သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်
ဌာနချုပ် – လိုင်ဇာမြို့၊ ကချင်ပြည်နယ်
လှုပ်ရှားဒေသ – ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း
ခန့်မှန်းအင်အား – ၁၀၀၀၀ – ၁၂၀၀၀
ခေါင်းဆောင် – ဗိုလ်ချုပ်ကြီးအင်ဘန်လ(ဥက္ကဋ္ဌ) ၊ ဒုတိယဗိုလ်ချုပ်ကြီး ဂမ်ရှောင်(ဒုတိယဥက္ကဋ္ဌ-၁ )
KIO ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ နှစ်ပေါင်း ၃၀ ကျော် ကြာခဲ့ပြီးနောက် ၁၉၉၄-ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆို၍ နှစ်ဘက် အပစ်အခတ်ရပ်စဲခဲ့သည်။ အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ KIO ထိန်းချုပ် ဒေသများတွင် စစ်ရေး ပဋိပက္ခ တချို့ ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်း ထားနိုင်ခဲ့ဖူး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သည် KIO ၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒုတိယအင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ၂၀၁၁-ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
KIO အနေဖြင့် မူလက NCA တွင်ပါဝင်ရန် ညှိနှိုင်းခဲ့သေးသော်လည်း နောက်ပိုင်းတွင် NCA မထိုးဘဲ ‘ဝ’လက်နက်ကိုင် အဖွဲ့ (UWSA) ဦးဆောင်သော မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့၏ စုဖွဲ့မှုတွင်ပါဝင်ခဲ့သည်။
၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NRPC နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ တွေ့ဆုံမှုသို့ တက်ရောက်ခဲ့သည့်အပြင် ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်က မူဆယ်မြို့ တွင် ပြုလုပ်ခဲ့သည့် (NRPC) ကိုယ်စားလှယ်အဖွဲ့ နှင့် KIO(ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့) , MNTJP(မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှတရေးပါတီ) , PSLF (ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး) နှင့် ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) တို့ တွေ့ဆုံမှုတို့ကို တက်ရောက်ခဲ့သည်။
ထို့အပြင် ၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက်၌ ကျိုင်းတုံမြို့တွင် မြောက်ပိုင်းလေးဖွဲ့နှင့် NRPC တို့ တွေ့ဆုံမှုကိုလည်း KIO အထွေထွေအတွင်းရေးမှူး ကွမ်ထပ်ထိန်နန် ဦးဆောင်သည့်အဖွဲ့က တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲအပြီးတွင် ပူးတွဲကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
မရနိုင်သေးပါ။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီးအင်ဘန်လ၊
ဒုတိယဥက္ကဋ္ဌ-၁ – ဒုတိယဗိုလ်ချုပ်ကြီး ဂမ်ရှောင်
ဒုဥက္ကဋ္ဌ (၂) – ဦးဆွမ်လွတ်ဂမ်
KIC ဒုဥက္ကဋ္ဌ (၁) – ဗိုလ်ချုပ် ဂမ်မော်
KIC ဒုဥက္ကဋ္ဌ (၂) – ဗိုလ်မှူးချုပ် ဇောင်းဘုတ်ထန်း
အထွေထွေအတွင်းရေးမှူး – ကွမ်ထပ်ထိန်နန်
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အပစ်အခတ်ရပ်စဲမှုမရှိသေးသော်လည်း လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းပါးနေသည်။
အဖွဲ့ဝင်
KIO သည် UWSP ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC(Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်ဖြစ်သည်။
ဆက်ဆံရေးရုံးများ
လက်ရှိတွင် တရားဝင်ရုံး မရှိတော့ပါ။
တပ်မဟာများ
ကေအိုင်အေ တပ်မဟာ(၈)ခုရှိသည်။
တပ်မဟာ (၁) – ပူတာအို
တပ်မဟာ (၂) – တနိုင်း
တပ်မဟာ (၃) – ဗန်းမော်
တပ်မဟာ (၄) – ကွတ်ခိုင် (ရှမ်းမြောက်)
တပ်မဟာ (၅) – လိုင်ဇာ
တပ်မဟာ (၆) – မုန်းကိုး (ရှမ်းမြောက်)
တပ်မဟာ (၇) ပန်ဝါ
တပ်မဟာ (၈) အင်းတော်ကြီး
ဆက်သွယ်ရန်
Website: http://kachinnet.net/
Email: [email protected]