JMC Local ၏ လုပ်ပိုင်ခွင့်များ

ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၏ လုပ်ပိုင်ခွင့်များ

၁။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းပုံ၊ လုပ်ငန်း လမ်းညွှန်နှင့် အကောင်အထည် ဖော်ဆောင်မည့် နယ်နိမိတ်ကို ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ တင်ပြအတည်ပြုချက်ရယူကာ သတ်မှတ် ပေးထားရမည်။

၂။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီတစ်ခုစီ၏ စိစစ် အတည်ပြုရေးအဖွဲ့များကို လိုအပ်ပါက နှစ်ဘက် ညှိနှိုင်းဖွဲ့စည်းကာ သင့်တော်သည့် လမ်းညွှန်ချက်များ ချမှတ်၍ သက်ဆိုင်ရာဒေသသို့ စေလွှတ် အကောင်အထည်ဖော် ဆောင်ရွက်စေရမည်။

၃။ ဝင်ရောက်လာသော ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများအား ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီသို့ တင်ပြပြီး ဘေးကင်းလုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့် အညီဖြစ်စေရန် ညှိနှိုင်းဆောင် ရွက်ပေးရမည်။

၄။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီသည် သက်ဆိုင်ရာဒေသအတွင်း ကော်မတီဝင်များ၏ သဘောတူညီချက်ဖြင့် အစည်းအဝေးများ ပြုလုပ်ခွင့် ရှိသည်။

၅။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ စိစစ် အတည်ပြုရေးအဖွဲ့များ၏ အကောင်အထည်ဖော် ဆောင်ရွက်မှု အတွက် မည်သည့်အဖွဲ့အစည်းဘက်ကမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တားမြစ်ခြင်း၊ နှောင့်နှေးစေခြင်း၊ ကန့်သတ်ခြင်း စသည့် အပြုအမူများ မရှိစေရန် ဆောင်ရွက်ပေးရမည်။