JICM လုပ်ငန်းတာဝန်များ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေး အစည်းအဝေး (JICM) လုပ်ငန်းလမ်းညွှန်

၁။ JICM အစည်းအဝေး တက်ရောက်မည့် ပုဂ္ဂိုလ်များ JICM ကို နိုင်ငံတော်အစိုးရဘက်မှ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်မှ ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (၁) ဖွဲ့လျှင် ကိုယ်စားလှယ် (၁) စီ ပါဝင်ရမည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တစ်ဖွဲ့လျှင် (၃) ဦးစီ ပါဝင် တက်ရောက်နိုင်သည်။ NCA လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းအရေအတွက် တိုးလာသည်နှင့်အမျှ JICM အစည်းအဝေး တက်ရောက်မည့် အရေအတွက်ကို ပြင်ဆင် တိုးချဲ့နိုင်သည်။

၂။ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

(က) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အချက်များကို အကောင်အထည် ဖော်နိုင်ရေးအတွက် (အခန်း-၃၊ အပိုဒ်-၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အခန်း-၄၊ အပိုဒ်-၁၁ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နှင့် အခြားလိုအပ်သော ကော်မတီများ ဖွဲ့စည်းခြင်း (အခန်း-၅၊ အပိုဒ်-၂၁)

(ခ) အထက်ပါကော်မတီများ လုပ်ငန်း အကောင်အထည်ဖော်ရာတွင် မဖြေရှင်းနိုင်သည့် ကိစ္စရပ်များကို ညှိနှိုင်း ဖြေရှင်းပေးခြင်း။ (အခန်း-၇၊ အပိုဒ်-၃၁ ခ)

(ဂ) စာချုပ်ပါ အချက်များ အကောင်အထည်ဖော်ရာတွင် ဝိဝါဒကွဲပြားမှုများ ဖြစ်ပေါ်လာပါက ညှိနှိုင်းပေးခြင်း။ (အခန်း-၇၊ အပိုဒ်-၃၁ ခ)

ဃ) NCA စာချုပ်ပါ အချက်များ အကောင်အထည်ဖော်မှုအပေါ် လိုအပ်သလို ဆန်းစစ်ခြင်း။ (အခန်း-၇၊ အပိုဒ်-၃၂)

(င) ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် ဝိဝါဒ ကွဲပြားမှုများ ဖြစ်ပေါ်လာပါက ညှိနှိုင်းဖြေရှင်းပေးခြင်း။

(စ) JMC ၏ လုပ်ငန်းလမ်းညွှန်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အတည်ပြုပေးခြင်း။

(ဆ) JMC မှ ရေးဆွဲသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ နှစ်ဘက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အတည်ပြုပေးခြင်း။

(ဇ) UPDJC နှင့် အခြားကော်မတီများ၏ လုပ်ငန်းလမ်းညွှန်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အတည်ပြုပေးခြင်း။

၃။ အစည်းအဝေးများကျင်းပခြင်း

JICM ပုံမှန်အစည်းအဝေးကို (၃)လလျှင် တစ်ကြိမ်ကျင်းပရမည်။ အရေးပေါ်အစည်းအဝေးကို လိုအပ်သလို ကျင်းပရမည်။

၄။ အစည်းအဝေး အထမြောက်ခြင်း

JICM အစည်းအဝေးသို့ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်မှ ကိုယ်စားလှယ်များအပါအဝင် တစ်ဘက်စီမှ ဆုံးဖြတ်ချက်ချနိုင်သူ ၇၅%စီ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။

၅။ အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခြင်း

JICM သည် လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် ဆုံးဖြတ်ချက်ချရာတွင် လုံလောက်သော စုပေါင်း သဘောထား ပုံစံ (Sufficient Consensus) ဖြင့် ဆုံးဖြတ်စေရမည်။ လုံလောက်သော စုပေါင်းသဘောထား ပုံစံဆိုသည်မှာ အနည်းဆုံးအနေဖြင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့ဘက်မှ တဘက်ချင်းစီတွင် ထောက်ခံမဲ သုံးပုံနှစ်ပုံ ရရှိရမည်ဖြစ်သည်။

၆။ ပြင်ဆင်ဖြည့်စွက်ခြင်း

JICM ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို JICM အစည်းအဝေးတွင် အထက်ပါအပိုဒ် (၅) နှင့်အညီ အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်၍ ပြင်ဆင်ဖြည့်စွက်နိုင်သည်။

Fashionable Swiss Fake Watches UK ‣ Discount Replica Omega, Breitling Watches
Perfect 1:1 Replica Watches UK Shop » Official Cheap Replica Watches Website…
UK Cheap Replica Watches UK Sales Hot » Swiss Fake Watches Discount Online