COVID-19 Archives - ISP Myanmar Peace Desk

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေး မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုနှင့် ပဋိပက္ခအပေါ် တုံ့ပြန်သက်ရောက်မှုများအတွက် မူဝါဒဆိုင်ရာ အကြံပြုချက်များ
ကိုဗစ်-၁၉ ကူးစက်ရောဂါရဲ့ မြန်မာနိုင်ငံအပေါ် ကဏ္ဍအစုံသက်ရောက်နိုင်မှုတွေကို တုံ့ပြန်အဖြေရှာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ISP-Myanmar က Covid-19 & Myanmar Special Series တွေကို ပြုစုထုတ်ဝေခဲ့ပါတယ်။  မကြာမီက ထုတ်ဝေခဲ့တဲ့ Special Series (No-3) မှာတော့ ကိုဗစ်-၁၉ ရောဂါနဲ့ ပြည်တွင်း ပဋိပက္ခတွေအကြား အခြေအနေတွေကို အလေးပေး ဆွေးနွေးထားပါတယ်။ လက်နက်ကိုင်ပြည်တွင်းပဋိပက္ခနဲ့ ရောဂါကပ်ဘေး အကြား လက်ရှိမြေပြင်အခြေအနေတွေ၊ ဖြစ်တန်ချေတွေကို သုံးသပ်ချက်ဆောင်းပါးများ၊ သက်ဆိုင်ရာပါဝင် ပတ်သတ်သူ အစုအဖွဲ့တွေရဲ့ အမေးအဖြေဆွေးနွေးချက်များ စတာတွေနဲ့ ချဉ်းကပ်စုစည်းထားတာဖြစ်ပါတယ်။ ယခုဖော်ပြမယ့် စာစုမှာတော့ အဆိုပါဆောင်းပါး၊ အမေးအဖြေတွေကတဆင့်ဆွေးနွေးထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပဋိပက္ခများအကြား ထည့်သွင်းစဉ်းစားဖွယ်ရာ မူဝါဒအကြံပြုချက်တွေကို အပိုင်းနှစ်ပိုင်းနဲ့ စုစည်း တင်ပြသွားမှာ ဖြစ်ပါတယ်။

၁။ သုံးသပ်ချက်ဆောင်းပါးများမှ မူဝါဒပိုင်းဆိုင်ရာအကြံပြုချက်များ

“ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးနှင့် ပဋိပက္ခအပေါ် အကဲဆက်သောတုံ့ပြန်မှု” အထူးသုံးသပ်ချက်ဆောင်းပါးမှာ ဆောင်းပါးရှင် ဆရာအောင်သူငြိမ်းက “ စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် မြန်မာအစိုးရက ‘Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေး အစီအစဉ် (CERP)’ ကို ထုတ်ပြန်ကြေ‌ညာခဲ့သလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်လည်း ကပ်ဘေးကာလ ငြိမ်းချမ်းရေးတည်ဆောက်ရေး အစီအစဉ်ကြီး’ (Peace Response or Peace Resiliency Package) တခု လိုအပ်မယ်” လို့ အကြံပြုတိုက်တွန်းထားပါတယ်။ တဆက်တည်းမှာပဲ ကပ်ဘေးကာလအတွင်းမှာ ယာယီဖြေရှင်းဖို့ လိုအပ်တဲ့ အချက်တွေကို ဆွေးနွေးပါတယ်။ အဲ့ဒီအချက်တွေကတော့

အထူးထိခိုက်နစ်နာဖွယ်ရှိတဲ့ အုပ်စုများအတွက် မြန်ဆန်တဲ့၊ အဆက်မပြတ်ဖြစ်တဲ့၊ ပျော့ပျောင်းလိုက်လျော ညီထွေ ဖြစ်မယ့် Covid-19 တုံ့ပြန်ရေးထောက်ပံ့မှုများ ကူညီပံ့ပိုးပေးရန်၊

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ၊ ဝန်ဆောင်ပေးမှုများအတွက် အကန့်အသတ်များ (ဥပမာအားဖြင့် ပဋိပက္ခစစ်ပွဲများနဲ့ ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းများ)ကို ဖယ်ရှားပေးရန်၊

ချိတ်ဆက်မှုရှိတဲ့၊ အင်အားစုများ အားလုံးပါဝင်နိုင်ခွင့်ရှိတဲ့ (Inclusive) တုံ့ပြန်မှုမျိုးကို စီစဉ်ရေးဆွဲထားရန်၊

မိမိတို့အဖွဲ့အချင်းချင်းအကြား ချိတ်ဆက်ညှိနှိုင်းမှုသာမက ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုအတွက် ချိတ်ဆက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း Covid-19  တုံ့ပြန်ရေးအတွက် ပိုအားကောင်းအောင် မြှင့်တင်ဆောင်ရွက်ရန် စတဲ့ အကြံပြုဆွေးနွေးချက်တွေ ဖြစ်ပါတယ်။ ရေရှည်ကာလမှာလည်း ပဋိပက္ခရဲ့ ရေသောက်မြစ်ဆိုင်ရာ အကြောင်းအရင်းတွေကို ဦးစားပေးကိုင်တွယ်ဖြေရှင်းသင့်ကြောင်းလည်း ဆက်လက်ဆွေးနွေးပါတယ်။ ကူးစက် ဘေးရဲ့ သွယ်ဝိုက်သက်ရောက်မှုများနဲ့ ရေရှည်သက်ရောက်မှုများ၊ အနာဂတ်ကာလမှာ ကြုံတွေ့ရမယ့် အကျပ်အတည်းတွေအတွက် ကြိုတင်စဉ်းစားချက်တွေ၊ ပြင်ဆင်ထားမှုတွေ ရှိသင့်ကြောင်းကိုလည်း ဆွေးနွေး ထားပါတယ်။

ဒုတိယတပုဒ်ဖြစ်တဲ့ “ကိုဗစ်ကပ်ဘေးအတွင်းမှ စစ်ရှောင်ပြည်သူများ၏ ဆတိုးဒုက္ခများ” ဆောင်းပါးကတော့ လက်ရှိကူးစက်ရောဂါဖြစ်ပွားနေချိန်အတွင်းမှာပဲ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ဒေသ တွေက စစ်ဘေးရှောင်ပြည်သူတွေရဲ့ လူမှုဘဝအခြေအနေကို ဆွေးနွေးထားတာပါ။ သာမန်အခြေအနေတွေမှာ တောင် ကျန်းမာရေးအဆောက်အအုံတွေ မလုံလောက်တဲ့ တိုင်းရင်းသားဒေသတွေရဲ့ လူမှုဘဝက ယခုလို ကူးစက် ရောဂါဘေးတဖက်၊ လက်နက်ကိုင်ပဋိပက္ခဘေးတဖက် ကြုံတွေ့နေရတဲ့အချိန်တွေမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ် မှုတွေကို ယှဉ်ထိုး ဆွေးနွေးထားပါတယ်။

ဆောင်းပါးကနေတဆင့် မူဝါဒပိုင်းဆိုင်ရာအကြုံပြုချက်တွေအဖြစ် ထည့်သွင်း စဉ်းစားရမယ့်အချက်တွေလည်း ရှိနေပါတယ်။ ကျန်းမာရေးအခြေခံအဆောက်အအုံတွေနဲ့ လူစွမ်းအားအရင်းအမြစ်တွေကို နိုင်ငံမှာ ပိုမိုမြှင့်တင် နိုင်ဖို့လိုကြောင်းထောက်ပြဆွေးနွေးချက်တွေကို အဓိကတွေ့နိုင်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားလေ့ရှိရာ၊ စစ်ဒဏ်သင့်လေ့ရှိရာဒေသတွေရဲ့ ကျန်းမာရေးစောင့်ရှောက်နိုင်မှုအခြေအနေကို ပိုမိုမြှင့်တင်သင့်တာဖြစ်ပါတယ်။ နောက်တချက်ကတော့ ကူးစက်ရောဂါကပ်ဘေးကာလအတွင်းမှာ စစ်ရှောင်ပြည်သူတွေရဲ့ အရေးကို နှစ်ဖက် လက်နက်ကိုင်တပ်အသီးသီးက အမှန်တကယ်ရှေးရှုပြီး ရောဂါကာကွယ်၊တာဆီး၊ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်း စဉ်တွေ ဖော်ဆောင်သင့်ကြောင်းဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စစ်ရှောင်ပြည်သူတွေရဲ့ ရောဂါကပ်ဘေး ကာကွယ်ရေး ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့ရင်၊ တပြိုင်နက်တည်းမှာပဲ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက် ကြီးထွားနေရင် ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဖုအထစ်ကြီးကြီးမားမားတွေ ပေါ်ပေါက်လာ နိုင်တာကြောင့် ယခုဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် တုံ့ပြန်ပုံတွေကို ပြန်လည်သုံးသပ်သင့်ကြောင်း အချက်တွေကို အကြံပြုထားပါတယ်။

တတိယဆောင်းပါး “လက်နက်ကိုင် ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်နှင့် ပူးပေါင်းဆောင်ရွက်ရေး” မှာလည်း သတိပြုဆင်ခြင်စရာ မူဝါဒအကြုံပြုချက်တွေ ပါဝင်နေပါတယ်။ လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ် တချိန်တည်းမှာကျရောက်တဲ့အခါ သက်ဆိုင်ရာပါဝင်တဲ့ အစုအဖွဲ့တွေရဲ့ ပြုမှုဆောင်ရွက်ပုံတွေကြောင့် အဆိုးဘက်ကို ရောက်သွားနို်ငသလို အကောင်းဘက်လည်း ပြောင်းလဲနိုင်ပါတယ်။ ဆောင်းပါးရှင် ဆရာအောင်နိုင်ဦးက နိုင်ငံတကာဥပမာတွေရဲ့အဆိုအရ အစိုးရနဲ့ လက်နက်ကိုင်တွေတပ်ဖွဲ့တွေအကြား ဘေးအန္တရာယ်ကာကွယ်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ရင် ပဋိပက္ခဖြေရှင်းနိုင်ဖို့ အခြေအနေ ကောင်းတယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ရှိပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းကို ဖော်ဆောင်နေပါတယ်။ အဆိုပါအခြေအနေတွေအတွင်းမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို ဆောင်းပါးက ဆွေးနွေးထားပါတယ်။

ပထမအချက်ကတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် လိုက်နာရမယ့် စည်းကမ်း(Code of Conduct)တွေ ချမှတ်ထားဖို့လိုတယ်လို့ ဆွေးနွေးပါတယ်။ အစိုးရအဆင့် ပူးပေါင်းရေးကော်မတီတွေ ဖွဲ့စည်းထားပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြန့်ကြာနေမှုကြောင့် ယုံကြည်မှု အားနည်းမှုတွေက အောက်ခြေအဆင့်တွေမှာ ပူးပေါင်းရေးအတွက် အခက်အခဲတွေ ရှိလာစေတာ ဖြစ်ပါတယ်။ ဒါကြောင့် Covid-19 ရောဂါကာကွယ်ရေးနဲ့ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင် သင့်ပြီး လိုအပ်တဲ့ စည်းကမ်းတွေလည်း ချမှတ်သင့်ကြောင်း ထောက်ပြထားပါတယ်။ ဒုတိယ အချက်ကတော့ မှန်ကန်ကောင်းမွန်တဲ့ ဆက်သွယ်ရေး (Communication) လမ်းကြောင်းတွေ ဖော်ဆောင် ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်တဲ့ စည်းမျဉ်းတွေ၊ ဆက်သွယ်ရေးလမ်းကြောင်း တွေကနေတဆင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ကြဖို့ ဆွေးနွေးအကြံပြုထားတာပဲ ဖြစ်ပါတယ်။

၂။ သက်ဆိုင်ရာအစုအဖွဲ့များ၏ အမေးအဖြေဆွေးနွေးချက်များမှ မူဝါဒပိုင်းဆိုင်ရာအကြံပြုချက်များ

ငြိမ်းချမ်းရေးကော်မရှင် ရဲ့ အတွင်းရေးမှူး ဖြစ်တဲ့အပြင်၊ Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ စပ်လျဉ်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး ခင်ဇော်ဦး(ငြိမ်း) နဲ့ အမေးအဖြေဆွေးနွေးချက်မှာတော့ လက်ရှိ ကူးစက်ရောဂါကာကွယ်ရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးအခြေအနေမှ ဖြစ်တန်ချေအနေအထားတွေကို ဆွေးနွေးထားပါတယ်။ ဆက်စပ်ဆင်ခြင်ရ မယ့် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေလည်း ရှိနေပါတယ်။

ပထမတချက်ကတော့ တပ်မတော်ရဲ့ အပစ်အခတ်ရပ်စဲခြင်းကြေငြာချက်အပေါ် နှစ်ဖက်စလုံးက အမှန်တကယ် လိုက်နာပြီး Covid တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို အတူတကွဖော်ဆောင်နိုင်ရင် ယုံကြည်မှုတည်ဆောက်ရေး အတွက်သာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ပါ ရှေ့ရောက်ဖို့ များစွာအကျိုးပြုနိုင်တယ်လို့ ဆွေးနွေး အကြံပြုထားပါတယ်။ နောက်တချက်က Covid ကာကွယ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်နေရင်းနဲ့ နားလည်မှု လွဲတဲ့ ကိစ္စမျိုး မဖြစ်အောင်လုပ်ဆောင်သင့်ကြောင်း ထောက်ပြထားပါတယ်။ Covid အကျပ်အတည်းကို ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတခု၊ အတူတူပူးပေါင်းလုပ်ဆောင်ခြင်းကို ငြိမ်းချမ်းလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်ရေးတိုးတက်စေဖို့ ဖန်တီးရန် လိုအပ်ကြောင်းကိုလည်း အကြံပြုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောဆဲပွယ်နဲ့ မေးမြန်းဆွေးနွေးချက်မှာ လည်း ထည့်သွင်းစဉ်းစားရမယ့် အကြံပြုချက်တချို့ရှိပါတယ်။ ရောဂါကာကွယ်ရေးလုပ်ငန်းတွေအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ကြတဲ့အခါမှာ ညှိနှိုင်းရမယ့် အချက်တွေ၊ သတင်းဖလှယ်ကြမယ်ဆိုတဲ့ အချက်တွေအပေါ် လက်ရှိ မလုပ်ဆောင်ကြသေးပေမယ့်၊ နောင်အခါ လုပ်ရင်းနဲ့ပဲ ဘာတွေဆက်ပြီးကောင်းအောင် ထပ်လုပ်ဖို့ လိုမလဲဆိုတာ တိုင်ပင်ဖို့လိုအပ်ကြောင်း အကြံပြုထားပါတယ်။ ရောဂါကူးစက်မှုကာကွယ်ရေးလုပ်ဆောင်တဲ့ အခါမှာလည်း မြေပြင်အခြေအနေမှာ တားဆီးတာ၊ ပိတ်ပင်တာတွေ မရှိစေဖို့ သမ္မတရုံးကဖွဲ့စည်းလိုက်တဲ့ ကော်မတီကနေတဆင့် ကြပ်မတ်၊ ကာကွယ်၊ ထိန်းသိမ်းရေး လုပ်ငန်းတွေ အကောင်းဆုံးလုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း အကြုံပြုဆွေးနွေးထားပါတယ်။

နောက်ထပ်ဖော်ပြမယ့် မေးမြန်းဆွေးနွေးချက်ကတော့ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ်မှုဆောင်ကော်မတီ ဝင် နဲ့ မွန်ပြည်သစ်ပါတီ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်ကော်မတီရဲ့ ဒုတိယခေါင်းဆောင် နိုင်အောင်မငေးရဲ့ ဆွေးနွေးချက်ဖြစ်ပြီး အဓိကထား လုပ်ဆောင်ရမယ့် အကြံပြုချက် တချက်လည်း ရှိနေပါတယ်။ ကိုဗစ်ရောဂါကူးစက်မှု ကာကွယ်ရေး လုပ်ငန်းစဉ်တွေမှာ မွန်ပြည်သစ် ပါတီအနေနဲ့ ပြည်နယ်အစိုးရ၊ တပ်မတော် နဲ့ အစိုးရကဖွဲ့စည်းထားတဲ့ ညှိနှိုင်းကော်မတီတွေ အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်မှုကြောင့် ကိုဗစ်ရောဂါကာကွယ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ရရှိနေပြီဖြစ်ပေမယ့် ဆန်၊ ဆီ၊ ဆား၊ ရိက္ခာတွေ စိုးရိမ်ပူပန်မှု ရှိနေရသေးတာဖြစ်ပါတယ်။ ဒါကြောင့် ရိက္ခာအတွက် ထိထိရောက်ရောက် လာရောက်ကူညီပူးပေါင်းဆောင်ရွက်ပေးနိုင်မယ့် အနေအထားမျိုး လိုအပ်နေသေးကြောင်း ဆွေးနွေးထားတာ ဖြစ်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ ဗဟိုကော်မတီဝင်၊ KNPP ကိုဗစ်ကာကွယ်ရေးကော်မတီရဲ့ ဘုတ်အဖွဲ့ဝင် ဦးအောင်ဆန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်မှာတော့ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ မြေပြင်အခြေအနေတွေက ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာတွေအတွက် ဆက်စပ်စဉ်းစားစရာ မူဝါဒအကြံပြုချက်များကို တွေ့နိုင်ပါတယ်။ သက်ဆိုင်ရာ ထိန်းချုပ်နယ်မြေတွေအတွင်းမှာ ရောဂါကာကွယ်ရေးအတွက် Lockdown လုပ်ဆောင်ရတဲ့ ကိစ္စတွေမှာ ပြည်နယ်အစိုးရက ကန့်ကွက်ပြီး ပြည်နယ်ရဲ့ ကျန်းမာရေးဌာနအစီအမံကိုသာ လိုက်နာဖို့ ညွှန်ကြားချက်တွေ ရှိလာပါတယ်။ ပူးပေါင်း ဆောင်ရွက် ရေးလို့ ပြောတဲ့အခါမှာလည်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရတာမျိုးမဟုတ်ဘဲ အစိုးရလုပ်တဲ့ အစီအမံ လုပ်ငန်းတွေကိုသာ ဝင်ရောက်ဆောင်ရွက်နေရတဲ့ သဘောဖြစ်နေကြောင်း ထောက်ပြထားတာ ဖြစ်ပါတယ်။ နယ်စပ်မှာ ကျန်းမာရေး စစ်ဆေးရေးဂိတ်လုပ်ဆောင်တဲ့ နေရာမှာလည်း တပ်မတော်နဲ့ အကျေအလည် ဆွေးနွေးခဲ့ရတဲ့ အခြေအနေတွေ ရှိနေသေးသလို၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအတွင်းကို ကြိုတင်အကြောင်းမကြားဘဲ ဝင်ရောက်လာတဲ့ တပ်မတော်သားတွေရှိနေပြီး အကျိုးဆက်အနေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါသေးတယ်။ ကူးစက်ရောဂါ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးမှတဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးပမ်းချက် အောင်မြင်နိုင်ဖို့အတွက် မြေပြင်အခြေအနေမှာ နှစ်ဖက် အပြန်အလှန် ယုံကြည်ချက်ရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ အကျေအလည်ဆွေးနွေးဖို့ လိုအပ်နေသေးတဲ့ အချက်ကို ထောက်ပြထားတာပဲ ဖြစ်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့အမေးအဖြေ ဆွေးနွေး ချက်တွေမှာတော့ ထည့်သွင်းစဉ်းစားရမယ့် မူဝါဒအကြံပေးချက်တွေကို သီးခြားအထူးပြု ဆွေးနွေးထားတာမျိုး မပါဝင်နေပေမယ့်၊  တပ်မတော်ရဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက် နိုင်ဖို့ ချမှတ်ထားတဲ့ အစီအစဉ်တွေ၊ မူဝါဒတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်၊ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောရဲ့ ဆွေးနွေးချက်တွေ ကတော့ ရခိုင်ပြည်နယ်အတွင်း ပြင်းထန်နေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဒုက္ခ အခြေအနေများကို တင်ပြထားပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် အကြံပြုချက်တချို့ကိုလည်း ဆွေးနွေးထား ပါတယ်။ ပထမအချက်ကတော့ ပြည်ထောင်စုအစိုးရအနေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို စနစ်တကျနဲ့ သေသေချာချာ ကူညီပေးဖို့ လိုအပ်ကြောင်း အကြံပြု ထားပါတယ်။ အကန့်အသတ်နဲ့ရှိနေတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေ အားကောင်းလာဖို့၊ လွတ်လပ်စွာ သွားလာနိုင်ဖို့၊ အင်တာနက်ဖြတ်တောက်ထားမှုတွေကို ရပ်တန့်ဖို့ စတဲ့အချက်တွေကိုလည်း တိုက်တွန်းနှိုးဆော် ထားပါတယ်။

ငြိမ်းဖောင်ဒေးရှင်း(Shalom)ရဲ့ အမှုဆောင်ဒါရိုက်တာ Lဂျာနန်ရဲ့ အမေးအဖြေဆွေးနွေးချက်တွေကတော့ ကချင် ပြည်နယ်အတွင်း အစိုးရ၊ KIO နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအကြား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ထိစပ်လုပ်ဆောင်နေမှုတွေအပေါ် ဆွေးနွေးတာပါ။ KIO နဲ့ ကချင်ပြည်နယ်အစိုးရတို့အကြား ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်ကြတဲ့အခါ ဆက်သွယ်ရေးလမ်းကြောင်း အားနည်းရာမှတဆင့် အပြန်အလှန် အယုံအကြည်ပျက်စရာ ကိစ္စရပ်တွေပေါ်ပေါက်လာရခြင်း အချက်ကို ဆွေးနွေးထားပါတယ်။ ဒီအချက်က မူဝါဒ ဖော်ဆောင်သူများအနေနဲ့ သက်ဆိုင်ရာ အစုအဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်ရေးကို ဖော်ဆောင်ကြတဲ့အခါ မှာ ကောင်းမွန်တဲ့ အပြန်အလှန်ဆက်သွယ်ရေးလမ်းကြောင်း အမှန်တကယ် ဖော်ဆောင် ရန် လိုအပ်နေကြောင်း သတိပြုဖွယ်ရာ နောက်ထပ်ဥပမာဖြစ်လာပါတယ်။ ကချင်ပြည်နယ်အတွင်း ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာတော့ အနယ်နယ်အရပ်ရပ်က ပြန်လာကြတဲ့သူတွေကို Quarantine Center တွေကို ရောက်ရှိလာရေးနဲ့၊ ကျန်းမာရေးစစ်ဆေး ပေးနိုင်ဖို့ ကူညီနေကြတဲ့ စေတနာ့ဝန်ထမ်းတွေအတွက် လုံလောက်တဲ့ ကျန်းမာရေး ပစ္စည်းတွေ ရရှိနိုင်ရေးအချက်တွေကို ဆွေးနွေးထားပါတယ်။

အချုပ်အားဖြင့်ဆိုရရင် သုံးသပ်ချက်ဆောင်းပါးတွေ၊ အင်တာဗျူးတွေကနေ ကောက်နုတ်စုစည်းထားတဲ့ မူဝါဒအကြံပြုချက် အသီးသီးမှာတူညီတဲ့ ဦးတည်ချက်တွေ ရှိနေပါတယ်။ ဒါကတော့ လက်နက်ကိုင်ပဋိပက္ခနဲ့ တချိန်တည်းမှာပဲ ပေါ်ပေါက်လာတဲ့ သဘာဝဘေးအန္တရာယ်ကို အတားအဆီးအဖြစ်ကနေ၊ အခွင့်အလမ်းအဖြစ် ကျော်လွှားနိုင်ဖို့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူတွေအတွက် မြေပြင်အခြေအနေမှာ ဖော်ဆောင် သင့်တဲ့  အကြံပြုချက်တွေကို ဦးတည်ဆွေးနွေးထားတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်တိုးစေ နိုင်ဖို့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ယုံကြည်မှု တည်ဆောက်နိုင်ရေးလိုအပ် နေတာဖြစ်ပြီး၊ အဆိုပါအခင်းအကျင်းပေါ်ပေါက်လာနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်မယ့် မူဝါဒပိုင်း ဆိုင်ရာ အကြံပြုချက်အထွေထွေအပေါ် ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်မှာပဲ ဖြစ်ပါတယ်။

The post ကိုဗစ်-၁၉ ကူးစက်ကပ်ဘေး  မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုနှင့် ပဋိပက္ခအပေါ်  တုံ့ပြန်သက်ရောက်မှုများအတွက် မူဝါဒဆိုင်ရာ အကြံပြုချက်များ appeared first on ISP Myanmar Peace Desk.

လက်နက်ကိုင် ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်နှင့် ပူးပေါင်းဆောင်ရွက်ရေး
နိဒါန်း

လက်နက်ကိုင် ပဋိပက္ခနှင့် သဘာဝဘေး အန္တရာယ်ကျရောက်မှုသည် တခါတရံ တချိန်တည်းတွင် ရောက်လာလေ့ ရှိပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခနှင့် ကူးစက်လွယ်သော ကိုရိုနာဗိုင်းရပ်စ်တို့ တချိန်တည်း ဖြစ်ပေါ်နေပါသည်။ ယင်းအခြေအနေသည် လက်နက်ကိုင်ပဋိပက္ခကို  အကောင်းဘက်သို့ ဦးတည်သွားနိုင်သလို အဆိုးဘက်သို့လည်း ရောက်သွားစေနိုင်ပါသည်။ ထို့ကြောင့် ဤအခြေအနေပေါ် မူတည်၍ ပဋိပက္ခတွင် ပါဝင်နေကြသူများအနေနှင့် မည်သည့် နည်းလမ်းကို ရွေးမလဲ စဉ်းစားကြရပါမည်။ လက်ရှိအခြေအနေအရ ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေးသည့် နည်းလမ်းကို အားလုံးက ရွေးချယ်ခဲ့သည်ဟု နားလည်ပါသည်။

သဘာဝဘေးအန္တရာယ်သည် ပဋိပက္ခကို ပိုမိုဆိုးရွားစေနိုင်သည်

နိုင်ငံတကာ လေ့လာချက်များအရ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်သောအဖွဲ့များသည် သဘာဝဘေးအန္တရာယ်ကို အခွင့်ကောင်းယူ၍ လည်းကောင်း၊ သဘာဝဘေး အန္တရာယ်အတွင်း ငြိမ်သက်နေမှုများကို အခွင့်ကောင်းယူ၍ လည်းကောင်း၊ တဖက်က တဖက်ကို တိုက်ခိုက်တတ်ပါသည်။ အစိုးရမဟုတ်သော လက်နက်ကိုင် တပ်ဖွဲ့များအနေနှင့်လည်း ဤအခြေနေမျိုးကို အခွင့်ကောင်းယူ၍ လူသူစုဆောင်းခြင်း၊ အခွန်ပိုမို ကောက်ခံခြင်းနှင့် မိမိတပ်ဖွဲ့အတွက် အင်အား၊ စီးပွားတိုးစေမည့် အခြားသောလုပ်ငန်းများ၊ မိမိဘက်မှ အသာစီးရအောင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့် သာဓကများ ရှိသည်ဟုဆိုပါသည်။ တဖန် အစိုးရဘက်မှလည်း ဤအခြေနေကို အခွင့်ကောင်းယူ၍ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများတွင် တပ်များတိုးချဲ့ ချထားခြင်း၊ လှုပ်ရှားခြင်း၊ သိမ်းပိုက်ခြင်းများကိုလည်း ဆောင်ရွက်တတ်ကြသည်ဟု ဆိုပါသည်။ အထူးသဖြင့် ယုံကြည်မှုမရှိသည့် ဒေသများတွင် နှစ်ဖက်စလုံးအနေဖြင့် အချိန်ဆွဲခြင်း၊ လက်နက်ကိုင်လူသူ စုဆောင်းခြင်းနှင့် တရားဝင်မှုများရရှိအောင် ဆောင်ရွက်တတ်သည့် ဥပမာများလည်း ရှိသည်ဟုဆိုပါသည်။

သဘာဝဘေးအန္တရာယ်သည် ငြိမ်းချမ်းရေးအတွက် အခွင့်အရေးဖြစ်သည်

အဆိုးချည်းသာ မဟုတ်ပါ။ သဘာဝဘေး အန္တရာယ်ပေါ်မူတည်၍ ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့များအနေနှင့် ပူးပေါင်း ဆောင်ရွက်နိုင်လျှင် ငြိမ်းချမ်းရေးအတွက် ကောင်းသည်ဟု ဆိုပါသည်။ ယုံကြည်မှု တည်ဆောက်ရေးကို ဖြစ်စေသည်။ ပဋိပက္ခ ဖြစ်နေစဉ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လျှင် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်စေရန် လမ်းများ ပွင့်တတ်သည်ဟု ဆိုပါသည်။

ဥပမာအားဖြင့် တိုက်ပွဲများကို လျော့ချခြင်း၊ အကြမ်းဖက်မှုများကို လျှော့ချခြင်းဖြင့် လူမှုရေးဆိုင်ရာ ယုံကြည်မှုကို ပိုမိုရရှိ စေသည်ဟု ဆိုကြပါသည်။ ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများပေါ်တွင် အာရုံစိုက်ခြင်းအားဖြင့်လည်း တိုက်ခိုက်မှုများ လျော့ကျစေသည်ဟု ဆိုကြပါသည်။ ယင်းအခြေအနေများကြောင့် ထိပ်ပိုင်း ခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ရပ်ကျေးဒေသများအထိ ပူးပေါင်းဆောင်ရွက်မှုများ ရောက်ရှိသွားနိုင်သည်ဟု ဆိုကြပါသည်။

ဤကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုကို သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးမှ စတင်နိုင်သည်။ အကောင်းဆုံးဖြစ်သင့်သည့် အနေအထားမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ လူသားချင်းစာနာမှုနှင့် သက်ဆိုင်သည့် အပစ်အခတ်ရပ်စဲရေးများ ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ယုံကြည်မှု တည်ဆောက်ရေးကို ဖြစ်စေပြီး ပဋိပက္ခဖြေရှင်းနိုင်သည်အထိ ဖြစ်နိုင်သည်ဟု ဆိုကြပါသည်။

နိုင်ငံတကာဥပမာများ

၂၀၀၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဆူနာမီကြောင့် သီရိလင်္ကာအစိုးရနှင့် သူပုန်တို့အကြား ပူးပေါင်း၍ အကူအညီပေးမည့်စနစ်တရပ်ကို ထူထောင်နိုင်ခဲ့ကြပါသည်။ (P-TOMS) ဟုခေါ်ပါသည်။ သို့သော် နှစ်ဖွဲ့စလုံးက စစ်နိုင်ရေးကိုသာ အာရုံစိုက်ခဲ့သည့်အတွက် ပြဿနာဖြစ်ခဲ့ရပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အနှောင့်အယှက် ဖြစ်ခဲ့ရပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင်လည်း အင်ဒိုနီးရှားအစိုးရနှင့် အာချေရှိ GAM သူပုန်များအကြား ၂၀၀၄ ခုနှစ် ဆူနာမီအပြီး အထူးပူးပေါင်းဆောင်ရွက်မှုကို ဖြစ်စေခဲ့ပါသည်။ ဆူနာမီကြောင့် အကြမ်းဖက်မှုများ ရပ်တန့်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အစိုးရနှင့် GAM သူပုန်များအကြား ယခင်ကမကြုံဖူးသော ပူးပေါင်းဆောင်ရွက်မှုကို ရရှိစေခဲ့ပါသည်။ ထိုမျှသာမကသေး၊ ထိုပူးပေါင်းဆောင်ရွက်မှုမှသည် လုံးဝငြိမ်းချမ်းရေး ရရှိသည်အထိ ဖြစ်စေခဲ့ပါသည်။

မြန်မာနိုင်ငံအနေအထား

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံး ကပ်ဆိုက်နေပါသည်။ မြန်မာနိုင်ငံတွင်လည်း ရောဂါကူးစက်ခံရသူပေါင်း ၁၈၀ အထိ ရှိနေပြီး ဆက်လက်၍ ကူးစက်မှုများ ရှိနေဦးမည် ဖြစ်ပါသည်။ ဗိုင်းရပ်စ်ကြောင့် လုပ်ငန်းအတော်များများ ရပ်စဲသွားခဲ့ပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများလည်း ယခင် ပြတ်တောင်းပြတ်တောင်း ဆွေးနွေးနေရာမှ လူချင်းတွေ့ဆုံဆွေးနွေးနိုင်ရန် ခက်ခဲသွားပါသည်။ အင်တာနက်မှတဆင့် ဆွေးနွေးနေရပါသည်။ ဗိုင်းရပ်စ်သည်လည်း ပြည်တွင်း၌သာမက တိုင်းရင်းသားဒေသများတွင်လည်း ကူးစက်နိုင်ပါသည်။ မည်သည့်အဖွဲ့မှ ဗိုင်းရပ်စ်ဘေးမှ လွတ်မြောက်နိုင်သည့် အနေအထား မဟုတ်ပါ။

မြန်မာနိုင်ငံ “ COVID -19 နှင့် လက်နက်ကိုင် ပဋိပက္ခ” နှင့် ပူးပေါင်းဆောင်ရွက်ရေး

မြန်မာနိုင်ငံတွင် COVID -19 ရောဂါပိုးကူးစက်မှုများ ဖြစ်ပွားလာခဲ့သည့်အတွက် ကာကွယ်တိုက်ဖျက်မှုများကို ပြုလုပ်ခဲ့သည်။ EAOs များအနေနှင့်လည်း မိမိတို့၏ ဒေသကို ဗိုင်းရပ်စ်ရန်မှ ကာကွယ်ရေးအတွက် ဆောင်ရွက်နေပါသည်။ အစိုးရနှင့် EAOs များ အားလုံး ပူးပေါင်းဆောင်ရွက်မှုတော့ မရှိသေးပါ။

ဤအချက်နှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ဧပြီလဆန်းတွင် ပြုလုပ်ခဲ့သော အစိုရနှင့် EAOs ဆွေးနွေးပွဲတွင် အကြံပြုခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း အစိုးရနှင့် EAOs  များ ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုက်တွန်းခဲ့ကြပါသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနှင့်လည်း COVID-19 ကာလအတွင်း အပစ်ရပ်ကြရန် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော နိုင်ငံများကို တိုက်တွန်းခဲ့သည်။

ဤကဲ့သို့ မြန်မာနိုင်ငံအတွက် ဝိုင်းဝန်းတိုက်တွန်းရခြင်း အကြောင်းရင်းမှာ COVID-19 သည် အထူး ကူးစက်လွယ်သည်။ ကုရန် ဆေးမရှိသေး။ နိုင်ငံတကာ ဥပမာများတွင်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပူးပေါင်းဆောင်ရွက်နိုင်လျှင် ယုံကြည်မှု တည်ဆောက်နိုင်သည်။ ပူးပေါင်းဆောင်ရွက်မှု မရှိလျှင် ပဋိပက္ခသာမက၊ ဗိုင်းရပ်စ်ကူးစက်မှုလည်း ပိုများသွားနိုင်သည်။ အထူးသဖြင့် EAOs များ အနေနှင့် အစိုးရနှင့် တပ်မတော်လောက် ဆေးဝါးနှင့် ကုသမှုဆိုင်ရာတွင် အရင်းအမြစ် မရှိပါ။ ထို့အပြင် သာမန်နှင့် အခြားရောဂါများအတွက် EAOs များအနေနှင့် အိမ်နီးချင်းနိုင်ငံများကို အားကိုးနိုင်သော်လည်း COVID-19 ကူးစက်ခံရသော လူနာများကို ယင်းနိုင်ငံတို့သည် လက်ခံမည်မဟုတ်၊ မြန်မာနိုင်ငံအတွင်း၌သာ ကုသမှုကို ခံယူနိုင်မည်ဖြစ်ပါသည်။

ယခုလက်ရှိဗိုင်းရပ်စ်ပြဿနာကို နိုင်ငံတော်နှင့် တနိုင်ငံလုံး၏ ပြဿနာဟု ယူဆနားလည်လျက် စုပေါင်းတုံ့ပြန်နိုင်ရန် ဖြစ်ပေါ်နေသော အခြေအနေပေါ် မူတည်၍ အစိုးရက ဧပြီ ၂၉  ရက်တွင် EAOs များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကော်မတီတရပ်ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ယင်းကော်မတီအား လုပ်ပိုင်ခွင့် Mandate ကို ကျယ်ကျယ်ပြန့်ပြန့် ပေးထားသည်ကို တွေ့ရမည်။ မည်သူ့ကိုမျှ ချန်လှပ်မထားရေး (No one left behind) ပေါ်လစီ ချမှတ်ထားသည့်အတွက် အပစ်အခတ် ရပ်စဲရေး စာချုပ်တခုခုကို လက်မှတ်ထိုးထားသော အဖွဲ့များသာမက မထိုးရသေးသော အဖွဲ့များကိုလည်း ပူးပေါင်းပါဝင်စေရန် ရည်ရွယ်သည်ဟု နားလည်ပါသည်။ ကောင်းမွန်သော ရည်ရွယ်ချက် ဖြစ်ပါသည်။

ဖွဲ့စည်းပြီးနောက် များမကြာမီပင် အစိုးရနှင့် EAOs အဖွဲ့ဝင်များသည် Zoom နည်းပညာသုံး၍ ဆွေးနွေးပွဲများ ဆက်လက်၍လည်း ဆွေးနွေးနေပါသည်။ အစိုးရနှင့် တဖွဲ့ချင်းအနေဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ညှိနှိုင်းမှုများရှိနေပြီ ဖြစ်ပါသည်။  နိုင်ငံတကာမှလည်း လိုအပ်ချက်များကို ကူညီရန် အသင့်ဖြစ်နေပါသည်။ တပ်မတော်မှလည်း UWSA နှင့်  MNDAA တို့အတွက် လိုအပ်သော Covid-19 ကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

တဖက်သတ် အပစ်ရပ်စဲရေးများ

မြန်မာနိုင်ငံတွင် တဖွဲ့ချင်း အပစ်ရပ်စဲရေးစာချုပ် ၁၅ ခုရှိပြီး NCA ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်လည်း ရှိနေပါသည်။ ထို့အပြင် တခါတရံ အခြေအနေပေါ်မူတည်၍ တဖက်သတ် အပစ်ရပ်မှုများလည်း ရှိနေပါသည်။

AA, TNLA နှင့် ကိုးကန့်အဖွဲ့များက ဗိုင်းရပ်စ်တိုက်ဖျက်ရေးကို အကြောင်းပြု၍ တဖက်သတ် အပစ်ရပ်မှုကို မေလကုန်အထိ တိုးခဲ့ပါသည်။ တပ်မတော်ကလည်း ရခိုင်ပြည်နယ်မှလွဲ၍ ဒေသအားလုံးအတွက် မေ ၁၀ ရက် မှ ဩဂုတ် ၃၁ ရက်အထိ အပစ်ရပ်ထားမည်ဟု မေ ၁၀ ရက်တွင် ကြေညာခဲ့ပါသည်။

ရည်ရွယ်ချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကို အင်နှင့်အားနှင့် တနိုင်ငံလုံး တိုက်ဖျက်နိုင်ရန် ဖြစ်ပါသည်။ တိုက်ခိုက်မှုများ ရပ်တန့်ထားခြင်းဖြင့် ဗိုင်းရပ်စ်တိုက်ခိုက်ရေးကို ပို၍အာရုံစိုက်နိုင်မည်ဖြစ်သည်။ ဤသို့ တဖက်သတ် အပစ်ရပ်ခြင်းများသည် ဗိုင်းရပ်စ်ကူးစက်မှုမှ ရပ်တန့်စေရန် မဖြစ်နိုင်လျှင်လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကောင်းသည်ဟု ဆိုရပါမည်။ အဆိုးထဲကအကောင်း ဖြစ်နိုင်ပါသည်။ ဗိုင်းရပ်စ်၏ကျေးဇူးဟု ဆိုရမည်။

ပူးပေါင်းဆောင်ရွက်ရေးအတွက် လိုက်နာရမည့်စည်းကမ်း  (Code of Conduct) များ

အစိုးရအနေနှင့် EAOs များနှင့် COVID-19 တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးနေသော်လည်း အောက်ခြေတွင် ပြဿနာအချို့ ဖြစ်ပွားခဲ့ပါသည်။ ရှမ်းပြည်နယ်တွင်လည်းကောင်း၊ ကရင်ပြည်နယ်တွင်လည်းကောင်း တားဆီးမှုများ၊ ထိတွေ့မှုများ ရှိခဲ့ပါသည်။

ယုံကြည်မှုကလည်းနည်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ကြန့်ကြာနေသည့်အတွက် ယခုကဲ့သို့ကာလတွင် ၎င်း ပြဿနာများသည် အဆန်းမဟုတ်ပါ။ ဆက်ဖြစ်နိုင်သည့် အနေအထားများလည်း ရှိနိုင်ပါသည်။ ဆက်ဖြစ်လျှင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ခက်ခဲနိုင်သည်။ ဗိုင်းရပ်စ်သည် ငလျင်၊ မုန်တိုင်းများကဲ့သို့ မဟုတ်ဘဲ တဦးကူးစက်ခံရလျှင် လူမျိုး၊ ဘာသာ၊ လက်နက်ကိုင် မခွဲခြားဘဲ ကူးစက်နိုင်သည်။ ပို၍ အန္တရာယ်ကြီးသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်များကဲ့သို့ ရက်ပိုင်းလောက်နှင့်ပြီးသွားမည့် အခြေအနေများ မဟုတ်ပါ။ ထို့ကြောင့် ဘုံရန်သူဖြစ်သော ဗိုင်းရပ်စ်ကို ခုခံ ကာကွယ်ရေးအတွက် အခက်အခဲ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် လိုက်နာရမည့် စည်းကမ်းလိုမည်ဟု စဉ်းစားမိပါသည်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် စည်းမျည်းစည်းကမ်းများ (Code of Conduct for Coronavirus Coordination) ဟု ခေါ်ရမည် ထင်ပါသည်။

CoC မလိုဟု ထင်မြင်ယူဆသောသူများလည်း ရှိနိုင်ပါသည်။ လောလောဆယ် NCA၊ JMC ခေါ် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်ရေးနှင့် အရပ်သားကာကွယ်ရေးတို့အတွက် ရေးဆွဲထားသော CoC များ ရှိပြီးဖြစ်သည်။ အလုပ်ဖြစ်သည် ရှိသလို မဖြစ်သည်များလည်း ရှိနေသေးသည်။ ထို့ကြောင့် ထပ်ရေးလည်း မထူးဟု ဆိုနိုင်ပါသည်။

သို့သော် COVID-19 တိုက်ဖျက်ရေးအတွက် CoC လိုမည်ဟု ယူဆပါသည်။ နှစ်လ၊ သုံးလတန်သည် လိုက်နာနိုင်ရန် ဖြစ်သည်။ ယုံကြည်မှုလည်း နည်းနေသည့်အပြင် COVID-19 ပူးပေါင်းကာကွယ်ရေးကို ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ပုံစံဖြင့် ပြုလုပ်ရမည့်အစား နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဝင်မှုရရှိရေးတို့ ကြိုးစားမှုများ ရှိနေသည်ဟု မြင်မိပါသည်။

ဆက်သွယ်ရေး

CoC နှင့် အတူအထူးလိုအပ်သော အချက်တချက်မှာ မှန်ကန်ကောင်းမွန်သော ဆက်သွယ်ရေး (Communication) ပင် ဖြစ်ပါသည်။ ဖြစ်ပွားခဲ့သော ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုများ၊ စွပ်စွဲမှုများကို ကြည့်လျှင် Communication လိုအပ်ချက်များကြောင့်ဟု မြင်နိုင်ပါသည်။ COVID-19 ကိစ္စ ပူးပေါင်းဆောင်ရွက်ရေးတွင်လည်း ဤအချက်ကြောင့် အခက်အခဲများ ကြုံရမည်ဖြစ်ပါသည်။ ထို့ကြောင့် တိကျသော ဆက်သွယ်ရေးလမ်းကြောင်းများ၊ COVID-19 တိုက်ဖျက်ရေးကြောင့် ဖြစ်ပေါ်လာနိုင်သော ပြဿနာများကို အမြန်ဆုံးဖြေရှင်းနိုင်မည့် ဆက်သွယ်ရေးစနစ်များ၊ စည်းမျည်းများကို ချမှတ်ထားရန် လိုပါသည်။

နိဂုံး

မြန်မာနိုင်ငံအနေနှင့် COVID-19 တိုက်ဖျက်ရေးအတွက် EAOs များနှင့် ပူးပေါင်းဆောင်ရွက်ရေးလမ်းကို ရွေးခဲ့ပါသည်။ ရွေးခဲ့သည့်အတိုင်း အကောင်အထည်ဖော်နိုင်ရန်လိုပါမည်။ နှစ်ဖက်စလုံး၏ စိုးရိမ်ချက်များ၊ နိုင်ငံရေးဆိုင်ရာ စဉ်းစားချက်များကို လျှော့ရပါမည်။ ယုံကြည်မှုတည်ဆောက်ရေးကို ဦးစားပေးရပါမည်။ မဟုတ်လျှင် အလုပ်လည်းမဖြစ်၊ အစကတည်းက နည်းနေသော ယုံကြည်မှုလည်း လုံးဝပျောက်ဆုံးသွားမည် ဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် ဗိုင်းရပ်စ်နှင့် လက်နက်ကိုင်ပဋိပက္ခ၏ ဒဏ်များကို တိုင်းပြည်အနေနှင့် ပိုမိုခံစားရပေလိမ့်ဦးမည်။

The post လက်နက်ကိုင် ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်နှင့် ပူးပေါင်းဆောင်ရွက်ရေး appeared first on ISP Myanmar Peace Desk.

Lဂျာနန်အားမေးမြန်းခြင်း
မေး။       ။ ကချင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါတားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို အစိုးရနဲ့ KIO အဖွဲ့  တို့ အကြား ဘယ်လို ပူးပေါင်း လုပ်ဆောင်နေကြလဲ။  အထူးသဖြင့် KIO ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိလဲ။

ဖြေ။      ။ ကိုဗစ်ကိစ္စမှာ အစိုးရဘက်ကလည်း မတ် ၂၈၊ ၂၉ ပတ်ဝန်းကျင်တုန်းက EAOs တွေကို ကိုဗစ်နဲ့ ပတ်သတ်လို့ ဝိုင်းဝန်း ဆောင်ရွက်ဖို့ စာတစောင်ပို့ခဲ့တယ်။ အဲ့ဒီအခြေအနေမှာ KIO အနေနဲ့က ပြောမယ်ဆိုရင် KIO က ဖေဖော်ဝါရီ ၇ ရက်ကတည်းက ကေအိုင်အို Covid-19 ရောဂါကာကွယ်နှိမ်နှင်းရေး ကော်မတီ(ကချင်)ဆိုပြီးတော့ သူတို့က ဖွဲ့ထားတယ်။ ဒါလည်း KIO အနေနဲ့ ကျမနားလည်သလောက်က သူတို့ရဲ့ ထိန်းချုပ်တဲ့ ဒေသမှာ ကိုဗစ်-၁၉ နဲ့ ပတ်သတ်ပြီးတော့ ကာကွယ်ထိန်းချုပ်ဖို့အတွက်၊ Awareness ပေးဖို့အတွက် စသဖြင့် ဌာနပေါင်းစုံပါဝင်တဲ့ ကော်မတီတခုကို ဖွဲ့ခဲ့တယ်။ အဲ့ဒါကြောင့် ကိုဗစ်နဲ့ ပတ်သတ်ရင် KIO ကတော့ သူရဲ့ အုပ်ချုပ်တဲ့ နယ်မြေဒေသမှာ သူတို့ကလည်း ပြည်သူတွေကို ကိုဗစ်နဲ့ပတ်သတ်တဲ့ ကာကွယ် ထိန်းချုပ်မှုတွေ၊ ပညာပေးတာတွေ၊ ကုသမှုတွေ အတွက်လည်း သူတို့ရဲ့ ပြင်ဆင်ချက်တွေနဲ့ လုပ်ဆောင် နေကြတယ်ပေါ့။ ဒါကတော့ KIO အနေနဲ့ သူတို့ရဲ့ အုပ်ချုပ်မှု နယ်မြေမှာ သူတို့လုပ်နေတာပေါ့။ အဲ့တော့ အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်မှုကိစ္စက အစိုးရရယ်၊ EAOs တွေရယ် ပူးပေါင်း ဆောင်ရွက်ဖို့ ကိုဗစ်ကော်မတီကို ဖွဲ့စည်းပြီးတဲ့နောက်မှာ အစိုးရရဲ့ ကိုဗစ်ကော်မတီကလည်း EAOs တွေအားလုံးကို အသိပေးအကြောင်းကြားတာရှိတယ်။ ညှိနှိုင်းဆောင်ရွက်ကြဖို့ပေါ့လေ။ အဲ့ဒီအပေါ်မှာလည်း KIO ကတော့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက်၊ ပူးပေါင်းဖို့အတွက် သူတို့လည်း ကော်မတီရှိတယ်ဆိုတာ အကြောင်းကြားတာပေါ့လေ။ အပြန်အလှန် အကြောင်းကြားမှုတွေတော့ ရှိတယ်။

ညှိနှိုင်းဆောင်ရွက်မှု အသေးစိတ်ကတော့ မေ ၁၃ ရက်မှာ ကချင်ပြည်နယ် အစိုးရနဲ့ KIO ကိုဗစ်ကော်မတီတို့ တွေ့ဆုံမှုတွေ ရှိခဲ့တယ်ပေါ့လေ။ တကယ်တမ်းကျ အဲဒီလို တွေ့ဖို့ဖြစ်လာတဲ့ ဇာတ်လမ်းက ကျမ နားလည်တာတော့လေ၊ ကချင် အတိုင်ပင်ခံအဖွဲ့ကနေ ဦးဆောင်ပြီးတော့ COVID Concern and Response Committee – Kachin ဆိုပြီးတော့ ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်ဘက် CSOs ခေါင်းဆောင်တွေ ဦးဆောင်ပြီးတော့ လူထုက ဖွဲ့ထားတဲ့ COVID Response Committee ရှိတယ်။ အဲ့ဒီကော်မတီက KIO ကိုဗစ်ကော်မတီနဲ့ သွားတွေ့ဖို့ဆိုပြီးတော့ Peace Creation Group(PCG) ကနေတဆင့် သူတို့ဟိုဘက်ကို သွားမယ်ဆိုတာ         အစိုးရကို အကြောင်းကြားတယ်။ ကချင်ပြည်နယ်အစိုးရကို အကြောင်းကြားပြီးတော့ NRPC ကိုလည်း အသိပေးတယ်ပေါ့။ အဲ့ဒီအပေါ်မှာ NRPC အနေနဲ့ကတော့ သူတို့ချည်းပဲ သွားလို့မရဘူး။ ကချင်ပြည်နယ် အစိုးရပါပြီးမှ သွားရမယ်လို့ ပြောလာတာမျိုးရှိတယ်လို့ သိရတယ်။ အဲ့လိုနဲ့ ဇာတ်လမ်းက KIO နဲ့ ညှိနှိုင်းပြီးတော့ အဲ့ဒီလူထုကဖွဲ့ထားတဲ့ ကိုဗစ်ကော်မတီသွားမယ့် အစီအစဉ်မှာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ တွေလည်း ပါဝင်ပြီးတော့ KIO ကိုဗစ်ကော်မတီနဲ့ တွေ့ဖို့ဆိုပြီးတော့၊ နောက်ဆုံးတော့ အပြန်အလှန်ညှိနှိုင်းမှုတွေ လုပ်ပြီးတော့ ၁၃ ရက်နေ့က တွေ့ဖြစ်ခဲ့ပြီပေါ့လေ။ အဲ့လိုတွေ့ဆုံဆွေးနွေးတဲ့အခါမှာ မီဒီယာ သတင်းအချက်အလက်တွေ အရ KIO အနေနဲ့က ဒီကိုဗစ်ကိစ္စမှာ ပူးပေါင်းဆောင်ရွက်ဖို့လိုမယ်၊ ကိုဗစ်နဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ သင်တန်းတွေ ပေးဖို့၊ လိုအပ်တဲ့အထောက်အပံ့တွေအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ပြီးတော့ KIO အနေနဲ့က ကိုယ်တိုင်လုပ်တာလည်းရှိမယ်၊ ပူးပေါင်းဆောင်ရွက်ဖို့လည်း ရှိမယ်ဆိုတဲ့ သဘောမျိုး ပြောခဲ့တာကို သတင်းမှာ ဖတ်ရတာပေါ့လေ။ အဲ့ဒီဇာတ်လမ်းပြီးသွားတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးက မီဒီယာမှာ ပြောခဲ့တဲ့ အချက်ကြောင့် အခုက အဆင်မပြေမှုတွေ ပြန်ဖြစ်သွားတာပေါ့လေ။ မီဒီယာမှာ ပြောခဲ့တာကတော့ KIO ကနေ NRPC ကို အကူအညီတောင်းခံတဲ့ အတွက်ကြောင့် ပြည်နယ်အစိုးရကနေ သွားပြီးအထောက်အပံ့တွေ ပေးခဲ့တာမျိုးတွေ ဖြစ်တယ် ဆိုတာမျိုးတွေပေါ့။ အဲဒီဟာက မမှန်ကန်တဲ့အကြောင်း၊ သူတို့ဘက်ကလာပေးတဲ့ ပစ္စည်းက စေတနာမမှန်တဲ့ အခါ ယူဖို့မရှိကြောင်း အဲ့လိုဟာမျိုးတွေ အပြန်အလှန် ပြန်ရေးတာတော့ မီဒီယာမှာ တွေ့ရပါတယ်။ အခြေအနေ ကတော့ အစိုးရဘက်က အဲ့လိုပြောဆိုလာမှုမှာ KIO ဘက်က အိတ်ဖွင့်ပေးစာမှာ ရေးထားချက်အရတော့ ဒါက အစိုးရဘက်ကနေ အမြတ်ထုတ်တယ်ဆိုတဲ့ဟာမျိုးလို ခံစားချက်တွေတော့ ရှိသွားကြတာပေါ့။ နောက်ဆုံးကတော့ အဲ့ဒီအခြေအနေမှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်ရှိခဲ့ပေမဲ့ အခုအဲ့ဒီ ပြောဆိုခဲ့မှုတွေကြောင့် ယုံကြည်မှုပြန်တည်ဆောက်ရမယ့် အနေအထားမှာတော့ ရောက်ရှိ နေတယ်။ ဒါလောလောဆယ် ကျမ တွေ့ရတဲ့ အခြေအနေပါ။

မေး။       ။ ဒုတိယမေးခွန်းကတော့ ဆရာမတို့ ကချင်ဒေသမှာ ကိုဗစ်–၁၉ နဲ့ ပတ်သတ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေက ဘယ်လိုရှိနေပြီလဲ။

ဖြေ။       ။ ကချင်ပြည်နယ်မှာ အထူးသဖြင့် တရုတ်ပြည်ဘက်နဲ့ အခြားဒေသတွေက ပြန်လာတဲ့ လူတွေကို ထားတဲ့ Quarantine Center တွေမှာ လူငယ်တွေကနေပြီးတော့ Volunteer တွေ လုပ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ Kachin State COVID-19 Prevention Network (KsC19PN) ဆိုတာ ရှိပါတယ်။ ပြီးတော့ ဘာသာရေးခေါင်းဆောင်တွေ၊ CSOs အချို့ ပါဝင်ပြီးတော့ ဖွဲ့စည်းထားတဲ့ Covid Concern and Response Committee ဆိုတာလည်း ရှိတယ်။ အဲ့ဒီမှာ ဘာသာရေးအသင်းအဖွဲ့တွေရော ပူးပေါင်းလုပ်မယ်ဆိုတဲ့ အဖွဲ့တခုလည်း ရှိတယ်။ လူငယ်အဖွဲ့တခုလည်း ရှိတယ်။ ပြီးတော့ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး၊ အထူးသဖြင့် IDPs Camp ကို ကြည့်ရှုနေကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကလည်း Camp မှာ ရှိတဲ့ လူတွေအတွက် ကိုဗစ်ကာကွယ်ရေးကိစ္စတွေကို လုပ်ပေးနေတာလည်း ရှိတယ်။ အသိပညာပေးတာတွေ၊ လက်ဆေးဖို့အတွက် နေရာတိုးချဲ့ ပြင်ဆင်ပေးတာမျိုး တွေ၊ Mask ပေးတာတွေ စသဖြင့်ပေါ့လေ။ တဖွဲ့ချင်းစီကလည်း သူတို့တာဝန်ယူကြည့်ရှုနေကြတဲ့ Camp တွေမှာ ဆောင်ရွက်နေကြတာမျိုးတွေ ရှိတယ်။ အဲ့ဒီတော့ ပူးပေါင်းဆောင်ရွက်နေတာကတော့ ဘာသာရေးအဖွဲ့အစည်း တွေ ပါတဲ့အဖွဲ့ရယ်၊ နောက်တခုက လူငယ်အဖွဲ့ရယ်ကတော့ Quarantine Centerတွေမှာ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

မေး။       ။ နောက်ဆုံးမေးခွန်းက ကချင်ပြည်နယ်ဒေသအတွင်းမှာရှိတဲ့ လိုအပ်ချက်တွေနဲ့၊ ကူးစက်ရောဂါကို ထိရောက်စွာ ဟန့်တားနိုင်ဖို့ ဆရာမရဲ့ အကြံပြုချက်တွေက ဘာတွေ ဖြစ်မလဲ။

ဖြေ။       ။ ကျမကတော့ ဒီတနိုင်ငံလုံးအတိုင်းအတာနဲ့ သူများနိုင်ငံမှာ လုပ်နေတဲ့ဟာနဲ့၊ ကိုယ့်နိုင်ငံမှာ လုပ်နေတဲ့ ဟာကို ကြည့်တဲ့အခါမှာ လောလောဆယ် လုပ်ဆောင်နေကြတဲ့အရာတွေကို ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ လုပ်ဆောင်နိုင်ဖို့၊ ကချင်ပြည်နယ်မှာလည်း ဆက်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဥပမာ အပြင်က ပြန်ရောက်လာတဲ့ သူတွေကို Quarantine Center တွေမှာ သေချာလေး နေနိုင်ဖို့၊ Center တွေမှာလည်း လိုအပ်တဲ့ ကိစ္စတွေကို ဝိုင်း ပြီးတော့ လုပ်ဆောင်ပေးဖို့၊ ပြန်လာတဲ့ လူတွေကိုယ်စီက Quarantine Center တွေဆီ အရောက်သွားနိုင်ဖို့ အားလုံးဝိုင်းပြီးတော့ ဆောင်ရွက်ပေးရမယ်။ အဲ့လိုမှ မဟုတ်ရင် Silent Carrier တွေများလာနိုင်ပြီး ပိုပြီးတော့ အန္တရာယ်ရှိလာမယ်။ ပြည်ပအရပ်ရပ် တရုတ်ပြည်ကဖြစ်ဖြစ်၊ မလေးရှားကဖြစ်ဖြစ်၊ ထိုင်းကဖြစ်ဖြစ် ပြန်လာတဲ့ လူတွေ အများကြီးရှိတယ်။ အဲ့ဒီဟာကို Center တွေမှာ စနစ်တကျ ရောက်ရှိဖို့အတွက်၊ တကယ်လို့ အစိုးရတွေ မသိဘဲနဲ့၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ မသိဘဲနဲ့ ရောက်ရှိတယ်ဆိုရင် Center တွေကို ပို့ဆောင်ပြီးတော့ အဲ့မှာပဲ သတ်မှတ်ထားတဲ့ အချိန်ကာလအထိ နေဖို့လိုပါတယ်။ အဲ့လိုအလုပ်တွေမှာတော့ ပြည်သူတွေရော၊ အဖွဲ့အစည်းတွေရော ဝိုင်းပြီးတော့ ထိထိမိမိဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ ကျမ အထူးသဖြင့် ပြောချင် တာပါ။ တရုတ်ပြည်နယ်၊ လွယ်ဂျယ်ဂိတ်က ပြန်လာတဲ့ အနယ်နယ်အရပ်ရပ်ကလူတွေဟာ မြစ်ကြီးနားမှာ တထောက်နားကြရတယ်။ အစပိုင်းမှာ Volunteer လူငယ်တွေဟာ ပစ္စည်းမလုံလောက်တာတွေ ရှိတယ်။ အစားအသောက် မလုံလောက်တာတွေ ရှိတယ်။ လုံလုံလောက်လောက် မရှိဘဲနဲ့ ခက်ခက်ခဲခဲ ကူညီနေရတာတွေ ရှိတယ်။ ခုနောက်ပိုင်းတော့ နည်းနည်းအဆင်ပြေလာလားမသိဘူး။ ဒါပေမဲ့  Volunteer တွေလည်း Quarantine Center တွေမှာ အလုပ်လုပ်ကြတဲ့အခါ သူတို့ကိုလည်း ရောဂါကနေ ကာကွယ်ဖို့အတွက် သူတို့အတွက် လုံလောက်တဲ့ ကာကွယ်ထိန်းချုပ်တဲ့ ပစ္စည်းတွေ အလုံအလောက် ရှိဖို့လိုတယ်၊ ဆက်ပြီးတော့ လုပ်ဖို့ လိုအပ်မယ်။ Quarantine Center တွေမှာ ရောက်ရှိနိုင်ဖို့ အရေးကို အားလုံးဝိုင်းပြီး ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။

The post Lဂျာနန်အားမေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

ဦးဦးလှစော အားမေးမြန်းခြင်း
မေး။            ။ရခိုင်ဒေသတွင်း IDPs Camp တွေမှာ လက်ရှိ ကိုဗစ်နဲ့ ပတ်သက်ပြီး အစိုးရ တပ်မတော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သိချင်ပါတယ်။

ဖြေ။            ။ ရခိုင်က IDPs Camp တွေက ပွင့်ပွင့်လင်းလင်းပြောရရင် အစကတည်းက နိုင်ငံတကာ အဆက်အသွယ်က ပြတ်တောက်နေတယ်။ သူတို့ကို အကူအညီပေးနေတာက ICRC တခုပဲ။ WFP ကနေတဆင့် ပစ္စည်းထောက်ပံ့မှုတွေကို ICRC ပို့ပေးတဲ့ဟာတွေကို ရတယ်။ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကလည်း မရဘူး။ လူကယ်ပြန်ကနေပြီး ပေးတာတွေကလည်း မစို့မပို့လောက်ပဲ၊ သာမန်ပရဟိတအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်ဆိုင်ရာတွေဆီကပဲ နည်းနည်းပါးပါးနဲ့ ရှင်သန်နေရတဲ့ အပိုင်းတွေရှိတယ်။ နောက်ဆုံးအခြေအနေပေါ့ဗျာ။ ဥပမာအားဖြင့် မိုးတွင်းရောက်လာတဲ့ အတွက်ကြောင့် IDPs Camp တွေကို လုံခြုံရေးအတွက် အသစ်ပြန်ဆောက်မယ်ဆိုတာကိုတောင်မှ အစိုးရခွင့်ပြုချက်မရဘဲနဲ့ မဆောက်နိုင်ဘူး။ သူတို့(အစိုးရ) ဆောက်ပေးမယ်လို့ပြောတယ်။ တကယ်တမ်းလည်း ဘာမှ စီစဉ်ပေးတာလည်း မဟုတ်ဘူး။ အဲတော့ ဖြစ်သလိုပဲနေရတယ်။ အဲဒီပြဿနာ ရသေ့တောင်မှာ ကြီးကြီးမားမား ဖြစ်တယ်။  ရသေ့တောင်မှာရှိတဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေဆို ခုထက်ထိပဲ IDPs Camp တွေအတွက် နေဖို့ထိုင်ဖို့၊ အိမ်ဆောက်ဖို့ အတွက် ရသေ့တောင်မှာ ခုထက်ထိရှိတယ်။ လွှတ်တော်တောင် မသွားဘူး။ သူ့ကို မေးရင် ပိုလို့ အသေးစိတ်ဖြစ်မယ်။ ပြဿနာတွေက အဲလိုပဲ။ ဆိုလိုတာကဗျာ။ တကယ်လိုအပ်တယ် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေကို ပြည့်ပြည့်၀၀ မရဘူးလို့ ဆိုနိုင်တယ်။

မေး။            ။ စစ်ဘေးရှောင်တွေ၊ ဒုက္ခသည်တွေဆီ ကိုဗစ်ကပ်ရောဂါ မရောက်အောင် တားဆီးကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုရှိပါသလဲ။ နောက်ပြီး အထောက်အပံ့ ပစ္စည်းတွေရရှိဖို့ အခက်အခဲရှိလား။

ဖြေ။            ။ ပူးပေါင်းဆောင်ရွက်မှုက ရခိုင်ဒေသကို ပြည်မဘက်က ပစ္စည်းပစ္စယ မလာသလောက်ပဲ။ ကျနော်တို့ကို ကူညီတာကတော့ဗျာ သာမန်ပုဂ္ဂလိက အဖွဲ့တွေရှိတယ်။ အဲဒီပုဂ္ဂလိက အဖွဲ့တွေက သူတို့ လက်ထဲကို လိုအပ်တဲ့ ပိုက်ဆံတွေ ပို့ပေးတယ်။ ပစ္စည်းပစ္စယတွေ ပို့ပေးတယ်။ အဲဒီအဖွဲ့တွေက နီးစပ်ရာ Camp တွေကို အဆင်ပြေသလိုပဲ ပို့ပေးတယ်။ အဲဒီလောက်ပဲရှိတယ်။ ကျနော်တို့ အတွေ့အကြုံတခုအရ ပြောမယ်ဆိုရင် ပခုက္ကူဘက်ကနေပြီးတော့ တက္ကသိုလ်ကျောင်းသားသမဂ္ဂရယ်၊ လူငယ်တွေကနေပြီးတော့ ကားကြီးတွေနဲ့ ရခိုင်ဘက်ကို ကုန်ပစ္စည်းတွေ သယ်လာတယ်။ မကွေးတိုင်းကနေ ရခိုင်ဘက်ကို ကျော်လာပြီး အမ်းကို ရောက်တဲ့ အခါကျတော့ သွားခွင့်မပေးဘူး။ အဲဒီမှာ သောင်တင်နေရော။ အဲဒီတော့ ရခိုင်အမျိုးသားပါတီနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှတို့ ကြားဝင်စေ့စပ်ပေးတဲ့အတွက်ကြောင့် အဲဒီပစ္စည်းတွေက မင်းပြားဘက်ကိုတော့ ရောက်လာတယ်။ ပစ္စည်းတွေကို မင်းပြားမှာ ချပြီး စခန်းတွေကို မျှဝေပေးလိုက်တာပေါ့။ လူတွေကတော့ Camp တွေထဲ ဝင်ခွင့်မရှိဘဲ ပြန်သွားတယ်။ အဲလို ပြည်မဘက်ကလာတဲ့ အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေလည်း လာဖို့ဆိုတာ အခက်အခဲရှိတယ်။ နောက် စစ်ပွဲက နည်းနည်းပြင်းထန်လာတဲ့ အခါကျတော့ အဲဒီလမ်းကြောင်းမှာ ပစ္စည်းပစ္စယတွေနဲ့ လာတာတွေလည်း လူတွေက သိပ်မလုပ်တော့ဘူး။ ဘာလို့လဲဆိုတော့ စွန့်စားဖို့ Risk က များတယ်လေ။ အဲတော့ သက်ဆိုင်ရာ စခန်းနဲ့ ပတ်သက်တဲ့ လူတွေဆီကိုပဲ ပိုက်ဆံတွေပို့ပေးပြီးတော့ အကူအညီပေးတယ်ဆိုတဲ့ သဘောရှိတယ်။

မေး။           ။ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေရှိပါသလဲ။

ဖြေ။           ။ ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းတွေကတော့ သူတို့ကလည်း ရံပုံငွေက တောင့်တောင့်တင်းတင်းရှိတာ မဟုတ်တော့ အချက်အလက်တွေ ကောက်ယူပြီးတော့၊ ကိုဇော်ဇော်ထွန်းတို့ လုပ်နေတဲ့ REC ဆိုရင် စခန်းတခုမှာ ရှိတဲ့ ဒုက္ခသည်တွေရဲ့ နေမှုထိုင်မှု အခက်အခဲတွေကို သုတေသနစာတမ်းတွေ ပြုစုတယ်။ တတ်နိုင်သမျှ စုဆောင်းရသမျှ အကူအညီတွေကို သွားပေးတယ်။ အဲလောက်ပါပဲ။ အဲဒီအဖွဲ့အစည်းတွေကလည်း အဖွဲ့အကြီးကြီးတော့ ရှိတာပေါ့။ နောက်တသီးပုဂ္ဂလတွေပေါ့ဗျာ။ သာမန် မြို့တွေ၊ ရွာတွေမှာရှိတဲ့ ပရဟိတလေးတွေကလည်း သူတို့စုမိဆောင်းမိတာလေး နည်းနည်းပါးပါးရှိရင် နည်းနည်းသွားပေး၊ အဲဒီလိုပဲရှိတယ်။ အဖွဲ့အစည်း ကြီးကြီးမားမားအနေနဲ့ ဆိုရင်တော့ အဲဒီ We Love Foundation တို့၊ REC တို့ အဖွဲ့တွေပဲ ရှိတယ်။ အဲဒီအဖွဲ့တွေကလည်း သုတေသနဆန်ဆန်လုပ်တယ်။ ဒါပေမမဲ့ ထောက်ပံ့ကူညီမှုကတော့ ကြီးကြီးမားမားတော့ မပေးနိုင်ဘူး၊

မေး။           ။ ကိုဗစ်ကာလမှာ ဒေသတွင်းလိုအပ်ချက်နဲ့ ထိရောက်စွာဟန့်တားနိုင်ဖို့ ဘယ်လို အကြံပြုချင်ပါသလဲခင်ဗျ။

ဖြေ။            ။ ကိုဗစ်ကာလမှာ IDPs Camp တွေအတွက် အချက်အလက်အရ ပြောမယ်ဆိုရင် အများကြီးပဲ။ ဒါပေမဲ့  အဓိကကတော့ ဒီဒုက္ခသည်တွေကို ပြည်ထောင်စုအစိုးရကနေပြီးတော့ သေချာ ထိထိရောက်ရောက် သေချာစနစ်တကျ စိစစ်ပြီးတော့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို ပေးရမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပေးရမယ်။ ပေးရမယ်ဆိုလို့ရှိရင် နိုင်ငံတကာအဖွဲ့အစည်းတွေက INGOs တွေ၊ ဗမာပြည်က လူမှုအဖွဲ့အစည်းတွေအတွက် သွားဖို့လာဖို့၊ သတင်းမီဒီယာတွေ လွတ်လပ်ခွင့်တွေကလည်း အကန့်အသတ်တွေ ရှိတယ်ဗျ။ ဖြစ်တဲ့ အဖြစ်အပျက်တခုဆိုလို့ရှိရင် တယောက်နဲ့ တယောက် အပြစ်ပုံချတာလည်းရှိတယ်၊ သတင်းလွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့်၊ သတင်းရယူခွင့်တွေကလည်း အင်မတန်အားနည်းတယ်။ နောက်တခုက အင်တာနက်ဖြတ်တောက်မှုတွေကလည်း ရှိနေတဲ့ အတွက်ကြောင့် အဲဒီအင်တာနက်ဖြတ်တောက်မှုတွေကို ဖွင့်ပေးရမယ်။ လွတ်လပ်စွာ သွားလာခွင့်တွေကို ဖွင့်ပေးရမယ်။ နိုင်ငံတကာ သတင်းမီဒီယာကို လာခွင့်ပေးရမယ်။ အဲဒီ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကနေပြီးတော့ သူတို့အတွက် တကယ့်လိုအပ်တဲ့ လူသားချင်းစာနာတဲ့ အထောက်အကူမှုတွေကို စနစ်တကျလုပ်ပေးရမယ်။ အဲဒါတွေကို လုပ်ပေးလို့ရှိရင်တော့ ပြည်သူတွေအတွက်တော့၊ ဒုက္ခသည်တွေအတွက်တော့ နည်းနည်းပါးပါး လူလိုသူလို နေနိုင်တာပေါ့ဗျာ။

The post ဦးဦးလှစော အားမေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခြင်း
မေး။        ။ ကိုဗစ်-၁၉ ကာကွယ် ကုသရေးနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေကို သိချင်ပါတယ်။

ဖြေ။        ။ အဓိကတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်တော့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က စီမံချက်  လေးခု ဆွဲပြီး လုပ်ခဲ့တဲ့အကြောင်း ကျနော် ပြောခဲ့ပါတယ်။  တပ်မတော်က ဆွဲထားတဲ့ စီမံချက်  လေးခုအနက် သုံးခုကတော့ တပ်မတော်အတွင်း လုပ်ဆောင်တာတွေနဲ့ ဆိုင်ပါတယ်။ တခုကတော့ အရပ်ဘက်နဲ့ ဆိုင်တာတွေပါ။

ပထမဆုံး စီမံချက်ကတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစီမံချက်ဆိုပြီး ကျနော်တို့ ဆွဲခဲ့တယ်။ အဲဒီလုပ်ငန်းစီမံချက်မှာ တိုင်းစစ်ဌာနချုပ် အလိုက်တွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးအဆင့်တွေ လုပ်ဆောင်တာမျိုးတွေပါ။ ဒါမျိုးတွေ ညွှန်ကြားခဲ့တယ်။ ဒါ တပ်ဖွဲ့အတွင်း လုပ်မှာပေါ့။ နောက်စီမံချက်တခုကတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး သွားလာမှု ထိန်းချုပ်တဲ့ စီမံချက်ပါ။ သွားလာမှု ထိန်းချုပ်တဲ့ စီမံချက်က တပ်နဲ့ပဲ ဆိုင်ပါတယ်။ တပ်မှာ ဝင်တဲ့ ထွက်တဲ့နေရာတွေမှာ ဘယ်လိုလုပ် ပေးတယ်၊ ဘယ်လိုလုပ် မလဲဆိုတာမျိုးပါ။ အဲဒီစီမံချက်ကို ကျနော် ရှင်းပြခဲ့တယ်။  နောက်တခုကတော့ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ကာကွယ်ရေးဆိုင်ရာ လိုက်နာ  ဆောင်ရွက်သွားရမယ့် အချက်တွေနဲ့ ပတ်သက်တဲ့ စီမံချက်ပါ။ ဒါကလည်း တပ်တွင်းနဲ့ပဲ ဆိုင်ပါတယ်။ ဒါတွေကိုလည်း ရှင်းပြခဲ့ပါတယ်။

နောက်ဆုံးတခုကတော့ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွား ကူးစက်လာပါက တပ်မတော်နဲ့ အရပ်ဘက် ကျန်းမာရေး ဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ဖြစ်ပါတယ်။ ဒါကိုတော့ ကျနော် ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့ပါတယ်။ ကျနော်တို့ရဲ့ ကြိုတင် စီမံထားတဲ့ အချက်အလက်တွေကို  ပြောကြားခဲ့ပါတယ်။

အဲဒီစီမံချက်တွေက ကျနော်တို့က ဘယ်အချိန်ကနေစပြီး တပ်ထဲမှာ  ဆောင်ရွက်ခဲ့လဲဆိုတာ ဆိုတော့  နောက်အကျဆုံး စီမံချက်က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၉ ရက်မှာ ကျနော်တို့ ထုတ်ပြန်ခဲ့တယ်။  ရှေးဦးဆုံး  စီမံချက်က မတ် ၁၀ ရက်မှာ ကျနော်တို့ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၉ ရက်မှာ  ထုတ်ပြန်ခဲ့တဲ့ စီမံချက်က အခုနကပြောတဲ့ တပ်မတော်နဲ့ အရပ်ဘက် ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ပါ။ အဲဒါတွေကို ကျနော်တို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်း စီမံချက်ထဲမှာပဲ အဆင့်တွေ ခွဲခြားထားပါတယ်။ အဆင့်  လေးဆင့် ခွဲခြားထားပြီး ကျနော်တို့ ဘယ်လို ဆောင်ရွက်မလဲဆိုတာတွေ ပါပါတယ်။  ရောဂါဖြစ်ပွားတဲ့ နေရာတွေကို  ဆေးဝန်ထမ်းအဖွဲ့  စေလွှတ်တဲ့ အချိန်မှာတော့ ကျနော်တို့က အဆင့်လိုက် စေလွှတ်ပါတယ်။ အစိမ်းရောင်အဆင့်၊ အဝါရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အနီရောင်အဆင့် လုပ်တဲ့အခါမှာ လိမ္မော်ရောင်အဆင့်မှာဆိုရင် ဆေးဝန်ထမ်း တပ်ဖွဲ့အင်အားရဲ့ ၁၀ ပုံ ၁ ပုံ ဆရာဝန် ၂၂၁ ဦး၊ သူနာပြု ၅၈၅ ဦး၊ စုစုပေါင်း ၈၀၆ ဦးကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနဆေးရုံတွေကို တောင်းခံလာရင် လိုအပ်တဲ့ကူညီမှုတွေ ဆောင်ရွက် သွားမယ်ဆိုပြီး စီမံထားပါတယ်။ အနီရောင်အဆင့်မှာဆိုရင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို အင်အားဖြည့်ဖို့ အကုန်လွှတ်နိုင်ဖို့ စီစဉ်ထားတာတွေ ပါပါတယ်။

ရောဂါရှာဖွေစမ်းသပ်မှု အကူအညီပေးခြင်းမှာလည်း ကျနော်တို့က ဓာတ်ခွဲစမ်းသပ် ပစ္စည်းတွေ  ရောက်အောင် ဘယ်လိုဆောင်ရွက်မလဲ။ ဓာတ်ခွဲခန်းနဲ့ ပတ်သက်လာရင်လည်း အသင့် ပြင်ဆင်ထားတာတွေ ပါတယ်။ အဲဒါတွေ ကျနော် ရှင်းလင်းခဲ့ပါတယ်။ ပြီးရင် အထူးဆေးအဖွဲ့တွေ  ဆေးရုံတွေကို ဖွဲ့စည်းတာပေါ့။ ဆေးရုံတွေနဲ့ ပတ်သက်လို့က ကျနော်တို့သည် အရင်တုန်းကတော့ နေပြည်တော်မှာ ဆေးရုံတရုံ၊ ပြီးရင်တော့ မင်္ဂလာဒုံမှာ တရုံ၊ မိတ္ထီလာမှာ တရုံ၊  အောင်ပန်းမှာ တရုံ ကြိုတင်ပြင်ဆင်ထားတယ်။

နောက်ပိုင်းမှာတော့ ကျနော်တို့က မင်္ဂလာဒုံမှာကို နှစ်ရုံ လုပ်လိုက်တယ်။ ဆေးရုံ ငါးရုံအထိ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်တယ်။ အရပ်ဘက် ဆေးရုံတွေအတွက် အထူးဆေးကုအဖွဲ့တွေ ဖွဲ့စည်းတာကိုလည်း ကျနော်တို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ တိုင်းနဲ့ ပြည်နယ်အလိုက် Focal ပေါ့၊ တိုင်းနဲ့ ပြည်နယ်အလိုက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနနဲ့  ပေါင်းစပ်လုပ်သွားမယ့်  ဆေးရုံတွေ သတ်မှတ်ခဲ့တယ်။ အားလုံး ၁၇ ရုံပါ။ ၁၇ ရုံကတော့ ကချင်ရယ်၊ ရှမ်းမှာဆို  မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းဆိုပြီး ခွဲထားတယ်။ နောက်ပြီး ရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အလိုက် အကုန်လုံး နေပြည်တော် ကောင်စီပါမယ်။ အားလုံး ၁၇ ခု ဖြစ်သွား မယ်။ အဲဒီ ၁၇ မှာ ရှိနေတဲ့ ကျနော်တို့ရဲ့  ဆေးရုံတပ်မှူးတွေ၊ စစ်မြေပြင် ဆေးတပ်ရင်းက တပ်မှူးတွေကို သတ်မှတ်ထားတဲ့ နေရာအလိုက် သူတို့ကို ဆောင်ရွက်ရမယ့် သူတွေ ဆိုပြီးတော့ ဆောင်ရွက်ထားတာ ဖြစ် ပါတယ်။

ပြီးရင် ကျနော်တို့က ဆရာဝန်၊ သူနာပြုအင်အားပေါ့။ လိမ္မော်ရောင်၊ အနီရောင်အဆင့်တွေအတွက် ဆရာဝန်၊ သူနာပြုအင်အားတွေ ဖွဲ့စည်းထားတာကို ကျနော် အသေးစိတ် ရှင်းလင်းခဲ့ပါတယ်။ ဒါတွေကတော့ ကျနော်တို့ စီမံချက်ရေးဆွဲပြီးတော့ ဆောင်ရွက်တာပါ။ အရှေ့မှာ  ဆောင်ရွက် နေတာကတော့ ကျနော်တို့အနေနဲ့ နောက်ဆုံးလုပ်ခဲ့တဲ့ သတင်း စာရှင်းလင်းပွဲမှာ  ပြောထား ခဲ့ပါတယ်။ ဖောင်ကြီးမှာ ဖွင့်ထားတဲ့ ကုသရေးဆေးရုံကို အယောက် ၄၀၊ အသုတ်  နှစ်သုတ်ကို ကျနော်တို့ လွှတ်နိုင်ဖို့အတွက် ဆောင်ရွက်ပေးခဲ့တယ်။ အယောက် ၄၀ အသုတ် နှစ်သုတ်မှာလည်း ပါဝင်တဲ့သူတွေ၊ ဘယ်သူတွေပါဝင်လဲဆိုတာကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ပါရဂူတွေကနေ စပြီးတော့ သူနာပြုအထိ ဘယ်နှစ်ယောက်စီ ပါဝင်လည်းဆိုတာကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ကျိုင်းတုံနဲ့ တီးတိန် ပြည်သူ့ဆေးရုံတွေကို လွှတ်ပြီး ဆောင်ရွက်ပေးခဲ့တာတွေလည်း ရှိပါတယ်။

နောက်ပြီးတော့ Quarantine တွေနဲ့  ပတ်သက်ပြီးတော့ ပြည်သူလူထုအတွက် နယ်မြေတိုင်းမှာ ကျနော်တို့က အခုနက ပြောတဲ့ နယ်မြေ ၁၇ ခုမှာ Quarantine Centre တွေ လုပ်ပေးထားတယ်။ လောလောဆယ် စောင့်ရှောက်မှုပေးနေတဲ့ Quarantine Centre တွေကတော့ လှိုင်မှာရှိတဲ့ Quarantine Centre ဖြစ်တဲ့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်း၊ နေပြည်တော်မှာရှိတဲ့ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းတွေပါ။ အဲဒီစခန်းတွေမှာ ရှိတဲ့လူအရေအတွက်ကတော့ နေ့စဉ် သတင်းထုတ်ပြန်ပေးနေပါတယ်။

နောက်ပြီးတော့ ကျနော်တို့က ကိုဗစ်-၁၉ ကာကွယ် ကုသရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ တပ်မတော် ကြည်း၊ရေ၊လေ မိသားစုက ဆေးရုံတွေကို လှူဒါန်းတာတွေ အာဟာရ ကျွေးမွေးတာတွေ ရှိပါတယ်။ ပြီးရင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး အတွက်ကို တပ်မတော် တရပ်လုံးမှာရှိတဲ့ အရာရှိစစ်သည်တွေ၊ အရပ်သားအစားခန့်ဝန်ထမ်းတွေရဲ့ လစာငွေတွေ လှူဒါန်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးပါပြီ။ ဒါတွေကို ကျနော်တို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဒါတွေကိုလည်း လိုအပ်တဲ့ဟာတွေကို ထိထိရောက်ရောက်ကူညီနိုင်ဖို့အတွက် အသုံးပြုသွားမှာပါ။

နောက်တချက်ကတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနဲ့ ပတ်သက်ပြီး အမျိုးသား အဆင့် ဗဟိုကော်မတီရဲ့ အောက်မှာ ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှာ  တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးကိုယ်တိုင် ပါဝင်တယ်။ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။

မေး။        ။ တပ်မတော်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ် ကုသရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘယ်လိုပံ့ပိုးမှုတွေ လုပ်ထားလဲ။ ဘယ်လိုပူးပေါင်းဆောင် ရွက်မှုတွေ ရှိနေလဲဆိုတာ သိချင်ပါတယ်။

ဖြေ။        ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ အဲဒီမှာ ပြောပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး လူမျိုးမရွေး၊ ဘာသာမရွေးဘဲ အမျိုးသားရေး၊ နိုင်ငံအရေးဖြစ်တဲ့အတွက်ကြောင့်  ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပြီး ဖြစ်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်တွေ့ အကောင်အထည်ဖော်မှုကတော့ ကျိုင်းတုံမှာ NDAA  (မိုင်းလား) အဖွဲ့နဲ့  UWSA (ဝ) အဖွဲ့မှ တာဝန်ရှိသူတွေနဲ့  တွေ့ခဲ့တယ်။ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ  ထောက်ပံ့ပေးအပ်ခဲ့တယ်။ နောက်ပြီး အဲဒီဒေသတွေက ပြည်သူတွေကို  ဆေးဝန်ထမ်းအဖွဲ့တွေက သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ  ပြုလုပ်ပေးနေတယ်။ ဆက်လက်ပြီး ပြည်ပက ပြန်လာသူတွေနဲ့ ပတ်သက်ပြီးတော့လည်း အသိပညာပေး  ဟောပြောမှုတွေ ဆောင်ရွက်တာ၊ ပစ္စည်းလှူဒါန်းတာတွေ လုပ်ခဲ့ပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး နိုင်ငံအရေး၊ အမျိုးသားရေး ဖြစ်တာကြောင့် EAOs အဖွဲ့တွေနဲ့လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ရောဂါ ရှာဖွေစမ်းသပ်ရေး မြန်ဆန်ဖို့အတွက် ကျိုင်းတုံမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး စမ်းသပ်စစ်ဆေးနိုင်တဲ့ စက်တလုံးကို ထားရှိပြီး စစ်ဆေးမှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီလိုလုပ်တဲ့အခါမှာတော့ ကျနော်တို့က ကိုဗစ်-၁၉ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနဲ့ အခြား လိုအပ်ချက်တွေ ဆောင်ရွက်ပေးနိုင်ဖို့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် တာဝန်ရှိသူ တွေနဲ့ ညှိနှိုင်းအစည်းအဝေး လုပ်ခဲ့တာ သတ္တမအကြိမ် ရှိခဲ့ပါပြီ။ အဲဒီ သတ္တမအကြိမ် ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဘာတွေလုပ်ဆောင်မယ်၊ ဘာတွေ လုပ်မယ်ဆိုတာကို ကျနော်တို့က လက် တွေ့ လုပ်ဆောင်နေပါတယ်။ ကိုဗစ် ကာကွယ်ရေးက EAOs မှ မဟုတ်ပါဘူး လူမျိုးမရွေး ဘာသာမရွေးပဲ ဆောင်ရွက်ပေးသွားမှာပါ။

မေး။        ။ ကိုဗစ်နဲ့ ပတ်သက်ပြီး တပ်မတော်ထဲမှာ ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ ဘာတွေ လုပ်ဆောင်ထား သလဲ ဆိုတာ ရှင်းပြပေးပါ။

ဖြေ။        ။ တပ်မတော်ထဲမှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့သူ တဦးရှိတာကို ကျနော်တို့ သတင်းထုတ်ပြန်ခဲ့တယ်။ သူက ကျန်းမာရေး အခြေအနေ ကောင်းမွန်ပါတယ်။ သူ့ကို ရောဂါကုသမှု လုပ်ငန်း လမ်းညွှန်ချက်တွေအတိုင်း ရောဂါပိုးတွေ့ရှိရတဲ့ အတည်ပြု ကာလရက်မှ ၁၁ ရက် ပြည့်မြောက်ခဲ့တဲ့ မေ ၁၅ ရက်နဲ့ ၁၃ ရက် ပြည့်မြောက်ခဲ့တဲ့ မေ ၁၇ ရက်တွေမှာ  နှစ်ကြိမ်   ဓာတ်ခွဲစစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိခဲ့ပါဘူး။ ဒါကြောင့် သူ့ကို ပိုးကင်းစင်ကြောင်း ကျနော်တို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သူ့ကို အခု လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ဆက်လုပ်ပေးထားပါတယ်။

သူက ရုံးဌာနတခုမှာ အမှုထမ်းတဲ့သူ ဖြစ်တာကြောင့် အဲဒီ ရုံးဌာနမှာရှိတဲ့ ဆက်စပ်တဲ့သူတွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်မှုတွေ  ပြုလုပ်ပြီး  ရောဂါ စစ်ဆေးမှုတွေ  ကျနော်တို့  ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးက ၃၆၀ ကျော်ကို စစ်ဆေးခဲ့တယ်။ နောက်ထပ် ၅၀ ကျော်ကို စစ်ဆေးခဲ့တယ်။ စစ်ဆေးခဲ့တဲ့ သူအားလုံး ရောဂါပိုးမတွေ့ရှိခဲ့ဘဲ ကျန်းမာရေး အခြေအနေ ကောင်းမွန်ပြီး သူတို့ကို အသွားအလာ ကန့်သတ် စောင့်ကြည့်မှုတွေ ဆက်လက်ပြုလုပ်ထား ပါတယ်။ ပြည်ပမှာ ဖြစ်တာကတော့ ရုရှားနိုင်ငံမှာ သင်တန်း တက်ရောက်နေတဲ့ တပ်မတော်ရဲ့ ပညာတော်သင် သင်တန်းသား ငါးဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တယ်။ လက်ရှိအချိန်မှာ အဲဒီအထဲက  လေးဦးက  ရောဂါ ပျောက်ကင်းသွားပြီဖြစ်ပြီး ကျန်တဲ့တဦးကလည်း ကျန်းမာရေးအခြေအနေ  ကောင်းမွန်လျက်ရှိပါတယ်။ အဲဒီသင်တန်းသား ငါးဦးနဲ့ ထိတွေ့ခဲ့တဲ့ တပ်မတော်ရဲ့ သင်တန်းသား အရာရှိ သုံးဦးကို စစ်ဆေးခဲ့ရာမှာတော့ သုံးဦးလုံးမှာ ရောဂါပိုး မတွေ့ရှိခဲ့ပါဘူး။

The post ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

ဦးအောင်ဆန်းမြင့်အား မေးမြန်းခြင်း
မေး ။        ။ KNPP အနေနဲ့ လက်ရှိ ကိုဗစ်နဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော်တို့နဲ့  ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သိချင်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်နေလဲဆိုတာကိုလည်း သိချင်ပါတယ်ဗျ။

ဖြေ ။         ။ ဒီလ ၃၀ ရက်နေ့မှာ သူတို့က စတင်ဖွဲ့စည်းလိုက်တယ်။ ကျနော်တို့ကို မေ ၅ ရက်နေ့မှာ စာတစောင် ပို့တယ်။ ၁၂ ရက်နေ့မှာ စာတစောင်ပို့တယ်။ သူတို့ လိပ်မူတဲ့ ပုံစံကတော့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးတယ်။ ကျနော်တို့အနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတဲ့ ပုံစံပါ။ တည့်ကြီးတော့ KNPP ကို ဖိတ်တာတော့ မရှိပါဘူး။ အဲဒါတချက်။ နောက်ပြီးတော့က ကျနော်တို့ ပြည်နယ်အစိုးရ အစည်းအဝေးမှာတော့ ကျနော်တို့ကို ပြည်နယ်အစိုးရကနေပြီးတော့မှ ကျန်းမာရေးလုပ်သားတွေအတွက် လိုအပ်မယ့် စမ်းသပ်စစ်ဆေးနိုင်ဖို့အတွက် ပစ္စည်းတွေ၊ အကူအညီတွေကို စာရင်းပြုစုပြီးတော့ တင်ပြလာနိုင်တယ်ဆိုတာ၊ အကူအညီပေးနိုင်တဲ့ အခြေအနေရှိပါက စီစဉ်ပေးမယ်လို့ ပြောတယ်လေ။ ကျနော်တို့က လစဉ် အစိုးရနဲ့ ပုံမှန်အစည်းအဝေးတွေတော့ ရှိတယ်။ ဒါပေမဲ့ အခုကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီအစည်းအဝေးက နည်းနည်းလေး ရွှေ့ဆိုင်းထားတော့ လူချင်းကတော့ မတွေ့ဖြစ်ဘူး။ မတွေ့ဖြစ်ဘူးဆိုတော့ လောလောဆယ် အစိုးရနဲ့ ညှိနှိုင်းတဲ့အပိုင်းမှာ မတ်လတုန်းက ကိုဗစ်နဲ့ ပတ်သက်ပြီး ကျနော် တို့ အထဲထဲမှာ လုပ်တယ်။ လုပ်တဲ့အချိန်မှာ ကျနော်တို့ တချို့ကျေးရွာတွေ ကြားထဲမှာပေါ့၊ မြို့နယ်တွေ ကြားထဲမှာ Lockdown လုပ်လိုက်တာ ရှိမယ်။ Lockdown လုပ်လိုက်တော့ ပြည်နယ်အစိုးရက ကျနော်တို့ကို ကန့်ကွက်စာ ပြန်ပေးတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်နယ်အစိုးရရဲ့ ကျန်းမာရေးဌာနက ညွှန်ကြားတဲ့အတိုင်းပဲ အားလုံးက လိုက်နာဆောင်ရွက်သွားဖို့ပါ။ အဲလိုဆိုတဲ့အခါကျတော့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲက မရှိသေးတော့  ချိတ်ဆက်မှုက နည်းနည်းလေး အားနည်းနေတယ်။

ဒါပေမဲ့ ကျနော်တို့ရဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေကတော့ သူတို့အထဲထဲမှာပေါ့၊ သူတို့ တတ်နိုင်သလောက် ကိုဗစ်တားဆီးရေးအတွက် ကျနော်တို့ ထိန်းချုပ်နယ်မြေတွေမှာ ကိုဗစ် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ အနည်းဆုံး ၁၈ ခုလောက်ဖွင့်ထားတယ်။ နောက် Mobile Clinic တွေလည်း ၅၇ ခုလောက်ရှိတယ်။ အဲဒီမှာတော့ ကိုဗစ်တားဆီးရေး လုပ်နေပါတယ်။ လောလောဆယ်တော့ ကယားပြည်နယ်က မတွေ့သေးဘူးဗျ။ အဲဒီလို စစ်ဆေးရေးဂိတ်တွေချပြီး စစ်ဆေးနေတာလည်း သံသယလူနာ မတွေ့သေးဘူး။  တကယ်လို့ တွေ့လို့ရှိရင် အစိုးရဆေးရုံတွေကို၊ ကျန်းမာရေးဌာနကို လွှဲပြောင်းပေးဖို့ကိုတော့ အစိုးရနဲ့  ညှိနှိုင်းထားတာ ရှိပါတယ်။ လက်တွေ့ကလည်း ကိုဗစ်လူနာက ကယားပြည်နယ်မှာလည်း မတွေ့သေးတော့ ကျနော်တို့ ချိန်ဆက်မှုက အဲလောက်ပဲ ရှိတယ်။ အစိုးရဆီက အကူအညီ အထောက်အပံ့တွေကတော့ ဒီနေ့အထိ ဘာမှမရသေးဘူး။ လောလောဆယ် ပြည်တွင်းထဲမှာ တခြားအဖွဲ့အစည်းတွေ NGOs တွေ၊ INGOs တွေနဲ့ ပူးတွဲပြီးမှ ကိုဗစ် ကာကွယ်တားဆီးရေးတွေကို လုပ်နေတာ ရှိပါတယ်။ ဒါပေမဲ့ သူတို့က အကန့်အသတ်နဲ့ ဖြစ်နေတယ်။ ဆိုလိုတာက အစိုးရက သူတို့ ထိန်းချုပ်နိုင်တဲ့ နယ်မြေထဲမှာပေါ့၊ ဥပမာဆို မြို့နဲ့နီးတဲ့ ဒေသတွေမှာဆိုရင် သူတို့ရဲ့ ကျန်းမာရေးဌာန အစီအစဉ်နဲ့ပဲ သူတို့လုပ်တယ်။ ကျနော်တို့ကို ပူးပေါင်းဆောင်ရွက်ဖို့ သူတို့ ဖိတ်ခေါ်တယ်။ အဲဒီပူးပေါင်းဆိုတဲ့ စကားလုံးကလည်း တော်တော်ခက်တယ်ဗျ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာကတည်းကပါ။ ပူးပေါင်းဆောင်ရွက်တယ်၊ ညှိနှိုင်း ဆောင်ရွက်တယ်ဆိုတဲ့စကားလုံးတွေက ကျနော်တို့ကပဲ ပူးပေါင်းရမယ်လိုမျိုး ဖြစ်နေတယ်။ တကယ်က ပူးပေါင်းဆိုတာ ကျနော်တို့ နားလည်တာက နှစ်ဖက် ပူးပေါင်းဆောင်ရွက်တာကို ပြောတာမျိုးပါ။ သူတို့ ပြောတာကတော့ သူတို့နဲ့ ပူးပေါင်းဆိုရင် သူတို့လုပ်တဲ့လုပ်ငန်းတွေကို ကျနော်တို့ သွားရောက်ပြီး ဝင်ရောက်ပါရမယ့် သဘောမျိုးပဲ။ အဲဒီလောက်ပဲ ဖြစ်နေတယ်။ ကျနော်တို့ လိုချင်တာက တကယ့်ပူးပေါင်းတဲ့ Cooperation ကို လိုချင်တာ။ အဲဒါလေးတခုကတော့ ပြည်တွင်းထဲမှာ ဖြစ်နေတာပါ။

ကျနော်တို့က အစိုးရနဲ့ ချိတ်ဆက်ဖို့ကတော့ ဒီနေ့ပဲ(မေ ၁၉ ရက်) စာပြန်ဖို့ရှိပါတယ်။ ရုံးက စာပြန်လိုက်ပြီလားတောင် မသိဘူး။ ကျနော်တို့ဆီမှာလည်း ကိုဗစ်တားဆီးရေးအဖွဲ့ကို တရားဝင် ဖွဲ့စည်းထားပြီဆိုတဲ့အကြောင်းကို သူတို့ကို ကျနော်တို့ က အကြောင်းကြားစာပါ။ အဲဒါ ပို့ပေးမယ့် အခြေအနေရှိပါတယ်။ လောလောဆယ်ကတော့ သူတို့နဲ့ ကျနော်တို့ ကြား ထိထိရောက်ရောက်၊ အွန်လိုင်းကဖြစ်စေ ဆွေးနွေးတာတော့ မရှိသေးပါဘူး။ ခုနက ပြောသလို ကျနော်တို့ ပြည်တွင်းမှာလည်း လုပ်နေတယ်။ နယ်စပ်မှာလည်း ကျနော်တို့ လုပ်နေတာတွေရှိပါတယ်။ ပြည်တွင်းမှာတော့ Quarantine Camp တွေဆိုတာ ကျနော်တို့ ထားလို့ မရဘူး။ Quarantine Camp အားလုံးက အစိုးရကပဲ အကုန်လုံး လုပ်ထားတာ ရှိပါတယ်။ မြို့နယ်အလိုက်တွေ Quarantine Camp တွေ လုပ်ထားတာ ရှိတယ်။ ဝင်လာတဲ့သူတွေကို သူတို့အစီအစဉ်နဲ့ သူတို့ လုပ်ထားတာ ရှိတယ်။ ကျနော်တို့ကတော့ ရောဂါစောင့်ကြည့်ရေးအတွက် ကျနော်တို့ ထိန်းချုပ်နယ်မြေတွေမှာ အဲဒါပဲ လုပ်နိုင်တယ်။ ပညာပေးအစီအစဉ်တွေ လုပ်နိုင်တယ်။ Quarantine Camp ကတော့ ကျနော်တို့ မရှိပါဘူး။ ပြည်ပက ပြန်လာတဲ့သူတွေ နယ်စပ်က ပြန်လာတဲ့သူတွေအားလုံးကို Quarantine Camp တွေ မြို့နယ်အလိုက် ပြည်နယ်အစိုးရက လုပ်ထားပါတယ်။ ကျနော်တို့ကတော့ ပညာပေးရေးနဲ့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ အထဲထဲမှာ ရှိတယ်။ နယ်စပ်မှာတော့ ကျနော်တို့ Quarantine Camp ရှိပါတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် မတ်လက စပြီးတော့ နယ်စပ်သွားလာမှုဂိတ်တွေကို ပိတ်လိုက်တယ်။ ကျနော်တို့ KNPP ကိုယ်တိုင် ပထမဆုံးပိတ်လိုက်တယ်။ ကျနော်တို့က မတ် ၁၈ ရက်နေ့မှာ ပိတ်လိုက်တယ်။ ထိုင်းအစိုးရကလည်း ၂၀ ရက်နေ့မှာ ထပ်ပိတ်တယ်ပေါ့။ အဲဒီအချိန်မှာ ပြည်တွင်းထဲကနေပြီးမှ ဒီဘက်ကို လာတဲ့သူတွေလည်း ကျန်နေတယ်။ ဒီဘက်ကနေ ပြည်တွင်းကို ပြန်တဲ့သူတွေလည်း တစ်နေတယ်။ ကျန်နေတဲ့အတွက် ကျနော်တို့က အစိုးရနဲ့ ညှိနှိုင်းလိုက်တယ်။ ညှိပြီးမှ လမကုန်ခင်ကြားထဲမှာ  ကျနော်တို့ တခေါက်ပေါ့။ ကျန်ခဲ့တဲ့သူတွေလည်း ပြန်ပို့လိုက်တယ်။ အထဲမှာ ကျန်ခဲ့တဲ့သူတွေလည်း ဒီဘက်ကို ပြန်လာခိုင်းတယ်။ အဲလိုမျိုး တခေါက်တော့ အစိုးရနဲ့ ညှိနှိုင်းပြီး လုပ်လိုက်ပါတယ်။ လုပ်ပြီးတဲ့နောက်ပိုင်းမှာ ထိုင်းမှာ အလုပ်သွားလုပ်တဲ့သူတွေ ကျနော်တို့ နယ်စပ်ကို ဝင်ရောက်လာတယ်။ အဲဒါကြောင့် နယ်စပ်စစ်ဆေးရေးဂိတ်တွေ လုပ်လိုက်တယ်။ Quarantine Camp တွေလည်း ဖွင့်ထားလိုက်တယ်။ လူက ၂၀၀ လောက်ပေါ့ ဝင်ရောက်လာတာကို ကျနော်တို့ လုပ်လိုက်တယ်။ နောက်ပြီး ဒုက္ခသည်စခန်းတွေလည်း ရှိတယ်။ နယ်စပ်ကနေပြီးမှ ကျနော်တို့ လူမျိုးတွေရဲ့ ကျေးရွာတွေလည်းရှိတယ်။ အဲဒါကြောင့် ကျနော်တို့ KNPP က ကာကွယ်တားဆီးရေးလုပ်ငန်းတွေ၊ ပညာပေးအစီအစဉ်တွေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ လုပ်လိုက်တယ်။ ဒီနေ့အချိန်ထိ ကျနော်တို့ လုပ်နေတယ်။ အစိုးရနဲ့တော့ ကျနော်တို့ အဖွဲ့အချင်းချင်း  စကားမပြောရသေးတဲ့အတွက် ကျနော်တို့ plan တွေကို သူတို့ကို ချပြဆွေးနွေးတာမရှိသေးဘူး။ သူတို့ကလည်း မေလကမှ သူတို့ လှုပ်ရှားမှုတွေ ဖြစ်လာတာကြောင့် သိပ်မကြာသေးတဲ့အတွက် ကျနော်တို့နဲ့ မထိတွေ့ရသေးတဲ့အတွက် မလုပ်ရသေးပါဘူး။

တပ်မတော်နဲ့ကလည်း တချက်ရှိတယ်ဗျ။ ကျနော်တို့ နယ်စပ် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပိတ်ပြီးတော့ လက်ကျန်လူတွေက လာနိုင်တယ်။ ထိုင်းမှာ ဗမာက လမ်းဖွင့်လိုက်ပြီဆိုရင် အများကြီးလာဖို့ ရှိသေးတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီမှာက၊ ထိုင်းမှာက လမ်းဖွင့်ပြီဆိုရင်တောင် စက်ရုံ အလုပ်ရုံတွေက ပြန်မလုပ်နိုင်သေးတော့ ကျနော်တို့လူတွေ တော်တော်ဒုက္ခရောက်တယ်။ ထိုင်းမှာ စားစရာမရှိ၊ ပြန်စရာမရှိ ဖြစ်နေတယ်။ အဲဒီလူတွေက နယ်စပ်ကနေ ပြန်လာမှာပဲ။ အဲဒီအတွက်လည်း Quarantine Camp တွေကို ကျနော်တို့ အဆင်သင့်လုပ်ထားတယ်။ နယ်စပ်မှာ စစ်ဆေးရေးဂိတ် လုပ်တဲ့အချိန်မှာ တပ်မတော်ကလည်း နယ်စပ်နဲ့နီးတဲ့စခန်း တခုမှာ သူတို့ နေရာချထားတဲ့ တပ်မတော်ကလူတွေက သူတို့ကလည်း ဘယ်လိုသတင်းရသွားလဲ မသိဘူး။ သူတို့ ဆင်းလာပြီးတော့ ကျနော်တို့ နယ်စပ်ဂိတ်ကို ဝင်လာပြီးမှ သူတို့လည်း ပူးပေါင်းဆောင်ရွက်မယ်။ သူတို့လည်း အစီအစဉ်ရှိတယ်ဆိုပြီးတော့ ကျနော်တို့ နယ်စပ်ဂိတ်ကို ဝင်လာတယ်။ လာတော့ အဲဒါတော့ ကျနော်တို့က မဖြစ်နိုင်ဘူး။ အဲဒီလိုမျိုးဆိုရင် သူတို့ရဲဘော်နဲ့ ကျနော်တို့ ရဲဘော်တွေ ရောထွေးကုန်မယ်။ ကျနော်တို့က မဖြစ်နိုင်ဘူး ပြောလိုက်တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ခင်ဇော်ဦးတို့ရဲ့ ကော်မတီကလည်း မဖွဲ့ရသေးဘူး။ မဖွဲ့ရသေးတဲ့အချိန်မှာ သူတို့ကလည်း ကျနော်တို့ လုပ်တာ ကြားတာနဲ့ ဆင်းလာတာ။ အဲဒါနဲ့ ကျနော်တို့  အောက်ခြေတပ်အချင်းချင်း ညှိပြီးမှ သူတို့ ပြန်တက်သွားတယ်။ အဲဒါတခုတော့ တပ်နဲ့ ကျနော်တို့ရှိတယ်။

အထဲထဲမှာတော့ မရှိဘူးပေါ့။ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကပဲ ပစ်ခတ်မှုတခု ဖြစ်ပြီးမှ အရပ်သားတဦး သေဆုံးသွားတယ်ဆိုတာ ဖြစ်ခဲ့တယ်။ အဲဒါမျိုးတွေ တပ်မတော်နဲ့တော့ ရှိတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းနေရတယ်။ သူတို့ကလည်း ကျနော်တို့ကို ကန့်ကွက်စာ ပို့ထားတယ်။ ကျနော်တို့က ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပြန်ထားတဲ့ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့၊ ငြိမ်းချမ်းရေးအပေါ်မှာ အမြတ်မထုတ်ဖို့ဆိုတာတွေကို ကျနော်တို့က ဖောက်ဖျက်တယ်ဆိုတာပါ။ အဲဒီလို သဘောတူညီချက်ထားတယ်ဆိုတာ ကျနော်တို့က ဘယ်တုန်းက သဘောတူထားလို့လဲ။ သူတို့က တဖက်သတ်စွပ်စွဲလိုက်တာက လမ်းခင်းနေတဲ့ အရပ်သားတဦး သေဆုံးသွားတယ်။ ကျနော်တို့က သဘောတူထားတဲ့အချက်တွေ ချိုးဖောက်တယ်။ ပြီးတော့ ကျနော်တို့က စတင်ပစ်ခတ်တယ်။ အဲလိုမျိုးတွေ စွပ်စွဲတယ်။ အမှန်တကယ်က သူတို့က တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာလိုက်တယ်ဆိုလို့ရှိရင် ရှင်းရှင်းလင်းလင်း တဖက်သတ် အပစ်အခတ်ရပ်စဲရေး ဖြစ်ဖို့လိုတယ်။ အခု ကျနော်တို့ ကြုံတွေ့နေရတာက အပစ်အခတ်ရပ်စဲရေး ကြေညာပြီးရင် သူတို့က နယ်မြေစိုးမိုးရေးကို  မသိမသာနဲ့ လုပ်လာတာတွေ ရှိတယ်။ KNU မှာလည်း အဲဒီလိုပဲ။ ၂၀၁၈၊ ဒီဇင်ဘာ ၂၁ ရက်တုန်းက သူတို့ အပစ်အခတ်ရပ်စဲရေးလုပ်တုန်းကလည်း သူတို့က ကျနော်တို့ဆီမှာ တပ်စခန်း လေးခုလောက် လာချလိုက်တာ။ အဲလိုမျိုး ဖြစ်ခဲ့တယ်။ အခုလည်း အပစ်အခတ်ရပ်စဲရေး ၉ ရက်နေ့က ကြေညာတယ်။ အခု ၁၆ ရက်နေ့မှာကျတော့ ကျနော်တို့ကို အကြောင်းမကြားဘဲနဲ့ ကျနော်တို့ တပ်ဖွဲ့တွေ အခြေပြုထားတဲ့ နယ်မြေကို တက်သွားတော့ ထိတွေ့မှုဖြစ်သွားတာပေါ့။ တက်သွားတဲ့အချိန်မှာလည်း အရပ်သားသေသွားတဲ့ကိစ္စကို လွှတ်တော်အမတ်တွေကနေ စွပ်စွဲတာ ရှိတယ်။ ဖြစ်စဉ်က အဲဒီနေ့က လွှတ်တော်အမတ်တွေက အဲဒီရွာဘက်တွေ သွားမယ်ဆိုပြီးတော့ ကျနော်တို့ ဆက်ဆံရေးရုံးကို ခွင့်တောင်းတာ ရှစ်ဦးပါ။ ကျနော်တို့က မေးတယ်၊ တပ်တွေ၊ ရဲတွေ ပါမလားဆိုတာကို။ မပါဘူးဆိုပြီးမှ သူတို့ တက်လာတော့ ကျနော်တို့ ရဲဘော်တွေက ကားတွေကို စစ်ဆေးတာ။ နောက်ကနေ တပ်တွေ၊ ရဲတွေက ကားတွေနဲ့ တက်လာတယ်။ တက်လာတော့ ထိတွေ့မှုတွေ ဖြစ်တာပေါ့။ အခု အရပ်သား သေတယ်ဆိုတာကလည်း လွှတ်တော်အမတ်တွေ ခေါ်လာတဲ့ ကားသမား ထိသွားတာပါ။ နောက်ပြီးကျတော့ လှုပ်ရှားမှုတိုင်းမှာ နှစ်ဖက်ကို သုံးရက် ကြိုတင်အကြောင်းကြားဖို့ပါ။ ဒါလည်း သူတို့ကပဲ ဖောက်တာပါ။ နောက်ပြီးမှ သူတို့ သုံးနှုန်းထားတာလည်း ရှိတယ်။ သူတို့ နယ်မြေစိုးမိုးမှုအတွက် လှုပ်ရှားနေတဲ့စစ်ကြောင်းဆိုတာကလည်း အပစ်အခတ်ရပ်စဲရေး ကြေညာပြီးရင် နယ်မြေစိုးမိုးမှု လှုပ်ရှားဖို့ လိုသလားဆိုတာကိုပါ။ အရင် ၂၀၁၈၊ ၂၀၁၉ တုန်းကလည်း ကျနော်တို့မှာ အဲဒါမျိုးတွေ အတွေ့အကြုံ ရှိပါတယ်။ တပ်မတော်နဲ့ ကျနော်တို့ကြား ထိတွေ့မှုကတော့ အဲဒါလေးပါ။ ဒီကိစ္စကိုလည်း ထပ်မံမဖြစ်ပွားအောင် ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ညှိနှိုင်းနေပါတယ်။

မေး။            ။ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ရော KNPP အနေနဲ့ ကိုဗစ် ကာကွယ် ထိန်းချုပ်ရေး လုပ်ဆောင်မှုတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေလဲဆိုတာကို သိချင်ပါတယ်။

ဖြေ။            ။ အစိုးရက အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးတာတွေ စနေပါပြီ။ အဲဒီလိုပဲ ကျနော်တို့ကလည်း အပစ်ရပ်ထားတဲ့အဖွဲ့ ၁၀ ဖွဲ့နဲ့ မကြာခဏဆွေးနွေးမှုတွေ ရှိပါတယ်။ အရင်ကတော့ လူကိုယ်တိုင်တွေ့တယ်။ အခုတော့ အွန်လိုင်းကတဆင့် ကျနော်တို့အနေနဲ့ ကိုဗစ်တင်မကဘူး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဘယ်လိုတွေ ပါဝင်နိုင်မလဲဆိုတာကို အမြဲထိတွေ့ ဆွေးနွေးနေပါတယ်။ သူတို့လည်း အစိုးရနဲ့ ဆွေးနွေးရင်း ရရှိတဲ့အချက်တွေကို ကျနော်တို့ဆီ အမြဲပို့ပေးပါတယ်။ ဒါကတော့ တခြား တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတယ်။ အခြေအနေတွေကိုလည်း အချိန်နဲ့တပြေးညီ လုပ်ကြပါတယ်။ ပြည်တွင်းက တခြားလက်နက်ကိုင်တွေနဲ့လည်း ချိတ်ဆက်လုပ်ပါတယ်။ အခုဆိုရင် ကိုဗစ် တားဆီးရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ၊ ပညာပေးအစီအစဉ်တွေကို ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ ကျန်းမာရေးဌာနနဲ့ KNPP ရဲ့ ကျန်းမာရေးဌာန ပူးပေါင်းပြီး လုပ်နေပါတယ်။

မေး ။           ။ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး KNPP ရဲ့ နယ်မြေအတွင်း လက်ရှိအခြေအနေနဲ့ ဘယ်လိုကာကွယ်ထိန်းချုပ်မှုတွေ လုပ်ဆောင်ထားသလဲ ဆိုတာကို သိချင်ပါတယ်။

ဖြေ ။            ။ကျနော်တို့ကတော့ မတ်လကုန်ခါနီးကတည်းက စပြီးတော့ ကိုဗစ်ကာကွယ်တားဆီးရေး လုပ်ငန်းကို လုပ်တယ်ပေါ့။ ပြည်တွင်းမှာကတော့ KNPP ရဲ့ ကျန်းမာရေးဌာနက လုပ်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကျန်းမာရေးဌာနတွေ ပူးပေါင်းထားတဲ့ CHDN(Civic Health Development Network)ဆိုတာ ဖွဲ့ထားတယ်။ အဲဒီဖွဲ့ထားတဲ့ အဖွဲ့နေပြီးမှ ကျနော်တို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ လုပ်တယ်။ နောက်ပြီး ကိုဗစ် တားဆီးကာကွယ်ရေးပညာပေးရေး လုပ်ငန်းတွေ၊ သတင်းအချက်အလက် မျှဝေခြင်း လုပ်ငန်းတွေကို ကျနော်တို့ ထိန်းချုပ်နယ်မြေမှာလည်း လုပ်တယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ကယန်းပြည်သစ်ပါတီကလည်း ပါတယ်ဆိုတော့ ကယန်း youth တို့လည်း ပါဝင်ပြီး ကယန်းဒေသမှာ ထပ်ပြီးတော့ လုပ်တယ်။ ထူးခြားတဲ့အချက်ကတော့ ကာကွယ်တားဆီးရေး ကျန်းမာရေးစစ်ဆေးရေး ဂိတ်တွေနဲ့ ပညာပေးအစီအစဉ်တွေပဲ လုပ်နိုင်တယ်။ Quarantine တွေကတော့ အစိုးရကပဲ သူတို့မြို့နယ်အလိုက် လုပ်ထားတာ ရှိပါတယ်။ ကျနော်တို့ကတော့ အထဲထဲမှာ Quarantine Camp တွေ မလုပ်နိုင်ဘူး။ ဒါပေမဲ့ နယ်စပ်မှာတော့ Quarantine Camp တွေပါ ကျနော်တို့ လုပ်နိုင်တယ်။ နောက်ပြီးတော့ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွေရော ပညာပေးအစီအစဉ်တွေ အကုန်လုံးကို မတ်လကုန်ကတည်းက လက်ရှိအချိန်ထိ ကျနော်တို့ လုပ်နေပါတယ်။ နယ်စပ်မှာတော့ ထိုင်းက ပြန်လာတဲ့ အလုပ်သမားတွေ၊ သူတို့လည်း အခက်အခဲ  တော်တော်ဖြစ်နေတာ။ လမ်းမပိတ်ခင် စပ်ကြားမှာ ပြန်လာတာ ၂၀၀ လောက်ရှိပါတယ်။ သူတို့ကို Quarantine Camp တွေမှာ ထားထားတယ်။ နောက် ကျနော်တို့ အဖွဲ့ဝင်တွေအတွက်လည်း Quarantine Camp တခု ပြင်ဆင်ထားပါတယ်။ ပြည်နယ်မှာလည်း ရောဂါသံသယလူနာ မတွေ့ရသေးဘူး။ ထိုင်းနယ်စပ်မှာလည်း မတွေ့ရသေးဘူး။  လောလောဆယ်ကတော့ နယ်စပ်တကြောမှာလည်း အထူးဂရုစိုက်ပြီးတော့မှ ကျန်းမာရေး စစ်ဆေးမှုတွေ၊ ပညာပေးအစီအစဉ်တွေ ဒီနေ့အချိန်အထိ ဆက်တိုက်လုပ်နေပါတယ်။

The post ဦးအောင်ဆန်းမြင့်အား မေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

နိုင်အောင်မငေးအား မေးမြန်းခြင်း
မေး။           ။ မွန်ပြည်သစ်ပါတီအနေနဲ့  ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အစိုးရ၊ တပ်မတော်တို့နဲ့  ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို သိချင်ပါတယ်။

ဖြေ ။          ။ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက သုံးပိုင်း ရှိတယ်ဗျ။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်း  ဆောင်ရွက်မှုက တပိုင်း၊ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုက တပိုင်း၊ နောက်ပြီး အစိုးရက ဖွဲ့စည်းထားတဲ့ ညှိနှိုင်းရေးကော်မတီနဲ့က တပိုင်းပါ။ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘာပဲလုပ်လုပ် ပြည်နယ်အစိုးရ ရဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကတဆင့် သူတို့က အကြောင်းကြားတယ်။ အကောင်အထည်ဖော်မှုတွေ လုပ်ကြတယ်။ အများဆုံးကတော့ ကုသရေးပိုင်းမှာဆိုရင် ကျနော်တို့က လုံနယ်ဝန်ကြီးကတဆင့် သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးဌာနနဲ့၊ ဆေးရုံနဲ့ ချိတ်ဆက်ပြီး အမြန်ဆုံးပို့ဆောင်နိုင်အောင်၊ နောက်ပြီး ကျနော်တို့ ပို့တဲ့ လူနာကို အမြန်ဆုံးလက်ခံပြီးတော့ စီစဉ်ဆောင်ရွက်ပေးဖို့ ကိစ္စတွေပါ။ ဥပမာဆိုရင်  ရေးမြို့ဆေးရုံကတဆင့်  မော်လမြိုင်ဆေးရုံကို ပြောင်းပြီးတော့ ကုသတဲ့ပုံစံမျိုးပါ။ အဲဒါကိုလည်း လုံနယ်ဝန်ကြီးကတဆင့် ပြည်နယ်အ စိုးရအစီအစဉ်နဲ့ လုပ်ထားတာ ရှိပါတယ်။ ပြည်နယ်အစိုးရကလည်း ကျနော်တို့ကို ကိုဗစ်ဆိုင်ရာ ကူညီ  ထောက်ပံ့မှုပစ္စည်းတွေ ပေးထားတာ ရှိပါတယ်။ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကတဆင့်၊ မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌကတဆင့်လည်း ကျနော်တို့ ဒေသကို လာပြီးတော့ ကူညီပံ့ပိုးမှုတွေ ရှိပါတယ်။ ဒါကတော့ ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်အဆင့် ပူးပေါင်းဆောင်ရွက်မှုတွေပါ။

နောက်တခုက တပ်မတော်အခန်းကဏ္ဍပါ။ တပ်မတော်ဘက်ကကျတော့ ကျနော်တို့ သွားလုပ်တဲ့ ပညာပေးရေး အစီအစဉ်တွေရယ်၊ အဲဒါတွေက လက်ဆေးဖို့ ကိစ္စ၊ Hand Gel သုံးဖို့ ကိစ္စ၊ အဝင်အထွက်ကိစ္စတွေကိုပါ။ အဲဒါ  တွေကို ဘယ်လိုစိစစ်မယ်ဆိုတာပါ။ အစိုးရအုပ်ချုပ်မှုနေရာတွေထဲမှာ ကျနော်တို့ တခါတလေ ပညာပေးမှု သွားလုပ်တာ ရှိတယ်၊ အကူအညီပေးမှု သွားလုပ်တာ ရှိတယ်။ အဲဒါတွေကို သက်ဆိုင်ရာ တပ်မတော် တပ်ရင်း တပ်ဖွဲ့တွေကို အကြောင်းကြားပြီးတော့ လုပ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး  အောင်စိုးက ကျနော်တို့ကို တွေ့ဆုံတယ်။ ဘာအကူအညီပေးရမလဲဆိုတာ ကျနော်တို့ ပြောကြတယ်။ လိုအပ်တဲ့ အကူအညီတွေကို ကျနော်တို့ တင်ပြတယ်။ ပထမဆုံးအနေနဲ့ ပြီးခဲ့တဲ့ ၁၆ ရက်နေ့မှာ သိန်းတရာနီးပါး ရှိတဲ့ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေဖြစ်တဲ့ Hand Gel တွေ၊ PPE ဝတ်စုံ ၂၀၀၊ လက်ဆေးဆပ်ပြာရည်၊ ပိုး သတ်ဆေးရည်စတာတွေကို ကာကွယ်ရေးဦးစီးချုပ်က ကျနော်တို့ကို ပေးထားတာတွေပါ။ အဲဒါတွေကို ရတခမှာ ကျနော်တို့ လက်ခံယူခဲ့တယ်။ နောက်ပြီး ကျနော်တို့က ဒီဒေသမှာရှိတဲ့ ပြည်သူလူထုရဲ့ အခက်အခဲကို  ကျော်ဖြတ်ဖို့အတွက် ပံ့ပိုးပေးပါလို့ တင်ပြထားတာ ရှိတယ်။ ဒါကတော့ ဘယ်တော့ ပေးမယ်မသိဘူး။ အခုထိတော့ ပေးလာတာတော့ မရှိသေးပါဘူး။

နောက်ပြီး နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့ ညှိနှိုင်းရေးအဖွဲ့နဲ့ ပြီးခဲ့တဲ့ ၁၂ ရက်နေ့က ကျနော်တို့ တွေ့တယ်။ တွေ့တဲ့အခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကိစ္စ၊ ကုသလူနာကို ဘယ်လိုပို့ဖို့ စီစဉ်မလဲကိစ္စ၊ နောက်ပြီး ကျနော်တို့ အချင်းချင်း ခရီးသွားရာဇဝင်တွေ Format တူညီဖို့ ကိစ္စ၊ ပြည်ပကနေ ဝင်လာတဲ့သူတွေကို ဘယ်လိုအစီအစဉ်နဲ့ ထားရှိသလဲ၊ ပြီးတော့ Quarantine ကို ဘယ်လို ထားလဲရယ် စစ်ဆေးဖို့ အစီအစဉ် ဘယ်လိုရှိလဲရယ် အဲဒါတွေကို ကျနော်တို့ ဆွေးနွေးကြတယ်။ နောက်ပြီး နိုင်ငံတကာအကူအညီကို ကျနော်တို့ ဘယ်လိုလုပ် ရယူနိုင်မလဲ၊ လက်ခံနိုင်မလဲဆိုတာကိုလည်း နိုင်ငံတော်ရဲ့ အဆိုပြုချက် သုံးချက် ရှိတယ်။ အဲဒီသုံးချက်ထဲက အဆိုပြုချက် နံပါတ်တစ်ဖြစ်တဲ့ အစိုးရရယ်၊ ကျနော်တို့ရယ်၊ NGO၊ INGO သုံးဘက်ပေါင်းပြီး ဆွေးနွေးပြီးတော့ ပူးပေါင်းဆောင်ရွက်မှု အကူအညီပေးရေးကိစ္စကိုပါ။ ဒါက Project ကြီးတဲ့ ကိစ္စဆိုရင်တော့ အဲဒီလိုပုံစံနဲ့ သွားမယ်။ Project ငယ်တဲ့ ကိစ္စမှာတော့ ကျနော်တို့က လူမှုအဖွဲ့ အစည်းကနေ ရယူသွားမယ်ဆိုတာကို ကျနော်တို့ အမြင်ထားရှိခဲ့ပါတယ်။ အခုကိစ္စရော ကိုဗစ်အလွန်မှာ ဘယ်လိုကုစားနိုင်မလဲ၊ အခက်အခဲစိန်ခေါ်မှုကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာတွေ အဓိကအားဖြင့် ကျနော်တို့နေရာဆိုရင် ပြည်တော်ပြန်အလုပ်သမားတွေ အများအပြား ဝင်ရောက်လာမယ်၊ အလုပ်လက်မဲ့  ပြဿနာတွေ ရှိလာမယ်။ ကျနော်တို့ ထိန်းချုပ်ဒေသက ဆန်၊ ဆီ၊ ဆား အဓိကရိက္ခာမရှိဘူး။ ခြံထွက်ပစ္စည်း  တွေပဲ ရှိတဲ့အတွက် မိုးရာသီအမီ ဘယ်လိုစုဆောင်းမလဲ၊ ရရှိဖို့ ဘယ်လိုစီစဉ်ထားရမလဲ။ ကျနော်တို့ ဒါကို သက်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို  တင်ပြတယ်။ သက်ဆိုင်ရာ တပ်မတော်အဖွဲ့အစည်းကိုလည်း တင်ပြတယ်။ နောက်ပြီး ပြည်နယ်အစိုးရကတဆင့် ကျနော်တို့ကို နိုင်ငံတော်အစိုးရက ဝေမျှနေတဲ့ ဒီရိက္ခာတွေ ထုတ်ပေးဖို့ကိစ္စက ကျနော်တို့ ထိန်းချုပ်ဧရိယာမှာ အခုထက်ထိ ရရှိထားတာ၊ လက်ခံထားတာ မရှိသေးပါဘူး။ ကိုဗစ်ကာကွယ်ရေးပစ္စည်းပဲ ရှိတယ်။ အခြေခံရိက္ခာထုတ်ပေးထားတာ မရှိသေးတော့ ကျနော်တို့လည်း ဒီကာလကို ကျော်ဖြတ်ဖို့အတွက် တော်တော်လေးခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတော့  တောင့်ခံထား တုန်းပဲ။ အခုထိတော့ ဘာမှ အဖြေကြားတာ မရှိဘူး။ ညှိနှိုင်းရေးကော်မတီကတော့ ကျနော်တို့ကို ချိန်းထားတယ်။ လာမယ့် တနင်္လာနေ့(မေ ၂၅ ရက်)မှာ ကျနော်တို့ကို ညှိနှိုင်းရေးကော်မတီက NRPC ရုံးမှာ ကိုဗစ်ဆိုင်ရာပစ္စည်းတွေ ပေးအပ်ဖို့ ဖိတ်ထားတယ်။ ဘာပစ္စည်းတွေ ပါမလဲဆိုတာတော့ ကျနော်တို့လည်း အသေးစိတ်မသိရသေးဘူး။ အဲဒီနေ့မှာပဲ ဘယ်ပစ္စည်းတွေ ဘယ်လိုပါမလဲဆိုတာ တိတိကျကျသိရမှာပါ။

မေး။           ။ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရော မွန်ပြည်သစ်ပါတီအနေနဲ့ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေး လုပ်ဆောင်မှုတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေလဲခင်ဗျ။

ဖြေ ။          ။ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အချင်းချင်းက ညှိနှိုင်းရေးကော်မတီနဲ့ မတွေ့ခင်ကတည်းက အစိုးရနဲ့ တွေ့တဲ့အခါကျ ဘယ်လိုပြောမလဲ၊ ဘယ်လိုမူဝါဒတွေ ချမလဲ ယေဘူယျသဘောထားတွေကို ညှိနှိုင်း တိုင်ပင်မှုတွေ ရှိခဲ့တယ်။ ဒီစစ်ဆေးရေးနေရာတွေ၊ Quarantine ထားတဲ့နေရာတွေကတော့ ကျနော်တို့ဆိုရင် KNU ရဲ့ ဒေသနဲ့ ထိစပ်မှုရှိတဲ့ ထပ်နေတဲ့ နေရာတွေ ရှိတယ်။ ဒါပေမဲ့ ကိုဗစ်အရေးမှာတော့ ဘာပြဿနာမှ မရှိပါဘူး။ နောက်ပြီးတော့ တကယ်ထပ်တဲ့နေရာကလည်း ရှိတော့ ရှိပေမဲ့ ကွဲကွဲပြားပြား ရှိတဲ့အတွက် ဒီကိစ္စကိုတော့ အငြင်းပွားမှုမရှိဘဲ အတူတူပူးပေါင်းဆောင်ရွက်ဖို့ ပြောထားကြပါတယ်။ ကိုဗစ်အပိုင်းမှာတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ကွဲပြားမှုမရှိဘဲ အတူတူပူးပေါင်းဆောင်ရွက်ကြပါတယ်။

မေး။           ။ မွန်ပြည်သစ်ပါတီရဲ့ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုနဲ့ ဒေသတွင်း လိုအပ်ချက်တွေကိုလည်း ပြောပြပေးပါခင်ဗျ။

ဖြေ ။          ။ ကျနော်တို့က ပြီးခဲ့တဲ့ ကိုဗစ်ရောဂါစပေါ်ကတည်းက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ အစည်းအဝေးထိုင်တယ်။ ပြီးတော့ မတ်လကုန်မှာ ထိုင်ပြီးတော့ ဧပြီလမှာ ဗဟိုအဆင့် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီတရပ်ကို ဖွဲ့စည်းလိုက်တယ်။ CEC နှစ်ယောက်နဲ့ CC တွေ၊ ကျန်းမာရေးဌာန ပညာရေး ဌာနတွေ စုဖွဲ့ပြီးတော့ ၁၆ ဦးပါတဲ့ ဗဟိုအဆင့်ကော်မတီကို ဖွဲ့စည်းလိုက်တယ်။ ဧပြီလမှာ ကျနော်တို့ ကိုယ့်ဒေသ ကိုယ့်ပုံစံနဲ့ ဒေသခံပြည်သူတွေနဲ့ ပေါင်းပြီးတော့ Quarantine ထားတဲ့နေရာတွေကို ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းထားတယ်။ အဲဒီအခြေအနေကတော့ ကျနော်တို့က ဧပြီလကုန်မှာ ဒါကို နည်းနည်းပြန်ချုံ့ လိုက်တယ်။ တိုက်နယ်အဆင့် ထားပြီးတော့ Quarantine ထားတဲ့နေရာတွေက ၁၂ နေရာ၊ စစ်ဆေးရေးနေရာက ၁၈ နေရာထားပြီးတော့ လုပ်ဆောင်ပါတယ်။  ကျနော်တို့ရဲ့ အဓိက လုပ်ငန်းကြီး လေးရပ်ဖြစ်တဲ့ ပညာပေးရေး လုပ်ငန်းရယ်၊ သံသယ ရှိလူနာကို အချိန်မီ နီးစပ်ရာ ဆေးရုံကို ပို့ဆောင်တဲ့လုပ်ငန်းရယ်၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းရယ်၊ နိုင်ငံခြားက အကူအညီရော အစိုးရအကူအညီရော၊ လူမှုအဖွဲ့အစည်းရဲ့ အကူအညီရော၊ NGO အကူအညီရော၊ အကူအညီရရှိရေး လုပ်ငန်းကို ဗဟိုအဆင့်ကော်မတီအောက်မှာ အဖွဲ့ လေးခုဖွဲ့ပြီး လုပ်ထားပါတယ်။ စိန်ခေါ်မှုကြီးကြီးကတော့၊ အခုက လူမှုအဖွဲ့အစည်းနဲ့ ပေါင်းပြီး အစိုးရရော တပ်မတော်ရောကပါ ပေးထားတဲ့ပစ္စည်းတွေကြောင့် ကိုဗစ်ကာကွယ်ရေးကိစ္စမှာတော့ လုံလောက်သလောက် ရှိနေပါပြီ။ ဒါပေမဲ့ ရိက္ခာအတွက်တော့ စိုးရိမ်ပူပန်မှုက အခုထိ ရှိနေတုန်းပါပဲ။ ရိက္ခာအတွက် ထိထိရောက်ရောက် လာကူညီပေးမယ့်အဖွဲ့အစည်းက အစိုးရကအစ အခုထိ မရှိသေးတော့ ရှေ့ဆက်သွားဖို့ အခက်အခဲကြီးမားမယ်လို့ ထင်ပါတယ်။

The post နိုင်အောင်မငေးအား မေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

ပဒိုစောဆဲပွယ် (KNU) အား မေးမြန်းခြင်း
မေး။        ပထမဦးဆုံးမေးခွန်းက ကိုဗစ်–၁၉ ရောဂါကာကွယ်ရေးထိန်းချုပ်ရေးအတွက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လုပ်မယ်ဆိုတဲ့ အခါမှာ ဘယ်လိုအချက်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပြီလဲဆိုတာပါ ခင်ဗျ။

ဖြေ။       ပူးပေါင်းဆောင်ရွက်မယ်လို့ဆိုတာကတော့ နေရာတွေပေါ့နော်။ အဓိကတချက်ကတော့ ကျနော်တို့ဆီမှာ ပစ္စည်းပစ္စယ ဘယ်လိုတွေ ရှိလဲ။ သူတို့ဆီမှာလည်း ပစ္စည်းပစ္စယတွေ ဘယ်လိုထောက်ပံ့နိုင်လဲ ဆိုတာတွေကို ဆွေးနွေးတယ်။ အဲဒါက တခုပေါ့။

လောလောဆယ် ကျနော်တို့ဆီမှာက မလိုသေးတော့ “ကျနော်တို့ကတော့ မလိုသေးဘူး” ဆိုတာကို တင်ပြတယ်။ လိုမှပဲ ညှိနှိုင်းဆောင်ရွက်ကြမယ်ဆိုတာ တခုပါတယ်။ နောက်တခုကတော့ အကယ်၍ ရွှေ့ပြောင်းအလုပ်သမား တွေပေါ့ဗျာ၊ အထူးသဖြင့် ထိုင်းနိုင်ငံကပေါ့၊ သူတို့ ပြန်လာကြမယ်ဆိုရင် ကျနော်တို့ နယ်စပ်ဂိတ်ကို၊ မြဝတီတို့ ဘာတို့လိုက မဝင်ဘဲ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ထိန်းချုပ်နယ်မြေ၊ အဲဒီကဂိတ်တွေကို ဖြတ်ပြီးတော့ လာခဲ့မယ်ဆိုရင် အပြန်အလှန်သတင်းပေးပြီးတော့ ဖလှယ်ကြဖို့၊ လောလောဆယ်တော့ အဲဒီလောက်ပဲ ရှိပါတယ်။ ကျန်တဲ့ စမ်းသပ်ရေးတို့၊ ကုသရေး တို့အပိုင်းတွေမှာက ဒီမှာလည်း မတွေ့သေးတော့ လိုအပ်ရင် လိုအပ်သလိုပဲ ညှိနှိုင်းသွားမယ်ဆိုပြီး ရှိပါတယ်။

ကျနော်တို့ရဲ့ လုံခြုံရေးကိစ္စကတော့ ဆရာတို့ ကြားပြီးသလိုပါပဲ။ ဥပမာ တပ်မဟာ – ၅ မှာ (ဖြစ်ပွားခဲ့တဲ့) ပစ်ခတ်မှု လိုမျိုး ဟာတွေကတော့ လုပ်ပိုင်ခွင့်ထက်ရော၊ လုပ်နိုင်ခွင့်ထက်ရော ကျော်လွန်သွားတယ်။ အခု ကျနော်တို့ဘက်ကတော့ ကျန်းမာရေးကိစ္စကိုပဲ ဦးတည်ပြီး ဆွေးနွေးပါတယ်။ တပ်ပိုင်းဆိုင်ရာ အပိုင်းတွေ ကတော့ သူ့ဘာသာသူ သွားပါလိမ့်မယ်။

မေး။     ကျနော်သတိထားမိသလောက်က မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံထားရတဲ့ လူနာ တွေ့နေရပေမယ့်လည်း ကရင်ပြည် နယ်မှာတော့ ခုချိန်အထိ စာရင်းတယောက်မှ မတွေ့သေးဘူးဗျ။ အဲဒီတော့ ဆရာတို့ ထိန်းချုပ် ထားတဲ့ နယ်မြေမှာရော စောင့်ကြည့်တဲ့ စခန်းတွေ လုပ်ထားတာရှိလား၊ ပြန်ဝင်လာတဲ့ လူတွေကို လက်ခံတာ၊ စောင့်ကြည့်တာ စခန်းမျိုးတွေ ရှိလားဗျ။

ဖြေ။      ဟုတ်ကဲ့၊ ကျနော်တို့ နယ်မြေပေါ့နော်၊ သူတို့ခေါ်တဲ့ Screening Point ပေါ့၊ စိစစ်ဖို့အတွက် နေရာတွေ ချထားတာရှိ တယ်။ ကျနော်တို့နယ်မြေရဲ့ ခရိုင် ခုနစ်ခု။ တောင်ငူကနေစပြီးတော့ တနင်္သာရီတိုင်းအထိ အဲ့ဒီမှာ Screening Point ၄၉ ခုကိုတော့ ကျနော်တို့ ချထားတယ်။ ထပ်ပြီးတော့ အချို့နေရာမှာလည်း တိုးချဲ့ဖို့ဖြစ်တော့ ၆၀ ကျော်လောက် အထိ ဖြစ် သွားမယ်။ အထူးသဖြင့် အဝေးက လာတဲ့လူတွေ၊ ဥပမာ ဘန်ကောက်ကတို့လို့က ပြန်လာတဲ့ လူတွေဖြစ်မယ်။ အခြား ရန်ကုန် တို့လို ဗမာပြည်အထက်ပိုင်းလာတဲ့ လူတွေ ဆိုရင်တော့ အဲ့ဒီနေရာတွေကတော့ ကန့်သတ်မှုတွေ ရှိကောင်းရှိမယ်။

WHO က ပြဌာန်းထားတဲ့ အတိုင်း ရောဂါလက္ခဏာ တခုခုရှိခဲ့မယ်ဆိုရင် သပ်သပ်ထားဖို့အတွက်၊ Quarantine ဖို့အတွက် သပ်သပ်ပြင်ဆင်ထားတာမျိုးတွေလည်း ရှိတယ်။ အခုထက်ထိတော့ ကျနော်တို့နယ်မြေထဲမှာ ရောဂါပိုးကူးစက်ခံရသူ၊ ရောဂါပိုးရှိတဲ့သူ တယောက်မှ မတွေ့သေးဘူးခင်ဗျ။ ဒီနေမကောင်း ထိုင်မကောင်းဖြစ်လို့ ဆေးရုံကိုရောက်သွားတယ်၊ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်ဘက်မှာ ဆေးရုံကို ရောက်သွားတဲ့သူကိုတော့ မြန်မာအစိုးရက သူတို့ ကျေးလတ်ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီးတော့ နမူနာယူတယ်၊ နှာခေါင်းတို့ဖတ် နမူနာယူတာမျိုး ရှိမယ်။

မေး။      အထောက်အပံ့ပစ္စည်းတွေ ဘာမှ ရတာမျိုး ရှိပါသလား။

ဖြေ။       အဲ့ဒါလည်း မရှိသေးဘူး။ ဒါပေမဲ့ ဒီလို၊ အစိုးရဘက်က ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ကို မဖွဲ့ခင်ကတည်းက အောက်ခြေမှာ၊ ကျနော်တို့ KNU နယ်မြေဘက်က  ကျန်းမာရေးဌာနက ကျန်းမာရေးဝန်ထမ်းတွေနဲ့ မြန်မာအစိုးရ ဘက်က ကျန်းမာရေးဝန်ထမ်းတွေ ချိတ်ဆက်ပြီးတော့၊ နဂိုကတည်းက ကျန်းမာရေးလုပ်ငန်းတွေကို ချိတ်ဆက်လုပ်ဆောင် ထားတာ တော့ ရှိတယ်။

မေး။      ကြားထဲမှာ တခုခုဖြစ်တဲ့အခါ အရေးပေါ်ခေါ်ဖို့ Hot line သဘောမျိုး ဆက်သွယ်ရေးရော ရှိလားဗျ။

ဖြေ။      သူတို့တော့ ဖုန်းနံပါတ်တွေ ပေးထားတယ်။ ကျနော်တို့ဆီမှာ E-Mail တွေ၊ Messenger တွေ စသည်အားဖြင့်တော့ ရှိတယ်။ အဲ့ဒီကိစ္စအတွက်ကတော့ နောက်ထပ်တွေ့တဲ့အခါကျရင် သီးသန့်ပေါ့နော်၊ ကျန်းမာရေး လုပ်ငန်းကို ဆောင်ရွက်မယ့်၊ အကောင်အထည်ဖော်မယ့် အဖွဲ့ကို သီးသန့်ထားရှိပါမယ်။ ယေဘုယျအားဖြင့် သီးသန့်ထားရှိမယ်။ အဲ့ဒီအခါ ကျမှပဲ လိုအပ်ရင် လိုအပ်သလိုရှိမယ်။ လောလောဆယ်ကတော့ အရင်ကသွားနေတဲ့ ပုံစံအတိုင်းပဲ။ အကယ်၍ မတော်တဆ သံသယလူနာတွေ တွေ့မယ်ဆိုရင် အရင်က ကျေးလက် ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်တယ်။ နောင် ဘယ်လိုချိတ်ဆက် မလဲဆိုတာကတော့ အဲ့ဒီအကောင်အထည်ဖော်မယ့်အဖွဲ့တွေက ဆက်လက်ဆွေးနွေးပါမယ်။

မေး။       နောက်တခုကတော့ ဒီလို တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု အချင်းချင်းကြားထဲမှာရော  ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းမှုတွေ ရှိသလားဆိုတာပါ။

ဖြေ။      ဟုတ်တယ်။ တပ်ပေါင်းစုကြားထဲမှာလည်း ညှိနှိုင်းတာ ရှိပါတယ်။ ပထမဆုံး ကတော့ EAOs တွေ သူတို့ အချင်းချင်းဆွေးနွေးတယ်။ ဒီလိုအချင်းချင်းဆွေးနွေးပြီးတော့ EAOs တွေနဲ့ အခု နိုင်ငံတော်သမ္မတရုံးက အဖွဲ့ဖွဲ့ပေးလိုက်တဲ့၊ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ထပ်ပြီးတော့ ဆွေးနွေးတယ်။ အခြေခံကတော့ ခုနကလိုပါပဲ။ အဓိကကတော့ ကုသရေး၊ ထိန်းချုပ်ရေး၊ ပြီးတော့ အကူအညီစသည်ဖြင့် အဲဒီအပိုင်းတွေမှာ ဆွေးနွေးတာပဲ ရှိပါတယ်။ တခုရှိတာက ဒါက ပထမအကြိမ် ဖြစ်တယ်။ EAOs နဲ့ အရင်တွေ့တယ်။ EAOs ထဲကမှ ဥပမာ KNU နဲ့ တဖွဲ့ချင်း ထပ်တွေ့တာ တို့၊ အစဉ်မသင့်လို့ NMSP နဲ့ ချက်ချင်း တဖွဲ့ချင်း ဆက်တွေ့တာတို့၊ အခြားအဖွဲ့တွေနဲ့ တဖွဲ့ချင်း ထပ်တွေ့တာတို့ အဲဒါမျိုးတွေတော့ ရှိတယ်။ နောက်လိုအပ်ရင် လိုအပ်သလို တကြိမ်မက ဆက်ပြီး တွေ့ဖို့ဆိုတာကတော့ ရှိကောင်းရှိဦးမယ်။

မေး။      အခုလက်ရှိ အစိုးရနဲ့ ကိုဗစ်-၁၉ ပူးပေါင်းဆောင်ရွက်ရေးကို ပိုကောင်းအောင်လို့ဆိုရင် ဆရာတို့ အကြံပေးချင်တဲ့ အချက်တွေများ ရှိပါသလား။

ဖြေ။     လောလောဆယ် အလုပ်မစရသေးတော့ ကျနော်တို့ ပြောဖို့တော့ ခက်တာပေါ့။ ဒါပေမဲ့လည်း အဓိက ကတော့ ညှိနှိုင်းကြမယ်၊ သတင်းဖလှယ်ကြမယ်ဆိုတဲ့အပေါ်မှာ လုပ်ရင်းနဲ့ပဲ ကျနော်တို့ ဘာတွေ ဆက်ပြီးကောင်းအောင် လုပ်သွားကြမလဲဆိုတာကို လုပ်ရင်းနဲ့၊ တိုင်ပင်ရင်းနဲ့ အဲလိုတော့ သဘောထားရှိတယ်။ ချက်ချင်းတော့ မရှိသေးဘူး။

မေး။       အခက်အခဲတွေရော ရှိသေးလား။

ဖြေ။       လောလောဆယ်ကတော့ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ စကားပြောကြတာတို့၊ ဆွေးနွေးကြတာတို့ကတော့ ခုနကလိုပေါ့လေ။ ကုသရေး၊ ထိန်းချုပ်ရေး အပိုင်းတွေလောက်ပဲ၊ ကျန်းမာရေး ကိစ္စရပ်အပိုင်းတွေလောက်ပဲ ပြောတာဆိုတော့ ကျန်းမာရေးအပိုင်းမှာ အဆင်ပြေပါတယ်။

မေး။     အခြားဖြည့်စွက်ပြောစရာများ ရှိလားဗျ။

ဖြေ။     တခြားပြောစရာက ကိုဗစ်နဲ့ပတ်သက်လို့ကတော့ တနိုင်ငံလုံးမကဘူး၊ တကမ္ဘာလုံးကနေ ဝိုင်းဝန်းပြီး  ညှိနှိုင်းဆောင် ရွက်ပြီးတော့ ကာကွယ်တားဆီးရေးလုပ်ငန်းကို လုပ်ကြရမှာ ဖြစ်တယ်။ ဒီလိုမျိုးလုပ်ရတဲ့ အချိန်မှာကတော့ တားဆီးမှု တွေ၊ ပိတ်ပင်မှုတွေ၊ တပ်မတော်ဘက်က လုပ်တဲ့ ဖြစ်ရပ်ကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဒါဟာ အစိုးရရဲ့ လုပ်ငန်းနဲ့ လည်း တိုက်ရိုက်သက်ဆိုင်တယ်။ ဒါကြောင့်လည်း ကျနော်တို့ ရှေ့ဆက်ပြီးတော့ ဒီလိုမျိုး အနှောက်အယှက်တွေ၊ အဟန့်အတားတွေ မရှိအောင်တော့ ကြိုးစားပြီးတော့ ဖြေရှင်းမယ်။ ခုဟာက မြန်မာအစိုးရဖွဲ့စည်းလိုက်တဲ့၊ သမ္မတရုံးက ဖွဲ့စည်း လိုက်တဲ့ အဖွဲ့ကနေပြီးတော့ အကောင်းဆုံး ကြပ်မတ်၊ ကာကွယ်၊ ထိန်းသိမ်းရေးလုပ်ငန်းတွေကို အကောင်းဆုံးဆောင်ရွက် သွားမယ်လို့ ပြောကြားလိုပါတယ်။

The post ပဒိုစောဆဲပွယ် (KNU) အား မေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) အား မေးမြန်းခြင်း
မေး။ COVID-19 ကူးစက်ကပ်ဘေးကို တုံ့ပြန်ရင်ဆိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီကို မကြာသေးမီက ဖွဲ့ခဲ့ပါတယ်။ အခုလုပ်ငန်းစဉ်ရဲ့ ရေတို-ရေရှည်မျှော်မှန်းချက်၊ တိုးတက်မှု အခြေအနေတွေ သိလိုပါတယ်။

ဖြေ။ ဟုတ်ကဲ့။ ဧပြီ ၂၇ ရက်မှာ နိုင်ငံတော်သမ္မတရုံး၊ အမိန့် ကြော်ငြာစာအမှတ် ၆၃/၂၀၂၀ နဲ့ “COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ” ကို ဖွဲ့စည်းခဲ့ ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေးနဲ့ စပ်လျဉ်းပြီး အလှူရှင်များ၊ စေတနာ့ဝန်ထမ်း များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာ ဒေသ ခွဲခြားခြင်း မရှိဘဲ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒ ( No one left behind Policy) နဲ့ ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာ နေရာတွေကို ကြည့်ရင် နယ်စပ်ဒေသတွေမှာ အများစုဖြစ်နေတာ တွေ့ရပါမယ်။ အချို့ဒေသတွေဆိုရင် အစိုးရ အုပ်ချုပ်မှု မရောက်တဲ့ ဒေသတွေလိုလည်း ဖြစ်နေပါတယ်။ တကယ်လို့များ အဲဒီဒေသတွေမှာ COVID-19 ရောဂါကူးစက်ခံရခြင်း၊ အဲဒီ ဒေသတွေမှတဆင့် ဖြတ်သန်းလာသူတွေမှာ ရောဂါကူးစက်ခံရခြင်းတို့ ဖြစ်ပွားခဲ့ရင် တနိုင်ငံလုံးအတွက် အလွန် စိုးရိမ်စရာ ကောင်းမယ့် အခြေအနေဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးကိစ္စတွေကို ဆောင်ရွက်ဖို့ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှသာ ထိထိရောက်ရောက် ဆောင်ရွက်နိုင် မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကော်မတီကို Task Force သဘောမျိုးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီလို ဖွဲ့ပြီးတဲ့အခါမှာ ကျနော်တို့ကော်မတီကို လုပ်ငန်းတာဝန် ခုနစ်ရပ် ချမှတ်ပေးခဲ့ပါတယ်။

COVID-19 ရဲ့ သဘောသဘာဝအရ ကမ္ဘာကလည်း ခန့်မှန်းထားတာက အနည်းဆုံး  နှစ်နှစ်လောက် ကြာနိုင်တယ်လို့ သိရပါ တယ်။ ဒီတော့ ချပေးထားတဲ့ လုပ်ငန်းတာဝန်တွေ အနေနဲ့က ရေရှည်ဆောင်ရွက်ရမယ့် သဘောရှိပါတယ်။ သို့သော်လည်း အပိုဒ် ၂ မှာလို နယ်စပ်ဝင်ပေါက်က ဝင်ရောက်လာသူတွေ ကိစ္စကတော့ အချိန်အတိုင်းအတာ တခုမှာ ရပ်သွားနိုင်ပါတယ်။ အသွားအလာတွေ တဖြည်းဖြည်း နည်းရာကနေ တရားဝင် ပြန်မဖွင့်မချင်း ပိတ်ထားမှာ ဖြစ်နေတော့ ရေတိုလုပ်ငန်းလို့လည်း ပြောလို့ ရပါတယ်။ ဒါပေမဲ့ သွားလာမှု ပြန်ဖွင့်တဲ့ အချိန်မှာလည်း ပေါ့လျော့မှုမျိုး မရှိဘဲ သတိထားပြီး ဆက်လုပ်ရမှာလည်း ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့ကော်မတီရဲ့ လုပ်ငန်းတာဝန်များအရဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့က သုံးချက်၊ ညှိနှိုင်းဆောင်ရွက်ဖို့က သုံးချက်၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့က  တချက် ဖြစ်ပါတယ်။

စတင် ဖွဲ့စည်းပြီးတဲ့နောက် ကျနော်တို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဆက်သွယ်မှုယူပြီး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ စလုပ်ပါတယ်။ မေ ၅ ရက်က ရန်ကုန်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်နဲ့ အလွတ်သဘော တွေ့ဆုံညှိနှိုင်းမှု လုပ်ပါတယ်။ မေ ၈ ရက်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့က တာဝန်ပေးအပ်တဲ့ PPWT အဖွဲ့နဲ့ Online / Video Conferencing ကတဆင့် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာ ညှိနှိုင်းကြပါတယ်။ အကြမ်းဖျဉ်း သဘောတူညီ မှု ခုနစ်ချက် ရခဲ့ပါတယ်။ နောက် မေ ၁၁ ရက်မှာ KNU ၊ မေ ၁၂ ရက်မှာ NMSP အဖွဲတွေနဲ့ တဖွဲ့ချင်းစီ Online က တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး မေ ၁၄ ရက်မှာ PNLO၊ မေ ၁၅ ရက်မှာ CNF တို့နဲ့လည်း Online Video Conferencing ဆွေးနွေးပွဲတွေ ဆက်လုပ်ပါမယ်။

ကျနော်တို့ ဆက်သွယ်မှုတွေအရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ကျနော်တို့ ညှိနှိုင်းပူးပေါင်း ကော်မတီဖွဲ့ စည်းမှုအတွက် ကြိုဆိုဝမ်းသာကြောင်း၊ ၎င်းတို့ရဲ့ အခြေပြုရာ ဒေသတွေမှာ COVID-19 ကာကွယ်တားဆီး ထိန်းချုပ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရန်အတွက် COVID-19 ကာကွယ်တားဆီးနှိမ်နင်းရေး ကော်မတီတွေ ဖွဲ့ထားကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ အကြောင်း ပြန်ကြားမှုတွေလည်း ရပါတယ်။ အကြောင်းပြန်တဲ့ အဖွဲ့တွေအနက် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးတဲ့ အထူးဒေသ (၂) ဝ၊ အထူးဒေသ(၃) SSPP/SSA၊ အထူးဒေသ(၄) မိုင်းလား၊ KIO၊ KNPP တို့ ပါဝင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့လည်း သူတို့အစီအစဉ်တွေနဲ့ COVID-19 ကာကွယ်တားဆီး ထိန်းချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။ ဥပမာ NDAA မိုင်းလားက ဇန်နဝါရီ ၂၇ ရက်၊ RCSS က မတ် ၁၅ ရက်၊ SSPP/SSA က မတ် ၁၅ ရက်၊ KNPP က မတ် ၁၇ ရက်၊ KNU က မတ် ၂၅ ရက်၊ NMSP မတ် ၂၅ ရက်၊ PNLO ဧပြီ ၆ ရက်တွေက စပြီး အပူချိန်တိုင်းခြင်း၊ ကာကွယ်ဆေးဖြန်းခြင်း၊ လက်ဆေးခြင်း အပါအဝင် တကိုယ်ရေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များကို ကြပ်မတ်ခြင်း၊ တိုင်းရင်းသား ဘာသာစကားဖြင့် အသိပေးနှိုးဆော်ခြင်း၊ ကြော်ငြာများ ဖြန့်ဝေခြင်းစတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြောင်း သိရပါတယ်။ မိုင်းလားမှာဆိုရင် တရုတ်နိုင်ငံက ပြန်လည်ဝင်ရောက်လာသူ ၃,၀၀‌၀ ကျော်ခန့်ကို Quarantine ၂၁ ရက်ထားကာ စောင့်ရှောက်ပေးတာမျိုးလည်း တွေ့ရပါတယ်။ ကျနော်တို့ကို အသိပေးလာလို့ NRPC ကို တင်ပြပြီး ဆန်အိတ် ၁,၀၀၀ နဲ့ စားဆီ နှစ်ပေပါကို ထောက်ပံ့ပေး ခဲ့ပါတယ်။ တချို့ အဖွဲ့အစည်းတွေလည်း သူတို့ အစီအစဉ်နဲ့ လုပ်နေတာတွေ အများကြီး ရှိနိုင်ပါတယ်။ ဒီလိုမျိုး အသိစိတ်ဓာတ်ရှိရှိနဲ့ COVID-19 ကာကွယ် တားဆီးရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လာတာဟာ အလွန်ကောင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ကျနော်တို့အသိအမှတ် ပြုရပါမယ်၊ အကူအညီ ပေးရပါမယ်၊ ပူးပေါင်းဆောင်ရွက် ရပါမယ်။ အခုဆိုရင် ကျနော်တို့ ညှိနှိုင်းပူးပေါင်းကော်မတီကို ဖွဲ့စည်းပေးလိုက်တော့ အပေါ်မှာ ပြောပြခဲ့တဲ့အတိုင်း ကျနော်တို့ ပူးပေါင်းဆောင် ရွက်နိုင်အောင် စတင်လုပ်ဆောင်နေပါပြီ။ သူတို့အနေနဲ့ နည်းပညာပိုင်းအရ လည်းကောင်း၊ ရုပ်ဝတ္တုပိုင်းအရ လည်းကောင်း မပြည့်စုံမှုတွေ ရှိနိုင်ပါတယ်။ ကျနော်တို့ ဖြည့်ဆည်း၊ ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နယ်မြေတွေမှာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ ကျန်းမာရေးဌာန၊ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လာနိုင်ရင် ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးဟာ ပိုမိုစနစ်ကျလာပြီး ထိရောက်လာမှာ ဖြစ်ပါတယ်။ ယခုအထိတော့ တိုင်းရင်းသား လက်နက်ကိုင်များ အခြေပြုရာ ဒေသအတွင်းမှာ ရောဂါပိုး တွေ့ရှိသူများ မတွေ့ရသေးပါဘူး။ သို့သော်လည်း အချိန်မရွေး တွေ့လာနိုင်တဲ့အတွက် ကာကွယ် တားဆီးထိန်းချုပ် ရေးအပြင် ကုသရေး၊ ထိတွေ့လူနာများ ရှာဖွေရေး၊ လိုအပ်လို့ Quarantine စခန်းတွေ ဖွင့်ရမယ်ဆိုရင်လည်း ကူညီပေးရေး တို့ကို ထဲထဲဝင်ဝင် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

COVID-19 ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ကုသရေးဟာ တကယ်တော့ အမျိုးသားရေး တာဝန်တရပ် ဖြစ်လာပါပြီ။ အချိန်ယူပြီး လုပ်ရမယ့် လုပ်ငန်းတရပ်လည်း ဖြစ်ပါတယ်။ ဒီလိုတမျိုးသားလုံးနဲ့ ဆိုင်တဲ့လုပ်ငန်းတွေကို ကျနော်တို့ အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရင် ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို ထိရောက် စွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံတဝန်းလုံးမှာ ရောဂါခံစားရသူ အနည်းဆုံးဖြစ်လာမှာ ဖြစ်ပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး ပူးပေါင်း လုပ်ဆောင်ခြင်းနဲ့ တပြိုင်နက် COVID-19 ကာလအတွင်းနဲ့ COVID အလွန်ကာလ အတွင်းမှာ ကြုံတွေ့လာနိုင်တဲ့ ဒေသခံ ပြည်သူလူထုရဲ့ လူမှုစီးပွား ဘဝအခက်အခဲတွေကိုလည်း ဝိုင်းဝန်းဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။ COVID ကာလအတွင်း အသွားအလာ ကန့်သတ်မှု၊ လူစုလူဝေးကန့်သတ်မှု စတဲ့ ကန့်သတ်ချက်များစွာကြောင့် အလုပ်များ ရပ်နားထားရခြင်း၊ အချို့ လုပ်ငန်းခွင်များ ပိတ်သိမ်းသွားခြင်းတို့ကြောင့် အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်လာရနိုင်ပါတယ်။ ထို့အပြင် တဖက် နိုင်ငံများမှ ပြန်လည်ဝင်ရောက် လာသူများ အနေနဲ့လည်း အလုပ်လက်မဲ့ ဖြစ်လာနိုင်သလို ယခင်က သူတို့ဝင်ငွေပေးပို့မှုအရ ရပ်တည်နေရတဲ့ သူတို့ မိသားစုများဟာလည်း ဝင်ငွေမရတော့တဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကိုလည်း ကျနော်တို့ ပူးပေါင်း ညှိနှိုင်းပြီး ဖြေရှင်းရပါဦးမယ်။ ကျန်းမာရေး ပြဿနာတွေ၊ လူမှုစီးပွား အခက် အခဲတွေကို အတူတူ ညှိနှိုင်းပူးပေါင်း ဖြေရှင်းရေးမှတဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အတူတူ ညှိနှိုင်းပူးပေါင်း ဖြေရှင်းနိုင်မယ်လို့ မျှော်မှန်းပါတယ်။

မေး။ တပ်မတော်က COVID-19 ကူးစက်ရောဂါ ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အပစ်အခတ် ရပ်စဲရေးကာလ သုံးလကို ကြေညာခဲ့ပါတယ်။ ဒါဟာ COVID-19 တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်ရင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ယုံကြည်မှု တည်ဆောက်ရေးကို တိုးတက်စေမှာလား၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိမှာပါလဲ။

ဖြေ။ ကျနော်တို့နိုင်ငံမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA ) ကို ညှိနှိုင်းရေးဆွဲထားပြီး သ ဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့ ရှိပါတယ်။  လက်မှတ်ရေးထိုးထား ခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့ ကျန်ရှိနေပါတယ်။ NCA ကို လက်မှတ်ရေးထိုး ထားခြင်း မရှိ သော်လည်း နှစ်ဦးနှစ်ဘက် (Bilateral) အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း လေးဖွဲ့ ရှိပါတယ်။ အထူးဒေသ (၁) ဝ၊ အထူးဒေသ (၃) SSPP/SSA၊ အထူးဒေသ (၄) မိုင်းလားနဲ့ KNPP အဖွဲ့တို့ ဖြစ်ပါတယ်။ Bilateral လက် မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ အဖွဲ့ကတော့ KIO၊ TNLA၊ MNDAA နဲ့ AA တို့ ဖြစ်ပါတယ်။ နောက်ဆုံး AA ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားတာ ရှိပါတယ်။ ဒီလိုရှိနေတဲ့ နေရာမှာ တခါတရံ အောက်ခြေမှာ နားလည်မှုလွဲမှားပြီး NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းအချို့က တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားတာ ရှိပါတယ်။ တခါတရံမှာလည်း Bilateral လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းက တပ်ဖွဲ့တွေနဲ့လည်း ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ပစ်ခတ်မှု အသေး စားလေးများမှတဆင့် ပဋိပက္ခအသွင်ဆောင်တဲ့ တိုက်ပွဲတွေ မဖြစ်ရအောင် ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ AA လို ဘာမှ လက်မှတ်ရေး ထိုးထားတာမရှိတဲ့အပြင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့အဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတာတွေ ရှိပါ တယ်။

မေ ၉ ရက်မှာ တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို သြဂုတ် ၃၁ ရက်အထိ ကြေညာခဲ့ပါတယ်။ ဒီကြေညာ ချက်မှာတော့ အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာမှအပလို့ ဆိုထားတာကြောင့် AA မပါ ကျန်အဖွဲ့ အစည်း အားလုံးနဲ့ အကျုံးဝင်ကြောင်း တွေ့ရပါတယ်။ တပ်မတော်က ကြေညာတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းဟာ တနည်းအားဖြင့် တဖက် သတ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲခြင်း (သို့မဟုတ်) ကနဦး လက်ဦးမှု ရယူပစ်ခတ်တိုက်ခိုက်မှုမပြုခြင်း (No first Strike declaration) လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ဒီလိုအပစ်အခတ်ရပ်စဲခြင်းဟာ COVID တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး လုပ် ဆောင်ရင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်ရေးကို တိုးတက်စေမှာလား ဆိုတာကို ဖြေရရင် နှစ် ဖက်စလုံးက အမှန်တကယ်သာ လိုက်နာ လုပ်ဆောင်နိုင်ရင် ယုံကြည်မှုတည်ဆောက်ရေး တိုးတက်မှုအတွက်သာမက ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် ရှေ့ရောက်လာဖို့ အတွက် များစွာအကျိုးပြုနိုင်မယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ယုံကြည်မှု တည် ဆောက်ရေးအတွက် ပြောရရင် တပ်မတော်ရဲ့ ကြေညာချက်ထဲမှာကိုက ဘာတွေပါသလဲဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်အနက် လေးရပ်ကို ဖေါ်ပြထားတာ တွေ့ရပါတယ်။ ဒီအချက်တွေဟာ ယုံကြည်မှု ကို ထိခိုက်စေတဲ့ အချက်တွေ ဖြစ်နေလို့ ဖြစ်ပါတယ်။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘော တူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန် ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်တို့ ဖြစ်ပါတယ်။ ဒီလို COVID ကာကွယ်တားဆီးထိန်းချုပ်ရေး ကာလ အတွင်းမှာ အထက်ပါ အချက်များကို မလုပ်ဆောင်ရင် (တစ်) အချက်က ယုံကြည်မှုကို မထိခိုက်နိုင်ဘူးလို့ ယူဆရပါတယ်၊ (နှစ်) အချက် ယုံကြည်မှု တည်ဆောက်ရေးကို တိုးတက်စေဖို့ အတွက်ကတော့ COVID ကာကွယ်တားဆီးရေး လုပ်ငန်းတွေ ကစပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ခြင်းက စရပါမယ်။ တနေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကျိုင်းတုံ ခရီးစဉ်မှာ NCA လက်မှတ် ရေးထိုးထားခြင်း မရှိတဲ့ အထူးဒေသ (၂) ဝအဖွဲ့နဲ့ အထူးဒေသ (၄) မိုင်းလားက ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းမှာ တွေ့ရပါတယ်။ အထူး (၄) မိုင်းလားက ဥက္ကဋ္ဌ ဦးစိုင်းလင်းနဲ့ အဖွဲ့ဝင်များ၊ အထူး (၂) ဝ တောင်ပိုင်းက ဦးညီကပ်နဲ့ အဖွဲ့ဝင်များနဲ့ တွေ့ဆုံပြီး COVID ကာကွယ်ရေး၊ ဒေသခံများ၏ လူမှုစီးပွားဘဝ တိုးတက်ရေ စတဲ့ အကြောင်းအရာတွေ ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မိုင်းလားမှာ ဆရာဝန် အခက်အခဲရှိကြောင်း တင်ပြချက်အရ တပ်မတော် ဆေးအဖွဲ့စေလွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ မေ ၁၂ ရက် ညနေပိုင်းမှာ ဆရာဝန်  နှစ်ဦးပါတဲ့ တပ်မတော်ဆေး အကာကွယ်အဖွဲ့ ၁၂ ဦးကို ကျိုင်းတုံမှတဆင့် စေလွှတ်ပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက် ယုံကြည်မှုကို တည်ဆောက်နိုင်မယ့် ဖြစ်စဉ်မျိုး ဖြစ်တယ်လို့ ယူဆပါတယ်။

နောက်တခုကတော့ COVID ကာကွယ်တားဆီးရေးလုပ်ငန်းဆောင်ရွက်ရင်းနဲ့ နားလည်မှုလွဲတဲ့ ကိစ္စမျိုးမဖြစ်အောင် လုပ် ဆောင်ရေးဖြစ်ပါတယ်။ RCSS နဲ့ KNU နယ်မြေအတွင်းမှာ COVID ကာကွယ် တားဆီးရေးအတွက် အပူချိန် တိုင်းခြင်း၊ ဖြတ် သန်းသွားလာသူများ မှတ်ပုံတင်ခြင်း စတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဂိတ်များ (Screening Point) ဖွင့်လှစ်ခဲ့ရာတွင်   နား လည်မှုလွဲတဲ့ ဖြစ်စဉ် တခု၊ နှစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလို အလားတူမဖြစ်ရအောင် ကျနော်တို့ကော်မတီအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ်။ နှစ်ဖက်တပ်များရဲ့ စပ်ကြားနယ်မြေတွေမှာ ဆောင် ရွက်လိုရင် ဘယ်နေရာတွေမှာ လုပ်ချင်သလဲဆိုတာ ကြိုတင်ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့တွေဟာ စစ်ယူနီဖေါင်း ဝတ်ဆင်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ လိုအပ်ပါတယ်။ ဒါတွေ ကြိုတင်ညှိနှိုင်းမယ်ဆိုရင် နားလည်မှုလွဲခြင်းကဲ့သို့ မလိုလားအပ်တဲ့ ပြဿနာတွေကို တားဆီးနိုင်ပြီး ယုံကြည်မှုကို ထိခိုက်မယ့်ဖြစ်စဉ်များ ပပျောက်သွားစေမှာ ဖြစ်ပါတယ်။

ကျနော်တို့ အနေနဲ့ကတော့ COVID အကျပ်အတည်းကို ငြိမ်းချမ်းရေး အတွက် အခွင့်အလမ်းတခု၊ အတူတူ ပူးပေါင်းလုပ် ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်ရေးကို တိုးတက်စေရေးအဖြစ် ဖန်တီးလိုပါတယ်။ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကတော့ လိုအပ်ချက်တွေအပေါ်မှာ မူတည်ပါမယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာမျိုး၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အားပေး ကူညီတာမျိုး၊ အခက်အခဲတွေကို အတူတူ ဖြေရှင်းပေး တာမျိုးတွေ ဖြစ်နိုင်မယ် ထင်ပါတယ်။

မေး။ အခု COVID-19 ကိစ္စပူးပေါင်းဆောင်ရွက်မှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတခုလုံးအတွက် အဖုအထစ်တွေ ပြေစေမယ့် နောက်ထပ်အခွင့်အလမ်းတခုဖြစ်စေမှာလား။

ဖြေ။ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။ ဖြစ်အောင်လည်း လုပ်ချင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတဲ့အတွက် ဒါလေးကို နည်းနည်း ရှင်းပြချင်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘာလိုလိုနဲ့ ရပ်တန့်နေတာ နှစ်နှစ်လောက် ကြာခဲ့တာ အားလုံး အသိဖြစ်ပါတယ်။ ကျနော်တို့တတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စုပေါင်းပြီးတော့ ဖြစ်ဖြစ်၊ တဖွဲ့ချင်းနဲ့ပဲ ဖြစ်ဖြစ် အလွတ်သဘောတွေ အများကြီး တွေ့ဆုံပြီး ညှိနှိုင်းခဲ့ရပါတယ်။ နောက်ဆုံး ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီ ၈ ရက်မှာ JICM အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရဘက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒုတိယတပ် မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်က RCSS ဥက္ကဋ္ဌတို့ ဦးဆောင်ခဲ့ပါတယ်။ ဒီအစည်းအဝေးကတော့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည် အသက်သွင်းတဲ့ အစည်း အဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ နှစ်ဘက်သဘောတူညီချက်တွေ ရရှိခဲ့ကြပါတယ်။ ၂၁-ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို ၂၀၂၀ ခုနှစ် ပထမ လေးလကာအတွင်း ကျင်းပရေး အပါအဝင် အရေးကြီးတဲ့ သဘောတူညီချက်တွေ ဖြစ်ပါ တယ်။ (COVID-19 ဖြစ်ပွားခဲ့တဲ့အတွက် ညီလာခံ ကျင်းပရေးက အခြေအနေကြောင့် ရွေ့ဆိုင်းခဲ့ရပါတယ်)

ဒီအစည်းအဝေးမှာ အရေးကြီးတဲ့ သဘောတူညီချက်တခုကတော့ ညီလာခံမှာချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း – ၃ အတွက် ဒီဇိုင်းကို သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ၊ စတုတ္ထ အစည်းအဝေးတွင် လက်မှတ်ရေးထိုး ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း – ၃ မှာ အပိုင်း သုံးပိုင်း ပါဝင်မှာဖြစ်ပြီး အပိုင်း – ၁။ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက်၊ အပိုင်း – ၂။ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အပိုင်း – ၃။ အခြေခံမူ သဘော တူညီချက်များ ဖြစ်ပါတယ်။ ဒါတွေကို ဆွေးနွေးဖို့ နှစ်ဖက်အလုပ်အဖွဲ့တွေ ဖွဲ့စည်းဆွေးနွေးရန်လည်း သဘောတူခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ နှစ်ဖက်အလုပ်အဖွဲ့ဟာ ဖေဖေါ်ဝါရီလ ပထမပတ်မှာ တကြိမ်၊ ဒုတိယပတ်မှာ တကြိမ်၊ တတိယပတ်မှာ တကြိမ် ညှိနှိုင်းအစည်းအဝေး သုံးကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် နဲ့ ၂၀၂၀ ပြည့်နှစ် အလွန်မှာ ဆောင်ရွက်မယ့် အဆင့်လိုက် လုပ်ငန်းစဉ်တွေကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေ ကြားမှာ ကြိုတင်ညှိနှိုင်းတာ ဖြစ်ပါတယ်။ ညှိနှိုင်းချက် မူကြမ်းရရင် နောက်ပိုင်း UPDJC မှာ၊ လုပ်ငန်း ကော်မတီ တွေမှာ နိုင်ငံရေးပါတီတွေ အပါဝင် ထပ်မံညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဒါက အခုရောက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေ အနေ ဖြစ်ပါတယ်။ ဒီလို ညှိနှိုင်းဆဲ ကာလမှာပဲ COVID ဆိုတာကြီး ပေါ်လာတော့ အဆက်အသွယ်တွေ ပြတ်တောက်ပြီး ကျနော်တို့ ဆွေးနွေးမှု တွေဟာလည်း ခဏရပ်တန့်သွားခဲ့တာပါ။

အလားတူ မြောက်ပိုင်းအဖွဲ့များနဲ့လည်း နှစ်ဦးနှစ်ဖက် (Bilateral) အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေအပြင် တရားဝင်ဆွေးနွေးမှုကို မူဆယ်မှာ တကြိမ်၊ ကျိုင်းတုံမှာ နှစ်ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ အလွတ်သဘောတကြိမ်သာ ထပ်မံဆောင်ရွက်နိုင်ပြီး COVID-19 ပေါ်လာတဲ့ အတွက် တွေ့ဆုံဆွေးနွေးမှု ပြတ်တောက်သွားခဲ့ပါတယ်။ အခု COVID ဖြစ်စဉ်မှာ အချင်းချင်း မဖြစ်မနေပြန်လည် တွေ့ဆုံ ညှိနှိုင်းဖို့ အကြောင်း ပြန်ပေါ်လာတာမို့ အခုဆိုရင် NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ Online ပေါ်မှာ အချင်းချင်းတွေ့ဆုံညှိနှိုင်းမှုတွေ ပြန်လည်စတင်နေပါပြီ။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း များနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့ အခါမှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းများနဲ့ Online မှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် ရှိပါတယ်။ စောစောက ကျနော်ပြောသလိုပါပဲ။ COVID-19 ဖြစ်စဉ်ကို ခြိမ်းခြောက်မှု (Threat) အစား အခွင့်အလမ်း (Opportunity) အဖြစ် ပြောင်းလဲလိုပါတယ်။  ဒီနေရာမှာတော့ ညှိနှိုင်းမှုတွေ၊ နားလည်မှုတွေ၊ သဘောထားကြီးမှုတွေ အများကြီး လိုအပ်ပါတယ်။ တချို့ မီဒီယာတွေမှာရေးနေတာက အစိုးရ၊ တပ်မတော်ဘက်ကပဲ မလိုက်လျော သလိုလို၊ သဘောထား မကြီးသလိုလို တဖက်သတ်ရေးနေတာမျိုး တွေ့ရပါတယ်၊ တကယ်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများဘက်ကလည်း အစိုးရနဲ့ တပ်မတော်အပေါ်မှာ နားလည်ပေးမှုတွေ လိုအပ်ပါတယ်။ ဘာကြောင့် ဒါတွေပြောနေ ရတယ်ဆိုတာကို လက်ခံပေးမှုတွေ လိုအပ်ပါတယ်။ တဖက်ထဲအနေနဲ့ မကြည့်ဘဲ နှစ်ဖက်အမြင်ကို မြင်ကွင်းကျယ် ကြည့်ရန် လိုပါတယ်။ ဒါမှသာလျှင် COVID ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ကျနော်တို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တခု လုံးအတွက် အဖုအထစ်တွေကို ပြေစေမယ့် အခွင့်အလမ်း ဖြစ်လာမှာ ဖြစ်ပါတယ်။ မိမိတို့ဖြစ်ချင်တာထက် လက်တွေ့ဖြစ် သင့်တာကိုလည်း စဉ်းစားလက်ခံဖို့ လိုအပ်ပါတယ်။

နောက်တချက် အနေနဲ့က NCA စာချုပ် အခန်း (၆)၊ ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ ပုဒ်မ ၂၅ (က) မှာ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပ အကောင်အထည် ဖေါ်နေသည့် ကာလအတွင်း ၎င်းနယ်မြေများတွင် နှစ်ဖက် ညှိနှိုင်းပြီး အောက်ပါ ကိစ္စရပ်များကို ဆောင်ရွက်ရတ်သဘောတူသည်။ (၁) ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ” လို့ ပါရှိပါတယ်။

ဒီအချက်ဟာဆိုရင် COVID-19 ရောဂါ ကာကွယ်တားဆီး ထိန်းချုပ် ကုသရေးအပြင် COVID ဖြစ်ဆဲနဲ့ COVID အလွန် ကာလ ပြည်သူလူထုရဲ့ ပညာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက် အချိုးကျနေတာ တွေ့ရပါတယ်။ ဒါ ကြောင့် ဒါတွေကို ကျနော်တို့တတွေ ညှိနှိုင်းပူးပေါင်း အကောင်အထည်ဖေါ်ကြရင် NCA စာချုပ်ပါ အချက်တွေကိုလည်း တပြိုင်တည်း အကောင်အထည် ဖေါ်နိုင်တာဖြစ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံးရဲ့ အဖုအထစ်တွေကို ပြေစေမယ့် အခွင့်အလမ်း ဖြစ်စေမှာ ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်အနေနဲ့ COVID -19 ကာကွယ်တားဆီး ထိန်းချုပ် ကုသရေးကို အမျိုးသားရေး တာဝန်အဖြစ် သဘောထားပြီး ဆောင်ရွက်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေ နဲ့လည်း တတပ်တအား ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပါဝင်ဆောင်ရွက်ရင်း ကျနော်တို့ အချင်းချင်းကြားမှာ ယုံကြည်မှု၊ နားလည်မှုတွေ ပိုမိုကောင်းမွန်လာကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး အတွက်လည်း အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ် စဉ်များကို သယ်ယူသွားချင်ပါတယ်။ ဒီလိုဖြစ်လာအောင်လည်း ကြိုးစားသွားကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

The post ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) အား မေးမြန်းခြင်း appeared first on ISP Myanmar Peace Desk.

ကိုဗစ်ကပ်ဘေးအတွင်းမှ စစ်ဘေးရှောင်ပြည်သူတို့၏ ဆတိုးဒုက္ခများ
နိဒါန်း

ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခက်မှုအထွေထွေကို ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း မလွှဲမရှောင်သာ ရင်ဆိုင်ကျော်ဖြတ်နေရချိန်ဖြစ်သည်။ လက်ရှိအချိန်အထိ မဖြေရှင်းနိုင်သေးသည့် ပြည်တွင်းစစ်ပြဿနာကို ကာလရှည်ခံစားနေရသော မြန်မာနိုင်ငံ၏ ကဏ္ဍပေါင်းစုံတွင် အားနည်းမှုများစွာ ရှိနေသေးသည်။ အထူးသဖြင့် နှစ်စဉ်အစိုးရအသုံးစရိတ်သုံးစွဲမှု နည်းပါးခဲ့သည့် ကျန်းမာရေးစနစ်တွင် လူ့စွမ်းအားအရင်းအမြစ်နှင့် အခြေခံအဆောက်အအုံ မပြည့်စုံမှုများဖြင့် အားနည်းချည့်နဲ့နေသည်ကို တွေ့မြင်ရသည်။

ကျန်းမာရေးစနစ် ရေခံမြေခံကောင်းမွန်သော ဖွံ့ဖြိုးပြီးနိုင်ငံများပင်လျှင် ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှုကို အပြင်းအထန်ခံစားနေရချိန်တွင် ယိုယွင်းနေသည့် ကျန်းမာရေးစနစ်ဖြင့် လူမှုဘဝယိုင်နဲ့နေသည့် မြန်မာနိုင်ငံအ​နေဖြင့် ယခုအခြေအနေကို ကျော်ဖြတ်နေရသည့် စိန်ခေါ်မှုမှာ အင်မတန်ကြီးမားပါသည်။

အခြားတဖက်တွင်လည်း ပြည်တွင်းစစ်မီး၏အရှိန်မှာ ယခုကာလမျိုးတွင်ပင် ဆက်လက်အားကောင်းနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏  ယခုကဲ့သို့သော အခင်းအကျင်းက လက်ရှိရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ၏ အကျိုးသက်ရောက်နိုင်မှုပမာဏကို လွန်စွာမြင့်တက်စေနိုင်သည့် အန္တရာယ်ဆီကို တွန်းပို့နေပါသည်။ သို့ဖြစ်ရာ ယခုဆောင်းပါးတွင် လက်ရှိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့၌ ပြည်တွင်းစစ်ပဋိပက္ခ ဆက်လက်အားကောင်းလာခြင်းနှင့်အတူ ဒေသခံစစ်ဘေးရှောင်များ၏ ကူးစက်ရောဂါကာကွယ်ရေး၊ ကျန်းမာရေး အခြေအနေများကို အခြေပြု၍ အထက်ပါ ယူဆချက်ကို ဆွေးနွေးဖော်ပြသွားမည် ဖြစ်ပါသည်။

ချည့်နဲ့ကျန်းမာရေးစနစ်၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ပဋိပက္ခများ၏ အကျိုးဆက် ယူဆချက်များ

မြန်မာနိုင်ငံသည် ကဏ္ဍအစုံလွှမ်းခြုံကြည့်လျှင် ချည့်နဲ့နိုင်ငံ (Weak State) ဖြစ်ကြောင်း ပညာရှင်များက ဆွေးနွေးကြသည်။  ထိုကဲ့သို့သော နိုင်ငံမျိုးတွင် ဒီမိုကရေစီမကျ၊ အာဏာရှင်မကျ နိုင်ငံရေးစနစ်မျိုးရှိခြင်း၊ နိုင်ငံ၏ လူနေမှုအဆင့်အ တန်း နိမ့်ကျခြင်း၊ လူမျိုးရေးပဋိပက္ခကဲ့သို့သော ဂိုဏ်းဂဏကွဲခြင်း စသော လက္ခဏာများရှိလျှင် မတည်ငြိမ်မှုများဖြစ်နိုင်သည်ဟု သုတေသနပညာရှင်များက ဆွေးနွေးကြသည်။ မြန်မာနိုင်ငံသည် အဆိုပါ လက္ခဏာများ အားလုံးနှင့် နီးစပ်လျက်ရှိသည်။ အဆိုပါ Weak State မှ တိုင်းပြည် ပြိုလဲနိုင်လောက်သည့် အခြေအနေအထိ (Failed State) ဖြစ်စေနိုင်သော လက္ခဏာတရပ်မှာ ရောဂါကပ်ဘေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာခြင်း ဖြစ်ပါသည်။၁ ယခုအခြေအနေတွင် မူဝါဒချမှတ်သူများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါသည်။ တဖက်တွင်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့၌ စစ်ရိပ်၊ စစ်ငွေ့ ဆက်လက်လောင်ကျွမ်းနိုင်သည့် အခြေအနေများက လွန်စွာ သတိပြုသင့်သော အရေးကြီးအချက် ဖြစ်လာပါသည်။

ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေသော နိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ကာကွယ်တုံ့ပြန်ရေးအတွက် ကူညီထောက်ပံ့မှုများ မလုံလောက်ခဲ့လျှင် ထိုအခြေအနေသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအတွက် ရေရှည်ပြဿနာအဖြစ် ပြောင်းလဲသွားနိုင်သည်။ အထူးသဖြင့် ဆက်လက်ဖြစ်ပွားနေဆဲ ပဋိပက္ခနှင့် ချို့ယွင်းချက်များသော ကျန်းမာရေးစနစ်တို့ ဆုံချက်ကျသောအခြေအနေမျိုးတွင် ဖြစ်သည်။ ထိုကဲ့သို့သော နိုင်ငံမျိုးရှိ လူ့အဖွဲ့အစည်းအတွင်းတွင် ယခုကဲ့သို့ အရေးပေါ်အခြေအနေ နှစ်ရပ်ကြောင့် အဓိက ထိခိုက်နစ်နာနိုင်သည့် အစုအဖွဲ့များမှာ ဒုက္ခသည်များ၊ စစ်ဘေးရှောင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်လာနိုင်သည်။၂ မြန်မာနိုင်ငံ၏ ပဋိပက္ခစစ်မီး ဆက်လက်လောင်ကျွမ်းရာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့သည် ယခုကဲ့သို့သော အခြေအနေနှင့် ထင်ဟပ်လျက်ရှိကြောင်း တွေ့မြင်နိုင်ပါသည်။

ထို့အပြင် စခန်းကျဉ်းထဲတွင် လူထူထပ်စွာနေထိုင်ရသော အခြေအနေက ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များအတွက် စိုးရိမ်စရာ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့(IRC)က ထိုကဲ့သို့ လူနေသိပ်သည်းခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုမိုများပြားနိုင်ခြင်း အခြေအနေကို Diamond Princess ဇိမ်ခံသင်္ဘောရှိ လူနေထူထပ်မှုနှင့် နှိုင်းယှဉ်ဆွေးနွေးပြထားသည်။ Diamond Princess  ဇိမ်ခံသင်္ဘောတွင် ၁ စတုရန်းကီလိုမီတာတွင် လူဦးရေ ၂၄,၄၀၀ ရှိပြီး ကောက်စ်ဘဇာဒေသရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် ၁ စတုရန်းကီလိုမီတာတွင် လူဦးရေ ၄၀,၀၀၀ နေထိုင်နေကြရသည်။ အလားတူပင် ဂရိနိုင်ငံရှိ မိုရီယာ ဒုက္ခသည်စခန်းတွင်လည်း ၁ စတုရန်း ကီလိုမီတာတွင် လူဦးရေ ၂၀၃,၈၀၀၊ ဆီးရီးယားနိုင်ငံရှိ အယ်လ်ဟော (Al Hol) စခန်းတွင် ၁ စတုရန်းကီလိုမီတာတွင် လူဦးရေ ၃၇,၅၇၀ နေထိုင်နေကြရသည်။ ဇိမ်ခံသင်္ဘောကြီးပေါ်တွင် ရက်ပေါင်း ၃၀ အတွင်း ကူးစက်ခံရသူ ၇၀၆ ဦး ရှိခဲ့ရာ၊ လူနေထူထပ်ရာ ဒုက္ခသည်စခန်းများတွင် ကူးစက်မှုဖြစ်ပွားလာပါက ပို၍ဆိုးနိုင်သည်ဟု ဖော်ပြကြသည်။ ထိုမျှမက လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ရေရရှိမှု၊ အမိုးအကာနှင့် အိမ်သာ စနစ်များ ချို့ငဲ့မှုကြောင့် များစွာဆိုးနိုင်ကြောင်း သုံးသပ်သည်။  အဆိုပါ စစ်ရှောင်စခန်းများ၏ လူဦးရေ သိပ်သည်းမှု အများဆုံးနေရာများမှာ Diamond Princess သင်္ဘော၏ လူဦးရေ သိပ်သည်းဆထက် ၈ ဒသမ ၅ ရာခိုင်နှုန်းခန့် ပိုများ သည်။ ဇိမ်ခံသင်္ဘောပေါ်မှ ဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားနှုန်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ကူးစက်ပျံ့နှံ့နှုန်းထက် လေးဆ ပိုများပါသည်။ သုတေသနတွေ့ရှိချက်များအရ ဘင်္ဂလားဒေ့ရှ်ကဲ့သို့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် ကူးစက်မှု မြင့်မားလာပါက လူ ခြောက်သိန်းနီးပါးခန့် ကူးစက်နိုင်ပြီး လူပေါင်း နှစ်သောင်း ကျော်ခန့် သေဆုံးနိုင်ကြောင်း  ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးယန္တရားအခြေအနေ

ပြည်တွင်းစစ် ကာလရှည်ဖြစ်ပွားလျက်ရှိသည့် မြန်မာနိုင်ငံတွင် စစ်အစိုးရအဆက်ဆက်သည် ကာကွယ်ရေးကဏ္ဍကိုသာ အာရုံစိုက်ခဲ့ပြီး ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ မျက်ကွယ်ပြုခံခဲ့ရသည်။ ၂၀၀၉ ခုနှစ် က မြန်မာနိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်သည် နိုင်ငံတော် GDP ၏ ၀ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့ပြီးကမ္ဘာ့အနည်းဆုံး ကျန်းမာရေးအသုံးစရိတ်ဖြစ်ခဲ့သည်။ ယင်းကာလနောက်ပိုင်းတွင် အစိုးရအနေဖြင့် ကျန်းမာရေးအသုံးစရိတ်များကို တိုးမြှင့်သုံးစွဲလာခဲ့သော်လည်း လိုအပ်ချက်များပြားနေသည့် ကျန်းမာရေးစနစ်သည် စိန်ခေါ်မှုများစွာဖြင့် ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်သည်။ အထူးသဖြင့် ကျန်းမာရေးစနစ်အတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်အပိုင်းတွင် အားနည်းမှုကြီးစွာ ဖြစ်ပေါ်နေသည်။ လူတထောင်လျှင် ဆရာဝန် ၀ ဒသမ ၃၇ ဦးနှုန်းသာရှိ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်သော လူတထောင်လျှင် ဆရာဝန် ၁ ဦး ရှိရမည့်နှုန်းထက် များစွာနိမ့်ကျနေသည်။ ယခုအချိန်တွင် စစ်ဘောင်အကျယ်ဆုံးဖြစ်နေသော ရခိုင်ပြည်နယ်တွင် လူတထောင်လျှင် ဆရာဝန် ၀ ဒသမ ၂၅ ဦးနှုန်းသာရှိ၍ မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်တွင် လူ့စွမ်းအားအရင်းအမြစ် အားနည်းနေသည့်အပိုင်းကို မီးမောင်းထိုးပြနေသည်။

ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများတွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းတို့ထက် အခြားသော ပြည်နယ်နှင့် တိုင်းများမှာ နိမ့်ကျလျက်ရှိပေသည်။ လူတသိန်းလျှင် အထူးကြပ်မတ်ကုသကုတင် (ICU) ၁ ဒသမ ၁ သာ ပိုင်ဆိုင်ထားခြင်းက ယင်းအချက်ကို ထောက်ပြလျက်ရှိသည်။ ထို့အပြင် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၏ တည်ရှိနေမှုမှာလည်း လေ့လာစရာအချက်ဖြစ်သည်။

စစ်ဘေးဒဏ်သင့်လေ့ရှိသော ပြည်နယ်ဒေသများ၏ ကျန်းမာရေး အဆောက်အအုံအရေအတွက်မှာ စစ်ဘေးဒဏ် ကျရောက်လေ့မရှိသည့် ကျန်တိုင်းဒေသကြီးများမှ ကျန်းမာရေး အဆောက်အအုံအရေအတွက်အောက် လွန်စွာ နိမ့်ကျနေသော အနေအထားကို တွေ့နိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ၏ ကပ်ရောဂါအတွက် အသင့်ဖြစ် သတ်မှတ်ချက်တွင် အဆင့် ၇ သာရှိသည်။ ထိုကဲသို့ ပြည့်စုံလုံလောက်မှုပမာဏ အားနည်းနေသော ပြည်သူ့ကျန်းမာရေး စနစ်ကို ပြန်လည်မွန်းမံရန် လိုအပ်သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသုံးစရိတ် ၁၁၇ ဒသမ ၂ ဘီလီယံ (နိုင်ငံတော် GDP ၏ ၃ ဒသမ  ၆၇ ရာခိုင်နှုန်း)ကိုသာ သုံးစွဲနိုင်ခဲ့သည်။ သို့သော်လည်း တဖက်တွင်မူ ပြည်တွင်းစစ်မီး တောက်လောင်ခြင်း၏ အကျိုးဆက်အဖြစ် ကာကွယ်ရေးကဏ္ဍ အသုံးစရိတ်က GDP ၏ ၁၀ ရာခိုင်နှုန်းအထက်တွင် နှစ်စဉ်ရှိခဲ့သည်။၄

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှာင်ပြည်သူများ၏ အခြေအနေများ

မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းအခြေအနေတွင် စစ်ရေးအရ လှုပ်ရှားမှု အမြင့်ဆုံး နယ်မြေများမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့တွင်ဖြစ်ပြီး စစ်ဘေးရှောင်အရေအတွက်မှာလည်း ယင်းဒေသများတွင် အများဆုံး ဖြစ်နေသည်။ တပ်မတော်နှင့် AA အဖွဲ့တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြရသည့် စစ်ဘေးရှောင်ပြည်သူအရေအတွက်ကို (ပုံ-၂)တွင် ကြည့်ရှုနိုင်ပါသည်။

ရခိုင်ပြည်နယ်တွင်  စစ်ဘေးရှောင်ပြည်သူ တသိန်းခြောက်သောင်းကျော် ရှိလာသော်လည်း စစ်ဘေးရှောင်စခန်း ၁၅၁ ခုတွင် ရောက်ရှိနေသော ပြည်သူများမှာ ခြောက်သောင်းကျော်သာ ရှိနေသည်။ ယင်းအချက်အလက်မှာ  ကျန်ရှိနေသော စစ်ဘေးရှောင်ပြည်သူများမှာ စစ်ရှောင်စခန်းများ၏ ပြင်ပတွင် ရောက်ရှိနေကြခြင်းကို ညွှန်းဆိုပြနေသည်။

ချင်းပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူဦးရေ တသောင်းလေးထောင်ကျော်အနက် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ ၉၀၀၀ ကျော်ဖြင့် အများဆုံး ရှိနေသည်။ ထို့ပြင် အဆိုပါဒေသတွင် စစ်ဘေးရှောင်စခန်းများ လုံလောက်စွာ မတည် ဆောက်ရသေးသော အခြေအနေရှိနေသည်ကိုလည်း တွေ့မြင်ရသည်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ စစ်ဘေးရှောင်ပြည်သူအရေအတွက် သုံးသိန်းကျော်ရှိလာသည့်အနက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ တသိန်းရှစ်သောင်းကျော် ရှိနေခြင်းဖြစ်သည်။ အဆိုပါဒေသများတွင် စစ်ရှောင်ပြည်သူများ အလုံးအရင်းဖြင့် တိုးပွားလာသော်လည်း တဖက်တွင်မူ နေရာထိုင်ခင်း မလုံလောက်သည့် အခြေအနေတွင် ရှိနေသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဧပြီ ၁၀ ရက်မှ ၁၉ ရက်အတွင်း မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရန်  သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များက အမိန့်များအသီးသီး ထုတ်ပြန်ခဲ့ကြသော်လည်း  ရခိုင်ပြည် နယ်တွင် နေရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင်ပြည်သူ ခုနစ်ထောင်ကျော် တိုးမြင့်လာခဲ့သည်။ အလားတူ မေလဆန်းတွင်လည်း မင်းပြားမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် ကျေးရွာများမှ လူလေးထောင်ခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါသည်။

စစ်ဘေးရှောင်ပြည်သူအရေအတွက် ရုတ်ချည်း မြင့်တက်လာရသော အကြောင်းအရင်းဖြစ်သည့် တပ်မတော်နှင့် AA အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေများမှာလည်း ဆက်စပ်လေ့လာစရာဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ စတင်ဖြစ်ပွားသည့် မတ်နှင့် ဧပြီအတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသအတွင်း ဆက်လက်ဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ အခြေအနေကို (ပုံ-၃)တွင် ဖော်ပြထားပါသည်။

ရခိုင်နှင့် ချင်းပြည်နယ်တို့ရှိ တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ကူညီမှုများ

ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားချိန်မှစ၍ တိုက်ပွဲရှောင်စခန်းများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အစီအမံဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများ လုပ်ဆောင်ခဲ့ကြသည်။ မတ် ၂၈ ရက်မှ စတင်၍ ရခိုင်ပြည်နယ်ရှိ ယာယီခိုလှုံရာစခန်း နှစ်ခု အပါအဝင် အခြားပြည်နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် လူကယ်ပြန်ဝန်ကြီးဌာနမှတဆင့် ကူးစက်ရောဂါ၏ လက္ခဏာများကို ရှင်းပြခြင်း၊ လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးချက်များကို ရှင်းလင်းခြင်း၊ လက်ဆေးဆပ်ပြာများ ထောက်ပံ့ခြင်း စသော အသိပညာပေးမှုများကို ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုအစိုးရ ထည့်ဝင်ငွေ ကျပ်သိန်း ၁၂၀၀၊ ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေမှ ကျပ်သိန်း ၁၂၀၀၊ စုစုပေါင်း ကျပ်သိန်း ၂၄၀၀ ဖြင့် ပလက်ဝ၊ ဆမီး၊ မီးစာ၊ စိမ့်ဆင်းရွာတို့၌ တိုက်ပွဲရှောင်စခန်း အဆောက်အအုံ ၄၈ ခု စတင်ဆောက်လုပ်လျက်ရှိသည်။ ဧပြီ ပထမအပတ်မှ စတင်၍ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အား  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့နယ်ရှိ လက်နက်ကိုင်တိုက်ပွဲများကြောင့် ထိခိုက်ခံစားရသူများကို စားနပ်ရိက္ခာများ ထောက်ပံ့နိုင်ရေးအတွက် အစိုးရက ခွင့်ပြုခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကိုလည်း ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များတွင် စားနပ်ရိက္ခာ အထောက်အပံ့များ ပုံမှန်ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်ခွင့်ပြုခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ တိုက်ပွဲရှောင်စခန်းများ၌ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ကာကွယ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏  ပါဝင်ဆောင်ရွက်မှုအခြေအနေများမှာလည်း လေ့လာစရာဖြစ်ပါသည်။ ဇယား-၁တွင် ဖော်ပြထားသော အချက်အလက်များမှာ စစ်ဘေးရှောင်ပြည်သူများသို့ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ကူညီပံ့ပိုးမှုများ ဖြစ်ပါသည်။

ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁ ရက်တွင် ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ စာရင်းအရ  ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ ဒသမ ၃၄ သန်းခန့်ရှိ၍ ချင်းပြည်နယ်တွင်မူ  လူဦးရေ ၀ ဒသမ ၅၂ သန်းခန့် ရှိသည်။ သို့သော် အဆိုပါလူဦးရေများကို လုံလောက်သောကျန်းမာရေး စောင့်ရှောက်မှုပေးစွမ်းနိုင်မည့် ကျန်းမာရေးဝန်ထမ်းမှာမူ သာမန်အခြေအနေတွင်ပင် လုံလောက်ခြင်း မရှိပေ။ စစ်ဒဏ်သင့်ဒေသများတွင် အထူးကုဆေးရုံ သုံးရုံသာ ရှိပြီး ၎င်းတို့မှာလည်း ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်သာ တည်ရှိပါသည်။

အကယ်၍ ရခိုင်နှင့် ပလက်ဝဒေသတို့တွင် ကူးစက်ရောဂါပြန့်ပွားမှုများ ဖြစ်လာပါက လုံလောက်သော ကာကွယ်ကုသမှုကို ပေးနိုင်မည်မဟုတ်ပေ။ အခြားသော ကျန်းမာရေးဝန်ဆောင်မှု ကောင်းမွန်သော တိုင်းဒေသကြီးများသို့ သယ်ယူကုသနိုင်ရန်မှာလည်း ဖြစ်ပေါ်လျက်ရှိသော စစ်ပွဲများကြောင့် နယ်မြေတည်ငြိမ်မှု မရှိရာကတဆင့် အတားအဆီး ဖြစ်လာနိုင်သည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် သာမန်ပြည်သူများထက် တိုက်ပွဲရှောင်ပြည်သူများက ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့် ပို၍ အလှမ်းဝေးလျက်ရှိပြီး အရပ်ဘက်ပြည်တွင်း အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးပေးမှုများကိုသာ အားထားနေရကြောင်း တွေ့နိုင်သည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ရောဂါကာကွယ်တုံ့ပြန်ရေး လုပ်ဆောင်မှုများ

၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၇ ရက်တွင် အစိုးရက ဦးဆောင်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီက ဧပြီ ၂၈ ရက်တွင် AA ပါဝင်သည့် NCA လက်မှတ်မရေးထိုးရသေးသော အဖွဲ့ ၈ ဖွဲ့ထံသို့ စာပေးပို့အကြောင်းကြားခဲ့သည်။ NCA လက်မှတ်မရေးထားသေးသည့်အဖွဲ့များအနက်မှ ၀ အဖွဲ့(UWSP/UWSA)၊ ၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့(SSPP/SSA)၊  ကချင်အဖွဲ့ (KIO/KIA)၊ ကယားအဖွဲ့(KNPP) များက အကြောင်းပြန်ခဲ့ပါသည်။ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီးနောက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အစိုးရနှင့် တိုင်းရင်းသား  လက်နက်ကိုင်များအကြား သတင်းအချက်အလက် ဖလှယ်ခြင်း၊ အနီးစပ်ဆုံးဆေးရုံသို့ ပို့သနိုင်ရေး စသည့် ညှိနှိုင်းဆောင်ရွက်မှု အချက် ၇ ချက်ကို သဘောတူခဲ့ကြသည်။

၂၀၂၀၊ မေ ၉ ရက်တွင်မူ တပ်မတော်က ‟ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသ ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ‟ ဟုဆိုကာ ၂၀၂၀၊ မေ ၁၀ ရက်မှ ဩဂုတ် ၃၁ ရက်အထိ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခံထားရသည့် အဖွဲ့အစည်းများ တည်ရှိရာ အရပ်ဒေသများမှာမူ အကျုံးမဝင်ပေ။မေ ၁၀ ရက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကျိုင်းတုံခရီးစဉ်တွင် အထူးဒေသ(၂) ဝအဖွဲ့နှင့် အထူးဒေသ(၄) မိုင်းလားအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ မေ ၁၃ ရက် တွင်လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့  ကိုယ်စားလှယ်များက KIO/KIA အဖွဲ့ ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ရောဂါကာကွယ်ရေးတွင် မူအားဖြင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြသော်လည်း လက်တွေ့မြေပြင်တွင် ပူးပေါင်းနိုင်ရန် အခက်အခဲများ ရှိနိုင်ပါသည်။

နိဂုံး

ကျန်းမာရေးစနစ် ယိုယွင်းအားနည်းနေသော မြန်မာနိုင်ငံ၏ လက်ရှိအခင်းအကျင်းတွင် လောင်မြဲဆဲ လောင်ကျွမ်းနေသည့် ပြည်တွင်းစစ်မီးကလည်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးလုပ်ငန်းများအတွက် အတားအဆီးများပင် ဖြစ်သည်။ ပြည်တွင်းစစ်ကြောင့်  နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ်ကို မြင့်မားစွာသုံးစွဲနေပြီး ကျန်းမာရေးဝန်ထမ်း အင်အားမလုံလောက်မှု၊ အခြေခံအဆောက်အအုံများ မပြည့်စုံမှု ပြဿနာများက ကျန်းမာရေးစနစ်ကို ချည်နဲ့သောစနစ်တခုအဖြစ်သို့ နိမ့်ကျစေသည့်အကြောင်းအရင်းတချက် ဖြစ်လာပါသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့ရှိ စစ်ရှောင်ပြည်သူများအတွက် သာမန်အခြေအနေတွင်ပင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်ချိန်တွင် ကူးစက်ကပ်ရောဂါ၏ စိန်ခေါ်မှုနှင့် ပြည်တွင်းစစ်ပဋိပက္ခ ဖြစ်ပွားမှုတို့ကို တချိန်တည်းတွင် ဆက်လက်ခံစားနေရခြင်းမှာ အန္တရာယ်ကျော့ကွင်း နှစ်ထပ်အတွင်း ကျရောက်နေခြင်းဖြစ်သည်။  တဖက်တွင်လည်း အစိုးရ၊ တပ်မတော်နှင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ တားဆီးကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် မူအားဖြင့်ဖြစ်စေ သဘောတူနိုင်ကြချိန်ဖြစ်သည်။

ဤသည်မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကောင်းမွန်ခြင်းနှင့် ငြိမ်းချမ်းရေးခရီးစဉ် လမ်းစအဖြစ် မျှော်လင့်နိုင်ပါသည်။ သို့ရာတွင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းခံထားရသည့် AA အဖွဲ့နှင့် တပ်မတော်တို့  ထိတွေ့တိုက်ခိုက်ရာ အဓိက စစ်ဒဏ်သင့်ဒေသများမှ စစ်ဘေးရှောင်ပြည်သူများ၏ အရေးကိုလည်း ထည့်သွင်း စဉ်းစားသင့်သည်။ လက်ရှိအချိန်မှာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များအကြား ပြည်သူ့အကျိုးကို ရှေးရှု၍ ကပ်ရောဂါကာကွယ်ရေးအတွက် ထိစပ်ဆွေးနွေးရန် အလွန်အရေးပါသည့် အချိန်ဖြစ်ပါသည်။

အစိုးရအနေဖြင့် (No one left behind Policy) မည်သူတဦးတယောက်ကိုမှ ချန်လှပ်မထားရေးမူဝါဒကို ချမှတ်ထားသော်လည်း ယင်းဒေသရှိ စစ်ရှောင်ပြည်သူများ၏ ကပ်ဘေးအတွင်း အရေးပါသည့်ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အတိုင်းအတာတခုအထိ ဖြည့်ဆည်းပေးနိုင်မှု နည်းပါးနေသည်ကို တွေ့ရပါသည်။ သို့ဖြစ်၍ ယင်းဒေသရှိ စစ်ရှောင်ပြည်သူများကို COVID ကပ်ရောဂါ ကူးစက်ခဲ့ပါက မထိန်းချုပ်နိုင်သည်အထိ ဆိုးရွားမှု ဖြစ်ပေါ်သွားနိုင်ပါသည်။ ယင်းမှတဆင့် စိတ်ပိုင်းဆိုင်ရာ နာကြည်းမှု၊ မကျေလည်မှုအသွင်သို့ ကူးပြောင်းနိုင်ပြီး နိုင်ငံတော် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များအတွက် ကြီးစွာသော အဖုအထစ်တခု ဖြစ်လာနိုင်ပါသည်။

ကိုးကားစာရင်း

ဒေါက်တာမင်းဇော်ဦး၊ (၂၀၂၀)၊ ကိုဗစ်–၁၉ ကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်သလား ၊ ISP-Myanmar Special Series(No-2) https://ispmyanmarspecialseries.com/drmzo2/

(2020), Covid-19 in Humanitarian Crises : A Double Emergency , IRC

Ministry of Health and Sports.(2020), Health Sector Contigency Plan: Outbreak Response on Covid-19 and other emerging respiratory disease in Myanmar

Yu Mon Swe, Thet Mon Than, Yaming Thaung, Sandar Aung, Laura Wen-Shuan Shiao, Ei Mon Win, Moe Khaing, Nyein Aye Tun, Shigemi Iriyama, Hla Hla Win, Kayako Sakisaka, Masamine Jimba, Nobuyuki Hamajima, Thu Nandar Saw.(2019) , Myanmar’s Human Resource for health: current situation and its challenges, Heliyon

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ (၂၀၂၀)၊ ၂၀၁၉–၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင်(Citizen’s Budget)https://www.mopfi.gov.mm/sites/default/files/Citizen%27s%20Budget%20for%202019-2020.pdf

Rakhine Ethnic Congrees ၏ ထုတ်ပြန်ချက်များ https://web.facebook.com/Rakhine-Ethnics-Congress-250589055466294/

Relief and Rehabilitation Committee for Chin IDPs-RRCCI ၏ ထုတ်ပြန်ချက်များ https://web.facebook.com/Relief-and-Rehabilitation-Committee-for-Chin-IDPs-RRCCI-115302670114845/

ISP-Myanmar Peacedesk Website မှ စုစည်းဖော်ပြထားသော တိုက်ပွဲဖြစ်စဉ်အနှစ်ချုပ်များ https://ispmyanmarpeacedesk.com/process/#clashes/

The United Nations Office for the Coordination of Humanitarian Affairs – UNOCHA Myanmar ၏ ထုတ်ပြန်ချက်များ https://www.unocha.org/myanmar

နန်းလွင်နန်းပွင့်၊(၂၀၂၀)၊ မြို့ပေါ်မှာ ရွာတွေမှာ တိုက်ပွဲဖန်တီးတာက လူထုကို တော်တော်ဒုက္ခရောက် စေ တယ်၊ ဧရာဝတီ https://burma.irrawaddy.com/opinion/interview/2020/05/08/222202.html

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်များ http://www.cincds.gov.mm

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ https://myanmar.gov.mm/my/ministry-of-social-welfare-relief-resettlement

The post ကိုဗစ်ကပ်ဘေးအတွင်းမှ စစ်ဘေးရှောင်ပြည်သူတို့၏ ဆတိုးဒုက္ခများ appeared first on ISP Myanmar Peace Desk.