သမိုင်းအကျဉ်း
တည်ထောင်သည့်ခုနှစ် – ၁၉၄၉ ခုနှစ်
ဌာနချုပ် – လေဗွားစခန်း၊ ဟိုမိန်းဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊
လှုပ်ရှားဒေသ – ရှမ်းပြည်နယ်ရှိ ဆီဆိုင်၊ ဟိုပုန်း၊ နမ့်စန်၊ လင်းခေးနှင့် မောက်မယ်ဒေသများ
ခန့်မှန်းအင်အား- ၄၀၀ အထက်
ခေါင်းဆောင် – ဗိုလ်မှူးကြီး ခွန်ဥက္ကာ(ဦးဆောင်နာယက) ခွန်သူရိန် (ဥက္ကဋ္ဌ) ခွန်မြင့်ထွန်း (ဒုတိယဥက္ကဋ္ဌ)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် Pa-Oh National Liberation Organization(PNLO) ကို ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့(SNPLO)မှ ပအို့ဝ်၊ ရှမ်းမျိုးချစ် ခေါင်းဆောင်အချို့နှင့် အခြားတိုင်းရင်းသားများဖြင့်စတင်တည်ထောင်ခဲ့ကြပြီး နောက်ပိုင်းတွင်အစိုးရထံ လက်နက်ချခဲ့ကြသည်။
PNLO ၏ လက်နက်ကိုင်တပ်ဖွဲ့မှာ PNLA(Pa-O National Liberation Army) ဖြစ်သည်။
PNLO သည် အစိုးရနှင့် ၂၀၁၂ သြဂုတ် ၂၅ ရက်တွင် ပြည်နယ်အဆင့်၊ ၂၀၁၃ မတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုများ ရရှိခဲ့ပြီးနောက် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)၌ ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။
သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ပင်ဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ၂၀၁၈ ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထိုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကို PNLO အနေဖြင့် JMC နည်းလမ်းများဖြင့် ဖြေရှင်းရန် အလိုရှိသော်လည်း RCSS သည် JMC အစည်းအဝေးများတွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းထားသည့်အတွက် အခက်ကြုံနေသည်။
ရည်ရွက်ချက် ရည်မှန်းချက်
– စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားရန်
– အမျိုးသားဒီမိုကရေစီစနစ် ဖော်ဆောင်ရန်
– ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေးကို ရယူရန်
– ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်တို့ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဗိုလ်မှူးကြီး ခွန်ဥက္ကာ(ဦးဆောင်နာယက)
ခွန်သူရိန် (ဥက္ကဋ္ဌ)
ခွန်မြင့်ထွန်း (ဒုတိယဥက္ကဋ္ဌ)
ဒုတိယဗိုလ်မှူးကြီးခွန်အောင်မန်း(အထွေထွေအတွင်းရေးမှူး)
ခွန်ထွန်းတင်(တွဲဖက်အထွေထွေတွင်းရေးမှူး-၁)
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အဆင့် (၁)။ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၂၀၁၂ သြဂုတ်၂၅တွင်ရေးထိုးခဲ့သည်။
အဆင့် (၂)။ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ၂၀၁၃ ခုနှစ် မတ်လ ၂၃တွင် ရေးထိုးခဲ့သည်။
အဆင့် (၃)။ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။
စုဖွဲ့မှု
PNLO သည် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST(Peace Process Steering Team)တွင် ပါဝင်သည်။
ဆက်ဆံရေးရုံးများ
၁။ တောင်ကြီး (၂၆-၁-၂၀၁၃)
၂။ မောက်မယ်(၈၊၁၂၊၂၀၁၃)
၃။ သထုံ (၂၁-၈-၂၀၁၃)
၄။ ဆီဆိုင်(မကြာမီ ဖွင့်လှစ်ရန်ရှိ)
တပ်မဟာများ
မရနိုင်သေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/paohnationalliberationorganization/