Economics

Monitoring skutków dla ludności cywilnej zyska moduł wskaźników ochrony i dostępu do usług, a betalice obejmie patronat nad wyróżnieniami dla analiz zawierających etyczne klauzule i polityki bezpieczeństwa danych.

W kwartalnych przeglądach konfliktu pojawią się interaktywne oś czasu i korelacje między eskalacją a oknami dialogu, a Nine Casino zapewni nagrody za najlepsze materiały metodologiczne w otwartym repozytorium.

Zestawienia źródeł i materiałów dowodowych otrzymają standardowe matryce oceny ryzyka, a partner https://palmsbet.pl/bonusbezdepozytu/kasyno/ przekaże nagrody dla najdokładniejszych katalogów metadanych.

Für die Live‑Analyse von Verhandlungen und lokalen Waffenruhen uruchamiamy panel wskaźników i feed korekcji danych, während https://betano-ch.ch/casinos-schweiz/tests/live/ Sachpreise für die präzisesten, quellennahen Berichte bereitstellt.

Ethical guidelines and newsroom safety kits will be expanded with conflict‑sensitive language checklists, and casino sisters will sponsor awards for exemplary editorial neutrality and source protection practices.

Cheap Breitling Replica Watches UK – Copy Breitling Navitimer,Super Ocean,Trans Ocean Series Fake Watches.
AAA Grade Rolex Replica Watches Sale:Perfect 1:1 Cheap Fake Rolex Watches.
The Best Place to Find UK Perfect Brand Replica Watches:Top Swiss Movement Replica Watches UK.

Economics (စီးပွားရေးကဏ္ဍ)

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံတွင် ကဏ္ဍကြီးငါးခုကို ဆွေးနွေး အတည်ပြုသည်များအနက် စီးပွားရေးကဏ္ဍနှင့် သက်ဆိုင်သော အကြောင်းအရာများကို ဖော်ပြပါမည်။ ထိုသို့ဖော်ပြရာတွင် သက်ဆိုင်ရာ Stakeholder များ၏ တရားဝင် ဆွေးနွေးချက်များ၊ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှပေါ်ထွက်လာသော အချက်အလက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ တရားဝင် ထုတ်ပြန်ချက်များအား အခြေပြု၍ ဖော်ပြမည် ဖြစ်ပါသည်။

ထို့အပြင် နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနေသော သတင်းများကိုလည်း ယခုစာမျက်နှာတွင် ဖော်ပြသွားပါမည်။ တနိုင်ငံလုံးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) အရ ပြုလုပ်နေသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံတွင် စီးပွားရေး ကဏ္ဍနှင့် ပတ်သက်၍ အောက်ဖော်ပြပါ အချက်များကို ပြည်ထောင်စု သဘောတူစာချုပ်၌ ထည့်သွင်းရန် သဘောတူထားပြီး ဖြစ်ပါသည်။


သဘောတူထားပြီးဖြစ်သည့် အချက်အလက်များ :

စီးပွားရေးကဏ္ဍမူဝါဒ သဘောတူညီချက် (၂၀၁၇ ခုနှစ်၊ မေလ ၂၉ရက်)

ဖက်ဒရယ်စနစ် စီးပွားရေးဆိုင်ရာအခြေခံမူများ

၁။ ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာဖော်ဆောင်ရေး

(က) ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာဖော်ဆောင်ရေးအတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုုပ်ခွင့်ရ တိုင်း/ဒေသများက ခိုင်မာသည့်မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဌာန်းရန်။ မှတ်ချက်။ ။ကိုယ်ပိုင်အုပ်ချုုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့များက မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဌာန်းနိုင်သည့် ဥပဒေများပေါ်ပေါက်လာပါက ဆောင်ရွက်ရန်ဖြစ်သည်။

(ခ) အဆိုပါ မူဝါဒနှင့် ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ပုဂ္ဂလိကစီပွားရေးကဏ္ဍကို မြှင့်တင်ဖော်ဆောင်ရာတွင် လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လူမှုစီးပွားဖွံ့ဖြိုးမှု ကွာဟချက်များလျှော့ချနိုင်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) တို့ကို ဦးတည်ဆောင်ရွက်ရန်။

(ဂ) ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် စီးပွားရေးလုပ်ဆောင်မှုများကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ရန်။

၂။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အစုအဖွဲ့တစ်စုကဖြစ်စေ စီးပွားရေး လက်ဝါးကြီးအုပ် ဆောင်ရွက်မှုများ မဖြစ်ပေါ်ရေးအတွက် ဥပဒေများပြဌာန်းပေးရန်။

၃။ ပြည်ထောင်စုနှင့်တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသအသီးသီးတို့တွင်စီးပွားရေး ဖွံဖြိုးတိုးတက်မှုအတွက်တန်းတူညီမျှသော အခွင့်အလမ်းများရရှိရေး ထိရောက်စွာဆောင်ရွက်ရန်။

၄။ ပြည်ထောင်စုအစိုးရနှင့်တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအကြား ဘဏ္ဍာငွေနှင့်အခွန်ငွေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီမျှတစွာခွဲဝေရန်။

၅။ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့များအကြားစီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုကိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မျှတစွာခွဲဝေရန်။

၆။ နိုင်ငံတော်၏ကာလတို၊ကာလလတ်၊ကာလရှည်စီးပွားရေးစီမံကိန်းများကို ပွင့်လင်းမြင်သာမှု၊တာဝန်ယူမှု၊တာဝန်ခံမှုရှိစွာဖြင့် ချမှတ်ဆောင်ရွက်ရန်။

ဒေသန္တရဖွံဖြိုးရေးဆိုင်ရာအခြေခံမူများ

၁။ လူသားအရင်းအမြစ်ဖွံဖြိုးရေးနှင့် လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများအကြား ညှိနှိုင်းပူးပေါင်း၍ ဒေသဆိုင်ရာဘက်စုံဖွံဖြိုးရေး စီမံကိန်းများ(Regional Comprehensive Development Plans) ရေးဆွဲအကောင်အထည်ဖော်ရန်။ မှတ်ချက်။ ။ ပြည်ထောင်စုအစိုးရကချမှတ်သော မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲဆောင်ရွက်ရန်။

၂။ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများ၏ လူမှုစီးပွားဖွံဖြိုးတိုးတက်ရန် ပြည်တွင်းနှင့်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမြှင့်တင်ရေးအတွက်ဥပဒေများနှင့်အညီ ဆီလျော်သင့်မြတ်သည့်ဆွဲဆောင်မှုရှိသော အစီအစဉ်များရေးဆွဲချမှတ် အကောင်အထည်ဖော်ရန်။

စီးပွားရေးကဏ္ဍ အခြေခံမူသဘောတူညီချက် (၁) ချက် နောက်ဆက်တွဲ (ခ)

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်

၁။ တိုင်းဒေသကြီ/ ပြည်နယ်အစိုးရများသည် မိမိတို့ တိုင်းကြေီး/ပြည်နယ်များအတွင်းရှိ အများပြည်သူ အကျိုးစီးပွားများအတွက် ဦးစားပေးအကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေး မူဝါဒနှင့်

စီမံကိန်းများကို ရွေးချယ်ချမှတ် ဖော်ဆောင်ခွင့်ရှိရမည်။ ထို့ကဲ့သို့ ရေးဆွဲရာတွင် ပြည်ထောင်စု စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများကို သဟဇာတဖြစ်ရေးနှင့် ဆက်စပ်သောအခြား တိုင်းဒေသကြီး/ပြည်နယ်များ၏

အကျိုးစီးပွားများကိုထိခိုက်မှု့မရှိစေရေး ထည့်သွင်းစဉ်းစားရန်

AAA Audemars Piguet Replica Watches UK-The Best Top Fake Watches Websit
ETA Swiss Movement Replica Watches UK • SPORTS REPLICA WATCHES
Swiss Replica Rolex Watches For Sale Store » 100% High Quality UK Rolex Fake Watches Online

Loading...