Su Yadanar Myint Archives - ISP Myanmar Peace Desk

အာရကန် (ရခိုင်ပြည်နယ်) မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ (အစီရင်ခံစာမိတ်ဆက်)
မြန်မာနိုင်ငံတွင် ရှိနေသော မြားမြောင်လှသည့် နိုင်ငံရေးပြဿနာများစွာအနက် ရခိုင်ပြည်နယ်အရေးမှာလည်း တခုအပါအဝင် ဖြစ်သည်။ ရခိုင်ပြည်နယ်သည် လူသားအရင်းအမြစ်နှင့် သဘာ၀သယံဇာတပေါများပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများစွာရှိသည့်တိုင် လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခများ၊ နိုင်ငံရေးဖိနှိပ်မှုများနှင့် စီးပွားရေးအမြတ်ထုတ်မှုများကြောင့် နာကျင်ဒဏ်ရာပေါင်းများစွာ ရရှိခဲ့ပြီး ယခုချိန်ထိ ဖွံ့ဖြိုးမှုအားနည်းခဲ့သည့်နည်းတူ ငြိမ်းချမ်းမှုလည်း ဖြစ်မလာသေးပေ။

ရိုဟင်ဂျာဒုက္ခသည်များကိစ္စ၊ ပထဝီနိုင်ငံရေးအားပြိုင်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ အကြားတွင် ရခိုင်ပြည်နယ်အရေးသည် ပြည်တွင်းရေးပြဿနာထက် ကျော်လွန်၍ ကမ္ဘာနိုင်ငံရေးဇာတ်ခုံပေါ်၌ အထူး အာရုံ စိုက်စရာ ဖြစ်လာသည်။ ထို့ကြောင့် အနာဂတ်ရခိုင်ပြည်နယ်၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာ၌ အမြော်အမြင်ကြီးသော၊ မဟာဗျူဟာမြောက်သော ချဉ်းကပ်နည်းများဖြင့် ဖြေရှင်းနိုင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ ထိုသို့ဖြေရှင်းရာတွင် သမိုင်းကြောင်းဆိုင်ရာ သာဓကများကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့၊ ဘက်ပေါင်းစုံမှ ပြဿနာအရင်းအမြစ်များအကြောင်းကို ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်ပါသည်။

ထို့ကြောင့် အလွန်ထိလွယ်ရှလွယ်ဖြစ်သော ရခိုင်ပြည်နယ်အရေး၏ သမိုင်းကြောင်းကို ရေးသား ဖော်ပြထားသည့် သုတေသနအစီရင်ခံစာ တစောင်ကို မိတ်ဆက်တင်ပြလိုပါသည်။ အဆိုပါ အစီရင်ခံစာမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် Transnational Institute (TNI) က ထုတ်ဝေခဲ့ပြီး မာတင်စမစ် ရေးသားခဲ့သည့်  Arakan (Rakhine State): A Land in Conflict on Myanmar’s Western Frontier (အာရကန်(ရခိုင်ပြည်နယ်) – မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ) ဆိုသော အစီရင်ခံစာ ဖြစ်ပါသည်။ အစီရင်ခံစာကို ဇာတ်ကြောင်းပြောသည့် ပုံစံဖြင့် ရေးသားထားပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။ အစီရင်ခံစာ အခန်းတခုချင်းစီတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ ခေတ်များအလိုက် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခများအကြောင်းကို ခေါင်းစဉ်ခွဲများဖြင့် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် အဓိကရင်ဆိုင်နေရသော ပဋိပက္ခများဖြစ်သည့် တပ်မတော်နှင့် အတိုက်အခံလူမျိုးစု လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများရှိနေခြင်း၊ ရိုဟင်ဂျာဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရခြင်း၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်စရာများ မပြီးပြတ်သေးခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေရခြင်းနှင့် အိမ်နီးချင်းအင်အားကြီးနိုင်ငံများက စီးပွားရေးစီမံကိန်းကြီးများကို အကြောင်းပြု၍ ရခိုင်ဒေသအတွင်း ချဲ့ထွင်လာခြင်း စသဖြင့် ပဋိပက္ခများ၏ အရင်းခံအကြောင်းတရားများကို အစီရင်ခံစာထဲ၌ အသေးစိတ်ဖော်ပြထားပါသည်။

အစီရင်ခံစာ၏အဆိုအရ ရခိုင်ပြည်နယ်အရေးကို အရေးမကြီးဘဲ သီးခြားဖြစ်ပျက်နေသော နိုင်ငံရေးနှင့် လူမျိုးစုရေး အကွဲအပြဲတခုအဖြစ် သဘောထားရန် မဖြစ်နိုင်ကြောင်းကို အရေးကြီးသော အကြောင်းအရာတရပ်အနေဖြင့် တိုက်တွန်းထားသည်။  အစီရင်ခံစာတွင် ပါဝင်သောအကြောင်းအရာများအနက် အဓိကကျသော ဆိုလိုရင်း သဘောထားမှတ်ချက်များနှင့် အကြံပြုချက်များကို ထုတ်နုတ်တင်ပြသွားမည် ဖြစ်ပါသည်။

ခေတ်အဆက်ဆက် နိုင်ငံရေးပါဝင်မှုဘောင်မှ ဖယ်ကျဉ်ခံရပြီး စစ်ဘောင်ပိုကျယ်လာခြင်း

၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေးမရမီ စပ်ကြားကာလအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဗြိတိသျှအရာရှိများသာမက ဖဆပလ ခေါင်းဆောင်များကလည်း မသိကျိုးကျွံ ပြုခဲ့ကြသည်။ တနိုင်ငံလုံးအဆင့် အပြောင်းအလဲ ဖြစ်ကြတော့မည်အချိန်တွင် ရခိုင်ပြည်သူတို့၏ အနာဂတ်မှာ လျစ်လျူရှုခံလိုက်ရပြီး အကျိုး ဆက်အဖြစ် နောင်တွင် ကံဆိုးမိုးမှောင်ကျဖို့သာ ဖြစ်လာခဲ့သည်ဟု ထောက်ပြခဲ့သည်။ ထို့အပြင်  ဒုတိယ ကမ္ဘာစစ် အတွင်း ရခိုင်၊ ရိုဟင်ဂျာနှင့် အမည်သညာနိုင်ငံရေးဆိုသော ခေါင်းစဉ်ခွဲအောက်၌ လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့သော်လည်း ရိုဟင်ဂျာတို့၏ ဖြစ်တည်မှုကို လွတ်လပ်ပြီးခေတ် ပါလီမန် အုပ်ချုပ်ရေး ကာလ တလျှောက်လုံး လက်ခံခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။

သို့သော် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင်မူ ရိုဟင်ဂျာဟူသော ရပ်တည်ချက်ကို လက်မခံတော့ကြောင်း၊ မွတ်စလင်များနှင့် အိန္ဒိယအနွယ်များဟု ယူဆရသောသူ အားလုံးကိုလည်း နိုင်ငံသား ခံယူခွင့်နှင့်ပတ်သက်၍  တင်းကျပ်မှုများ ပြုလုပ်ခဲ့သည်။ ထိုသမိုင်းအချက်အလက် ဖြစ်ရပ်များကို အခြေပြု၍ ပဋိပက္ခများကြောင့် နယ်စပ် ဖြတ်ကျော်ထွက်ပြေးမှုများ၊ ရိုဟင်ဂျာဟူသော အမည်နှင့်ပတ်သက်၍ အငြင်းအခုံများ ဖြစ်ပေါ်လာခြင်း စသဖြင့် ရခိုင်ပြည်နယ်၏ အရေးကိစ္စများကိုလည်း အစီရင်ခံစာ၌ ဆွေးနွေးတင်ပြထားသည်။ ထို့နောက် ၂၀၁၁-၁၂ ခုနှစ်ကာလ မြန်မာ့နိုင်ငံရေးအသွင်ပြောင်းလဲမှုများ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ ဦးတည် ရည်မှန်းချက်များ ပေါ်ပေါက်လာချိန်တွင် ရခိုင်‌ပြည်နယ်၏ ငြိမ်းချမ်းရေးလမ်းစမှာ (အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ်များ ရရှိရန် အားထုတ်နေသော အခြေအနေများနှင့်) ဆန့်ကျင်ဘက်သို့ မျက်နှာမူနေခဲ့ ပါသည်။ ရခိုင်ပြည်နယ်မှ ပဋိပက္ခများကို အစိုးရက ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ရုံမက ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အားလုံးကိုလည်း တန်းတူညီမျှစွာ ပါဝင်ခွင့် မပေးထားသဖြင့် နိုင်ငံရေး ဘောင်ကျဉ်းပြီး စစ်ဘောင်ပိုကျယ်လာ ရသည်ဟု စာတမ်းတွင် သုံးသပ်ခဲ့ပါသည်။

ပထဝီနိုင်ငံရေး စိန်ခေါ်မှုများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားအားပြိုင်မှုများ

ရခိုင်ပြည်နယ်၏ ပထဝီနိုင်ငံရေး အနေအထားအရ ယနေ့ခေတ်တွင် ဖြစ်ပျက်နေသော အချင်းအရာများက မြန်မာနိုင်ငံကိုသာမက အိမ်နီးချင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ်တွင်ပါ သက်ရောက်မှုများ ရှိနေသည်ဟု စာတမ်းက သုံးသပ်ထားပါသည်။ ရခိုင်အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းက မူအမျိုးမျိုးနှင့် ကိုင်တွယ်နေကြသည်။ အနောက်နိုင်ငံများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို ဒဏ်ပေးသင့်သည်ဆိုသော အယူအဆရှိကြသည်။ တရုတ်နိုင်ငံကမူ ရခိုင်ပြည်နယ်ကို ရပ်ဝန်းလမ်းကြောင်း အစီအမံ(BRI)အတွက် အချက်အချာကျသော နေရာတခု အဖြစ်သဘောထားသည်။ အိန္ဒိယကမူ “အရှေ့နှင့် ချိတ်ဆက်” ဟူသော မူဝါဒအရ မီဇိုရမ်၊ အာသံနှင့် အခြားအရှေ့မြောက် ပြည်နယ်များ ချစ်ကြည်ရေးအတွက် ကုလားတန် စီမံကိန်းကို ဦးစားပေးလိုသည်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာ ဒုက္ခသည် တသန်းကျော်၏ ဝန်ထုပ်ကို လက်ခံထားရပြီး အနာဂတ်တွင်လည်း ၎င်း၏ နယ်စပ်ဒေသများ၌ မတည်ငြိမ်နိုင်သည့် အလားအလာတို့ကို တွေ့မြင်နေရသည်။

“ညှပ်ပူးညှပ်ပိတ်နိုင်ငံရေးနှင့် တရုတ်ဝင်ရောက်လာပုံ” ဆိုသော ခေါင်းစဉ်ခွဲအောက်တွင် NLD အစိုးရလက်ထက် တရုတ်နိုင်ငံသည် မြန်မာအစိုးရအား အလွန်အကူအညီပေးတတ်သော မိတ်ဆွေကြီး ဖြစ်လာပုံနှင့် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ ကန့်လန့်ကာနောက်ကွယ်၌ ရှိနေသော တရုတ်ဩဇာအကြောင်းကို ဖော်ပြထားသည်။ ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ ထိရောက်သော လုပ်ပိုင်ခွင့်များ ထိန်းထားနိုင်ရန် တရုတ်သည် မြန်မာနှင့် နှစ်နိုင်ငံဆက်ဆံရေးကို တတ်နိုင်သလောက်အသုံးချခဲ့သည်။ BRI အစီအစဉ် ကြေညာပြီးနောက်ပိုင်း တရုတ်သည် မြန်မာနှင့်ပတ်သက်သော အကြောင်းအရာသုံးခုကို တိုက်တိုက်တွန်းတွန်း ရပ်တည်ပြောဆိုလာ သည်။ ရိုဟင်ဂျာအရေးတွင် မြန်မာနိုင်ငံကို နိုင်ငံတကာမှ အရေးယူပိတ်ဆို့မှုများ မပြုလုပ်ရန် မြန်မာအစိုးရဘက်မှ ခုခံ ရပ်တည်ပေးခြင်း၊ ကျောက်ဖြူကို ဘင်္ဂလားပင်လယ်အော်ရှိ BRI ၏ ထွက်ပေါက်အဖြစ် သတ်မှတ်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရကို ကူညီခြင်းတို့ဖြစ်သည်။ တဖက်တွင်လည်း အိန္ဒိယအစိုးရအနေဖြင့် တရုတ်၏ စီးပွားရေးနှင့် နိုင်ငံရေးဩဇာသည် မြန်မာအပေါ်တွင် အိန္ဒိယထက် များစွာ ရှေ့ရောက်နေခြင်းအပေါ် စိုးရိမ်မှု ရှိနေသည်။ ယခုအစီရင်ခံစာတွင် ထိုကဲ့သို့ အင်အားကြီးမားသော အိမ်နီးချင်း နိုင်ငံများ၏ ပထဝီနိုင်ငံရေးကစားကွက်နှင့် အကျိုးစီးပွားအားပြိုင်နေမှုများအကြား ရခိုင်ပြည်နယ်သည် ပဋိပက္ခ ပေါင်းစုံနှင့် ရုန်းကန်နေရဆဲဖြစ်သည်ဟု သုံးသပ်ဆွေးနွေးထားပါသည်။

ရခိုင်အမျိုးသားရေးဝါဒ ပြန်လည်ဦးမော့လာခြင်း

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအပြီးတွင် သမ္မတ ဦးသိန်းစိန်အစိုးရသည် မွတ်ဆလင်များအပေါ် ခွဲခြားဆက်ဆံခြင်းအား အစီစဉ်တကျပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့ပါသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟူသော အမည်ကို ၁၃၅ မျိုးသော လူမျိုးစု စာရင်းထဲ မထည့်ဘဲ ရခိုင်ပြည်နယ်တွင်း နေထိုင်သော မွတ်ဆလင်အများစုကို ဘင်္ဂါလီလူမျိုးစုစာရင်းထဲထည့်လိုက်ခြင်း၊ မွတ်ဆလင် များ၏ ယာယီမှတ်ပုံတင်(White Card) ကိုပြန်လည်ရုပ်သိမ်းခြင်း၊ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ဥပဒေလေးခုကို ပြဋ္ဌာန်းလိုက်ခြင်းနှင့် နယ်စပ်လုံခြုံရေးတပ်များကို ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် ပြင်ဆင် နေရာချထားပြီး တပ်မတော်၏ စစ်ရေးပြင်ဆင်မှုများရှိလာခြင်း စသည်တို့ကြောင့် USDP အစိုးရသက်တမ်း လေးနှစ်ခန့်အကြာတွင် ပဋိပက္ခသို့ ဦးတည်မည့် လူမျိုးရေး စိတ်ဝမ်းကွဲမှုများနှင့် လူမျိုးစု နိုင်ငံရေး ပြိုပျက်ခြင်းလမ်း သို့ ဦးတည်သွားသည်ဟု အစီရင်ခံစာက သုံးသပ်ဖော်ပြခဲ့ပါသည်။

ယင်းနောက် ခွဲခြားဆက်ဆံမှုနှင့် နေထိုင်ခဲ့ရသည်ဟူသော နာကျင်သည့်စိတ်အခံကြောင့်ပင် လူမျိုးစုလွတ်မြောက် ရေးကို ဖော်ညွှန်းသောလှုပ်ရှားမှုများမှာ သမ္မတ ဦးသိန်းစိန် တက်လာပြီး မကြာမီတွင် ရခိုင်လူထုကြား၌ လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်ဟု ထောက်ပြခဲ့ပါသည်။ ထိုနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ တက်ကြွ လှုပ်ရှားသူများ ဖြစ်စေ၊ မြန်မာနိုင်ငံနေရာအနှံ့တွင် နေထိုင်သော ရခိုင်လူမျိုးများဖြစ်စေ၊ ပြည်ပတွင် အခြေချနေထိုင်သူ ရခိုင် အသိုင်းအဝိုင်းများမှဖြစ်စေ ဒစ်ဂျစ်တယ်ခေတ်၏ ဆိုရှယ်မီဒီယာကြောင့် အမျိုးသားရေးစိတ်ဓာတ်များ ပိုမို တက်ကြွ လာကြသည်။ အစိုးရ၏ အင်တာနက်ဖြတ်တောက်ခြင်းသည်လည်းကောင်း၊ ULA/AA ၏ Facebook လူမှုကွန်ရက်စာမျက်နှာများကို ပိတ်ပစ်ခြင်းသည်လည်းကောင်း ULA/AA ကို ထောက်ခံမှုများအား ရပ်တန့်နိုင်စွမ်းမရှိခဲ့ကြောင်း ဆိုပါသည်။

အစီရင်ခံစာ၏ နောက်ဆုံးအပိုင်း၌ ရခိုင်ပြည်နယ်တွင်း ရင်ဆိုင်နေရသည့် ပဋိပက္ခများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများနှင့် အကြံပြုချက်များကို ဖော်ပြထားပါသည်။ ရခိုင်ပြည်နယ်၏ အနာဂတ်အတွက် အရေးကြီးသော အဓိကစိန်ခေါ်မှုများဖြစ်သည့် ဒုက္ခသည်များအရေး၊ လူမျိုးစုငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စသည့် ပြဿနာတို့ကို ရင်ဆိုင်ဖြေရှင်းရန်  အဘက်ဘက်က သက်ဆိုင်သူများအားလုံး စစ်ဘောင်မချဲ့တော့ဘဲ မဟာဗျူဟာအတွက် လက်နက်အားကိုးခြင်းကို လျှော့ရပါမည်။ ထို့နောက် ရခိုင်ပြည်နယ်အတွင်း နေထိုင်သော ပြည်သူလူထုတရပ်လုံး၏ ရုန်းကန်နေရမှုများနှင့် ဒုက္ခများ၏ ဇာစ်မြစ်ကို နားထောင်ပြီး ကျေလည်စွာ သဘောပေါက်ရန် လိုအပ်သည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆောင်ကြဉ်းနိုင်ရန်အတွက် ပဋိပက္ခများကို တည့်တည့်ရင်ဆိုင်၍ ဖြေရှင်းကြရမည်ဖြစ်ပြီး အမျိုးသားရင်ကြားစေ့ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဒေသခံပြည်သူများ၏ အားဖြင့် တည်ဆောက်မှသာ အောင်မြင်မည်ဟု အစီရင်ခံစာက ထောက်ပြထားပါသည်။

ယခုဖော်ပြပါ  “အာရကန် (ရခိုင်ပြည်နယ်) မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ” အစီရင်ခံစာ အပြည့်အစုံကို Download ရယူနိုင်ပါသည်။

အယ်ဒီတာမှတ်ချက်

ယခုအစီရင်ခံစာတွင် သုတေသနအစီရင်ခံစာရေးသားသူက “ရိုဟင်ဂျာ” ဟု သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် တည်ဆဲ အစိုးရအဖွဲ့နှင့် မီဒီယာများက “ဘင်္ဂါလီ” ဟု သုံးစွဲပါသည်။

The post အာရကန် (ရခိုင်ပြည်နယ်) မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှ ပဋိပက္ခမြေ (အစီရင်ခံစာမိတ်ဆက်) appeared first on ISP Myanmar Peace Desk.

၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအတွက် အွန်လိုင်းမဲဆွယ်လှုပ်ရှားမှုများအား ကနဦး ဆန်းစစ်ခြင်း
၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ယခုရက်သတ္တပတ်အတွင်း ပြုလုပ်တော့မည် ဖြစ်သည်။ ရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု ပုံသဏ္ဍာန်များမှာ ယခင် ရွေးကောက်ပွဲနှစ်ကြိမ်နှင့်မတူ၊ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရသည်။ ကိုဗစ်ကာလဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများကြောင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် မြေပြင် မဲဆွယ်နည်းထက် အွန်လိုင်းအခြေပြု မဲဆွယ်စည်းရုံးမှုများကို ပိုမို အသုံးပြုခဲ့ရသည်။ အွန်လိုင်းအခြေပြု (တနည်း) ဆိုရှယ်မီဒီယာအသုံးပြု မဲဆွယ်ရာတွင် ပါတီများအနေဖြင့် နည်းလမ်းအမျိုးမျိုး သုံးကြသကဲ့သို့ ကိုယ်စားလှယ်လောင်းများသည်လည်း နည်းမျိုးစုံ သုံးကာ မဲဆွယ်မှုပြု နေ ကြသည်ကို တွေ့ရပါသည်။ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အဓိက အသုံးပြုသည်မှာ Facebook ဖြစ်ပါသည်။

၂ဝ၂ဝ ပြည့် နှစ် စက်တင်ဘာအထိ သိရှိရသော စာရင်းများအရ မြန်မာနိုင်ငံတွင် လူမှုကွန်ရက် Facebook သုံးစွဲသူ ၂၇ ဒသမ ၂ သန်းရှိသည်ဟု စစ်တမ်းများက ဖော်ပြထားသည်။[1] ထို့ကြောင့် နိုင်ငံလူဦးရေ၏ ထက် ဝက်ခန့်ရှိပြီး၊ မိုဘိုင်းလ်ဖုန်း သုံးစွဲသူအရေအတွက်၏ ရာခိုင်နှုန်း ၄ဝ နီးပါးအသုံးပြုနေသည့် Facebook ကို အွန်လိုင်းမဲဆွယ်စည်းရုံးမှု ပြုလုပ်ရာတွင် လွှမ်းခြုံနိုင်မှုကြီးမားသော ပလက်ဖောင်းတခုအဖြစ် အသုံးပြု ခဲ့ကြခြင်း ဖြစ်သည်။[2] ယင်းပမာဏသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က Facebook အသုံးပြုသူ ၇ ဒသမ ၃ သန်းနှင့် နှိုင်းယှဉ်ပါက အဆပေါင်းများစွာ မြှင့်တက်လာသော ပမာဏ ဖြစ်ပါသည်။[3] ရွေးကောက်ပွဲ အကြို ကာလတွင် အွန်လိုင်းအခြေပြုမဲဆွယ်မှုများ တစထက်တစ များပြားပြီး အွန်လိုင်းမဲဆွယ်မှုများ၏ အခန်း ကဏ္ဍသည် ကြီးမားလာသည်နှင့်အမျှ ၎င်းတို့၏ ထိရောက်မှုကိုလည်း ဆန်းစစ်ရန် လိုအပ်လာပါသည်။ ထို့ ကြောင့် ယခုဆောင်းပါးတွင် ၂ဝ၂ဝရွေးကောက်ပွဲအတွက် အသုံးပြုနေကြသော နိုင်ငံရေးပါတီများနှင့် ကိုယ်စား လှယ်လောင်းအချို့၏ အွန်လိုင်းမဲဆွယ်မှုများနှင့် ထိရောက်နိုင်မှုအား ဆန်း စစ်သွားမည် ဖြစ်ပါသည်။

ထို့သို့ဆန်းစစ်ရာတွင် ရွေးကောက်ပွဲ မဲဆွယ်ကာလဖြစ်သော စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာလ ၆ ရက် အထိကာလအတွင်း နိုင်ငံ‌ရေးပါတီအသီးသီးနှင့် ကိုယ်စားလှယ်လောင်းအသီးသီးက လုပ်ဆောင်ကြသည့် မဲဆွယ်စည်းရုံးမှုနည်းလမ်းများအနက်အချို့အား ထုတ်နှုတ်၍ ၎င်းနည်းလမ်းများအပေါ် ခြုံငုံသုံးသပ်ခြင်းနှင့် ထူးခြားချက်များကို ဆွေးနွေးသွားပါမည်ဖြစ်ပါသည်။[4] ထို့နောက် ၎င်းနည်းလမ်းများ၏ ထိရောက်နိုင်မှုကို သုံးသပ် ဆွေးနွေးသွားမည် ဖြစ်သည်။ သတိပြုရန်တခုမှာ ယခုဆောင်းပါးသည် ကနဦးဆန်းစစ်မှုအနေဖြင့် အကြမ်း ဖျင်း တင်ပြခြင်းသာဖြစ်ပြီး အသေးစိတ်လေ့လာ၍ သုတေသနပြုလုပ်ခြင်းများ ထပ်မံလိုအပ်ဦးမည် ဖြစ်ပါ သည်။ ယင်းအပြင် အခကြေးငွေပေး၍ လှုပ်ရှားဆောင်ရွက်ခြင်း (ဥပမာ- Facebook တွင် Boost ပြုလုပ်၍ ပြန့်နှံ့နိုင်စွမ်းအားချဲ့ထွင်ကြခြင်း) ကိစ္စရပ်များမှာလည်း အသေးစိတ် ဆက်လက်လေ့လာရဦးမည့် နယ်ပယ် တခု ဖြစ်ပါသည်။

အာဏာရပါတီ NLD ၏ လှုပ်ရှားမှု

နိုင်ငံရေးပါတီများ၏ အွန်လိုင်းအခြေပြု မဲဆွယ်လှုပ်ရှားမှုများကို လေ့လာရာ၌ အာဏာရပါတီဖြစ်သော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် ဖြန့်ကျက်နိုင်မှု အများဆုံး ရရှိထားသည်ဟု ဆိုနိုင်ပါသည်။ NLD ပါတီနှင့်ဆက်စပ်ပြီး အွန်လိုင်းမဲဆွယ်စည်းရုံးရေး ပြုလုပ်နေသည့် Facebook page များစွာရှိသည့်အနက် လေးခု၏ အခြေအနေကို ကောက်နုတ်တင်ပြပါမည်။

ပထမတခုမှာ NLD ပါတီ၏ တရားဝင် Facebook page ဖြစ်သော National League for Democracy page ဖြစ်ပါသည်။ အဆိုပါ Page တွင် follower ၂ ဒသမ ၉ သန်းရှိနေပြီး၊ မြန်မာနိုင်ငံမှ Facebook သုံးစွဲသူ အရေအတွက်၏ ၁ဝ ရာခိုင်နှုန်းကျော်က follow ပြုလုပ်ထားပါသည်။ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော် ငြာများအတွက် အခကြေးငွေပေး၍ boost ပြုလုပ်ထားခြင်းလည်း မရှိပေ။ ထို page တွင် NLD ပါတီ၏ လှုပ်ရှား ဆောင်ရွက်မှုများနှင့် ပါတီခေါင်းဆောင်များ၏ အင်တာဗျူးများ၊ မိန့်ခွန်းများကို စဉ်ဆက်မပြတ် ဖော်ပြ လာခဲ့သည်။ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်ခွင့်ရသည့် စက်တင်ဘာလ ၈ ရက် မှ စတင်ပြီး မဲဆွယ်လှုပ်ရှားမှုနှင့် သက်ဆိုင်သော အကြောင်းအရာများကို ဦးစားပေးဖော်ပြလာသည်ကို တွေ့ရ ပါသည်။  စက်တင်ဘာ ၃ဝ ရက်က ဖော်ပြခဲ့သော အွန်လိုင်းစကားဝိုင်းအစီအစဉ်တွင် NLD  ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်၊ ကယား၊ ကရင်ပြည်နယ်တို့မှ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ ခေါင်း ဆောင်တို့ တွေ့ဆုံပြီး နယ်မြေအခြေအနေများ၊ အောင်နိုင်ရေးလှုပ်ရှားမှုများအကြောင်း ဆွေးနွေးခဲ့သော ဗီဒီယို ကို ကြည့်ရှုမှု (minutes viewed) ၃ဝဝ,ဝဝဝ ကျော်ရှိခဲ့သည်။

ထို့နောက် အောက်တိုဘာလ ၁ ရက်တွင် ချင်း၊ စစ်ကိုင်း၊ တနင်္သာရီတို့မှ အောင်နိုင်ရေး အဖွဲ့ခေါင်းဆောင်များ၊ အောက်တိုဘာလ ၄ ရက်တွင် ပဲခူး၊ မကွေး၊ မန္တလေးတို့မှ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်များ၊ အောက် တိုဘာလ ၁၁ ရက်တွင် ရှမ်း၊ ဧရာဝတီ၊ နေပြည်တော်တို့မှ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်များ အသီးသီးနှင့် အွန်လိုင်းစကားဝိုင်းများကို NLD page ၌ ဆက်လက်ဖော်ပြခဲ့သည်။ သို့သော် ထိုဗီဒီယိုများသည် ကြည့်ရှုမှု (minutes viewed) တသိန်း ကျော်သာ ရှိတော့သည်ကို တွေ့ရသည်။ ကျန် တိုင်းနှင့်ပြည်နယ်များမှ အောင်နိုင် ရေးအဖွဲ့များနှင့် အွန်လိုင်းစကားဝိုင်း အစီအစဉ်များကိုမူ အောက်တိုဘာ ၃၁ ရက်အထိ  ဆက်လက် ဖော်ပြခြင်း မရှိသေးပါ။

လက်ရှိအချိန်ထိ  ကြည့်ရှုသူ အများဆုံး အကြောင်းအရာမှာ ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး နာမည်ကြီး သရုပ် ဆောင်များစွာပါဝင်သည့် “ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်” မဲဆွယ်ဇာတ်ကားဖြစ်ပါသည်။ ယင်း ဇာတ်ကား အောက်တိုဘာလ ၁၈ ရက်တွင် ဖော်ပြခဲ့ပြီး ကြည့်ရှုမှု (minutes viewed) လေးသန်းကျော်ရှိပြီး မှတ်ချက်ရေးသားမှု ၃,ဝဝဝ နီးပါးရှိနေပါသည်။ မှတ်ချက်အများစုမှာ ထိုဇာတ်ကားကို ကြိုက်နှစ်သက် ကြောင်းနှင့် NLD ပါတီကို ထောက်ခံကြောင်း ရေးသားထားသော မှတ်ချက်များဖြစ်ပါသည်။ ၂ဝ၂ဝ ပြည့်နှစ် ရွေး ကောက်ပွဲအတွက် NLD ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းကို NLD page တွင် ကဏ္ဍအလိုက် နောက်ခံ အသံဖြင့် ဖတ်ကြားထားသော ဗီဒီယိုများကိုလည်း ဖော်ပြထားပါသည်။ ၎င်းတို့အနက် အလုပ်သမား ကဏ္ဍအား ဖတ်ကြားထားသော ဗီဒီယိုအား ကြည့်ရှုမှု (minutes viewed) ၂၂,ဝဝဝ ကျော်ရှိပြီး မှတ်ချက်ရေးသားမှု ၂ဝကျော်ခန့်သာ ရှိသည်ကိုတွေ့ရသည်။

ဒုတိယတခုမှာ Chair NLD page ဖြစ်ပါသည်။ NLD ပါတီတွင် တရားဝင် Facebook စာမျက်နှာ ရှိသည့်တိုင် ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်တွင် Chair NLD ဟူသော Facebook စာမျက်နှာသစ်တခုကို ထပ်ဖွင့်ခဲ့ပါသည်။ အဆိုပါ Page ကို “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဆိုင်ရာ လုပ်ငန်း ဆောင် ရွက်မှုများကို ပြည်သူလူထုသို့ အသိပေးရန်အတွက် ဖွင့်လှစ်ထားခြင်း ဖြစ်သည်” ဟု ပြောဆိုထားသည်။ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲဆွယ်ရန်ရည်ရွယ်ဖွင့်လှစ်သည်ဟု ယူဆရသော Chair NLD Facebook စာမျက်နှာတွင် follower ၁ ဒသမ ၁ သန်းရှိပါသည်။ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော် ငြာများအတွက် အခကြေးငွေပေး၍ boost ပြုလုပ်ထားခြင်းလည်း မရှိပါ။

Chair NLD Page ၌ ယနေ့အထိ ဖော်ပြခဲ့သော အကြောင်းအရာများအနက် နေပြည်တော် ကားချစ်သူများ အုပ်စု၏ NLD ကားစတစ်ကာကပ်ကမ်ပိန်း စီတန်း လှည့်လည်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ နေအိမ်ရှေ့လမ်းမှ ကြိုဆိုနှုတ်ဆက်သည်ကို ရိုက်ကူးထားသော ဗီဒီယိုအား ကြည့်ရှုမှု (minutes viewed)  ၁၃ ဒသမ ၁သန်းဖြင့် အများဆုံး ဖြစ်သည်။ အဆိုပါ စာမျက်နှာမှာပင် ရွေးကောက်ပွဲ အောင်နိုင်ရေးသီချင်းများ (campaign songs) ကဏ္ဍအတွက် တေးသီချင်း စုစုပေါင်း ၅၁ ပုဒ် တင်ထားပြီးဖြစ်ရာ နိုင်ငံကျော် အဆိုတော်များ ကိုယ်တိုင် ရေးသား သီဆိုသော အောင်နိုင်ရေး သီချင်းများ အပါအဝင် တိုင်းရင်းသား ဘာသာစကားများ (လီဆူး၊ ရခိုင်၊ ကယန်း၊ ကရင်၊ ချင်း၊ ရဝမ်၊ ပိုးကရင်၊ ကဒူး) ဖြင့် သီဆိုသော သီချင်းများလည်း ပါဝင်ခဲ့သည်။ NLD ခရီးရှည် (NLD Long Journey) ကဏ္ဍတွင် ပါတီ အဖွဲ့ဝင်များကိုဖိတ်၍ ၎င်းတို့၏ နိုင်ငံရေးဖြတ်သန်းမှုအကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆွေးနွေး ခြင်း အစီအစဉ်များဖြစ်ပြီး စုစုပေါင်း အပိုင်း – ၁ဝ အထိ ဖော်ပြပြီး ဖြစ်သည်။ ထိုအပိုင်းများထဲတွင် NLD ပါတီ၏ ဒုတိယဥက္ကဌ-၂ ဖြစ်ပြီး လက်ရှိ မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်သော ဒေါက်တာဇော်မြင့်မောင် ပါဝင်သည့် စကားဝိုင်းမှာ ကြည့်ရှုမှု (minutes viewed) တသန်းကျော်ဖြင့် အများဆုံး ဖြစ်သည်။ ထို့အပြင် အပြုသဘော မှတ်ချက်ပေးသူ အမြောက်အများရှိသည်ကိုလည်း တွေ့ရသည်။

တတိယတခုမှာ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ လွှတ်တော် ကိုယ်စား လှယ်လောင်းများ အကြောင်းကို “လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ခြင်း” အစီအစဉ်ဖြင့် D-Wave Page မှ ဖော်ပြလျှက်ရှိခြင်းဖြစ်သည်။ အောက်တိုဘာ ၃၁ ရက်အထိ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၆ ဦးနှင့်သာ တွေ့ဆုံမေးမြန်း ထားသည်ကို တွေ့ရပါသည်။ ထို pageတွင် NLD ပါတီ၏ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များအား ၎င်းတို့၏ နိုင်ငံရေးဖြတ်သန်းမှုများကို မေးမြန်းသော “လွှတ်တော်ကိုယ်စားလှယ် အ​တွေ့အကြုံဖလှယ်” အစီအစဉ်ကိုလည်း တင်ဆက်လျက်ရှိသည်။ အစီအစဉ်နှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင် “လွှတ်​တော်ကိုယ်စားလှယ် အ​တွေ့အကြုံဖလှယ်” အစီအစဉ်က ကြည့်ရှုမှုအရေအတွက် နှစ်ဆနီးပါး ပိုမို များပြား သည်ကို တွေ့ရပါသည်။

နောက်ဆုံးတခုအနေဖြင့် ၂ဝ၂ဝပြည့်နှစ် စက်တင်ဘာလ ၁၅ရက်၌ စတင်ဖွင့်လှစ်သော Facebook page တခု ဖြစ်သည့် “ခွပ်ဒေါင်းအောင်လံ ပြည်သူ့အသံ” ဖြစ်သည်။ အဆိုပါ page ကို NLD ပါတီက ဖွင့်လှစ်ထားခြင်း မဟုတ်ဘဲ မည်သူက ဖွင့်ထားသည်ကို တိတိကျကျ မသိရပေ။ သို့သော် Page ၏ အကြောင်းအရာကို ဖော်ပြ ရာ၌ “NLD အစိုးရလက်ထက် ဆောင်ရွက်နိုင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများ”ဟု ဖော်ပြခဲ့သည်။ အဆိုပါ page တွင် သရုပ်ဆောင် ဇဏ်ခီနှင့် ဒါရိုက်တာခရစ္စတီးနားခီတို့၏ (Kyi Couple production) က ရိုက်ကူး ထုတ်လုပ် သော မှတ်တမ်းဗီဒီယိုများကို ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။ NLD အစိုးရလက်ထက် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သော ပြုပြင်ပြောင်းလဲမှုများခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံရှိ မြို့များသို့ သွားရောက်ကာ ရိုက်ကူးသော မှတ် တမ်းဗီဒီယိုများကို ဖော်ပြလျက်ရှိသည်။ တိုင်းဒေသကြီးများထဲတွင် မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းမှ မြို့များပါဝင်ပြီး ပြည်နယ်များတွင်အနက် ရခိုင်ပြည်နယ်မှ လွဲ၍ ကျန် တိုင်းရင်းသားပြည်နယ် ခြောက်ခုစလုံး တွင် ရိုက်ကူးထားသော ဗီဒီယိုများကို  ထို page တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။

ခွပ်ဒေါင်းအောင်လံ ပြည်သူ့အသံ page တွင် follower ၈၁,ဝဝဝ ကျော် ရှိပြီး ဖော်ပြချက်များ ပြန့်နှံ့မှု အား ကောင်းစေရန်အတွက် အခကြေးငွေပေး၍ boost ပြုလုပ်ခြင်းများ ရှိခဲ့ပါသည်။ အောက်တိုဘာ ၃၁ ရက်အထိ သိရှိရသော စာရင်းများအရ အဆိုပါ page တွင် (ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအောက်တွင်) အမေရိကန်ဒေါ်လာ ၄,ဝဝဝ ကျော် သုံးစွဲထားပြီး၊ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ရက်သတ္တပတ် တပတ်အတွင်းမှာပင် အမေရိကန်ဒေါ်လာ ၂,၄ဝဝ ကျော် သုံးစွဲခဲ့ပါသည်။ ခွပ်ဒေါင်းအောင်လံ ပြည်သူ့အသံ page တွင် ဖော်ပြသည့် ဗီဒီယိုဖိုင်များကို သရုပ်ဆောင် ဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့၏  Facebook များတွင်လည်း ထပ်ဆင့်ဖော်ပြခဲ့သည်များ ရှိခဲ့ပါသည်။ သရုပ်ဆောင်ဇဏ်ခီ၏ Facebook  page တွင် ဖော်ပြရာတွင်လည်း အချို့သော ဗီဒီယိုဖိုင်များကို အခကြေးငွေပေး၍ boost ပြုလုပ်ခဲ့သည်။ သို့သော် အဆိုပါ Facebook page တွင် (အခြားသော Facebook page များတွင် လုပ်ဆောင်ရလေ့ရှိသော) ရွေး ကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် Page Transparency section ကို မတွေ့ရသည့် အတွက် အခကြေးငွေမည်မျှ သုံးစွဲထားသည်ကို မတွေ့ရပေ။

ထို့ကြောင့် NLD ပါတီ၏ အွန်လိုင်း မဲဆွယ်မှုများကို ခြုံငုံသုံးသပ်ပါက ၎င်းတို့ တာဝန်ယူခဲ့သည့် သက်တမ်း ငါးနှစ်တာကာလအတွင်း တိုးတက်လာမှုများကို ဝိုင်းဖွဲ့ဆွေးနွေးမှုများဖြင့် ဖော်ပြမှုများရှိသကဲ့သို့ သီချင်း၊ ရုပ်သံဇာတ်လမ်း၊ အငြိမ့် ဗီဒီယိုဖိုင်များ အစရှိသဖြင့် နည်းလမ်းမျိုးစုံကို  အသုံးပြုနေပါသည်။  ထိုနည်း လမ်းများထဲတွင် စကားဝိုင်း ဆွေးနွေးပွဲများထက် အနုပညာနှင့်ဆက်စပ်သော မဲဆွယ်ဗီဒီယိုများက လူကြိုက် ပိုများသည်ကို တွေ့ရပါသည်။ ထို့အပြင် ပါတီသာမက ပါတီထောက်ခံသူများက အွန်လိုင်းအခြေပြု မဲဆွယ် စည်းရုံးကြရာတွင် ပါတီဥက္ကဌ‌ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို အဓိကအားပြုပြီး အနုပညာရှင်များ၏ ပေါင်း စပ်မှုဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန် ပြုလုပ်ကြခြင်းဖြစ်သည်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအတွက် NLD ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းအား ကဏ္ဍအလိုက် နောက်ခံအသံဖြင့် ဖတ်ကြားထားသော ဗီဒီယိုများသာ တွေ့ရပြီး ၎င်းနှင့်ပတ်သက်သော အကြောင်း အရာ များ အား (ဥပမာ- ကြေညာစာတမ်းပါ လုပ်ငန်းစဥ်များ၊ ရည်မှန်းချက်များ) အကျယ်တဝင့် သီးသန့် ဆွေးနွေး ထား သည့် ဆွေးနွေးပွဲမျိုး လုံးဝမတွေ့ရပေ။ ထို့အပြင် မျက်နှာသစ် ကိုယ်စားလှယ်လောင်းများအား မိတ်ဆက် ပေးခြင်းမျိုးလည်း နည်းပါးသည့်အတွက်  ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတိုင်း “လူကို မကြည့်နဲ့၊ ပါတီကိုပဲ ကြည့်ပါ” ဆိုသည့် ပုံသဏ္ဍာန်မှာ  ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းသာ ဆက်ရှိနေသည့် သဘောဖြစ်ပါသည်။ ထိရောက်မှုအား သုံးသပ်ရလျှင် NLD ပါတီတွင် အဖွဲ့အစည်းအနေဖြင့်လည်းကောင်း၊ ဝန်းရံသူများ အနေဖြင့် လည်းကောင်း အွန်လိုင်းအခြေပြု မဲဆွယ် လှုပ်ရှားမှု အမြောက်အများ ရှိနေသော်လည်း အဆိုပါ မဲဆွယ် နည်း လမ်းများမှတဆင့်  ပြည်သူလူထုထံ ပေးသော သတင်းစကားမှာ ပါတီ၏ မူဝါဒလမ်းစဥ်များ၊ လုပ်ငန်းစဥ်များ၊ ကတိကဝတ်များကို နားလည်သိရှိစေရန် လုပ်ဆောင်သည်ထက် ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ကျော်ကြားသူများ၏ ပုံရိပ်ကိုသာ အားပြုထားလျက်ရှိသည်ကို တွေ့ရသည်။

USDP ၏ လှုပ်ရှားမှု

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် တရားဝင် စာမျက်နှာအနေဖြင့် Union Solidarity and Development Party ဟူသော Facebook page တွင် ၎င်းတို့၏ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အကြောင်းအရာမျိုးစုံကို နည်းလမ်းမျိုးစုံ နှင့်ဖော်ပြလျက် ရှိပါသည်။ အဆိုပါ Page ကို follow လုပ်ထားသူ အရေအတွက်မှာ ၄၄ဝ,ဝဝဝ ကျော်ရှိပြီး Facebook သုံးစွဲသူ အရေအတွက်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိပါသည်။ ပြန့်နှံ့ရောက်ရှိမှု အားကောင်းစေရန် ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများ အတွက် boost ပြုလုပ်သော်လည်း အောက်တိုဘာ ၃၁ ရက်အထိစာရင်းအရ အမေရိကန်ဒေါ်လာ ၁ဝဝ  အောက်တွင်သာ သုံးစွဲထားသည်ကို တွေ့ရသည်။ USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည်လည်း ကိုယ်ပိုင် Facebook စာမျက်နှာရှိပြီး follow ပြုလုပ်ထားသူ အရေအတွက်မှာ ၂၀၀,၀၀၀ ကျော် ရှိပါသည်။ ဦးသန်းဌေး၏ page တွင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက်  အမေရိကန်ဒေါ်လာ ၁ဝဝ အောက် တွင် သာ သုံးစွဲထားသည်။

USDP page နှင့် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးတို့၏ page များတွင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများ အတွက် အခကြေးငွေသုံးစွဲမှု နည်းခဲ့သော်လည်း အခြား Facebook page တခုဖြစ်သည့် USDP Women Committee page တွင်မူ ငွေကြေးအမြောက်သုံးစွဲထားသည်ကို တွေ့ရှိရသည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာက ဖွင့်လှစ်ထားသည့် USDP Women Committee page တွင် follower ၁၁၄,၀၀၀ ကျော်ရှိပါသည်။ အဆိုပါ page တွင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် အမေရိကန်ဒေါ်လာ ၁၁,၄၀၀ ကျော် သုံးစွဲထား ပြီး အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ရက်သတ္တပတ် တပတ်တည်းမှာပင် အမေရိကန်ဒေါ်လာ ၁,၆၈၃ ဒေါ်လာ သုံးစွဲခဲ့သည်ကို တွေ့ရှိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်အတွင်း အဆိုပါ page တွင် ရွေးကောက်ပွဲဆိုင်ရာ နေ့စဉ်သတင်းလွှာ များကို သတင်းတင်ဆက်မှုပုံစံဖြင့် ဖော်ပြခြင်းများ ရှိခဲ့ပြီး အဆိုပါ ဗီဒီ ယိုဖိုင်များ ပြန့်နှံ့မှုအားကောင်းစေရန်အတွက် တခုလျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂၀၀ အထက် သုံးစွဲခဲ့ခြင်း များ ရှိခဲ့ပါသည်။ အဆိုပါ ဗီဒီယိုဖိုင်များအပေါ် ကြည့်ရှုမှု (minutes viewed) မှာလည်း ပျှမ်းမျှအားဖြင့် တခု လျှင် ၃၀၀,၀၀၀ အထက်တွင်ရှိခဲ့သည်။ ထူးခြားမှုတခုအနေဖြင့် “မျှော်လင့်ခြင်းတို့ရဲ့ မနက်ဖြန်” အမည်ရှိ ရုပ် သံဇာတ်လမ်းတခုကို အပိုင်းလိုက်ခွဲ၍ လွှင့်တင်ခဲ့ခြင်းဖြစ်ကာ အဆိုပါရုပ်သံဇာတ်လမ်း ပထမပိုင်းအား boost ပြုလုပ်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၄၀၀ အထက် သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။ ကြည့်ရှုမှု (minutes viewed) အနေဖြင့် ၃၃၀,၀၀၀ ရှိခဲ့သည်။ ထို့အတူ “ပြည်ခိုင်ဖြိုးပါတီကို ဘယ်လိုမဲပေးရမလဲဆိုတာ ရှင်းပြထားတဲ့ ခြင်္သေ့ပျိုမေလေး” အမည်ရှိ  ဗီဒီယိုဖိုင်တခုကို အောက်တိုဘာ ၂၁ ရက်က လွှင့်တင်ခဲ့ပြီး ကြည့်ရှုမှု (minutes viewed) ၉၃၀,၀၀၀ ကျော်ရှိ ခဲ့သည်။ အဆိုပါ ဗီဒီယိုအတွက် အခကြေးငွေသုံးစွဲခြင်းမရှိခဲ့ပေ။ ယင်းအပြင် အောက်တိုဘာ ၂၁ ရက်မှာပင် “နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများ ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကို မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ကြပါ စေ” အမည်ရှိ ဗီဒီယိုဖိုင်ကို လွှင့်တင်ခဲ့ပြီး အဆိုပါ ဗီဒီယိုဖိုင်အား boost ပြုလုပ်ခြင်းအတွက် အမေရိကန်ဒေါ် လာ  ၃၀၀ နှင့် ၃၉၉ အကြား သုံးစွဲခဲ့သည်ကို တွေ့ရှိရပါသည်။ ကြည့်ရှုမှု (minutes viewed) မှာ ၂၆၅,၀၀၀ ရှိ ခဲ့သည်။ USDP Women Committee page နည်းတူ USDP Farmers Committee ဟူသော page တခုလည်း ရှိနေပြီး ထို page တွင်မူ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် အမေရိကန်ဒေါ်လာ ၃၄၄ ဒေါ်လာ သုံးစွဲထားပါသည်။ [5]

USDP Women Committee page ကို အသုံးပြု၍ အွန်လိုင်းမဲဆွယ်မှုများကို ငွေကြေးအမြောက်အများ သုံးစွဲ၍ ပြုလုပ်နေချိန်တွင် USDP page ၏ အခြေအနေမှာ သာမန်အနေအထား ပုံစံသာဖြစ်နေသည်။ USDP page တွင် ထူးခြားချက်တခုအနေဖြင့် USDP  ပါတီဒုတိယဥက္ကဌ ဦးခင်ရီ နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ပထမအကြိမ် မဲပေးခွင့်ရှိသူ လူငယ်များ  (First Time Voters) စကားဝိုင်းကို အပိုင်း သုံးပိုင်းခွဲပြီး တရက်စီ ဖော်ပြခဲ့ခြင်းဖြစ်သည်။ အပိုင်း ၁ နှင့် ၂ သည် ကြည့်ရှုမှု (minutes viewed) ပျှမ်းမျှ အားဖြင့် ၂၅,ဝဝဝ ကျော်ရှိပြီး အပိုင်း ၃ သည် ၁၅,ဝဝဝ ကျော် ရှိပါသည်။ အပိုင်းသုံးခုလုံးအောက်တွင် ကြမ်းတမ်းစွာဆဲဆိုထားသော မှတ်ချက်များ အပါအဝင် အပြုသဘောမဆောင်သည့် မှတ်ချက်အများစုကိုသာ  တွေ့ရသည်။

USDP ပါတီ၏ အွန်လိုင်းမဲဆွယ်မှု ချဲ့ထွင်ခြင်းများအနက် နောက်ထပ် ထူးခြားချက်တခုမှာ မဲဆွယ်ကာလ မတိုင်မီကပင် Facebook မဟုတ်ဘဲ ရုပ်ရှင်ဝါသနာရှင်အများစု ဝင်ရောက်ကြည့်ရှုလေ့ရှိပြီး လူသိများသော website ဖြစ်သည့် Channel Myanmar website၌ ကြော်ငြာထည့်သွင်းထားခြင်း ဖြစ်သည်။ ထို့အပြင် “ပိုမိုတောက်ပသောအနာဂတ်”ဟူသည့် ဗီဒီယို အတိုအား Channel Myanmar ဝက်ဘ်ဆိုက်၌ ယခုအထိ ကြော်ငြာထားသည်ကိုလည်း တွေ့ရသည်။ အွန်လိုင်းအခြေပြုမဲဆွယ်လှုပ်ရှားမှုနှင့် ပတ်သက်၍ USDP ပါတီတွင် အခြားနည်းလမ်းများစွာ ရှိဦးမည်ဖြစ် သော်လည်း ယခုဆောင်းပါးတွင် ပါတီ၊ ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီနှစ်ခု၏ Facebook page များကိုသာ လေ့လာထားပါသည်။

ပြည်သူ့ပါတီ၏ လှုပ်ရှားမှု

အွန်လိုင်း စကားဝိုင်းအစီအစဉ်များကို ပြုလုပ်နေသော နိုင်ငံရေးပါတီများ၏ Facebook page များအနက် ပြည်သူ့ပါတီ page လည်း ပါဝင်ပါသည်။ ပြည်သူ့ပါတီ page သည် follower ၃ဝ,ဝဝဝ ကျော်ရှိပြီး ၂ဝ၁၈ အောက်တိုဘာကတည်းက ဖွင့်လှစ်ထားသည်။ ပြည်သူ့ပါတီ page တွင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် အခကြေးငွေပေး သုံးစွဲထားခြင်း ရှိသော်လည်း အောက်တိုဘာ ၃၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁ဝဝ အောက်တွင်သာ ရှိကြောင်းတွေ့ရသည်။ ထိုpage တွင် ပြည်သူ့ပါတီ၏ ၂ဝ၂ဝ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များနှင့် အောင်နိုင်ရေး လှုပ်ရှားမှုများ ပြုလုပ်နေသည်ကို တွေ့ရပါသည်။

အွန်လိုင်း စကားဝိုင်း အစီအစဉ်များအနေဖြင့် “ပြည်သူကြားကပြည်သူ့ပါတီ” live discussionကို အပိုင်းသုံးပိုင်း ထုတ်လွှင့်ခဲ့သည်။ ထိုအစီအစဉ်သည် ကြည့်ရှုသူအရေအတွက် ပျှမ်းမျှအားဖြင့် ကြည့်ရှုမှု (minutes viewed) ၁ဝ,ဝဝဝ ကျော်ရှိပြီး ပြည်သူ့ပါတီ page မှ ဖော်ပြလျှက်ရှိသော တခြားအစီအစဉ်များထက် သိသိသာသာ ကြည့်ရှုသူ နည်းသည်ကို တွေ့ရပါသည်။ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး တင်ဆက်သော “မင်္ဂလာပါ တောင်ဥက္ကလာ” live အစီအစဉ်သည် ကြည့်ရှုမှု (minutes viewed) ၄ဝ,ဝဝဝ ကျော်ရှိပြီး အပြုသဘော မှတ်ချက်များ အများဆုံးရသော အစီအစဉ်တခုဖြစ်ပါသည်။ ပါတီဥက္ကဌ၏ နိုင်ငံရေးလေ့လာသုံးသပ်မှု ဗီဒီယို နှစ်ခုအား ခုနစ်ရက်ခြား၍ ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။ ပထမအကြိမ်၌မူ ကြည့်ရှုမှု (minutes viewed) ၂ဝဝ,ဝဝဝ ကျော်ရှိကာ တုံ့ပြန်မှုများအနက် အများစုမှာ အပြုသဘောဆောင်ခဲ့ခြင်း မရှိပေ။ သို့ရာတွင်  ဒုတိယအကြိမ်၌မူ ကြည့်ရှုမှု  (minutes viewed)  ၇၈,ဝဝဝ ကျော်အထိ ကျဆင်းသွားသော်လည်း မှတ် ချက်များ ပိုမိုကောင်းမွန်လာခဲ့သည်ကို တွေ့ရသည်။ ပြည်သူ့ပါတီ၏ မဲဆွယ်ကာလအတွင်း Facebook page ၌ ပို့စ်တင်မှုသည် ရန်ကုန်အခြေစိုက်ပါတီများအနက် လူ့ဘောင်သစ်ဒီမိုကရေစီပါတီ ပြီးနောက် ဒုတိယ အနည်း ဆုံးဖြစ်ပြီး အပြန်အလှန်ထိတွေ့ဆက်ဆံမှု (interactions) လည်း နှိုင်းယှဥ်ချက်အရ များစွာ နည်းပါးပါသည်။ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးတွင်လည်း ကိုယ်ပိုင် Facebook account တခုနှင့် Page တခု ရှိနေပါသည်။ Ko Ko Gyi အမည်ရှိ Facebook account တွင် follower အရေအတွက် ၁၅ဝ,ဝဝဝ ကျော်ရှိပါသည်။ ပါတီ Facebook စာမျက်နှာထက်ပင် follower ပိုမို ရရှိထားခြင်းဖြစ်သည်။ Page မှာမူ Ko Ko Gyi (The 88 Generation Students) အမည်ဖြင့် ဖွင့်ထားခြင်း ဖြစ်သည်။ အဆိုပါ page တွင် follower ၅ဝ,၃၂ဝ ကျော်ရှိပြီး ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် အခကြေးငွေပေး သုံးစွဲထားခြင်း မရှိပေ။

ပြည်သူ့ပါတီ၏ ထူးခြားချက်တခုမှာ ဝင်ရောက်ယှဥ်ပြိုင်သည့် မဲဆန္ဒနယ်နည်းပါးသည့်တိုင် ပါတီ၏ ကိုယ်စား လှယ်လောင်း အသီးသီး၏ သီးခြားလှုပ်ရှားဆောင်ရွက်မှုများမှာ အားကောင်းသည်ဟု ပြောနိုင်သည်။ ထို့ ကြောင့် ထိရောက်မှု အတိုင်းအတာသည် သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် သက်ရောက်မှု ရှိနိုင်ပါသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ လှုပ်ရှားမှု

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာဖြစ်သော Democratic Party for a New Society (DPNS)သည် follower ၃၇,ဝဝဝ ကျော်ရှိပြီး ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် မဲဆွယ် လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဖော်ပြလျက်ရှိပါသည်။ Page တွင် ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော် ငြာများအတွက် အခကြေးငွေပေး သုံးစွဲထားခြင်း ရှိပြီး အောက်တိုဘာ ၃၁ ရက်အထိ အမေရိကန်ဒေါ်လာ ၁၇၇ ဒေါ်လာ သုံးစွဲထားသည်ကို တွေ့ရသည်။

DPNS page တွင် ပုံမှန်ဖော်ပြလေ့ရှိသော အကြောင်းအရာအများစုကို reaction ပေးသူအရေအတွက်၊ ကြည့်ရှု သူအရေအတွက်မှာ ပျမ်းမျှအားဖြင့် ၁ဝဝ ပတ်လည်သာ ရှိသော်လည်း ၎င်းတို့၏ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပိုစတာများ ဖော်ပြရာတွင် reaction ၁ဝဝဝ ကျော်လေ့ရှိသည်ကို တွေ့ရပါသည်။ ဆိုလိုသည်မှာ ၎င်းပါတီသည် ရန်ကုန်အခြေစိုက် အခြားသော ပါတီများထက် ယှဥ်ပြိုင်သော ကိုယ်စားလှယ်လောင်း အရေ အတွက်နည်းပါးပြီး follower အရေအတွက် နည်းပါးသော်လည်း ကိုယ်စားလှယ်လောင်း မိတ်ဆက် ပိုစတာ များအပေါ် အပြန်အလှန်ထိတွေ့ဆက်ဆံမှုသည် ဆိုရှယ်မီဒီယာ၌ ပုံမှန်ကာလများထက် အဆများစွာ တိုး တက်မှု ရှိလာခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် တီထွင်ဖန်တီးမှုနှင့် ဆန်းသစ်သောအမြင်ရှိသည့် မိတ်ဆက် ပိုစတာများ၏ အခန်းကဏ္ဍ အရေးကြီးသည်ကို အထင်အရှား တွေ့ရပါသည်။ အခြားတဖက်တွင်လည်း DPNS ပါတီမှ ကိုယ်စားလှယ်လောင်းတဦးချင်းစီ၏ မြေပြင်နှင့်အွန်လိုင်း ပေါင်းစပ်လှုပ်ရှားမဲဆွယ်မှုများက ရွေး ကောက်ပွဲရက် နီးလာသည်နှင့်အမျှ ပိုမိုအားကောင်းလာပြီး၊ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ပြန့်နှံ့မှု အား ကောင်းလာသည်ကို တွေ့ရှိရပါသည်။

SNLD ပါတီ၏ လှုပ်ရှားမှု

တိုင်းရင်းသား နိုင်ငံရေးပါတီများအနက် အစဉ်အလာကြီးမားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (SNLD)၏ လှုပ်ရှားဆောင်ရွက်မှုများမှာလည်း စိတ်ဝင်စားစရာ ဖြစ်ပါသည်။ အထူးသဖြင့် လူငယ် ကိုယ်စားလှယ်လောင်းနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်း အများအပြားကို ပွဲထုတ်ထားသည့် SNLD ပါတီ သည် အွန်လိုင်းအခြေပြု မဲဆွယ်လှုပ်ရှားမှုများတွင်လည်း အဆိုပါလူငယ်များကိုပင် အားပြုခဲ့ပါသည်။

SNLD ပါတီသည် ၎င်းတို့၏ တရားဝင် Facebook စာမျက်နှာကို ၂ဝ၁၂ ခုနှစ်တွင် စတင် ဖွင့်လှစ်ထားခြင်း ဖြစ် သော်လည်း ယခုနှစ် ရွေးကောက်ပွဲမှသာ Facebook ကို တွင်ကျယ်စွာ အသုံးပြုလာခြင်း ဖြစ်သည်။ follower အနေဖြင့် ၉၁,ဝဝဝ ကျော် ရှိသည်။ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် အခကြေးငွေပေး သုံးစွဲခဲ့ခြင်း မရှိပေ။

SNLD ၏ Facebook page ဖြစ်သော Shan Nationalities League for Democracy မှ ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အကြောင်းအရာ အစီအစဉ်များကို ဖော်ပြလျက်ရှိပြီး ကိုယ်စားလှယ်လောင်းများ မိတ်ဆက် ဗီဒီယို ၄၇ ခု တင်ဆက်ထားသည်ကို တွေ့ရသည်။ ထိုဗီဒီယို များထဲတွင် အမျိုးသမီး လွှတ်တော် ကိုယ်စား လှယ်များ အကြောင်းသည် အများစုဖြစ်ပြီး ရှမ်းဘာသာစကားနှင့် ပြောကြားထားခြင်းများ ဖြစ်ပါသည်။ ထို့အပြင် SNLD Facebook page တွင် ၎င်းတို့၏ အောင်နိုင်ရေး သီချင်းများကို လွှင့်တင်ထားပြီး ကြည့်ရှုမှု (minutes viewed) ၂ဝဝ,ဝဝဝ ကျော်အထိရှိပြီး အပြန်အလှန် ထိတွေ့ဆက်ဆံမှု (interaction) အများဆုံး ရရှိ သည့် ဗီဒီယိုများဖြစ်သည်။ အွန်လိုင်းမဲဆွယ်မှုနှင့် ပက်သက်၍ SNLD ပါတီသည် သက်ဆိုင်ရာ နယ်မြေ ဒေသတွင် အားကောင်းသော ပါတီဖြစ်သည့်အလျောက် ဒေသခံများ၏ မှတ်ချက်ပြု တုံ့ပြန်ချက်များသည် လည်း ကောင်းမွန်ကြသည်ကို တွေ့ရှိရပါသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၏ လှုပ်ရှားမှု

၂ဝ၂ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ၉၁ ပါတီအနက် မဲဆန္ဒနယ် တတိယ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) သည်လည်း အွန်လိုင်းမဲဆွယ်လှုပ်ရှား မှုများကို အားစိုက်လုပ်ဆောင်နေသော ပါတီတခုဖြစ်ပါသည်။ Facebook ၊ Twitter စသော လူမှုကွန်ရက်များ သာမက Youtube ၊ VK ၊ Instagram ၊ LinkedIn ၊ Blog ၊ Telegram ၊ Mix ၊ Pinterest ၊ Reddit ၊ Tumblr စသော အွန်လိုင်း ပလက်ဖောင်းများတွင်လည်း ၎င်းတို့၏ မဲဆွယ်အကြောင်းအရာများကို ရေးသားဖော်ပြ နေသည်ကို စိတ်ဝင်စားဖွယ်တွေ့ရှိရပါသည်။ UBP ပါတီ၏ Facebook page သည် follower ၁၅ဝ,ဝဝဝ ကျော်သာရှိသော်လည်း ပါတီဥက္ကဌဖြစ်သူ သူရဦးရွှေမန်း၏ ကိုယ်ပိုင် page တစ်ခု ဖြစ်သော Thura U Shwe Mann page မှာမူ follower ၅၉ဝ,ဝဝဝ ​ကျော်ရှိနေပါသည်။

၂ဝ၂ဝ ရွေးကောက်ပွဲတွင် ၎င်းကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု ကြေညာထားသော သူရဦးရွှေမန်း သည် ၎င်း၏ ကိုယ်ပိုင် Facebook page တွင် UBP ပါတီ၏ မဲဆွယ်စည်းရုံးရေး အကြောင်းအရာများ နှင့် ၎င်း၏ အတွေးအမြင်၊ မိန့်ခွန်း စသည်တို့ကို စဉ်ဆက်မပြတ်ဖော်ပြလေ့ရှိရာ Thura U Shwe Mann page ကို အောက်တိုဘာ ၃၁ အထိ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် အမေရိကန်ဒေါ်လာ ၂၇၉ ဒေါ်လာ သုံးထားသည်ကိုတွေ့ရပါသည်။

ပါတီ၏ တရားဝင် Facebook page ဖြစ်သော Union Betterment Party page တွင် အဓိကအားဖြင့် မဲဆွယ် သီချင်းများ၊ မဲဆွယ် ဇာတ်လမ်းဗီဒီယိုများ၊ ကိုယ်စားလှယ်လောင်း မိတ်ဆက် ဗီဒီယိုများအပြင် “သူရ ဦးရွှေမန်း အပေါ် ပြည်သူများ၏ အမြင်သဘောထားများ” ဟူ၍ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် အထိ နေပြည်တော် ဇေယျာသီရိမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သော သူရဦးရွှေမန်းကို သူ့၏ မဲဆန္ဒရှင်များက မည်သို့ သဘောထားရှိသည်ကို ရိုက်ကူးတင်ဆက်ထားသော ဗီဒီယိုများကိုလည်း ဖော်ပြ ထားပါသည်။ ထို page ကို အောက်တိုဘာ ၃၁ ရက်အထိ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာ များအတွက် အမေရိကန် ဒေါ်လာ ၄,၅ဝဝ ကျော်သုံးစွဲထားပြီး ပို့စ်အားလုံးနီးပါးကို အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ဝဝ အောက်မှ အများဆုံး အမေရိကန်ဒေါ်လာ ၃ဝဝ အောက်အထိ boost လုပ်ထားသော်လည်း သူရဦးရွှေမန်း၏ page လောက် အပြန်အလှန်ထိတွေ့ဆက်ဆံမှု (interactions) အားမကောင်းသည်ကို တွေ့ ရပါသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ၏ လှုပ်ရှားမှု

ပြည်သူ့ရှေ့ဆောင်ပါတီ၏ တရားဝင် Facebook page ဖြစ်သော PPP – People’s Pionner Party သည် follower ၃၂,ဝဝဝ ကျော် ရှိပြီး အွန်လိုင်းမဲဆွယ်မှုလုပ်ငန်းများအနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မူဝါဒကြေညာချက်ဆိုသော လည်းကောင်း၊  ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဥ် ငါးရပ်ဟူသော ခေါင်းစဥ်ဖြင့် နှစ်ရက်ခြား ကျင်းပသော စကားဝိုင်းများ ပြုလုပ်သည်ကို တွေ့ရသည်။ ပါတီ၏ Facebook page တွင် အောက်တိုဘာ ၃၁ ရက်အထိ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် အမေရိကန်ဒေါ်လာ ၁,၈၇၇ သုံးစွဲထားပါသည်။ ပါတီ၏ စာမျက်နှာတွင် မြေပြင်၌ ပြုလုပ်သော အင်အား ပြလှည့်လည်မှုများနှင့် မဲဆွယ်မှုလုပ်ငန်းများ၊ ပိုးသတ်ဆေးဖြန်းခြင်း၊ အလှုအတန်းလုပ်ရပ်များကို အများအပြား ဖော်ပြသည်ကိုတွေ့ရသည်။

ထို့အပြင် ပါတီဥက္ကဌဖြစ်သူ ဒေါ်သက်သက်ခိုင်၏ Facebook page ဖြစ်သော Thet Thet Khine သည် follower ၅၁၈,ဝဝဝ ကျော် ရှိပြီး ပါတီ၏ စာမျက်နှာထက် အဆများစွာ များပြားသည်ဖြစ်သည်။ ထူးခြားချက် တခုမှာ Myanmar Tech Accountability Network၏ လေ့လာချက်များအရ အပြန်အလှန်ထိတွေ့ ဆက်ဆံမှု (Interactions) အများဆုံး နိုင်ငံရေးပါတီ page များအနက် မဲဆွယ်ကာလစတင်ချိန်မှ ယခု စာရေးသားချိန် အောက်တိုဘာလ ၃၁ ရက် အထိဆိုလျှင် ‌ဒေါ်သက်သက်ခိုင်၏ ကိုယ်ပိုင်စာမျက်နှာသည် Chair NLD ပြီးနောက် ဒုတိယအများဆုံးဖြစ်သည်။[6]  အဆိုပါ page သည် အောက်တိုဘာ ၃၁ ရက်အထိ ရွေးကောက်ပွဲနှင့် နိုင်ငံရေး ဆိုင်ရာ ကြော်ငြာများအတွက် အမေရိကန်ဒေါ်လာ ၂,၂၇၄ သုံးထားသည်ကို တွေ့ရှိရပါသည်။

တဦးချင်းလှုပ်ရှားမှုများ

နိုင်ငံရေးပါတီများအနေဖြင့် မဟုတ်ဘဲ ကိုယ်စားလှယ်လောင်း တဦးချင်းအနေဖြင့် ဆောင်ရွက်လျက်ရှိသော လှုပ်ရှားမှုများလည်း ရှိပါသည်။ ထိုသို့ တဦးချင်းလှုပ်ရှားသည့် ကိုယ်စားလှယ်လောင်းများစွာအနက် ထင် ရှား သည့် လူငယ်ကိုယ်စားလှယ်နှစ်ဦးကို ဆန်းစစ် ဖော်ပြလိုပါသည်။

ပထမတဦးမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ကိုမော်ထွန်းအောင်ဖြစ်သည်။ ကိုမော်ထွန်းအောင်တွင် Facebook page တခုရှိပြီး follower ၁၅,ဝဝဝ ကျော် ရှိပါသည်။ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် အခကြေးငွေသုံးစွဲထားခြင်း မရှိပါ။ ကိုမော်ထွန်းအောင်သည် မဲဆွယ်ကာလအတွင်း Facebook မှတဆင့် မဲဆန္ဒရှင်များသို့ ရှင်းပြထားသည့် ဗီဒီယို နှစ်ခုကို စက်တင်ဘာလတွင် ဦးစွာတင်ဆက်ခဲ့ပြီး စကားဝိုင်း ဆွေးနွေးပွဲငါးခုကိုမူ စက်တင်ဘာနှင့် အောက်တို ဘာလများ၌ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။  ထို့အပြင် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေဖြင့် အင်တာနက်ရောက်ရှိမှု အားနည်းသော ‌ဒေသ၌ ပြိုင်ဆိုင်ရခြင်းဖြစ်သဖြင့် tele message ဆိုသော နည်းလမ်း ဖြင့် မဲဆန္ဒရှင်များထံ ရှင်းပြဆွေးနွေးသော အစီအစဥ်တရပ် လုပ်ဆောင်ခဲ့ခြင်း ကိုလည်းတွေ့ရသည်။ သို့သော် အဆိုပါအစီအစဥ်၏ ဆောင်ရွက်နေမှု၊ အကျိုးသက်ရောက်မှုများကို ထပ်မံ ရှင်းလင်း ဖော်ပြခြင်းမျိုးအား မတွေ့ရှိရသေးပေ။ မဲဆန္ဒရှင် ပြည်သူများ၏ စိတ်ဝင်စားမှုကို ကြည့်ပါကလည်း အစောပိုင်း၌ တင်ဆက်ခဲ့သော မိတ်ဆက်ဗီဒီယိုများထက် စကားဝိုင်း ဆွေးနွေးပွဲများအပေါ် စိတ်ဝင်စားမှု ပိုများသည်ကို တွေ့ရသည်။ စက်တင်ဘာ နောက်ဆုံးပတ်၌ ပြုလုပ်ခဲ့သော လူငယ်များအတွက် ပညာရေးနှင့် အခွင့်အလမ်းများဆိုင်ရာ စကားဝိုင်းသည် ကြည့်ရှုမှု (minutes viewed)  ၂ဝ,ဝဝဝ ကျော်ဖြင့် အများဆုံးဖြစ်ခဲ့သည်။ ထို့အပြင် ဆွေးနွေး မေးမြန်းသူ၊ မျှဝေသူများလည်း အများဆုံးဖြစ်ခဲ့သည်။ သို့သော် အဆိုပါရက်သတ္တပတ်အတွင်း နောက်ထပ်ကျင်းပခဲ့သော စကားဝိုင်းများ၌ ကြည့်ရှုသူ ပြန်လည် ကျဆင်းခဲ့သည်ကို တွေ့ရပြီး အောက်တို ဘာလဆန်း၌ ပြုလုပ်သော စကားဝိုင်းတွင် ကြည့်ရှုသူ ပြန်လည် တိုးတက်လာခဲ့သည်ကို တွေ့ရသည်။ ခြုံငုံရလျှင် ၎င်းကိုယ်စားလှယ်၏ အွန်လိုင်းမဲဆွယ် စည်းရုံးမှု နည်းလမ်းများသည် ကာလကြာသည်နှင့်အမျှ ကြည့်ရှုသူ များပြားလာပြီး မှတ်ချက်များ (comments) သည်လည်း ပို၍ အပြုသဘောဆောင် လာကြသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ဖြစ်ရခြင်း၏ အကြောင်းမှာ ဆွေးနွေးပွဲ အကြောင်းအရာများသည် လူငယ်နှင့် မူးယစ် ဆေး၊ ပညာရေး၊ နည်းပညာ အစရှိသော အရေးကြီးသည့် ကိစ္စရပ်များဖြစ်နေပြီး ထင်ရှားသည့် ကျွမ်းကျင် သူများနှင့် ဆွေးနွေးခဲ့ခြင်းကလည်း အကြောင်းတရပ်ဖြစ်သည်။

နောက်ထပ်တစ်ဦးမှာမူ ပြည်သူ့ပါတီ၏ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုနေယံဦး ဖြစ်သည်။ ကိုနေယံဦးတွင်လည်း Facebook page တခုရှိပြီး follower ၂၂,ဝဝဝ ကျော် ရှိပါသည်။ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအတွက် အမေရိကန်ဒေါ်လာ ၄၁ဝ သုံးစွဲထားသည်ကို တွေ့ရှိ ရသည်။ ၎င်းသည် အွန်လိုင်းကမ်ပိန်းအတွက် ပြင်ဆင်မှုများစွာရှိခဲ့သူ တဦးဖြစ်သည်။ မဲဆွယ်ကာလ၏ ပထမ ဆုံးနေ့မှာပင် ၎င်း၏ Facebook page မှ တိုက်ရိုက်ထုတ်လွှင့်ကာ (Digital Campaign) မဲဆွယ် လှုပ်ရှားမှု အစီအစဥ်များကို ထုတ်ဖော်ခဲ့သည်။ မဲဆွယ်ကာလအတွင်း၌ Trends in Myanmar ဟူသော ခေါင်းစဥ်ဖြင့် လည်းကောင်း၊ ကမာရွတ် Digital Town Hall ဟူသော ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဟယ်လို… အမတ်လောင်းများခင်ဗျာ ဟူသော ခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးမေးမြန်းမှုကို အများအပြား ပြုလုပ် ခဲ့ရာ နှစ်လအတွင်း (အောက်တိုဘာလ ၃ဝရက်အထိ) ၂၂ ကြိမ် ရှိပြီဖြစ်ပါသည်။ အဆိုပါ ၂၂ ကြိမ်အနက် နောက်ဆုံးပြုလုပ်ထားသော ပြည်ပနိုင်ငံရေးအင်အားစုများ၏ ပြည်တွင်းနိုင်ငံရေးအပေါ်အမြင် ဆိုသော ဆွေးနွေးပွဲသည် စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ပြီး ကြည့်ရှုမှု (minutes viewed) ၂၉,ဝဝဝ ကျော်၊ ၃ဝ,ဝဝဝ နီးပါး အထိ ရှိခဲ့သည်။ မေးခွန်းအများဆုံး မေးမြန်းခံရသလို မျှဝေသူလည်း နှစ်လအတွင်း အများဆုံးဖြစ်ခဲ့သည်။ တနင်္ဂနွေနေ့တိုင်း မဲဆန္ဒရှင်များက ဖုန်းဆက်မေးမြန်းမှုများကို ဖြေကြားပေးသော အစီအစဥ်ကို ကမာရွတ် မြို့နယ်၌ ယှဥ်ပြိုင်သော ပါတီတွင်းမှ အခြားကိုယ်စားလှယ်များနှင့်လည်း ပူးပေါင်းကျင်းပလေ့ရှိသည်။ ထူးခြားချက်မှာ အပတ်စဥ် အဆိုပါဆွေးနွေးပွဲ ကျင်းပပြီးနောက်ပိုင်း၌ ပြုလုပ်သော ပြင်ပ ကျွမ်းကျင် ပညာရှင်များ ပါဝင်သော ဆွေးနွေးပွဲများ၌ ကြည့်ရှုသူအရေအတွက် သိသိသာသာ တိုးတက်လာသည်ကို တွေ့ရသည်။ နှစ်လအတွင်း ပြုလုပ်ခဲ့သော စကားဝိုင်းများ၏ တုံ့ပြန်မှုများ၊ မှတ်ချက်များကို ကြည့်လျှင် ၎င်း၏ အပတ်စဥ် ထိတွေ့မပြတ်သောပုံစံဖြင့် ဆွေးနွေးမှုသည် ထိရောက်မှုရှိသည်ကို အထင်အရှား တွေ့ရသည်။ မှတ်ချက်များသည်လည်း စက်တင်ဘာလဆန်း၌ ဆဲဆိုမှုများ၊ ဝေဖန်မှုများကို အများအပြားတွေ့ကြရပြီး အောက်တိုဘာကုန်ပိုင်းတွင်မူ လူငယ်နိုင်ငံရေးသမားသစ်အနေဖြင့် လက်ခံမှုများသည် များပြားလာ ကြ သည်။  ထို့ကြောင့် ၎င်း၏ အွန်လိုင်းကမ်ပိန်းများသည် များစွာထိရောက်မှုရှိခဲ့သည်ဟု တွေ့ရသည်။ သို့ရာတွင် အဆိုပါကိုယ်စားလှယ်သည် ယခုကဲ့သို့ စကားဝိုင်းဆွေးနွေးပွဲများသာမက ၎င်း၏ ရွေးကောက်ပွဲ ကတိကဝတ် များကိုလည်း ချပြခြင်းများရှိပြီး တချို့သော ကတိကဝတ်များနှင့် ပတ်သက်၍လည်း စကားဝိုင်းများတွင် ထည့်သွင်း ဆွေးနွေးခြင်းမျိုးရှိသည်ကို တွေ့ရသည်။ ယခုအချက်သည် ပရိသတ်၏ အမြင် သဘောထားအပေါ် များစွာသက်ရောက်မှုရှိစေနိုင်သဖြင့် ယခုကဲ့သို့ ထိရောက်မှုများ တိုးတက်လာခြင်းဟု ယူဆနိုင်ပါသည်။

အချုပ်ဆိုရသော် ယခုနှစ်ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံရေး ပါတီများ အတွက် စိန်ခေါ်မှုအသစ်များတိုးစေခဲ့သည်။ မဲဆွယ်စည်းရုံးမှုအခြေအနေများ ပြောင်းလဲကြရသလို လူထု၏ နိုင်ငံရေးစိတ်ဝင်စားမှုသည်လည်း များစွာအပြောင်းအလဲရှိနေမည်ဖြစ်သည်။ မဲဆန္ဒရှင် ပြည်သူများသည် လည်း ယခင်ကဲ့သို့ မိမိတို့၏အိမ်ရှေ့၊ မိမိတို့၏လမ်းရှေ့ အပြိုင်အဆိုင် အားကောင်မောင်းသန် မဲဆွယ်နေ ကြ သော ကိုယ်စားလှယ်လောင်းများကို မမြင်တွေ့နိုင်တော့ဘဲ မိမိတို့၏ Facebook page များပေါ်တွင်သာ နိုင်ငံ ရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအကြောင်းကို လေ့လာဆန်းစစ်နိုင်ပါတော့သည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ အင်တာနက်လွှမ်းခြုံမှု အတိုင်းအတာအရ တိုင်းရင်းသားဒေသများနှင့် အခြားသော ကျေးလက်ဒေသများတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အွန်လိုင်းအခြေပြု မဲဆွယ်မှုများ သက်ရောက်မှု ရှိနိုင်မည်လား ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်သည်။ အခြားတဖက်တွင်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကဲ့သို့သော ဒေသများတွင် အင်တာနက် ဖြတ်တောက်ခံထား ရသည်မှ ယခု 2G စနစ် ပြန်လည်ရရှိချိန်အထိ အခက်အခဲများ ရှိနေသည်။ အထူးသဖြင့် အဆိုပါ ဒေသမှ မဲဆန္ဒ ရှင်ပြည်သူများ၏ သတင်းအချက်အလက် ရရှိပိုင်ခွင့်မှာ အကန့်အသတ်ရှိနေဆဲ ဖြစ်ပါသည်။

ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရလည်း ၂ဝ၁၉ ခုနှစ်အထိ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၂၃ ဒသမ ၆ ရာခိုင်နှုန်းသာ အင်တာနက်ကောင်းစွာရရှိပြီး သုံးစွဲနိုင်မှုရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ဤစာစုတွင် ဆန်းစစ်ခဲ့သော အကြောင်းအရာများသည် ၂ဝ၂ဝရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူ ၃၇ သန်းခန့် အပေါ် ရာနှုန်းပြည့်ထင်ဟပ်သည်ဟု မဆိုနိုင်ဘဲ မဲပေးခွင့်ရှိသူများအနက် အင်တာနက် သုံးစွဲနေကြသူများအပေါ်တွင်သာ ထင်ဟပ်မည် ဖြစ်သည်။

သို့ရာတွင် ယခုတကြိမ်ရွေးကောက်ပွဲတွင် ပထမ ဆုံးအကြိမ် မဲပေးမည့် အသက် ၁၈ နှစ်ပြည့်လူငယ် ငါးသန်း နီးပါးရှိနေသည်ကို သတိပြုရပါမည်။ [7] အဆိုပါ လူငယ်များသည် နည်းပညာနှင့် ယဉ်ပါးသူများ ဖြစ်သည့် အလျောက် ၎င်းတို့၏ နည်းပညာနှင့် အကျွမ်းတဝင် ရှိမှု (Tech savvy) အပေါ် ယခု အွန်လိုင်းမဲဆွယ်မှု မည်မျှ အထိ သက်ရောက်မှုရှိသည်ဆိုခြင်းမှာ စိတ်ဝင်စားစရာတခု ဖြစ်ပါသည်။ နောက်ထပ် စိတ်ဝင်စားစရာတခုမှာ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များတွင် မိမိတို့ ပြောလိုသော အကြောင်းအရာများ ပြန့်နှံ့ရောက်ရှိမှု ပိုများစေရန်အတွက် Facebook တွင် အခကြေးငွေပေး၍ boost ပြုလုပ်ကြခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲကာလအတွင်း Facebook ၌ အခကြေးငွေပေး၍ boost ပြုလုပ်ခြင်းကို မီဒီယာအချို့ကသာ ပြု လုပ်ခဲ့ပြီး နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများက လုပ်ဆောင်ခြင်း နည်းပါးခဲ့သည်။ ယခု ရွေး ကောက်ပွဲတွင်မူ Facebook တွင် အခကြေးငွေပေး၍ boost ပြုလုပ်ခြင်းများ ယခင်ကထက် ပိုများလာခဲ့သည့် နည်းတူ Facebook ကလည်း “လူမှုရေး၊ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများ”အား အထူးကြော် ငြာများ အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းအပြင် ကြော်ငြာခ ပေးချေသူနှင့် သုံးစွဲသည့်ငွေကြေး ပမာဏ ကိုလည်း ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် အများပြည်သူသိရှိစေရန် ထုတ်ပြန်စေခြင်းများလုပ်လာခဲ့သည်။ (ယခုအချိန် အထိ ရွေးကောက်ပွဲနှင့် နိုင်ငံရေးဆိုင်ရာ ကြော်ငြာများအား စောင့်ကြည့်ထိန်းချုပ်ရာ၌ လွဲချော်မှုနှင့် အား နည်းချက်များ ရှိနေသည့်တိုင်)  Facebook က ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲအမီ ကြိုတင်ပြင်ဆင်မှုများ လုပ် ဆောင်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် နည်းပညာနှင့်ယှဉ်တွဲ၍ ပြောင်းလဲ လာသည့် ကိစ္စရပ်များအား ကြိုတင်စဉ်းစား၍ ဥပဒေပြင်ဆင်ခြင်းများ မရှိသေးပေ။ အထူးသဖြင့် ရွေးကောက်ပွဲ အသုံးစရိတ်များနှင့် ဆိုရှယ်မီဒီယာ၌ အခကြေးငွေပေး ကြော်ငြာခြင်းများအကြား ဝိရောဓိဖြစ်စရာများ ရှိလာ နိုင်သည့်အတွက်  ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ စည်းမျဥ်းစည်းကမ်းများသည်လည်း ခေတ်နှင့် လျော်ညီ သော ပြုပြင်မှုများလည်း လုပ်ဆောင်ရန် လိုအပ်နေပါသည်။

မည်သို့ပင် ဆိုစေကာမူ  လူထု၏ မဲပေးရွေးချယ်မှုသည် အကြောင်းအချက်များစွာအပေါ် အခြေခံနိုင်သည် ဖြစ်သဖြင့် အွန်လိုင်း၌ တုံ့ပြန်မှုကောင်းသော်လည်း ရွေးကောက်ပွဲရလဒ်နှင့် ထပ်တူကျမည်ဟု မယူဆနိုင်ပေ။ သို့သော် မဲဆန္ဒရှင် ပြည်သူလူထုအနေနှင့်မူ အခြေအနေအရ ပိုမို အားကောင်းလာကြသည့် အွန်လိုင်းမဲဆွယ်မှု လှုပ်ရှားမှုများကို ထောက်ရှု၍ နိုင်ငံရေးအာဏာ ရယူလိုသူများ၏ အရည်အချင်းနှင့် မျှော်မြင်ချက်များကို စော ကြောသုံးသပ်နိုင်ပါလိမ့်မည်။

အောက်ခြေမှတ်စုအညွှန်း

[1]  NapoleonCat https://napoleoncat.com/stats/social-media-users-in-myanmar/2020/09

[2]   Datareportal https://datareportal.com/reports/digital-2020-myanmar မှ အချက်အလက်များကို အခြေခံ တွက်ချက်ထားသည်။

[3] https://datareportal.com/reports/digital-2015-southeast-asia-regional-overview မှ အချက်အလက်များကို အခြေခံ တွက်ချက်ထားသည်။

[4] ယခုဆောင်းပါးတွင် ပါဝင်သော ကိန်းဂဏန်းများသည့် ၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာ ၃၁ ရက်အထိ နောက်ဆုံး ရရှိထားသော အချက်အလက်များအပေါ် အခြေခံထားသည်။

[5] USDP Women Committee page နှင့် USDP Farmers Committee page အတွက် အချက်အလက်များကို နိုဝင်ဘာ ၅ ရက်အထိ သိရသော စာရင်းများအပေါ် မူတည် တွက်ချက်ထားသည်။

[6] https://datastudio.google.com/u/0/reporting/4adfdc5c-3ef7-4794-87f7-f461e5838e70/page/deSeB?s=mqGx1SInUc4&params=%7B%22df16%22:%22include%25EE%2580%25800%25EE%2580%2580IN%25EE%2580%2580Party%22%7D&fbclid=IwAR35LYQxxLfnkFJf_54HrLZlbFhGqs_a8-jZ22p9DZplnP3oFQQDYX_4OpE

[7] https://www.facebook.com/FirstTimeYouthVotersFor2020/posts/533359717377086

အကိုးအကားများ

Central Statistical Organization (CSO), UNDP and WB (2018) “Myanmar Living Conditions Survey 2017: Key Indicators Report”, Nay Pyi Taw and Yangon, Myanmar: Ministry of Planning and Finance, UNDP and WB. https://www.undp.org/content/dam/myanmar/docs/Publications/PovRedu/MLCS-2017.pdf

Election Social Media Dashboards (PUBLIC). (2020, October 30). Retrieved from MYANMAR TECH ACCOUNTABILITY NETWORK: https://datastudio.google.com/u/0/reporting/4adfdc5c-3ef7-4794-87f7-f461e5838e70/page/IXFfB?s=mqGx1SInUc4

Individuals using the Internet (% of population) – Myanmar. (2020, October 30). Retrieved from The World Bank: https://data.worldbank.org/indicator/IT.NET.USER.ZS?locations=MM&fbclid=IwAR04t-MBrEam_2iVc-3_RZQmtpej-QFZXbgjEewWa5CNPx0GawNNYi7QKOI

Moe, M. (2019, November 28). Over 37M Eligible Voters in Myanmar; Lists for 2020 Poll Not Yet Complete, UEC Says. Retrieved from The Irrawaddy: https://www.irrawaddy.com/elections/over-37m-eligible-voters-in-myanmar-lists-for-2020-poll-not-yet-complete-uec-says.html

ဖြိုးသီဟချို. (2020, June 11). အငြင်းပွားစရာဖြစ်လာနိုင်တဲ့ Facebookပေါ်က မဲဆွယ်စည်းရုံးမှုများ. Retrieved from Myanmar Now: https://myanmar-now.org/mm/news/3889?fbclid=IwAR3zQCe-m7PoUckOZzSa5W2MEkW_Gcql3YmlnIDRKRicLTqP4pIQj0JXquQ

The post ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲအတွက် အွန်လိုင်းမဲဆွယ်လှုပ်ရှားမှုများအား ကနဦး ဆန်းစစ်ခြင်း appeared first on ISP Myanmar Peace Desk.