UPDJC တာဝန်နှင့်လုပ်ပိုင်ခွင့်များ

(က) လုပ်ငန်းကော်မတီများသည် မိမိတို့အားတာဝန်ပေးအပ်ထားသည့် အကြောင်းအရာကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုချက်နှင့် အဆိုပြုချက်များကိုရေးဆွဲပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့သို့ ပေးပို့ ရမည်။

(ခ) လုပ်ငန်းကော်မတီများသည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ တင်ပြလာသောအကြံပြုချက်နှင့် အဆိုပြုချက်များအား အကျေအလည် စေ့စပ်ညှိနှိုင်းဆွေးနွေပြီးရွေးချယ်ရန်နည်းလမ်း ၃ခုထက်မပိုသော မူဝါဒ အဆိုလွှာများကို စိစစ်ရွေးချယ်ပြုစုပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူး အဖွဲ့သို့ ပေးပို့ရမည်။

(ဂ) လုပ်ငန်းကော်မတီများတစ်ဖွဲ့နှင့်တစ်ဖွဲ့အကြားလိုအပ်လျှင် ပူးပေါင်းဆောင်ရွက်မှုမားကို ပြုလုပ်နိုင်သည်။

(ယ) လုပ်ငန်းကော်မတီတစ်ခုအတွင်း (သို့မဟုတ်) ကော်မတီများအကြားမဖြေရှင်းနိုင်သည့် သဘောထား ကွဲလွဲမှုများရှိလာပါက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူး မှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူရမည်။

(င) လုပ်ငန်းကော်မတီများသည် မိမိတို့၏ သက်ဆိုင်ရာအကြောင်းအရာအလိုက် လုပ်ငန်းကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရွက်၌ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်နှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်တွင် ပြဌာန်းထားသည့် ပြဌာန်းချက်များနှင့် အညီဆောင်ရွက်ရမည်။

(စ) လုပ်ငန်းကော်မတီများသည် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးရမည့် အကြောင်းအရာအလိုက် အစည်းအဝေးများကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်၏ ရည်ရွယ်ချက် အခြေခံမူများနှင့်အညီ ဆောင်ရွက် ရမည်။

(ဆ) လုပ်ငန်းကော်မတီများသည် မိမိတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများနှင့် စပ်လျဉ်းပြီးဆွေးနွေး ညှိနှိုင်း မှုများကို လုပ်ငန်းကော်မတီအဆင့်တွင် အကျေအလည် ဆွေးနွေးအဖြေရှာသွားရမည်။ လိုအပ်ပါက သက်ဆိုင်ရာ ဌာန ၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီးဖြေကြားနိုင်သည့် တာဝန်ရှိသူများအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ် သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆရသည့် အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကျွမ်းကျင်သူများအား လည်းကောင်းဖိတ်ကြား၍ မေးမြန်း ဆွေးနွေးသွားနိုင်သည်။

(ဇ) လုပ်ငန်းကော်မတီများသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီကအခါ အားလျော်စွာ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်။

(ဈ) လုပ်ငန်းကော်မတီများသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ အတည်ပြုချက်ဖြင့် လိုအပ်သော ဆပ်ကော်မတီများကိုဖွဲ့စည်း၍ ကြီးကြပ်လမ်းညွှန်မှုပေးရမည်။

(ည) လုပ်ငန်းကော်မတီ အစည်းအဝေးများတွင် ဆွေးနွေးသောဆွေးနွေးချက်များနှင့် အစည်းအဝေးမှတ်တမ်း များကို သတင်းထုတ်ပြန်ရန် ခွင့်ပြုချက်မရှိဘဲမည်သ့ူကိုမျှ ပြောကြားခြင်းမပြုရန် ကော်မတီဝင်များမှ ထိန်းသိမ်း ရမည်။

(ဋ) လုပ်ငန်းကော်မတီများသည် ဆွေးနွေးချက်များအားလုံးကိုအသေးစိတ် မှတ်တမ်းတင် အတည်ပြုထားရမည်။

(ဌ) သက်ဆိုင်ရာလုပ်ငန်းကော်မတီမျာ၏ လုပ်ငန်းအစီရင်ခံစာကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီသို့ တင်သွင်းရမည်။

၅။ လုပ်ငန်းကော်မတီများ၏ သက်တမ်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံကျင်းပသည့် သက်တမ်းအတိုင်းဖြစ်ပြီး လုပ်ငန်းကော်မတီဝင်များအား အစားထိုးလိုပါက သက်ဆိုင်ရာ ကိုယ်စားပြုအစုအဖွဲ့က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ ၏ အတည်ပြုချက်ဖြင့် အစားထိုးနိုင်သည်။

၆။ လုပ်ငန်းကော်မတီဝင်များသည် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်အတွက် တာဝန်အရ သွားလာ ရသည့် ခရီးစရိတ်၊ ချီးမြှင့်ငွေနှင့် လိုအပ်သည့် ထောက်ပံမှုများကိုသတ်မှတ်ထားသည့်အတိုင်း ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများနှင့် အညီ ခံစားခွင့်ရှိပါသည်။