JMC Union အကြောင်း

အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးပူးတွဲကော်မတီ (ပြည်ထောင်စုအဆင့်)
(Joint Monitoring Committee (Union level) – JMC-U)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်မဖြစ် ပွားစေရန်အတွက် စောင့်ကြည့်ရန်လိုအပ်လာပါသည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အပစ် အခတ်ရပ်စဲရေးစောင့်ကြည့်ရေးပူးတွဲကော်မတီ တစ်ခုကို JICM အစည်းအဝေးက ဖွဲ့စည်းပေးခဲပါသည်။ အဆိုပါကော်မတီသည် လက်မှတ်ရေးထိုးထားသည့် တပ်မတော်နှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်း များအကြား ပစ်ခတ်တိုက်ခိုင်မှုများဆက်လက်မဖြစ်ပွားစေရန်နှင့် ဖြစ်ပွားလာပါက ပူးပေါင်းညှိနှိုင်းဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ JMC-U တွင် တပ်မတော်မှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေး ထိုးထားသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အရပ်သားကိုယ်စားလှယ်များဖြင့် ပါဝင် ဖွဲ့စည်းထားပါသည်။ JMC-U ၏ အောက်တွင် ပြည်နယ်/တိုင်းအဆင့် စောင့်ကြည့်ရေးကော်မတီ JMC – S နှင့် ဒေသအဆင့်စောင့်ကြည့်ရေးကော် မတီ JMC-L တို့လည်း အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ကြပါသည်။

မှတ်ချက်- အပြောင်းအလဲရှိနေနိုင်ပါသည်။

 

  • ဆက်သွယ်ရန်

လိပ်စာ – အမှတ် (၁၁) ရွေလီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့
E-mail – [email protected]
Website – www.jmc-tsc.org
Facebook – Joint Ceasefire Monitoring Committee