JMC State အကြောင်း

တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ၏ ဖွဲ့စည်းပုံ (State Level)
တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို JMC-U မှအောက်ပါအတိုင်းဖွဲ့စည်းပေးရမည်-

က) တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမှကိုယ်စားလှယ်များနှင့် နှစ်ဘက်လက်ခံသော အများယုံ ကြည်လေးစားရသည့် အရပ်သားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်။ ထိုသို့ဖွဲ့စည်းရာတွင် အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်(၅)ဦးစီဖြင့် လည်းကောင်း၊ နှစ်ဘက်မှ အဆိုပြုသော အများယုံ ကြည်လေးစားသည့် အရပ်သားကိုယ်စားလှယ်(၂)ဦးစီဖြင့် လည်းကောင်း စုစုပေါင်း (၁၄)ဦးဖြင့် ဖွဲ့စည်းထား မည်။

ခ) တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို အောက်ပါအတိုင်း တာဝန်ခွဲဝေ ဆောင်ရွက်မည်-

၁) ဥက္ကဌ (အစိုးရ) (သတ်မှတ် focal တိုင်းမှူး)

၂) ဒုတိယ ဥက္ကဌ (၁) (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ)

(ဗဟိုမှ တာဝန်ပေးအပ်သော တပ်မဟာမှူး/ စစ်ဒေသမှူး)

၃) ဒုတိယ ဥက္ကဌ (၂) (အရပ်သား)

၄) အဖွဲ့ဝင်များ

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး

တိုင်းဒေသကြီး/ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး

တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူး

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ

အရပ်သား(၃)ဦး

၅) အတွင်းရေးမှူး (၁) (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ) ဗဟိုမှတာဝန်ပေးသူ တစ်ဦး

၆) အတွင်းရေးမှူး (၂) (အစိုးရ) စစ်ဦးစီးမှူး (ပထမတန်း)