UPDJC အကြောင်း

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ

(Union Peace Dialogue Joint Committee – UPDJC)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် Nationwide Ceasefire Agreement NCA လက် မှတ်ရေးထိုးပြီးနောက် စာချုပ်ကို အကောင်အထည်ဖော်ရန် JICM ညှိနှိုင်းအစည်းအဝေးခေါ်ယူခဲ့သည်။ အဆိုပါအစည်းအဝေးမှ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ Union Peace Dialogue Joint Committee – UPDJC) ကို ဖွဲ့စည်းခဲ့ပါသည်။ UPDJC တွင် အစိုးရ၊ လွှတ်တော် နှင့် တပ်မတော်၊ NCA လက်မှတ်ရေး ထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများသာမက ရွေးကောက်ပွဲအနိုင်ရပါတီများမှ ကိုယ်စားလှယ်များပါ ပါဝင်ဖွဲ့စည်းထားပါသည်။

UPDJC သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ဒေသအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူမျိုးအလိုက်ကျင်းပသည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးအပါအဝင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကာ ဦးဆောင်မှုပေးရသည့် ပူးတွဲကော်မတီဖြစ်ပါသည်။ UPDJC ၏ လက်အောက်တွင် အတွင်းရေးမှုးအဖွဲ့နှင့် လုပ်ငန်းကော်မတီများလည်း ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။

မှတ်ချက်- အပြောင်းအလဲရှိနေနိုင်ပါသည်။

ဆက်သွယ်ရန်

လိပ်စာ – အမှတ် (၁၁) ရွေလီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့
E-mail – [email protected]
Website – www.jmc-tsc.org
Facebook – Joint Ceasefire Monitoring Committee