သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၈၈ ဖေဖော်ဝါရီ ၂၄ ရက်
ဌာနချုပ် – အိန္ဒိယ-မြန်မာနယ်စပ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး
လှုပ်ရှားဒေသ – ချင်းပြည်နယ်၊တွန်းဇံမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ဟုမ္မလင်း၊လေရှီး၊တမူး၊မြို့သစ် ၊ အိန္ဒိယနိုင်ငံ ( မဏိပူရ )
ခန့်မှန်းအင်အား – ၂၀၀ ကျော်
ခေါင်းဆောင် – ပူလက်လမ်(ဥက္ကဋ္ဌ) ပူချွန်းချန်(ဒုဥက္ကဋ္ဌ)
ကူကီးလူမျိုးများ၏ ဆုံးရှုံးနေသည့် အခွင့်အရေးများကို ဖော်ဆောင်ရန် ရည်ရွယ်သည်ဟု ဆိုကာ ကူကီး အမျိုးသားအစည်းအရုံး KNO ကို ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထူထောင်ခဲ့သည်။ KNO ၏ လက်နက်ကိုင်တပ်မှာ Kuki National Army ဖြစ်သည်။
အိန္ဒိယနှင့် မြန်မာနိုင်ငံမှ ကူကီးခေါင်းဆောင်များ၊ လူငယ်များက စတင် တည်ထောင်ခဲ့သည့် အဆိုပါအစည်းအ ရုံး၌ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ အမျိုးသားရေးနှင့် စစ်ရေးလှုပ်ရှားမှု များ ဆောင်ရွက်နိုင်ရန် KNO/KNA (Burma)ကိုလည်း ထည့်သွင်းဖွဲ့စည်းခဲ့သည်။
ကူကီးအမျိုးသားအစည်းအရုံး၏ အဓိကရည်မှန်းချက်မှာ ကူကီးတစ်မျိုးသားလုံး၏အကျိုးစီးပွားနှင့် ဘဝလုံခြုံမှုကို အာမခံချက်ပေးနိုင်ရန်အတွက် ကူကီးအမျိုးသားပြည်နယ်ထူထောင်ရေးဖြစ်သည်ဟု ၂၀၁၈ နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်သည့် ဒီမိုကရေစီနှင့် အမျိုးသားတော်လှန်ရေးအပေါ် ခံယူချက် ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ကူကီးအမျိုးသားအစည်းအရုံးသည် ၂၀၁၉ မေ ၂၇ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန် ခဲ့ပြီး KNO/KNA(Burma)၏ ဗဟိုကော်မတီအနေဖြင့် အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်အတွက် အထွေထွေညီလာခံကို ခေါ်ယူကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖော်ပြခဲ့ သည်။
၂၀၁၉ ဇူလိုင် ၂၆ ရက်တွင် ကူကီးအမျိုးသားအစည်းအရုံးသည် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ ယင်းကြေညာချက် ၌ KNO/KNA(Burma)အဖွဲ့အစည်း၏ ယို့ယွင်းလာသောအခြေအနေအရပ်ရပ်များ ကြောင့် အဖွဲ့အစည်းအား တရားဝင်ဖျက်သိမ်းလိုက်ကြောင်း ဖော်ပြခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
ကူကီး အမျိုးသားအစည်းအရုံး၊ကူကီးအမျိုးသားတပ်မတော်၏ နိုင်ငံရေးရပ်တည်ချက်
– အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာတို့မှ သတ်မှတ်ထားသော လူအခွင့်အရေးစံနှုန်းနှင့်အညီ လူသားများ၏မွေးရာပါအခွင့်အရေးများကို ကူကီးပြည်သူများတစ်ဦးချင်းစီအနေဖြင့်အပြည့်အဝရရှိရေး၊
– ကူကီးလူမျိုးများ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ခဲ့သောနယ်မြေမျာျးကို စုစည်း၍ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ကူကီးအမျိုးသားပြည်နယ်ဖွဲ့စည်းတည်ထောင်ရေး၊
– စစ်အုပ်ချုပ်မှုကိုအခြေခံထားသည့် အာဏာရှင်စနစ်ဆိုးအား တိုင်းရင်းသားများအပါအဝင် ပြည်သူလူထုတရပ်လုံးနှင့် လက်တွဲ၍ အမြစ်ပြတ်ချေမှုန်းရေး၊
– ကူကီးလူမျိုးများအပါအဝင် လူမျိုးစုအသီးသီး၏ဘဝလုံခြုံမှုကို အာမခံနိုင်ပြီး စစ်မှန်သောဒီမိုကရေစီစနစ်ကျင့်သုံးသည့် လူမျိုးတမျိုးနှင့်တမျိုးအကြား တန်းတူညီမျှမှုရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး၊
– ၁၉၆၇ခုနှစ် ခါတော်မှီစစ်ဆင်ရေးတွင် မတရားပြည်နှင်ခြင်းခံခဲ့ရသော ကူကီး ပြည်သူများနှင့် သားစဉ်မြေးဆက်များကို အလိုအလျောက်နိုင်ငံသားအဖြစ် ပြန်လည်ခံယူပိုင်ခွင့်ရရှိရေး၊
ကူကီး အမျိုးသားအစည်းအရုံး၊ကူကီးအမျိုးသားတပ်မတော်၏ အမျိုးသားရေးဦးတည်ချက်
– လူမျိုးတမျိုး၏ ဂုဏ်အင်္ဂါရပ်များနှင့်ပြည့်စုံသော ကူကီးလူမျိုးတို့၏အမျိုးဂုဏ်၊ဇာတိဂုဏ်တို့ကိုမြင့်တင်ရေး
– ကူကီးလူမျိုးတို့၏ စာပေ၊ယဉ်ကျေးမှုအမွေအနှစ်များ၊ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အမျိုးသားရေးလက္ခဏာများကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး
– ကူကီးလူမျိုးများ စည်းလုံးညီညွှတ်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး
– ကူကီးလူမျိုးတို့၏ ကျန်းမာရေးကဏ္ဍ၊ပညာရေးကဏ္ဍ၊စီးပွားရေးကဏ္ဍနှင့်လူနေမှုစနစ်ဖွံ့ဖြိုးတိုးတက်ရေး၊
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ပူလက်လမ်(ဥက္ကဋ္ဌ)
ပူချွန်းချန်(ဒုဥက္ကဋ္ဌ)
ချူချွန်း(အထွေထွေအတွင်းရေးမှူး)
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မသိရသေးပါ။
စုဖွဲ့မှု
မသိရသေးပါ။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
မသိရသေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website – http://issuu.com/knoknaburma
Facebook – https://www.facebook.com/nampilhangsam/