သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၈၀ခုနှစ် ဇန်နဝါရီ ၁ ရက်
ဌာနချုပ်- နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာ
လှုပ်ရှားဒေသ – စစ်ကိုင်းတိုင်းဒေသကြီးရှိ ခန္တီးနှင့် နာဂကိုယ်ပိုင်ကိုယ်အုပ်ချုပ်ခွင့်ရဒေသရှိ လဟယ်၊ လေရှီး၊ နန်းယွန်းမြို့နယ်များ
ခန့်မှန်းအင်အား – ၅၀၀အောက်
ခေါင်းဆောင် – ဦးယုံးအောင်
စစ်ကိုင်းတိုင်းဒေသကြီးနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အခြေစိုက်ကာ ၁၉၈၀ ခုနှစ် ဇန်ဝါရီက စတင်ဖွဲ့စည်းခဲ့သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီသည် ၁၉၈၈ခုနှစ်တွင် အဖွဲ့ နှစ်ဖွဲ့ကွဲခဲ့သည်။
NSCN-K ကို SS Kaplan ကဦးဆောင်ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းရှိ လဟယ်နှင့် နန်းယွန်းမြို့ နယ်များတွင် အခြေစိုက်သည်။ NSCN-IM မှာမူအိုက်ဆက်ချီဆီဆု (Isak Chisi Swu) နှင့်သူယန် ဂလန်းမွေဗာ ( Thuingaleng Muivah) ကဦးဆောင်၍ အိန္ဒိယနိုင်ငံထဲတွင်အခြေစိုက်သည်။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်ကိုင်းတိုင်းဒေသကြီးရှိ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးခဲ့သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းလိုက်ပြီးနောက် ၂၀၁၀ ခုနှစ်မှစပြီး တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုများ မရှိတော့ဘဲ ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်တွင် အစိုးရနှင့် တိုင်းဒေသကြီးအဆင့်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သော်လည်း ၂၀၁၅ ဇွန်နှင့် ၂၀၁၆ သြဂုတ်တို့တွင် အိန္ဒိယစစ် တပ်နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ နာဂဒေသတွင် အိန္ဒိယအရှေ့မြောက်ဒေသမှ လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက် ပုန်းအောင်းနေသည်ဟုဆိုကာ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းက တပ်မတော်မှ NSCN-K ဌာနချုပ်ရှိ ရာ ဒေသအတွင်းသို့ ဝင်ရောက် တပ်စွဲထားမှုများ ရှိခဲ့ပြီး ပြန်လည်ရုပ်သိမ်းပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ စာပေးပို့ မေတ္တာရပ်ခံခဲ့သည်။
ယင်းနောက် ၂၀၁၉ ဇန်နဝါရီ ၂၉ ရက်တွင် တပ်မတော်က NSCN-K ၏ တကားဒေသရှိ ဗဟိုဌာနချုပ်ကို ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး NSCN-K မှ ခေါင်းဆောင် ငါးဦးကို ဖမ်းဆီးကာ ပုဒ်မ၁၇/၁ ဖြင့် အမှုဖွင့် တရားစွဲထား သည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တပ်မတော်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို ချိုးဖောက် ခဲ့သည်ဟု NSCN-K က ထုတ်ပြန်ချက်တစ်စောင်အး မေ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး တပ်မတော်က ယင်းထုတ်ပြန်မှုကို ငြင်းဆန်ခဲ့ကာ NSCN-K အနေဖြင့် အိန္ဒိယနိုင်ငံကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းများကို လက်မခံရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် NSCN-K ၏ လူမှုဆက်ဆံရေးအရာရှိ ဂျိုးဇက်လမ်ကန်က ၎င်းတို့အနေဖြင့် NCA စာချုပ်ကို လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
အိန္ဒိယနိုင်ငံရှိ နာဂပြည်နယ်နှင့် မြန်မာနိုင်ငံမှ နာဂဒေသတို့ကို ပေါင်းစည်း၍ လွတ်လပ်သော နာဂဆိုရှယ်လစ် နိုင်ငံတော်တည်ထောင်ရန်ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
မသိရသေးပါ။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
တိုင်းဒေသကြီးအဆင့်အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဧပြီ ၉ ရက်၊ ၂၀၁၂ ခုနှစ်တွင် လက်မှတ်ထိုးခဲ့သည်။
စုဖွဲ့မှု
မရှိပါ။
ဆက်ဆံရေးရုံးများ
စစ်ကိုင်းတိုင်း ခန္တီးမြို့
တပ်မဟာများ
မသိရသေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
မရနိုင်သေးပါ။