JICM အကြောင်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး
Joint Implementation Coordination Meeting – JICM

၂၀၁၃ခုနှစ်မှ စတင်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူညီချက် (Nationwide Ceasefire Agreement – NCA) ကို သမ္မတ ဦးသိန်းစိန်ဦးဆောင်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (Union Peacemaking Working Committee – UPWC) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ Nationwide Ceasefire Coordination Team – NCCT တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၆)ဖွဲ့တို့ ပူးပေါင်းရေး ဆွဲခဲ့ကြသည်။ ၂၀၁၅ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့တို့ NCA ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုက ရက်တစ်အစည်းအရုံးတို့လည်း ပါဝင်လက်မှတ်ရေးထိုးလာခဲ့သည်။

အဆိုပါ NCA စာချုပ်အရ စာချုပ်လက်မှတ်ရေးထိုးပြီးသည့်အခါ စာချုပ်ပါအချက်များကို အကောင်အထည်ဖော် ဆောင်နိုင်ရေး အစိုးရနှင့် လက်မှတ်ရေးထိုးသည့် လက်နက်ကိုင်အဖွဲ့အစည်းများသည် ညှိနှိုင်းအစည်းအဝေး ခေါ်ယူကျင်းပရမည်ဖြစ်ပါသည်။ ထိုညှိနှိုင်းအစည်းအဝေးကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး (Joint Implementation Coordination Meeting – JICM) ဟု ခေါ်ဆိုပါသည်။ JICM အစည်းအဝေးမှ နိုင်ငံ ရေးဆွေးနွေးပွဲများဆက်လက်ကျင်းပနိုင်ရေးအတွက် ဦးဆောင်အဖွဲ့ Union Peace Dialogue Joint Committee နှင့် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ရန်အတွက် Joint Monitoring Committee – Union Level (JMC – Union) တို့ကို ဖွဲ့စည်းပေးခဲ့သည်။ JICM သည် NCA စာချုပ်လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးဖြစ်ပြီး၊ UPDJC နှင့် JMC-U တို့တွင် မဆုံးဖြတ်နိုင်ဘဲ တစ် ဆို့နေသည့် အရေးကိစ္စများကို ဖြေရှင်းပေးရမည့် အစည်းအဝေးလည်းဖြစ်ပါသည်။ ထို့ကြောင့် JICM သည် NCA စာချုပ်အရ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံး၏ အရေးကြီးဆုံးအစည်းအဝေးဖြစ်သလို၊ ငြိမ်းချမ်းရေးဖြစ်စဉ်ပြီးဆုံးသည်အထိ တည်ရှိနေရမည့် အစည်း အဝေးဖြစ်ပါသည်။

JICM အစည်းအဝေးတက်ရောက်မည့် ပုဂ္ဂိုလ်များ
JICM ကို နိုင်ငံတော်အစိုးရဖက်မှ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်မှ ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ တစ်ဖွဲ့လျှင် ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်ရမည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တစ်ဖွဲ့လျှင် (၃)ဦးစီ ပါဝင်တက်ရောက်နိုင်သည်။ NCA လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းအရေအတွက် တိုးလာသည်နှင့်အမျှ JICMအစည်းအဝေးတက်ရောက် မည့်အရေအတွက်ကို ပြင်ဆင် တိုးချဲ့နိုင်သည်။

နိုင်ငံတော် အစိုးရ

၁။ ဒေါ်အောင်ဆန်းစုကြည်

၂။ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး

၃။ ဒေါက်တာ တင်မျိုးဝင်း

၄။ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေ

၅။ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

၆။ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း

၇။ ဒု ဗိုလ်ချုပ်ကြီး ရာပြည့်

၈။ ဒု ဗိုလ်ချုပ်ကြီးမင်းနောင်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ EAOs

၁။ ရဲဘော် သံခဲ (ABSDF)

၂။ ခိုင်စိုးနိုင်အောင် (ALP)

၃။ ဒေါက်တာ လျံအိတ်ချ်ဆာခေါင်း(CNF)

၄။ ဗိုလ်ချုပ် စောမူရှေး (DKBA)

၅။ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖော (KNU)

၆။ ဗိုလ်ချုပ် ထိန်မောင်(KPC)

၇။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ (PNLO)

၈။ ဗိုလ်ချုပ်ကြီး ယွက်ဆစ် (RCSS)

မှတ်ချက်- အပြောင်းအလဲရှိနေနိုင်ပါသည်။ 

  • ဆက်သွယ်ရန်

လိပ်စာ – အမှတ် (၁၁) ရွေလီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့
E-mail – [email protected]
Website – www.jmc-tsc.org
Facebook – Joint Ceasefire Monitoring Committee