Book review Archives - ISP Myanmar Peace Desk

“မှန်ရာကို သစ္စာဆိုမည် ICJ ဆီ” (စာအုပ်မိတ်ဆက်)
မြန်မာနိုင်ငံရဲ့ လက်ရှိထင်သာမြင်သာအရှိဆုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်က ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးနိုင်ရေး ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ ဒါဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဘုံရင်ဆိုင်နေရတဲ့ စိန်ခေါ် ချက်တရပ်လည်း ဖြစ်ပါတယ်။ နိုင်ငံအတွက် ပြဿနာအသစ်တရပ်ပေါ်ပေါက်လာသလို တဖက် မှာလည်း အပြီးတိုင်မဖြေရှင်းနိုင်သေးတဲ့ ကိစ္စရပ်ပေါင်းများစွာ ရှိနေပါသေးတယ်။ အဲ့ဒီထဲကမှ နိုင်ငံတကာရပ်ဝန်းအထိ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတရပ်ကတော့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က အမှုကိစ္စပဲ ဖြစ်ပါ တယ်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင် ရာတရားရုံးမှာ အမှုဖွင့် တရားစွဲဆို ခဲ့ပါတယ်။ စွဲချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂါလီ(ရိုဟင်ဂျာ) မွတ်စလင်တွေ လူမျိုးတုံး သတ်ဖြတ်ခံရမှုအပေါ် တားဆီးဖို့၊ အပြစ်ပေးအရေးယူဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ တရားရင်ဆိုင်ရေးရဲ့ နောက်ဆက်တွဲကိစ္စတွေ မပြီးပြတ်သေးပဲ ဆက်လက်ဖြေရှင်း နေရ တာလည်းဖြစ်ပါတယ်။ ယခုတင်ပြမယ့် စာစုကတော့ အဆိုပါကိစ္စရပ်အပေါ် လေ့လာကြတဲ့အခါမှာ အကိုးအကားပြုနိုင်တဲ့၊ အချက်အလက်အချို့ ဖြည့်စွမ်း ပေးနိုင်တဲ့ စာအုပ်တအုပ်ကို မိတ်ဆက်ဖော်ပြမှာ ဖြစ်ပါတယ်။

IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ ရေးသားပြုစုထားတဲ့ “မှန်ရာကို သစ္စာဆိုမည် ICJ ဆီ” စာအုပ်က နိုင်ငံတကာရပ်ဝန်းမှာ ထိလွယ်ရှလွယ်ဖြစ်နေတဲ့ မြန်မာ့အရေးအပေါ် လေ့လာနေသူတွေအတွက် အရင်းတည် ဆွေးနွေးစရာ အချက်အချို့ကို ဖော်ပြထားပါတယ်။ ဒီစာအုပ်ထဲက အကြောင်းအရာစုဖွဲ့မှုပုံစံက ပညာရပ်ဆိုင်ရာ အယူအဆတွေနဲ့ အချေအတင်ဆွေးနွေးထားတဲ့ စာတမ်းမျိုးမဟုတ်ဘဲ ခရီးသွားမှတ်တမ်းဆန်ဆန် ပြုစုထားတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးဆိုက်ရာ နယ်သာလန်နိုင်ငံရဲ့ အခြေအနေတွေ၊ ဆရာတော် ဒေါက်တာအရှင်သောဘိတရဲ့ နိုင်ငံတကာမှာ ဗုဒ္ဓယဉ်ကျေးမှုလုပ်ငန်းဆောင်တာဆောင်ရွက်နေမှုအခြေအနေ တွေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်လာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ တရားရင်ဆိုင်မှုကို သွားရောက် ဝန်းရံပေးတဲ့အခြေအနေတွေ၊အကြံပြုချက်တွေကို မှတ်တမ်းဆန်ဆန် ပြုစုထားတာမျိုး ဖြစ်ပါတယ်။ မြန်မာ့ အရေး လေ့လာသူတွေအဖို့ ဒီစာအုပ်ကို ဖတ်ရှုသင့်တဲ့ အကြောင်းအရင်းသုံးချက်ရှိပါတယ်။

ပထမအချက်က သတင်းအချက်အလက်ဖြည့်စွမ်းပေးနိုင်မှု ဖြစ်ပါတယ်။ ICJ မှာ တရားရင်ဆိုင်ခဲ့ရတဲ့ မြန်မာ အစိုးရရဲ့ အခြေအနေတွေအပေါ် မှတ်တမ်းမှတ်ရာ ပြုထားတဲ့ စာအုပ်စာတမ်းအထောက်အထားမျိုးက အနည်း အကျဉ်းပဲ ရှိနေချိန်မှာ ဒီစာအုပ်ကနေတဆင့် အကြောင်းအရာမှတ်တမ်းအချို့ကို လေ့လာနိုင်ပါတယ်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့နဲ့ စာရေးသူတို့အကြား ပြောဆိုဆွေးနွေးခဲ့တာတွေကို ဖော်ပြထားချက်တွေကလည်း အထောက်အထား မှတ်တမ်းသဖွယ် ဖြစ်ပါတယ်။ အမှုကိစ္စမှာ ပါဝင်ပတ်သက်ကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တွေနဲ့ ၎င်းတို့ရဲ့ ထုတ်ပြန်ရပ်တည်ချက်တွေကိုလည်း တစုတစည်းတည်း ဖော်ပြပေးထားပါတယ်။ လေ့လာသူ တွေအဖို့ အထောက်အထားပြုစရာ အကြောင်းအရာအချို့ကို ဒီစာအုပ်ကနေတဆင့် ဖြည့်စွမ်းပေးနိုင်မှာ ဖြစ်ပါ တယ်။

ဒုတိယအချက်ကတော့ ICJ ကိစ္စအပေါ် မြန်မာ့လူအဖွဲ့အစည်းအတွင်းက အစုအဖွဲ့တခုရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တုံ့ပြန်အဖြေရှာမှုပုံစံတစိတ်တပိုင်း ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ထိလွယ်ရှလွယ်တဲ့၊ နိုင်ငံတကာစာမျက်နှာ အထိ ရောက်ရှိနေတဲ့ လူမျိုးရေးကိစ္စအပေါ် ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တယောက်ရဲ့ အမြင်နဲ့ ရပ်တည် ချက်တွေကို တွေ့ရှိလေ့လာနိုင်ပါတယ်။ ICJ အမှုကိစ္စနဲ့ ရုံးတော်က မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ကြားဖြတ် အစီအမံတွေအပေါ် စာရေးသူရဲ့ အမြင်သဘောထားမှတ်ချက်တွေကလည်း ဆင်ခြင်စရာဖြစ်ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေက မြန်မာနိုင်ငံအတွက် မမျှတဘဲ တဖက်အဖွဲ့အစည်း၊ နိုင်ငံတွေအပေါ် ဘက်လိုက်ဆုံးဖြတ် ထားတယ်ဆိုတဲ့ မှတ်ချက်ပြုမှုမျိုးကို စာရေးသူက ဆွေးနွေးထားတာ ဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ ဒီစာအုပ်ရဲ့ စုစည်းဖော်ပြချက်တွေကနေတဆင့် ပြည်သူတွေအကြားမှာ ICJ အမှုကိစ္စ အပေါ် အချက်အလက်အခြေပြု ဆွေးနွေးအဖြေရှာမှု တွေ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ အငြင်းပွားဖွယ် ရာ ယူဆချက်တွေ၊ သမိုင်းမှတ်တမ်းတွေအကြား ထိလွယ်ရှလွယ်တဲ့ လူမျိုးရေးပြဿနာကို ချဉ်းကပ်တဲ့အခါမှာ နိုင်ငံအတွင်းက အစုအဖွဲ့တွေအကြား ကျေကျေလည်လည်ဆွေးနွေးအဖြေရှာနိုင်ဖို့ လိုပါတယ်။ ယခုစာအုပ် အတွင်းက မှတ်တမ်းမှတ်ရာ၊ အကြောင်းအရာဖော်ပြချက်တွေကလည်း ထည့်သွင်းဆွေးနွေးစရာတွေ အကိုးအကားတွေ ဖြစ်လာနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ပြဿနာတွေအနက် နိုင်ငံတကာရှေတန်းကို ရောက်ရှိနေတဲ့ ဘင်္ဂါလီ(ရိုဟင်ဂျာ) အရေးကိစ္စက ဆက်လက်အာရုံစိုက်ရမယ့် စိန်ခေါ်ချက်တရပ်ဖြစ်ပါတယ်။ အစိုးရအဆင့်မှာ သာမဟုတ်ဘဲ ပြည်သူတွေအကြားမှာပါ ဆွေးနွေးအဖြေရှာနိုင်ဖို့ လိုအပ်နေပါတယ်။ ဒီလိုအဖြေရှာတဲ့ အခါမှာလည်း အချက်အလက် အထောက်အပံ့ဖြစ်စရာ မှတ်တမ်းမှတ်ရာမျိုး၊ ရှုထောင့်မတူညီတဲ့ သုံးသပ် ဆွေးနွေးချက်မျိုး အားကောင်းဖို့လည်း လိုအပ်ပါတယ်။ ယခုစာအုပ်ပါ အကြောင်းအရာတွေက အဆိုပါ စိန်ခေါ်ချက် ပြဿနာကို အဖြေရှာကြတဲ့အခါမှာ အထောက်အထားပြုစရာ ဆွေးနွေးချက်တွေကို ဖြည့်စွမ်းပေး နိုင်မှာပဲ ဖြစ်ပါတယ်။

မှတ်ချက် – ယခုစာအုပ်တွင် ဆရာတော်က ဘင်္ဂါလီ(ရိုဟင်ဂျာ) ဟု သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် တည်ဆဲအစိုးရအဖွဲ့နှင့် မီဒီယာများက ဘင်္ဂါလီဟု သုံးစွဲပါသည်။

The post “မှန်ရာကို သစ္စာဆိုမည် ICJ ဆီ” (စာအုပ်မိတ်ဆက်) appeared first on ISP Myanmar Peace Desk.

စစ်နှင့်ငြိမ်းချမ်းရေး ကချင် အပစ်အခတ်ရပ်စဲမှု (၁၉၉၄-၂၀၁၁) သုံးသပ်ချက်
မန်ဒီဆေဒန်၊ အယ်ဒီတာ၊

မြန်မာနယ်စပ်ဒေသများရှိ စစ်နှင့်ငြိမ်းချမ်းရေး ကချင် အပစ်အခတ်ရပ်စဲမှု (၁၉၉၄-၂၀၁၁) သုံးသပ်ချက်

၂၀၁၆၊ စာမျက်နှာ ၅၁၇။

ဒေးဗစ်စကော့မက်သီဆင် ၁

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်ရမှုက ကျယ်ကျယ်ပြန့်ပြန့်ကို ရှိနေတာပါ။ အရင်တုန်းက ရခဲ့တဲ့ ကချင် အပစ်အခတ်ရပ်စဲရေး အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ မန်ဒီဆေဒန်က တည်းဖြတ်ထားတဲ့ စာတမ်းစုဟာဆိုရင် ပယ်ပယ်နယ်နယ် အဝေဖန်ခံနေရတဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို လမ်းကြောင်းမှန်ပေါ် ပြန်လာဖို့ တွန်းအားပေးနေတဲ့ လက်ရှိ အားထုတ်မှုတွေအပေါ် ယုံကြည်မှု တိုးလာအောင် လုပ်ဖို့အတွက်တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ ရှည်ကြာနေပြီး အလွန်ခက်ခဲတဲ့အပြင် ပါဝင်သူ နှစ်ဘက်စလုံးကို ပျက်စီးစေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းစေဖို့ ကြိုးစားအားထုတ်မှု အားလုံးအတွက် သတိရှိရှိ ဆောင်ရွက်ကြဖို့ပြောနေတဲ့ ဇာတ်လမ်းစဉ်တစ်ခုအဖြစ် လေ့လာမှုပြုသင့်တဲ့၊ အချိန်ကိုက် ထွက်ပေါ်လာခဲ့တဲ့ ပထမတန်းစား ပညာရပ်ဆိုင်ရာ လေ့လာမှုတစ်ခုလို့ ယူဆမယ်ဆိုရင် ပိုနီးစပ်ပါလိမ့်မယ်။

၁၉၉၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ကြာမြင့်ခဲ့တဲ့ ကချင်ဒေသ အပစ်ရပ် သဘောတူညီချက်ဟာ အင်မတန် ကောင်းမွန်တဲ့ သုတေသန လေ့လာစရာ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA) ဆိုရင် သက်တမ်းအရင့်ဆုံးနဲ့ ပါးနပ်မှုအရှိဆုံး လူနည်းစု နိုင်ငံရေးလှုပ်ရှားသူတွေ၊ လက်နက်ကိုင် တော်လှန်သူတွေ ဖြစ်ကြပါတယ်။ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးဆိုတာ စာချုပ်စာတမ်းထဲမှာ ထည့်သွင်း သဘောတူထားတဲ့ သဘောတူညီချက် တလှေကြီးထဲကမှ အကြောင်းအရာ တစ်ခုသာဖြစ်ပြီး ကျန်တာတွေက ၂၀၁၀ ပြည့်နှစ် ပြည်လုံးကျွတ် ရွေးကောက်ပွဲတွေ မတိုင်ခင် နှစ်ပေါင်းများစွာကတည်းက KIO အနေနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ တက်ကြွစွာ ဆောင်ရွက်ခဲ့မှုတွေ ဖြစ်ပါတယ်။ ဒါတောင်မှပဲ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးလက်အောက်ကနေ ဖြေလျှော့မှုတွေ လုပ်လာချိန်မှာ အပစ်ရပ် သဘောတူညီချက်က ပျက်ပြယ်ခဲ့ရပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ နေထိုင်တဲ့ပြည်သူတွေအဖို့ နောက်ထပ် ခြောက်နှစ်ကြာ ပြင်းထန်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ကြုံတွေ့ခဲ့ရပြန်ပါတယ်။

ဒီစာအုပ်မှာ ကချင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဆက်နွယ်တဲ့ သမိုင်းဆိုင်ရာ အမြင်တွေကို အသေးစိတ် ကဏ္ဍတွေခွဲပြီး ဖော်ပြထားရာမှာ ပဋိပက္ခရဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာအမြင် တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော် ဆက်ဆံရေးတွေ၊ ကချင်ပြည်သူတွေ၊ ကချင်အမျိုးသမီးတွေရဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကအမြင်တွေကို တင်ပြထားတဲ့ အခန်းနှစ်ခန်းနဲ့ မြန်မာနဲ့ မြန်မာရဲ့အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယတို့မှာ ရရှိခဲ့တဲ့ အပစ်ရပ် သဘောတူညီချက်တွေကို အပြိုင် လေ့လာထားတဲ့ သုတေသနလေ့လာချက် လေးခုတို့ ပါဝင်ပါတယ်။

ရောဘတ်အန်ဒါဆင်နဲ့ မန်ဒီဆေဒန်တို့ဟာ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ အကျဉ်းချုပ် အခြေအနေကို ဒုတိယကမ္ဘာစစ်ကနေစပြီး နောက်ကြောင်းပြန် ပြောထားပါတယ်။ မာတင်စမစ်ရဲ့ အခန်းမှာတော့ အပစ်ရပ်သဘောတူညီချက်နဲ့ ဘာကြောင့် ဒီသဘောတူညီချက် ပျက်ပြယ်သွားရတယ် ဆိုတာတွေကို အင်မတန်မှ အသေးစိတ် လေ့လာဖော်ပြပေးထားသလို မျှတတဲ့ ဆန်းစစ်ချက်တစ်ရပ်ကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။ နောက်တစ်ခါ ကချင် အပစ်ရပ် သဘောတူညီချက်မှာ အပြုသဘောဆောင်တဲ့ ရလဒ်ဖြစ်တဲ့ ကချင် လူမှုလူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာနိုင်ဖို့ အခြေအနေတွေကို ဖန်တီးပေးနိုင်ခဲ့တဲ့ အကြောင်းကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။

အပစ်ရပ် သဘောတူညီချက်ရဲ့ စီးပွားရေးဆိုင်ရာ မျက်နှာစာတွေကို လေ့လာရာမှာ မညှာမတာ ပစ်ပစ်နှစ်နှစ်ကို လေ့လားဆန်းစစ်မှု ပြုခဲ့သူကတော့ ကယ်ဗင်ဝုဒ်စ်ပါပဲ။ “သောင်းကျန်းသူတွေကို နှိမ်နင်းခြင်းအပေါ် စီးပွားရေးအသွင် ဖော်ဆောင်ခြင်း”လို့ ဝုဒ်စ်က သတ်မှတ်တဲ့ ဒီအခြေအနေမှာ အစိုးရနဲ့ တပ်မတော်တို့ဟာ အပစ်ရပ်သဘောတူညီမှုကို အသုံးချပြီး သစ်ထုတ်လုပ်ခွင့်၊ ရွှေတူးဖော်ခွင့်၊ စိုက်ပျိုးရေး လုပ်ငန်းနဲ့ အခြားသော သယံဇာတ ထုတ်ဖော်မှုတွေကို ချဲ့ထွင်လာပြီး လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ လူမှုအသိုက်အဝန်းတွေကို သူတို့ မြေပေါ်ကနေ ဖယ်ရှားပစ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ “စစ်အာဏာရှင် အုပ်စိုးမှုရဲ့ ရည်ရွယ်ချက်တွေကို အထမြောက်အောင် လုပ်ဆောင်မှုမှာ သမားရိုးကျ စစ်ရေးလုပ်ဆောင်မှုတွေထက် ပိုပြီးတော့ ထိရောက်ဟန် ရှိတယ်”လို့ ဝုဒ်က ဆိုပါတယ်။ (စာမျက်နှာ-၁၂၀) ဒီအခန်းရဲ့ နောက်မှာ တစ်ဆက်တည်း ဖော်ပြထားတဲ့ လော်အာကစ်ရဲ့ ကချင်ဒေသတွင်းက ဘာသာရေးနွယ်တဲ့ အမျိုးသားရေးဝါဒနဲ့ အခြားသော လူမျိုးရေး၊ ဘာသာရေး အသိုက်အဝန်းတွေအပေါ် ဒီအမျိုးသားရေးဝါဒရဲ့ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး အနှစ်ချုပ်လေ့လာချက် အခန်းကလည်း အင်မတန်ကို ကောင်းပါတယ်။ အပစ်ရပ် သဘောတူညီချက်ဟာ ဗမာလူမျိုးတွေ ကြီးစိုးတဲ့ အစိုးရအနေနဲ့ မြောက်ပိုင်းဒေသတွေမှာရှိတဲ့ လူမှု အသိုက်အဝန်းတွေကို လူမှုအဆင့်အတန်းတွေ နိမ့်ကျလာစေဖို့ သယံဇာတတွေကို လုယူတာ၊ အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းတွေ ရှားပါးတာ၊ မူးယစ်ဆေးစွဲမှုနဲ့ ကပ်ရောဂါတွေ တရှိန်ထိုး ထိုးတက်လာတာတွေကို ဖြစ်ပွားစေဖို့ အသုံးချနေတယ်လို့ ယူဆနေကြတာနဲ့ ပတ်သက်ပြီး အံ့အားသင့်စရာတော့ မရှိပါဘူး။ ကချင်ပြည်နယ်ရဲ့ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးသမိုင်းမှာ ဖားကန့် ကျောက်စိမ်းတွင်းတွေမှာ အရိပ်လွှမ်းနေပါတယ်။ တပ်မတော်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တပြုံကြီးက ဒီကျောက်စိမ်းတွေကို ထုတ်ယူနေကြတာဟာ အသိသာအထင်ရှားဆုံး အချက်ပါပဲ။ ဒီစာအုပ်ရဲ့ အဓိကအကြောင်းအရာက ဗမာလူမျိုးတွေက အဓိကကြီးစိုးထားတဲ့ ဗဟိုအစိုးရအနေနဲ့ ကချင်လူမျိုးတွေအပေါ် အပစ်ရပ် သဘောတူညီမှုကို အသုံးချပြီးတော့ သဘာ၀ သယံဇာတတွေကို အလွန်အမင်း ထုတ်ယူတာ၊ စစ်မှန်တဲ့ နိုင်ငံရေးအရ နစ်နာချက်တွေကို လျစ်လျူရှုဖို့ ကြိုးစားတာ၊ လူနည်းစု တိုင်းရင်းသား သရုပ်သကန်တွေကို ဖိနှိပ်ပြီး မြန်မာလူမျိုးကြီးဝါဒကို မြှင့်တင်နေတာတွေလိုမျိုး သစ္စာဖောက်မှုတွေ ရှိနေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြခြင်းပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲက အတိတ်အကြောင်းတွေကို ပြန်အမှတ်ရမိစေဆုံး စာတမ်းတွေကတော့ ဂျင်နီဟက်စရုန်း ရေးသားပြီး ကချင်လူမျိုးတွေ ကိုယ်တိုင်ပြောပြတဲ့ သူတို့ရဲ့ ဇာတ်ကြောင်းတွေ အကြောင်းနဲ့ ဒီဇာတ်ကြောင်းတွေထဲမှာ မကြာခဏဆိုသလို မြင်ရတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ အမျိုးသမီးတွေရဲ့ အသံတွေ ပျောက်ကွယ်ရခြင်း အကြောင်းတွေပဲ ဖြစ်ပါတယ်။ Nkhum Bu Lu ကဆိုတဲ့ ကချင်အမျိုးသမီး တစ်ယောက်ရဲ့ အင်မတန်မှ အားကောင်းတဲ့ ဇာတ်ကြောင်းပြန် ပြောဆိုမှုမှာဆိုရင် ကချင်နိုင်ငံရေးမှာ ဆယ်စုနှစ်များစွာ ပါဝင်ပတ်သက်ခဲ့မှု၊ ထောင်ကျသွားတဲ့ ခင်ပွန်းသည်၊ အာဏာပိုင်တွေရဲ့ စော်ကားမှုတွေ၊ အပစ်ရပ် သဘောတူညီချက်မှာ အခွင့်အလမ်းတွေပါဝင်မှု နည်းပါးခြင်းနဲ့ပတ်သက်ပြီး မကျေမနပ် ဖြစ်ရတာတွေ၊ နောက်ဆုံး နေရပ်ဒေသကို စွန့်ခွာခဲ့ရတာတွေ ပါဝင်ပါတယ်။ Hkanpha Tu Sadan ဆိုသူ အကြောင်းမှာတော့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားဘဝနဲ့ နေခဲ့ရတဲ့ အချိန်တွေအကြောင်းကို ပြောပြခဲ့ပါတယ်။ လူနည်းစု လူမျိုးတွေအပေါ် ဗမာလူမျိုးတွေ အများစုရဲ့ လူမျိုးကြီးဝါဒ အမြစ်တွယ်နေခြင်းကို ပြင်းပြင်းထန်ထန် စွပ်စွဲပြစ်တင်ခဲ့ရုံတင် မဟုတ်ဘဲ ပြည်မဒေသရဲ့ အဲဒီအချိန်က မြို့တော်ကြီးမှာ လူတွေဟာ ဒီပဋိပက္ခနဲ့ ပတ်သက်လို့ ဘာဆိုဘာမှ မသိတာမျိုးကိုလည်း အပြင်းအထန် စိတ်ပျက်ခဲ့ရပုံတွေကို ပြန်ပြောပြခဲ့ပါတယ်။ လက်ရှိ အပစ်ရပ်လုပ်ငန်းစဉ်မှာ ပါဝင်နေကြသူတွေဖြစ်တဲ့ ပြည်တွင်းရော၊ ပြည်ပကရော ပါဝင်ဆောင်ရွက်နေကြသူတွေဟာ အီလိတွေရဲ့အယူအဆတွေ၊ သဘောထားတွေကို နားထောင်နေတာထက် စစ်မက်ဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်တဲ့သူတွေရဲ့ အမြင်တွေကို ပိုပြီး အချိန်ပေး နားထောင်တတ်ဖို့ တိုက်တွန်းထားပါတယ်။ Duwa Mahkaw Hkun Sa ကတော့ ကချင်အမျိုးသားအစည်းအရုံးရဲ့ သမိုင်းကို ပြန်ပြောထားပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို မျက်စိလျှမ်းနေတတ်တဲ့ လူမှုရေးရာ အသိတရားတွေ တိုးပွားလာမှုရဲ့ အချက်တစ်ချက်ဖြစ်တဲ့ ပြည်ပမှ ကချင်အရေး လှုပ်ရှားတက်ကြွသူတွေ တိုးပွားလာခြင်းကို ထောက်ပြထားပါတယ်။

အခြားသော ဒေသတွေက အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်လေ့လာချက် လေးခုမှာ ဆိုရင်လည်း စိတ်ပျက်စရာဖြစ်နေရတဲ့ ကချင်ဒေသအပေါ် ဆန်းစစ်လေ့လာချက်တွေကို ထောက်ပံ့ပေးနေပါတယ်။ ပက်ထရစ်မီဟန်ရဲ့ တအောင်း/ပလောင် အပစ်ရပ်ဖြစ်စဉ်ကတော့ သီးခြားကို ထုတ်ပြပြီး ပြောဖို့လိုပါမယ်။ ဒီဖြစ်စဉ်မှာဆိုရင် ကချင်ဒေသ ဖြစ်စဉ်မှာလိုပဲ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို သစ္စာဖောက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်နေသလို တအောင်းတွေအနေနဲ့ ပိုပိုပြင်းထန်လာတဲ့ တပ်မတော်ရဲ့ ကျူးကျော်မှုတွေကြောင့် လက်နက်ကိုင် တွန်းလှန်မှုကို ပြန်လည်လုပ်ဆောင်ခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မက်သရူးဝဲလ်တန်ရဲ့ အင်မတန် ပြည့်စုံတဲ့ ရှင်းလင်းချက်တစ်ခုကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။

ဒီစာအုပ်ဟာ နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် အခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ နားလည် သဘောပေါက်မှုကို ပိုမိုပြည့်စုံအောင် အသိပညာပေးရာမှာ အရေးအပါဆုံးသော ဖြည့်စွက် တင်ပြချက်ဖြစ်တယ်လို့ ပြောနိုင်ပြီး အခြားသော အပစ်ရပ်ဖြစ်စဉ်တွေ၊ နိုင်ငံရေး သဘောတူညီချက်ကို အသုံးချပြီး အခွင့်အရေးတွေ လွန်လွန်ကဲကဲ ရယူတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ၊ တရားမျှတမှုကို ကျော်လွန်ပြီး ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ပဋိပက္ခတွေကို ဆက်လက် ဖြစ်ပွားစေခြင်းတွေနဲ့ ပတ်သက်လို့ လေ့လာဆန်းစစ်ရာမှာ အခြေခံ ပုံကြမ်းအနေနဲ့ထားပြီး လေ့လာကြည့်သင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်နေပါတယ်။

■ စာညွှန်း

၁ ဒေးဗစ်စကော့မက်သီဆင်သည် ရန်ကုန်အခြေစိုက် အလွတ်တန်း လေ့လာဆန်းစစ်သူ တစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပဋိပက္ခဖြစ်ပွားရာ ဒေသများနှင့် ပတ်သက်၍ ၁၅ နှစ်ကျော် အတွေ့အကြုံတွေ ရှိထားသူတစ်ဦး ဖြစ်ပါသည်။

ဒေးဗစ်စကော့မက်သီဆင်၏ စာအုပ်အညွှန်းကို စည်သူအောင် ဘာသာပြန်ဆိုပါသည်။

Mandy Sadan, Editor, War and Peace in the Borderlands of Myanmar.

The Kachin Ceasefire, 1994-2011, Copenhagen: Nordic Institute of Asian Studies, 2016, pp.517.

by David Scott Mathieson

A recently published collection of essays on the previous Kachin ceasefire experience edited by Mandy Sadan is arguably the most important contribution to our understanding of Myanmar’s civil war in many years. The volume is divided into several sections detailing historical perspectives of the Kachin ceasefire, the political economy of the conflict, cross-border relations with China, two sections on personal reflections of Kachin people and the role of women, and four case-studies of comparative ceasefires in Myanmar and neighboring India. The book provides a template to analyze many other ceasefires and the consequences of peace process. It is more a timely production of first-class scholarship that should act as a cautionary tale to all efforts to seek peace for Myanmar’s decades-long internecine armed conflict.

The post စစ်နှင့်ငြိမ်းချမ်းရေး ကချင် အပစ်အခတ်ရပ်စဲမှု (၁၉၉၄-၂၀၁၁) သုံးသပ်ချက် appeared first on ISP Myanmar Peace Desk.