Interview Archives - ISP Myanmar Peace Desk

Lဂျာနန်အားမေးမြန်းခြင်း
မေး။       ။ ကချင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါတားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို အစိုးရနဲ့ KIO အဖွဲ့  တို့ အကြား ဘယ်လို ပူးပေါင်း လုပ်ဆောင်နေကြလဲ။  အထူးသဖြင့် KIO ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိလဲ။

ဖြေ။      ။ ကိုဗစ်ကိစ္စမှာ အစိုးရဘက်ကလည်း မတ် ၂၈၊ ၂၉ ပတ်ဝန်းကျင်တုန်းက EAOs တွေကို ကိုဗစ်နဲ့ ပတ်သတ်လို့ ဝိုင်းဝန်း ဆောင်ရွက်ဖို့ စာတစောင်ပို့ခဲ့တယ်။ အဲ့ဒီအခြေအနေမှာ KIO အနေနဲ့က ပြောမယ်ဆိုရင် KIO က ဖေဖော်ဝါရီ ၇ ရက်ကတည်းက ကေအိုင်အို Covid-19 ရောဂါကာကွယ်နှိမ်နှင်းရေး ကော်မတီ(ကချင်)ဆိုပြီးတော့ သူတို့က ဖွဲ့ထားတယ်။ ဒါလည်း KIO အနေနဲ့ ကျမနားလည်သလောက်က သူတို့ရဲ့ ထိန်းချုပ်တဲ့ ဒေသမှာ ကိုဗစ်-၁၉ နဲ့ ပတ်သတ်ပြီးတော့ ကာကွယ်ထိန်းချုပ်ဖို့အတွက်၊ Awareness ပေးဖို့အတွက် စသဖြင့် ဌာနပေါင်းစုံပါဝင်တဲ့ ကော်မတီတခုကို ဖွဲ့ခဲ့တယ်။ အဲ့ဒါကြောင့် ကိုဗစ်နဲ့ ပတ်သတ်ရင် KIO ကတော့ သူရဲ့ အုပ်ချုပ်တဲ့ နယ်မြေဒေသမှာ သူတို့ကလည်း ပြည်သူတွေကို ကိုဗစ်နဲ့ပတ်သတ်တဲ့ ကာကွယ် ထိန်းချုပ်မှုတွေ၊ ပညာပေးတာတွေ၊ ကုသမှုတွေ အတွက်လည်း သူတို့ရဲ့ ပြင်ဆင်ချက်တွေနဲ့ လုပ်ဆောင် နေကြတယ်ပေါ့။ ဒါကတော့ KIO အနေနဲ့ သူတို့ရဲ့ အုပ်ချုပ်မှု နယ်မြေမှာ သူတို့လုပ်နေတာပေါ့။ အဲ့တော့ အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်မှုကိစ္စက အစိုးရရယ်၊ EAOs တွေရယ် ပူးပေါင်း ဆောင်ရွက်ဖို့ ကိုဗစ်ကော်မတီကို ဖွဲ့စည်းပြီးတဲ့နောက်မှာ အစိုးရရဲ့ ကိုဗစ်ကော်မတီကလည်း EAOs တွေအားလုံးကို အသိပေးအကြောင်းကြားတာရှိတယ်။ ညှိနှိုင်းဆောင်ရွက်ကြဖို့ပေါ့လေ။ အဲ့ဒီအပေါ်မှာလည်း KIO ကတော့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက်၊ ပူးပေါင်းဖို့အတွက် သူတို့လည်း ကော်မတီရှိတယ်ဆိုတာ အကြောင်းကြားတာပေါ့လေ။ အပြန်အလှန် အကြောင်းကြားမှုတွေတော့ ရှိတယ်။

ညှိနှိုင်းဆောင်ရွက်မှု အသေးစိတ်ကတော့ မေ ၁၃ ရက်မှာ ကချင်ပြည်နယ် အစိုးရနဲ့ KIO ကိုဗစ်ကော်မတီတို့ တွေ့ဆုံမှုတွေ ရှိခဲ့တယ်ပေါ့လေ။ တကယ်တမ်းကျ အဲဒီလို တွေ့ဖို့ဖြစ်လာတဲ့ ဇာတ်လမ်းက ကျမ နားလည်တာတော့လေ၊ ကချင် အတိုင်ပင်ခံအဖွဲ့ကနေ ဦးဆောင်ပြီးတော့ COVID Concern and Response Committee – Kachin ဆိုပြီးတော့ ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်ဘက် CSOs ခေါင်းဆောင်တွေ ဦးဆောင်ပြီးတော့ လူထုက ဖွဲ့ထားတဲ့ COVID Response Committee ရှိတယ်။ အဲ့ဒီကော်မတီက KIO ကိုဗစ်ကော်မတီနဲ့ သွားတွေ့ဖို့ဆိုပြီးတော့ Peace Creation Group(PCG) ကနေတဆင့် သူတို့ဟိုဘက်ကို သွားမယ်ဆိုတာ         အစိုးရကို အကြောင်းကြားတယ်။ ကချင်ပြည်နယ်အစိုးရကို အကြောင်းကြားပြီးတော့ NRPC ကိုလည်း အသိပေးတယ်ပေါ့။ အဲ့ဒီအပေါ်မှာ NRPC အနေနဲ့ကတော့ သူတို့ချည်းပဲ သွားလို့မရဘူး။ ကချင်ပြည်နယ် အစိုးရပါပြီးမှ သွားရမယ်လို့ ပြောလာတာမျိုးရှိတယ်လို့ သိရတယ်။ အဲ့လိုနဲ့ ဇာတ်လမ်းက KIO နဲ့ ညှိနှိုင်းပြီးတော့ အဲ့ဒီလူထုကဖွဲ့ထားတဲ့ ကိုဗစ်ကော်မတီသွားမယ့် အစီအစဉ်မှာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ တွေလည်း ပါဝင်ပြီးတော့ KIO ကိုဗစ်ကော်မတီနဲ့ တွေ့ဖို့ဆိုပြီးတော့၊ နောက်ဆုံးတော့ အပြန်အလှန်ညှိနှိုင်းမှုတွေ လုပ်ပြီးတော့ ၁၃ ရက်နေ့က တွေ့ဖြစ်ခဲ့ပြီပေါ့လေ။ အဲ့လိုတွေ့ဆုံဆွေးနွေးတဲ့အခါမှာ မီဒီယာ သတင်းအချက်အလက်တွေ အရ KIO အနေနဲ့က ဒီကိုဗစ်ကိစ္စမှာ ပူးပေါင်းဆောင်ရွက်ဖို့လိုမယ်၊ ကိုဗစ်နဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ သင်တန်းတွေ ပေးဖို့၊ လိုအပ်တဲ့အထောက်အပံ့တွေအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ပြီးတော့ KIO အနေနဲ့က ကိုယ်တိုင်လုပ်တာလည်းရှိမယ်၊ ပူးပေါင်းဆောင်ရွက်ဖို့လည်း ရှိမယ်ဆိုတဲ့ သဘောမျိုး ပြောခဲ့တာကို သတင်းမှာ ဖတ်ရတာပေါ့လေ။ အဲ့ဒီဇာတ်လမ်းပြီးသွားတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးက မီဒီယာမှာ ပြောခဲ့တဲ့ အချက်ကြောင့် အခုက အဆင်မပြေမှုတွေ ပြန်ဖြစ်သွားတာပေါ့လေ။ မီဒီယာမှာ ပြောခဲ့တာကတော့ KIO ကနေ NRPC ကို အကူအညီတောင်းခံတဲ့ အတွက်ကြောင့် ပြည်နယ်အစိုးရကနေ သွားပြီးအထောက်အပံ့တွေ ပေးခဲ့တာမျိုးတွေ ဖြစ်တယ် ဆိုတာမျိုးတွေပေါ့။ အဲဒီဟာက မမှန်ကန်တဲ့အကြောင်း၊ သူတို့ဘက်ကလာပေးတဲ့ ပစ္စည်းက စေတနာမမှန်တဲ့ အခါ ယူဖို့မရှိကြောင်း အဲ့လိုဟာမျိုးတွေ အပြန်အလှန် ပြန်ရေးတာတော့ မီဒီယာမှာ တွေ့ရပါတယ်။ အခြေအနေ ကတော့ အစိုးရဘက်က အဲ့လိုပြောဆိုလာမှုမှာ KIO ဘက်က အိတ်ဖွင့်ပေးစာမှာ ရေးထားချက်အရတော့ ဒါက အစိုးရဘက်ကနေ အမြတ်ထုတ်တယ်ဆိုတဲ့ဟာမျိုးလို ခံစားချက်တွေတော့ ရှိသွားကြတာပေါ့။ နောက်ဆုံးကတော့ အဲ့ဒီအခြေအနေမှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်ရှိခဲ့ပေမဲ့ အခုအဲ့ဒီ ပြောဆိုခဲ့မှုတွေကြောင့် ယုံကြည်မှုပြန်တည်ဆောက်ရမယ့် အနေအထားမှာတော့ ရောက်ရှိ နေတယ်။ ဒါလောလောဆယ် ကျမ တွေ့ရတဲ့ အခြေအနေပါ။

မေး။       ။ ဒုတိယမေးခွန်းကတော့ ဆရာမတို့ ကချင်ဒေသမှာ ကိုဗစ်–၁၉ နဲ့ ပတ်သတ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေက ဘယ်လိုရှိနေပြီလဲ။

ဖြေ။       ။ ကချင်ပြည်နယ်မှာ အထူးသဖြင့် တရုတ်ပြည်ဘက်နဲ့ အခြားဒေသတွေက ပြန်လာတဲ့ လူတွေကို ထားတဲ့ Quarantine Center တွေမှာ လူငယ်တွေကနေပြီးတော့ Volunteer တွေ လုပ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ Kachin State COVID-19 Prevention Network (KsC19PN) ဆိုတာ ရှိပါတယ်။ ပြီးတော့ ဘာသာရေးခေါင်းဆောင်တွေ၊ CSOs အချို့ ပါဝင်ပြီးတော့ ဖွဲ့စည်းထားတဲ့ Covid Concern and Response Committee ဆိုတာလည်း ရှိတယ်။ အဲ့ဒီမှာ ဘာသာရေးအသင်းအဖွဲ့တွေရော ပူးပေါင်းလုပ်မယ်ဆိုတဲ့ အဖွဲ့တခုလည်း ရှိတယ်။ လူငယ်အဖွဲ့တခုလည်း ရှိတယ်။ ပြီးတော့ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး၊ အထူးသဖြင့် IDPs Camp ကို ကြည့်ရှုနေကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကလည်း Camp မှာ ရှိတဲ့ လူတွေအတွက် ကိုဗစ်ကာကွယ်ရေးကိစ္စတွေကို လုပ်ပေးနေတာလည်း ရှိတယ်။ အသိပညာပေးတာတွေ၊ လက်ဆေးဖို့အတွက် နေရာတိုးချဲ့ ပြင်ဆင်ပေးတာမျိုး တွေ၊ Mask ပေးတာတွေ စသဖြင့်ပေါ့လေ။ တဖွဲ့ချင်းစီကလည်း သူတို့တာဝန်ယူကြည့်ရှုနေကြတဲ့ Camp တွေမှာ ဆောင်ရွက်နေကြတာမျိုးတွေ ရှိတယ်။ အဲ့ဒီတော့ ပူးပေါင်းဆောင်ရွက်နေတာကတော့ ဘာသာရေးအဖွဲ့အစည်း တွေ ပါတဲ့အဖွဲ့ရယ်၊ နောက်တခုက လူငယ်အဖွဲ့ရယ်ကတော့ Quarantine Centerတွေမှာ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

မေး။       ။ နောက်ဆုံးမေးခွန်းက ကချင်ပြည်နယ်ဒေသအတွင်းမှာရှိတဲ့ လိုအပ်ချက်တွေနဲ့၊ ကူးစက်ရောဂါကို ထိရောက်စွာ ဟန့်တားနိုင်ဖို့ ဆရာမရဲ့ အကြံပြုချက်တွေက ဘာတွေ ဖြစ်မလဲ။

ဖြေ။       ။ ကျမကတော့ ဒီတနိုင်ငံလုံးအတိုင်းအတာနဲ့ သူများနိုင်ငံမှာ လုပ်နေတဲ့ဟာနဲ့၊ ကိုယ့်နိုင်ငံမှာ လုပ်နေတဲ့ ဟာကို ကြည့်တဲ့အခါမှာ လောလောဆယ် လုပ်ဆောင်နေကြတဲ့အရာတွေကို ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ လုပ်ဆောင်နိုင်ဖို့၊ ကချင်ပြည်နယ်မှာလည်း ဆက်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဥပမာ အပြင်က ပြန်ရောက်လာတဲ့ သူတွေကို Quarantine Center တွေမှာ သေချာလေး နေနိုင်ဖို့၊ Center တွေမှာလည်း လိုအပ်တဲ့ ကိစ္စတွေကို ဝိုင်း ပြီးတော့ လုပ်ဆောင်ပေးဖို့၊ ပြန်လာတဲ့ လူတွေကိုယ်စီက Quarantine Center တွေဆီ အရောက်သွားနိုင်ဖို့ အားလုံးဝိုင်းပြီးတော့ ဆောင်ရွက်ပေးရမယ်။ အဲ့လိုမှ မဟုတ်ရင် Silent Carrier တွေများလာနိုင်ပြီး ပိုပြီးတော့ အန္တရာယ်ရှိလာမယ်။ ပြည်ပအရပ်ရပ် တရုတ်ပြည်ကဖြစ်ဖြစ်၊ မလေးရှားကဖြစ်ဖြစ်၊ ထိုင်းကဖြစ်ဖြစ် ပြန်လာတဲ့ လူတွေ အများကြီးရှိတယ်။ အဲ့ဒီဟာကို Center တွေမှာ စနစ်တကျ ရောက်ရှိဖို့အတွက်၊ တကယ်လို့ အစိုးရတွေ မသိဘဲနဲ့၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ မသိဘဲနဲ့ ရောက်ရှိတယ်ဆိုရင် Center တွေကို ပို့ဆောင်ပြီးတော့ အဲ့မှာပဲ သတ်မှတ်ထားတဲ့ အချိန်ကာလအထိ နေဖို့လိုပါတယ်။ အဲ့လိုအလုပ်တွေမှာတော့ ပြည်သူတွေရော၊ အဖွဲ့အစည်းတွေရော ဝိုင်းပြီးတော့ ထိထိမိမိဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ ကျမ အထူးသဖြင့် ပြောချင် တာပါ။ တရုတ်ပြည်နယ်၊ လွယ်ဂျယ်ဂိတ်က ပြန်လာတဲ့ အနယ်နယ်အရပ်ရပ်ကလူတွေဟာ မြစ်ကြီးနားမှာ တထောက်နားကြရတယ်။ အစပိုင်းမှာ Volunteer လူငယ်တွေဟာ ပစ္စည်းမလုံလောက်တာတွေ ရှိတယ်။ အစားအသောက် မလုံလောက်တာတွေ ရှိတယ်။ လုံလုံလောက်လောက် မရှိဘဲနဲ့ ခက်ခက်ခဲခဲ ကူညီနေရတာတွေ ရှိတယ်။ ခုနောက်ပိုင်းတော့ နည်းနည်းအဆင်ပြေလာလားမသိဘူး။ ဒါပေမဲ့  Volunteer တွေလည်း Quarantine Center တွေမှာ အလုပ်လုပ်ကြတဲ့အခါ သူတို့ကိုလည်း ရောဂါကနေ ကာကွယ်ဖို့အတွက် သူတို့အတွက် လုံလောက်တဲ့ ကာကွယ်ထိန်းချုပ်တဲ့ ပစ္စည်းတွေ အလုံအလောက် ရှိဖို့လိုတယ်၊ ဆက်ပြီးတော့ လုပ်ဖို့ လိုအပ်မယ်။ Quarantine Center တွေမှာ ရောက်ရှိနိုင်ဖို့ အရေးကို အားလုံးဝိုင်းပြီး ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။

The post Lဂျာနန်အားမေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

ဦးဦးလှစော အားမေးမြန်းခြင်း
မေး။            ။ရခိုင်ဒေသတွင်း IDPs Camp တွေမှာ လက်ရှိ ကိုဗစ်နဲ့ ပတ်သက်ပြီး အစိုးရ တပ်မတော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သိချင်ပါတယ်။

ဖြေ။            ။ ရခိုင်က IDPs Camp တွေက ပွင့်ပွင့်လင်းလင်းပြောရရင် အစကတည်းက နိုင်ငံတကာ အဆက်အသွယ်က ပြတ်တောက်နေတယ်။ သူတို့ကို အကူအညီပေးနေတာက ICRC တခုပဲ။ WFP ကနေတဆင့် ပစ္စည်းထောက်ပံ့မှုတွေကို ICRC ပို့ပေးတဲ့ဟာတွေကို ရတယ်။ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကလည်း မရဘူး။ လူကယ်ပြန်ကနေပြီး ပေးတာတွေကလည်း မစို့မပို့လောက်ပဲ၊ သာမန်ပရဟိတအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်ဆိုင်ရာတွေဆီကပဲ နည်းနည်းပါးပါးနဲ့ ရှင်သန်နေရတဲ့ အပိုင်းတွေရှိတယ်။ နောက်ဆုံးအခြေအနေပေါ့ဗျာ။ ဥပမာအားဖြင့် မိုးတွင်းရောက်လာတဲ့ အတွက်ကြောင့် IDPs Camp တွေကို လုံခြုံရေးအတွက် အသစ်ပြန်ဆောက်မယ်ဆိုတာကိုတောင်မှ အစိုးရခွင့်ပြုချက်မရဘဲနဲ့ မဆောက်နိုင်ဘူး။ သူတို့(အစိုးရ) ဆောက်ပေးမယ်လို့ပြောတယ်။ တကယ်တမ်းလည်း ဘာမှ စီစဉ်ပေးတာလည်း မဟုတ်ဘူး။ အဲတော့ ဖြစ်သလိုပဲနေရတယ်။ အဲဒီပြဿနာ ရသေ့တောင်မှာ ကြီးကြီးမားမား ဖြစ်တယ်။  ရသေ့တောင်မှာရှိတဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေဆို ခုထက်ထိပဲ IDPs Camp တွေအတွက် နေဖို့ထိုင်ဖို့၊ အိမ်ဆောက်ဖို့ အတွက် ရသေ့တောင်မှာ ခုထက်ထိရှိတယ်။ လွှတ်တော်တောင် မသွားဘူး။ သူ့ကို မေးရင် ပိုလို့ အသေးစိတ်ဖြစ်မယ်။ ပြဿနာတွေက အဲလိုပဲ။ ဆိုလိုတာကဗျာ။ တကယ်လိုအပ်တယ် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေကို ပြည့်ပြည့်၀၀ မရဘူးလို့ ဆိုနိုင်တယ်။

မေး။            ။ စစ်ဘေးရှောင်တွေ၊ ဒုက္ခသည်တွေဆီ ကိုဗစ်ကပ်ရောဂါ မရောက်အောင် တားဆီးကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုရှိပါသလဲ။ နောက်ပြီး အထောက်အပံ့ ပစ္စည်းတွေရရှိဖို့ အခက်အခဲရှိလား။

ဖြေ။            ။ ပူးပေါင်းဆောင်ရွက်မှုက ရခိုင်ဒေသကို ပြည်မဘက်က ပစ္စည်းပစ္စယ မလာသလောက်ပဲ။ ကျနော်တို့ကို ကူညီတာကတော့ဗျာ သာမန်ပုဂ္ဂလိက အဖွဲ့တွေရှိတယ်။ အဲဒီပုဂ္ဂလိက အဖွဲ့တွေက သူတို့ လက်ထဲကို လိုအပ်တဲ့ ပိုက်ဆံတွေ ပို့ပေးတယ်။ ပစ္စည်းပစ္စယတွေ ပို့ပေးတယ်။ အဲဒီအဖွဲ့တွေက နီးစပ်ရာ Camp တွေကို အဆင်ပြေသလိုပဲ ပို့ပေးတယ်။ အဲဒီလောက်ပဲရှိတယ်။ ကျနော်တို့ အတွေ့အကြုံတခုအရ ပြောမယ်ဆိုရင် ပခုက္ကူဘက်ကနေပြီးတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂရယ်၊ လူငယ်တွေကနေပြီးတော့ ကားကြီးတွေနဲ့ ရခိုင်ဘက်ကို ကုန်ပစ္စည်းတွေ သယ်လာတယ်။ မကွေးတိုင်းကနေ ရခိုင်ဘက်ကို ကျော်လာပြီး အမ်းကို ရောက်တဲ့ အခါကျတော့ သွားခွင့်မပေးဘူး။ အဲဒီမှာ သောင်တင်နေရော။ အဲဒီတော့ ရခိုင်အမျိုးသားပါတီနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့ ကြားဝင်စေ့စပ်ပေးတဲ့အတွက်ကြောင့် အဲဒီပစ္စည်းတွေက မင်းပြားဘက်ကိုတော့ ရောက်လာတယ်။ ပစ္စည်းတွေကို မင်းပြားမှာ ချပြီး စခန်းတွေကို မျှဝေပေးလိုက်တာပေါ့။ လူတွေကတော့ Camp တွေထဲ ဝင်ခွင့်မရှိဘဲ ပြန်သွားတယ်။ အဲလို ပြည်မဘက်ကလာတဲ့ အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေလည်း လာဖို့ဆိုတာ အခက်အခဲရှိတယ်။ နောက် စစ်ပွဲက နည်းနည်းပြင်းထန်လာတဲ့ အခါကျတော့ အဲဒီလမ်းကြောင်းမှာ ပစ္စည်းပစ္စယတွေနဲ့ လာတာတွေလည်း လူတွေက သိပ်မလုပ်တော့ဘူး။ ဘာလို့လဲဆိုတော့ စွန့်စားဖို့ Risk က များတယ်လေ။ အဲတော့ သက်ဆိုင်ရာ စခန်းနဲ့ ပတ်သက်တဲ့ လူတွေဆီကိုပဲ ပိုက်ဆံတွေပို့ပေးပြီးတော့ အကူအညီပေးတယ်ဆိုတဲ့ သဘောရှိတယ်။

မေး။           ။ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေရှိပါသလဲ။

ဖြေ။           ။ ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းတွေကတော့ သူတို့ကလည်း ရံပုံငွေက တောင့်တောင့်တင်းတင်းရှိတာ မဟုတ်တော့ အချက်အလက်တွေ ကောက်ယူပြီးတော့၊ ကိုဇော်ဇော်ထွန်းတို့ လုပ်နေတဲ့ REC ဆိုရင် စခန်းတခုမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့ နေမှုထိုင်မှု အခက်အခဲတွေကို သုတေသနစာတမ်းတွေ ပြုစုတယ်။ တတ်နိုင်သမျှ စုဆောင်းရသမျှ အကူအညီတွေကို သွားပေးတယ်။ အဲလောက်ပါပဲ။ အဲဒီအဖွဲ့အစည်းတွေကလည်း အဖွဲ့အကြီးကြီးတော့ ရှိတာပေါ့။ နောက်တသီးပုဂ္ဂလတွေပေါ့ဗျာ။ သာမန် မြို့တွေ၊ ရွာတွေမှာရှိတဲ့ ပရဟိတလေးတွေကလည်း သူတို့စုမိဆောင်းမိတာလေး နည်းနည်းပါးပါးရှိရင် နည်းနည်းသွားပေး၊ အဲဒီလိုပဲရှိတယ်။ အဖွဲ့အစည်း ကြီးကြီးမားမားအနေနဲ့ ဆိုရင်တော့ အဲဒီ We Love Foundation တို့၊ REC တို့ အဖွဲ့တွေပဲ ရှိတယ်။ အဲဒီအဖွဲ့တွေကလည်း သုတေသနဆန်ဆန်လုပ်တယ်။ ဒါပေမမဲ့ ထောက်ပံ့ကူညီမှုကတော့ ကြီးကြီးမားမားတော့ မပေးနိုင်ဘူး၊

မေး။           ။ ကိုဗစ်ကာလမှာ ဒေသတွင်းလိုအပ်ချက်နဲ့ ထိရောက်စွာဟန့်တားနိုင်ဖို့ ဘယ်လို အကြံပြုချင်ပါသလဲခင်ဗျ။

ဖြေ။            ။ ကိုဗစ်ကာလမှာ IDPs Camp တွေအတွက် အချက်အလက်အရ ပြောမယ်ဆိုရင် အများကြီးပဲ။ ဒါပေမဲ့  အဓိကကတော့ ဒီဒုက္ခသည်တွေကို ပြည်ထောင်စုအစိုးရကနေပြီးတော့ သေချာ ထိထိရောက်ရောက် သေချာစနစ်တကျ စိစစ်ပြီးတော့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို ပေးရမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပေးရမယ်။ ပေးရမယ်ဆိုလို့ရှိရင် နိုင်ငံတကာအဖွဲ့အစည်းတွေက INGOs တွေ၊ ဗမာပြည်က လူမှုအဖွဲ့အစည်းတွေအတွက် သွားဖို့လာဖို့၊ သတင်းမီဒီယာတွေ လွတ်လပ်ခွင့်တွေကလည်း အကန့်အသတ်တွေ ရှိတယ်ဗျ။ ဖြစ်တဲ့ အဖြစ်အပျက်တခုဆိုလို့ရှိရင် တယောက်နဲ့ တယောက် အပြစ်ပုံချတာလည်းရှိတယ်၊ သတင်းလွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့်၊ သတင်းရယူခွင့်တွေကလည်း အင်မတန်အားနည်းတယ်။ နောက်တခုက အင်တာနက်ဖြတ်တောက်မှုတွေကလည်း ရှိနေတဲ့ အတွက်ကြောင့် အဲဒီအင်တာနက်ဖြတ်တောက်မှုတွေကို ဖွင့်ပေးရမယ်။ လွတ်လပ်စွာ သွားလာခွင့်တွေကို ဖွင့်ပေးရမယ်။ နိုင်ငံတကာ သတင်းမီဒီယာကို လာခွင့်ပေးရမယ်။ အဲဒီ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကနေပြီးတော့ သူတို့အတွက် တကယ့်လိုအပ်တဲ့ လူသားချင်းစာနာတဲ့ အထောက်အကူမှုတွေကို စနစ်တကျလုပ်ပေးရမယ်။ အဲဒါတွေကို လုပ်ပေးလို့ရှိရင်တော့ ပြည်သူတွေအတွက်တော့၊ ဒုက္ခသည်တွေအတွက်တော့ နည်းနည်းပါးပါး လူလိုသူလို နေနိုင်တာပေါ့ဗျာ။

The post ဦးဦးလှစော အားမေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခြင်း
မေး။        ။ ကိုဗစ်-၁၉ ကာကွယ် ကုသရေးနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေကို သိချင်ပါတယ်။

ဖြေ။        ။ အဓိကတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်တော့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က စီမံချက်  လေးခု ဆွဲပြီး လုပ်ခဲ့တဲ့အကြောင်း ကျနော် ပြောခဲ့ပါတယ်။  တပ်မတော်က ဆွဲထားတဲ့ စီမံချက်  လေးခုအနက် သုံးခုကတော့ တပ်မတော်အတွင်း လုပ်ဆောင်တာတွေနဲ့ ဆိုင်ပါတယ်။ တခုကတော့ အရပ်ဘက်နဲ့ ဆိုင်တာတွေပါ။

ပထမဆုံး စီမံချက်ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစီမံချက်ဆိုပြီး ကျနော်တို့ ဆွဲခဲ့တယ်။ အဲဒီလုပ်ငန်းစီမံချက်မှာ တိုင်းစစ်ဌာနချုပ် အလိုက်တွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးအဆင့်တွေ လုပ်ဆောင်တာမျိုးတွေပါ။ ဒါမျိုးတွေ ညွှန်ကြားခဲ့တယ်။ ဒါ တပ်ဖွဲ့အတွင်း လုပ်မှာပေါ့။ နောက်စီမံချက်တခုကတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး သွားလာမှု ထိန်းချုပ်တဲ့ စီမံချက်ပါ။ သွားလာမှု ထိန်းချုပ်တဲ့ စီမံချက်က တပ်နဲ့ပဲ ဆိုင်ပါတယ်။ တပ်မှာ ဝင်တဲ့ ထွက်တဲ့နေရာတွေမှာ ဘယ်လိုလုပ် ပေးတယ်၊ ဘယ်လိုလုပ် မလဲဆိုတာမျိုးပါ။ အဲဒီစီမံချက်ကို ကျနော် ရှင်းပြခဲ့တယ်။  နောက်တခုကတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကာကွယ်ရေးဆိုင်ရာ လိုက်နာ  ဆောင်ရွက်သွားရမယ့် အချက်တွေနဲ့ ပတ်သက်တဲ့ စီမံချက်ပါ။ ဒါကလည်း တပ်တွင်းနဲ့ပဲ ဆိုင်ပါတယ်။ ဒါတွေကိုလည်း ရှင်းပြခဲ့ပါတယ်။

နောက်ဆုံးတခုကတော့ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွား ကူးစက်လာပါက တပ်မတော်နဲ့ အရပ်ဘက် ကျန်းမာရေး ဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ဖြစ်ပါတယ်။ ဒါကိုတော့ ကျနော် ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့ပါတယ်။ ကျနော်တို့ရဲ့ ကြိုတင် စီမံထားတဲ့ အချက်အလက်တွေကို  ပြောကြားခဲ့ပါတယ်။

အဲဒီစီမံချက်တွေက ကျနော်တို့က ဘယ်အချိန်ကနေစပြီး တပ်ထဲမှာ  ဆောင်ရွက်ခဲ့လဲဆိုတာ ဆိုတော့  နောက်အကျဆုံး စီမံချက်က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၉ ရက်မှာ ကျနော်တို့ ထုတ်ပြန်ခဲ့တယ်။  ရှေးဦးဆုံး  စီမံချက်က မတ် ၁၀ ရက်မှာ ကျနော်တို့ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၉ ရက်မှာ  ထုတ်ပြန်ခဲ့တဲ့ စီမံချက်က အခုနကပြောတဲ့ တပ်မတော်နဲ့ အရပ်ဘက် ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ပါ။ အဲဒါတွေကို ကျနော်တို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်း စီမံချက်ထဲမှာပဲ အဆင့်တွေ ခွဲခြားထားပါတယ်။ အဆင့်  လေးဆင့် ခွဲခြားထားပြီး ကျနော်တို့ ဘယ်လို ဆောင်ရွက်မလဲဆိုတာတွေ ပါပါတယ်။  ရောဂါဖြစ်ပွားတဲ့ နေရာတွေကို  ဆေးဝန်ထမ်းအဖွဲ့  စေလွှတ်တဲ့ အချိန်မှာတော့ ကျနော်တို့က အဆင့်လိုက် စေလွှတ်ပါတယ်။ အစိမ်းရောင်အဆင့်၊ အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် လုပ်တဲ့အခါမှာ လိမ္မော်ရောင်အဆင့်မှာဆိုရင် ဆေးဝန်ထမ်း တပ်ဖွဲ့အင်အားရဲ့ ၁၀ ပုံ ၁ ပုံ ဆရာဝန် ၂၂၁ ဦး၊ သူနာပြု ၅၈၅ ဦး၊ စုစုပေါင်း ၈၀၆ ဦးကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနဆေးရုံတွေကို တောင်းခံလာရင် လိုအပ်တဲ့ကူညီမှုတွေ ဆောင်ရွက် သွားမယ်ဆိုပြီး စီမံထားပါတယ်။ အနီရောင်အဆင့်မှာဆိုရင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို အင်အားဖြည့်ဖို့ အကုန်လွှတ်နိုင်ဖို့ စီစဉ်ထားတာတွေ ပါပါတယ်။

ရောဂါရှာဖွေစမ်းသပ်မှု အကူအညီပေးခြင်းမှာလည်း ကျနော်တို့က ဓာတ်ခွဲစမ်းသပ် ပစ္စည်းတွေ  ရောက်အောင် ဘယ်လိုဆောင်ရွက်မလဲ။ ဓာတ်ခွဲခန်းနဲ့ ပတ်သက်လာရင်လည်း အသင့် ပြင်ဆင်ထားတာတွေ ပါတယ်။ အဲဒါတွေ ကျနော် ရှင်းလင်းခဲ့ပါတယ်။ ပြီးရင် အထူးဆေးအဖွဲ့တွေ  ဆေးရုံတွေကို ဖွဲ့စည်းတာပေါ့။ ဆေးရုံတွေနဲ့ ပတ်သက်လို့က ကျနော်တို့သည် အရင်တုန်းကတော့ နေပြည်တော်မှာ ဆေးရုံတရုံ၊ ပြီးရင်တော့ မင်္ဂလာဒုံမှာ တရုံ၊ မိတ္ထီလာမှာ တရုံ၊  အောင်ပန်းမှာ တရုံ ကြိုတင်ပြင်ဆင်ထားတယ်။

နောက်ပိုင်းမှာတော့ ကျနော်တို့က မင်္ဂလာဒုံမှာကို နှစ်ရုံ လုပ်လိုက်တယ်။ ဆေးရုံ ငါးရုံအထိ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်တယ်။ အရပ်ဘက် ဆေးရုံတွေအတွက် အထူးဆေးကုအဖွဲ့တွေ ဖွဲ့စည်းတာကိုလည်း ကျနော်တို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ တိုင်းနဲ့ ပြည်နယ်အလိုက် Focal ပေါ့၊ တိုင်းနဲ့ ပြည်နယ်အလိုက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနနဲ့  ပေါင်းစပ်လုပ်သွားမယ့်  ဆေးရုံတွေ သတ်မှတ်ခဲ့တယ်။ အားလုံး ၁၇ ရုံပါ။ ၁၇ ရုံကတော့ ကချင်ရယ်၊ ရှမ်းမှာဆို  မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းဆိုပြီး ခွဲထားတယ်။ နောက်ပြီး ရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အလိုက် အကုန်လုံး နေပြည်တော် ကောင်စီပါမယ်။ အားလုံး ၁၇ ခု ဖြစ်သွား မယ်။ အဲဒီ ၁၇ မှာ ရှိနေတဲ့ ကျနော်တို့ရဲ့  ဆေးရုံတပ်မှူးတွေ၊ စစ်မြေပြင် ဆေးတပ်ရင်းက တပ်မှူးတွေကို သတ်မှတ်ထားတဲ့ နေရာအလိုက် သူတို့ကို ဆောင်ရွက်ရမယ့် သူတွေ ဆိုပြီးတော့ ဆောင်ရွက်ထားတာ ဖြစ် ပါတယ်။

ပြီးရင် ကျနော်တို့က ဆရာဝန်၊ သူနာပြုအင်အားပေါ့။ လိမ္မော်ရောင်၊ အနီရောင်အဆင့်တွေအတွက် ဆရာဝန်၊ သူနာပြုအင်အားတွေ ဖွဲ့စည်းထားတာကို ကျနော် အသေးစိတ် ရှင်းလင်းခဲ့ပါတယ်။ ဒါတွေကတော့ ကျနော်တို့ စီမံချက်ရေးဆွဲပြီးတော့ ဆောင်ရွက်တာပါ။ အရှေ့မှာ  ဆောင်ရွက် နေတာကတော့ ကျနော်တို့အနေနဲ့ နောက်ဆုံးလုပ်ခဲ့တဲ့ သတင်း စာရှင်းလင်းပွဲမှာ  ပြောထား ခဲ့ပါတယ်။ ဖောင်ကြီးမှာ ဖွင့်ထားတဲ့ ကုသရေးဆေးရုံကို အယောက် ၄၀၊ အသုတ်  နှစ်သုတ်ကို ကျနော်တို့ လွှတ်နိုင်ဖို့အတွက် ဆောင်ရွက်ပေးခဲ့တယ်။ အယောက် ၄၀ အသုတ် နှစ်သုတ်မှာလည်း ပါဝင်တဲ့သူတွေ၊ ဘယ်သူတွေပါဝင်လဲဆိုတာကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ပါရဂူတွေကနေ စပြီးတော့ သူနာပြုအထိ ဘယ်နှစ်ယောက်စီ ပါဝင်လည်းဆိုတာကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ကျိုင်းတုံနဲ့ တီးတိန် ပြည်သူ့ဆေးရုံတွေကို လွှတ်ပြီး ဆောင်ရွက်ပေးခဲ့တာတွေလည်း ရှိပါတယ်။

နောက်ပြီးတော့ Quarantine တွေနဲ့  ပတ်သက်ပြီးတော့ ပြည်သူလူထုအတွက် နယ်မြေတိုင်းမှာ ကျနော်တို့က အခုနက ပြောတဲ့ နယ်မြေ ၁၇ ခုမှာ Quarantine Centre တွေ လုပ်ပေးထားတယ်။ လောလောဆယ် စောင့်ရှောက်မှုပေးနေတဲ့ Quarantine Centre တွေကတော့ လှိုင်မှာရှိတဲ့ Quarantine Centre ဖြစ်တဲ့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်း၊ နေပြည်တော်မှာရှိတဲ့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းတွေပါ။ အဲဒီစခန်းတွေမှာ ရှိတဲ့လူအရေအတွက်ကတော့ နေ့စဉ် သတင်းထုတ်ပြန်ပေးနေပါတယ်။

နောက်ပြီးတော့ ကျနော်တို့က ကိုဗစ်-၁၉ ကာကွယ် ကုသရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ တပ်မတော် ကြည်း၊ရေ၊လေ မိသားစုက ဆေးရုံတွေကို လှူဒါန်းတာတွေ အာဟာရ ကျွေးမွေးတာတွေ ရှိပါတယ်။ ပြီးရင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး အတွက်ကို တပ်မတော် တရပ်လုံးမှာရှိတဲ့ အရာရှိစစ်သည်တွေ၊ အရပ်သားအစားခန့်ဝန်ထမ်းတွေရဲ့ လစာငွေတွေ လှူဒါန်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးပါပြီ။ ဒါတွေကို ကျနော်တို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဒါတွေကိုလည်း လိုအပ်တဲ့ဟာတွေကို ထိထိရောက်ရောက်ကူညီနိုင်ဖို့အတွက် အသုံးပြုသွားမှာပါ။

နောက်တချက်ကတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနဲ့ ပတ်သက်ပြီး အမျိုးသား အဆင့် ဗဟိုကော်မတီရဲ့ အောက်မှာ ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှာ  တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးကိုယ်တိုင် ပါဝင်တယ်။ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။

မေး။        ။ တပ်မတော်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ် ကုသရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘယ်လိုပံ့ပိုးမှုတွေ လုပ်ထားလဲ။ ဘယ်လိုပူးပေါင်းဆောင် ရွက်မှုတွေ ရှိနေလဲဆိုတာ သိချင်ပါတယ်။

ဖြေ။        ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ အဲဒီမှာ ပြောပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး လူမျိုးမရွေး၊ ဘာသာမရွေးဘဲ အမျိုးသားရေး၊ နိုင်ငံအရေးဖြစ်တဲ့အတွက်ကြောင့်  ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပြီး ဖြစ်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်တွေ့ အကောင်အထည်ဖော်မှုကတော့ ကျိုင်းတုံမှာ NDAA  (မိုင်းလား) အဖွဲ့နဲ့  UWSA (ဝ) အဖွဲ့မှ တာဝန်ရှိသူတွေနဲ့  တွေ့ခဲ့တယ်။ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ  ထောက်ပံ့ပေးအပ်ခဲ့တယ်။ နောက်ပြီး အဲဒီဒေသတွေက ပြည်သူတွေကို  ဆေးဝန်ထမ်းအဖွဲ့တွေက သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ  ပြုလုပ်ပေးနေတယ်။ ဆက်လက်ပြီး ပြည်ပက ပြန်လာသူတွေနဲ့ ပတ်သက်ပြီးတော့လည်း အသိပညာပေး  ဟောပြောမှုတွေ ဆောင်ရွက်တာ၊ ပစ္စည်းလှူဒါန်းတာတွေ လုပ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး နိုင်ငံအရေး၊ အမျိုးသားရေး ဖြစ်တာကြောင့် EAOs အဖွဲ့တွေနဲ့လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ရောဂါ ရှာဖွေစမ်းသပ်ရေး မြန်ဆန်ဖို့အတွက် ကျိုင်းတုံမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး စမ်းသပ်စစ်ဆေးနိုင်တဲ့ စက်တလုံးကို ထားရှိပြီး စစ်ဆေးမှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီလိုလုပ်တဲ့အခါမှာတော့ ကျနော်တို့က ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနဲ့ အခြား လိုအပ်ချက်တွေ ဆောင်ရွက်ပေးနိုင်ဖို့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် တာဝန်ရှိသူ တွေနဲ့ ညှိနှိုင်းအစည်းအဝေး လုပ်ခဲ့တာ သတ္တမအကြိမ် ရှိခဲ့ပါပြီ။ အဲဒီ သတ္တမအကြိမ် ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဘာတွေလုပ်ဆောင်မယ်၊ ဘာတွေ လုပ်မယ်ဆိုတာကို ကျနော်တို့က လက် တွေ့ လုပ်ဆောင်နေပါတယ်။ ကိုဗစ် ကာကွယ်ရေးက EAOs မှ မဟုတ်ပါဘူး လူမျိုးမရွေး ဘာသာမရွေးပဲ ဆောင်ရွက်ပေးသွားမှာပါ။

မေး။        ။ ကိုဗစ်နဲ့ ပတ်သက်ပြီး တပ်မတော်ထဲမှာ ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ ဘာတွေ လုပ်ဆောင်ထား သလဲ ဆိုတာ ရှင်းပြပေးပါ။

ဖြေ။        ။ တပ်မတော်ထဲမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့သူ တဦးရှိတာကို ကျနော်တို့ သတင်းထုတ်ပြန်ခဲ့တယ်။ သူက ကျန်းမာရေး အခြေအနေ ကောင်းမွန်ပါတယ်။ သူ့ကို ရောဂါကုသမှု လုပ်ငန်း လမ်းညွှန်ချက်တွေအတိုင်း ရောဂါပိုးတွေ့ရှိရတဲ့ အတည်ပြု ကာလရက်မှ ၁၁ ရက် ပြည့်မြောက်ခဲ့တဲ့ မေ ၁၅ ရက်နဲ့ ၁၃ ရက် ပြည့်မြောက်ခဲ့တဲ့ မေ ၁၇ ရက်တွေမှာ  နှစ်ကြိမ်   ဓာတ်ခွဲစစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိခဲ့ပါဘူး။ ဒါကြောင့် သူ့ကို ပိုးကင်းစင်ကြောင်း ကျနော်တို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူ့ကို အခု လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ဆက်လုပ်ပေးထားပါတယ်။

သူက ရုံးဌာနတခုမှာ အမှုထမ်းတဲ့သူ ဖြစ်တာကြောင့် အဲဒီ ရုံးဌာနမှာရှိတဲ့ ဆက်စပ်တဲ့သူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်မှုတွေ  ပြုလုပ်ပြီး  ရောဂါ စစ်ဆေးမှုတွေ  ကျနော်တို့  ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးက ၃၆၀ ကျော်ကို စစ်ဆေးခဲ့တယ်။ နောက်ထပ် ၅၀ ကျော်ကို စစ်ဆေးခဲ့တယ်။ စစ်ဆေးခဲ့တဲ့ သူအားလုံး ရောဂါပိုးမတွေ့ရှိခဲ့ဘဲ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး သူတို့ကို အသွားအလာ ကန့်သတ် စောင့်ကြည့်မှုတွေ ဆက်လက်ပြုလုပ်ထား ပါတယ်။ ပြည်ပမှာ ဖြစ်တာကတော့ ရုရှားနိုင်ငံမှာ သင်တန်း တက်ရောက်နေတဲ့ တပ်မတော်ရဲ့ ပညာတော်သင် သင်တန်းသား ငါးဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တယ်။ လက်ရှိအချိန်မှာ အဲဒီအထဲက  လေးဦးက  ရောဂါ ပျောက်ကင်းသွားပြီဖြစ်ပြီး ကျန်တဲ့တဦးကလည်း ကျန်းမာရေးအခြေအနေ  ကောင်းမွန်လျက်ရှိပါတယ်။ အဲဒီသင်တန်းသား ငါးဦးနဲ့ ထိတွေ့ခဲ့တဲ့ တပ်မတော်ရဲ့ သင်တန်းသား အရာရှိ သုံးဦးကို စစ်ဆေးခဲ့ရာမှာတော့ သုံးဦးလုံးမှာ ရောဂါပိုး မတွေ့ရှိခဲ့ပါဘူး။

The post ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

ဦးအောင်ဆန်းမြင့်အား မေးမြန်းခြင်း
မေး ။        ။ KNPP အနေနဲ့ လက်ရှိ ကိုဗစ်နဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော်တို့နဲ့  ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သိချင်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်နေလဲဆိုတာကိုလည်း သိချင်ပါတယ်ဗျ။

ဖြေ ။         ။ ဒီလ ၃၀ ရက်နေ့မှာ သူတို့က စတင်ဖွဲ့စည်းလိုက်တယ်။ ကျနော်တို့ကို မေ ၅ ရက်နေ့မှာ စာတစောင် ပို့တယ်။ ၁၂ ရက်နေ့မှာ စာတစောင်ပို့တယ်။ သူတို့ လိပ်မူတဲ့ ပုံစံကတော့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးတယ်။ ကျနော်တို့အနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတဲ့ ပုံစံပါ။ တည့်ကြီးတော့ KNPP ကို ဖိတ်တာတော့ မရှိပါဘူး။ အဲဒါတချက်။ နောက်ပြီးတော့က ကျနော်တို့ ပြည်နယ်အစိုးရ အစည်းအဝေးမှာတော့ ကျနော်တို့ကို ပြည်နယ်အစိုးရကနေပြီးတော့မှ ကျန်းမာရေးလုပ်သားတွေအတွက် လိုအပ်မယ့် စမ်းသပ်စစ်ဆေးနိုင်ဖို့အတွက် ပစ္စည်းတွေ၊ အကူအညီတွေကို စာရင်းပြုစုပြီးတော့ တင်ပြလာနိုင်တယ်ဆိုတာ၊ အကူအညီပေးနိုင်တဲ့ အခြေအနေရှိပါက စီစဉ်ပေးမယ်လို့ ပြောတယ်လေ။ ကျနော်တို့က လစဉ် အစိုးရနဲ့ ပုံမှန်အစည်းအဝေးတွေတော့ ရှိတယ်။ ဒါပေမဲ့ အခုကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီအစည်းအဝေးက နည်းနည်းလေး ရွှေ့ဆိုင်းထားတော့ လူချင်းကတော့ မတွေ့ဖြစ်ဘူး။ မတွေ့ဖြစ်ဘူးဆိုတော့ လောလောဆယ် အစိုးရနဲ့ ညှိနှိုင်းတဲ့အပိုင်းမှာ မတ်လတုန်းက ကိုဗစ်နဲ့ ပတ်သက်ပြီး ကျနော် တို့ အထဲထဲမှာ လုပ်တယ်။ လုပ်တဲ့အချိန်မှာ ကျနော်တို့ တချို့ကျေးရွာတွေ ကြားထဲမှာပေါ့၊ မြို့နယ်တွေ ကြားထဲမှာ Lockdown လုပ်လိုက်တာ ရှိမယ်။ Lockdown လုပ်လိုက်တော့ ပြည်နယ်အစိုးရက ကျနော်တို့ကို ကန့်ကွက်စာ ပြန်ပေးတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်နယ်အစိုးရရဲ့ ကျန်းမာရေးဌာနက ညွှန်ကြားတဲ့အတိုင်းပဲ အားလုံးက လိုက်နာဆောင်ရွက်သွားဖို့ပါ။ အဲလိုဆိုတဲ့အခါကျတော့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲက မရှိသေးတော့  ချိတ်ဆက်မှုက နည်းနည်းလေး အားနည်းနေတယ်။

ဒါပေမဲ့ ကျနော်တို့ရဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေကတော့ သူတို့အထဲထဲမှာပေါ့၊ သူတို့ တတ်နိုင်သလောက် ကိုဗစ်တားဆီးရေးအတွက် ကျနော်တို့ ထိန်းချုပ်နယ်မြေတွေမှာ ကိုဗစ် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ အနည်းဆုံး ၁၈ ခုလောက်ဖွင့်ထားတယ်။ နောက် Mobile Clinic တွေလည်း ၅၇ ခုလောက်ရှိတယ်။ အဲဒီမှာတော့ ကိုဗစ်တားဆီးရေး လုပ်နေပါတယ်။ လောလောဆယ်တော့ ကယားပြည်နယ်က မတွေ့သေးဘူးဗျ။ အဲဒီလို စစ်ဆေးရေးဂိတ်တွေချပြီး စစ်ဆေးနေတာလည်း သံသယလူနာ မတွေ့သေးဘူး။  တကယ်လို့ တွေ့လို့ရှိရင် အစိုးရဆေးရုံတွေကို၊ ကျန်းမာရေးဌာနကို လွှဲပြောင်းပေးဖို့ကိုတော့ အစိုးရနဲ့  ညှိနှိုင်းထားတာ ရှိပါတယ်။ လက်တွေ့ကလည်း ကိုဗစ်လူနာက ကယားပြည်နယ်မှာလည်း မတွေ့သေးတော့ ကျနော်တို့ ချိန်ဆက်မှုက အဲလောက်ပဲ ရှိတယ်။ အစိုးရဆီက အကူအညီ အထောက်အပံ့တွေကတော့ ဒီနေ့အထိ ဘာမှမရသေးဘူး။ လောလောဆယ် ပြည်တွင်းထဲမှာ တခြားအဖွဲ့အစည်းတွေ NGOs တွေ၊ INGOs တွေနဲ့ ပူးတွဲပြီးမှ ကိုဗစ် ကာကွယ်တားဆီးရေးတွေကို လုပ်နေတာ ရှိပါတယ်။ ဒါပေမဲ့ သူတို့က အကန့်အသတ်နဲ့ ဖြစ်နေတယ်။ ဆိုလိုတာက အစိုးရက သူတို့ ထိန်းချုပ်နိုင်တဲ့ နယ်မြေထဲမှာပေါ့၊ ဥပမာဆို မြို့နဲ့နီးတဲ့ ဒေသတွေမှာဆိုရင် သူတို့ရဲ့ ကျန်းမာရေးဌာန အစီအစဉ်နဲ့ပဲ သူတို့လုပ်တယ်။ ကျနော်တို့ကို ပူးပေါင်းဆောင်ရွက်ဖို့ သူတို့ ဖိတ်ခေါ်တယ်။ အဲဒီပူးပေါင်းဆိုတဲ့ စကားလုံးကလည်း တော်တော်ခက်တယ်ဗျ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာကတည်းကပါ။ ပူးပေါင်းဆောင်ရွက်တယ်၊ ညှိနှိုင်း ဆောင်ရွက်တယ်ဆိုတဲ့စကားလုံးတွေက ကျနော်တို့ကပဲ ပူးပေါင်းရမယ်လိုမျိုး ဖြစ်နေတယ်။ တကယ်က ပူးပေါင်းဆိုတာ ကျနော်တို့ နားလည်တာက နှစ်ဖက် ပူးပေါင်းဆောင်ရွက်တာကို ပြောတာမျိုးပါ။ သူတို့ ပြောတာကတော့ သူတို့နဲ့ ပူးပေါင်းဆိုရင် သူတို့လုပ်တဲ့လုပ်ငန်းတွေကို ကျနော်တို့ သွားရောက်ပြီး ဝင်ရောက်ပါရမယ့် သဘောမျိုးပဲ။ အဲဒီလောက်ပဲ ဖြစ်နေတယ်။ ကျနော်တို့ လိုချင်တာက တကယ့်ပူးပေါင်းတဲ့ Cooperation ကို လိုချင်တာ။ အဲဒါလေးတခုကတော့ ပြည်တွင်းထဲမှာ ဖြစ်နေတာပါ။

ကျနော်တို့က အစိုးရနဲ့ ချိတ်ဆက်ဖို့ကတော့ ဒီနေ့ပဲ(မေ ၁၉ ရက်) စာပြန်ဖို့ရှိပါတယ်။ ရုံးက စာပြန်လိုက်ပြီလားတောင် မသိဘူး။ ကျနော်တို့ဆီမှာလည်း ကိုဗစ်တားဆီးရေးအဖွဲ့ကို တရားဝင် ဖွဲ့စည်းထားပြီဆိုတဲ့အကြောင်းကို သူတို့ကို ကျနော်တို့ က အကြောင်းကြားစာပါ။ အဲဒါ ပို့ပေးမယ့် အခြေအနေရှိပါတယ်။ လောလောဆယ်ကတော့ သူတို့နဲ့ ကျနော်တို့ ကြား ထိထိရောက်ရောက်၊ အွန်လိုင်းကဖြစ်စေ ဆွေးနွေးတာတော့ မရှိသေးပါဘူး။ ခုနက ပြောသလို ကျနော်တို့ ပြည်တွင်းမှာလည်း လုပ်နေတယ်။ နယ်စပ်မှာလည်း ကျနော်တို့ လုပ်နေတာတွေရှိပါတယ်။ ပြည်တွင်းမှာတော့ Quarantine Camp တွေဆိုတာ ကျနော်တို့ ထားလို့ မရဘူး။ Quarantine Camp အားလုံးက အစိုးရကပဲ အကုန်လုံး လုပ်ထားတာ ရှိပါတယ်။ မြို့နယ်အလိုက်တွေ Quarantine Camp တွေ လုပ်ထားတာ ရှိတယ်။ ဝင်လာတဲ့သူတွေကို သူတို့အစီအစဉ်နဲ့ သူတို့ လုပ်ထားတာ ရှိတယ်။ ကျနော်တို့ကတော့ ရောဂါစောင့်ကြည့်ရေးအတွက် ကျနော်တို့ ထိန်းချုပ်နယ်မြေတွေမှာ အဲဒါပဲ လုပ်နိုင်တယ်။ ပညာပေးအစီအစဉ်တွေ လုပ်နိုင်တယ်။ Quarantine Camp ကတော့ ကျနော်တို့ မရှိပါဘူး။ ပြည်ပက ပြန်လာတဲ့သူတွေ နယ်စပ်က ပြန်လာတဲ့သူတွေအားလုံးကို Quarantine Camp တွေ မြို့နယ်အလိုက် ပြည်နယ်အစိုးရက လုပ်ထားပါတယ်။ ကျနော်တို့ကတော့ ပညာပေးရေးနဲ့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ အထဲထဲမှာ ရှိတယ်။ နယ်စပ်မှာတော့ ကျနော်တို့ Quarantine Camp ရှိပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် မတ်လက စပြီးတော့ နယ်စပ်သွားလာမှုဂိတ်တွေကို ပိတ်လိုက်တယ်။ ကျနော်တို့ KNPP ကိုယ်တိုင် ပထမဆုံးပိတ်လိုက်တယ်။ ကျနော်တို့က မတ် ၁၈ ရက်နေ့မှာ ပိတ်လိုက်တယ်။ ထိုင်းအစိုးရကလည်း ၂၀ ရက်နေ့မှာ ထပ်ပိတ်တယ်ပေါ့။ အဲဒီအချိန်မှာ ပြည်တွင်းထဲကနေပြီးမှ ဒီဘက်ကို လာတဲ့သူတွေလည်း ကျန်နေတယ်။ ဒီဘက်ကနေ ပြည်တွင်းကို ပြန်တဲ့သူတွေလည်း တစ်နေတယ်။ ကျန်နေတဲ့အတွက် ကျနော်တို့က အစိုးရနဲ့ ညှိနှိုင်းလိုက်တယ်။ ညှိပြီးမှ လမကုန်ခင်ကြားထဲမှာ  ကျနော်တို့ တခေါက်ပေါ့။ ကျန်ခဲ့တဲ့သူတွေလည်း ပြန်ပို့လိုက်တယ်။ အထဲမှာ ကျန်ခဲ့တဲ့သူတွေလည်း ဒီဘက်ကို ပြန်လာခိုင်းတယ်။ အဲလိုမျိုး တခေါက်တော့ အစိုးရနဲ့ ညှိနှိုင်းပြီး လုပ်လိုက်ပါတယ်။ လုပ်ပြီးတဲ့နောက်ပိုင်းမှာ ထိုင်းမှာ အလုပ်သွားလုပ်တဲ့သူတွေ ကျနော်တို့ နယ်စပ်ကို ဝင်ရောက်လာတယ်။ အဲဒါကြောင့် နယ်စပ်စစ်ဆေးရေးဂိတ်တွေ လုပ်လိုက်တယ်။ Quarantine Camp တွေလည်း ဖွင့်ထားလိုက်တယ်။ လူက ၂၀၀ လောက်ပေါ့ ဝင်ရောက်လာတာကို ကျနော်တို့ လုပ်လိုက်တယ်။ နောက်ပြီး ဒုက္ခသည်စခန်းတွေလည်း ရှိတယ်။ နယ်စပ်ကနေပြီးမှ ကျနော်တို့ လူမျိုးတွေရဲ့ ကျေးရွာတွေလည်းရှိတယ်။ အဲဒါကြောင့် ကျနော်တို့ KNPP က ကာကွယ်တားဆီးရေးလုပ်ငန်းတွေ၊ ပညာပေးအစီအစဉ်တွေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ လုပ်လိုက်တယ်။ ဒီနေ့အချိန်ထိ ကျနော်တို့ လုပ်နေတယ်။ အစိုးရနဲ့တော့ ကျနော်တို့ အဖွဲ့အချင်းချင်း  စကားမပြောရသေးတဲ့အတွက် ကျနော်တို့ plan တွေကို သူတို့ကို ချပြဆွေးနွေးတာမရှိသေးဘူး။ သူတို့ကလည်း မေလကမှ သူတို့ လှုပ်ရှားမှုတွေ ဖြစ်လာတာကြောင့် သိပ်မကြာသေးတဲ့အတွက် ကျနော်တို့နဲ့ မထိတွေ့ရသေးတဲ့အတွက် မလုပ်ရသေးပါဘူး။

တပ်မတော်နဲ့ကလည်း တချက်ရှိတယ်ဗျ။ ကျနော်တို့ နယ်စပ် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပိတ်ပြီးတော့ လက်ကျန်လူတွေက လာနိုင်တယ်။ ထိုင်းမှာ ဗမာက လမ်းဖွင့်လိုက်ပြီဆိုရင် အများကြီးလာဖို့ ရှိသေးတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီမှာက၊ ထိုင်းမှာက လမ်းဖွင့်ပြီဆိုရင်တောင် စက်ရုံ အလုပ်ရုံတွေက ပြန်မလုပ်နိုင်သေးတော့ ကျနော်တို့လူတွေ တော်တော်ဒုက္ခရောက်တယ်။ ထိုင်းမှာ စားစရာမရှိ၊ ပြန်စရာမရှိ ဖြစ်နေတယ်။ အဲဒီလူတွေက နယ်စပ်ကနေ ပြန်လာမှာပဲ။ အဲဒီအတွက်လည်း Quarantine Camp တွေကို ကျနော်တို့ အဆင်သင့်လုပ်ထားတယ်။ နယ်စပ်မှာ စစ်ဆေးရေးဂိတ် လုပ်တဲ့အချိန်မှာ တပ်မတော်ကလည်း နယ်စပ်နဲ့နီးတဲ့စခန်း တခုမှာ သူတို့ နေရာချထားတဲ့ တပ်မတော်ကလူတွေက သူတို့ကလည်း ဘယ်လိုသတင်းရသွားလဲ မသိဘူး။ သူတို့ ဆင်းလာပြီးတော့ ကျနော်တို့ နယ်စပ်ဂိတ်ကို ဝင်လာပြီးမှ သူတို့လည်း ပူးပေါင်းဆောင်ရွက်မယ်။ သူတို့လည်း အစီအစဉ်ရှိတယ်ဆိုပြီးတော့ ကျနော်တို့ နယ်စပ်ဂိတ်ကို ဝင်လာတယ်။ လာတော့ အဲဒါတော့ ကျနော်တို့က မဖြစ်နိုင်ဘူး။ အဲဒီလိုမျိုးဆိုရင် သူတို့ရဲဘော်နဲ့ ကျနော်တို့ ရဲဘော်တွေ ရောထွေးကုန်မယ်။ ကျနော်တို့က မဖြစ်နိုင်ဘူး ပြောလိုက်တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ခင်ဇော်ဦးတို့ရဲ့ ကော်မတီကလည်း မဖွဲ့ရသေးဘူး။ မဖွဲ့ရသေးတဲ့အချိန်မှာ သူတို့ကလည်း ကျနော်တို့ လုပ်တာ ကြားတာနဲ့ ဆင်းလာတာ။ အဲဒါနဲ့ ကျနော်တို့  အောက်ခြေတပ်အချင်းချင်း ညှိပြီးမှ သူတို့ ပြန်တက်သွားတယ်။ အဲဒါတခုတော့ တပ်နဲ့ ကျနော်တို့ရှိတယ်။

အထဲထဲမှာတော့ မရှိဘူးပေါ့။ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကပဲ ပစ်ခတ်မှုတခု ဖြစ်ပြီးမှ အရပ်သားတဦး သေဆုံးသွားတယ်ဆိုတာ ဖြစ်ခဲ့တယ်။ အဲဒါမျိုးတွေ တပ်မတော်နဲ့တော့ ရှိတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းနေရတယ်။ သူတို့ကလည်း ကျနော်တို့ကို ကန့်ကွက်စာ ပို့ထားတယ်။ ကျနော်တို့က ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြန်ထားတဲ့ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့၊ ငြိမ်းချမ်းရေးအပေါ်မှာ အမြတ်မထုတ်ဖို့ဆိုတာတွေကို ကျနော်တို့က ဖောက်ဖျက်တယ်ဆိုတာပါ။ အဲဒီလို သဘောတူညီချက်ထားတယ်ဆိုတာ ကျနော်တို့က ဘယ်တုန်းက သဘောတူထားလို့လဲ။ သူတို့က တဖက်သတ်စွပ်စွဲလိုက်တာက လမ်းခင်းနေတဲ့ အရပ်သားတဦး သေဆုံးသွားတယ်။ ကျနော်တို့က သဘောတူထားတဲ့အချက်တွေ ချိုးဖောက်တယ်။ ပြီးတော့ ကျနော်တို့က စတင်ပစ်ခတ်တယ်။ အဲလိုမျိုးတွေ စွပ်စွဲတယ်။ အမှန်တကယ်က သူတို့က တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာလိုက်တယ်ဆိုလို့ရှိရင် ရှင်းရှင်းလင်းလင်း တဖက်သတ် အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့လိုတယ်။ အခု ကျနော်တို့ ကြုံတွေ့နေရတာက အပစ်အခတ်ရပ်စဲရေး ကြေညာပြီးရင် သူတို့က နယ်မြေစိုးမိုးရေးကို  မသိမသာနဲ့ လုပ်လာတာတွေ ရှိတယ်။ KNU မှာလည်း အဲဒီလိုပဲ။ ၂၀၁၈၊ ဒီဇင်ဘာ ၂၁ ရက်တုန်းက သူတို့ အပစ်အခတ်ရပ်စဲရေးလုပ်တုန်းကလည်း သူတို့က ကျနော်တို့ဆီမှာ တပ်စခန်း လေးခုလောက် လာချလိုက်တာ။ အဲလိုမျိုး ဖြစ်ခဲ့တယ်။ အခုလည်း အပစ်အခတ်ရပ်စဲရေး ၉ ရက်နေ့က ကြေညာတယ်။ အခု ၁၆ ရက်နေ့မှာကျတော့ ကျနော်တို့ကို အကြောင်းမကြားဘဲနဲ့ ကျနော်တို့ တပ်ဖွဲ့တွေ အခြေပြုထားတဲ့ နယ်မြေကို တက်သွားတော့ ထိတွေ့မှုဖြစ်သွားတာပေါ့။ တက်သွားတဲ့အချိန်မှာလည်း အရပ်သားသေသွားတဲ့ကိစ္စကို လွှတ်တော်အမတ်တွေကနေ စွပ်စွဲတာ ရှိတယ်။ ဖြစ်စဉ်က အဲဒီနေ့က လွှတ်တော်အမတ်တွေက အဲဒီရွာဘက်တွေ သွားမယ်ဆိုပြီးတော့ ကျနော်တို့ ဆက်ဆံရေးရုံးကို ခွင့်တောင်းတာ ရှစ်ဦးပါ။ ကျနော်တို့က မေးတယ်၊ တပ်တွေ၊ ရဲတွေ ပါမလားဆိုတာကို။ မပါဘူးဆိုပြီးမှ သူတို့ တက်လာတော့ ကျနော်တို့ ရဲဘော်တွေက ကားတွေကို စစ်ဆေးတာ။ နောက်ကနေ တပ်တွေ၊ ရဲတွေက ကားတွေနဲ့ တက်လာတယ်။ တက်လာတော့ ထိတွေ့မှုတွေ ဖြစ်တာပေါ့။ အခု အရပ်သား သေတယ်ဆိုတာကလည်း လွှတ်တော်အမတ်တွေ ခေါ်လာတဲ့ ကားသမား ထိသွားတာပါ။ နောက်ပြီးကျတော့ လှုပ်ရှားမှုတိုင်းမှာ နှစ်ဖက်ကို သုံးရက် ကြိုတင်အကြောင်းကြားဖို့ပါ။ ဒါလည်း သူတို့ကပဲ ဖောက်တာပါ။ နောက်ပြီးမှ သူတို့ သုံးနှုန်းထားတာလည်း ရှိတယ်။ သူတို့ နယ်မြေစိုးမိုးမှုအတွက် လှုပ်ရှားနေတဲ့စစ်ကြောင်းဆိုတာကလည်း အပစ်အခတ်ရပ်စဲရေး ကြေညာပြီးရင် နယ်မြေစိုးမိုးမှု လှုပ်ရှားဖို့ လိုသလားဆိုတာကိုပါ။ အရင် ၂၀၁၈၊ ၂၀၁၉ တုန်းကလည်း ကျနော်တို့မှာ အဲဒါမျိုးတွေ အတွေ့အကြုံ ရှိပါတယ်။ တပ်မတော်နဲ့ ကျနော်တို့ကြား ထိတွေ့မှုကတော့ အဲဒါလေးပါ။ ဒီကိစ္စကိုလည်း ထပ်မံမဖြစ်ပွားအောင် ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ညှိနှိုင်းနေပါတယ်။

မေး။            ။ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ရော KNPP အနေနဲ့ ကိုဗစ် ကာကွယ် ထိန်းချုပ်ရေး လုပ်ဆောင်မှုတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေလဲဆိုတာကို သိချင်ပါတယ်။

ဖြေ။            ။ အစိုးရက အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးတာတွေ စနေပါပြီ။ အဲဒီလိုပဲ ကျနော်တို့ကလည်း အပစ်ရပ်ထားတဲ့အဖွဲ့ ၁၀ ဖွဲ့နဲ့ မကြာခဏဆွေးနွေးမှုတွေ ရှိပါတယ်။ အရင်ကတော့ လူကိုယ်တိုင်တွေ့တယ်။ အခုတော့ အွန်လိုင်းကတဆင့် ကျနော်တို့အနေနဲ့ ကိုဗစ်တင်မကဘူး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဘယ်လိုတွေ ပါဝင်နိုင်မလဲဆိုတာကို အမြဲထိတွေ့ ဆွေးနွေးနေပါတယ်။ သူတို့လည်း အစိုးရနဲ့ ဆွေးနွေးရင်း ရရှိတဲ့အချက်တွေကို ကျနော်တို့ဆီ အမြဲပို့ပေးပါတယ်။ ဒါကတော့ တခြား တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတယ်။ အခြေအနေတွေကိုလည်း အချိန်နဲ့တပြေးညီ လုပ်ကြပါတယ်။ ပြည်တွင်းက တခြားလက်နက်ကိုင်တွေနဲ့လည်း ချိတ်ဆက်လုပ်ပါတယ်။ အခုဆိုရင် ကိုဗစ် တားဆီးရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ၊ ပညာပေးအစီအစဉ်တွေကို ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ ကျန်းမာရေးဌာနနဲ့ KNPP ရဲ့ ကျန်းမာရေးဌာန ပူးပေါင်းပြီး လုပ်နေပါတယ်။

မေး ။           ။ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး KNPP ရဲ့ နယ်မြေအတွင်း လက်ရှိအခြေအနေနဲ့ ဘယ်လိုကာကွယ်ထိန်းချုပ်မှုတွေ လုပ်ဆောင်ထားသလဲ ဆိုတာကို သိချင်ပါတယ်။

ဖြေ ။            ။ကျနော်တို့ကတော့ မတ်လကုန်ခါနီးကတည်းက စပြီးတော့ ကိုဗစ်ကာကွယ်တားဆီးရေး လုပ်ငန်းကို လုပ်တယ်ပေါ့။ ပြည်တွင်းမှာကတော့ KNPP ရဲ့ ကျန်းမာရေးဌာနက လုပ်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကျန်းမာရေးဌာနတွေ ပူးပေါင်းထားတဲ့ CHDN(Civic Health Development Network)ဆိုတာ ဖွဲ့ထားတယ်။ အဲဒီဖွဲ့ထားတဲ့ အဖွဲ့နေပြီးမှ ကျနော်တို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ လုပ်တယ်။ နောက်ပြီး ကိုဗစ် တားဆီးကာကွယ်ရေးပညာပေးရေး လုပ်ငန်းတွေ၊ သတင်းအချက်အလက် မျှဝေခြင်း လုပ်ငန်းတွေကို ကျနော်တို့ ထိန်းချုပ်နယ်မြေမှာလည်း လုပ်တယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ကယန်းပြည်သစ်ပါတီကလည်း ပါတယ်ဆိုတော့ ကယန်း youth တို့လည်း ပါဝင်ပြီး ကယန်းဒေသမှာ ထပ်ပြီးတော့ လုပ်တယ်။ ထူးခြားတဲ့အချက်ကတော့ ကာကွယ်တားဆီးရေး ကျန်းမာရေးစစ်ဆေးရေး ဂိတ်တွေနဲ့ ပညာပေးအစီအစဉ်တွေပဲ လုပ်နိုင်တယ်။ Quarantine တွေကတော့ အစိုးရကပဲ သူတို့မြို့နယ်အလိုက် လုပ်ထားတာ ရှိပါတယ်။ ကျနော်တို့ကတော့ အထဲထဲမှာ Quarantine Camp တွေ မလုပ်နိုင်ဘူး။ ဒါပေမဲ့ နယ်စပ်မှာတော့ Quarantine Camp တွေပါ ကျနော်တို့ လုပ်နိုင်တယ်။ နောက်ပြီးတော့ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွေရော ပညာပေးအစီအစဉ်တွေ အကုန်လုံးကို မတ်လကုန်ကတည်းက လက်ရှိအချိန်ထိ ကျနော်တို့ လုပ်နေပါတယ်။ နယ်စပ်မှာတော့ ထိုင်းက ပြန်လာတဲ့ အလုပ်သမားတွေ၊ သူတို့လည်း အခက်အခဲ  တော်တော်ဖြစ်နေတာ။ လမ်းမပိတ်ခင် စပ်ကြားမှာ ပြန်လာတာ ၂၀၀ လောက်ရှိပါတယ်။ သူတို့ကို Quarantine Camp တွေမှာ ထားထားတယ်။ နောက် ကျနော်တို့ အဖွဲ့ဝင်တွေအတွက်လည်း Quarantine Camp တခု ပြင်ဆင်ထားပါတယ်။ ပြည်နယ်မှာလည်း ရောဂါသံသယလူနာ မတွေ့ရသေးဘူး။ ထိုင်းနယ်စပ်မှာလည်း မတွေ့ရသေးဘူး။  လောလောဆယ်ကတော့ နယ်စပ်တကြောမှာလည်း အထူးဂရုစိုက်ပြီးတော့မှ ကျန်းမာရေး စစ်ဆေးမှုတွေ၊ ပညာပေးအစီအစဉ်တွေ ဒီနေ့အချိန်အထိ ဆက်တိုက်လုပ်နေပါတယ်။

The post ဦးအောင်ဆန်းမြင့်အား မေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

နိုင်အောင်မငေးအား မေးမြန်းခြင်း
မေး။           ။ မွန်ပြည်သစ်ပါတီအနေနဲ့  ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အစိုးရ၊ တပ်မတော်တို့နဲ့  ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သိချင်ပါတယ်။

ဖြေ ။          ။ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက သုံးပိုင်း ရှိတယ်ဗျ။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်း  ဆောင်ရွက်မှုက တပိုင်း၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုက တပိုင်း၊ နောက်ပြီး အစိုးရက ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေးကော်မတီနဲ့က တပိုင်းပါ။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘာပဲလုပ်လုပ် ပြည်နယ်အစိုးရ ရဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကတဆင့် သူတို့က အကြောင်းကြားတယ်။ အကောင်အထည်ဖော်မှုတွေ လုပ်ကြတယ်။ အများဆုံးကတော့ ကုသရေးပိုင်းမှာဆိုရင် ကျနော်တို့က လုံနယ်ဝန်ကြီးကတဆင့် သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးဌာနနဲ့၊ ဆေးရုံနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးပို့ဆောင်နိုင်အောင်၊ နောက်ပြီး ကျနော်တို့ ပို့တဲ့ လူနာကို အမြန်ဆုံးလက်ခံပြီးတော့ စီစဉ်ဆောင်ရွက်ပေးဖို့ ကိစ္စတွေပါ။ ဥပမာဆိုရင်  ရေးမြို့ဆေးရုံကတဆင့်  မော်လမြိုင်ဆေးရုံကို ပြောင်းပြီးတော့ ကုသတဲ့ပုံစံမျိုးပါ။ အဲဒါကိုလည်း လုံနယ်ဝန်ကြီးကတဆင့် ပြည်နယ်အ စိုးရအစီအစဉ်နဲ့ လုပ်ထားတာ ရှိပါတယ်။ ပြည်နယ်အစိုးရကလည်း ကျနော်တို့ကို ကိုဗစ်ဆိုင်ရာ ကူညီ  ထောက်ပံ့မှုပစ္စည်းတွေ ပေးထားတာ ရှိပါတယ်။ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကတဆင့်၊ မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌကတဆင့်လည်း ကျနော်တို့ ဒေသကို လာပြီးတော့ ကူညီပံ့ပိုးမှုတွေ ရှိပါတယ်။ ဒါကတော့ ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်အဆင့် ပူးပေါင်းဆောင်ရွက်မှုတွေပါ။

နောက်တခုက တပ်မတော်အခန်းကဏ္ဍပါ။ တပ်မတော်ဘက်ကကျတော့ ကျနော်တို့ သွားလုပ်တဲ့ ပညာပေးရေး အစီအစဉ်တွေရယ်၊ အဲဒါတွေက လက်ဆေးဖို့ ကိစ္စ၊ Hand Gel သုံးဖို့ ကိစ္စ၊ အဝင်အထွက်ကိစ္စတွေကိုပါ။ အဲဒါ  တွေကို ဘယ်လိုစိစစ်မယ်ဆိုတာပါ။ အစိုးရအုပ်ချုပ်မှုနေရာတွေထဲမှာ ကျနော်တို့ တခါတလေ ပညာပေးမှု သွားလုပ်တာ ရှိတယ်၊ အကူအညီပေးမှု သွားလုပ်တာ ရှိတယ်။ အဲဒါတွေကို သက်ဆိုင်ရာ တပ်မတော် တပ်ရင်း တပ်ဖွဲ့တွေကို အကြောင်းကြားပြီးတော့ လုပ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး  အောင်စိုးက ကျနော်တို့ကို တွေ့ဆုံတယ်။ ဘာအကူအညီပေးရမလဲဆိုတာ ကျနော်တို့ ပြောကြတယ်။ လိုအပ်တဲ့ အကူအညီတွေကို ကျနော်တို့ တင်ပြတယ်။ ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ ၁၆ ရက်နေ့မှာ သိန်းတရာနီးပါး ရှိတဲ့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေဖြစ်တဲ့ Hand Gel တွေ၊ PPE ဝတ်စုံ ၂၀၀၊ လက်ဆေးဆပ်ပြာရည်၊ ပိုး သတ်ဆေးရည်စတာတွေကို ကာကွယ်ရေးဦးစီးချုပ်က ကျနော်တို့ကို ပေးထားတာတွေပါ။ အဲဒါတွေကို ရတခမှာ ကျနော်တို့ လက်ခံယူခဲ့တယ်။ နောက်ပြီး ကျနော်တို့က ဒီဒေသမှာရှိတဲ့ ပြည်သူလူထုရဲ့ အခက်အခဲကို  ကျော်ဖြတ်ဖို့အတွက် ပံ့ပိုးပေးပါလို့ တင်ပြထားတာ ရှိတယ်။ ဒါကတော့ ဘယ်တော့ ပေးမယ်မသိဘူး။ အခုထိတော့ ပေးလာတာတော့ မရှိသေးပါဘူး။

နောက်ပြီး နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ ညှိနှိုင်းရေးအဖွဲ့နဲ့ ပြီးခဲ့တဲ့ ၁၂ ရက်နေ့က ကျနော်တို့ တွေ့တယ်။ တွေ့တဲ့အခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကိစ္စ၊ ကုသလူနာကို ဘယ်လိုပို့ဖို့ စီစဉ်မလဲကိစ္စ၊ နောက်ပြီး ကျနော်တို့ အချင်းချင်း ခရီးသွားရာဇဝင်တွေ Format တူညီဖို့ ကိစ္စ၊ ပြည်ပကနေ ဝင်လာတဲ့သူတွေကို ဘယ်လိုအစီအစဉ်နဲ့ ထားရှိသလဲ၊ ပြီးတော့ Quarantine ကို ဘယ်လို ထားလဲရယ် စစ်ဆေးဖို့ အစီအစဉ် ဘယ်လိုရှိလဲရယ် အဲဒါတွေကို ကျနော်တို့ ဆွေးနွေးကြတယ်။ နောက်ပြီး နိုင်ငံတကာအကူအညီကို ကျနော်တို့ ဘယ်လိုလုပ် ရယူနိုင်မလဲ၊ လက်ခံနိုင်မလဲဆိုတာကိုလည်း နိုင်ငံတော်ရဲ့ အဆိုပြုချက် သုံးချက် ရှိတယ်။ အဲဒီသုံးချက်ထဲက အဆိုပြုချက် နံပါတ်တစ်ဖြစ်တဲ့ အစိုးရရယ်၊ ကျနော်တို့ရယ်၊ NGO၊ INGO သုံးဘက်ပေါင်းပြီး ဆွေးနွေးပြီးတော့ ပူးပေါင်းဆောင်ရွက်မှု အကူအညီပေးရေးကိစ္စကိုပါ။ ဒါက Project ကြီးတဲ့ ကိစ္စဆိုရင်တော့ အဲဒီလိုပုံစံနဲ့ သွားမယ်။ Project ငယ်တဲ့ ကိစ္စမှာတော့ ကျနော်တို့က လူမှုအဖွဲ့ အစည်းကနေ ရယူသွားမယ်ဆိုတာကို ကျနော်တို့ အမြင်ထားရှိခဲ့ပါတယ်။ အခုကိစ္စရော ကိုဗစ်အလွန်မှာ ဘယ်လိုကုစားနိုင်မလဲ၊ အခက်အခဲစိန်ခေါ်မှုကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာတွေ အဓိကအားဖြင့် ကျနော်တို့နေရာဆိုရင် ပြည်တော်ပြန်အလုပ်သမားတွေ အများအပြား ဝင်ရောက်လာမယ်၊ အလုပ်လက်မဲ့  ပြဿနာတွေ ရှိလာမယ်။ ကျနော်တို့ ထိန်းချုပ်ဒေသက ဆန်၊ ဆီ၊ ဆား အဓိကရိက္ခာမရှိဘူး။ ခြံထွက်ပစ္စည်း  တွေပဲ ရှိတဲ့အတွက် မိုးရာသီအမီ ဘယ်လိုစုဆောင်းမလဲ၊ ရရှိဖို့ ဘယ်လိုစီစဉ်ထားရမလဲ။ ကျနော်တို့ ဒါကို သက်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို  တင်ပြတယ်။ သက်ဆိုင်ရာ တပ်မတော်အဖွဲ့အစည်းကိုလည်း တင်ပြတယ်။ နောက်ပြီး ပြည်နယ်အစိုးရကတဆင့် ကျနော်တို့ကို နိုင်ငံတော်အစိုးရက ဝေမျှနေတဲ့ ဒီရိက္ခာတွေ ထုတ်ပေးဖို့ကိစ္စက ကျနော်တို့ ထိန်းချုပ်ဧရိယာမှာ အခုထက်ထိ ရရှိထားတာ၊ လက်ခံထားတာ မရှိသေးပါဘူး။ ကိုဗစ်ကာကွယ်ရေးပစ္စည်းပဲ ရှိတယ်။ အခြေခံရိက္ခာထုတ်ပေးထားတာ မရှိသေးတော့ ကျနော်တို့လည်း ဒီကာလကို ကျော်ဖြတ်ဖို့အတွက် တော်တော်လေးခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတော့  တောင့်ခံထား တုန်းပဲ။ အခုထိတော့ ဘာမှ အဖြေကြားတာ မရှိဘူး။ ညှိနှိုင်းရေးကော်မတီကတော့ ကျနော်တို့ကို ချိန်းထားတယ်။ လာမယ့် တနင်္လာနေ့(မေ ၂၅ ရက်)မှာ ကျနော်တို့ကို ညှိနှိုင်းရေးကော်မတီက NRPC ရုံးမှာ ကိုဗစ်ဆိုင်ရာပစ္စည်းတွေ ပေးအပ်ဖို့ ဖိတ်ထားတယ်။ ဘာပစ္စည်းတွေ ပါမလဲဆိုတာတော့ ကျနော်တို့လည်း အသေးစိတ်မသိရသေးဘူး။ အဲဒီနေ့မှာပဲ ဘယ်ပစ္စည်းတွေ ဘယ်လိုပါမလဲဆိုတာ တိတိကျကျသိရမှာပါ။

မေး။           ။ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရော မွန်ပြည်သစ်ပါတီအနေနဲ့ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး လုပ်ဆောင်မှုတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေလဲခင်ဗျ။

ဖြေ ။          ။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အချင်းချင်းက ညှိနှိုင်းရေးကော်မတီနဲ့ မတွေ့ခင်ကတည်းက အစိုးရနဲ့ တွေ့တဲ့အခါကျ ဘယ်လိုပြောမလဲ၊ ဘယ်လိုမူဝါဒတွေ ချမလဲ ယေဘူယျသဘောထားတွေကို ညှိနှိုင်း တိုင်ပင်မှုတွေ ရှိခဲ့တယ်။ ဒီစစ်ဆေးရေးနေရာတွေ၊ Quarantine ထားတဲ့နေရာတွေကတော့ ကျနော်တို့ဆိုရင် KNU ရဲ့ ဒေသနဲ့ ထိစပ်မှုရှိတဲ့ ထပ်နေတဲ့ နေရာတွေ ရှိတယ်။ ဒါပေမဲ့ ကိုဗစ်အရေးမှာတော့ ဘာပြဿနာမှ မရှိပါဘူး။ နောက်ပြီးတော့ တကယ်ထပ်တဲ့နေရာကလည်း ရှိတော့ ရှိပေမဲ့ ကွဲကွဲပြားပြား ရှိတဲ့အတွက် ဒီကိစ္စကိုတော့ အငြင်းပွားမှုမရှိဘဲ အတူတူပူးပေါင်းဆောင်ရွက်ဖို့ ပြောထားကြပါတယ်။ ကိုဗစ်အပိုင်းမှာတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ကွဲပြားမှုမရှိဘဲ အတူတူပူးပေါင်းဆောင်ရွက်ကြပါတယ်။

မေး။           ။ မွန်ပြည်သစ်ပါတီရဲ့ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုနဲ့ ဒေသတွင်း လိုအပ်ချက်တွေကိုလည်း ပြောပြပေးပါခင်ဗျ။

ဖြေ ။          ။ ကျနော်တို့က ပြီးခဲ့တဲ့ ကိုဗစ်ရောဂါစပေါ်ကတည်းက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ အစည်းအဝေးထိုင်တယ်။ ပြီးတော့ မတ်လကုန်မှာ ထိုင်ပြီးတော့ ဧပြီလမှာ ဗဟိုအဆင့် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီတရပ်ကို ဖွဲ့စည်းလိုက်တယ်။ CEC နှစ်ယောက်နဲ့ CC တွေ၊ ကျန်းမာရေးဌာန ပညာရေး ဌာနတွေ စုဖွဲ့ပြီးတော့ ၁၆ ဦးပါတဲ့ ဗဟိုအဆင့်ကော်မတီကို ဖွဲ့စည်းလိုက်တယ်။ ဧပြီလမှာ ကျနော်တို့ ကိုယ့်ဒေသ ကိုယ့်ပုံစံနဲ့ ဒေသခံပြည်သူတွေနဲ့ ပေါင်းပြီးတော့ Quarantine ထားတဲ့နေရာတွေကို ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းထားတယ်။ အဲဒီအခြေအနေကတော့ ကျနော်တို့က ဧပြီလကုန်မှာ ဒါကို နည်းနည်းပြန်ချုံ့ လိုက်တယ်။ တိုက်နယ်အဆင့် ထားပြီးတော့ Quarantine ထားတဲ့နေရာတွေက ၁၂ နေရာ၊ စစ်ဆေးရေးနေရာက ၁၈ နေရာထားပြီးတော့ လုပ်ဆောင်ပါတယ်။  ကျနော်တို့ရဲ့ အဓိက လုပ်ငန်းကြီး လေးရပ်ဖြစ်တဲ့ ပညာပေးရေး လုပ်ငန်းရယ်၊ သံသယ ရှိလူနာကို အချိန်မီ နီးစပ်ရာ ဆေးရုံကို ပို့ဆောင်တဲ့လုပ်ငန်းရယ်၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းရယ်၊ နိုင်ငံခြားက အကူအညီရော အစိုးရအကူအညီရော၊ လူမှုအဖွဲ့အစည်းရဲ့ အကူအညီရော၊ NGO အကူအညီရော၊ အကူအညီရရှိရေး လုပ်ငန်းကို ဗဟိုအဆင့်ကော်မတီအောက်မှာ အဖွဲ့ လေးခုဖွဲ့ပြီး လုပ်ထားပါတယ်။ စိန်ခေါ်မှုကြီးကြီးကတော့၊ အခုက လူမှုအဖွဲ့အစည်းနဲ့ ပေါင်းပြီး အစိုးရရော တပ်မတော်ရောကပါ ပေးထားတဲ့ပစ္စည်းတွေကြောင့် ကိုဗစ်ကာကွယ်ရေးကိစ္စမှာတော့ လုံလောက်သလောက် ရှိနေပါပြီ။ ဒါပေမဲ့ ရိက္ခာအတွက်တော့ စိုးရိမ်ပူပန်မှုက အခုထိ ရှိနေတုန်းပါပဲ။ ရိက္ခာအတွက် ထိထိရောက်ရောက် လာကူညီပေးမယ့်အဖွဲ့အစည်းက အစိုးရကအစ အခုထိ မရှိသေးတော့ ရှေ့ဆက်သွားဖို့ အခက်အခဲကြီးမားမယ်လို့ ထင်ပါတယ်။

The post နိုင်အောင်မငေးအား မေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

ပဒိုစောဆဲပွယ် (KNU) အား မေးမြန်းခြင်း
မေး။        ပထမဦးဆုံးမေးခွန်းက ကိုဗစ်–၁၉ ရောဂါကာကွယ်ရေးထိန်းချုပ်ရေးအတွက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လုပ်မယ်ဆိုတဲ့ အခါမှာ ဘယ်လိုအချက်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီလဲဆိုတာပါ ခင်ဗျ။

ဖြေ။       ပူးပေါင်းဆောင်ရွက်မယ်လို့ဆိုတာကတော့ နေရာတွေပေါ့နော်။ အဓိကတချက်ကတော့ ကျနော်တို့ဆီမှာ ပစ္စည်းပစ္စယ ဘယ်လိုတွေ ရှိလဲ။ သူတို့ဆီမှာလည်း ပစ္စည်းပစ္စယတွေ ဘယ်လိုထောက်ပံ့နိုင်လဲ ဆိုတာတွေကို ဆွေးနွေးတယ်။ အဲဒါက တခုပေါ့။

လောလောဆယ် ကျနော်တို့ဆီမှာက မလိုသေးတော့ “ကျနော်တို့ကတော့ မလိုသေးဘူး” ဆိုတာကို တင်ပြတယ်။ လိုမှပဲ ညှိနှိုင်းဆောင်ရွက်ကြမယ်ဆိုတာ တခုပါတယ်။ နောက်တခုကတော့ အကယ်၍ ရွှေ့ပြောင်းအလုပ်သမား တွေပေါ့ဗျာ၊ အထူးသဖြင့် ထိုင်းနိုင်ငံကပေါ့၊ သူတို့ ပြန်လာကြမယ်ဆိုရင် ကျနော်တို့ နယ်စပ်ဂိတ်ကို၊ မြဝတီတို့ ဘာတို့လိုက မဝင်ဘဲ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ထိန်းချုပ်နယ်မြေ၊ အဲဒီကဂိတ်တွေကို ဖြတ်ပြီးတော့ လာခဲ့မယ်ဆိုရင် အပြန်အလှန်သတင်းပေးပြီးတော့ ဖလှယ်ကြဖို့၊ လောလောဆယ်တော့ အဲဒီလောက်ပဲ ရှိပါတယ်။ ကျန်တဲ့ စမ်းသပ်ရေးတို့၊ ကုသရေး တို့အပိုင်းတွေမှာက ဒီမှာလည်း မတွေ့သေးတော့ လိုအပ်ရင် လိုအပ်သလိုပဲ ညှိနှိုင်းသွားမယ်ဆိုပြီး ရှိပါတယ်။

ကျနော်တို့ရဲ့ လုံခြုံရေးကိစ္စကတော့ ဆရာတို့ ကြားပြီးသလိုပါပဲ။ ဥပမာ တပ်မဟာ – ၅ မှာ (ဖြစ်ပွားခဲ့တဲ့) ပစ်ခတ်မှု လိုမျိုး ဟာတွေကတော့ လုပ်ပိုင်ခွင့်ထက်ရော၊ လုပ်နိုင်ခွင့်ထက်ရော ကျော်လွန်သွားတယ်။ အခု ကျနော်တို့ဘက်ကတော့ ကျန်းမာရေးကိစ္စကိုပဲ ဦးတည်ပြီး ဆွေးနွေးပါတယ်။ တပ်ပိုင်းဆိုင်ရာ အပိုင်းတွေ ကတော့ သူ့ဘာသာသူ သွားပါလိမ့်မယ်။

မေး။     ကျနော်သတိထားမိသလောက်က မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာ တွေ့နေရပေမယ့်လည်း ကရင်ပြည် နယ်မှာတော့ ခုချိန်အထိ စာရင်းတယောက်မှ မတွေ့သေးဘူးဗျ။ အဲဒီတော့ ဆရာတို့ ထိန်းချုပ် ထားတဲ့ နယ်မြေမှာရော စောင့်ကြည့်တဲ့ စခန်းတွေ လုပ်ထားတာရှိလား၊ ပြန်ဝင်လာတဲ့ လူတွေကို လက်ခံတာ၊ စောင့်ကြည့်တာ စခန်းမျိုးတွေ ရှိလားဗျ။

ဖြေ။      ဟုတ်ကဲ့၊ ကျနော်တို့ နယ်မြေပေါ့နော်၊ သူတို့ခေါ်တဲ့ Screening Point ပေါ့၊ စိစစ်ဖို့အတွက် နေရာတွေ ချထားတာရှိ တယ်။ ကျနော်တို့နယ်မြေရဲ့ ခရိုင် ခုနစ်ခု။ တောင်ငူကနေစပြီးတော့ တနင်္သာရီတိုင်းအထိ အဲ့ဒီမှာ Screening Point ၄၉ ခုကိုတော့ ကျနော်တို့ ချထားတယ်။ ထပ်ပြီးတော့ အချို့နေရာမှာလည်း တိုးချဲ့ဖို့ဖြစ်တော့ ၆၀ ကျော်လောက် အထိ ဖြစ် သွားမယ်။ အထူးသဖြင့် အဝေးက လာတဲ့လူတွေ၊ ဥပမာ ဘန်ကောက်ကတို့လို့က ပြန်လာတဲ့ လူတွေဖြစ်မယ်။ အခြား ရန်ကုန် တို့လို ဗမာပြည်အထက်ပိုင်းလာတဲ့ လူတွေ ဆိုရင်တော့ အဲ့ဒီနေရာတွေကတော့ ကန့်သတ်မှုတွေ ရှိကောင်းရှိမယ်။

WHO က ပြဌာန်းထားတဲ့ အတိုင်း ရောဂါလက္ခဏာ တခုခုရှိခဲ့မယ်ဆိုရင် သပ်သပ်ထားဖို့အတွက်၊ Quarantine ဖို့အတွက် သပ်သပ်ပြင်ဆင်ထားတာမျိုးတွေလည်း ရှိတယ်။ အခုထက်ထိတော့ ကျနော်တို့နယ်မြေထဲမှာ ရောဂါပိုးကူးစက်ခံရသူ၊ ရောဂါပိုးရှိတဲ့သူ တယောက်မှ မတွေ့သေးဘူးခင်ဗျ။ ဒီနေမကောင်း ထိုင်မကောင်းဖြစ်လို့ ဆေးရုံကိုရောက်သွားတယ်၊ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်ဘက်မှာ ဆေးရုံကို ရောက်သွားတဲ့သူကိုတော့ မြန်မာအစိုးရက သူတို့ ကျေးလတ်ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီးတော့ နမူနာယူတယ်၊ နှာခေါင်းတို့ဖတ် နမူနာယူတာမျိုး ရှိမယ်။

မေး။      အထောက်အပံ့ပစ္စည်းတွေ ဘာမှ ရတာမျိုး ရှိပါသလား။

ဖြေ။       အဲ့ဒါလည်း မရှိသေးဘူး။ ဒါပေမဲ့ ဒီလို၊ အစိုးရဘက်က ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကို မဖွဲ့ခင်ကတည်းက အောက်ခြေမှာ၊ ကျနော်တို့ KNU နယ်မြေဘက်က  ကျန်းမာရေးဌာနက ကျန်းမာရေးဝန်ထမ်းတွေနဲ့ မြန်မာအစိုးရ ဘက်က ကျန်းမာရေးဝန်ထမ်းတွေ ချိတ်ဆက်ပြီးတော့၊ နဂိုကတည်းက ကျန်းမာရေးလုပ်ငန်းတွေကို ချိတ်ဆက်လုပ်ဆောင် ထားတာ တော့ ရှိတယ်။

မေး။      ကြားထဲမှာ တခုခုဖြစ်တဲ့အခါ အရေးပေါ်ခေါ်ဖို့ Hot line သဘောမျိုး ဆက်သွယ်ရေးရော ရှိလားဗျ။

ဖြေ။      သူတို့တော့ ဖုန်းနံပါတ်တွေ ပေးထားတယ်။ ကျနော်တို့ဆီမှာ E-Mail တွေ၊ Messenger တွေ စသည်အားဖြင့်တော့ ရှိတယ်။ အဲ့ဒီကိစ္စအတွက်ကတော့ နောက်ထပ်တွေ့တဲ့အခါကျရင် သီးသန့်ပေါ့နော်၊ ကျန်းမာရေး လုပ်ငန်းကို ဆောင်ရွက်မယ့်၊ အကောင်အထည်ဖော်မယ့် အဖွဲ့ကို သီးသန့်ထားရှိပါမယ်။ ယေဘုယျအားဖြင့် သီးသန့်ထားရှိမယ်။ အဲ့ဒီအခါ ကျမှပဲ လိုအပ်ရင် လိုအပ်သလိုရှိမယ်။ လောလောဆယ်ကတော့ အရင်ကသွားနေတဲ့ ပုံစံအတိုင်းပဲ။ အကယ်၍ မတော်တဆ သံသယလူနာတွေ တွေ့မယ်ဆိုရင် အရင်က ကျေးလက် ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်တယ်။ နောင် ဘယ်လိုချိတ်ဆက် မလဲဆိုတာကတော့ အဲ့ဒီအကောင်အထည်ဖော်မယ့်အဖွဲ့တွေက ဆက်လက်ဆွေးနွေးပါမယ်။

မေး။       နောက်တခုကတော့ ဒီလို တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု အချင်းချင်းကြားထဲမှာရော  ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုတွေ ရှိသလားဆိုတာပါ။

ဖြေ။      ဟုတ်တယ်။ တပ်ပေါင်းစုကြားထဲမှာလည်း ညှိနှိုင်းတာ ရှိပါတယ်။ ပထမဆုံး ကတော့ EAOs တွေ သူတို့ အချင်းချင်းဆွေးနွေးတယ်။ ဒီလိုအချင်းချင်းဆွေးနွေးပြီးတော့ EAOs တွေနဲ့ အခု နိုင်ငံတော်သမ္မတရုံးက အဖွဲ့ဖွဲ့ပေးလိုက်တဲ့၊ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ထပ်ပြီးတော့ ဆွေးနွေးတယ်။ အခြေခံကတော့ ခုနကလိုပါပဲ။ အဓိကကတော့ ကုသရေး၊ ထိန်းချုပ်ရေး၊ ပြီးတော့ အကူအညီစသည်ဖြင့် အဲဒီအပိုင်းတွေမှာ ဆွေးနွေးတာပဲ ရှိပါတယ်။ တခုရှိတာက ဒါက ပထမအကြိမ် ဖြစ်တယ်။ EAOs နဲ့ အရင်တွေ့တယ်။ EAOs ထဲကမှ ဥပမာ KNU နဲ့ တဖွဲ့ချင်း ထပ်တွေ့တာ တို့၊ အစဉ်မသင့်လို့ NMSP နဲ့ ချက်ချင်း တဖွဲ့ချင်း ဆက်တွေ့တာတို့၊ အခြားအဖွဲ့တွေနဲ့ တဖွဲ့ချင်း ထပ်တွေ့တာတို့ အဲဒါမျိုးတွေတော့ ရှိတယ်။ နောက်လိုအပ်ရင် လိုအပ်သလို တကြိမ်မက ဆက်ပြီး တွေ့ဖို့ဆိုတာကတော့ ရှိကောင်းရှိဦးမယ်။

မေး။      အခုလက်ရှိ အစိုးရနဲ့ ကိုဗစ်-၁၉ ပူးပေါင်းဆောင်ရွက်ရေးကို ပိုကောင်းအောင်လို့ဆိုရင် ဆရာတို့ အကြံပေးချင်တဲ့ အချက်တွေများ ရှိပါသလား။

ဖြေ။     လောလောဆယ် အလုပ်မစရသေးတော့ ကျနော်တို့ ပြောဖို့တော့ ခက်တာပေါ့။ ဒါပေမဲ့လည်း အဓိက ကတော့ ညှိနှိုင်းကြမယ်၊ သတင်းဖလှယ်ကြမယ်ဆိုတဲ့အပေါ်မှာ လုပ်ရင်းနဲ့ပဲ ကျနော်တို့ ဘာတွေ ဆက်ပြီးကောင်းအောင် လုပ်သွားကြမလဲဆိုတာကို လုပ်ရင်းနဲ့၊ တိုင်ပင်ရင်းနဲ့ အဲလိုတော့ သဘောထားရှိတယ်။ ချက်ချင်းတော့ မရှိသေးဘူး။

မေး။       အခက်အခဲတွေရော ရှိသေးလား။

ဖြေ။       လောလောဆယ်ကတော့ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ စကားပြောကြတာတို့၊ ဆွေးနွေးကြတာတို့ကတော့ ခုနကလိုပေါ့လေ။ ကုသရေး၊ ထိန်းချုပ်ရေး အပိုင်းတွေလောက်ပဲ၊ ကျန်းမာရေး ကိစ္စရပ်အပိုင်းတွေလောက်ပဲ ပြောတာဆိုတော့ ကျန်းမာရေးအပိုင်းမှာ အဆင်ပြေပါတယ်။

မေး။     အခြားဖြည့်စွက်ပြောစရာများ ရှိလားဗျ။

ဖြေ။     တခြားပြောစရာက ကိုဗစ်နဲ့ပတ်သက်လို့ကတော့ တနိုင်ငံလုံးမကဘူး၊ တကမ္ဘာလုံးကနေ ဝိုင်းဝန်းပြီး  ညှိနှိုင်းဆောင် ရွက်ပြီးတော့ ကာကွယ်တားဆီးရေးလုပ်ငန်းကို လုပ်ကြရမှာ ဖြစ်တယ်။ ဒီလိုမျိုးလုပ်ရတဲ့ အချိန်မှာကတော့ တားဆီးမှု တွေ၊ ပိတ်ပင်မှုတွေ၊ တပ်မတော်ဘက်က လုပ်တဲ့ ဖြစ်ရပ်ကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဒါဟာ အစိုးရရဲ့ လုပ်ငန်းနဲ့ လည်း တိုက်ရိုက်သက်ဆိုင်တယ်။ ဒါကြောင့်လည်း ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဒီလိုမျိုး အနှောက်အယှက်တွေ၊ အဟန့်အတားတွေ မရှိအောင်တော့ ကြိုးစားပြီးတော့ ဖြေရှင်းမယ်။ ခုဟာက မြန်မာအစိုးရဖွဲ့စည်းလိုက်တဲ့၊ သမ္မတရုံးက ဖွဲ့စည်း လိုက်တဲ့ အဖွဲ့ကနေပြီးတော့ အကောင်းဆုံး ကြပ်မတ်၊ ကာကွယ်၊ ထိန်းသိမ်းရေးလုပ်ငန်းတွေကို အကောင်းဆုံးဆောင်ရွက် သွားမယ်လို့ ပြောကြားလိုပါတယ်။

The post ပဒိုစောဆဲပွယ် (KNU) အား မေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) အား မေးမြန်းခြင်း
မေး။ COVID-19 ကူးစက်ကပ်ဘေးကို တုံ့ပြန်ရင်ဆိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီကို မကြာသေးမီက ဖွဲ့ခဲ့ပါတယ်။ အခုလုပ်ငန်းစဉ်ရဲ့ ရေတို-ရေရှည်မျှော်မှန်းချက်၊ တိုးတက်မှု အခြေအနေတွေ သိလိုပါတယ်။

ဖြေ။ ဟုတ်ကဲ့။ ဧပြီ ၂၇ ရက်မှာ နိုင်ငံတော်သမ္မတရုံး၊ အမိန့် ကြော်ငြာစာအမှတ် ၆၃/၂၀၂၀ နဲ့ “COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ” ကို ဖွဲ့စည်းခဲ့ ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေးနဲ့ စပ်လျဉ်းပြီး အလှူရှင်များ၊ စေတနာ့ဝန်ထမ်း များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာ ဒေသ ခွဲခြားခြင်း မရှိဘဲ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒ ( No one left behind Policy) နဲ့ ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာ နေရာတွေကို ကြည့်ရင် နယ်စပ်ဒေသတွေမှာ အများစုဖြစ်နေတာ တွေ့ရပါမယ်။ အချို့ဒေသတွေဆိုရင် အစိုးရ အုပ်ချုပ်မှု မရောက်တဲ့ ဒေသတွေလိုလည်း ဖြစ်နေပါတယ်။ တကယ်လို့များ အဲဒီဒေသတွေမှာ COVID-19 ရောဂါကူးစက်ခံရခြင်း၊ အဲဒီ ဒေသတွေမှတဆင့် ဖြတ်သန်းလာသူတွေမှာ ရောဂါကူးစက်ခံရခြင်းတို့ ဖြစ်ပွားခဲ့ရင် တနိုင်ငံလုံးအတွက် အလွန် စိုးရိမ်စရာ ကောင်းမယ့် အခြေအနေဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးကိစ္စတွေကို ဆောင်ရွက်ဖို့ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှသာ ထိထိရောက်ရောက် ဆောင်ရွက်နိုင် မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကော်မတီကို Task Force သဘောမျိုးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီလို ဖွဲ့ပြီးတဲ့အခါမှာ ကျနော်တို့ကော်မတီကို လုပ်ငန်းတာဝန် ခုနစ်ရပ် ချမှတ်ပေးခဲ့ပါတယ်။

COVID-19 ရဲ့ သဘောသဘာဝအရ ကမ္ဘာကလည်း ခန့်မှန်းထားတာက အနည်းဆုံး  နှစ်နှစ်လောက် ကြာနိုင်တယ်လို့ သိရပါ တယ်။ ဒီတော့ ချပေးထားတဲ့ လုပ်ငန်းတာဝန်တွေ အနေနဲ့က ရေရှည်ဆောင်ရွက်ရမယ့် သဘောရှိပါတယ်။ သို့သော်လည်း အပိုဒ် ၂ မှာလို နယ်စပ်ဝင်ပေါက်က ဝင်ရောက်လာသူတွေ ကိစ္စကတော့ အချိန်အတိုင်းအတာ တခုမှာ ရပ်သွားနိုင်ပါတယ်။ အသွားအလာတွေ တဖြည်းဖြည်း နည်းရာကနေ တရားဝင် ပြန်မဖွင့်မချင်း ပိတ်ထားမှာ ဖြစ်နေတော့ ရေတိုလုပ်ငန်းလို့လည်း ပြောလို့ ရပါတယ်။ ဒါပေမဲ့ သွားလာမှု ပြန်ဖွင့်တဲ့ အချိန်မှာလည်း ပေါ့လျော့မှုမျိုး မရှိဘဲ သတိထားပြီး ဆက်လုပ်ရမှာလည်း ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့ကော်မတီရဲ့ လုပ်ငန်းတာဝန်များအရဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့က သုံးချက်၊ ညှိနှိုင်းဆောင်ရွက်ဖို့က သုံးချက်၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့က  တချက် ဖြစ်ပါတယ်။

စတင် ဖွဲ့စည်းပြီးတဲ့နောက် ကျနော်တို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဆက်သွယ်မှုယူပြီး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ စလုပ်ပါတယ်။ မေ ၅ ရက်က ရန်ကုန်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်နဲ့ အလွတ်သဘော တွေ့ဆုံညှိနှိုင်းမှု လုပ်ပါတယ်။ မေ ၈ ရက်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့က တာဝန်ပေးအပ်တဲ့ PPWT အဖွဲ့နဲ့ Online / Video Conferencing ကတဆင့် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာ ညှိနှိုင်းကြပါတယ်။ အကြမ်းဖျဉ်း သဘောတူညီ မှု ခုနစ်ချက် ရခဲ့ပါတယ်။ နောက် မေ ၁၁ ရက်မှာ KNU ၊ မေ ၁၂ ရက်မှာ NMSP အဖွဲတွေနဲ့ တဖွဲ့ချင်းစီ Online က တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး မေ ၁၄ ရက်မှာ PNLO၊ မေ ၁၅ ရက်မှာ CNF တို့နဲ့လည်း Online Video Conferencing ဆွေးနွေးပွဲတွေ ဆက်လုပ်ပါမယ်။

ကျနော်တို့ ဆက်သွယ်မှုတွေအရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ကျနော်တို့ ညှိနှိုင်းပူးပေါင်း ကော်မတီဖွဲ့ စည်းမှုအတွက် ကြိုဆိုဝမ်းသာကြောင်း၊ ၎င်းတို့ရဲ့ အခြေပြုရာ ဒေသတွေမှာ COVID-19 ကာကွယ်တားဆီး ထိန်းချုပ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရန်အတွက် COVID-19 ကာကွယ်တားဆီးနှိမ်နင်းရေး ကော်မတီတွေ ဖွဲ့ထားကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ အကြောင်း ပြန်ကြားမှုတွေလည်း ရပါတယ်။ အကြောင်းပြန်တဲ့ အဖွဲ့တွေအနက် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးတဲ့ အထူးဒေသ (၂) ဝ၊ အထူးဒေသ(၃) SSPP/SSA၊ အထူးဒေသ(၄) မိုင်းလား၊ KIO၊ KNPP တို့ ပါဝင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့လည်း သူတို့အစီအစဉ်တွေနဲ့ COVID-19 ကာကွယ်တားဆီး ထိန်းချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။ ဥပမာ NDAA မိုင်းလားက ဇန်နဝါရီ ၂၇ ရက်၊ RCSS က မတ် ၁၅ ရက်၊ SSPP/SSA က မတ် ၁၅ ရက်၊ KNPP က မတ် ၁၇ ရက်၊ KNU က မတ် ၂၅ ရက်၊ NMSP မတ် ၂၅ ရက်၊ PNLO ဧပြီ ၆ ရက်တွေက စပြီး အပူချိန်တိုင်းခြင်း၊ ကာကွယ်ဆေးဖြန်းခြင်း၊ လက်ဆေးခြင်း အပါအဝင် တကိုယ်ရေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များကို ကြပ်မတ်ခြင်း၊ တိုင်းရင်းသား ဘာသာစကားဖြင့် အသိပေးနှိုးဆော်ခြင်း၊ ကြော်ငြာများ ဖြန့်ဝေခြင်းစတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြောင်း သိရပါတယ်။ မိုင်းလားမှာဆိုရင် တရုတ်နိုင်ငံက ပြန်လည်ဝင်ရောက်လာသူ ၃,၀၀‌၀ ကျော်ခန့်ကို Quarantine ၂၁ ရက်ထားကာ စောင့်ရှောက်ပေးတာမျိုးလည်း တွေ့ရပါတယ်။ ကျနော်တို့ကို အသိပေးလာလို့ NRPC ကို တင်ပြပြီး ဆန်အိတ် ၁,၀၀၀ နဲ့ စားဆီ နှစ်ပေပါကို ထောက်ပံ့ပေး ခဲ့ပါတယ်။ တချို့ အဖွဲ့အစည်းတွေလည်း သူတို့ အစီအစဉ်နဲ့ လုပ်နေတာတွေ အများကြီး ရှိနိုင်ပါတယ်။ ဒီလိုမျိုး အသိစိတ်ဓာတ်ရှိရှိနဲ့ COVID-19 ကာကွယ် တားဆီးရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လာတာဟာ အလွန်ကောင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ကျနော်တို့အသိအမှတ် ပြုရပါမယ်၊ အကူအညီ ပေးရပါမယ်၊ ပူးပေါင်းဆောင်ရွက် ရပါမယ်။ အခုဆိုရင် ကျနော်တို့ ညှိနှိုင်းပူးပေါင်းကော်မတီကို ဖွဲ့စည်းပေးလိုက်တော့ အပေါ်မှာ ပြောပြခဲ့တဲ့အတိုင်း ကျနော်တို့ ပူးပေါင်းဆောင် ရွက်နိုင်အောင် စတင်လုပ်ဆောင်နေပါပြီ။ သူတို့အနေနဲ့ နည်းပညာပိုင်းအရ လည်းကောင်း၊ ရုပ်ဝတ္တုပိုင်းအရ လည်းကောင်း မပြည့်စုံမှုတွေ ရှိနိုင်ပါတယ်။ ကျနော်တို့ ဖြည့်ဆည်း၊ ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နယ်မြေတွေမှာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ ကျန်းမာရေးဌာန၊ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လာနိုင်ရင် ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးဟာ ပိုမိုစနစ်ကျလာပြီး ထိရောက်လာမှာ ဖြစ်ပါတယ်။ ယခုအထိတော့ တိုင်းရင်းသား လက်နက်ကိုင်များ အခြေပြုရာ ဒေသအတွင်းမှာ ရောဂါပိုး တွေ့ရှိသူများ မတွေ့ရသေးပါဘူး။ သို့သော်လည်း အချိန်မရွေး တွေ့လာနိုင်တဲ့အတွက် ကာကွယ် တားဆီးထိန်းချုပ် ရေးအပြင် ကုသရေး၊ ထိတွေ့လူနာများ ရှာဖွေရေး၊ လိုအပ်လို့ Quarantine စခန်းတွေ ဖွင့်ရမယ်ဆိုရင်လည်း ကူညီပေးရေး တို့ကို ထဲထဲဝင်ဝင် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

COVID-19 ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ကုသရေးဟာ တကယ်တော့ အမျိုးသားရေး တာဝန်တရပ် ဖြစ်လာပါပြီ။ အချိန်ယူပြီး လုပ်ရမယ့် လုပ်ငန်းတရပ်လည်း ဖြစ်ပါတယ်။ ဒီလိုတမျိုးသားလုံးနဲ့ ဆိုင်တဲ့လုပ်ငန်းတွေကို ကျနော်တို့ အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရင် ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို ထိရောက် စွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံတဝန်းလုံးမှာ ရောဂါခံစားရသူ အနည်းဆုံးဖြစ်လာမှာ ဖြစ်ပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး ပူးပေါင်း လုပ်ဆောင်ခြင်းနဲ့ တပြိုင်နက် COVID-19 ကာလအတွင်းနဲ့ COVID အလွန်ကာလ အတွင်းမှာ ကြုံတွေ့လာနိုင်တဲ့ ဒေသခံ ပြည်သူလူထုရဲ့ လူမှုစီးပွား ဘဝအခက်အခဲတွေကိုလည်း ဝိုင်းဝန်းဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။ COVID ကာလအတွင်း အသွားအလာ ကန့်သတ်မှု၊ လူစုလူဝေးကန့်သတ်မှု စတဲ့ ကန့်သတ်ချက်များစွာကြောင့် အလုပ်များ ရပ်နားထားရခြင်း၊ အချို့ လုပ်ငန်းခွင်များ ပိတ်သိမ်းသွားခြင်းတို့ကြောင့် အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်လာရနိုင်ပါတယ်။ ထို့အပြင် တဖက် နိုင်ငံများမှ ပြန်လည်ဝင်ရောက် လာသူများ အနေနဲ့လည်း အလုပ်လက်မဲ့ ဖြစ်လာနိုင်သလို ယခင်က သူတို့ဝင်ငွေပေးပို့မှုအရ ရပ်တည်နေရတဲ့ သူတို့ မိသားစုများဟာလည်း ဝင်ငွေမရတော့တဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကိုလည်း ကျနော်တို့ ပူးပေါင်း ညှိနှိုင်းပြီး ဖြေရှင်းရပါဦးမယ်။ ကျန်းမာရေး ပြဿနာတွေ၊ လူမှုစီးပွား အခက် အခဲတွေကို အတူတူ ညှိနှိုင်းပူးပေါင်း ဖြေရှင်းရေးမှတဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အတူတူ ညှိနှိုင်းပူးပေါင်း ဖြေရှင်းနိုင်မယ်လို့ မျှော်မှန်းပါတယ်။

မေး။ တပ်မတော်က COVID-19 ကူးစက်ရောဂါ ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အပစ်အခတ် ရပ်စဲရေးကာလ သုံးလကို ကြေညာခဲ့ပါတယ်။ ဒါဟာ COVID-19 တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်ရင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ယုံကြည်မှု တည်ဆောက်ရေးကို တိုးတက်စေမှာလား၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိမှာပါလဲ။

ဖြေ။ ကျနော်တို့နိုင်ငံမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA ) ကို ညှိနှိုင်းရေးဆွဲထားပြီး သ ဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့ ရှိပါတယ်။  လက်မှတ်ရေးထိုးထား ခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့ ကျန်ရှိနေပါတယ်။ NCA ကို လက်မှတ်ရေးထိုး ထားခြင်း မရှိ သော်လည်း နှစ်ဦးနှစ်ဘက် (Bilateral) အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း လေးဖွဲ့ ရှိပါတယ်။ အထူးဒေသ (၁) ဝ၊ အထူးဒေသ (၃) SSPP/SSA၊ အထူးဒေသ (၄) မိုင်းလားနဲ့ KNPP အဖွဲ့တို့ ဖြစ်ပါတယ်။ Bilateral လက် မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ အဖွဲ့ကတော့ KIO၊ TNLA၊ MNDAA နဲ့ AA တို့ ဖြစ်ပါတယ်။ နောက်ဆုံး AA ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားတာ ရှိပါတယ်။ ဒီလိုရှိနေတဲ့ နေရာမှာ တခါတရံ အောက်ခြေမှာ နားလည်မှုလွဲမှားပြီး NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းအချို့က တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားတာ ရှိပါတယ်။ တခါတရံမှာလည်း Bilateral လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းက တပ်ဖွဲ့တွေနဲ့လည်း ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ပစ်ခတ်မှု အသေး စားလေးများမှတဆင့် ပဋိပက္ခအသွင်ဆောင်တဲ့ တိုက်ပွဲတွေ မဖြစ်ရအောင် ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ AA လို ဘာမှ လက်မှတ်ရေး ထိုးထားတာမရှိတဲ့အပြင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့အဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတာတွေ ရှိပါ တယ်။

မေ ၉ ရက်မှာ တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို သြဂုတ် ၃၁ ရက်အထိ ကြေညာခဲ့ပါတယ်။ ဒီကြေညာ ချက်မှာတော့ အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာမှအပလို့ ဆိုထားတာကြောင့် AA မပါ ကျန်အဖွဲ့ အစည်း အားလုံးနဲ့ အကျုံးဝင်ကြောင်း တွေ့ရပါတယ်။ တပ်မတော်က ကြေညာတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းဟာ တနည်းအားဖြင့် တဖက် သတ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲခြင်း (သို့မဟုတ်) ကနဦး လက်ဦးမှု ရယူပစ်ခတ်တိုက်ခိုက်မှုမပြုခြင်း (No first Strike declaration) လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ဒီလိုအပစ်အခတ်ရပ်စဲခြင်းဟာ COVID တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး လုပ် ဆောင်ရင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်ရေးကို တိုးတက်စေမှာလား ဆိုတာကို ဖြေရရင် နှစ် ဖက်စလုံးက အမှန်တကယ်သာ လိုက်နာ လုပ်ဆောင်နိုင်ရင် ယုံကြည်မှုတည်ဆောက်ရေး တိုးတက်မှုအတွက်သာမက ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် ရှေ့ရောက်လာဖို့ အတွက် များစွာအကျိုးပြုနိုင်မယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ယုံကြည်မှု တည် ဆောက်ရေးအတွက် ပြောရရင် တပ်မတော်ရဲ့ ကြေညာချက်ထဲမှာကိုက ဘာတွေပါသလဲဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်အနက် လေးရပ်ကို ဖေါ်ပြထားတာ တွေ့ရပါတယ်။ ဒီအချက်တွေဟာ ယုံကြည်မှု ကို ထိခိုက်စေတဲ့ အချက်တွေ ဖြစ်နေလို့ ဖြစ်ပါတယ်။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘော တူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန် ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်တို့ ဖြစ်ပါတယ်။ ဒီလို COVID ကာကွယ်တားဆီးထိန်းချုပ်ရေး ကာလ အတွင်းမှာ အထက်ပါ အချက်များကို မလုပ်ဆောင်ရင် (တစ်) အချက်က ယုံကြည်မှုကို မထိခိုက်နိုင်ဘူးလို့ ယူဆရပါတယ်၊ (နှစ်) အချက် ယုံကြည်မှု တည်ဆောက်ရေးကို တိုးတက်စေဖို့ အတွက်ကတော့ COVID ကာကွယ်တားဆီးရေး လုပ်ငန်းတွေ ကစပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ခြင်းက စရပါမယ်။ တနေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကျိုင်းတုံ ခရီးစဉ်မှာ NCA လက်မှတ် ရေးထိုးထားခြင်း မရှိတဲ့ အထူးဒေသ (၂) ဝအဖွဲ့နဲ့ အထူးဒေသ (၄) မိုင်းလားက ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းမှာ တွေ့ရပါတယ်။ အထူး (၄) မိုင်းလားက ဥက္ကဋ္ဌ ဦးစိုင်းလင်းနဲ့ အဖွဲ့ဝင်များ၊ အထူး (၂) ဝ တောင်ပိုင်းက ဦးညီကပ်နဲ့ အဖွဲ့ဝင်များနဲ့ တွေ့ဆုံပြီး COVID ကာကွယ်ရေး၊ ဒေသခံများ၏ လူမှုစီးပွားဘဝ တိုးတက်ရေ စတဲ့ အကြောင်းအရာတွေ ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မိုင်းလားမှာ ဆရာဝန် အခက်အခဲရှိကြောင်း တင်ပြချက်အရ တပ်မတော် ဆေးအဖွဲ့စေလွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ မေ ၁၂ ရက် ညနေပိုင်းမှာ ဆရာဝန်  နှစ်ဦးပါတဲ့ တပ်မတော်ဆေး အကာကွယ်အဖွဲ့ ၁၂ ဦးကို ကျိုင်းတုံမှတဆင့် စေလွှတ်ပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက် ယုံကြည်မှုကို တည်ဆောက်နိုင်မယ့် ဖြစ်စဉ်မျိုး ဖြစ်တယ်လို့ ယူဆပါတယ်။

နောက်တခုကတော့ COVID ကာကွယ်တားဆီးရေးလုပ်ငန်းဆောင်ရွက်ရင်းနဲ့ နားလည်မှုလွဲတဲ့ ကိစ္စမျိုးမဖြစ်အောင် လုပ် ဆောင်ရေးဖြစ်ပါတယ်။ RCSS နဲ့ KNU နယ်မြေအတွင်းမှာ COVID ကာကွယ် တားဆီးရေးအတွက် အပူချိန် တိုင်းခြင်း၊ ဖြတ် သန်းသွားလာသူများ မှတ်ပုံတင်ခြင်း စတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဂိတ်များ (Screening Point) ဖွင့်လှစ်ခဲ့ရာတွင်   နား လည်မှုလွဲတဲ့ ဖြစ်စဉ် တခု၊ နှစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလို အလားတူမဖြစ်ရအောင် ကျနော်တို့ကော်မတီအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ်။ နှစ်ဖက်တပ်များရဲ့ စပ်ကြားနယ်မြေတွေမှာ ဆောင် ရွက်လိုရင် ဘယ်နေရာတွေမှာ လုပ်ချင်သလဲဆိုတာ ကြိုတင်ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့တွေဟာ စစ်ယူနီဖေါင်း ဝတ်ဆင်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ လိုအပ်ပါတယ်။ ဒါတွေ ကြိုတင်ညှိနှိုင်းမယ်ဆိုရင် နားလည်မှုလွဲခြင်းကဲ့သို့ မလိုလားအပ်တဲ့ ပြဿနာတွေကို တားဆီးနိုင်ပြီး ယုံကြည်မှုကို ထိခိုက်မယ့်ဖြစ်စဉ်များ ပပျောက်သွားစေမှာ ဖြစ်ပါတယ်။

ကျနော်တို့ အနေနဲ့ကတော့ COVID အကျပ်အတည်းကို ငြိမ်းချမ်းရေး အတွက် အခွင့်အလမ်းတခု၊ အတူတူ ပူးပေါင်းလုပ် ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်ရေးကို တိုးတက်စေရေးအဖြစ် ဖန်တီးလိုပါတယ်။ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကတော့ လိုအပ်ချက်တွေအပေါ်မှာ မူတည်ပါမယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာမျိုး၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အားပေး ကူညီတာမျိုး၊ အခက်အခဲတွေကို အတူတူ ဖြေရှင်းပေး တာမျိုးတွေ ဖြစ်နိုင်မယ် ထင်ပါတယ်။

မေး။ အခု COVID-19 ကိစ္စပူးပေါင်းဆောင်ရွက်မှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတခုလုံးအတွက် အဖုအထစ်တွေ ပြေစေမယ့် နောက်ထပ်အခွင့်အလမ်းတခုဖြစ်စေမှာလား။

ဖြေ။ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။ ဖြစ်အောင်လည်း လုပ်ချင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတဲ့အတွက် ဒါလေးကို နည်းနည်း ရှင်းပြချင်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘာလိုလိုနဲ့ ရပ်တန့်နေတာ နှစ်နှစ်လောက် ကြာခဲ့တာ အားလုံး အသိဖြစ်ပါတယ်။ ကျနော်တို့တတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စုပေါင်းပြီးတော့ ဖြစ်ဖြစ်၊ တဖွဲ့ချင်းနဲ့ပဲ ဖြစ်ဖြစ် အလွတ်သဘောတွေ အများကြီး တွေ့ဆုံပြီး ညှိနှိုင်းခဲ့ရပါတယ်။ နောက်ဆုံး ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီ ၈ ရက်မှာ JICM အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရဘက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒုတိယတပ် မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်က RCSS ဥက္ကဋ္ဌတို့ ဦးဆောင်ခဲ့ပါတယ်။ ဒီအစည်းအဝေးကတော့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည် အသက်သွင်းတဲ့ အစည်း အဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ နှစ်ဘက်သဘောတူညီချက်တွေ ရရှိခဲ့ကြပါတယ်။ ၂၁-ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို ၂၀၂၀ ခုနှစ် ပထမ လေးလကာအတွင်း ကျင်းပရေး အပါအဝင် အရေးကြီးတဲ့ သဘောတူညီချက်တွေ ဖြစ်ပါ တယ်။ (COVID-19 ဖြစ်ပွားခဲ့တဲ့အတွက် ညီလာခံ ကျင်းပရေးက အခြေအနေကြောင့် ရွေ့ဆိုင်းခဲ့ရပါတယ်)

ဒီအစည်းအဝေးမှာ အရေးကြီးတဲ့ သဘောတူညီချက်တခုကတော့ ညီလာခံမှာချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း – ၃ အတွက် ဒီဇိုင်းကို သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ၊ စတုတ္ထ အစည်းအဝေးတွင် လက်မှတ်ရေးထိုး ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း – ၃ မှာ အပိုင်း သုံးပိုင်း ပါဝင်မှာဖြစ်ပြီး အပိုင်း – ၁။ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက်၊ အပိုင်း – ၂။ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အပိုင်း – ၃။ အခြေခံမူ သဘော တူညီချက်များ ဖြစ်ပါတယ်။ ဒါတွေကို ဆွေးနွေးဖို့ နှစ်ဖက်အလုပ်အဖွဲ့တွေ ဖွဲ့စည်းဆွေးနွေးရန်လည်း သဘောတူခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ နှစ်ဖက်အလုပ်အဖွဲ့ဟာ ဖေဖေါ်ဝါရီလ ပထမပတ်မှာ တကြိမ်၊ ဒုတိယပတ်မှာ တကြိမ်၊ တတိယပတ်မှာ တကြိမ် ညှိနှိုင်းအစည်းအဝေး သုံးကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် နဲ့ ၂၀၂၀ ပြည့်နှစ် အလွန်မှာ ဆောင်ရွက်မယ့် အဆင့်လိုက် လုပ်ငန်းစဉ်တွေကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေ ကြားမှာ ကြိုတင်ညှိနှိုင်းတာ ဖြစ်ပါတယ်။ ညှိနှိုင်းချက် မူကြမ်းရရင် နောက်ပိုင်း UPDJC မှာ၊ လုပ်ငန်း ကော်မတီ တွေမှာ နိုင်ငံရေးပါတီတွေ အပါဝင် ထပ်မံညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဒါက အခုရောက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေ အနေ ဖြစ်ပါတယ်။ ဒီလို ညှိနှိုင်းဆဲ ကာလမှာပဲ COVID ဆိုတာကြီး ပေါ်လာတော့ အဆက်အသွယ်တွေ ပြတ်တောက်ပြီး ကျနော်တို့ ဆွေးနွေးမှု တွေဟာလည်း ခဏရပ်တန့်သွားခဲ့တာပါ။

အလားတူ မြောက်ပိုင်းအဖွဲ့များနဲ့လည်း နှစ်ဦးနှစ်ဖက် (Bilateral) အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေအပြင် တရားဝင်ဆွေးနွေးမှုကို မူဆယ်မှာ တကြိမ်၊ ကျိုင်းတုံမှာ နှစ်ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ အလွတ်သဘောတကြိမ်သာ ထပ်မံဆောင်ရွက်နိုင်ပြီး COVID-19 ပေါ်လာတဲ့ အတွက် တွေ့ဆုံဆွေးနွေးမှု ပြတ်တောက်သွားခဲ့ပါတယ်။ အခု COVID ဖြစ်စဉ်မှာ အချင်းချင်း မဖြစ်မနေပြန်လည် တွေ့ဆုံ ညှိနှိုင်းဖို့ အကြောင်း ပြန်ပေါ်လာတာမို့ အခုဆိုရင် NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ Online ပေါ်မှာ အချင်းချင်းတွေ့ဆုံညှိနှိုင်းမှုတွေ ပြန်လည်စတင်နေပါပြီ။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း များနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့ အခါမှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းများနဲ့ Online မှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် ရှိပါတယ်။ စောစောက ကျနော်ပြောသလိုပါပဲ။ COVID-19 ဖြစ်စဉ်ကို ခြိမ်းခြောက်မှု (Threat) အစား အခွင့်အလမ်း (Opportunity) အဖြစ် ပြောင်းလဲလိုပါတယ်။  ဒီနေရာမှာတော့ ညှိနှိုင်းမှုတွေ၊ နားလည်မှုတွေ၊ သဘောထားကြီးမှုတွေ အများကြီး လိုအပ်ပါတယ်။ တချို့ မီဒီယာတွေမှာရေးနေတာက အစိုးရ၊ တပ်မတော်ဘက်ကပဲ မလိုက်လျော သလိုလို၊ သဘောထား မကြီးသလိုလို တဖက်သတ်ရေးနေတာမျိုး တွေ့ရပါတယ်၊ တကယ်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများဘက်ကလည်း အစိုးရနဲ့ တပ်မတော်အပေါ်မှာ နားလည်ပေးမှုတွေ လိုအပ်ပါတယ်။ ဘာကြောင့် ဒါတွေပြောနေ ရတယ်ဆိုတာကို လက်ခံပေးမှုတွေ လိုအပ်ပါတယ်။ တဖက်ထဲအနေနဲ့ မကြည့်ဘဲ နှစ်ဖက်အမြင်ကို မြင်ကွင်းကျယ် ကြည့်ရန် လိုပါတယ်။ ဒါမှသာလျှင် COVID ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ကျနော်တို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တခု လုံးအတွက် အဖုအထစ်တွေကို ပြေစေမယ့် အခွင့်အလမ်း ဖြစ်လာမှာ ဖြစ်ပါတယ်။ မိမိတို့ဖြစ်ချင်တာထက် လက်တွေ့ဖြစ် သင့်တာကိုလည်း စဉ်းစားလက်ခံဖို့ လိုအပ်ပါတယ်။

နောက်တချက် အနေနဲ့က NCA စာချုပ် အခန်း (၆)၊ ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ ပုဒ်မ ၂၅ (က) မှာ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပ အကောင်အထည် ဖေါ်နေသည့် ကာလအတွင်း ၎င်းနယ်မြေများတွင် နှစ်ဖက် ညှိနှိုင်းပြီး အောက်ပါ ကိစ္စရပ်များကို ဆောင်ရွက်ရတ်သဘောတူသည်။ (၁) ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ” လို့ ပါရှိပါတယ်။

ဒီအချက်ဟာဆိုရင် COVID-19 ရောဂါ ကာကွယ်တားဆီး ထိန်းချုပ် ကုသရေးအပြင် COVID ဖြစ်ဆဲနဲ့ COVID အလွန် ကာလ ပြည်သူလူထုရဲ့ ပညာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက် အချိုးကျနေတာ တွေ့ရပါတယ်။ ဒါ ကြောင့် ဒါတွေကို ကျနော်တို့တတွေ ညှိနှိုင်းပူးပေါင်း အကောင်အထည်ဖေါ်ကြရင် NCA စာချုပ်ပါ အချက်တွေကိုလည်း တပြိုင်တည်း အကောင်အထည် ဖေါ်နိုင်တာဖြစ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံးရဲ့ အဖုအထစ်တွေကို ပြေစေမယ့် အခွင့်အလမ်း ဖြစ်စေမှာ ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်အနေနဲ့ COVID -19 ကာကွယ်တားဆီး ထိန်းချုပ် ကုသရေးကို အမျိုးသားရေး တာဝန်အဖြစ် သဘောထားပြီး ဆောင်ရွက်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေ နဲ့လည်း တတပ်တအား ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပါဝင်ဆောင်ရွက်ရင်း ကျနော်တို့ အချင်းချင်းကြားမှာ ယုံကြည်မှု၊ နားလည်မှုတွေ ပိုမိုကောင်းမွန်လာကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး အတွက်လည်း အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ် စဉ်များကို သယ်ယူသွားချင်ပါတယ်။ ဒီလိုဖြစ်လာအောင်လည်း ကြိုးစားသွားကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

The post ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) အား မေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

စိတ်ပိုင်းဆိုင်ရာအရ၊ နာမ်ပိုင်းဆိုင်ရာအရ သစ္စာစောင့်သိမှုပေါ်တွင် ပေါင်းစည်းသင့်သည့် အမျိုးသား လက္ခဏာတည်ဆောက်ခြင်း (Nation Building)
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီထုတ် ခေတ်ရနံ့မဂ္ဂဇင်း အမှတ် ၆၄ တွင် ဖော်ပြခဲ့သော နိုင်ငံရေး သိပ္ပံပညာရှင် ဦးမင်းဇင်နှင့် တွေ့ဆုံခြင်း အင်တာဗျူးအား ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။ ဦးမင်းဇင်သည် ISP-Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။

❏ အမျိုးသား လက္ခဏာတည်ဆောက်ရေး (Nation Building) ၊ နိုင်ငံတော် တည်ဆောက်ရေး (State Building) ဆိုပြီးတော့ ကိုမင်းဇင်တို့ပြောကြဆိုကြ၊ သုံးကြတာတွေ့ရပါတယ်။ Nation Building နဲ့ State Building ဘယ်လို ကွာခြားပါသလဲ ဆိုတာ ပထမဦးဆုံး ရှင်းပြစေချင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးချိန်ကစလို့ တိုင်းပြည် တည်ထောင်ခဲ့သူတွေဟာ အဲဒီလို အမြော်အမြင်မျိုး၊ တနည်းအားဖြင့် နိုင်ငံတော်ကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ Vision မျိုး ရှိခဲ့ပါသလားဆိုတာ ဆွေးနွေးပေးပါဦး။

◉ အမျိုးသား လက္ခဏာ တည်ဆောက်ရေး Nation Building ကို ပြောမယ်ဆိုရင် နိုင်ငံတော် တည်ဆောက်ရေး State Building နဲ့ ဆက်စပ်ပြီးတော့ စဉ်းစားဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ State Building ကတော့ ရုပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ပိုပြီးတော့ အာရုံ ပြုရပါတယ်။ အထူးသဖြင့် ၁၇ ရာစု၊ ၁၈ ရာစု ဥရောပကို ကြည့်မယ်ဆိုရင် နိုင်ငံတော် တည်ဆောက်ရေးဆိုတာဟာ နိုင်ငံတော်ကနေပြီးတော့ အကြမ်းဖက်နိုင်တဲ့ နည်းလမ်းတွေ မှန်သမျှကို ဗဟိုကနေ ချုပ်ကိုင်ထားတာ၊ တနည်းအားဖြင့် အလွယ်ပြော ရမယ် ဆိုရင်တော့ တိုင်းပြည်မှာ လက်နက်ကိုင်တပ် တစ်ခုတည်း ရှိတယ်ပေါ့။

နောက်တစ်ခု နိုင်ငံတော်က နေပြီးတော့ တိုင်းပြည်ရဲ့သယံဇာတတွေ အကုန်လုံးကို ထိန်းချုပ်ပြီးတော့မှ ထုတ်ယူ သုံးစွဲတာမျိုး ဖြစ်ပါတယ်။ နောက်မှ အာဏာ ခွဲဝေမှုအရ ပြည်နယ်တွေ၊ ကျန်တဲ့ ဒေသတွေကို ပြန်ပြီးတော့ အာဏာခွဲဝေပေးမှု အရ လုပ်ကောင်းလုပ်မယ်။ ဒါပေမဲ့ အခြေခံအားဖြင့်တော့ ဒါတွေအားလုံးဟာ နိုင်ငံတော်ရဲ့ အာဏာစက် အောက်မှာပဲ အကုန်လုံးရှိတာမျိုး။ နောက် တစ်ခုကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ တန်ဖိုးထားမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ အာဏာစက် ကျယ်ပြန့် သက်ရောက်တာကိုပဲဆိုလိုတာပါ။ အဲဒီမှာတော့ များသောအားဖြင့် ဗျူရိုကရေစီလို့ခေါ်တဲ့ အုပ်ချုပ်ရေးယန္တရားကို ပိုပြီး အားကောင်းအောင်လုပ်တာကလည်း နိုင်ငံတော်တည်ဆောက်ရေးမှာ အရေးပါပါတယ်။

၁၇ ရာစု၊ ၁၈ ရာစု ဥရောပနိုင်ငံတွေကို ကြည့်မယ် ဆိုလို့ရှိရင် အဲဒီဟာကို ဦးစားပေး တည်ဆောက်တာ တွေ့ရပါတယ်။ နိုင်ငံတွေကို ကိုလိုနီ ကျွန်ပြုတဲ့ နောက်မှာလည်း ကိုလိုနီ နယ်ချဲ့တွေရဲ့ အဓိက လုပ်ရပ် တစ်ခုကလည်း အဲဒီ နိုင်ငံတော် တည်ဆောက်ရေး ယန္တရားတွေကို ဦးစားပေးတည်ဆောက်တာ တွေ့ ရပါတယ်။ Nation Building ဆိုတာကတော့ နိုင်ငံတော်တည်ဆောက်ရေး တစ်စုံတစ်ရာ အရှိန်ရလာတဲ့ အခါမှာ ဒီနိုင်ငံတော် နယ်နမိတ် အတွင်းမှာရှိတဲ့ နိုင်ငံသားတွေဟာ ဒီနိုင်ငံတော်ဟာ ငါတို့အားလုံးနဲ့ ဆိုင်တယ်၊ ငါတို့ အားလုံးကို တန်းတူ ဆက်ဆံတယ်၊ ငါတို့ဟာ ဒီနိုင်ငံတော်ထဲမှာ ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား မကွဲဘူ းဆိုပြီးတော့ ဒီနိုင်ငံတော်နဲ့ပတ်သက်လို့ စိတ်ပိုင်းဆိုင်ရာအရ၊ နာမ် ပိုင်းဆိုင်ရာအရ သစ္စာစောင့်သိမှုပေါ့နော်။ သစ္စာစောင့်သိမှုကလည်း Identity လို့ခေါ်တဲ့ နိုင်ငံတော်ရဲ့အမျိုးသား လက္ခဏာ သရုပ်သကန်တွေ ကျယ်ပြန့် လွှမ်းခြုံမှုတွေရှိလေ သစ္စာစောင့်သိမှုက ပိုအားကောင်းလေပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် Nation Building ဆိုတာက တည်ဆောက်ထားတဲ့ နိုင်ငံတော်ကို Psychological Integration လို့ခေါ် တာပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာ စုစည်းမှု ပေးတဲ့သဘောပါပဲ။

ကျွန်တော်တို့ နိုင်ငံတော် သီချင်းမှာလည်းပါတယ်။ “ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ” ဆိုပြီး အဲဒီလိုခံစားချက်မျိုး ဖြစ်လာတာကို Nation Building လို့ ပြောတာပါ။ ပြောရမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ ပေါင်းစည်းခြင်း၊ စုစည်းခြင်းကို Nation Building ၊ အမျိုးသားလက္ခဏာတည် ဆောက် ခြင်းလို့ ပြောပြီးတော့ စောစောကပြောတဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်စည်းတာ၊ ပေါင်းစည်းတာ၊ ဗဟိုချုပ်ကိုင်မှုလုပ်တာကိုတော့ နိုင်ငံတော် တည်ဆောက်တယ် State Building လို့ ပြောတာဖြစ်ပါတယ်။

အဲဒီတော့ ဒီနှစ်ခုက ကျွန်တော်တို့ အခြေခံအားဖြင့်တော့ ခွဲပြောရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းပြည်ကို တည်ဆောက်ခဲ့တဲ့ ခေါင်းဆောင်တွေ လွတ်လပ်ရေး တိုက်ပွဲမှာ တစ်လျှောက်လုံး ကြုံခဲ့ရတာက ဘာလဲဆိုတော့ အင်္ဂလိပ် အနေနဲ့ကတော့ ဒီနိုင်ငံတော်ကို နိုင်ငံတော် တည်ဆောက်ရေး ရှုထောင့်အရ ယန္တရားတွေကို သူ့ရဲ့ နယ်ချဲ့စနစ် အလုပ်ဖြစ်အောင်၊ ပညာရေးကစလို့ လမ်းပန်း ဆက်သွယ်ရေး အလယ်၊ အင်္ဂလိပ်ကတော့ အများကြီးလုပ်ခဲ့တာပဲ။ ဒါတွေက အင်္ဂလိပ်တွေအတွက်တင် မဟုတ်ဘဲနဲ့ ငါတို့ ကိုယ်တိုင် သခင်ဖြစ်တယ်၊ ငါတို့ဘာသာလျှင် ငါတို့ ပိုင်စိုးတယ်ဆိုတဲ့ စိတ်ဓာတ်က ဒို့ဗမာအစည်းအရုံး ခေတ်ကနေ စပြီး တောက်လျှောက်ဖြစ်လာတော့ အင်္ဂလိပ် တည်ဆောက်ထားတဲ့ နိုင်ငံတော်ကို အားလုံးနဲ့ ဆိုင်တယ်၊ အားလုံးပိုင်တယ်ဆိုတဲ့ အခြေခံပေါ်မှာဖြစ်လာဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်တွေ အများကြီး ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၃ဝ မေလထုတ်တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ နိုင်ငံပြုစာစု အမှတ်(၁)မှာ ဆိုရင်“တစ်နိုင်ငံလုံး ကိုယ့်အိမ်ဟု မှတ်၍ ချစ်ခင်ခြင်းမှာ မျိုးချစ်စိတ်အစစ်ဖြစ်ပါသည်။ ထိုစိတ်မျိုးရှိမှသာ စည်းလုံးညီညွတ်၍ တန်ခိုး ရှိနိုင်ပါသည်။ တန်ခိုးရှိလိုလျှင် ဗမာတနိုင်ငံလုံးကို ဒါတို့ အိမ်ဟုမှတ်၍ ချစ်ခင်ပါ။ စောင့်ရှောက်ပါ။ ကိုင်း-အချင်းတို့ ဗမာတို့ အသင်တို့ ငါတို့ အကျင့်ဆိုးလေး ဖြစ်သော ကိုယ့်အိမ်မှ ကိုယ့်အိမ်ဟု မှတ်ထားသော သေးသိမ်သည့် ညံ့ဖျင်းသည့် အကျင့်ဆိုးကလေးကို နေ့စဉ် ဖျောက်ပြီးလျှင် မြစ်ကြီးနားမှ ထားဝယ်အရောက်ဖြစ်သော ဗမာနိုင်ငံကြီး တစ်ခုလုံးကို တို့ အိမ်ကြီးဖြစ်သည်ဟု မှတ်ကြပါကုန်”လို့ ကြေညာထားတယ်။

ဒါဟာ ခေတ်သစ်မြန်မာ အမျိုးသား သရုပ်လက္ခဏာကို လွှမ်းခြုံကျယ်ပြန့်အောင် အားထုတ်မှုတစ်ရပ်ပဲ။ အမျိုးဘာသာ သာသနာဆိုတဲ့ ကန့်သတ်မှုဘောင်ရှိသေးပေမယ့် ပထဝီ သဘောအရ အကျယ်ပြန့်ဆုံး အမျိုးသားသရုပ်လက္ခဏာကို အမှတ်သညာ ပြုဖို့ ကြိုးစားတာပါပဲ။ နောက်ပိုင်း ပိုရင့်ကျက်လာတဲ့ အခါ ကမ္ဘာစစ်တွေကြုံပြီး လွတ်လပ် ရေးကို တကယ်တောင်းတဲ့ အခါမှာ အောင်ဆန်း-အက်တလီ စာချုပ်ဆိုတာ အင်္ဂလိပ်ကလည်း တိုင်းရင်းသားတွေရဲ့ စိုးရိမ်ပူပန် ချက်တွေကို ထည့်သွင်းပြီး တိုင်းရင်းသား အားလုံး တန်းတူပါဝင်နိုင် တဲ့ ပြည်ထောင်စုလုပ်မယ်၊ ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ ပင်လုံ စာချုပ်ဆိုပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။

တကယ်တမ်း ကျတော့လည်း ဒါက နိုင်ငံရေး ခေါင်းဆောင်တွေသာ မကပါဘူး၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ခေါင်းကိုင် ဖခင်ဖြစ်တဲ့ ပညာရှင်ခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ဒီနိုင်ငံဟာ အမျိုးသား လက္ခဏာတစ်ခုနဲ့ ခေတ်သစ် ပြည်ထောင်စုကို တည်ဆောက်သင့်တယ်၊ တည်ဆောက်ရမယ် ဆိုတဲ့ အမြင်မျိုးတွေ အများကြီးရှိခဲ့ တာပါ။ ဆရာဇော်ဂျီတို့ လိုမျိုး ခေတ်သစ် မြန်မာ့စာပေသမိုင်းမှာ ဦးစီး ဦးဆောင်ပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ သူတို့ရေးခဲ့တဲ့ စာတွေမှာလည်း အများကြီးတွေ့ရပါတယ်။

ကျွန်တော် အမြဲတမ်း ကိုးကားလေ့ ရှိတာကတော့ ဆရာဇော်ဂျီရေးတဲ့ “ပြည်ထောင်စုနဲ့ ကျွန်တော်”ဆို တဲ့ ဆောင်းပါးပါပဲ။ အဲဒီဆောင်းပါးမှာဆိုရင် ဆရာဇော်ဂျီက ဘယ်လို ပြောသလဲဆိုတော့ “ကျွန်တော်တို့ နိုင်ငံသည် လွတ်လပ်ရေးကို ရသည်နှင့်တပြိုင်နက် ပြည်ထောင်စုမြန်မာ နိုင်ငံဖြစ်လာပြီး ပြည်ထောင်စုဟု ခေါ်သဖြင့် ကျွန်တော်တို့နိုင်ငံသည် ပုဂံခေတ်က တိုင်းပြည်မျိုး မဟုတ်တော့ပြီ။ တောင်ငူခေတ်က တိုင်းပြည်မျိုး မဟုတ်တော့ပြီ။ ကုန်းဘောင်ခေတ်၊ အင်္ဂလိပ်ခေတ်က တိုင်းပြည် မျိုးလည်း မဟုတ်တော့ပြီ။ ရုပ်ရော၊ နာမ်ရော အကုန်ပြောင်းပြီ”လို့ ဆရာဇော်ဂျီက ရေးခဲ့ပါတယ်။ ဒီမှာကြည့်မယ် ဆိုလို့ရှိရင် ဆရာ ဇော်ဂျီ ပြောတာက ခေတ်သစ် လွတ်လပ်ရေးနဲ့ရတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟာ အသစ်ဖြစ်တယ်။ ဟိုခေတ်က ပဒေသရာဇ် ခေတ်က တိုင်းပြည်တွေနဲ့ ချက်ကြိုးဆက်လို့မရဘူးလို့ ပြောချင်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ရုပ်ရော၊ နာမ်ရော အကုန်ပြောင်းပြီ ဆိုတာဟာ နိုင်ငံတော်ရဲ့ ရုပ်ပိုင်း ဆိုင်ရာ ယန္တရားတင်မကဘူး၊ နာမ်ပိုင်းဆိုင်ရာ (Psychological Integration of State) လို့ စောစောက ကျွန်တော် ပြောခဲ့သလို နိုင်ငံတော်ကို စိတ်ပိုင်းဆိုင်ရာစုစည်းမှုလို့ ဆရာဇော်ဂျီ ခဏခဏသုံးပါတယ်။

သူ့ရဲ့ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ်မှာဆိုရင်လည်း ဆရာဇော်ဂျီက ဆရာကြီးသခင်ကိုယ်တော်မှိုင်းအပါအဝင် ယဉ်ကျေးမှု မျက်နှာစာကနေပြီးတော့ လွတ်လပ်ရေး အတွက် ရုန်းကန်ခဲ့တဲ့ သူတွေဟာ လူတွေရဲ့ဆန္ဒ အင်အားတွေကို စုစည်းပေးထားတယ်၊ လူတွေရဲ့ စိတ်ဓာတ်အင်အား တွေကို စုစည်း ပေးထားတယ်ဆိုတာကို ဆရာဇော်ဂျီက ပြောလေ့ရှိပါတယ်။ အဲဒီလို စုစည်းပေးထားမှုကိုပဲ ကျွန်တော်တို့က ဘာလို့ခေါ်တာလဲ ဆိုတော့ Nation Building လို့ခေါ်ပါတယ်။ အဲဒီနှောင်ကြိုး၊ အဲဒီ သံယောဇဉ် မရှိတော့ဘူးဆိုရင် ဒါက Nation Building မအောင်မြင်ဘူးလို့ သဘောမျိုး ကျွန်တော်တို့ပြောလို့ရပါတယ်။

ဆရာဇော်ဂျီ အပါအဝင် ပညာရှင်တွေ ပါဝင်ရေးခဲ့တဲ့ တိုင်းပြည်ရဲ့ မြန်မာ့လွတ်လပ်ရေး ကြေညာစာတမ်းကို ကြည့်မယ်ဆိုရင်လည်း အဲဒီသဘောတွေ အများကြီ းတွေ့ရပါတယ်။ ဥပမာ – လွတ်လပ်ရေး ကြေညာ စာတမ်း အပိုဒ်- ၄ မှာဆိုလို့ ရှိရင် ဆရာကြီးတွေ ရေးထားတာက “ငါတို့သည် တစ်မျိုး တစ်ဘာသာ တစ်စိတ်တစ်ဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား၊ ကျောသားရင်သား သူကား ငါကားခွဲခြားခြင်းကို အလိုမရှိ၊ မြန်မာနိုင်ငံတော်တဝှမ်းကို တစ်သွေးတစ်သားတည်းဟူသော ကြိုးထူး၊ တစ်စိတ်တဝှမ်းတည်း ဟူသော ကြိုးထူး၊ အလိုအလျောက် သဘာဝ အထောက်အပံ့ ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သောစေတနာ တည်းဟူသော ကြိုးထူး၊ ဤကြိုးထူးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင် မြဲခိုင်တည်တံ့အောင် ဖွဲ့စည်း အပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့ အပိုင်ရလေပြီ”လို့ လွတ်လပ်ရေးကြေညာ စာတမ်း မှာ ရေးထားတာတွေ့ ရပါတယ်။

အဲဒီမှာဆိုရင် ကြိုးထူးကြီ းသုံးမျိုးဟု သူတို့ပြောတာ အကုန်လုံးက Nation Building ပါ။ ဒီနိုင်ငံ၊ ဒီလူ့အဖွဲ့ အစည်းကို ဒီလို ပုံစံမျိုးနဲ့ ရစ်ပတ်ချည်ဖွဲ့ထားမယ်၊ အဲဒီလိုချည်ဖွဲ့မှ သာလျှင် မြဲမြံတည်တံ့မယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ နိုင်ငံတော် ယန္တာရားတွေဖြစ်တဲ့ အုပ်ချုပ်ရေးဗျူရိုကရေစီ အားကောင်းတာတို့၊ လက်နက်ကိုင် တပ်တွေ အားကောင်းတာတို့၊ တိုင်းပြည် စီးပွားရေးကောင်းတာ တို့လောက်နဲ့ မလုံလောက်သေးဘဲ ကျောသားရင်သား မခွဲတဲ့ အဲဒီ လိုနည်းတွေနဲ့ ကြိုးထူးတွေနဲ့ ချည်စပ်ထားမှ သာလျှင် ခိုင်မြဲမယ် ဆိုတဲ့ အမြင်ဟာ တကယ်တမ်းကျတော့ Nation Building အတွက် ရေခံမြေခံပဲ ဖြစ်ပါတယ်။ ဒါ ကျွန်တော်နမူနာထုတ်ပြတာပါ။

တကယ်တော့ ကျွန်တော် ဆရာဇော်ဂျီကို နမူနာပေးသလို ကျန်တဲ့ဆရာကြီးတွေလည်း ပြောတာရှိပါတယ်။ ဆရာ ဒဂုန်တာရာ တို့လည်း ဒါမျိုး တွေပြောခဲ့တာ ရှိပါတယ်။ ချုပ်ပြောမယ်ဆို ကျွန်တော်တို့ နိုင်ငံမှာလွတ်လပ်ရေ းရကာစက၊ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ကာစအချိန်ကတော့ အဲဒီလို Nation Building နဲ့ပတ်သက်ပြီးတော့ အမြော်အမြင် တွေရှိခဲ့တယ်လို့ သုံးသပ်လို့ ရပါတယ်။ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီး နောက်မှာတော့ ဒီအမြော်အမြင်တွေဟာ ပျက်ပြား၀ခဲ့ရပါတယ်။

ဒီမိုကရေစီရဲ့ အလှတရားတစ်ခုက အမှားကို ငြိမ်းချမ်းစွာ ပြင်ဆင်ခွင့် ရှိတာပါ။ ဒီမိုကရေစီ ဆိတ်သုဉ်းတဲ့အခါ မြန်မာနိုင်ငံဟာ အမှား ပြင်ခွင့်၊ တိုးတက်ခွင့် အားနည်းသွားပါတယ်။ သမိုင်းဟာ စီးဆင်း ရှင်သန် ခွင့်မရဘဲ ရေသေလို ပိတ်ဆို့ခံခဲ့ရပါတယ်။ ပိုဆိုးတာက စီးပွားရေး အမြော်အမြင်ပါ မရှိလေတော့ အကျုံးဝင် ကျယ်ပြန့်တဲ့ အမျိုးသား သရုပ်လက္ခဏာ ပြည်ထောင်စု တည်ဆောက်ရေး သာမက စီးပွားရေးဖွံ့ဖြို းတိုးတက်ရေး၊ မျှတတဲ့ခွဲဝေဖြန့်ဖြူးရေးပါမလုပ်နိုင်ဘဲ နိုင်ငံတော်သည်ပင်လျှင် အားအင်ချိနဲ့တဲ့ နိုင်ငံတော် weak state ဖြစ်သွားရပါတယ်။ တိုင်းပြည်ကိုစောင့်ရှောက်တဲ့ တစိတ်တဝမ်း တည်းဆိုတဲ့ အမျိုးသား လက္ခဏာ နာမ်ဇီဝိတိန္ဒြေအားနည်းပြီး ဒီ နိုင်ငံအတွင်း သေအတူ ရှင်မကွာ အတူနေထိုင်ချင်စိတ်တွေ လျော့ပါးလာကြတာ။ ဒါ့အပြင် အားကောင်းရှင်သန်တဲ့ နိုင်ငံတော်ဖြစ် အောင် စောင့်ရှောက်တဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးအဆုံး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းပေါက်လို့ ရုပ်ဇီဝိတိန္ဒြေ ပျက်ယွင်းလာတာ အားလုံးမျက်မြင်ပါပဲ။

❏ ၂ဝရာစု ပင်လုံ ညီလာခံနဲ့ လွတ်လပ်ရေးအရယူနိုင်ခဲ့ပါတယ်၊ ၂၁ရာစုပင်လုံညီလာခံနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်မယ်ဆိုတဲ့ အမျှော်အမြင်ဟာ အမျိုးသားလက္ခဏာ တည်ဆောက်ရေးအမျှော်အမြင် (Nation Building Vision) လို့ ယူဆလို့ မရနိုင်ဘူးလားခင်ဗျာ။

◉ မြန်မာနိုင်ငံမှာတော့ အမျိုးသား လက္ခဏာတည်ဆောက်ရေးဆိုတဲ့အမျှော်အမြင်နဲ့ အမျိုးသား လက္ခဏာ တည်ဆောက်ရေး အမှန်တကယ်လုပ်မယ်ဆိုရင်တော့ တိုင်းရင်း သားတန်းတူရေးဆိုတဲ့ အခြေခံအပေါ်မှာ ခိုင်ခိုင်မာမာရှိမှပဲ အမျိုးသား လက္ခဏာတည် ဆောက်ရေးဆိုတဲ့ Nation Building ဖြစ်မယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ အမျိုးသားရေးစိတ် Nationalism ဆိုတာက မြန်မာနိုင်ငံလို နိုင်ငံမျိုး မတူကွဲပြားမှု တွေ၊ ခြားနားမှုတွေ များတဲ့ နိုင်ငံမျိုးမှာ လူမျိုးတစ်မျိုး၊ ကိုးကွယ်တဲ့ ဘာသာတစ်ခုခုအပေါ်မှာ သိပ်ပြီးတော့ အခြေခံပြီးတော့ ဒါကို တွန်းလုပ်မယ်ဆိုရင် ကျယ်ပြန့်တဲ့ အမျိုးသား လက္ခဏာ တည်ဆောက် ရေးဖြစ်ဖို့ ခဲယဉ်းနိုင်ပါတယ်။

တကယ်တော့ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲမှာကတည်းက ဗမာအမျိုးသားရေး စိတ်အပေါ်မှာ အခြေခံပြီးတော့ တွန်းခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် တစ်စုံတစ်ရာတော့ အဲဒီကာလက အထောက် အကူဖြစ်ခဲ့သော်ငြား တကယ့်တကယ် ကျွန်တော်တို့ ပင်လုံစာချုပ်တွေ ဘာတွေနဲ့ အားလုံး အကျုံးဝင်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်တော့မယ်ဆိုတဲ့ အခါမျိုးမှာတော့ အကန့်အသတ်တချို့တွေ တော်တော် များများ တွေ့လာရတာဖြစ်ပါတယ်။ တကယ်တမ်းကျတော့ Nationalism ဆိုတဲ့ အမျိုးသားရေး စိတ်ဆိုတာ၊ အမျိုးသားရေး ဝါဒဆိုတာမျိုးက သိပ်ပြီးတော့ ဩဇာရှိန်ဝါ ပြင်းလွန်းတဲ့အခါကျတော့ ကျွန်တော်တို့ အနေနဲ့ ဒါကိုတော့ ဆန့်ကျင်လို့မရဘူး။ ဒါပေမဲ့ ဒါကိုလည်း လူတစ်စုတစ်ဖွဲ့တည်း လက်ထဲလည်း လွှဲထားလို့မရဘူး။ ဒါကြောင့် အမျိုးသားရေးစိတ်ကို အားလုံးအကျုံး ဝင်တဲ့ Inclusive Nationalism မျိုး၊ အကျုံးဝင်တဲ့ အမျိုးသားလက္ခဏာမျိုး ဖြစ်အောင် ဝိုင်းပြီးတော့ တည်ဆောက်ယူကြရမှာပဲဖြစ်ပါတယ်။

၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကို ကြည့်မယ်ဆိုရင် သဏ္ဍာန်အားဖြင့်တော့ အားလုံး အကျုံးဝင်သလို ရှိပေမယ့် တကယ်တမ်းကျတော့ အနှစ်သာရပိုင်းမှာ အထက်ကနေ အောက်ကို ထိန်းချုပ်ပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ သဘောမျိုးတွေ ပိုကဲတာ ကျွန်တော်တို့ တွေ့နေရတယ်။ ပြောရမယ်ဆို Top –Down ဖြစ်တာတွေ့ရပါ တယ်။ ဒီလိုပြောလို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား EAO တွေ လက်နက်ကိုင် တွေပေါ့လေ ထိပ်ပိုင်းက တွန်းတယ် ဆိုလို့ သူတို့တွေ ထိပ်ပိုင်းချင်း ပြေလည်လားဆိုတော့လည်း အဲဒီ လောက်လည်း သူတို့အချင်းချင်း ပြေလည်တဲ့အဆင့်ရောက်တာ မတွေ့ရပါဘူး။ အခုချတဲ့ ဆုံးဖြတ်ချက်တွေ၊ ရလာဒ်တွေဆိုလို့ ရှိရင်လည်း မျက်နှာမပျက်ရုံချတဲ့ရလဒ်မျိုးထက် ပိုတာမျိုးကို ကျွန်တော်တို့ အခုထိ မတွေ့ရသေးပါဘူး။

တကယ်တမ်းအားဖြင့်ပြောမယ်ဆိုရင် ဒီ ၂၁ ရာစုပင်လုံဟာ သိပ်ပြီးတော့ elite-driven ထိပ်ပိုင်းကနေ တွန်းတာမျိုး သိပ် လွန်ကဲလွန်းတယ်။ ထိပ်ပိုင်းကနေတွန်းလို့ အဖြေထွက်တယ်၊ ရလာဒ်ထွက်တယ်၊ ကာလတိုနဲ့ ထွက်တယ် ဆိုရင်လည်း ဒါကောင်း ပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ကြာလာရင် ထိပ်ပိုင်းက တွန်းတဲ့ဟာကိုပဲ သိပ်မျှော်လင့်တာဟာ ပြည်သူလူထုရဲ့ အခန်း ကဏ္ဍ၊ ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှု၊ ပြည်သူဆိုတဲ့နေရာမှာ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ပြည်သူလူထုရဲ့ပါဝင်ပတ်သက်မှု ကို ပိုပြီးတော့ အားနည်းစေမယ်။ ပိုပြီးတော့ အကန့်အသတ် ဖြစ် စေမယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ဒါက ၂၁ ပင်လုံရဲ့ ပထမ စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။

ဒုတိယတစ်ခုကတော့ ၂၁ ပင်လုံမှာ ခေါင်းစဉ်ကြီး(၅) ခုနဲ့ ပြောဆိုတာ၊ ဆွေးနွေးတာတွေမှာ တချို့ နေရာတွေမှာ သိပ်ပြီးတော့ နည်းပညာ သိပ်ဆန်တယ်၊ Technical သိပ်ဖြစ်တဲ့ အခါကျတော့ ပြည်သူအများစုရဲ့ ပါဝင်ပတ်သက်မှု လည်း အကန့်အသတ် ဖြစ်စေတယ်။ ဒီ တော့ တချို့ကိစ်္စတွေမှာ နိုင်ငံရေးအရ အခြေခံမူတွေ ချနေတာလား၊ ဒါမှမဟုတ်လို့ ရှိရင် အသေးစိတ် Policy တွေ ရေးဆွဲနေတာလား ဆိုတဲ့အပိုင်းလည်း မသဲကွဲတာတွေ့ရပါတယ်။

တကယ့်တကယ် ပြောရမယ်ဆိုရင် သိပ်ပြီးတော့ Technical ဖြစ်တဲ့အခါမှာ နိုင်ငံရေး မဆန်အောင်၊ နိုင်ငံရေးကို ရှောင်နိုင်အောင် နည်းနာပိုင်းတွေနဲ့ လမ်းလွှဲထား သလိုမျိုးတောင် ဖြစ်သွားတတ်တာမျိုး လည်းရှိပါတယ်။ ဒါကတော့ ကျွန်တော်ထင်တယ် Depoliticization လုပ်တယ်လို့ခေါ်ပါတယ်။ အဲဒါက လည်း ဒု တိယစိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ ဒီဘောင်ထဲမှာပဲ၊ ဒီအခင်းအ ကျင်းထဲမှာပဲ၊ ဒီပေးထား ချက်ထဲမှာပဲ လက်တွေ့ကျကျလုပ်ပါဆိုပြီးတော့ excessive pragmaticism ပေါ့။ အလွန်အကျွံလက်တွေ့ကျဖို့ တောင်းဆိုတဲ့အခါ မှာ နိုင်ငံရေးအရစိတ်ကူး စိတ်သန်းတွေ၊ နိုင်ငံရေးအရ ဖောက်ထွက်တွေးတာတွေ အားနည်းလာတာ ကျွန်တော်တို့တွေ့ရပါ တယ်။

အဲဒီလိုမျိုး ဖောက်ထွက် တွေးတယ် ဆိုရင် ဥပမာ-ငြိမ်းချမ်း ရေးလုပ်တဲ့အခါမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တင်မ ဟုတ်ဘူး၊ လက်ရှိ ၂၁ ပင်လုံကို မပြောဘဲနဲ့ Nation Building ပြောတယ်ဆိုရင် ဒါဟာ ၂၁ ပင်လုံကို ရှုပ်ထွေးအောင်လုပ်တာ။ ဒါကြောင့်မို့ ဒါကို အားမပေးသင့်ဘူး ဆိုပြီး အရပ်ဖက် အဖွဲ့အစည်းထဲမှာဆိုရင် အငြင်းအခုံတွေဖြစ်တဲ့ အဆင့်ထိ ဖြစ်သွားကြတာတွေ ရှိပါတယ်။ အဲဒီလိုမျိုး အချင်းချင်းသဘော ထားကွဲပြီးတော့ တစ်စုကတော့ဖြင့် နိုင်ငံတော်က ဦးစီးတဲ့ ၂၁ ပင်လုံအတိုင်းပဲလုပ်၊ နောက်တစ်စုက တော့ ကျယ်ကျယ်ပြန့်ပြန့်သွားချင်တဲ့ Nation Building ကိုသွား ဆိုတော့ ကျွန်တော်ထင်တယ်။ အဲဒီလိုမျိုးအကွဲ အပြဲတွေထိ တောင်မှ ဖြစ်သွားတာမျိုးကိုမှ ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် နိုင်ငံတော်က ဦးစီးတဲ့ကိစ္စကိုပဲ နောက် က လိုက်ပါပါဆိုတဲ့ အင်အားစုတွေက သိပ်ပြီးတော့ ပေးထားချက် ကို အလွန်အကျွံ တွန်းတဲ့အခါမှာ နိုင်ငံရေးအရစိတ်ကူး စိတ်သန်း တွေ အားနည်းသွားတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကတော့ တတိယစိန်ခေါ်မှုပါ။

ဒီစိန်ခေါ်မှု သုံးခုကို သေချာပြန်ပြီးတော့ သုံးသပ်ဖို့ လိုမယ်လို့ ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ၂၁ ပင်လုံဟာ အခြေခံ ဥပဒေ၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကနေပြီးတော့ အားလုံးပါဝင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ၊ အခြေခံဥပဒေပြုပြင် ပြောင်းလဲမှုကနေ နောက်ဆုံး ပြည်ထောင်စုသစ်ကြီးပေါ်ထွန်းတဲ့ အထိကို ရှေးရှုချင်တယ်ဆိုလို့ရှိရင်တော့ အခြေခံကျကျပြန်သုံးသပ် မှုတွေလုပ်ရမယ်။ မြန်မာပြည်ရဲ့ အဓိကပြဿနာ၊ အရင်းခံ ပြဿနာ ဟာ အားလုံးအကျုံးဝင်တဲ့ အမျိုးသားလက္ခဏာတစ်ခုကို မတည် ဆောက်နိုင်ခဲ့တာ၊ တနည်းအားဖြင့်ပြောရရင် အားလုံးအကျုံးဝင်တဲ့ ပြည်ထောင်စုကြီးကို မတည် ဆောက်နိုင်ခဲ့တာ တင်းပြည့် ကျပ်ပြည့် ပြည်ထောင်စုကြီးကို မတည်ဆောက်နိုင်ခဲ့တာ အင်္ဂလိပ်လို ပြောရမယ်ဆိုရင် Incomplete Nation Building ပေါ့နော်။ အဲဒါဟာ မြန်မာပြည်ရဲ့ အရင်းခံပြဿနာ ဖြစ်ပြီးတော့ တကယ်တမ်းကျတော့ စစ်အာဏာရှင်စနစ်တို့ ကျန်တဲ့ပြဿနာတွေဟာ ရောဂါလက္ခဏာ သာဖြစ်နေတာတွေ့ရပါတယ်။ အဲဒီတော့ တခါတလေကျရင် ရောဂါလက္ခဏာ ကြောင့် ရောဂါ ပိုရှုပ်ထွေးသွားတာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်တို့က စစ်အာဏာရှင်စနစ်က အရေးမကြီးဘူး။ ကျန်တဲ့ ကိစ္စတွေ အရေးမကြီးဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အာရုံ စိုက်စေချင်တာက စစ်အာဏာရှင်စနစ်တို့၊ ဒီမိုကရေစီဆိတ်သုဉ်းမှုတို့က အရေးကြီးတယ်။ တချိန်တည်းမှာပဲ အရင်းခံ ပြဿနာကပြည်ထောင်စုကို တန်းတူညီမျှ မတည်ဆောက်နိုင်ခြင်းဟာ အဓိ ကပြဿနာဖြစ်တယ်။

ကျန်တဲ့ ကိစ္စတွေက အဲဒီအပေါ်မှာ ဆင့်ပွားပြီး ဖြစ်ပေါ်လာတာ၊ အဲဒါကို ပိုပြီး ရှုပ်ထွေး စေတာက ရောဂါ လက္ခဏာတွေပဲ ဖြစ်တယ်။ အဲဒီလို ထောက်ပြချင်တာပါ။ ဒီလိုပြောလို့ ရောဂါလက္ခဏာ အရေးမကြီး ဘူးလို့ ပြောတာမဟုတ်ပါဘူး။ တချို့ကိစ္စတွမှာ ရောဂါလက္ခဏာကြောင့် ဝေဒနာသည် အသက်ဆုံးရှုံးသွား ရတာတွေလည်း အများ ကြီးရှိပါတယ်။

ကျွန်တော်ဆိုလိုတာက ဥပမာ အယ်ဇိုင်းမား လိုမျိုးပေါ့။ ဒါမျိုးဆို ရင် ရောဂါလက္ခဏာကြောင့် ဝေဒနာရှင်ဟာ အသက်ဆုံး ရှုံးရတာမျိုးပါ။ ရောဂါတာရှည်လာတာနဲ့ အမျှ ရောဂါလက္ခဏာတွေကလည်း ရောဂါကို ပိုရှုပ်ထွေးစေတယ်။ မြန်မာနိုင်ငံမှာတော့ ပြောရမယ်ဆိုရင် ပြည်ထောင်စုကိုတန်းတူ မတည်ဆောက် နိုင်ခြင်း ရဲ့ ရောဂါအပေါ်မှာ ဆင့်ပွားပေါ်လာတဲ့ စစ်အာဏာရှင် စနစ်တို့၊ တရားဥပဒေ စိုးမိုးမှု မရှိတော့တာတို့၊ စီးပွားရေး ကျပ်တည်းတာတို့ ဒါတွေကလည်း ခုနက အရင်းခံ ပြဿနာကိုပိုပြီးရှုပ်ထွေး စေတယ်။ အထူးသဖြင့် ပြောရမယ်ဆိုရင် စစ်နဲ့ပတ်သက်ပြီး ဖြစ်လာတဲ့၊ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီးဖြစ်လာတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးတွေ၊ ကျန်တဲ့စီးပွားရေး၊ လက်နက်မှောင်ခို၊ ဒီလိုမျိုး လုပ်ငန်းတွေကလည်း အဓိကအရင်းခံ ပြဿနာကို ပိုပြီးတော့ ဖြေရှင်းရ ခက်စေတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ အနေနဲ့ ပြောချင်တာကတော့ အရင်းခံ ပြဿနာ ကိုလည်း နားလည်ရမယ်။ ဒါပေမဲ့ တချိန်တည်းမှာလည်း ရောဂါလက္ခဏာကိုလည်း သိပ်ပြီးတော့ လျှော့တွက်ပစ်ပယ်လို့ မရဘူးဆိုတာ ထောက်ပြချင်ပါတယ်။

ကျွန်တော်တို့ ခုနက ပြောသလိုပေါ့လေ။ အရင်းခံပြဿနာ ကို နားလည်မှုအပေါ် မှာ မူတည်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ၂၁ ပင်လုံလိုဟာမျိုးတွေကို ပြန်ပြီးတော့ သုံးသပ်သင့်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တကယ် လက်တွေ့ လိုအပ်ချက်အပြင် လုပ်သင့်တာက ဘာလဲဆိုတော့ တိုင်းရင်းသားတွေထဲမှာ၊ အထူးသဖြင့် တိုင်းရင်းသား EAO တွေထဲမှာ အစိုးရနဲ့ NCA ထိုးထားတဲ့ အဖွဲ့တွေပေါ့၊ များသော အားဖြင့် ဒီအဖွဲ့တွေ ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ မွန် စသဖြင့်ပေါ့။ ဒီလိုတိုင်းရင်းသား တွေဟာ အစဉ်အလာ အားဖြင့် ဒီပြည်ထောင်စုထဲမှာ အတူတကွ ယှဉ်တွဲနေထိုင်မယ်၊ ဒီနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီဟာ ဖြစ်နိုင်သေးတယ်လို့ မျှော်လင့်ယုံကြည်ကြသေးတဲ့ တိုင်းရင်းသားတွေရှိပါ တယ်။ အဲဒီလိုတိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ တပ်မတော်ဘက်က နေပြီးတော့ လက်တွဲပြီးတော့ ဒါဟာ သူ့ရဲ့ NCA မှာပါတဲ့အချက်အလက်တွေကို သေသေချာချာလေးလေး နက်နက်နဲ့ ပေါ့၊ အဆင်ပြေတဲ့နေရာကိုပဲ ရွေးအကောင် အထည်ဖော်တာမျိုးမဟုတ်ဘဲနဲ့ တိုင်းရင်းသား တွေ လိုအပ်ချက်ကို ပြန်နားထောင်ပြီးတော့ ဒီဟာတွေကို သေချာဖြည့် ဆည်းပေးမယ်ဆို ရင် တနည်းအားဖြင့်ပြောမယ်ဆိုရင် တိုင်းရင်းသားတွေ မက်တဲ့ဖက်ဒရယ်အိပ်မက်ဟာ ဖြစ်နိုင်သေးတယ်ဆိုတဲ့ မက်ဆေ့ချ်ကို သေချာပြဖို့ လိုမယ်ထင်ပါတယ်။ မဟုတ်လို့ရှိရင် ဒီလိုမျိုး NCA ထိုးထားတဲ့ တိုင်းရင်းသားတွေ ကိုယ်၌က၊ ဖက်ဒရယ်ဟာ အလုပ် ဖြစ်နိုင်သေး တယ်လို့ အိပ်မက် မက်ချင်တဲ့ တိုင်းရင်းသားတွေ ကိုယ်၌က စိတ်ပျက်ပြီးတော့ မြောက်ပိုင်းမှာ အခုဖြစ်နေတဲ့ ပဋိပက္ခတွေ၊ “ဝ” အပါအဝင်ပေါ့နော်၊ ကျန်ဒီအဖွဲ့သစ်တွေ၊ တိုးများလာနေ တဲ့၊ အားကောင်းလာနေတဲ့အယူအဆဖြစ်တဲ့ ကွန်ဖက်ဒရေးရှင်းလို အယူအဆမျိုးတွေဟာ ဆွဲဆောင်စရာ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော့်အမြင်ကတော့ အစဉ်အလာအားဖြင့် ဖက်ဒရယ်ကို အလုပ်ဖြစ် နိုင်တယ်၊ ဖက်ဒရယ် အိပ်မက်ကို မက်ချင်သေးတဲ့ တိုင်းရင်းသားတွေနဲ့ သေသေချာချာ၊ အထူးသဖြင့် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတွေနဲ့ သေချာနားလည်မှု ရအောင်၊ NLD အနေနဲ့ ဖက်ဒရယ်ဟာ ဒီနိုင်ငံအတွက် အလုပ်ဖြစ်နိုင်တယ်ဆိုတဲ့ မက်ဆေ့ချ်ကို ကျွန်တော်တို့ တပ်မတော် အနေနဲ့ရော အစိုးရအနေဖြင့်ပါ သေချာပြဖို့လိုမယ် ထင်ပါတယ်။ အဲဒီလို မဟုတ်လို့ရှိ ရင် ကျွန်တော် ခုနပြောသလို မြောက်ပိုင်း မော်ဒယ်ပေါ့နော်။ ပုံစံကသာ ပိုပြီးတော့ အလုပ်ဖြစ်သေးတယ် ဆိုတဲ့ သဘောထားမျိုးတွေက အစဉ်အလာ တိုင်းရင်းသားအဖွဲ့ အစည်းတွေကို လွှမ်းမိုးသွားပြီးတော့ အဲဒီ အဖွဲ့အစည်းတွေမှ ာရှိတဲ့ သဘောထား တင်းမာတဲ့ အင်အားစုတွေတောင်မှ ပိုပြီးတော့ အားကောင်းလာမယ်။ နောက်ဆုံးကျ လို့ရှိရင်တော့ ဒီနိုင်ငံမှာ ဆက်ပြီးတော့နေလို့ ရှိရင်လည်း အလကားပါပဲ ဆိုတဲ့အမြင်တွေ ပိုအားကောင်း လာမယ် ဆိုလို့ရှိရင် ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ မြေပုံကို ပုံစံ တစ်ခုခုနဲ့ အကျိုး သက်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဘက်က တိုက်တွန်းချင်တာကတော့ နောက်ထပ် ငါးနှစ်ကနေ ဆယ်နှစ်အ တွင်းမှာ ဖက်ဒရယ်ဖြစ်နိုင် သေးရင် ဒီနိုင်ငံမှာ ဖက်ဒရယ် အလုပ်ဖြစ်နိုင်သေးတယ်ဆိုတဲ့ မက်ဆေ့ချ်မျိုးကို နဂိုကတည်းက ယုံထားတဲ့တိုင်းရင်းသားတွေကို မြန်မာအစိုးရနဲ့ မြန်မာ့ တပ်မတော်ဘက်က ပြသမယ်ဆို ရင်တော့ ကျွန်တော်တို့ နိုင်ငံအတွက် ကွန်ဖက်ဒရေးရှင်းလို၊ ကျန်တဲ့ဒီထက် ပိုပြီးဆိုးဝါးတဲ့ အခြေအနေမျိုး ကို ရှောင်လွှဲနိုင်လိမ့်မယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။

❏ မြန်မာနိုင်ငံရဲ့နိုင်ငံတော်တည်ဆောက်ရေး (State Building) နဲ့အမျိုးသားလက္ခဏာ တည်ဆောက်ရေး (Nation Building) အောင်မြင်ရေးမှာ ပထဝီနိုင်ငံရေးစိန်ခေါ်မှုဟာ ဘယ်လောက်အထိ အကန့်အသတ် ဖြစ်စေနိုင်ပါသလဲ။

◉ ပထဝီနိုင်ငံရေးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး၊ အထူးသဖြင့် Nation Building) လို့ခေါ်တဲ့အမျိုး သားလက္ခဏာတည် ဆောက်နေတဲ့ အားထုတ်နေတဲ့ နိုင်ငံတွေ ဘယ်လောက်ပဲ အခြေ အနေတွေ၊ ရေခံမြေခံတွေ ကောင်းစေကာမူ Nation Building ကို တကယ်အမျိုးသားရေး လက္ခဏာကို တည် ဆောက်တော့မယ် ဆိုရင် စိတ်ဓာတ်ပိုင်း ဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ အားလုံး လွှမ်းခြုံနိုင်တဲ့ အမျိုးသား ရေးလက္ခဏာကို တည်ဆောက် တဲ့နေရာမှာ အဓိက စိန်ခေါ်မှုတစ်ခုက ဘာလဲဆိုတော့ ကိုလိုနီတွေ၊ အစိုးရတွေ စွန့်ခွာသွားပြီးတဲ့ နောက်ပိုင်းမှာ ကိုလိုနီစနစ်က လွတ် မြောက်လာတဲ့ နိုင်ငံတော်တော် များများမှာ ကြုံရတာက သူတို့ရဲ့ နိုင်ငံနယ်နမိတ်နဲ့ အဲဒီနိုင်ငံထဲမှာရှိတဲ့ လူမျိုးတွေရဲ့တည်ရှိ နေထိုင်ပုံ နယ်နမိတ်ဟာ ထပ်တူအမြဲတမ်းမကျတဲ့သဘောကို သွားတွေ့ရ တယ်။

တကယ်တမ်း ပြောရမယ်ဆိုရင်တော့ Ethnic Geography နဲ့ Physical Geography ပေါ့။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပထဝီနဲ့ တိုင်းရင်းသားတွေ စုဖွဲ့နေထိုင်တဲ့ လူမျိုးရေးရာ ပထဝီက ထပ်တူ မကျတာ တွေ့ရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆိုလို့ရှိ ရင် ဗမာလူမျိုးတစ်မျိုးတည်း မြန်မာနိုင်ငံရဲ့ မြေပုံထဲမှာ သီးသီးသန့်သန့် ရှိနေတယ်လို့ ပြောလို့ ရမလိုဖြစ်နေပါတယ်။ ကျန်တဲ့ အင်အား တော်တော်ကြီးတဲ့ လူမျိုး တွေဟာဆိုရင် ဥပမာ-ကရင်ဆိုရင် မြန်မာပြည်ထဲမှာလည်း ရှိတယ်၊ ထိုင်းမှာလည်းရှိတယ်။ ရှမ်းဆိုရင် ဒီထဲမှာ လည်းရှိတယ်၊ တရုတ်မှာလည်း ရှိတယ်၊ ထိုင်းမှာလည်းရှိတယ်။ ကျန်တဲ့ ရခိုင်၊ ကချင်၊ မွန် စသဖြင့် ဆိုလို့ရှိရင်လည်း အလားတူ ပေါ့နော်။ ပြောချင်တာက တိုင်းပြည်တစ်ပြည်မှာ ရုပ်ပိုင်းဆိုင်ရာ ပထဝီနဲ့ လူမျိုးစုတွေရဲ့ စုဖွဲ့နေထိုင်တဲ့ ပထဝီဟာ ထပ်တူမကျတဲ့ အခါမျိုးမှာ အမြဲတမ်း ပြဿနာက ဘာလဲဆိုတော့ ဒီနိုင်ငံရဲ့ရုပ်ပိုင်း ဆိုင်ရာ ပထဝီသဘောအရ ဖွဲ့စည်းတည်ဆောက်ထားတဲ့ နိုင်ငံရဲ့ သစ္စာစောင့်သိမှုဟာ အမြဲတမ်း အငြင်းပွားစရာ ဖြစ်လာနိုင်တာမျိုး တွေရှိပါတယ်။

ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံထဲမှာ နေတဲ့ ကချင်လူမျိုးက ဥပမာ-ဂျိမ်းဖောက IDP Campတွေမှာ၊ နေရပ် စွန့်ခွာ စခန်းတွေမှာ ဒုက္ခသုက္ခ ရောက်ပြီးတော့ ပြည်တွင်းစစ်ရဲ့ဒဏ်ကို အလူးအလဲ ခံနေရချိန်မှာ တရုတ်မှာရှိတဲ့ ဂျိမ်းဖောကတော့ ပိုပြီးတော့ စားဝတ်နေရေး ပြေလည်နေတယ်၊ ဘဝတက်လမ်း အလား အလာကောင်းတယ်ဆိုရင် မြန်မာပြည်တွင်းမှာရှိတဲ့ ဂျိမ်းဖောက တရုတ်ပြည်ထဲမှာရှိတဲ့ ဂျိမ်းဖောကို လှမ်းကြည့်ပြီးတော့ ငါတို့ ဒီနိုင်ငံထဲမှာ နေရတာ ဘာအဓိပ္ပာယ် ရှိလဲဆိုတဲ့ မေးခွန်းမျိုး အလိုလို ပေါ်လာနိုင်ပါတယ်။ အဲဒီလိုမျိုး မြန်မာနိုင်ငံထဲမှာရှိတဲ့ကရင်က ထိုင်းနိုင်ငံထဲမှာ အဆင့်ဆင့်ပညာတွေသင်၊ လွတ်လပ်စွာပြောရေး ဆိုခွင့်ရှိပြီး ကြီးပွားသွားတဲ့ ကရင်တွေကိုကြည့်ပြီး ငါတို့ဒီနိုင်ငံထဲမှာ နေလာရတာ ဘာအဓိပ္ပာယ်ရှိမလဲ ဆိုတဲ့ မေးခွန်း မျိုးမေးလာနိုင်ပါ တယ်။ ပြောရရင် သစ္စာစောင့်သိမှုဆိုတာမျိုးဟာ တစ်ဖက်ကို လှမ်းမျှော်စရာရှိတဲ့အခြေအနေမျိုးမှာ အမြဲတမ်း အစမ်းသပ်ခံရ တာမျိုး၊ စိန်ခေါ်ခံရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ အိမ်နီး ချင်းနယ်နမိတ်ဆက်စပ်နေတဲ့နိုင်ငံတွေ၊ အထူးသဖြင့် ပထဝီနိုင်ငံရေးအရ လွှမ်းမိုးနေတဲ့နိုင်ငံတွေရဲ့အခြေအနေကို ကျွန်တော်တို့ Nation Building နဲ့ State Building မှာ ထည့်ကို ထည့်တွက် ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဆိုလို့ ရှိရင်တော့ သိတဲ့အတိုင်းပဲ ပြည်တွင်းစစ် နှစ်ပေါင်းကြာလာလေလေ သာမန်ပြည်သူ တွေ၊ သာမန်တိုင်းရင်း သားတွေအနေနဲ့ အဲဒီခံစားမှုတွေကို ပိုပြီးတော့ ပြင်းထန်လာတာလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။ တကယ်တမ်းကျတော့ မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်အခြေအနေနဲ့ ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာအရေးအခြေအနေတွေကို သုံးသပ် ကြည့်မယ်ဆိုလို့ရှိရင် ပထဝီနိုင်ငံရေးဟာ မြန်မာနိုင်ငံရဲ့ရှိသမျှ တိုင်းရင်းသားပြည်သူတွေ အားလုံးကြားထဲမှာ ဒီနိုင်ငံအပေါ်မှာ စိတ်ဓာတ်ရေးရာအရ၊ နာမ်ပိုင်းဆိုင်ရာအရ စုစည်းပြီးတော့ ဒီနိုင်ငံ တော်အပေါ်မှာ သစ်္စာစောင့်သိမယ်ဆို တဲ့ခံစားမှုကို အားနည်းစေ တယ်၊ ချည့်နဲ့စေတယ်ဆိုတာ ကျွန်တော်တို့ငြင်းလို့မရပါဘူး။

မြန်မာနိုင်ငံတော်ကို စုဖွဲ့ထားတဲ့စုဖွဲ့မှု၊ ကျွန်တော်တို့ခေါ်တာ Political Order ပေါ့။ နိုင်ငံတော်ကိုစုဖွဲ့ထားမှု အာဏာစက်ဟာ တစ်ပုံစံတည်း၊ အူတိုင်တစ်ခုတည်းမရှိဘူးဆိုတာ အသိအမှတ်ပြုရ သလို ဖြစ်နေပါ တယ်။ ဒါကို ကျွန်တော်တို့ ဘာနဲ့တိုင်းလဲဆိုတော့ ဒီနိုင်ငံကိုစုဖွဲ့တဲ့နေရာမှာ လုံခြုံရေးအရဗဟိုကနေတာဝန်ယူ၊ တာဝန်ခံနိုင်တာမျိုး ဥပမာပြောရမယ်ဆိုရင် တောင်ကြီးကနေပြီး တော့ အပြင်ထွက်သွားလိုက်လို့ ဟိုပုံးလောက်ရောက်တာနဲ့ တကယ်တမ်းကျတော့ ပြည်သူ့စစ်တို့၊ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင် EAO တွေတို့ ကျန်တဲ့အင်အားစုအသီးသီးရဲ့အခန်းကဏ္ဍကပါ လာတယ်။

ပြည်သူလူထုကို လုံခြုံရေး တကယ်ပေးနိုင်တာဟာ အူတိုင်တစ်ခုတည်းနဲ့စုဖွဲ့ထားတဲ့ အာဏာစက် မဟုတ်ဘဲ နဲ့ အပြိုင်အပြိုင် အာဏာစက်တွေအများကြီးကလည်း ပြည်သူလူထုရဲ့လုံခြုံရေးကို သူ့ နည်းသူ့ဟန်နဲ့ ပုံစံအမျိုးမျိုးနဲ့ တာဝန်ယူနေရတာတွေ တွေ့နေရတယ်။ ဒါကြောင့် ဒီအပေါ်မှာအခြေခံ ပြီးတော့ တရား ဥပဒေ စိုးမိုးမှုတို့၊ အခွန်အတုပ် ကောက်တာတို့ စသဖြင့် ကျန်တဲ့ ဝန်ဆောင်မှုတွေလည်း စကားပြောစ ရာဖြစ်လာတယ်။ ပထမတစ်ခုက လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ တာဝန်ခံနိုင်မှုအပိုင်းပေါ့လေ။ Security Provision ခေါ်တာပေါ့။

နောက်တစ်ခုကတော့ အများပြည်သူနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုပိုင်း၊ ဒါကတော့ ခုဏက ပြောတဲ့ လမ်းပန်းဆက်သွယ်ရေးကနေစပြီးတော့ ပညာရေး၊ ကျန်းမာရေးစတဲ့ကိစ်္စတွေမှာ၊ အခြေခံအဆောက်အအုံကိစ်္စတွေမှာ Public Service Provision ပေါ့။ ဒီလိုကိစ္စတွေမှာ အူတိုင်တစ်ခုတည်း စုဖွဲ့ထားတဲ့ ဗဟိုအာဏာကနေပြီးတော့ တစ်တိုင်းပြည်လုံးကို အဲဒီ ဝန်ဆောင်မှုတွေ မပေးနိုင်တဲ့ ပြဿနာပေါ့။ ဒါကလည်း ထင်ရှားပါတယ်။ ကေအိုင်အေက ကချင်မှာ ရှိတဲ့ မြို့ကြီးတွေကို လျှပ်စစ်မီးပေးနေရတာမျိုးပေါ့။ အဲဒီလိုပဲ တဖြည်းဖြည်းနဲ့ တောင်ပေါ်ဒေသတွေ၊ နယ်စပ်ဒေသတွေေ ရာက်သွားလို့ရှိရင် ခရစ်ယာန် ဘုရားကျောင်းဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်ရင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း လည်း ဖြစ်ချင်ဖြစ်မယ်၊ အဲဒီအင်အားစုတွေကပဲ ပြည်သူလူထုရဲ့လျှပ်စစ်မီး ပေးတာတို့၊ ရေတွင်းတူး ပေးတာတို့ ကျန်တဲ့လိုအပ်ချက်တွေဖြည့်ဆည်းပေးတာတို့၊ ပညာရေးနဲ့ကျန်းမာရေးမှာပံ့ပိုးပေးတာတို့ စသဖြင့်ကျန်တဲ့ ဥပမာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်မို့ ပြောရမယ်ဆိုရင် Security Provision ၊ Public Service Provision တွေမှာ အူတိုင်တစ်ခုတည်းကနေ ပေးနိုင်စွမ်းမရှိ တော့ဘူး။

နောက်တစ်ခါ တောင်ပေါနဲ့ နယ်စပ်ဒေသတွေမှာရှိကြတဲ့ တိုင်းရင်းသားပြည်သူတွေက ဗဟိုမှာ ရှိတဲ့နိုင်ငံရေး စနစ်ကရော သူတို့ကိုတကယ်ကိုယ်စားပြုသလား၊ ရွေးကောက်ပွဲတွေ လုပ်မယ်၊ ရွေးကောက်ပွဲ က တက်လာမယ့် အမတ်တွေရှိမယ်၊ အစိုးရတွေ ရှိမယ်၊ တကယ်တမ်းကျတော့ အဲဒီလူတွေက ငါတို့ကို တကယ် ကိုယ်စားပြုသလား၊ ရွာဦးကျောင်းက ဘုန်းကြီးလောက်တောင် ငါတို့ကို ပုံမှန် လာစောင့်ရှောက်တာ မျိုးရှိရဲ့လား၊ အကူအညီပေးတာ၊ ပံ့ပိုးတာရှိသလား ၊ ငါတို့ရဲ့လုံခြုံရေး၊ ငါတို့ရဲ့လိုချက်တွေကို ဘယ်သူတွေကပံ့ပိုးပေးမှာလဲဆိုတဲ့မေးခွန်းမျိုးတွေလည်း အများကြီးပြဿနာရှိပါတယ်။ ရခိုင်လိုနေရာ မျိုးဆိုထင်ရှားပါတယ်။ နိုင်ငံရေးဘောင်ကျဉ်းလာပြီး စစ်ရေးဘောင်ပိုကျယ်လာတာနဲ့အမျှ ကိုယ်စားပြုမှု နဲ့ ပတ်သက်ပြီးတော့ အငြင်းပွားစရာဖြစ်လာတာမျိုးတွေပါ။ ဒါမျိုးကိုတော့ Legitimacy Provision လို့ခေါ်တာပေါ့နော်။ အဲတော့ချုပ်ပြောရမယ်ဆိုရင် နိုင်ငံတော်စုဖွဲ့မှုဟာ အာဏာစက် အားဖြင့် အူတိုင်တစ်ခု တည်းမရှိတော့တဲ့အခါမျိုးမှာလုံခြုံရေးတို့၊ ဝန်ဆောင်မှုတို့၊ ကိုယ်စားပြုမှုတို့ Security Provision၊ Welfare Provision ၊ Legitimacy Provision တွေမှာ အာဏာစက်ဟာ ဗဟိုက အာဏာစက်လျော့နည်း လာတာ ကို တွေ့ရပါတယ်။ ဒီလိုအခြေအနေတွေမှာ ဒီလိုမျိုးကို အိမ်နီးချင်းနိုင်ငံတွေက သေချာ နားလည်တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေက ဗဟိုအစိုးရနဲ့တင်တိုက်ရိုက်ဆက်သွယ်တာမျိုး မဟုတ်တော့ဘဲနဲ့အရေးပါတဲ့ ပလေယာတိုင်းနဲ့ချိတ်ဆက်ပြီးတော့ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်း တာမျိုး တွေ့ရပါတယ်။ တရုတ်နိုင်ငံဆို ပိုထင်ရှားပါတယ်။ လုံခြုံရေးအရရော၊ စီးပွားရေးအရရော လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ နေပြည်တော်နဲ့တင် ဆောင်ရွက်တာမဟုတ်ဘဲ အင်အားစုတော်တော် များများနဲ့ချိတ်ဆက်လုပ်ဆောင်တာ တွေ့ရပါတယ်။

အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် ဥပမာ တစ်ရှူးငှက်ပျော သီးစိုက်တဲ့ ကိစ္စမျိုးတွေ၊ ကျန်တဲ့တရုတ်ပုံစံမြို့တွေ ဆောက်ဖို့ ၊ ဥပမာ-ကရင်ပြည်နယ်မှာဆို ရွှေကုက္ကိုလ်လို ဟာမျိုး၊ အဲဒီလို ဆောက်တဲ့ကိစ္စမျိုးတွေကို ကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံတော်ရဲ့ အဓိကအရေး ပါတဲ့လက္ခဏာတစ်ခုက စီးပွားရေး အပါအဝင်ကျန်တဲ့ စာချုပ် စာတမ်းတွေကိုအခြားနိုင်ငံတွေနဲ့ တန်းတူ လွတ်လွတ်လပ်လပ် ချုပ်ဆိုပြီးတော့ အဲဒီလိုစာချုပ်တွေကို အသက်ဝင်အောင် လုပ်ပေးနိုင်တာ နိုင်ငံတော် ရဲ့စွမ်းဆောင်ရည် တစ်ခုထဲမှာ ပါပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံတော်နဲ့တင် မဟုတ်ဘဲနဲ့ Non-State Actor ခေါ်တဲ့ အခြား ပလေယာတွေနဲ့ပါ စီးပွားရေးအရ စာချုပ်စာတမ်းတွေချုပ်ဆိုပြီး တော့ စီးပွားရေးအရ အကောင်အထည်ဖော်မှုတွေ လုပ်တာဟာ ဗဟိုအာဏာစက်ကို ပိုပြီးတော့ ချည့်နဲ့ သွားစေတဲ့ သဘောဖြစ်ပါတယ်။ ဗဟိုအာဏာစက်အပေါ်မှာ တစ်တိုင်းပြည်လုံးက ပိုပြီးတော့ သစ္စာစောင့်သိမှုလျော့နည်းစေတဲ့ သဘောလည်း ဖြစ်ပါတယ်။

တကယ်တမ်းကျတော့ ပထဝီနိုင်ငံရေးဟာ နိုင်ငံတော်တည်ဆောက် ရေး State Building နဲ့ အမျိုးသား လက္ခဏာတည်ဆောက်ရေး ကိုအကန့်အသတ် အဟန့်အတား ဖြစ်စေနိုင်တယ် ဆိုတာကို ကျွန်တော်တို့ကထောက်ပြတာ ဖြစ်ပါတယ်။ ဒီလိုပြောတာက အိမ်နီးချင်း နိုင်ငံတွေကိုအပြစ်တင်ပြီးတော့၊ ရန်လိုပြီးတော့ ကိုယ့် ပြဿနာကို သူတို့အပေါ် ပုံချနေလို့လည်း မရပါဘူး။ ကျွန်တော်တို့ ခဏခဏ ဆွေးနွေးခဲ့သလိုပဲ အညှီရှိလို့ ယင်အုံတာဖြစ်တဲ့ အတွက် ကိုယ့်အညှီကို ကိုယ်ပျောက်အောင်ဖြေရှင်းဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ဘက်က ကိုယ့် တိုင်းရင်းသားတွေနဲ့ကိုယ့်ရဲ့ အချုပ်အချာ အာဏာကိစ္စ၊ ပြည်ထောင်စု မပြိုမကွဲဘဲ တည်မြဲဖို့ကိစ္စကို ကျွန်တော်တို့ဘာသာ ကျွန်တော်တို့နည်းနဲ့ ကျွန်တော်တို့ အချင်း ချင်းပဲ စေ့စပ်ဆွေးနွေးပြီး ပြေလည်အောင်ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျန်တဲ့လူတွေက ကျွန်တော်တို့ကို ဖြစ်အောင်လုပ်ပေးလို့မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်မယ်ဆိုရင် တော့လည်းတချို့အဖျက် အမှောင့်တွေ လုပ်လို့ရနိုင်တယ်။ ကျွန်တော်တို့က ကျွန်တော်တို့အချင်းချင်း နားလည်မှု ရှိမယ် ဆိုရင်တော့ အဲဒါတွေကိုကျော်လွှား သွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပြန်ချုပ် ပြောရမယ်ဆိုရင်တော့ ဒီလိုမျိုး ပဋိပက္ခတွေများတဲ့နိုင်ငံမှာ Nation Building ကို တည်ဆောက်ရတာ အင်မတန်မှ ခက်ပါတယ်။ တော်တော်ခက်ပါတယ်။ ဒီလိုအခြေအနေမှာ စီးပွားရေးအရ အမျှော်အမြင်လည်း ရှိဖို့လိုတယ်။ စီးပွားရေ းကိစ္စတွေ၊ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုတွေလည်း ဆောင်ကြဉ်းနိုင်ဖို့ လိုမယ်လို့ ထင်ပါတယ်။

ဘာလို့ အဲလို့ပြောရလဲ ဆိုတော့ ကျွန်တော်တို့ အာရှနိုင်ငံတွေကြည့် တဲ့အခါမှာ ကိုလိုနီခေတ်က လွတ်မြောက်လာတဲ့ အခါမှာ တစ်ဖက် က Identity လို့ခေါ်တဲ့ အမျိုးသားလက္ခဏာ၊ အားလုံးအကျုံး ဝင်နိုင်တဲ့ အမျိုးသား လက္ခဏာကိုပုံဖော်ဖို့ ကြိုးစားရင်းနဲ့အခြား တစ်ဖက်ကလည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို တွန်းတာတွေ့ရပါ တယ်။ စီးပွားရေးဖွံ့ဖြို းတိုးတက်လာ တဲ့အခါမှာ လူလတ်တန်းစား ပေါ်လာပြီးတော့ အဲဒီလူလတ် တန်းစားမှာ ကိုယ့် လူ့အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံ အပေါ်မှာ ဂုဏ်ယူတဲ့စိတ်၊ တစ်စုံတစ်ရာ ဓနဥစ္စာ ကြွယ်ဝ လာတဲ့အခါမှာ သင့်လျှော်တဲ့ ဝန်ဆောင်မှုကောင်း ကောင်းတွေရ လာမယ်။ ပညာရေး၊ ကျန်းမာရေးနဲ့လမ်းပန်း ဆက်သွယ်ရေး ကောင်းကောင်းတွေ ရလာမယ်။ မီးဖွင့်ရင် မီးလင်းမယ်။ ဒီလိုမျိုးတွေ ဖြစ်လာတဲ့အခါမှာ လူတွေဟာ ကိုယ့်နိုင်ငံအပေါ်မှာ ပိုဂုဏ်ယူလာ တာတွေ့ရပါတယ်။ အဲဒီတော့ Identity ကိစ္စကို ချက်ချင်း မပြေ လည်နိုင်သေးသော် ငြားလည်း အအနည်းဆုံးတော့ Functional Substitute ပေါ့နော်။ အလုပ်ဖြစ်နိုင်တဲ့ အစားထိုး မှုလေးတွေနဲ့ ထိန်း၊ ထိန်းပြီး ထေသွားတဲ့ အခါမှာ တချိန်မှာတော့ တကယ့်တကယ် Functional Substitute ပြဿနာတွေ၊ အမျိုးသား လက္ခဏာစရိုက်နဲ့ ပတ်သက်ပြီးတော့ ကိုင်တွယ်ဖြေရှင်းတဲ့အခါ သိပ်ပြီးတော့ ပြင်းထန်တဲ့ ခါးသီးမှုတွေ ရန်လိုမှုတွေ၊ ပြောရရင်ဆင်းရဲလို့ဖြစ်တဲ့ ဒေါသတွေ၊ ပညာမတတ်လို့ဖြစ်တဲ့ ဒေါသတွေ နည်းသထက်နည်းလာတာကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်။

အယ်ဒီတာအဖွဲ့

ခေတ်ရနံ့ မဂ္ဂဇင်း

The post စိတ်ပိုင်းဆိုင်ရာအရ၊ နာမ်ပိုင်းဆိုင်ရာအရ သစ္စာစောင့်သိမှုပေါ်တွင် ပေါင်းစည်းသင့်သည့် အမျိုးသား လက္ခဏာတည်ဆောက်ခြင်း (Nation Building) appeared first on ISP Myanmar Peace Desk.