သမိုင်းအကျဉ်း
တည်ထောင်သည့်ခုနှစ် – ၁၉၅၇ ခုနှစ်
ဌာနချုပ်- ညာမူ၊ ရှားတောမြို့နယ်၊ကယား(ကရင်နီ)ပြည်နယ်။
လှုပ်ရှားဒေသ – လွိုင်ကော်၊ရှားတော၊ဟိုယာ(ဖရူးဆိုးမြို့နယ်)၊ ဒေါတမကြီး(ဒီမောဆိုးမြို့နယ်)
ခန့်မှန်းအင်အား- ၆၀၀ ကျော်
ခေါင်းဆောင် – အေဘယ်တွဒ် (ဥက္ကဋ္ဌ)၊ ခူဦးရယ်(ဒုတိယဥက္ကဋ္ဌ)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP(Karenni National Progressive Party)သည် မြန်မာနိုင်ငံ ကယားပြည်နယ် (ကရင်နီပြည်နယ်) အရှေ့ပိုင်းတွင် အခြေစိုက်သောအဖွဲ့ဖြစ်သည်။
KNPP ၏ လက်နက်ကိုင်တပ်ဖွဲ့မှာ Karenni Army(KA) ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ဖူးသော်လည်း သုံးလအတွင်း ပျက်ပြယ်ခဲ့သည်။
ယင်းနောက် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း ၂၀၁၇ ဒီဇင်ဘာလ ၂၀ ရက်က KNPP ၏ ယာယီကင်း စခန်းတစ်ခုကို တပ်မတော်က ဝင်ရောက်စီးနင်းမှုကြောင့် KA တပ်သားသုံးဦးနှင့် အရပ်သားတစ်ဦး သေဆုံး ခဲ့သည်။
ယခုအခါ NCA လက်မှတ်ထိုးရန်အတွက် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေသည်။
ရည်ရွက်ချက် ရည်မှန်းချက်
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ရည်မှန်းချက် – ငြိမ်းချမ်းရေးမှ ဖက်ဒရယ်ပြည်ထောင်စုသို့ ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဥက္ကဋ္ဌ – အေဘယ်တွဒ်
ဒုတိယဥက္ကဋ္ဌ – ခူဦးရယ်
အတွင်းရေးမှူး(၁) – အောင်ဆန်းမြင့်
အတွင်းရေးမှူး(၂) – ရွှေမျိုးသန့်
စစ်ဦးစီးချုပ်- ဗိုလ်ချုပ်ကြီး ဘီထူး
ဒု-စစ်ဦးစီးချုပ်- ဗိုလ်ချုပ်အောင်မြတ်
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အဆင့် (၁) – ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို မတ်လ ၇ရက်၊ ၂၀၁၂ ခုနှစ်တွင် ရေးထိုးခဲ့သည်။
အဆင့် (၂) ။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးသဘောတူညီမှုစာချုပ်ကို ၂၀၁၂ ဇွန်လ ၉ ရက်နေ့တွင် အစိုးရနှင့် လက်မှတ်ထိုးခဲ့သည်။
လက်ရှိအချိန်တွင် NCA လက်မှတ်ရေးထိုးရန် အစိုးရ၊ တပ်မတော်တို့နှင့် အကြိမ်ကြိမ်ဆွေးနွေးနေသည်။
အဖွဲ့ဝင်
KNPP သည် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ( United Nationalities Federal Council) အဖွဲ့ဝင်အဖွဲ့အစည်းတခုဖြစ်သည်။
ဆက်ဆံရေးရုံးများ
၁။လွိုင်ကော် (၂၅-၇-၂၀၁၂)
၂။ရှားတော (၁-၈-၂၀၁၂)
၃။ဖားဆောင်း (၂၇-၇-၂၀၁၂)
တပ်မဟာများ
မသိရပါ။
ဆက်သွယ်ရန်
Facebook : https://www.facebook.com/knicinfo/
Email: [email protected]
Website : http://www.knic.info