သမိုင်းအကျဉ်း
တည်ထောင်သည့်နေ့စွဲ – ၂၀၁၀။
ဌာနချုပ်- DKBA တပ်မဟာ(၅) ထိန်းချုပ်ရာဒေသတွင် ဌာနချုပ်ကို ထားရှိသည်။
လှုပ်ရှားဒေသ – ကရင်ပြည်နယ်
ခန့်မှန်းအင်အား- ၃၅၀ +ခေါင်းဆောင် – စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်း(ခ)မင်းဇံဝေ
ရခိုင်ပြည်အမျိုးသားကောင်စီ Arakan National Council (ANC)ကို အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ၂၀၀၄ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး Arakan Army(Karen)မှာ ၎င်း၏ အဖွဲ့ဝင် လက်နက်ကိုင်အ ဖွဲ့ဖြစ်သည်။AA (karen) ကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (All Arakan Students’ and Youths’ Congress – AASYC) ရခိုင်အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစု (National United Front of Arakan- NUFA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (Arakan Liberation Army – ALA)မှ ထူထောင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် ဝန်းကျင်မှစတင်၍ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်( KNLA) တို့နှင့် ပူးပေါင်းမှုရှိခဲ့သည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council – UNFC) တွင် ရခိုင်ပြည် အမျိုးသားကောင်စီ (Arakan National Council – ANC) ၏ အဖွဲ့ဝင် အဖွဲ့အစည်းတခုအနေဖြင့် ပါဝင်ခဲ့ချိန်မှစ၍ တရားဝင်အမည် ထုတ်ဖော် ရပ်တည်ခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
(၁) လူမျိုးစုံ ရခိုင်ပြည်သူလူထု တရပ်လုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး
(၂) အမျိုးသားရေး လက္ခဏာနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး
(၃) အမျိုးသားရေး ဂုဏ်သိက္ခာနှင့် အကျိုးစီးပွါးကို မြှင့်တင်ရေး
(၄) မြန်မာပြည်ရှိ လူမျိုးစုတိုင်း နိုင်ငံသူ/သားတိုင်း အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေး
(၅) လူသားမျိုးနွယ်စုတခုလုံး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
မသိရသေးပါ။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အပစ်အခတ်ရပ်စဲမှုမရှိသေးပါ။
အဖွဲ့ဝင်
ရခိုင်ပြည်အမျိုးသားကောင်စီ (Arakan National Council) သည် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ( United Nationalities Federal Council) အဖွဲ့ဝင်အဖွဲ့အစည်းတခုဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိပါ
တပ်မဟာများ
မရှိသေးပါ။
ဆက်သွယ်ရန်
Email: [email protected]
facebook: https://www.facebook.com/anc.arakannationalcouncil/
Twitter: https://twitter.com/ArakanANC