Pan Su Wai Archives - ISP Myanmar Peace Desk

ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ စတုတ္ထပတ်)
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ (ဇန်နဝါရီ စတုတ္ထပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၆ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ “၂၀၂၀ရွေးကောက်ပွဲ မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် ခုနစ်ခု” အပါအဝင် ထုတ်ပြန်ချက် ၁၅ ခုအထိ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် ပါတီများမှ ခုနစ်ခု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ နှစ်ခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ကာလအတွင်း သတင်းထုတ်ပြန်ချက် ခုနစ်ခုအထိ ထွက်ရှိခဲ့ပါသည်။

ထို့အပြင် တပ်မတော်မှ “၂၀၂၀ အထွေထွေရွေးကောက်ပွဲမဲရလဒ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်” ကို ဇန်နဝါရီ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ တပ်မတော်အပါအဝင် အခြားသော နိုင်ငံရေး ပါတီများအနေဖြင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်မည်ဖြစ်၍ ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွားမည်သာ ဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားကိုရှေးရှု၍ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရန် ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာ ဖြေရှင်းပေးပါရန် သဘောထားထုတ်ပြန်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် တပ်မတော်မှ “ ကျောက်ကြီးမြို့နယ်အတွင်း KNU တပ်မဟာ(၅)အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံးခဲ့ကြောင်း” ဇန်နဝါရီ ၁၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အရ “ KNU တပ်မဟာ(၅)အနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများအား ပစ်ခတ်သတ်ဖြတ်မှုသည် NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(ပြည်နယ်အဆင့်)နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့ ကန့်ကွက်အကြောင်းကြားသွားမည် ဖြစ်ကြောင်း”သိရပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

ဇန်နဝါရီ ပထမပတ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)နှင့် မိုင်းလားအဖွဲ့ (NDAA)တို့မှ ထုတ်ပြန်ကြေညာချက် တခုစီ ထွက်ရှိခဲ့ပါ သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)မှ “သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ ကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူးသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း” ကို ဇန်နဝါရီ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “သီပေါမြို့နယ်၊ ကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူးကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားပြီးသည့်နောက် သတ်ဖြတ်ခံရကြောင်း ကြားသိရ၍ မိသားစုများနှင့်ထပ်တူ လွန်စွာဝမ်းနည်းမိကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ တော်လှန်ရေးလုပ်ခြင်းသည် တနည်းအားဖြင့် ပြည်သူလူထု၏ ကောင်းကျိုးကို ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်ခြင်းသည် တော်လှန်ရေးရည်မှန်းချက်နှင့် ဆန့်ကျင်ခြင်း” ဖြစ်ကြောင်း” RCSS/ SSA၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

မိုင်းလားအဖွဲ့ (NDAA)မှ ဇန်နဝါရီ ၂၀ ရက်စွဲဖြင့် “မိုင်းလားဒေသတွင်း အသွားအလာကန့်သတ်မှုအား စနစ်တကျ ဖြေလျော့ရေးဆိုင်ရာ အသိပေးအကြောင်းကြားခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်” ထွက်ရှိခဲ့ပါသည်။

ပါတီများ၏ထုတ်ပြန်ချက်များ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုများနှင့် ပတ်သက်၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD)၊ ကရင်ပြည်သူ့ပါတီ (KPP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)နှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)တို့မှ ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီမှ “နောင်အနာဂတ်တွင် တာ၀န်ယူ၊ တာ၀န်ခံမူရှိသော ရွေးကောက်ပွဲဖော်ဆောင်နိုင်ရန်နှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်” ကို ဇန်နဝါရီ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ထိုထုတ်ပြန်ချက်တွင် “ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် စပ်လျဉ်း၍ ပါတီများမှ အငြင်းပွားစရာ၊ မဲမသမာမှုများရှိကြောင်း ထောက်ပြဝေဖန်မှုများ ရှိခဲ့ပြီး ပြည်သူများအကြား သဘောထားကွဲလွဲမှု ရှိနေသည်ကို ကြားရကြောင်း၊ မဲရလဒ်များကြောင့် ပြည်သူများ ဒွိဟဖြစ်နေသည့်အပေါ် မလိုလားအပ်သောနိုင်ငံရေး ပြဿနာများ ပေါ်ပေါက်လာနိုင်မှုအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်းနှင့် နောင်အနာဂတ်တွင် တာ၀န်ယူ၊ တာ၀န်ခံမူရှိသော ရွေးကောက်ပွဲဖော်ဆောင်နိုင်ရန် သဘောထားထုတ်ပြန်ကြောင်း” ဖော်ပြထားပါသည်။

ကရင်ပြည်သူ့ပါတီ (KPP)ကလည်း ဇန်နဝါရီ ၂၄ ရက်စွဲဖြင့် “ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအလွန်တွင် ဖြစ်ပေါ်လာသော အငြင်းပွားမှုများနှင့် ပတ်သက်၍ ထုတ်ပြန်ချက်” တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ကရင်ပြည်နယ်တွင် မဲမသမာမှုဟု တွေ့ရှိရသော မဲရာခိုင်နှုန်း ၃၂ ရာခိုင်နှုန်းကျော်ရှိသည်ဟုလည်း ကြားသိရပြီး ဤသတင်းအချက်အလက်များသည် တရားဥပဒေအရ ပြန်လည်စစ်ဆေးထုတ်ပြန်နိုင်မှု မရှိသေးသ၍ အတည်ပြုနိုင်သောသတင်းဟု မယူဆနိုင်သကဲ့သို့ မဟုတ်မမှန်သော သတင်းဟူ၍လည်း သတ်မှတ်လက်ခံကြရန် ခက်ခဲနေကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက်” မိမိတို့ပါတီသည် တိုင်းပြည်၏ စည်းလုံးညွတ်မှုနှင့် တည်ငြိမ်သောအနာဂတ်၊ တည်ဆောက်ဆဲဖြစ်သော ငြိမ်းချမ်းရေးအတွက်အ ထောက်အကူဖြစ်စေရန် ရှေးရှုလျက် နိုင်ငံတော်အစိုးရအနေဖြင့် မဲစာရင်းနှင့် ပတ်သက်သော အငြင်းပွားမှုများကို ဦးစားပေးအရေးယူဆောင်ရွက်ပေးသင့်ပါကြောင်း” ကရင်ပြည်သူ့ပါတီ (KPP)၏ ထုတ်ပြန်မှုတွင်ပါရှိပါသည်။

ထို့အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)ကလည်း ဇန်နဝါရီ ၂၄ ရက်စွဲဖြင့် “ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိ​သော​ကြောင့် အဆိုပါကိစ္စရပ် တွေကို ဖြေရှင်းပြီးမှ လွှတ်တော်ခေါ်ယူရန် သဘောထားထုတ်ပြန်ချက်” တခုထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲကို ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိဟု စိတ်မကောင်းဖွယ်ရာအခင်းအကျင်းကို မြင်တွေ့ရကြောင်း၊ ရွေးကောက်ပွဲ ပြီးမြောက်၍ မဲရလဒ်ကြေညာရာတွင် မဲပေးနိုင်သော ဦးရေထက် မဲအရေအတွက် သန်းချီပို၍ပေးထားသည့် မဲမသမာမှုများရှိသည်ဟုဆိုကာ အမှုပေါင်းများစွာ တင်ပြတိုင်ကြားမှုများလည်း ရှိနေသည်ဟု သိရှိရကြောင်းနှင့် အဆိုပါကိစ္စရပ်များကို ဖြေရှင်းပြီးမှသာလျှင် လွှတ်တော်ခေါ်ယူရေးလုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်သင့်ကြောင်း” ဖော်ပြထားပါသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)ကလည်း ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက် ထွက်ရှိခဲ့ရာ “၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ စိစစ်တွေ့ရှိချက်တွင် ကရင်ပြည်နယ်မှာ ပြည်နယ်နှင့် တိုင်းအားလုံးတွင် မဲမသမာမှုအများဆုံး ဖြစ်ကြောင်း တွေ့ရှိရပြီး ပြည်နယ်အတွင်း မဲဆန္ဒရှင်ပြည်သူ များက ဖြစ်စဉ်အမှန်ကို ခိုင်လုံသော အထောက်အထားများဖြင့် သိရှိခွင့်ရရှိ နိုင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများမှ ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးပါရန် တင်ပြတောင်းဆိုကြောင်း” ဖော်ပြခဲ့ပါသည်။

တပ်မတော်နှင့် KNU အကြား စစ်ရေးတင်းမာမှုများနှင့် ပတ်သက်၍ ကရင်ပါတီများက ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြပါသည်။

“ကရင်ပြည်နယ်၊ ဖာပွန်ဒေသနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးဒေသများတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်” ကို ကရင်ပြည်သူ့ပါတီ (KPP)မှ ဇန်နဝါရီ ၂၁ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ထိုဒေသများတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက် ခြင်းများကြောင့် ဒေသခံပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်သော ငြိမ်းချမ်းရေးကို ရရှိရန် ရည်စူးလျက် အစိုးရ၊ တပ်နှင့် KNU အဖွဲ့တို့မှ ဆုံးဖြတ်ပိုင်ခွင့်ရှိသော အဆင့်မြင့် ခေါင်းဆောင်များအနေဖြင့် အမြန်ဆုံးတွေ့ဆုံညှိနှိုင်း အဖြေရှာပေးပါရန် အကြံပြုကြောင်း” ဖော်ပြထားပါသည်။

ထို့အပြင် ကရင်အမျိုးသားပါတီမှ “ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှုအပေါ် သဘောထားထုတ်ပြန် ကြေညာချက်”ကို ဇန်နဝါရီ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ စစ်ရေးတင်းမာမှုများကြောင့် ဒေသခံများ အသက်၊ စည်းစိမ်၊ အိုးအိမ်များ ထိခိုက်ပျက်စီးပြီး ရာသီဥတုဆိုးရွားမှုနှင့် ကိုဗစ်- ၁၉ ကပ်ရောဂါကျရောက်မှုကာလတွင် အကာအကွယ်မဲ့စွာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ကြရခြင်းများကို တွေ့ရှိနေရကြောင်း” ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးခဲ့ကြသည့် NCA ပါ ပြဌာန်းချက်များ တွင် ကိုယ်တိုင် လိုက်နာမှုရှိခြင်း၊ မရှိခြင်းနှင့် NCA အချက်များတွင် မည်သည့် အားနည်းချက်များရှိသည်ကို သုံးသပ်ပြီး ခိုင်မာသည့် စာချုပ်တရပ်ဖြစ်ရေးကို ပြန်လည်ညှိနှိုင်းကြရန် တိုက်တွန်းတောင်းဆိုကြောင်း” ကရင်အမျိုးသားပါတီ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ

“ကျောက်မဲမြို့နယ်၊ တောင်ပလို့ကျေးရွာနေ အမျိုးသားတဦးကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) အဖွဲ့မှ ဖမ်းဆီးသွားခြင်းနှင့် ပတ်သက်၍ အမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန် တောင်းဆိုကြောင်း” ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ ဇန်နဝါရီ ၂၅ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက် တခု ထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် အရပ်ဘက်အဖွဲ့အစည်းများမှ ဇန်နဝါရီ ၂၀ ရက်စွဲဖြင့် “ ကရင်ပြည်နယ်၊ အပစ်ရပ်နယ်မြေအတွင်း လတ်တလောဖြစ်ပွားနေသော တင်းမာမှုနှင့် ပဋိပက္ခစစ်ပွဲများ၊ စစ်ဘေးဒဏ် ခံနေရသော ဒေသခံပြည်သူလူထုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အိတ်ဖွင့်ပေးစာ” တစောင် ပေးပို့ခဲ့ပါသည်။

အဆိုပါအိတ်ဖွင့်ပေးစာတွင် “မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် ၎င်း၏အကြောင်းရင်းခံများသည် နိုင်ငံရေးပြဿနာများဖြစ်သောကြောင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာသင့်သည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရန်အတွက် နိုင်ငံရေးအရ ဖြေရှင်းနိုင်မည့် အခွင့်အလမ်းများနှင့် နည်းလမ်းများ ဖော်ဆောင်ပေးရန်နှင့် တိုင်းရင်းသားဒေသများအား စစ်ဆင်ရေးများပြုလုပ်ခြင်း၊ အင်အားတိုးချဲ့နေရာယူခြင်းများအားလုံး ရုပ်သိမ်းရပ်တန့်စေရေးတို့အား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် တိုက်တွန်းတောင်းဆိုကြောင်း” ဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီစတုတ္ထပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ စတုတ္ထပတ်) appeared first on ISP Myanmar Peace Desk.

ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ တတိယပတ်)
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိ (ဇန်နဝါရီ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၂၀ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ “မဲဝိုင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင်‌ နေထိုင်လျက်ရှိသည့် အပြစ်မဲ့ကလေးငယ်တဦးအား KNLA တပ်မဟာ (၅)အဖွဲ့က လက်ဖြောင့်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း” ထုတ်ပြန်ချက် အပါအဝင် ထုတ်ပြန်ချက် ၁၀ ခုအထိ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ငါးခု၊ ပါတီများမှ နှစ်ခုနှင့် ပြည်ထောင်စု လွှတ်တော်ရုံး၊ ယူနီဆက်မြန်မာနှင့် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ယက် (KPSN)တို့မှ တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြုအာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း ပြည်ထောင်စုလွှတ်တော်ရုံးမှ “ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် တင်ပြ တောင်းဆိုလွှာ တင်သွင်းထားခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်”ကို ဇန်နဝါရီ ၁၂ ရက်စွဲဖြင့်  ထွက်ရှိခဲ့ပါသည်။

အဆိုပါသတင်းထုတ်ပြန်ချက်တွင် “ ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်တို့ ဦးဆောင်၍ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် တောင်းဆိုချက်မှာ မလိုအပ်သည့်ကိစ္စ ဖြစ်၍ ခေါ်ယူကျင်းပရန် မရှိကြောင်း”  ဖော်ပြခဲ့ပါသည်။

ယင်းနောက် “တောင်းဆိုသည့်ကိစ္စရပ်များမှာ ပါတီစုံအထွေထွေရွေးကောက်ပွဲဆိုင်ရာ တိုင်ကြား၊ ကန့်ကွက်မှုများအတွက် ပြည်သူ့ကိုယ်စားလှယ်များနှင့် စုပေါင်းတိုင်ပင်အဖြေရှာဆုံးဖြတ်နိုင်ရန် ဖြစ်ကြောင်း တွေ့ရှိရပြီး ယင်းအချက်များသည် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်၊ သဘောတူညီချက်၊ အတည်ပြုချက်ရယူရမည့်ကိစ္စ မဟုတ်ဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာဥပဒေ၊ နည်းပဒေများအရ ဆက်လက်ဆောင်ရွက် ရမည့် ကိစ္စရပ်များသာ ဖြစ်ကြောင်း” ပြည်ထောင်စုလွှတ်တော်ရုံး၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ဇန်နဝါရီ တတိယပတ်ကာလအတွင်း တပ်မတော်မှ “မဲဝိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်‌ နေထိုင်လျက်ရှိသည့် အပြစ်မဲ့ကလေးငယ်တဦးအား KNLA တပ်မဟာ (၅)အဖွဲ့က လက်ဖြောင့်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း” ထုတ်ပြန်ချက် အပါအဝင် ထုတ်ပြန်ချက် ၁၀ ခုအထိ ထုတ်ပြန်ခဲ့ပါသည်။

“မဲဝိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်‌ နေထိုင်လျက်ရှိသည့် အပြစ်မဲ့ကလေးငယ်တဦးအား KNLA တပ်မဟာ (၅)အဖွဲ့က လက်ဖြောင့်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်ကို တပ်မတော်က ဇန်နဝါရီ ၁၆ ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ကရင်ပြည်နယ်၊ မဲဝိုင်အနီးရှိ တပ်မတော်စခန်း၏ တောင်ဘက် မဲဝိုင်ဘုန်းတော်ကြီးကျောင်းအနီးတွင် ဇန်နဝါရီ ၁၅ ရက်က KNLA တပ်မဟာ(၅)မှ သုံးဦးခန့်က လက်ဖြောင့်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၁၂ နှစ်အရွယ် ကလေးငယ်တဦး၏ ဦးခေါင်းတွင် ကျည်ရှပ်ထိဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း”  ဖော်ပြခဲ့ပါသည်။

ယင်းနောက် “KNLA အဖွဲ့အနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား လက်နက်ဖြင့် ပစ်ခတ်မှုသည် NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (ပြည်နယ်အဆင့်) သို့ ကန့်ကွက်အကြောင်းကြားသွားမည် ဖြစ်ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ဆက်လက်ပြီး “ ပြည်ထောင်စုလွှတ်တော်ရုံး၏ သတင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်”ကို ဇန်နဝါရီ ၁၄ ရက်စွဲဖြင့် ထုတ်ပြန် ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “  ပုဒ်မ ၈၄ ပါ ပြဌာန်းချက်အတိုင်းဆိုလျှင် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရေးတောင်းဆိုရာတွင် အကြောင်းပြချက် ပေးရမည်ဟု မဖော်ပြထားသည့်အပြင် အကြောင်းပြချက်ပေး၍ ငြင်းဆိုနိုင်သည့် ခြွင်းချက်ပေးထားခြင်း မရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်နာယက,က ခေါ်ယူကျင်းပပေးရန် မလိုအပ်ကြောင်း အကြောင်းပြချက်ပေး၍ ငြင်းဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်း ရှိမရှိ ပြန်လည် ဆန်းစစ်ရန် လိုအပ်မည်ဖြစ်ကြောင်း” ဖော်ပြထားပါသည်။

ထို့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း သတင်းထုတ်ပြန်ချက် ခုနစ်ခုအထိ ထွက်ရှိခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထုတ်ပြန် ကြေညာချက် ငါးခုအထိ ထွက်ရှိခဲ့ပါသည်။

“ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး၏ ဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေး သဘောထားထုတ်ပြန်ကြေညာချက်” ကို PSLF/ TNLA အဖွဲ့မှ ဇန်နဝါရီ ၁၈ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အရ “ ULA/ AA အဖွဲ့ နှင့် တပ်မတော်တို့ အပြန်အလှန် ဆွေးနွေးမှုများ စတင်နိုင်ခဲ့ပြီး ရခိုင်ပြည်တွင် တိုက်ပွဲများ လတ်တလော ရပ်တန့်နိုင်ခြင်းသည် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု၏ အရေးကြီးသည့်လုပ်ငန်းအစ ဖြစ်ကြောင်းနှင့် “၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖွဲ့စည်း တည်ဆောက်မှု အသစ်” ဖော်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏  နှစ်သစ်နှုတ်ခွန်းဆက်စကားသည် ရှေ့ဆက်ရန် ခက်ခဲနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည်အစပြုရန် အခြေအနေကောင်းများ ဖြစ်သည်ဟု ရှုမြင်ကြောင်း”  သိရပါသည်။

ထို့အပြင် PSLF/ TNLA အဖွဲ့မှ “(၅၈) နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ သဘောထားထုတ်ပြန်ချက်” ကို ဇန်နဝါရီ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ “ဒေသခံပြည်သူများနှင့် တအာင်းလူထုအား  နှိပ်စက်ညှင်းပမ်းခြင်းများ ဆက်တိုက်ကျုးလွန်နေသည့် RCSS ၏ လုပ်ရပ်သည် ရှမ်းပြည်သူလူထုများ လိုလားသည့် ရှမ်းပြည်ညီညွတ်ရေးလုပ်ငန်းများနှင့် ဆန့်ကျင်နေကြောင်း၊ RCSS ၏ ခွဲခြားဖိနှိပ်မှုကို ဆက်တိုက်ခံနေကြရသော ဒေသခံမိဘပြည်သူများအား မိမိတို့မှ အကာအကွယ်ပေးသွားရမည်ကြောင်း”  ဖော်ပြခဲ့ပါသည်။

ယင်းနောက် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဇန်နဝါရီ ၁၃ ရက်စွဲဖြင့် “ကရင်အမျိုးသား မိဘပြည်သူများနှင့် ကရင်လူငယ် မောင်မယ်အားလုံးထံသို့ အိတ်ဖွင့်ပေးစာ” ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအိတ်ဖွင့်ပေးစာတွင်  “ မိမိတို့အနေဖြင့် သဘောတူညီချက်များ ထိန်းသိမ်းရေး၊ စစ်ပွဲများ မဖြစ်ရေးတို့ကို ထောက်ရှု၍ နယ်မြေအသီးသီးတွင် အလျှော့ပေးခဲ့ရာ NCA လက်မှတ်ထိုးပြီး နောက် ဖာပွန်ခရိုင်၌ တပ်မတော်စခန်း ၈၀ ကျော်အထိ ရှိလာခဲ့ပြီး နည်းမျိုးစုံဖြင့် တပ်အင်အားကို တိုးချဲ့ခဲ့ကြောင်း”  ဖော်ပြခဲ့ပါသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) ညောင်လေးပင်ခရိုင်မှ “(၂၃)ကြိမ်မြောက် KNU ညောင်လေးပင်ခရိုင် ထုတ်ပြန်ကြေညာချက် ” ကို ဇန်နဝါရီ ၁၆ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝလုံခြုံရေးနှင့် စပ်လျဉ်း၍ စိုးရိမ်ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူ ပြည်သားများ၏ ဘဝ ရပ်တည်ရေး အာမခံရန်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာအောင် လုပ်ဆောင်ခြင်းကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် စာချုပ်ပါ သဘောတူညီချက်များအတိုင်း မည်ကဲ့သို့ အကောင်အထည်ဖော်လုပ်ဆောင်နိုင်မည်ကို  တိုင်ပင်ဆွေးနွေး၍ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြကြောင်း” ဖော်ပြခဲ့ပါသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ မိုင်းလားအဖွဲ့(NDAA)ကလည်း ဇန်နဝါရီ ၁၄ ရက်စွဲဖြင့် “ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ မိုင်းလားမြို့အတွင်းရှိ ပြည်သူများထံသို့ အသိပေးအကြောင်းကြားစာ” တခု ထွက်ရှိခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)တို့မှ ကြေညာချက် နှစ်ခုထုတ်ပြန်ခဲ့ပါသည်။

ဇန်နဝါရီ ၁၄ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၏ ထုတ်ပြန်ချက်တွင် “ လက်ရှိဖြစ်ပေါ်နေသော ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများနှင့် အခြေအနေအရပ်ရပ်များအတွက် တာဝန်ရှိကြသော နိုင်ငံတော်အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်ထောင်စု လွှတ်တော်တရားချုပ်တို့က ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် အလေးအနက်ထား တိုက်တွန်း တောင်းဆိုကြောင်း” ဖော်ပြထားပါသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ကလည်း ဇန်နဝါရီ ၁၇ ရက်စွဲဖြင့်  “ဒုတိယအကြိမ်လွှတ်တော် အပြီးသတ် ခေါ်ယူပေးရေး ကိစ္စနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်”တွင် “လွှတ်တော်ကိုယ်စားလှယ်များ၏  နိုင်ငံနှင့် နိုင်ငံသားများ အကျိုးအတွက် ဆောင်ရွက်ချက်များကို  ဆွေးနွေးဆုံးဖြတ် အတည်ပြုပြီးမှသာ  ဒုတိယအကြိမ်လွှတ်တော်ကို ဂုဏ်သိက္ခာရှိစွာဖြင့် အပြီးသတ်ရမည် ဖြစ်၍ ကျန်ရှိနေသည့်သက်တမ်းအတွက် အရေးတကြီး လုပ်ဆောင်နိုင်ရန် အမြန်ဆုံးခေါ်ယူသင့်ကြောင်း” ဖော်ပြခဲ့ပါသည်။

နိုင်ငံတကာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ယူနီဆက်မြန်မာက ဇန်နဝါရီ ၁၂ ရက်စွဲဖြင့် “ မင်းပြားမြို့တွင် ဖြစ်ပွားခဲ့သော စစ်လက်နက်ပစ္စည်းပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်” တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “  ရခိုင်ပြည်နယ်၊ မင်းပြားမြို့ စပါးထားကျေးရွာတွင်  မိုင်းသီးတလုံး ပြင်းထန်စွာ ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ကလေးငယ်ငါးဦး ထိခိုက်ခဲ့ခြင်းအတွက်  လွန်စွာ စိတ်ထိခိုက်ဝမ်းနည်းကြောင်း၊ မြန်မာအစိုးရအ‌နေဖြင့် ကျောင်းများနှင့် ရပ်ရွာအသိုက်အဝန်းများတွင် မိုင်းအန္တရာယ်နှင့် ပတ်သက်သော အသိပညာများ ပေးနိုင်ရန်နှင့် အရေးပေါ်  မိုင်းအန္တရာယ်ပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးပါရန် တိုက်တွန်းကြောင်း” ပါရှိပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN)မှ ဇန်နဝါရီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက် တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကရင်ပြည်နယ် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်နှင့် မူတြော်(ဖာပွန်)ခရိုင်တို့တွင် တပ်မတော်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများကြောင့် ရွာသူကြီးတဦး သေဆုံးမှုနှင့် ဒေသခံ ပေါင်း ၃၇၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရမှုအပေါ်  ရှုတ်ချကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “တပ်မတော်၏ ထိုးစစ်ဆင်နေမှုများအား ချက်ချင်းရပ်တန့်ရန်နှင့် ကရင်နယ်နမိတ်များမှ ၎င်းတို့ တပ်များအား ရုတ်သိမ်းရန် တောင်းဆိုကြောင်း၊ တပ်မတော်မှ နိုင်ငံအဝှမ်းတွင် ထိုးစစ်ဆင်နေမှုများ ရပ်တန့် သည့်အချိန်နှင့် ၎င်းတို့ အခြေစိုက်နေသော တိုင်းရင်သားနယ်မြေများရှိ တပ်စခန်းများ စတင် ဆုတ်ခွာသည့် အချိန်အထိ နိုင်ငံတကာအလှူရှင်များမှ ငြိမ်းချမ်းရေး ဖြစ်စဉ်အား ပံ့ပိုးပေးနေမှုများအပေါ် ဆိုင်ငံ့ထားရန် တိုက်တွန်းကြောင်း” KPSN ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီတတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ တတိယပတ်) appeared first on ISP Myanmar Peace Desk.

ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ ဒုတိယပတ်)
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၁၁ ရက်အထိ (ဇန်နဝါရီ ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စု အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ “ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံက တောင်းဆိုကြောင်း” ထုတ်ပြန်ချက်အပါအဝင် ထုတ်ပြန်ချက် ခုနစ်ခုအထိ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် ပါတီများမှ လေးခု၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ တခုနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် အရပ်ဘက်အဖွဲ့အစည်းများမှ နှစ်ခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့် ထုတ်ပြန်ချက် အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ “ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ ထူထောင်ထားရှိမှုနှင့် ပတ်သက်၍ အသိပေးကြေညာချက်” ကို ဇန်နဝါရီ ၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအသိပေးကြေညာချက်အရ “ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေသို့ မည်သည့် နိုင်ငံခြားငွေ အမျိုးအစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေသို့လည်း မြန်မာကျပ်ငွေဖြင့် ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း” သိရပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ဇန်နဝါရီ ဒုတိယပတ်ကာလအတွင်း တပ်မတော်မှ “ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးရန် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက တောင်းဆိုကြောင်း” ထုတ်ပြန်ချက် အပါအဝင် ထုတ်ပြန်ချက် ခုနစ်ခုအထိ ထုတ်ပြန်ခဲ့ပါသည်။

“ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူ ကျင်းပပေးရန် လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံကတောင်းဆိုကြောင်း” သတင်းထုတ်ပြန်ချက်ကို တပ်မတော်က ဇန်နဝါရီ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကျန်ရှိနေသည့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်း၌ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေး မဆုံးရှုံးစေရန်၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများကို လွှတ်တော်တွင် တင်ပြဆွေးနွေးနိုင်ရန်၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်အခြေခံမူများ မပျက်ယွင်းအောင် ပြည်ထောင်စု လွှတ်တော်က ထိန်းကျောင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၁၇တို့နှင့်အညီ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတပုံကျော်ဖြစ်သော လွှတ်တော် ကိုယ်စားလှယ် ပေါင်း ၂၀၃ ဦးတို့က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၁ရက်တွင် ပြည်ထောင်စုလွှတ်တော်နာယကထံ စုစည်းတောင်းဆို တင်ပြခဲ့ကြောင်း” ဖော်ပြထားပါသည်။

ထို့အပြင် တပ်မတော်မှ ဇန်နဝါရီ ၇ရက်စွဲဖြင့် “ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိသည့် မြို့နယ်များ၌ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်”တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “နိုင်ငံသူ၊ နိုင်ငံသားများ၏ ဒီမိုကရေစီအခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် ဒေသကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ်များမှ တဆင့် မိမိတို့၏ ဒီမိုကရေစီအခွင့်အရေးများကို ဖော်ဆောင် နိုင်ရေးတို့အတွက် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိခဲ့သည့် ရခိုင်ပြည်နယ်မှ ကိုးမြို့နယ်နှင့် ရှမ်းပြည်နယ်မှ မိုင်းကိုင်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ ဆောလျင်စွာ အမြန်ဆုံးကျင်းပပေးနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်များသို့ အလေးထား တိုက်တွန်းကြောင်း” ဖော်ပြထားပါသည်။

ဆက်လက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၀ရွေးကောက်ပွဲ မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ သတင်းထုတ်ပြန်ချက် ငါးခုအထိ ထွက်ရှိခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဇန်နဝါရီ ၈ ရက်စွဲဖြင့် “ အပစ်အခတ်ရပ်စဲရေးခိုင်မာမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ကြေညာချက်” တခုထွက်ရှိခဲ့ပါသည်။

အချက်ငါးချက်ပါ ထိုထုတ်ပြန်ချက်တွင် “ ပြည်သူများက အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ကျဆင်းလာခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ပြန်လည် တိုးပွားမသွားရေးအတွက် ပြေလည်နိုင်ရေးနည်းလမ်းသည် NCA ပါ ပြဌာန်းချက်များကို အခြေခံသည့် နှစ်ဖက်တပ်များအကြား တွေ့ဆုံ ညှိနှိုင်းအဖြေရှာခြင်းသာဖြစ်သည်ဟု KNU က ယုံကြည်ကြောင်း” ဖော်ပြထားပါသည်။

ယင်းနောက် “KNU သည် NCA အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များအား အောင်မြင်စွာ လုပ်ကိုင်ဆောက်ရွက်ခြင်းဖြင့် အပစ်အခတ် ရပ်စဲရေးခိုင်မာခြင်း၊ မှန်ကန်ပြီးတရားမျှတသည့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံရေးသဘောတူညီမှုရလဒ်များရရှိရေးကို တစိုက်မတ်မတ် ကြိုးစားနေကြောင်း” KNU ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့ပြင် KNU မူတြော်၊ (ဖာပွန်)ခရိုင် အမြဲတမ်းကော်မတီမှ ဇန်နဝါရီ ၇ ရက်စွဲဖြင့် “ မူတြော် (ဖာပွန်)ခရိုင်၊ ဒွဲလိုမြို့နယ်ရှိ ပြည်သူလူထုများမှ ဆန္ဒပြတောင်းဆိုမှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်” တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ဒွဲလိုနှင့် လူသောမြို့နယ်များမှ ပြည်သူလူထုများက တပ်မတော်မှ တပ်စခန်းများရုပ်သိမ်းပေးရန်၊ စစ်ဆင်ရေး လမ်းဖောက်လုပ်ခြင်းအား ရပ်တန့်ပေးရန်၊ ဒရုန်းဖြင့် စုံစမ်းထောက်လှမ်းမှုများနှင့် ပြည်သူလူထု လယ်ယာလုပ်ငန်းများနှင့် ကျေးရွာများအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းစသည့် လုပ်ဆောင်မှုတို့ကို ရပ်တန့်ပေးရန် နှစ်ကြိမ်တိုင်တိုင် တောင်းဆိုဆန္ဒပြခဲ့ကြကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ တပ်မတော်မှ အမှန်တကယ်ငြိမ်းချမ်းရေးကို လိုလားသည်ဆိုပါက ပြည်သူလူထုတောင်းဆိုချက်များကို လေးစားလိုက်နာရမည် ဖြစ်ပြီး လိုက်နာ ဆောင်ရွက်မှုမရှိပါက ပြည်သူလူထု၏ အကျိုးစီးပွားနှင့် ဘ၀လုံခြုံရေးအား အကာအကွယ်ပေးရန် မိမိတို့ကော်မတီမှ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း ပါတီများမှ ကြေညာချက် လေးခုအထိ ထုတ်ပြန်ခဲ့ပါသည်။

ကချင်ပြည်သူ့ပါတီ(KSPP)မှ “(၇၃)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်” ကို ဇန်နဝါရီ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်နှင့် အမျိုးသားတန်းတူအခွင့်အရေး ဆုံးရှုံးရခြင်းကြောင့် ပေါ်ပေါက်လာသော လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် လိုအပ်ကြောင်းနှင့် ကချင်ပြည်သူ့ပါတီ(KSPP) သည် ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်နှင့်အညီ တည်ဆောက်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်တည်လာရေးအတွက် တိုင်းရင်းသားပါတီများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ ပြည်နယ် အတွင်းရှိ တိုင်းရင်းသားအားလုံးနှင့် လက်တွဲ၍ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း” ဖော်ပြထားပါသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီက တတိယအကြိမ် လွှတ်တော်များ ခေါ်ယူခြင်းနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်ကို ဇန်နဝါရီ ၇ ရက်စွဲဖြင့် ထုတ်ပြန်သကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော မဲလက်မှတ်များ အပါအဝင် စာရွက်စာတမ်းများကို ဖျက်ဆီးခြင်းအား ဆိုင်းငံ့ထားရန် ဇန်နဝါရီ ၆ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ဇန်နဝါရီ ပထမပတ်ကာလအတွင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)မှ ဇန်နဝါရီ ၅ရက်စွဲဖြင့် “ဧရာဝတီတိုင်းအတွင်းရှိ စောဘဦးကြီး၏ ရုပ်တုအား ဖိအားပေးဖြုတ်ချစေခြင်း အပေါ် ထုတ်ပြန်ချက်” တခုထွက်ရှိခဲ့ ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကရင်တိုင်းရင်းသားအမျိုးသားခေါင်းဆောင်၏ ရုပ်တုကို အတင်းအဓ္ဓမ ဖိအားပေး ဖယ်ရှားစေမှုနှင့်ပတ်သက်၍ ကရင် လူ့အခွင့်အရေးအဖွဲ့မှ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် အာဏာပိုင်များမှ ၂၀၁၅ ခုနှစ် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် ဥပဒေတွင် ဖော်ပြထားသည် နှင့်အညီ တိုင်းရင်းသားလူမျိုးစုများမှ ၎င်းတို့၏ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ပေးရန် တောင်းဆိုကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် မြန်မာတနိုင်လုံးရှိ အရပ်ဘက်အဖွဲ့အစည်းများကလည်း ဇန်နဝါရီ ၁၀ ရက်စွဲဖြင့် “လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်” ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “နိုင်ငံတော်အနေဖြင့် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်နှင့် ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှားမှု ကြောင့် တရားစွဲဆိုခံထားရသည့်သူများ၏ စွဲချက်များကို ရုပ်သိမ်းပေးရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ယခုကဲ့သို့ တရားစွဲဆိုနိုင်ရန် ခွင့်ပြုထားသော ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကိုလည်း နောင်လာမည့် လွှတ်တော် အစည်းအဝေးများတွင် ပြင်ဆင်ပြဌာန်းရန် တိုက်တွန်းကြောင်း” ဖော်ပြခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ ဒုတိယပတ်) appeared first on ISP Myanmar Peace Desk.

ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ ပထမပတ်)
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ (ဇန်နဝါရီ ပထမပတ်) ကာလအတွင်း ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီများ၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၁ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပါအဝင် ထုတ်ပြန်ချက် ကိုးခုအထိ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ လေးခု၊ ပါတီများနှင့် မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ နှစ်ခုစီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကရင်လူငယ်များနှင့် ကရင်လူမှုရေးရာအဖွဲ့တို့မှ ကြေညာချက်တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြုအာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ်ဖော်ပြထားပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်

ဇန်နဝါရီ ပထမပတ်ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ “ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန” က ဒီဇင်ဘာ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သောကြောင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြား ချက်များ (ဖြေလျှော့/ တိုးမြှင့်ရန်လိုအပ်သည့်ကိစ္စရပ်များ မပါ) အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း” ဖော်ပြထားပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ “ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲစာရင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်”ကို ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံသည့်သဘောသက်ရောက်စေသည့် သဘောထားထုတ်ပြန်ချက်များ၊ အလားတူ ဆောင်ရွက်ချက်များကို နိုင်ငံရေးပါတီများကဖြစ်စေ၊ အဖွဲ့အစည်းများကဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်း မပြုကြပါရန်” အသိပေးထားပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ဇန်နဝါရီ ပထမပတ်ကာလအတွင်း တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပါအဝင် ထုတ်ပြန်ချက် ကိုးခုအထိ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်မှ ဒီဇင်ဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်”တွင် “မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိစေရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကမ္ဘာတဝှမ်း ရင်ဆိုင်လျက်ရှိသော ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း” ဖော်ပြထားပါသည်။

ထို့အပြင် တပ်မတော်မှ “တပ်မတော်နှင့် AA အဖွဲ့တို့ ဆွေးနွေးမှုရလဒ်များကြောင့် AA အဖွဲ့မှ ၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားသည့် လွှတ်တော်ကိုယ်စားလှယ်သုံးဦးနှင့် တပ်မတော်သားသုံးဦးတို့ကို တပ်မတော်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း” ဇန်နဝါရီ ၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “တပ်မတော်နှင့် AA အဖွဲ့တို့ ဆွေးနွေးမှုရလဒ်များအရ AA အဖွဲ့မှ ၎င်းတို့ဖမ်းဆီး ထိန်းသိမ်းထားသည့် လွှတ်တော် ကိုယ်စားလှယ်သုံးဦးနှင့် တပ်မတော်သားသုံးဦးတို့အား ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် တပ်မတော်စစ်ကြောင်းထံသို့ ဇန်နဝါရီ ၁ရက်တွင် လာရောက် လွှဲပြောင်းပေးခဲ့ကြောင်းနှင့် ၎င်းလွှတ်တော်ကိုယ်စားလှယ်များအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ တပ်မတော် ရဟတ်ယာဉ်များဖြင့် ဘေးကင်းလုံခြုံစွာ ဆက်လက်ခေါ်ဆောင်ပေးခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူ များထံ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၉ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ရက်အထိ သတင်းထုတ်ပြန်ချက် ခြောက်ခုထိ ထွက်ရှိခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ULA/ AA အဖွဲ့မှ “တောင်ကုတ် NLD ပါတီ အဖွဲ့ဝင် သုံးဦးအား ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း” ဇန်နဝါရီ ၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ULA/ AAအဖွဲ့မှ NLD ပါတီ အဖွဲ့ဝင်များကို ကောင်းမွန်စွာပြန်လည်လွှတ်ပေးသည့် နည်းတူ NLD အစိုးရလက်ထက်တွင် အမှန်တကယ်ပြစ်မှုမကျူးလွန်ပါဘဲနှင့် ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီး ထိန်းသိမ်းခံနေရသော ရခိုင့်နိုင်ငံရေးသမားများ၊ အပြစ်မဲ့ပြည်သူများနှင့် အခြေအနေအမျိုးမျိုးတွင် ဖမ်းဆီး ခံနေရ သော ULA/AA တပ်ဖွဲ့ဝင်များအားလုံးကိုလည်း NLD အစိုးရမှ ငြိမ်းချမ်းရေးကို ရှေးရှု၍ အပြန်အလှန် တုံ့လှယ်သော မေတ္တာတရားတို့နှင့် သဘောထားကြီးမားစွာဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ရခိုင် တမျိုးသား လုံးမှ လိုလားပါကြောင်း” ဖော်ပြခဲ့ပါသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ULA/AA ၊ PSLF/TNLA နှင့် MNTJP/MNDAA အဖွဲ့တို့မှ ဇန်နဝါရီ ၁ ရက်စွဲဖြင့် “တဖက်သတ် အပစ်ရပ်စဲခြင်းအား နှစ်လတာ ထပ်မံသက်တမ်းတိုးမြှင့်ကြောင်း” ပူးတွဲထုတ်ပြန်ကြေညာချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါကြေညာချက်တွင် “အစိုးရ၊ တပ်မတော်တို့နှင့် လက်တွေ့ကျသည့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆွေးနွေးညှိနှိုင်းဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်၊ မျှော်မှန်းချက်များဖြင့် တဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ကြေညာရခြင်းဖြစ်ကြောင်း၊ ယခုလည်း ထပ်မံ၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်အထိ တဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား နှစ်လတာသက်တမ်းထပ်မံတိုးမြှင့်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “ ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်မှ တဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည့် ကာလအတွင်း တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိလာပါက ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် အဖိနှိပ်ခံပြည်သူ လူထုများနှင့် လက်တွဲပြီး ယခင်နည်းတူ မိမိကိုယ်မိမိခုခံသည့်အနေဖြင့် တုံ့ပြန်ကာကွယ် သွားမည် ဖြစ်ကြောင်း” ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

မြန်မာနိုင်ငံဆိုင်ရာ သံရုံးများ၏ ထုတ်ပြန်ချက်

ULA/ AAအဖွဲ့မှ ဖမ်းဆီးခဲ့သော တောင်ကုတ်မြို့နယ် NLD ပါတီဝင် ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လည်လွတ်မြောက်လာမှုနှင့် ပတ်သက်၍ ကြိုဆိုကြောင်း ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် ပြင်သစ်သံရုံးတို့မှ ဇန်နဝါရီ ၁ ရက်စွဲဖြင့် အသီးသီးထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် “ရွေးကောက်ပွဲမတိုင်မီက တောင်ကုတ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသော ကိုယ်စားလှယ်လောင်းသုံးဦး ပြန်လည်လွတ်မြောက်လာခြင်းကို ကြိုဆိုကြောင်း၊ ULA/AA အဖွဲ့၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်တွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန်လိုအပ်ကြောင်းလည်း မီးမောင်းထိုးပြလိုကြောင်းနှင့် ပြည်သူလူထုအားလေးစားမှုအပေါ် အခြေခံသော အမျိုးသားပြန်လည်ရင်ကြား စေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်း” ထည့်သွင်းဖော်ပြထားပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ကြေညာချက်နှစ်ခု ထုတ်ပြန်ခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဇန်နဝါရီ ၄ ရက်စွဲဖြင့် “(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကြေညာချက်” တွင် အပြန်အလှန် လေးစားအသိအမှတ်ပြုခြင်းဖြင့် အစွဲအလမ်းကင်းကင်း စေတနာသန့်သန့် စေ့စပ်ညှိနှိုင်းလျက် တူညီသောပိုင်းခြေကိုရှာဖွေခြင်းသည် နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းစေခြင်း အတွက်လည်း အာမခံကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် ဂုဏ်သိက္ခာ ရှိသော နိုင်ငံရေးချဉ်းကပ်မှုဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ အနာဂတ်အတွက် တူညီသည့်စိုးရိမ်စိတ်ဖြင့် ညီညွတ် ပေါင်းစည်း ယုံကြည်မှုတည်ဆောက်နိုင်ကြလျှင် သဘောထားကွဲလွဲမှုနှင့် သံသယစိတ်များလျော့နည်း ကွယ်ပျောက်သွားမည်ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် ”  ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးအဓိဌာန်ပြုချက်များကို အလေးအနက်ပြုလျက် ပြည်သူလူထုနှင့်အတူ အမျိုးသားလွတ်လပ်ရေး အမျိုးသားဂုဏ်သိက္ခာနှင့် အမျိုးသားအချုပ်အခြာအာဏာကို ဆက်လက်ထိန်းသိမ်းကာကွယ်ရင်း လွတ်လပ်ရေးမော်ကွန်းကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း” NLD ပါတီ၏ ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ဇန်နဝါရီ ပထမပတ်ကာလအတွင်း ကရင်လူငယ်များမှ “ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်နှင့် လက်တလော ဖြစ်ပေါ်လာသော စစ်ရေးတင်းမာမှုများအပေါ် ကရင်လူငယ်တို့၏ သဘောထားရပ်တည်ချက်ကြေညာစာတမ်း” ကို ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကြေညာစာတမ်းတွင် “ မူတြော်ခရိုင်(ဖာပွန်) ဒေသ၌ လတ်တလောဖြစ်ပေါ်လာသော တင်းမာမှုများ သာမက မြန်မာပြည်အနှံ့အပြားတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးတိုးချဲ့လှုပ်ရှားမှုများနှင့် စစ်ပွဲပဋိပက္ခများကို အာဏာရအစိုးရနှင့် တပ်မတော်တို့မှ ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း၊ ဦးဆောင်သူများအနေဖြင့် ပြည်တွင်းစစ် ပဋိပက္ခအမွေဆိုးနှင့် အမုန်းတရားများကို မျိုးဆက်သစ် လူငယ်များအား ထပ်မံလက်ဆင့်ကမ်းခြင်း မပြုရန် ထပ်လောင်းတိုက်တွန်းကြောင်း” ဖော်ပြထားပါသည်။

ထို့အပြင် ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ကလည်း တပ်မတော်နှင့် KNU အဖွဲ့အကြား စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက NCA နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း ဇန်နဝါရီ ၄ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီပထမပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post ထုတ်ပြန်ကြေညာချက်များ (ဇန်နဝါရီ ပထမပတ်) appeared first on ISP Myanmar Peace Desk.

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ နောက်ဆုံးပတ်)
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ (ဒီဇင်ဘာ နောက်ဆုံးပတ်) ကာလအတွင်း အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း ၁၄ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အစိုးရနှင့် မိုင်းလားအဖွဲ့ (NDAA)တို့မှ ထုတ်ပြန်ချက် ကိုးခု အထိ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တပ်မတော်မှ ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက်နှစ်ခု၊ ချင်းအရပ်ဘက်အဖွဲ့အစည်း (၈)ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP/ SSA)နှင့် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်တို့မှ တခုစီ အသီးသီးထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့်ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ဒီဇင်ဘာ နောက်ဆုံးပတ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်စွဲဖြင့် “ပိုးတွေ့လူနာတွေ့ရှိမှု လျော့နည်းလာသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုရှိမြို့ နယ်ပေါင်း ၁၂ မြို့နယ်ကို နေအိမ်တွင် နေထိုင်ရေးအစီအစဉ် (Stay at Home)မှ ပယ်ဖျက်လိုက်ကြောင်း” ထုတ်ပြန်ချက်ကို ခြောက်ခုထိ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်အရ “Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်သော တိုင်းနှင့် ပြည်နယ်အလိုက် မြို့နယ်များမှာ ရန်ကုန်တိုင်းမှ သုံးမြို့နယ်၊ မန္တလေးတိုင်းမှ တမြို့နယ်၊ ပဲခူးတိုင်းမှ နှစ်မြို့နယ်၊ ဧရာဝတီတိုင်းမှ နှစ်မြို့နယ်၊ မွန်ပြည်နယ်မှ နှစ်မြို့နယ်၊ ကချင်ပြည်နယ်မှ နှစ်မြို့နယ်ဖြင့် စုစုပေါင်း ၁၂ မြို့နယ် ဖြစ်ကြောင်း” သိရပါသည်။ အဆိုပါမြို့နယ်များမှာ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ ကွမ်းခြံကုန်း၊ အမရပူရ၊ ကဝ၊ သနပ်ပင်၊ ဖျာပုံ၊ မအူပင်၊ မော်လမြိုင်၊ ဘီးလင်း၊ ဖားကန့်နှင့် မိုးညှင်းမြို့နယ်တို့ဖြစ်ကြောင်းလည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြခဲ့ပါသည်။

ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ” မန္တလေးတိုင်းအတွင်းရှိ အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီးမြို့နယ်များကို အိမ်တွင် နေထိုင်ရေး အစီအစဉ် (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့သည်”ဟု သိရပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၀ရွေးကောက်ပွဲ မဲစာရင်းများ စိစစ်တွေ့ရှိချက်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် နှစ်ခုထွက်ရှိခဲ့ပါသည်။

တပ်မတော်က “မဲစာရင်းကွာဟချက်များ ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သောမြို့နယ်များမှ စိစစ်ပြီးသည့် အောင်မြေသာစံ၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် တနိုင်းမြို့နယ် လေးမြို့နယ်၏ အချက်အလက်များကို Excel ဖိုင်များဖြင့် ဖော်ပြထားကြောင်း” ဒီဇင်ဘာ ၂၃ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် တပ်မတော်က “မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့် စပ်လျဉ်း၍ ဒုတိယအကြိမ်ထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂၆ ရက်စွဲဖြင့် ထပ်မံထုတ်ပြန်ခဲ့ပြီး ထပ်မံစိစစ်ပြီးသည့် မြစ်ကြီးနား၊ လယ်ဝေးနှင့် စေတုတ္တရာမြို့နယ် သုံးမြို့နယ်၏ မဲစာရင်းကွာဟမှု အချက်အလက်များကို Excel ဖိုင်များဖြင့် ဖော်ပြထားကြောင်း” ဖော်ပြခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ကိုဗစ်- ၁၉ရောဂါ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် ပတ်သက်၍ မိုင်းလားအဖွဲ့(NDAA)မှ ထုတ်ပြန်ချက်နှစ်ခု ထွက်ရှိခဲ့ပါသည်။

NDAA အဖွဲ့က “မိုင်းလားမြို့တွင်း နေရာတချို့သွားလာမှု ကန့်သတ်ခြင်းဆိုင်ရာ အသိပေးအကြောင်းကြားခြင်း” ကို ဒီဇင်ဘာ ၂၂ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ တာလော့ စစ်ဆေးရေးဂိတ်ကို အမြဲဖွင့်လှစ်ထားပြီး နေရပ်သို့ ပြန်လိုသည့် တရုတ်နိုင်ငံသားများသည် သတ်မှတ်ချက်အတိုင်း အချိန်မရွေးပြန်နိုင်ကြောင်း၊ တရားမဝင်လမ်းကြောင်းမှတဆင့် နယ်စပ် ဖြတ်သန်းမှုကို တင်းကျပ်စွာ တားမြစ်ထား၍ ဒေသအတွင်း တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးမိပါက သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်း စည်းကမ်းအတိုင်း ပြင်းထန်စွာအရေးယူခြင်းခံရမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့ပြင် NDAA အဖွဲ့မှ “ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ အသိပေးနှိုးဆော်ချက်”ကို ဒီဇင်ဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “နမ့်မချောင်း တောင်ဘက်ရှိ ရွှေပြည်တံတား နာရီစင်မှ ပြည်ဝင်မုခ်ဦး စုစုပေါင်းစစ်ဆေးရေးဂိတ်အထိ ရွှေပြည်တံတားနာရီစင်မှ သုညကီလို အဝိုင်းပတ် နမ့်မချောင်း မြောက်ဘက်နှင့် ဝမ်ရှို ဖွံ့ဖြိုးရေးဇုန်အထိ စသည့် (၄) နေရာ၌ နေထိုင်သည့် ပြည်သူများအားလုံးကို အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ ရောဂါစစ်ဆေးခြင်းလုပ်ငန်းကို အဖွဲ့လိုက်ခွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တကြိမ် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာ ရောဂါစစ်ဆေးခြင်း၏ ကုန်ကျစရိတ်ကို အထူးဒေသ(၄) ဘဏ္ဍာရေးမှ ကုန်ကျခံ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ဖော်ပြထားပါသည်။

“ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စု ဝမ်နက်ရွာ သက်ငယ်မုဒိမ်း၊ လူသတ်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်”ကို ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA)က ဒီဇင်ဘာ ၂၂ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ “ဝမ်နက်ရွာ သက်ငယ်မုဒိမ်း၊ လူသတ်မှုနှင့်ပတ်သက်၍ တရားခံသည် အသက်မပြည့်သောသူကို မုဒိမ်းပြုကျင့်သောကြောင့် သက်ငယ်မုဒိမ်းကျူးလွန်မှု၊ မုဒိမ်းပြုကျင့်ပြီး သေသည်အထိ လုပ်ကြံခဲ့သောကြောင့် လူသတ်မှုမြောက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုတရားရုံးမှ တရားခံအား ပြစ်မှုနှစ်ခုကျူးလွန်မှုဖြင့် သေဒဏ်ချမှတ်လိုက်ပါကြောင်း” SSPP/ SSA ၏ ထုတ်ပြန်မှုတွင် ပါရှိပါ သည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ဒီဇင်ဘာ နောက်ဆုံးပတ်ကာလအတွင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နှင့် ချင်းအရပ်ဘက် အဖွဲ့အစည်း (၈)ဖွဲ့တို့မှ ထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။

ချင်းအရပ်ဘက်အဖွဲ့အစည်း (၈)ဖွဲ့က   “ချင်းပြည်နယ် ဝန်ကြီးချုပ်နေရာအတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးအတွေ့အကြုံရှိသည့် ကိုယ်စားလှယ်ကို ရွေးချယ်ရန်” ပူးတွဲထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၂၈ ရက်စွဲဖြင့် ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ချင်းပြည်နယ်သည် နိုင်ငံတွင်းဆင်းရဲမွဲတေမှုအဆင့် အမြင့်ဆုံးတွင်ရှိနေခြင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းပြည်နယ်အစိုးရအနေဖြင့် စစ်တမ်းရလဒ်တခုတွင် လာဘ်ပေးလာဘ်ယူ အမြင့်ဆုံးတွင် ရှိနေခြင်း၊ ပြည်နယ်တွင်း ဘတ်ဂျက်ခွဲဝေမှုမညီမျှမှုများရှိခြင်းကြောင့် နောင်ဖွဲ့စည်းမည့်အစိုးရတွင် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး နောက်ခံအတွေ့အကြုံရှိသည့် ပြည်သူ့ကိုယ်စားလှယ်ကိုသာ တာဝန်ပေးသင့်ပါကြောင်း” ပါရှိပါသည်။

သံလွင်ငြိမ်းချမ်းရေးဥယျာဉ်မှ “ဒုတိယအကြိမ်အထွေထွေညီလာခံ ထုတ်ပြန်ကြေညာချက်” ကို ဒီဇင်ဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “အစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဌာနေတိုင်းရင်းသားတို့ကို လျစ်လျူရှုသော ၎င်းတို့၏ ဥပဒေနှင့်မူဝါဒများကို ပြန်လည်ပြုပြင်ရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ဓလေ့ ထုံးတမ်းများကို ကော်သူးလေတွင်သာမက မြန်မာတဝန်းရှိ တိုင်းရင်းသားအားလုံး၏ နယ်မြေတွင် မဖြစ်မနေအသိအမှတ် ပြုရမည်ဖြစ်ကြောင်း၊ သစ်တော၊ မြေယာနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲမှုများ၌ ဌာနေတိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုလက်ခံရမည်ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် မတူကွဲပြားသော ၎င်းတို့၏ ဓလေ့ထုံးတမ်းဥပဒေများနှင့် ပြည့်နှက်နေသည့် မြန်မာနိုင်ငံတွင် ပဋိပက္ခကို အဆုံးသတ်ရန်နှင့် ငြိမ်းချမ်း‎ရေးကို ဖန်တီးနိုင်ရန်အတွက် အထက်ပါအကြောင်း အရာများမှာ ရေရှည်တည်တံ့ပြီး တရားမျှတသော နည်းလမ်းသာဖြစ်ကြောင်း” သံလွင်ငြိမ်းချမ်းရေးဥယျာဉ်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ နောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ နောက်ဆုံးပတ်) appeared first on ISP Myanmar Peace Desk.

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ တတိယပတ်)
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ (ဒီဇင်ဘာ တတိယပတ်) ကာလအတွင်း တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၀ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ‘၀’အဖွဲ့ (UWSP/UWSA) နှင့် မိုင်းလားအဖွဲ့(NDAA)တို့မှ ထုတ်ပြန်ချက် လေးခုအထိ ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တပ်မတော်မှ သုံးခုနှင့် ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU)၊ ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)တို့မှ တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ မဲဝိုင် အနီးတွင် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများအား KNLA တပ်မဟာ(၅)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း” ထုတ်ပြန်ချက် အပါအဝင် ထုတ်ပြန်ချက်သုံးခု ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ ဒီဇင်ဘာ ၁၅ရက်စွဲဖြင့် “မဲဝိုင်အနီးတွင် အုပ်ချုပ်မှုကိစ္စဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများအား KNLA တပ်မဟာ(၅)အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း” သတင်းထုတ်ပြန်ချက်တွင် “ တပ်မတော်သားများအား KNLA တပ်မဟာ(၅)မှ မိုင်းဆွဲတိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ KNLA အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “တပ်မတော်အနေဖြင့် KNLA တပ်မဟာ(၅)၏ NCA စာချုပ် ချိုးဖောက်မှုများနှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (ပြည်နယ်အဆင့်)သို့ (၃၉) ကြိမ် ကန့်ကွက်ခဲ့ကြောင်း၊ နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ဆက်လက်ပြီး တပ်မတော်က “ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်မှ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း” ဒီဇင်ဘာ ၂၁ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာ ကနဦးပြန်လည် နေရာချထားရန် လျာထားသည့် ကျေးရွာများအနက်မှ ဝိုင်းမော်မြို့နယ် တဘက်ယန်ကျေးရွာကို ဒီဇင်ဘာ ၁၃ မှ ၁၆ ရက်အထိ တပ်မတော်မှ မိုင်းရှင်းလင်းရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ပြီး တိုက်မိုင်းကိုယ်ထည် ၁၀ လုံး အား ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး သံတမန်ကြီးတစ်ဦးဖြစ်သည့် Sri Sri Ravi Shankar အား Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း” ဒီဇင်ဘာ ၁၇ရက်စွဲဖြင့် တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

ဒီဇင်ဘာ တတိယပတ်အတွင်း ကိုဗစ်- ၁၉ရောဂါ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ‘၀’အဖွဲ့ (UWSP/UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့မှ ထုတ်ပြန်ချက်များ အသီးသီးထွက်ရှိခဲ့ပါသည်။

UWSP/ UWSA အဖွဲ့က ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အရေးပေါ် ထုတ်ပြန်ကြေငြာချက်” တွင် “ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၆ ရက်တွင် “ဝ”ပြည်နယ်မှ တရုတ်နိုင်ငံ မုံးလင်မြို့သို့ ခိုးဝင်သွားသော လူနှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်တွင် မိုင်းပေါက်မြို့၌ ပိုးတွေ့လူနာနှစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဆက်လက်ပြီး ထိတွေ့နီးစပ်ခဲ့သူအားလုံးရှာဖွေခဲ့ရာ စုစုပေါင်း ၃၁၂ ဦး ရှိခဲ့၍ အားလုံးကို သီးခြားQuarantine ထားရှိကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအတွက် ဗဟိုအစိုးရ၏ စည်းမျဉ်းဥပဒေများကို ဆက်လက်အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ပန်ခမ်းမြို့တွင် ကုတင်၃၀၀ဆန့်သော Quarantine center ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်းနှင့် မိုင်းလားမြို့သို့ သွားလာခွင့်လက်မှတ်ကို နှစ်လကြာ (ဒီဇင်ဘာလ ၁၇ ရက်မှ ၂၀၂၁ခုနှစ် ​ဖေ​ဖော်ဝါရီ ၁၇ ရက်အထိ) ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အပါအဝင် အရေးပေါ်သတိပေးချက် ၁၅ ချက်ကို ထုတ်ပြန်ခဲ့ကြောင်း” ‘၀’အဖွဲ့၏ အရေးပေါ်ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

NDAA အဖွဲ့က “တရုတ်နိုင်ငံယူနန်ပြည်မှ သတင်းထုတ်ပြန်လိုက်သည့် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄)၏ ခရီးသွားရာဇဝင်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားချက်” ကို ဒီဇင်ဘာ ၁၆ ရက်စွဲဖြင့် လည်းကောင်း၊ “အထူးဒေသ(၄)၏ ခရီးသွားရာဇဝင် ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးနှင့် ပတ်သက်၍ ဒေသတွင်း သွားလာလှုပ်ရှားမှု စုံစမ်းစစ်ဆေးရေးအခြေနေအား အသိပေးအကြောင်းကြားခြင်း” ထုတ်ပြန်ချက်ကို ဒီဇင်ဘာ ၁၇ ရက်စွဲဖြင့်လည်းကောင်း ဆက်တိုက်ထုတ်ပြန်ခဲ့ပါသည်။

ဆက်လက်ပြီး NDAA အဖွဲ့က ဒီဇင်ဘာ ၁၈ ရက်စွဲဖြင့် “ ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄) ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်း ဦးစီးအဖွဲ့၏ အသိပေး နှိုးဆော်ချက်” ကို ထပ်မံထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ အသိပေးနှိုးဆော်ချက်တွင် “ရောဂါကာကွယ်ထိန်းချုပ်ရေးသည် လူတိုင်းတွင် တာဝန်ရှိ၍ မိဘပြည်သူများအားလုံး အပြင်ထွက်ပါက နှာခေါင်းစည်းကို သေချာစွာ တပ်ဆင်ကြပါရန်၊ လူဦးရေထူထပ်သောနေရာများသို့ သွားရောက်ပါက ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် ပိုးသတ်ဆေး ဖျန်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံကြောင်းနှင့် ထိုသတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသူများမှာ ဒဏ်ကြေးငွေ ယွမ် (၅၀၀) ပေးဆောင်ရမည်ဖြစ်ပြီး နောက်ဆက်တွဲ ပြင်းထန်သည့် ဆိုးကျိုးများ ဖြစ်ပေါ်လာစေပါက ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဒီဇင်ဘာ ၁၅ရက်စွဲဖြင့် “ကေအဲန်ယူ-ဒူးပလာယာခရိုင် သစ်တောဌာနမှ အများပြည်သူများ လိုက်နာကျင့်သုံးရန်အတွက် ထုတ်ပြန်ကြေငြာချက်” တခု ထုတ်ပြန်ခဲ့ ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ

ဒီဇင်ဘာ တတိယပတ်ကာလအတွင်း ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)နှင့် ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)တို့မှ ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

CSSU အဖွဲ့ဝင်အဖွဲ့အစည်းအားလုံးမှ ခေါင်းဆောင်များ ကိုယ်စားလှယ်များ၊ မူဝါဒအကြံပေးများနှင့် နည်းပညာအကြံပေးများ စုစုပေါင်း ကိုယ်စားလှယ် ၆၅ ဦးတက်ရောက်ခဲ့ကြသည့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အထူးအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်ကို ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင်  “CSSU အနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် မပြီးပြတ်သေးသည့် တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံသည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းမှ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်  သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြမည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း”ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “ဦးတည်ချက်၊ ရည်မှန်းချက်များ ရောက်ရှိအောင်မြင်နိုင်ရေးလုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် ရှမ်းအမျိုးသားအင်အားစုများအကြား စည်းလုံးညီညွတ်ရေး၊ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားအင်အားစုများ အကြား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်ရေးတို့ကို အဓိကထား ဦးတည်ဆောင်ရွက်သွားကြရမည့်အပြင် စုပေါင်းအင်အား၊ စုပေါင်းဦးဆောင်မှုနှင့် စုပေါင်း အကောင်အထည်ဖော်ခြင်းတို့ဖြင့် ဆောင်ရွက်သွားရန် CSSU အဖွဲ့ဝင် အဖွဲ့အစည်းခေါင်းဆောင်များက လမ်းညွှန်မှုပေးခဲ့ကြောင်း” ထိုထုတ်ပြန်မှုတွင် ပါရှိပါသည်။

ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)၏ ဒီဇင်ဘာ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် “ AA အဖွဲ့ဝင်များက လေးလခွဲကြာ ဖမ်းဆီးထားခဲ့သည့် ချင်းလူငယ်တစ်ဦးဖြစ်သူ ဆလိုင်းအောင်စိုးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ပြန်လည်လွတ်မြောက်လာ ဖြစ်ကြောင်း ” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AAအဖွဲ့ကြား ဖြစ်ပွားသည့် စစ်ရေးပဋိပက္ခကိုအကြောင်းပြု၍ အကြောင်းမဲ့ဖမ်းဆီးခံရသည့် အပြစ်မဲ့အရပ်သား ပြည်သူများအား မည်သူက ဖမ်းဆီးထားသည်ဖြစ်စေ အမြန်ဆုံးပြန်လွှတ်ပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအား အလေးအနက်တိုက်တွန်းကြောင်း” KACC ၏ ထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ တတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ တတိယပတ်) appeared first on ISP Myanmar Peace Desk.

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ဒုတိယပတ်)
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ (ဒီဇင်ဘာ ဒုတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၁၂ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် အရပ်ဘက်အဖွဲ့အစည်းများမှ လေးခုအထိ ထုတ်ပြန်ခဲ့ပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခုစီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီတို့မှ တခုစီ အသီးသီးထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်

ကိုဗစ်-၁၉ ကပ်ရောရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ “ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန” က ဒီဇင်ဘာ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကိုဗစ်- ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သောကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/ တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များ မပါ) အား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း” ဖော်ပြထားပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်” တခု အပါအဝင် ထုတ်ပြန်ချက်သုံးခု ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ ဒီဇင်ဘာ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ချက်”တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်ပါ အပိုဒ်များကို တပိုဒ်ချင်းစီ ရှင်းလင်းတုံ့ပြန်ထားပါသည်။

ယင်းနောက် ထုတ်ပြန်ချက်နောက်ဆုံးအပိုဒ်တွင် “ သဘာဝတရားမျှတမှု တနည်းအားဖြင့် တရားမျှတစွာ ဆောင်ရွက်ရန် တာဝန်အရ အခြေခံစည်းမျဉ်း နှစ်ရပ် ရှိကြောင်း၊ ပထမစည်းမျဉ်းမှာ ဘက်လိုက်မှုကို ဆန့်ကျင်ခြင်းဖြစ်ပြီး ဒုတိယစည်းမျဉ်းမှာ မျှတစွာကြားနာခွင့် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သဘာဝတရားမျှတမှု မူသဘောကိုအခြေခံ၍ ပွင့်လင်းမြင်သာမှု သန့်ရှင်းမျှတမှုတို့ဖြင့် သံသယများကင်းစင်ပပျောက်မှုကို ဆောင်ကြဉ်းပေးသင့်ပါကြောင်း” ဖော်ပြထားပါသည်။

ဦးဂါကျေးရွာဖြစ်စဉ်နှင့် ပတ်သက်၍လည်း တပ်မတော်က “ဦးဂါကျေးရွာရှိ အမျိုးသမီးတစ်ဦးအား အဓမ္မကျူးလွန်ခဲ့သည့်စစ်သည်သုံးဦးအား အကျဉ်းစစ် တရားရုံးချုပ်ဖြင့် စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း” ဒီဇင်ဘာ ၁၁ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ဦးဂါဖြစ်စဉ်နှင့် ပတ်သက်သည့်အမှုအား အကျဉ်းစစ်တရားရုံးချုပ်မှ နှစ်ဘက် သက်သေများ၊ လေ့လာသူများရှေ့မှောက်တွင် ပွင့်လင်း မြင်သာစွာ စစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်ခဲ့သည့် စစ်သည် သုံးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန်နှင့် စစ်မှုထမ်းဆောင်ခြင်းမှ အမြဲတမ်း ထုတ်ပစ်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း” ဖော်ပြထားပါသည်။

ထို့အပြင် တပ်မတော်က ဒီဇင်ဘာ ၁၄ ရက်စွဲဖြင့် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Joint Peace Fund (ငြိမ်းချမ်းရေးရန်ပုံငွေအဖွဲ့) ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း” သတင်းထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

ဒီဇင်ဘာ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်စစ်တပ်ဦး( ABSDF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO/ PNLA) နှင့် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ ရခိုင်ပြည် တပ်မတော် (NUPA/ AA)တို့မှ ထုတ်ပြန်ချပ်တခုစီ အသီးသီး ထွက်ရှိခဲ့ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်စစ်တပ်ဦး( ABSDF)၏ ဒီဇင်ဘာ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဗဟိုကော်မတီစုံညီအစည်းအဝေး သဘောထားထုတ်ပြန်ကြေညာချက်တွင် “ အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မကဒတ၏ ပြည်ထောင်စုမူတွင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ သဘောထားများနှင့် အမျိုးသားညီညွတ်ရေး အစိုးရဖော်ဆောင်ရေးနှင့် ပတ်သက်၍ မကဒတ၏ အမြင်သဘောများ ချမှတ်ထားရှိခဲ့ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “လက်ရှိ ကိုဗစ်- ၁၉ ကူးစက်ရောဂါကြောင့် တနိုင်ငံလုံး လူမှုအထွေထွေအကျပ်အတည်းများ ရင်ဆိုင်နေရချိန်တွင် တင်းမာနေသော လက်နက်ကိုင်ပဋိပက္ခများကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား အမြန်ဆုံး တွေ့ဆုံညှိနှိုင်း အဖြေရှာကြရန် အလေးအနက်ပန်ကြားကြောင်း” ABSDF၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ဒီဇင်ဘာ ၁၀ ရက်စွဲဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)၏ “(၇၁)နှစ်မြောက် ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ ထုတ်ပြန် ကြေညာချက်” တွင် “ အမျိုးသားပြန်လည်သင့်မြတ်ရေး အမျိုးသား ညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ၂၁ ရာ စုပင်လုံအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ပအိုဝ်းပြည်သူများ ပါဝင်ခြင်းဖြင့်လည်းကောင်း၊ “ပအိုဝ်းအမျိုးသား ညီလာခံကြီး” တရပ် ကျင်းပနိုင်ရေးအတွက်လည်းကောင်း၊ ပအိုဝ်းပြည်သူတရပ်လုံးက မိမိတို့နှင့်အတူ ဝိုင်းဝန်း ကြိုးပမ်းဖော်ဆောင်ပေးကြပါရန် လေးနက်တည်ကြည်စွာဖြင့် ထုတ်ပြန်ကြောင်း” ဖော်ပြခဲ့ပါသည်။

“ရခိုင်အမျိုးသားညီညွတ်ရေးပါတီ/ ရခိုင်ပြည်တပ်မတော် (NUPA/ AA)အား ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်”ကို ဒီဇင်ဘာ ၁၂ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် “ ခေါင်းဆောင်အချို့ကို ကျန်းမာရေးအရ အနားပေးပြီး ကျန်ရှိနေသော ဗဟိုကော်မတီဝင်များနှင့် ရဲဘော်များက (NUPA/AA) ကို ဖျက်သိမ်း၍ ULA/ AA အဖွဲ့ နှင့်အတူ ပူးပေါင်းရန် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်၊ နယ်စပ်တနေရာ အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၅ ရက်တွင် NUPA/AA အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးမှ ဗဟိုကော်မတီဝင် (၉၉ ရာခိုင်နှုန်း) သဘောတူညီချက်ဖြင့် NUPA/AAအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်၍ ယခင် NUPA/AA အဖွဲ့၏ ပါတီလုပ်ငန်းစဉ်များနှင့် ပတ်သက်ခဲ့သော မည်သည့် လုပ်ငန်းမဆို သက်ဆိုင်မှုမရှိတော့ဘဲ တာဝန်ယူလိမ့်မည်မဟုတ်ကြောင်း” NUPA/AAအဖွဲ့ က ထုတ်ပြန်ခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ “ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ ကြေညာချက်” ကို ဒီဇင်ဘာ ၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကြေညာချက်တွင် “ လူထုခေါင်းဆောင်၏ ညွှန်းဆိုချက်စကားနှင့်အညီ တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ ဆန္ဒများကို အလေးထားသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကို စစ်မှန်သော အမျိုးသားအကျိုးစီးပွားကို အခြေခံသည့် အမျိုးသားညီညွတ်ရေးစိတ်ဓာတ်ဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းကြောင်း” ဖော်ပြခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

ဒီဇင်ဘာ ဒုတိယပတ်ကာလအတွင်း အရပ်ဘက်အဖွဲ့အစည်းများမှ ထုတ်ပြန်ကြညာချက်များ လေးခုထိ ထုတ်ပြန်ခဲ့ပါသည်။

၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ “ဦးသန့်အရေးအခင်း(၄၆)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်” ကို ဒီဇင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၇၄. ၇၅. ၇၆ နိုင်ငံရေးအင်အားစုအနေဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကြိုးပမ်းလျှက်ရှိသော “သမဂ္ဂရင်ပြင်နီ” ကမ္ပည်းကျောက်စာတိုင် တည်ဆောက်ရေးကို ကျောင်းသားမျိုးဆက်အသီးသီးနှင့်အတူ အခိုင်အမာရပ်တည်ထောက်ခံလျှက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး စစ်မှန်သော ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုနှင့်ကိုက်ညီသော ဖွဲ့စည်းပုံဥပဒေသစ်ကို ရေးဖွဲ့ပြဌာန်းနိုင်ရေး အတွက် နိုင်ငံရေးအင်အားစုများ နိုင်ငံရေးပါတီများ၊ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများနှင့်အတူ ပူးပေါင်းလက်တွဲကာ ရှေ့တန်းမှ ပါဝင်ရပ်တည်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ထုတ်ပြန်ချက်” ကို ဒီဇင်ဘာ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နေထိုင်ကြသော တိုင်းရင်းသားလူနည်းစုများသည် ပဋိပက္ခများကို အချိန်ကာလကြာမြင့်စွာ ရင်ဆိုင်လာခဲ့ရသည့်အပြင် ၎င်းတို့၏ အသက်ရှင်နေထိုင်ခွင့် လွတ်လပ်စွာ သွားလာခွင့်နှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုတို့အတွက် လျစ်လျူရှုခံထားရကြောင်း၊ မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါစီးပွားရေးကုစားမှုအစီအစဉ်သည် မြန်မာပြည်တွင်း နေရာအနှံ့အပြားမှ တိုင်းရင်းသားများ ဘာသာရေးအဖွဲ့ အားလုံးပါဝင်နိုင်စေရေး မြန်မာအစိုးရမှ သေချာစွာ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP)တွင် အခြေခံဝင်ငွေရရှိသူများကို အဓိကဦးစားပေးရမည်ဖြစ်ကြောင်း၊ အထောက်အပံ့အဖွဲ့အစည်းများ၊ အလှူရှင်များ၊ KNU နှင့် အစိုးရ နှစ်ဖက်စလုံး၏ အစိုးရဌာနများမှ ကိုဗစ်- ၁၉ ကုစားရေးကြိုးပမ်းအားထုတ်မှုများအပေါ် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပြီး မည်သူ့ကိုမျှချန်လှပ်ထားခြင်း မရှိစေရန် သေချာစွာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း” KHRG ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ “(၇၂) နှစ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးနေ့အတွက် သဘောထားထုတ်ပြန်ချက်” ကို ဒီဇင်ဘာ ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ND- Burma အဖွဲ့ဝင်များအနေဖြင့် မြန်မာပြည် အနာဂတ်နှင့် ပတ်သက်ပြီး အထူးအလေးအနက်ထား စိုးရိမ်မိကြောင်း၊ လုံခြုံမှုနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ မရှိလျှင် အပြစ်မဲ့ပြည်သူများ၏ ရှေ့ရေးမှာ အန္တရာယ်ထူပြောနေဦးမည်ဖြစ်ကြောင်း၊ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ် ပိုင်ဆိုင်မှုများအား အကာအကွယ်ပေးရန်အတွက် ဂျီနီဗာကွန်ဗန်းရှင်းပါအချက်များကို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လိုက်နာရန်လည်း ထပ်မံတောင်းဆိုကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “အဆိုပါအချက်များကို လိုက်နာရန် ပျက်ကွက်သူများအား ၎င်းတို့၏ လုပ်ရပ်အတွက် တရားရုံးတင်၍ လေးနက်သည့်ဥပဒေများဖြင့် တာဝန်ယူ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ထုတ်ပြန်မှုတွင် ပါရှိပါသည်။

အမျိုးသမီးများကွန်ယက်(ရခိုင်ပြည်) WNRS ကလည်း ဒီဇင်ဘာ ၁၃ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက် တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ငြိမ်းချမ်းရေးဆွေးနွေးပွဲအခန်းကဏ္ဍများအပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များတွင် အမျိုးသမီးကိုယ်စားလှယ်များ ပိုမိုပါဝင်လာနိုင်ရေးနှင့် အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်သည့်နေရာများတွင် အမျိုးသမီးများအချိုးကျပါဝင်လာနိုင်စေရေးအား အလေးထား ဖော်ဆောင်ပေးပါရန် နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို တိုက်တွန်းကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် “အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခဆင်းရဲမှုများကို ကြုံတွေ့နေကြရသည့် IDP စခန်းများနှင့် စစ်ဘေးရှောင်စခန်းများအပါအဝင် ရခိုင်ပြည်သူများ အတွက် လိုအပ်နေသည့် ထောက်ပံ့မှုများကို ဆက်လက် ကူညီလုပ်ဆောင်ပေးနိုင်ကြပါရန် နိုင်ငံတော်အစိုးရအဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို မေတ္တာရပ်ခံ တိုက်တွန်းကြောင်း” WNRS က ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ဒုတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ဒုတိယပတ်) appeared first on ISP Myanmar Peace Desk.

ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ပထမပတ်)
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အထိ (ဒီဇင်ဘာ ပထမပတ်) ကာလအတွင်း ပြည်ထောင်စု အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ စုစုပေါင်း ၁၆ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ငါးခုထိ ထုတ်ပြန်ခဲ့ပြီး အရပ်ဘက် အဖွဲ့အစည်းများမှ လေးခု၊ တပ်မတော်မှ သုံးခု၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ နှစ်ခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြုအာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း နိုင်ငံတော်သမ္မတရုံးမှ ဒီဇင်ဘာ ၁ရက်စွဲဖြင့် “ ဦးဟောက်ဒိုဆွမ်းအား အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း” ထုတ်ပြန်ချက်၊ ဒီဇင်ဘာ ၂ရက်စွဲဖြင့် “မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဦးကြည်သိန်း(ခ) ဦးကြည်သိန်းအောင်အား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးလိုက်ကြောင်း” ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များ

ဒီဇင်ဘာပထမပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာချက် ငါးခုအထိ ထုတ်ပြန်ခဲ့ရာ “ရွေးကောက်ပွဲတာဝန်ရှိသူများအပေါ် ခြိမ်းခြောက်ရာရောက်သည့် ရေးသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်” ကို ဒီဇင်ဘာ ၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့၏ လွှတ်တော်ရွေးကောက်ပွဲဥပဒေ များပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ချက် သို့မဟုတ် ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ မည်သည့်တရားရုံးတွင်မျှ စစ်ဆေးပိုင်ခွင့်မရှိစေရဟု ပြဋ္ဌာန်းထားပါကြောင်း ” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၏ ရေးသား ဖော်ပြချက်များသည် ရွေးကောက်ပွဲတာဝန်ရှိသူများကို ခြိမ်းခြောက်ခြင်း၊ ရွေးကောက်ပွဲတာဝန်ရှိသူ၏ ဆုံးဖြတ်ဆောင်ရွက်ခဲ့သည့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများအပေါ် နှောင့်ယှက်စော်ကားခြင်းတို့ ပြုလုပ်ရာ ရောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ နည်းဥပဒေတို့ကို လေးစားလိုက်နာမှုမရှိသည်ကို တွေ့ရှိရပါကြောင်း” UEC ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “မဲစာရင်းမိတ္တူကူးယူရန် ကိစ္စနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်” ကို ဒီဇင်ဘာ ၇ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအသိပေးကြေညာချက်တွင် “ ရွေးကောက်ပွဲတွင် အသုံးပြုသော မဲစာရင်းများမှာ ချိပ်ပိတ်ထားသော အထုပ်များထဲတွင် ရှိနေပါသဖြင့် အဆိုပါ မဲစာရင်း၏ မိတ္တူမှန်ကို ကူးယူခွင့်ပြုပေးနိုင်မည်မဟုတ်ကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း ပုံစံ (၂၀) မှ လွဲ၍ အခြားသော ရွေးကောက်ပွဲဆိုင်ရာ အသုံးပြုပုံစံများနှင့် စာရွက်စာတမ်းများ ကိုလည်း မိတ္တူကူးယူခွင့် ပြုရမည်ဆိုသည်ကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ နှင့် နည်းဥပဒေများတွင် ပြဌာန်းထားခြင်း မရှိပါကြောင်း” ဖော်ပြခဲ့ပါသည်။

UEC မှ “သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ၇၆ တို့အရ ညွှန်ကြားပေးပါရန် ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်ထုတ်ပြန်ခြင်း” ကိုလည်း ဒီဇင်ဘာ ၇ ရက်စွဲဖြင့်ပင် ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” တခု အပါအဝင် ထုတ်ပြန်ချက် သုံးခု ထုတ်ပြန်ခဲ့ပါသည်။

ဒီဇင်ဘာ ၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တွင် “ NCA-S EAOs များနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးနိုင်ရေး၊ လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များနှင့်လည်း လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးနိုင်ရေးနှင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် တပ်မတော်က “ဦးဂါကျေးရွာရှိ အမျိုးသမီးတဦးအား အဓမ္မမှု ကျူးလွန်ခဲ့သည့် စစ်သည် သုံးဦးအား အကျဉ်းစစ် တရားရုံးချုပ်ဖြင့် စတင်စစ်ဆေးကြောင်း” ဒီဇင်ဘာ ၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် “ အဓမ္မကျူးလွန်ခဲ့သည့် တရားခံစစ်သည် သုံးဦးအား ဒီဇင်ဘာ ၃ ရက်တွင် စစ်တွေတပ်နယ်၌ အကျဉ်းစစ်တရားရုံးချုပ်ဖြင့် စတင်စစ်ဆေးခဲ့ကြောင်းနှင့် စစ်တရားရုံးအား ပွင့်လင်းမြင်သာမှု ရှိရှိ စစ်ဆေးခြင်းဖြစ်ကြောင်း၊ စစ်တရားရုံးမှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး တရားခံများအား ပြစ်ဒဏ်ချမှတ်မှုကို အတည်ပြုအာဏာပိုင် လက်မှတ်ရေးထိုးပြီးပါက ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) အဖွဲ့မှ တာဝန်ရှိသူများအားလက်ခံတွေ့ဆုံခဲ့ကြောင်း” သတင်းထုတ်ပြန်မှုကိုလည်း ဒီဇင်ဘာ ၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များ

ဒီဇင်ဘာ ပထမပတ်ကာလအတွင်း ULA/ AA အဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တို့က ထုတ်ပြန်ချက်တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ULA/ AA အဖွဲ့၏ ဒီဇင်ဘာ ၂ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် “တပ်မတော်အနေဖြင့် ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးအတွက် နည်းလမ်းများ ရှာဖွေကာ ဆောင်ရွက်နေကြောင်း ထပ်မံကြားသိရ၍ စစ်မက်များရပ်တန့်ကာ ငြိမ်းချမ်းရေးလမ်းစများ ပွင့်လာမည်လားဟု နိုင်ငံတကာနှင့် မြန်မာတနိုင်ငံလုံးမှ မျှော်လင့်နေ ကြကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “တိုက်ပွဲဖြစ်ပွားရာ ဒေသများအားလုံးမှ ပြည်သူလူထုများ၏ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှုအတွက် နည်းလမ်းများ ရှာဖွေပြီး ဆောင်ရွက်သွားရန် တို့ကို အလေးထားဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း၊ တပ်မတော်နှင့် နှစ်ဖက်လူချင်းတွေ့နိုင်မည့် အခြေအနေတစ်ရပ်ကိုလည်း ဆက်လက် ဆွေးနွေးညှိနှိုင်းနေကြဆဲ ဖြစ်ကြာင်း ” AAအဖွဲ့၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ ဒီဇင်ဘာ ၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် “NCA စာချုပ်တွင် ပြည်သူလူထုနှင့် ဆက်စပ်ပတ်သက်သော နေရာတွင် စစ်ရေးဆိုင်ရာတပ်စခန်းချခြင်း မပြုလုပ်ရန်နှင့် အင်အားအသစ် ဖြည့်တင်းခြင်း၊ တပ်စခန်းအသစ် ထပ်မံဆောက်လုပ်ခြင်းများ မပြုလုပ်ရန် ပါရှိကြောင်း၊ တပ်မတော်အနေဖြင့် ကျေးရွာအတွင်း ယခင်စခန်းချတပ်စွဲထားသည့် တပ်စခန်းများနှင့် ထပ်မံတိုးချဲ့ခဲ့သည့် စခန်းများအား ၂၀၂၀ ပြည့်နှစ် အကုန်တွင် အပြီးအပိုင် ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “တပ်မတော်အနေဖြင့် အထက်ပါကိစ္စရပ်များအား လေးစား လိုက်နာမှု မရှိဘဲ ရှေ့ဆက်ချိုးဖောက် ကျုးလွန်မည်ဆိုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအရပ်ရပ်သည် အစိုးရနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးတည်ဆောက်ရေးဆိုင်ရာ ပျက်ကွက်မှုသာဖြစ်ပြီး မိမိတို့အနေဖြင့် အမျိုးသားနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဦးလည်မသုန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” KNLA ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ

ဒီဇင်ဘာ ပထမပတ်ကာလအတွင်း မိုးကုတ်သူ၊ မိုးကုတ်သားများ ခံစားနေရသည့် စိုးရိမ်သောကများနှင့် အရပ်သားပြည်သူများအား လက်နက်ကိုင်အဖွဲ့များက အဓမ္မဖမ်းဆီး ခေါ်ဆောင်ပြီး ငွေကြေးအမြောက်အမြား တောင်းခံနေသည့်အပေါ် မိုးကုတ် မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့နှင့် မိုးကုတ်မြို့ရှိ ရဟန်းရှင်လူ၊ မြို့သူ မြို့သား များက ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

မိုးကုတ်မြို့နယ်လုံးဆိုင်ရာ မြို့မိမြို့ဖအဖွဲ့၏ ဒီဇင်ဘာ ၅ ရက်စွဲဖြင့် “သက်ဆိုင်ရာအဖွဲ့အစည်းများသို့ မေတ္တာရပ်ခံ ပန်ကြားချက်”တွင် “အဖွဲ့အစည်းအချို့မှ စာပို့ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်းများ ပြုလုပ်လျက် ရှိသောကြောင့် သက်ဆိုင်ရာလူ့အဖွဲ့အစည်းအား စိုးရိမ်ပူပန် ‎ကြောင့်ကြမှုများကို ဖြစ်စေကြောင်း၊ သို့ဖြစ်၍ ထိုသို့ပြုလုပ်နေသော အဖွဲ့အစည်းများအနေဖြင့် မြို့လူထုအား သနားငဲ့ညှာသောအားဖြင့် ရပ်တန့်ပေးပါရန် မေတ္တာရပ်ခံပန်ကြားကြောင်း” ဖော်ပြခဲ့ပါသည်။

အလားတူ မိုးကုတ်မြို့ရှိ ရဟန်းရှင်လူ၊ မြို့သူမြို့သားတို့က ဒီဇင်ဘာ ၇ ရက်စွဲဖြင့် “အရပ်သားပြည်သူများအား TNLA အဖွဲ့က အဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးအမြောက်အမြား တောင်းခံနေသည့်အပေါ် ကန့်ကွက်ကြောင်း” သဘောထား ထုတ်ပြန်ချက်တွင် “လက်နက်မဲ့ အရပ်သားများကို TNLA အဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်ကာ အနိုင်ကျင့်နေသည့် လုပ်ရပ်များအား နိုင်ငံတကာလူ့အခွင့်အရေးကော်မရှင်၊ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအသီးသီးက သိရှိစေရန် အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “လက်ရှိ TNLA မှ ဖမ်းဆီးထားသူများက အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အဓမ္မငွေကြေးတောင်းနေမှု အား ရပ်တန့်ရန် တောင်းဆိုလိုက်ပြီး ၎င်းလုပ်ရပ် များကိုလည်း မိုးကုတ်မြို့နေ ရဟန်းရှင်လူ၊ လူတန်းစားအလွှာ အသီးသီးနှင့် ဘာသာရေးအဖွဲ့အစည်းများ အရပ်ဘက်လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြောင်း” ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ထို့အပြင် ကချင်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)ကလည်း ဒီဇင်ဘာ ၇ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက် တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ကချင်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ လုံခြုံစွာ နှင့် ယုံကြည်စိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မှိုင်းအန္တရာယ် ကာကွယ်ရေး အမြင်ဖွင့်ခြင်းများနှင့် မြေမြှုပ်မိုင်းရှင်းလင်းခြင်းဆိုင်ရာ ကိစ္စများကို သက်ဆိုင်ရာအစိုးရအဖွဲ့များ အပြင် ကျွမ်းကျင်သော အဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင်ရွက်နိုင်ခွင့်ရှိရန် လိုအပ်ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “တနိုင်ငံလုံးအတိုင်းအတာဖြင့် ရေရှည်တည်တံ့ပြီး တရားမျှတသော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်နိုင်ရေးအတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများ ပြန်လည်ရွေးကောက်တင်မြောက်ခြင်းခံရသော NLD အစိုးရမှ အောင်မြင်စွာဦးဆောင်နိုင်ပါစေကြောင်း” KHCC ၏ ထုတ်ပြန်မှုတွင် ဖော်ပြခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ပထမပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post ထုတ်ပြန်ကြေညာချက်များ (ဒီဇင်ဘာ ပထမပတ်) appeared first on ISP Myanmar Peace Desk.

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ နောက်ဆုံးပတ်)
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ (နိုဝင်ဘာ နောက်ဆုံးပတ်)ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ စုစုပေါင်း ၁၃ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် တပ်မတော်မှ ခုနစ်ခုထိ ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နှစ်ခုနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်တို့မှ တခုစီ အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြုအာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြထားပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်

ကိုဗစ်-၁၉ ကပ်ရောရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ “ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ” က နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သောကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ /တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များ မပါ) အား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက် ထားပါကြောင်း” ဖော်ပြထားပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များ

နိုဝင်ဘာနောက်ဆုံးပတ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ကြေညာချက် နှစ်ခု ထုတ်ပြန်ခဲ့ပြီး “ထပ်မံအသိပေးနှိုးဆော်ခြင်း” ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း တင်သွင်းရန်၊ တင်သွင်းခြင်းမပြုပါက သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်း ပျက်ယွင်းသူဟု သတ်မှတ်ကြေညာခြင်း ခံရမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းကို သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းကြရန် ထပ်မံအသိပေး နှိုးဆော်ကြောင်း” ဖော်ပြခဲ့ပါသည်။

နိုဝင်ဘာ ၃၀ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် UEC ၏ “လွှတ်တော်အသီးသီး၏ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ စာရင်းဇယားများနှင့် ရာခိုင်နှုန်းများကို ထုတ်ပြန်ကြေညာချက်”တွင် “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများအရ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပ ပြီးစီးမှု အခြေအနေကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၆ (ခ) အရ ရွေးကောက်ပွဲ ကျင်းပပြီးသည့်နေ့မှ ၄၅ ရက်အတွင်း အစီရင်ခံစာ ထုတ်ပြန်ကြေညာရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲဆိုင်ရာ စာရင်းဇယားများနှင့် ရာခိုင်နှုန်းများကို အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာကြောင်း” UEC ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်” တခု အပါအဝင် ထုတ်ပြန်ချက် ခုနစ်ခုအထိ ထုတ်ပြန်ခဲ့ပါသည်။

နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် တပ်မတော်၏ သဘောထားထုတ်ပြန်ချက်တွင် “ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်များသည် ဥပဒေနှင့်အညီ နည်းလမ်းတကျဖြစ်ထွန်းခဲ့ခြင်း ရှိ/ မရှိကို တပ်မတော်တပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော်သားများနှင့် ယင်းတို့၏ အိမ်ထောင်စုဝင်များ ဆန္ဒမဲပေးခဲ့သည့် ၂၁၈ မြို့နယ်များမှ ရွေးကောက်ပွဲ ဖြစ်စဉ်များအပေါ် ပြန်လည်စိစစ်သုံးသပ်လျက်ရှိပြီး လိုအပ်ပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာများ တင်သွင်းသွားမည်ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ထိုသို့ စိစစ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်မှာ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ အဖြစ် အများပြည်သူသံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေးနှင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော တရားဥပဒေကို လေးစားလိုက်နာခြင်း အလေ့အထကောင်းများဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေး လမ်းကြောင်းကို ပိုမိုဖြောင့်ဖြူးစွာ တက်လှမ်းသွားနိုင်ရေးအတွက် ဖြစ်ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် တပ်မတော်က “မြန်မာနိုင်ငံအမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်များရှိ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ကြောင်း” နို၀င်ဘာ ၂၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ဒေသခံ ပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ် များ၊ လက်ရှိကာလတွင် ဒေသတွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ဒေသခံများ၏ ဆန္ဒသဘောထားများကို ရင်းရင်းနှီးနှီး မေးမြန်းခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ ဂျပန်ကိုယ်စားလှယ်အဖွဲ့ သည် စစ်တွေဟိုတယ်တွင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ၊ ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှနှင့် အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေများနှင့် တိုက်ပွဲရှောင် ပြည်သူများအတွက် နီပွန်ဖောင်ဒေးရှင်း မှ အမေရိကန်ဒေါ်လာ နှစ်သိန်းတန်ဖိုးရှိ စားနပ်ရိက္ခာများနှင့် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းမည့် အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့ကြောင်း” တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

မိုင်းပေါက်ကွဲမှုများနှင့် ပတ်သက်၍လည်း တပ်မတော်က “ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ၌ မိုင်းလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း” နိုဝင်ဘာ ၂၄ရက်စွဲဖြင့် သတင်းထုတ်ပြန်သကဲ့သို့ “မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ် ခြံဝင်းတစ်ခုအတွင်း လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း” နိုဝင်ဘာ ၂၆ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း ‌NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့    (PPST)မှ နိုဝင်ဘာ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “အစိုးရနှင့် NCA စာချုပ် လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် တိုက်တွန်းကြောင်း၊ NCA- S EAO အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးမူကို အစဉ်တစိုက် ကိုင်စွဲထားမည်ဖြစ်ကြောင်း၊ အားလုံးပါဝင်ရေးမူနှင့်အညီ သက်ဆိုင်သည့်အစုအဖွဲ့အားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်တည်ဆောက်ကာ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားညီညွတ်ရေးလုပ်ငန်းစဉ်များကို အတူတကွ လက်တွဲဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “NCA-S EAO အနေဖြင့် ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟူသည့် NCA စာချုပ်ပါ ပြဌာန်းချက်နှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရွေးကောက်ပွဲလွန် ကာလတွင် ပေါ်ထွန်းလာမည့် အစိုးရနှင့် တစ်စိုက်မက်မက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” PPST ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ နိုဝင်ဘာ ၂၆ ရက်စွဲဖြင့် “မှတ်တမ်းတင် ထုတ်ပြန်ကြေညာချက်” တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရွေးကောက်ပွဲကာလအတွင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်တကွ ပါတီဝင်များအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေရန် မမှန်မကန်စွပ်စွဲချက်များဖြင့် တိုက်ခိုက်ပြောဆိုခြင်းနှင့် အချင်းချင်းညီညွတ်ရေး ကို ထိခိုက်စေသည့် သွေးထိုးလှုံ့ဆော်ပြောဆိုခြင်းဖြင့် ကိုယ်ထိလက်ရောက် ထိပါးမှုများပြုလုပ်ခဲ့ခြင်းတို့ကို ကြုံတွေ့ခဲ့ကြရကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ထိုကဲ့သို့ဖြစ်စဉ်များကြားမှ မိမိတို့လွှတ်တော်ကိုယ်စားလှယ် လောင်းများအပါအဝင် ပါတီဝင်များ၏ “ညီညွတ်ရေး အတွက် ဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင်မှု” ဆိုသော ပါတီ၏မူကို မြဲမြဲစွဲကိုင်ပြီး သဘောထားကြီးစွာဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြသည့် စိတ်ဓာတ်ကိုသော်လည်းကောင်း၊ ကိုယ်ကျိုးမပါဘဲ မေတ္တာ၊ စေတနာများဖြင့် ဝန်းရံပေးခဲ့ကြသည့် လူငယ်များ၊ မိဘပြည်သူများနှင့် အခက်အခဲအမျိုးမျိုးကြားမှ အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြ သည့် အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်များကိုသော်လည်းကောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ယူကျေးဇူးတင်ရှိပါကြောင်း” ထုတ်ပြန်မှုတွင် ပါရှိပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၉ ရက်စွဲဖြင့် ကြေညာချက်တခု ထုတ်ပြန်ခဲ့ ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင် ခဲ့သော ဆရာ၊ဆရာမများအား နိုင်ငံရေးပါတီအချို့မှ တရားစွဲဆိုမှုများ ပြုလုပ်လာသည့်အပေါ် ယင်းဆရာ၊ ဆရာမများအား တာဝန်ပေးအပ်ခဲ့ သော အဖွဲ့အစည်းများအနေဖြင့် တရားစွဲဆိုခံ ဆရာ၊ ဆရာမများနှင့် ကိုဗစ်ရောဂါ ကူးစက်ခံ ဆရာ၊ ဆရာမများအား လိုအပ်သော ကူညီစောင့်ရှောက်မှုများ အသေအချာပြုလုပ်ပေးရန် လေးနက်စွာ တိုက်တွန်းကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အနေဖြင့်လည်း ရောဂါကူးစက်ခံရသော ဆရာ၊ ဆရာမများအား တတ်နိုင်သရွေ့ကူညီဂုဏ်ပြုမှု များပြုလုပ်နေသကဲ့သို့ တရားစွဲဆိုခံရသော ဆရာ၊ ဆရာမများ အတွက်လည်း ဥပဒေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးကာ ဝန်းရံကူညီမှုများပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းနှင့် မမှန်မကန် စွပ်စွဲ တရားစွဲဆိုမှုများအားလည်း တန်ပြန် တရားစွဲဆို သွားနိုင်ရန် မိတ်ဖက်ညီနောင် အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ အခိုင်အမာ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ကြေညာချက်တွင် ပါရှိပါသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက် များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ နောက်ဆုံးပတ်) appeared first on ISP Myanmar Peace Desk.

ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ တတိယပတ်)
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ (နိုဝင်ဘာ တတိယပတ်) ကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပါတီများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ စုစုပေါင်း ၂၅ ခုထက် မနည်းသော ထုတ်ပြန်ကြေညာချက်များ ထွက်ရှိခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် ပါတီများမှ ရှစ်ခုထိ ထုတ်ပြန်ခဲ့ပြီး တပ်မတော်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ လေးခုစီ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးခုစီ၊ အရပ်ဘက်အဖွဲ့ အစည်းများမှ နှစ်ခု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တခု အသီးသီး ထုတ်ပြန်ခဲ့ကြရာ သတိပြု အာရုံစိုက်ရမည့် ထုတ်ပြန်ချက်အချို့ကို ISP-Myanmar Peace Desk က အနှစ်ချုပ် ဖော်ပြပေးထားပါသည်။

ပြည်ထောင်စုအစိုးရ၏ ထုတ်ပြန်ချက်များ

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် “ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး ပြည်သူများ နေအိမ်တွင်နေထိုင်ရေး ပန်ကြားချက်” တခု ထွက်ရှိခဲ့ပါသည်။

အဆိုပါပန်ကြားချက်တွင် “ မြန်မာနိုင်ငံအတွင်း ကိုဗစ်- ၁၉ ရောဂါ ပိုမိုကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စသည်တို့ကိုဆောင်ရွက်ခြင်း မပြုဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့၏နေထိုင်ရာ နေအိမ်များတွင်သာ တတ်နိုင်သမျှ နေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ပန်ကြားကြောင်း” ဖော်ပြခဲ့ပါ သည်။

တပ်မတော်၏ ထုတ်ပြန်ချက်များ

ယခုရက်သတ္တပတ်အတွင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  “၀” အဖွဲ့ (UWSP/UWSA)မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့ကြောင်း” ထုတ်ပြန်ချက် တခု အပါအဝင် ထုတ်ပြန်ချက် လေးခုအထိ ထုတ်ပြန်ခဲ့ပါသည်။

တပ်မတော်က နို၀င်ဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် “ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် “၀”အဖွဲ့ (UWSP/UWSA) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့ကြောင်း” ထုတ်ပြန်ချက်တွင် “ NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်စေလိုကြောင်းနှင့် မျိုးဆက်သစ် အနာဂတ်ကလေးငယ်များ၏ အကျိုးကို ကြည့်ပြီး ဆောင်ရွက်စေလိုသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ “၀” အဖွဲ့ (UWSP/UWSA) ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်ကလည်း  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍ လည်း ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် တပ်မတော်နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း” တပ်မတော်၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် တပ်မတော်က “မောင်တောမြို့နယ်အတွင်း မော်တော်ယာဉ်တစီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သုံးဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း” နို၀င်ဘာ ၁၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် “ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သာယာကုန်း ကျေးရွာမှ မောင်းနှင်လာသော မော်တော်ယာဉ်တစီးသည်  နိုဝင်ဘာ ၁၇ ရက်တွင် လိပ်ရလမ်းဆုံအနီးအရောက်၌ ARSA အဖွဲ့က ထောင်ထားသော ကားမိုင်းတလုံး အား နင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ယာဉ်ပေါ်တွင် လိုက်ပါလာသူ ကိုးဦးအနက် သုံးဦး သေဆုံးခဲ့ပြီး ကျန်ခြောက်ဦးမှာ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း” ဖော်ပြခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်

နိုဝင်ဘာတတိယပတ်ကာလအတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် PSLF/TNLA အဖွဲ့၊ MNTJP/MNDAA အဖွဲ့နှင့် ULA/AA အဖွဲ့တို့မှ ထုတ်ပြန်ချက် တခုနှင့် ULA/ AAအဖွဲ့မှ တခု အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ နိုဝင်ဘာ ၂၀ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် “တပ်မတော်က ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည့် ဆွေးနွေးမှုကော်မတီကို ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် အပြုသဘောဆောင်သည့် ခြေလှမ်းအဖြစ် ကြိုဆိုကြောင်း” ဖော်ပြခဲ့ပါသည်။

ယင်းနောက် “မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့သည် FPNCC ၏ ဦးဆောင်မှုဖြင့် NLD ထပ်မံဦးဆောင်မည့်အစိုးရနှင့် တပ်မတော်တို့အား တွေ့ဆုံဆွေးနွေးပြီး တပြည်လုံး အတိုင်းအတာအပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးလုပ်ငန်းများကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်အတွက် အထူးမျှော်လင့်ကြောင်း” အဆိုပါထုတ်ပြန်မှုတွင် ဖော်ပြထားပါသည်။

ULA/ AA အဖွဲ့၏ နိုဝင်ဘာ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် “ NLDပါတီဝင် သုံးဦးအား မည်သည့်နှိပ်စက်ခြင်းမျိုး မျှမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထား ကြောင်း၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းအဆင်ပြေပြီး အပြန်အလှန် နားလည်မှု ရှိသော အခြေအနေတွင် ၎င်းတို့ သုံးဦးအား အမြန်ဆုံးပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်း” ဦးစွာဖော်ပြခဲ့ပါသည်။

ယင်းနောက် “ထို့နည်းတူ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထားသော အပြစ်မဲ့ ရခိုင်ပြည်သူများ၊ မရေရာသော စွပ်စွဲချက်များဖြင့် ထောင်သွင်းအကျဉ်းချ ခံနေရသော ရခိုင်ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် ရခိုင်နိုင်ငံရေးသမားများ၊ မတရားဖမ်းဆီးထားခြင်းခံနေရသော ULA အဖွဲ့ဝင်များ၏ ဆွေမျိုးရင်းချာများနှင့် ငြိမ်းချမ်းရေး အတွက် တောင်းဆိုဆန္ဒပြု၍ ဖမ်းဆီးခြင်းခံထားရသော မြန်မာပြည်အနှံ့မှ တက္ကသိုလ်ကျောင်းသားများစသည့် ဖမ်းဆီးထားခြင်းခံရသူများ အားလုံးကို  ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် NLD ပါတီအား အလေးအနက်တောင်းဆိုကြောင်း” ULA/ AA အဖွဲ့၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

ထို့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် “ ပြည်နယ်အတွင်း ခရီးသွားလာကန့်သတ်မှုကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း” ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ပါတီများ၏ ထုတ်ပြန်ချက်

ယခုရက်သတ္တပတ်အတွင်း နိုင်ငံရေးပါတီများက ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် ရွေးချယ်ခံရသော NLD ပါတီကိုယ်စားလှယ် ဦးထိုက်ဇော် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ထုတ်ပြန်ချက်များအပါအဝင် ထုတ်ပြန်ချက် ကိုးခုထိ ထုတ်ပြန်ခဲ့ကြပါသည်။

ဦးထိုက်ဇော် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ချက်များကို တအာင်း (ပလောင်) အမျိုးသားပါတီ(TNP)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊   ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီတို့က နိုဝင်ဘာ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် NLD ပါတီ ရှမ်းပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ(၂၀၂၀) တို့က နိုဝင်ဘာ ၂၁ ရက်စွဲဖြင့် အသီးသီး ထုတ်ပြန်ခဲ့ကြပါသည်။

ထိုထုတ်ပြန်ချက်များအနက် NLD ပါတီ ရှမ်းပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ(၂၀၂၀)၏ ထုတ်ပြန်မှုတွင် “ ဦးထိုက်ဇော် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းနှင့် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုအား ရှုတ်ချကြောင်း”ဖော်ပြခဲ့သည်။

ယင်းနောက် “ ယခုအချိန်သည် NLD ပါတီမှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန် တိုင်းရင်းသားများနှင့် လက်တွဲတည်ဆောက်နေချိန်ဖြစ်၍ ယုံကြည်မှု မပျက်ယွင်းစေရန် အဖြစ်မှန်အား တရားဝင်မဖော်ထုတ်နိုင်မီအချိန်ထိ ထင်ယောင်ထင်မှားဖြစ်စေနိုင်သည့် ဝေဖန်ထင်ကြေးပေးမှုများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံကြောင်း” NLD ပါတီ ရှမ်းပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ(၂၀၂၀)က ထုတ်ပြန်ခဲ့ပါသည်။

အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ၏ ဝမ်းနည်းကြောင်း ကြေညာခြင်းတွင်လည်း “ ဦးထိုက်ဇော် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး ကျူးလွန်သူကို ပြင်းထန်စွရှုတ်ချကြောင်း၊ ကျောက်မဲဒေသတွင် ဤကဲ့သို့သော အလားတူ အကြမ်းဖက်လုပ်ရပ်များ နှစ်စဉ်ဆိုသလို မကြာခဏပေါ်ပေါက်လျက် ရှိသည်ကိုလည်း ထိထိရောက်ရောက် ဟန့်တားအရေးယူဆောင်ရွက် ပေးနိုင်ပါရန် တိုက်တွန်းကြောင်း” ဖော်ပြထားပါသည်။

နိုဝင်ဘာ ၁၈ ရက်စွဲဖြင့် ကချင်ပြည်သူ့ပါတီ၏ထုတ်ပြန်ချက်တွင် “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်စွဲပါစာကို  နိုဝင်ဘာ ၁၇ ရက်တွင် လက်ခံရရှိကြောင်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံအတွက် ရှေးရှူရမည့် ပြည်ထောင်စုအရေးတွင် ၁၉၄၇ ပင်လုံစာချုပ် သဘောတူညီချက်နှင့် အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လက်တွေ့အကောင်အထည် ဖော်ဆောင်ရန် မိမိတို့ပါတီမှ လိုလားကြောင်း” ဖော်ပြခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက “ပြည်သူသို့ အသိပေးခြင်း ထုတ်ပြန်ချက်”ကို နိုဝင်ဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ “၁၉၉၀  ရွေးကောက်ပွဲ မှသည် ၂၀၂၀  ရွေးကောက်ပွဲအထိ နှစ်ပေါင်း (၃၀) ကျော် ပြည်သူလူထု၏ ထောက်ခံမှုကို တခဲနက် ဆက်တိုက်ရရှိခဲ့သည်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အံ့မခန်းသော စည်းရုံးရေး စွမ်းအားကြောင့် ဖြစ်သည်ကို အထူးဖော်ပြလိုကြောင်းနှင့် ရွေးကောက်ပွဲတွင် ပြည်သူလူထုက အဖွဲ့ချုပ်အပေါ်  ပြတ်ပြတ် သားသား ထောက်ခံခြင်းကြောင့် ပြည်သူလူထု၏ ယုံကြည်ချက် မျှော်လင့်ချက်များကို ကြိုးစား ဖြည့်ဆည်းသွားမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ဦးတည်ချက် (၃)ရပ်နှင့် အညီ ဆက်လက် လုပ်ဆောင်သွားမည်ဟု လေးနက်စွာကတိပြုကြောင်း” ဖော်ပြခဲ့ပါသည်။

ထို့အပြင် NLD ပါတီ၏ နိုဝင်ဘာ ၁၈ ရက်စွဲဖြင့် ကြေညာချက်တွင် “ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး AA အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော NLD ပါတီ၏ ကိုယ်စားလှယ်လောင်း သုံးဦးတို့အား အထူးချီးမွမ်းဂုဏ်ပြုကြောင်း၊ ရွေးကောက်ပွဲစည်းရုံး‎ရေးကာလအတွင်း ကိုယ်စားလှယ်လောင်းများကို အန္တရာယ်ပြုခြင်းသည်  လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်မြောက်ရေးကို အထိနာစေကြောင်းနှင့် တောင်ကုတ်ကိုယ်စားလှယ်လောင်းများကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် တောင်းဆိုကြောင်း” ဦးစွာ ဖော်ပြခဲ့ပါသည်။

ယင်းနောက် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဝမ်းမြောက်ကြောင်း၊ ဂုဏ်ပြုကြောင်း ကြေညာ ပြောဆိုခဲ့သော အခြားရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ နိုင်ငံတကာအစိုးရများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားအတွက် သော်လည်းကောင်း၊ နိုင်ငံတကာ အကျိုးစီးပွားအတွက်သော်လည်းကောင်း အပြန်အလှန်နားလည်မှု ယုံကြည်မှု ခင်မင်မှုတို့နှင့် လက်တွဲဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်း” အဆိုပါ ကြေညာချက်တွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများ၏ ထုတ်ပြန်ချက်များ

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ခံထားရသော ဦးထိုက်ဇော် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ နိုဝင်ဘာ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ချက်၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး၊ ဗြိတိသျှသံရုံး၊ အမေရိကန်သံရုံးတို့မှ နိုဝင်ဘာ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ချက်များ အသီးသီးထုတ်ပြန်ခဲ့ကြပါသည်။

အဆိုပါထုတ်ပြန်ချက်များတွင် “အမျိုးသားလွှတ်တော်အတွက် ယှဉ်ပြိုင်ရွေးချယ်ခံထားရသည့် ဦးထိုက်ဇော် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အတွက် ၎င်း၏ မိသားစုဝင်များ မိတ်ဆွေများနှင့် ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် ရက်စက်ပြီး တရားနည်းလမ်းမကျသည့် ယခုအကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချပြီး ကျူးလွန်သူများကို အရေးယူအပြစ်ပေးရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုကို အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍  ခူးမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC)မှ နိုဝင်ဘာ ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ချက် တခု ထွက်ရှိခဲ့ပါသည်။

KACC၏ ထုတ်ပြန်ချက်တွင်  “ရွေးကောက်ပွဲအတွင်း ပါတီအသီးသီး၏ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့်  ရွေးကောက်ခံကိုယ်စားလှယ်များနှင့်အတူပူးပေါင်း၍ ဒေသခံပြည်သူများကျိုး ရှေးရှူလျက် လိုအပ်သည့်အခန်းကဏ္ဍပေါင်းစုံမှ အတူတကွပါဝင်ဆောင်ရွက် နိုင်ပါရန် အထူးတိုက်တွန်းကြောင်း” KACC ၏ ထုတ်ပြန်မှုတွင် ပါရှိပါသည်။

မြန်မာမွတ်ဆလင် အရပ်ဘက်အဖွဲ့အစည်းများကလည်း နိုဝင်ဘာ ၁၇ ရက်စွဲဖြင့် “၂၀၂၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်မှု အပေါ်  ကြိုဆိုဝမ်းမြောက်ကြောင်း” သဘောထားကြေညာချက် တခု ထွက်ရှိခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ တတိယပတ်အတွင်း ထွက်ရှိခဲ့သော ထုတ်ပြန်ချက်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။

The post ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ တတိယပတ်) appeared first on ISP Myanmar Peace Desk.