Nay Htun Naing Archives - ISP Myanmar Peace Desk

၁၅ လ ကြာခဲ့ပြီးနောက် ငြိမ်းချမ်းရေး တရေးနိုးပြီလား (သို့မဟုတ်) ရှစ်ကြိမ်မြောက် JICM အစည်းအ‌ဝေးကနေ ဘာမျှော်လင့်နိုင်မလဲ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ(တတိယအစည်းအဝေး)မှတ်တမ်းဓာတ်ပုံရိုက်ကြစဉ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဖော်ပြထားချက်အရ အရေးကြီးဆုံး အစည်းအဝေးတခု ဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေး (JICM) ကို ဇန်နဝါရီ ၈ ရက်မှာ ပြုလုပ်ဖို့ ရှိပါတယ်။

နေပြည်တော်မှာ ပြုလုပ်မယ့် JICM အစည်းအဝေးဟာ (အလွတ်သဘော မဟုတ်တဲ့) တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အချိန် ၁၅ လကြာ (တနှစ်ကျော်) ရပ်ဆိုင်းနေခဲ့ရာက ပထမဆုံး ပြန်လုပ်ခဲ့တဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်အတွင်း သိသာတဲ့ တိုးတက်မှု မရှိခဲ့တဲ့ နောက်ပြန်လန်သလို ဖြစ်နေတဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ် တဖန် ပြန်နိုးထခြင်းလည်း ဖြစ်နိုင်ပါတယ်။

အခု သုံးသပ်ချက်အကျဉ်းမှာ ရှုထောင့်နှစ်ခုကို တင်ပြ ပါမယ်။ ပထမရှုထောင့်က အခုလုပ်မယ့် JICM အစည်းအ‌ဝေးက တဆင့် အမြင့်ဆုံး ဘာကို မျှော်လင့်နိုင်မလဲဆိုတဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။ ဒုတိယ ရှုထောင့်ကတော့ အစိုးရ၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ပစ္စက္ခအခြေအနေ တချို့ကို မီးမောင်းထိုးမှာ ဖြစ်ပါတယ်။ ဒီရှုထောင့်နှစ်ခု မတိုင်ခင်မှာ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အချိန် ၁၅ လကြာ ရပ်ဆိုင်းခဲ့တဲ့ အခင်းအကျင်းကို အရင် ဆွေးနွေးပါ မယ်။

၁၅ လကြာ ရပ်ဆိုင်းမှု

တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းပြီး ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ NCA ဖော်ပြထားချက်အရ အရေးပါတဲ့ အစည်းအဝေး တခုဖြစ်တဲ့ JICM အစည်းအဝေးကို ခေါ်ယူတာ မလုပ်နိုင်ခဲ့သလို၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကိုလည်း မခေါ်နိုင်ခဲ့ပါဘူး။ တခါ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ (စတုထ္ထအစည်းအဝေး) ကိုပါ ဆက်မလုပ်နိုင်ဘဲ တစ်ဆို့ခဲ့ပါတယ်။

ရက်စွဲ မှတ်တမ်းတွေကို ပြန်ကြည့်ရင် JICM အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ နောက်ဆုံး လုပ်ခဲ့ပါတယ်။ UPDJC အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၅ ရက်မှာ နောက်ဆုံး ပြုလုပ်ခဲ့ပါတယ်။ ဒါက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ (တတိယအစည်းအဝေး) ကာလအတွင်း လုပ်ခဲ့တာပါ။

ပုံမှန်အားဖြင့် NCA လုပ်ငန်းစဉ်အတွင်း ဖော်ဆောင်ရမယ့်‌ လုပ်ငန်းလမ်းညွှန်ချက်တွေအရ JICM အစည်းအဝေးကို သုံးလ တကြိမ် (တနှစ်လျှင် လေးကြိမ်)၊ UPDJC အစည်းအဝေးကို နှစ်လတကြိမ် (တနှစ်လျှင် ပျှမ်းမျှ ခြောက်ကြိမ်) ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ NCA လက်မှတ်ထိုးချိန်ကတည်းက အခုချိန်အထိ JICM အစည်းအဝေး ခုနစ်ကြိမ်သာ လုပ်နိုင်ခဲ့ပြီး၊ UPDJC အစည်းအဝေး ၁၇ ကြိမ်သာ လုပ်နိုင်ခဲ့ပါတယ်။ ထူးခြားချက်အဖြစ် UPDJC အစည်းအဝေးရဲ့ ဥက္ကဋ္ဌဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး၊ နောက်ဆုံးလုပ်ခဲ့တဲ့ UPDJC အစည်းအဝေး ငါးကြိမ်စလုံး ဒေါ်အောင်ဆန်းစုကြည် တက်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ NCA လုပ်ငန်းစဉ်ပြင်ပ လမ်းသစ်ထွင်ခြင်း တခုအဖြစ် နေပြည်တော် ၁၀+၁၀ ထိပ်သီးဆွေးနွေးပွဲ တခု လုပ်ခဲ့ပေမဲ့ အခြေအနေတွေ ပိုဆိုးခဲ့ပါတယ်။ နေပြည်တော်ထိပ်သီးအပြီးမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှစ်ဖွဲ့က ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးတွေမှာ ပါဝင်မှု ရပ်ဆိုင်းခဲ့ပါတယ်။ ဒီနောက်ပိုင်း တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်သွားရာက အခု JICM အစည်းအဝေး ပြန်စခဲ့တာ ဖြစ်ပါတယ်။

ဘာကို မျှော်လင့်နိုင်မလဲ

ရှစ်ကြိမ်မြောက် JICM အစည်းအဝေးကနေ အများကြီး မျှော်လင့်လို့ မရပါဘူး။ ဒါပေမဲ့ JICM အစည်းအဝေး ပြန်စနိုင်ခြင်းကိုက ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့ အရွေ့ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

JICM အစည်းအဝေးဆိုတာ NCA ဖော်ပြထားချက်အရ အရေးပါတဲ့ အစည်းအဝေး တခုဖြစ်ပါတယ်။ အတိုချုပ်မှတ်ရင် ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး အကျပ်အတည်းကို (NCA လုပ်ငန်းစဉ်အရ) ဖြေရှင်းနိုင်တဲ့ တခုတည်းသော ယန္တရားက JICM အစည်းအဝေး ဖြစ်ပါတယ်။ JICM အစည်းအဝေး လုပ်နိုင်မှသာ UPDJC မှာ တစ်ဆို့နေတဲ့ အချက်တွေကို ဖြေရှင်းဖို့ လမ်းစပေါ်မှာ ဖြစ်သလို၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ ဆက်လုပ်နိုင်ဖို့ ညှိနှိုင်း နိုင်မှာ ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံ ဆက်လုပ်နိုင်မှာသာ ပြည်ထောင်စု သဘောတူစာချုပ်အတွက် အခြေခံမူတွေ ချမှတ်ဖို့ မျှော်လင့်နိုင်မှာပါ။

အခုလုပ်မယ့် JICM အစည်းအဝေးကတဆင့် ဖြစ်လာနိုင်ခြေ ကို ကြည့်ပါမယ်။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဖက်ဒရယ် ကတိကဝတ်ကို ဆက်လက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။ တခါ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတဲ့  ၂၀၂၀ ပြည့်နှစ် အလွန်၊ ဘယ်လို အစိုးရသစ်မျိုးပဲ ပေါ်ထွန်းလာစေကာမူ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် ဆက်ရှိနေစေမယ့် ကတိကဝတ်ရဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ တပ်မတော်ဘက်ကမှာတော့ အလွတ်သဘော (informal) မဟုတ်တဲ့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်ရှိနေချင်ပုံ ရပါတယ်။  ဖြစ်နိုင်မယ်ဆိုရင် ၂၀၂၀ ပြည့်နှစ်မကုန်ခင် (အထူးသဖြင့် ဧပြီ သင်္ကြန်ကာလ မတိုင်ခင်) မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ (စတုထ္ထအစည်းအဝေး) ပြုလုပ်နိုင်ဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေဘက်က လိုလားတဲ့ ကတိကဝတ်နဲ့ အစိုးရ၊ တပ်မတော်ပိုင်းမှာ ဆန္ဒရှိနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အနည်းဆုံး တကြိမ် ပြုလုပ်ရေးတို့က နှစ်ဖက်စလုံး မျက်နှာမပျက်ရေး face saving သဘောတူညီချက်အဖြစ် ပေါ်ထွက်လာနိုင်ပါတယ်။

သတိပြုဖွယ် ပစ္စက္ခအခြေအနေ

တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စတာ ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် ကာလရှည်ကြာ ရပ်တန့်ခဲ့ရသလဲ ဆိုတာနဲ့ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေက ဆင်ခြင်စရာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ် နောက်ပြန်လန်ခြင်း အကြောင်းတရားတွေထဲမှာ ခေါင်းဆောင်တွေအကြား သဘောထားကွဲမှုတွေ အပါအဝင် မတူညီတဲ့ မြော်မြင်ချက်တွေ ရှိနေတာ၊ အစုအဖွဲ့အလိုက် ထုတ်ဖော်ဆုပ်ကိုင်ထားတဲ့ သဘောထားများ (position) နဲ့ အရင်းခံ အကျိုးစီးပွား (interest) ပြဿနာတွေက သတိပြုစရာ ဖြစ်ပါတယ်။ အစဉ်အလာ အငြင်းပွားမှုတွေ ဖြစ်တဲ့ တခုတည်းသော တပ်မတော် ထားရှိရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ခွဲမထွက်ရဆိုတဲ့ အလဲအထပ်ကိစ္စတွေက နည်းနာအားဖြင့် ထင်ရှားတဲ့ ကွဲလွဲမှုတွေ ဖြစ်ပေမဲ့ သေချာသုံးသပ်ဦကည်မာ်ဆိုရင် အရင်းခံ အကျိုးစီးပွား မတူညီမှုအပေါ် အခြေခံပြီး ပေါ်ပေါက်လာသော ဘက်အသီးသီးရဲ့ ထုတ်ဖော်ဆုပ်ကိုင်ထားတဲ့ သဘောထားများသာ ဖြစ်ပါတယ်။ NCA စာချုပ်ရဲ့ အနှစ်သာရ မှိန်ဖျော့လာတာ၊ တနည်းအားဖြင့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် သုံးဘက်စလုံးက စာချုပ်ပါ အချက်တွေအတိုင်း မှန်မှန်ကန်ကန် ကတိမြဲပြီး အကောင်အထည် ဖော်နိုင်စွမ်းရည် နည်းပါးလာတာကြောင့် ဖြစ်ပေါ်လာတဲ့ တဘက်နဲ့တဘက် မယုံကြည်မှုကသာ အဓိက သော့ချက် ဖြစ်နေပါတယ်။

NCA စာချုပ်ရဲ့ အနှစ်သာရ မှိန်ဖျော့လာခြင်းအတွက် ကြည့်နိုင်တဲ့ အချက်များစွာ ရှိနေပါတယ်။ NCA လုပ်ငန်းစဉ်အရ အစိုးရနဲ့ တပ်မတော်ပိုင်းက လုပ်ဆောင်ရမယ့် အစည်းအဝေးတွေ၊ မူဘောင်တွေကို လမ်းညွှန်ချက်တွေအတိုင်း အတိအကျ မလုပ်နိုင်တာ၊ ရှေ့ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အကောင်အထည် မဖော်နိုင်တာတွေက အဓိက အားနည်းချက်တွေ ဖြစ်ပါတယ်။ ဥပမာ – NCA လက်မှတ်ထိုးထားတာခြင်း တူပါလျက် သက်ဆိုင်ရာ နယ်မြေတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့အတွက် တူညီတဲ့ အခွင့်အရေး မရရှိကြတာ၊ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေမှာ တလောက ဖြစ်ခဲ့တဲ့ တိုက်ပွဲ စခန်းသိမ်းပိုက်မှုနဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ လတ်တလော ဖြစ်တဲ့ တိုက်ပွဲမျိုးတွေဟာ ထောက်ပြစရာတွေ ဖြစ်ပါတယ်။

စာချုပ်စာတမ်းဆိုတာ ယုံကြည်ထိုက်တဲ့ ကတိသစ္စာမဟုတ်တော့ဘူးလို့ ခံစားလာရတဲ့အခါ NCA စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြားမှာလည်း ရှုမြင်ပုံ၊ ရပ်တည်ပုံတွေ ကွဲထွက် လာပါတယ်။ လက်မှတ်ထိုးတာကို အကြောင်းပြုပြီး သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို တရစ်ချင်း ပြန်ကြပ်လာတယ်လို့ ခံစားနေကြသူတွေ ရှိသလို၊ တိုက်ပွဲဖြစ်တာချင်းအတူတူ အားနည်းသူ ခံရတာပဲ ဆိုတဲ့ သာဓကတွေလည်း ရှိလာပါတယ်။ ပိုဆိုးလာတဲ့ အခြေအနေတခုက ရရင် ရတာကို ယူပြီး လုပ်ချင်ရာ လုပ်တော့မယ်ဆိုတဲ့ အခွင့်အရေးသမား ဆန်သူတွေလည်း ရှိလာပြီး၊ လူအင်အား၊ နယ်မြေနဲ့ ငွေအင်အားချဲ့ထွင်ရာကနေ လူမျိုရေး လှုံဆော်မှု ပြုလုပ်လာတာတွေ ဖြစ်ပါတယ်။

ဒီလိုကြီးမားလာတဲ့ ဘက် အသီးသီးရဲ့ အကျိုးစီးပွား တကျောင်းတဂါထာ ဖြစ်လာနေတာတွေကို အခုလုပ်မယ့် JICM အစည်းအဝေးမှာ ဖြေရှင်းနိုင်မယ့်ပုံ မရှိပါဘူး။ NCA စာချုပ်ရဲ့ အနှစ်သာရ မှိန်ဖျော့လာြခင်းကို ကုစားပြီး ပြန့်ကျဲထွက်နေတဲ့ အကျိုးစီးပွားတွေကို ဆုံချက်ကျအောင် ပြန်စုပြီး NCA ဟာ အလုပ်ဖြစ်သေးတယ်ဆိုတဲ့ ယုံကြည်ထိုက်သော ကတိကဝတ် (credible commitment) တွေ အသက်ပြန်ဝင်ဖို့ဆိုတာ ငြိမ်းချမ်းရေး တရေးနိုးရုံနဲ့ မရပါဘူး။ သေသေချာချာ ပြန်လှန်ဆန်းစစ်သုံးသပ်ပြီး အနာနဲ့ ဆေးချက်တည့်အောင် ကုနိုင်ပါမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လန်းလန်းဆန်းဆန်းနဲ့ ပြန်အသက်ဝင်လာမှာ ဖြစ်ပါတယ်။ ဒါကို လုပ်နိုင်မလားဆိုတာကတော့ ၂၀၂၀ ပြည့်အလွန်ကိုပဲ စောင့်ကြည့်ရပါတော့မယ်။

သေချာတဲ့အချက်တခုက ၂၀၁၈ ခုနှစ် ဇူလိုင်နောက်ပိုင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ သုံးကြိမ်လုပ်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ အုတ်မြစ်ချနိုင်ရေး အကောင်အထည် ဖော်မယ်ဆိုတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကား၊ ၂၀၂၀ ပြည့်နှစ်မှာ ထာ၀ရငြိမ်းချမ်းရေး ပြည်သူ့လက်အပ်မယ်ဆိုတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်ရဲ့ ပြောစကားတွေကတော့ ဖြစ်နိုင်ခြေ မရှိသလောက် ဖြစ်သွားခဲ့ပါပြီ။

အခုလုပ်မယ့် JICM အစည်းအဝေးမှာ ၂၀၂၀ ပြည့်နှစ် (ဧပြီ သင်္ကြန် မတိုင်ခင်) ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အနည်းဆုံး တကြိမ် ဖြစ်လာရေးနဲ့ ၂၀၂၀ ပြည့်နှစ်အလွန် ဘယ်လိုအစိုးရသစ်မျိုးပဲ ပေါ်ပေါ် NCA စာချုပ်အရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်ရှိနေဖို့ ကတိကဝတ်ပြုရေးကိုသာ မျှော်လင့်နိုင်မှာပါ။

The post ၁၅ လ ကြာခဲ့ပြီးနောက် ငြိမ်းချမ်းရေး တရေးနိုးပြီလား (သို့မဟုတ်)  ရှစ်ကြိမ်မြောက် JICM အစည်းအ‌ဝေးကနေ ဘာမျှော်လင့်နိုင်မလဲ appeared first on ISP Myanmar Peace Desk.

ကျိုင်းတုံဆွေးနွေးပွဲနှင့် ဖြစ်နိုင်ခြေ အလားအလာသုံးရပ်
အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့အကြား အလှည့်အပြောင်းတခု ဖြစ်လာနိုင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက် (မနက်ဖြန်) မှာ ပြုလုပ်ပါမယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမှာ ပြုလုပ်မယ့် ဒီဆွေးနွေးပွဲဟာ သြဂုတ် ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ အဆက်လို့ ဆိုနိုင်ပါတယ်။ ဒီဆွေးနွေးပွဲက တဆင့် တိုးတက်မှု ရနိုင်သလို၊ ပဋိပက္ခ စက်ဝန်းထဲ ပြင်းထန်တဲ့ အခြေအနေတွေ ထပ်ဖြစ်လာနိုင်ခြေလည်း ရှိနေပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ၁၇ ရက်တာ ကာလအတွင်း ကျိုင်းတုံ ဆွေးနွေးပွဲ ထပ်ဖြစ်ခဲ့တာကို ကြည့်ရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်စေဖို့ ကြီးမားတဲ့ တွန်းအားတရပ် ရှိနေတာ မြင်သာပါတယ်။ ဒီအချက်ကို ဆောင်းပါးရဲ့ ပထမပိုင်းမှာ တင်ပြမှာ ဖြစ်ပြီး၊ ဆွေနွေးပွဲက တဆင့် ဖြစ်နိုင်ခြေ အလားအလာ သုံးရပ်ကို ဆောင်းပါး ဒုတိယပိုင်းမှာ ဖော်ပြပါမယ်။

ကျိုင်းတုံ ဆွေးနွေးပွဲကို ဖြစ်ပေါ်စေတဲ့ ကြီးမားသော တွန်းအားလို့ ဆိုရာမှာ ထင်သာမြင်သာ ဖြစ်စေတဲ့ အရေးကြီး မျက်နှာစာ နှစ်ခု ရှိပါတယ်။ ပထမတခု တပ်မတော်ရဲ့ အနေအထားဖြစ်ပြီး၊ ဒုတိယတခုက တရုတ်ရဲ့ အနေအထား ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် နှောင်းပိုင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ တပ်မတော်က စစ်တိုင်း ငါးခုအတွင်း စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ စတင် ရပ်ဆိုင်းခဲ့ပါတယ်။ အခုချိန်အထိ လေးကြိမ် ရပ်ဆိုင်းခဲ့ပြီး ရှစ်လ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ရှစ်လတာ ကာလအတွင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့လေးဖွဲ့နဲ့ အစိုးရ အကြား သုံးကြိမ်သာ တွေ့ဆုံနိုင်ခဲ့ပြီး ရေရာတဲ့ အဖြေ မထွက်သေးပါဘူး။

ပိုဆိုးတာက သြဂုတ် ၁၅ ရက်မှာ ဖြစ်ခဲ့တဲ့ တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) တိုက်ခိုက်ခံရမှုနဲ့ မြန်မာ-တရုတ် ကုန်သွယ်ရေး အတွက် အချက်အခြာဖြစ်တဲ့ မန္တလေး – လားရှိုး – မူဆယ် ပြည်ထောင်စု လမ်းမကြီးတလျှောက် ဖြစ်လာတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ ထူးခြားမှု အဖြစ် သြဂုတ် ၁၅ ရက် တိုက်ခိုက်မှုတွေမှာ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ရခိုင် တပ်မတော် (ULA/AA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (MNTJP/MNDAA) စသည်ဖြင့် ညီနောင်မဟာမိတ်အဖွဲ့ သုံးဖွဲ့ရဲ့ ပူးပေါင်း တိုက်ခိုက်မှုသာ ဖြစ်ခဲ့ပါတယ်။

သြဂုတ် ၁၅ ရက်နေ့ တိုက်ခိုက်ခံရမှုနဲ့ နောက်ဆက်တွဲ တိုက်ပွဲတွေဟာ အစိုးရနဲ့ တပ်မတော် အတွက် အထိနာစရာ ဖြစ်ပါတယ်။ ဒေသတွင်း သတင်း ရစ်မြစ်တွေရဲ့ ထုတ်ဖော်မှုအရ အရပ်သား ၁၄ ဦး သေဆုံးခဲ့ရသလို၊ မော်တော်ယာဉ် ၁၄ စင်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ တံတားလေးစင် းရှိခဲ့ပါတယ်။ တခါ စစ်ဘေး ဒုက္ခသည် ၆၆၀၀ ကျော်ရှိခဲ့ပြီး၊ ကုန်သွယ်မှု တန်ဖိုးအနေနဲ့လည်း အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။ ဒီလို ဆုံးရှုံး အထိနာမှုတွေ ရှိခဲ့ပေမဲ့ တပ်မတော်က ကြီးမားတဲ့ တန်ပြန် ထိုးစစ်ကို မစတင်သေးဘဲ စစ်ရေး ဆိုင်ရာ လှုပ်ရှားမှု ရပ်ဆိုင်းခြင်းကို စက်တင်ဘာ ၂၁ ရက်အထိ သက်တမ်း တိုးလိုက်ပါတယ်။  ဒီလို တိုးမြှင့် လိုက်ခြင်းဟာ ငြိမ်းချမ်းရေးမှာ ပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံး ယုံကြည်မှု အပြည့်နဲ့ ဆက်လက် ဆောင်ရွက်နိုင်ရေး၊ NRPC နဲ့ လက်ရှိ ဆွေးနွေးနေဆဲ အခြေအနေတွေ ဆက်လက် ဆောင်ရွက်နိုင်ရေးတို့အတွက် ဖြစ်တယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

တကယ်တော့ သြဂုတ် ၁၅ ရက်မှာ စတင် ဖြစ်ပေါ်ခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တိုက်ခိုက်မှုတွေဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ မေးခွန်းအတွက် ပဟေဠိများစွာ ရှိနေပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသက စစ်ရေးဖိအားကို အာရုံ လွှဲလိုတာကြောင့် ဖြစ်နိုင်သလို၊ တပ်မတော်ဘက်က ပြောဆိုသလို မူယစ်ဆေးဝါး အကြီးအကျယ် ဖမ်းဆီးမှု အပေါ် လက်စားချေ တုံ့ပြန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ် ရှုပ်ထွေးမှု အဖြစ် အချို့သော နယ်စပ်ဒေသ ဆိုင်ရာ အင်အားစုတွေ ပါဝင်ခြင်း ရှိ၊ မရှိ သံသယဖြစ်မှုကလည်း ရှိနေပါတယ်။ တခါ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က စစ်မှုထမ်းဟောင်းတွေ၊ စီးပွားရေးနဲ့ မူးယစ်ဆေးဂိုဏ်း အုပ်စုတွေ အပါအဝင် အခြားသော ကိုယ်ကျိုးစီးပွား ကြည့်သူတွေ ပါဝင် ပတ်သက်မှု ရှိကောင်း၊ ရှိနိုင်တယ်ဆိုတဲ့ ထင်မြင် ယူဆချက်တွေလည်း ရှိနေပြန်ပါတယ်။

တရုတ်နိုင်ငံကတော့ ညီနောင် မဟာမိတ်အဖွဲ့ သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုံ့ချခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန်ကလည်း တိုက်ပွဲတွေကို ရပ်ဆိုင်းဖို့ သြဂုတ် ၂၀ ရက်နေ့က မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ် ဆိုတဲ့ သတင်းတွေ ရှိပါတယ်။ တခါ သြဂုတ် ၃၁ ရက် ကျိုင်းတုံ ဆွေးနွေးပွဲ ဖြစ်အောင်လည်း တရုတ်က ကူညီခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်က လုပ်ခဲ့တဲ့ ဒုတိယအကြိမ် ဆွေးနွေးပွဲပြီးကတည်းက အထူးဒေသ မိုင်းလားမှာ တတိယ အကြိမ် ဆွေးနွေးဖို့ အစိုးရဘက်က ကြိုးပမ်းခဲ့ပါတယ်။ ဖြစ်မလာပါဘူး။ ဒါပေမဲ့ မိုင်းလားမှာ ပြုလုပ်ဖို့ အဆိုပြု ခံထားရတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့လေးဖွဲ့ဟာ သြဂုတ် ၃၁ ရက် ကျိုင်းတုံမှာ တွေ့ဆုံဖို့ လက်ခံခဲ့ပါတယ်။ သူတို့အတွက် တရုတ်ရဲက လုံခြုံရေးယူပေးခဲ့ပါတယ်။

အစိုးရနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ တွေ့ဆုံခဲ့တဲ့ သုံးကြိမ်ကို ကြည့်ရင် အခြေအနေဟာ မတင်မကျပါပဲ။ ပထအကြိမ် ဆွေးနွေးမှုမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) ကို မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက တင်ပြဆွေးနွေးပါတယ်။ ဒုတိယအကြိမ်မှာ အစိုးရဘက်က သူတို့ မူကြမ်းကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။ တတိယ အကြိမ်မှာတော့ မြောက်ပိုင်း မဟာမိတ်အဖွဲ့က နှစ်ဖက် အပစ်အခတ် ရပ်စဲရေးအတွက် မူရှစ်ချက်ကို တင်ပြပါတယ်။ အစိုးရက ခုနှစ်ချက်ကို သဘောတူပြီး mediator (ကြားဝင်ညှိနှိုင်းပေးသူ) အဖြစ် “တရုတ်ပါဝင်ရေး” ဆိုတဲ့ အချက်တချက်က ပြေလည်မှု မရသေးပါဘူး။

တတိယအကြိမ် ဆွေးနွေးပွဲ ပြီးချိန်မှာ ကျိုင်းတုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ တရုတ် ဖိအားကြောင့် ဖြစ်လာတဲ့ “ဟန်ပြ” ဆွေးနွေးပွဲသာ ဖြစ်ပြီး အောင်မြင်တဲ့ ဆွေးနွေးပွဲ တရပ်မဟုတ်ဘူးလို့ TNLA ရဲ့ တာဝန်ရှိသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဧရာဝတီ သတင်းဌာနကို ပြောခဲ့ပါတယ်။ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကြန့်ကြာနေတဲ့ အပေါ် ဘယ်သူ့ကိုမှ အပြစ်တင်စရာ မရှိဘူးလို့ ပြောဆိုထားပါတယ်။

အခြေအနေအားလုံးကို ခြုံကြည့်ရင် အစိုးရ၊ တပ်မတော်၊ တရုတ် သုံးဘက် စလုံးမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဖြစ်စေချင်တဲ့ နိုင်ငံရေး အာသီသ ဆက်ရှိနေတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၇ ရက် ကျိုင်းတုံ ဆွေးနွေးပွဲက တဆင့် ဖြစ်လာနိုင်ခြေ အလားအလာ သုံးရပ်ကို တင်ပြချင်ပါတယ်။

(၁) ပထမ ဖြစ်နိုင်ခြေက အမြင့်ဆုံး ဖြစ်နိုင်ခြေ (Optimal scenario) လို့ ဆိုရပါမယ်။ အပစ်အခတ် ရပ်စဲရေးကို လူးသာလွန့်သာ ပုံစံမျိုးနဲ့ ချဉ်းကပ်ပြီး၊ နောက်ပိုင်းမှာ ဆက်လက် ဆွေးနွေးကြမယ်ဆိုတဲ့ သဘော တူညီချက် ထွက်လာနိုင်ပါတယ်။ ဥပမာ- ၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက် ကျိုင်းတုံ ဆွေးနွေးပွဲ အပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူမှု လက်မှတ်ရေးထိုးရင် ဘယ်လိုပုံစံ ထိုးမလဲဆိုတဲ့ ပုံစံ ကွဲလွဲမှု တချို့ရှိပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့က လေးဖွဲ့အတူ လက်မှတ် ရေးထိုးချင်ပါတယ်။ ဒါပေမဲ့ ဒီလို လက်မှတ်ရေးထိုးခြင်းက အစဉ်အလာ မဟုတ်တာကြောင့် တပ်မတော်ဘက်က လက်ခံမယ့်ပုံ မရှိပါဘူး။ တဖွဲ့ချင်း လက်မှတ်ထိုးခြင်းကိုသာ လက်ခံမယ့် အနေအထား ရှိပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးအတွက် တနေ့တည်းမှာ တဖွဲ့ချင်း လက်မှတ်ရေးထိုးမယ့် အခြေအနေ ဖြစ်မလား၊ ဒါမှမဟုတ် ပုံစံ တမျိုးမျိုးနဲ့ ယာယီ သဘောတူညီချက်ယူပြီး ရှေ့ဆက် ဆွေးနွေးမှုကို ဦးတည် မလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဒီအခြေအနေ ဖြစ်ခဲ့မယ် ဆိုရင်တောင် စိန်ခေါ်မှု တခုအဖြစ် စစ်လည်း မတိုက်၊ ငြိမ်းချမ်းရေးအတွက်လည်း ပြီးပြတ်ပြေလည်မယ့် အခြေအနေလည်း မဟုတ်ဘဲ အီလည်လည်ပုံစံ ဆက်ဖြစ်နေနိုင်ပါတယ်။

(၂) ဒုတိယ ဖြစ်နိုင်ခြေက တထစ်လျော့ ဖြစ်နိုင်ခြေ (Sub-optimal scenario) ဖြစ်ပါတယ်။ ဒါက မြောက်ပိုင်း မဟာမိတ် လေးဖွဲ့ ရှိတဲ့အထဲက ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ကို ဖယ်ထုတ်လိုက်တဲ့ ၄ – ၃ = ၁ ပုံစံ ဖြစ်လာနိုင်ပါတယ်။ KIO/KIA နဲ့ ဆက်လက် ဆွေးနွေးပြီး၊ ကျန်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ဆက်ပြီး ဆွေးနွေးမှာ မဟုတ်တော့ဘူး ဆိုတဲ့ ပုံစံ ဖြစ်ပါတယ်။ ဒီအနေအထားက KIO/KIA အတွက် အခက်အခဲ ရှိနိုင်ပေမဲ့ တပ်မတော်ဘက်မှာ ကချင် တိုင်းရင်းသားတွေနဲ့ ပြေလည်ချင်တဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။ ဥပမာအားဖြင့် – ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌ သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်အပေါ် တရားစွဲဆိုထားမှုကို တပ်မတော်က ရုပ်သိမ်းခဲ့တာ ဖြစ်ပြီး၊ ရက်ပိုင်း အတွင်းမှာပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ တွေ့ဆုံခဲ့တဲ့ ဖြစ်စဉ်ကို ကြည့်နိုင်ပါတယ်။ အကယ်၍ ညီနောင် မဟာမိတ် သုံးဖွဲ့က သပ်သပ်၊ KIO/KIA က သပ်သပ် ဆွေးနွေးမှုမျိုး ဖြစ်သွားပြီး KIO/KIA နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရခဲ့တယ်ဆိုရင်တောင် ရှုပ်ထွေးမှုတွေက ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါက KIO/KIA လှုပ်ရှားရာ နယ်မြေနဲ့ ညီနောင် မဟာမိတ်သုံးဖွဲ့ လှုပ်ရှားရာ နယ်မြေတို့အကြား နယ်နိမိတ်ချင်း ဆက်စပ်မှု၊ ရောထွေးမှုတွေ ရှိနေတာကြောင့် ဖြစ်ပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိနေတဲ့ ကချင် တိုင်းရင်းသားတွေရဲ့ ထိခိုက်နစ်နာမှုအပေါ် ရတက် မအေးစရာ ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။

(၃) တတိယ ဖြစ်နိုင်ခြေက ဆွေးနွေးပွဲတွေ ပျက်သွားနိုင်တဲ့ ဖြစ်နိုင်ခြေ (Breakdown scenario) ဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့ပြီ ဆိုရင်တော့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်ဆိုင်းသွားပြီး ဆွေးနွေးပွဲ ပြန်စနိုင်ဖို့ အချိန်ကောင်းတခု ထပ်စောင့်ရမယ့် အနေအထားကို ရောက်သွားနိုင်ခြေ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အနိမ့်ဆုံး အနေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ ထိုးစစ်တွေနဲ့ တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး၊ စစ်ဘေး ဒုက္ခသည် တသိန်းကျော်အထိ ဖြစ်လာနိုင်တဲ့ လူထု အထိနာမှုတွေကို ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။

ဖော်ပြပါ ဖြစ်နိုင်ခြေ သုံးခုထဲက ပထမ တခုဖြစ်တဲ့ အမြင့်ဆုံး ဖြစ်နိုင်ခြေ (Optimal scenario) အပါအဝင် တခုခု ဖြစ်ခဲ့ရင်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးစစ်ရှောင် ပြည်သူတွေ၊ ကျီးလန့်စာစားပြီး အထိတ်တလန့် နေထိုင်နေကြရတဲ့ ပြည်သူတွေအတွက် ဘယ်သူတွေက တာဝန်ယူ၊ တာဝန်ခံပြီး လုံခြုံစိတ်ချရမှု ပေးမလဲဆိုတဲ့ ကိစ္စနဲ့နောက်ထပ်ကြော့ ပြန်မဖြစ်အောင် ဘယ်လို စီမံဆောင်ရွက်ကြမှာလဲ ဆိုတဲ့ကိစ္စကတော့ ရတက်မအေးဖွယ် စိုးရိမ်စရာ အဖြစ် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

(နေထွန်းနိုင်သည် ISP-Myanmar ၏ ပြင်ပဆက်ဆံရေး ဆက်သွယ်ရေးဌာန၊ လက်ထောက်ဒါရိုက်တာ ဖြစ်ပြီး ISP-Myanmar Peace Desk ၏ တာဝန်ခံဖြစ်ပါသည်)

The post ကျိုင်းတုံဆွေးနွေးပွဲနှင့် ဖြစ်နိုင်ခြေ အလားအလာသုံးရပ် appeared first on ISP Myanmar Peace Desk.