JMC Local အကြောင်း

ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ဖွဲ့စည်းပုံ (Local Level)

တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S) ကို အထောက်အကူပြုရန် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-L) ကိုအောက်ပါအတိုင်းဖွဲ့စည်းပေးရမည်-

က) ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နှစ်ဖက်လက်ခံသောအများယုံကြည် လေးစားရသည့် အရပ်သားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည်။ ထိုသို့ဖွဲ့စည်းရာတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ ကိုယ်စားလှယ် (၃)ဦးစီဖြင့်လည်းကောင်း၊ နှစ်ဖက်မှ အသိမှတ်ပြုသော အများယုံကြည်လေးစားသည့် အရပ်သားကိုယ်စားလှယ်တစ်ဦးစီဖြင့် လည်းကောင်း စုစုပေါင်း (၈)ဦး ဖြင့် ဖွဲ့စည်းသွားမည်။

ခ) ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီကို အောက်ပါ အတိုင်းတာဝန်ခွဲဝေ ဆောင်ရွက်သွားမည်-

၁) ဥက္ကဌ (အစိုးရ) တပ်မတော်မှ ကိုယ်စားလှယ်တစ်ဦး

၂) ဒုတိယ ဥက္ကဌ (၁) (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း)

၃) ဒုတိယ ဥက္ကဌ (၂) (အရပ်သား)

၄) အဖွဲ့ဝင် (အစိုးရ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦး

၅) အဖွဲ့ဝင် (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)

၆) အဖွဲ့ဝင် (အရပ်သား)

၇) အတွင်းရေးမှူး (၁) (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)

၈) အတွင်းရေးမှူး (၂) (အစိုးရ) တပ်မတော်မှ ကိုယ်စားလှယ်တစ်ဦး