေးနှင့် စစ်ဘေးဒဏ်ကြောင့် အဘက်ဘက်နှိမ့်ကျကျန်ရစ်ခဲ့သော ကရင်လူနေမှု့ဘ၀ ပြန်လည်မြင့်တင်ပေးနိုင်ရေးအတွက် ငြိမ်းချမ်းသောနည်းဖြင့် မမှိတ်မသုန် ဆောင်ရွက်သွားမည်။
၃ – အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူလုထုအတွက် ရှေးရှု့ဆောင်ရွက်မည့် ရည်ရွယ်ချက်နှင့် ဦးတည်ချက်ခြင်းတူသော မည်သည့်အဖွဲ့အစည်း၊လူ ပုဂ္ဂိုလ်နှင့်မဆို စိတ်ရင်းစေတနာ အမှန်ဖြင့်လက်တွဲဆောင်ရွက်သွားမည်။
၄ – ဘာသာရေးလွတ်လပ်ခွင့်၊ လူမှုရေးလွတ်လပ်ခွင့်များအပါအဝင် အခြေခံလူအခွင့်အရေးများကို အပြည့်အ၀ လေးစားလိုက်နာ ကျင့်သုံးသွားမည်။
၅ – ပြည်သူလုထု၏ ကိုယ်ကျင့်တရားကိုထိခိုက်နှစ်နာစေမည့် တရားမဝင်လောင်းကစားခြင်းနှင့် မူးယစ်ဆေးဝါးကိစ္စများ၊ ပြည်သူလူထုအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် နိုင့်ထက်စီးနှင်းပြုမူမှု့များကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သွားမည်။
၆ – သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို အပြည့်အဝထောက်ခံပြီး အများပိုင် မြေပေါ်မြေအောက် သံယံဇာတပစ္စည်းများအား ကိုယ်ကျိုးအတွက်ထုတ်ယူသုံးစွဲသည့် မည့်သည့်လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမဆို ရှုတ်ချကန့်ကွက်သွားမည်။
၇ – အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားအားလုံးနှင့် တန်းတူဆက်ဆံလုပ်ဆောင်သွားမည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဥက္ကဋ္ဌ/စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ကြီးစောထော့လေး
ဒုတိယဥက္ကဋ္ဌ/ ဒုတိယစစ်ဦးစီးချုပ်- ဗိုလ်ချုပ်စောယဉ်နု
စစ်ထောက်ချုပ် – ဗိုလ်မှူးကြီး စောရွှေကျော်
စစ်ရေးချုပ် – ဗိုလ်ချုပ် စောနေစိုးမြ
အထွေထွေအတွင်းရေးမှူးချုပ် – ဗိုလ်ချုပ်နော်ကပေါ်ထူး
တွဲဖက်အတွင်းရေးမှူး – ဗိုလ်မှူးကြီးစောကျော်ညွန့်
ပြောရေးဆိုခွင့်ရှိသူ – ဗိုလ်မှူးကြီးစောကျော်ညွန့်
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အဆင့် ၁ – ၂၀၁၂ ဖေဖော်ဝါရီလ ၇ ရက်တွင် ပြည်နယ်အဆင့်အပစ်ရပ်စဲခဲ့။
အဆင့် ၂ – ၂၀၁၃ အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ထိုးခဲ့သည်။
စုဖွဲ့မှု
KNU/KNLA PC သည် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST(Peace Process Steering Team)တွင် ပါဝင်သည်။
ဆက်ဆံရေးရုံးများ
– မြဝတီ
– ဘုရားသုံးဆူ
– မောတောင်
– ကောတောင်
တပ်မဟာများ
မသိရပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
FB : https://www.facebook.com/KnuKnla-Peace-Council-HQ-Office