ISP Admin Archives - ISP Myanmar Peace Desk

တအန်း(ပလောင်) တော်လှန်ရေး
✤ နောက်ခံအကျဉ်း

တအန်း(ပလောင်)တိုင်းရင်းသားတို့၏ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုသည် နိမ့်ချည်မြင့်ချည် ရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပထမဦးဆုံးဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဦး (PNF) သည် ဆယ်စုနှစ် သုံးခုအကြာတွင် အင်အားချည့်နဲ့သွားခဲ့သည်။ PNF အနေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ ဖြန့်ကြက်လှုပ်ရှားခြင်း၊ ဒေသတွင်းရှိ အခြား တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပြုကာ စစ်တပ်ကို တိုက်ခိုက်ခြင်းများ လုပ်ခဲ့သော်လည်း ကြီးမားစွာခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် PNF သည် ပြည်တွင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအရမဟာမိတ်ဖွဲ့နိုင်မှုမှာ အားကောင်းခဲ့သလို ယနေ့ခေတ် တအန်း(ပလောင်) လက်နက်ကိုင်တော်လှန်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်စေသည်။

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ကို ဖွဲ့စည်းခဲ့ချိန်တွင် အင်အားသေးငယ်သည်ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAO)အဖြစ် အစိုးရနှင့် စစ်တပ်တို့က အသိအမှတ်ပြုခဲ့ခြင်း မရှိဘဲ လက်နက်ချရန်ကိုသာ ဖိအားပေးခဲ့သည်။ TNLA သည် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော်(UWSP/UWSA)နှင့်မဟာမိတ် တည်ဆောက်နိုင်ပြီးနောက် အင်အားကြီးထွားလာခဲ့သည်။ ‘ဝ’တပ်ဖွဲ့၏ လက်နက်ခဲယမ်း နောက်ခံပြုမှုက TNLA ကို ရှမ်းမြောက်ဒေသတွင်း အင်အား ကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြောင်းလဲ​ပေးလိုက်သည့်အပြင် နယ်မြေထိန်းချုပ်မှု ကျယ်ပြန့်လာစေရန်အတွက်လည်း တွန်းအားဖြစ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီကို ယိုင်နဲ့စေရန် ခြိမ်းခြောက်မှုတခု ဖြစ်လာခဲ့သည်။

TNLA ပါဝင်ဖွဲ့စည်းထားသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ‘စစ်ဆင်ရေး ၁၀၂၇’ သည် စစ်ကောင်စီကို စစ်ရေးအရ အရှက်တကွဲအကျိုးနည်းဖြစ်စေခဲ့သည်။  ယင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီသည် (၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်အထိ) မြို့ ၁၆ မြို့ကို  လက်လွှတ်ခဲ့ရသည်။ ထို့အပြင် ထောင်နှင့်ချီသည့် စစ်သည်များ လက်နက်ချခဲ့သလို အခြားသော မြေပြင်တိုက်ခိုက်ရေးတပ်များမှာလည်း စိတ်ဓါတ်ကျဆင်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ တပြိုင်နက်တည်းမှာပင် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုမှာလည်း ရပ်တန့်သွားခဲ့ရာ စစ်ကောင်စီကို အုပ်ချုပ်ရေးနှင့် စီးပွားရေးပိုင်းတွင်လည်း အကျပ်ရိုက်စေခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ သည် စစ်ကောင်စီအနေနှင့် စွမ်းရည်ကျဆင်းနေကြောင်း လှစ်ဟပြလိုက်ခြင်းဖြစ်သည်။ စစ်ဆင်ရေး နှစ်လတာအတွင်း TNLA က မြို့ ခုနစ်မြို့အထိ ထိန်းချုပ်နိုင်ခဲ့သည်။ တအန်း(ပလောင်) လက်နက်ကိုင်တော်လှန်ပုန်ကုန်မှု သမိုင်းတလျှောက်တွင် အကြီးမားဆုံး နယ်မြေသိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းလည်း ဖြစ်သည်။

၂၀၂၄ ခုနှစ် မတ် ၁၂ ရက်တွင် တည်းဖြတ်ခဲ့သည့်ဆောင်းပါးကို မတ် ၁၄ ရက် နံနက် ၁၁ နာရီ (မြန်မာစံချိန်တော်ချိန်) တွင် အချက်အလက်အသစ်များ ဖြည့်စွက်ခဲ့ပါသည်။

✤ နိဒါန်း

တအန်း(ပလောင်)လူမျိုးတွေဟာ ရှမ်းပြည်နယ်မှာ ပျံ့နှံ့နေထိုင်ကြပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားရေးလှုပ်ရှားမှုဆိုင်ရာ လက်နက်ကိုင် ပုန်ကန်တော်လှန်မှုတွေမှာလည်း မြန်မာနိုင်ငံလွတ်လပ်ရေးခေတ်ဦးကာလကတည်းက ပါဝင်ခဲ့ကြပါတယ်။ ၁၉၆၃ ခုနှစ်ကစပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပြီး လှုပ်ရှားခဲ့ပေမဲ့ ၂၀၀၅ ခုနှစ်မှာတော့  စစ်အစိုးရရဲ့ လက်နက်ဖြုတ်သိမ်းတာကို ခံခဲ့ရပြီး ပလောင်လက်နက်ကိုင်တော်လှန်မှု တခန်းရပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ခေတ်၊ ကနေ့ကာလမှာတော့ တအန်းတိုင်းရင်းသားတွေရဲ့လက်နက်ကိုင်တော်လှန်ပုန်ကန်မှုဟာ အရှိန်အမြင့်ဆုံးဖြစ်လာခဲ့သလို နယ်မြေချဲ့ထွင် လှုပ်ရှားမှုနိုင်မှုကလည်း အကျယ်ပြန့်ဆုံးဖြစ်လာပါတယ်။

✤ ပလောင်တော်လှန်ရေး သမိုင်းအစ

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ပြီး ၁၀ နှစ်အကြာမှာ အိမ်စောင့်အစိုးရ ဗိုလ်ချုပ်နေဝင်းဟာ ရှမ်းစော်ဘွားတွေကို နန်းစွန့်ဖို့ ဖိအားပေးခဲ့ပါတယ်။ ရှမ်းပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်နယ်တခုအဖြစ် တည်ထောင်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါပဲ။ ဒါဟာ ပလောင်တိုင်းရင်းသားတွေအတွက် လက်နက်ကိုင်တော်လှန်ဖို့ဖြစ်လာစေတဲ့ ကနဦးအစဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရဖို့ ရှမ်းစော်ဘွားအနွယ်တွေနဲ့ နိုင်ငံရေးတတ်ကြွတဲ့ လူငယ်တွေ လက်နက်ကိုင်တပ်တွေ ဖွဲ့စည်းကြတဲ့အခါ ပလောင်လူငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ရှမ်းအမျိုးသားတော်လှန်ရေးနဲ့ ပလောင်အမျိုးသားတော်လှန်ရေးဟာ တာထွက်ချိန်ကတည်းက ရောယှက် ဆက်နွှယ်နေခဲ့တာ ဖြစ်ပါတယ်။(၁)

ကျိုင်းတုံစော်ဘွားအနွယ်တော်တွေ၊ ရှမ်းနိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပလောင်နိုင်ငံရေးလှုပ်ရှားသူတွေ ပါဝင်တဲ့ ‘နွမ်စစ်ဟန်’တော်လှန်ရေးတပ်ဖွဲ့(NSH)ကို ၁၉၅၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတပ်ဖွဲ့မှာ တောင်ပိုင်စော်ဘွားရဲ့ သား တားခွန်အေးနဲ့ တားခွန်သောင်းတို့က တပ်ရင်း-၅ နဲ့ ၆ ကို ဦးဆောင်ခဲ့ကြပါတယ်။ အဲဒီတပ်ရင်းနှစ်ခုဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ အဓိကလှုပ်ရှားခဲ့ကြပါတယ်။  ၁၉၅၉ ခုနှစ်မှာတော့ ရှမ်းစော်ဘွားတွေနဲ့အတူ ပလောင် ‘တောင်ပိုင်စော်ဘွား’ စဝ်ခွန်ပန်းစိန် အပါအဝင် စော်ဘွား ၃၄ ဦးဟာ အာဏာစွန့်ခဲ့ရပါတယ်။ စော်ဘွားတွေ အာဏာစွန့်ရပြီးနောက်မှာတေ့ ရှမ်းအမျိုးသားရေးလှုပ်ရှားမှုတွေ ပိုအားကောင်းလာခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှာတော့ ရှမ်းပြည်လွတ်လပ်ရေးတပ်မတော်(SSIA)နဲ့ ရှမ်းအမျိုးသားတပ်မတော်(SNA)ဆိုပြီး နှစ်ဖွဲ့ ထပ်ပေါ်လာခဲ့ပါတယ်။ နွမ်စစ်ဟန်က ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်း၊ SSIA နဲ့ SNA တို့က ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ အသီးသီးလှုပ်ရှားခဲ့ကြပါတယ်။ နွမ်စစ်ဟန်မှာ ပါဝင်နေတဲ့ ပလောင်တပ်ရင်း-၅ နဲ့ ၆ ဟာ အဖွဲ့ကနေ ခွဲထွက်လိုက်ပြီး SSIA နဲ့ ပူးပေါင်းခဲ့ပါတယ်။

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းချိန်မှာတော့ ရှမ်းပြည်နယ်အတွင်းမှာ အမျိုးသားရေးတတ်ကြွ လှုပ်ရှားမှုတွေ ပိုလို့အားကောင်းလာခဲ့ပါတယ်။ ပလောင်တပ်ရင်း နှစ်ရင်းဟာ လူထုထောက်ခံမှုနဲ့ တည်ဆောက်မှု အားကောင်းလာတာကြောင့် ပလောင်အမျိုးသားတော်လှန်ရေးကို သီးသန့်လုပ်ဆောင်ဖို့ အခြေအနေဖြစ်လာပါတယ်။  SSIA ကနေ ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ခွဲထွက်ခဲ့ပြီး ပလောင်အမျိုးသားတပ်ဦး (PNF) ကို တည်ထောင်ခဲ့ပါတယ်။ PNF ကို တားခွန်အေးနဲ့ တားခွန်သောင်းတို့ပဲ ဦးစီးခဲ့ပါတယ်။ တဖတ်မှာလည်း ဗိုလ်မိုးဟိန်းအဖွဲ့ဟာ နွမ်စစ်ဟန်ကနေ ၁၉၆၄ ခုနှစ်မှာ ထပ်မံခွဲထွက်လာခဲ့ပြီး SSIA နဲ့ ပူးပေါင်းကာ ရှမ်းပြည်တပ်မတော်(SSA) ဆိုပြီး အမည်သစ်နဲ့ အဖွဲ့ထူထောင်ခဲ့ကြ ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မြို့နယ်တွေမှာ ပလောင်၊ ကချင်၊ ရှမ်းနဲ့ လီရှော စတဲ့ လူမျိုးတွေ ရောနှောနေထိုင်နေတဲ့အလျောက် သမိုင်းကြောင်းအရ နှီးနွှယ်ဆက်စပ်မှုတွေ ရှိသလို လူမျိုးရေးအရ တင်းမာမှုတွေနဲ့ အခဲမကျေလိပ်ခဲတည်းလည်းဖြစ်စေတဲ့ ရာဇဝင်တွေလည်း ​ရှိခဲ့ပါတယ်။ PNF ထူထောင်ပြီးနောက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်ဆက်ဆံရေးတည်ဆောက်ပြီး စစ်အစိုးရတပ်တွေကို ပူးတွဲစစ်ဆင်ပြီး တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၇၁ ခုနှစ်မှာတော့ တပ်ဖွဲ့တွင်း မျိုးနွယ်စုပြဿနာတွေအပြင် KIA နဲ့ ပူးပေါင်းတာကို သဘောမတွေ့ဘူးဆိုတဲ့ အချက်တွေကြောင့် PNF ဟာ နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။

PNF ကို တားခွန်သောင်းက ဆက်ဦးဆောင်ခဲ့ပေမဲ့ ခွဲထွက်သွားတဲ့ အဖွဲ့ကတော့ စစ်အစိုးရထံမှာပဲ လက်နက် ချခဲ့ပါတယ်။ အဲဒီကာလမှာ PNF ဟာ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်း မြို့နယ်တွေမှာ လှုပ်ရှားခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာတော့ PNF ကို ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (PSLO/PSLF) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။

✤ PSLA လှုပ်ရှားမှုနှင့် ပျက်သုဥ်းခြင်း

ပလောင်အမျိုးသားတပ်ဦးကို နိုင်ငံရေးဦးဆောင်မှုတရပ်အနေနဲ့ ရပ်တည်ဖို့အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်(PSLA)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်မှူးသန်းဝင်းကို ဖြုတ်ချပြီး တပ်တွင်းပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ကချင်နဲ့ ပလောင်ကြား လူမျိုးရေးပြဿနာတွေကို ခဝါချနိုင်ဖို့နဲ့ တော်လှန်ရေးမှာ ဆက်နွှယ်လုပ်ကိုင်နိုင်ဖို့ အဲဒီနှစ်မှာပဲ PSLO ဟာ KIO နဲ့ တရားဝင် ထာဝရမဟာမိတ် စာချုပ်ကို ချုပ်ဆိုခဲ့တဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့နဲ့ စုဖွဲ့ထားသည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)(NDF)မှာလည်း အဖွဲ့ဝင်ခဲ့ပါတယ်။ NDF ဟာ ထိုင်းနယ်စပ်မှာ အခြေစိုက်ပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေးတွေကို ဆက်စပ်လုပ်ကိုင်နိုင်အောင်ဆိုပြီး PSLO ဟာ NDF ကို ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်တွေဟာ အခု TNLA မှာ ထိပ်သီးခေါင်းဆောင်တွေ ဖြစ်လာကြပါတယ်။

၁၉၈၁ ခုနှစ် အောက်တိုဘာလမှာ ညှိုနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ကို အောက်ပါ ဗဟိုကော်မတီဝင်များနဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

∎ ၁၉၈၁ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် PSLO/PSLA ၏ ခေါင်းဆောင်များ

စဉ်

အမည်

ရာထူး

၁

တားအုန်းခိုင်

ဗဟိုကော်မတီ ဥက္ကဋ္ဌ

၂

ဗိုလ်ကြီးခေးဆငိုက်

ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ

၃

ဗိုလ်ကြီးအိုက်မုန်း

စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ/ စစ်ဦးစီးချုပ်

၄

တားစံမောင်

အထွေထွေအတွင်းရေးမှူး

၅

ဗိုလ်ညီလုံ

အဖွဲ့ဝင်/ဒုတိယစစ်ဦးစီးချုပ်

၆

ဗိုလ်အိုက်လိတ်

အဖွဲ့ဝင်/အထွေထွေရုံးအရာရှိ

၇

ဒုတိယဗိုလ်သန်းဝေ

အရန်ကော်မတီဝင်

၈

ဒုတိယဗိုလ်အောင်ဆွေ

အရန်ကော်မတီဝင်

၉

ဒုတိယဗိုလ်သိန်းအောင်

အရန်ကော်မတီဝင်

PSLA အနေနဲ့ နယ်မြေအတွင်းမှာ စစ်ရေးလှုပ်ရှားမှုအပြင် နိုင်ငံရေးမဟာမိတ်ဆက်ဆံရေးကိုပါ တည်ဆောက်လိုတဲ့ ရည်မှန်းချက်လည်း ရှိခဲ့ပါတယ်။ KIA နဲ့ ပိုစည်းနှောင်တဲ့ မဟာမိတ်ဆက်ဆံရေးရှိတဲ့အပြင် ရှမ်းပြည်နယ်အတွင်းက တခြားရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်း နိုင်ငံရေးနဲ့ စစ်ရေး မဟာမိတ်တည်ဆောက်ချင်တာကြောင့် ရှမ်းပြည်တပ်မတော်(SSPP/SSA)နဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးတာတွေကို နောက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဗဟိုဌာနချုပ်ဖြစ်တဲ့ မာနယ်ပလောမှာ မဒတ ညီလာခံအစည်းအဝေးကိုလည်း KIA ရဲ့ အကူအညီနဲ့  ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။

စစ်ဆင်ရေးတွေ ပူးတွဲလှုပ်ရှားတဲ့အခါမှာ တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဆိုပြီး စစ်ကြောင်းသုံးကြောင်းခွဲပြီး လှုပ်ရှားခဲ့ပါတယ်။ မြောက်ပိုင်းစစ်ကြောင်းမှာတော့ SSPP/SSA၊ KIO တို့နဲ့အတူ ပူးတွဲပြီး စစ်ရေးလှုပ်ရှားခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ပြိုကွဲတဲ့အခါ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) တို့က ဗကပ ကနေ ခွဲထွက်လာပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူညီခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်တပ်မတော်(SSA)ကလည်း စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။  တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အပစ်အခတ်ရပ်ခဲ့တာက တကြောင်း၊ စစ်အစိုးရရဲ့ ဖိအားကြောင့်တကြောင်း ဌာနချုပ်မှာကျန်ရစ်နေတဲ့ ဗိုလ်မှူးကြီးတားအိုက်မုန်းအဖွဲ့ဟာလည်း ၁၉၉၁ ခုနှစ်မှာ  စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ စစ်အစိုးရဘက်ကလည်း ၎င်းတို့ကို ရှမ်းပြည်နယ် အမှတ်-၇ အထူးဒေသ PSLA (ငြိမ်းချမ်းရေးအဖွဲ့) ဆိုပြီး သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကို မာနယ်ပလောမှာ ရောက်ရှိနေတဲ့ ကိုယ်စားလှယ်အဖွဲ့က သဘောမတူခဲ့ကြပါဘူး။ ၂၀၀၅ ခုနှစ်မှာ ဗိုလ်မှူးကြီးတားအိုက်မုန်း ဦးဆောင်တဲ့ PSLA အဖွဲ့ဝင် ၃၀ ကျော်ဟာ မန်တုံမြို့နယ်မှာ လက်နက်အပ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ စစ်အစိုးရဘက်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင်အပါအဝင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ(နအဖ)ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

✤ TNLA ကို ပြန်လည်ထူထောင်ခြင်း

PSLO/PSLA  လက်နက်ချ ဖျက်သိမ်းခံလိုက်ရတဲ့နောက် ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိနေတဲ့ တအန်းလူငယ်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့အသစ်ကို ပြန်ထူထောင်ဖို့ ကြိုးပမ်းကြပါတယ်။  ၂၀၀၉ ခုနှစ်မှာ ညီလာခံတရပ်ကျင်းပပြီး တအန်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကို ဖွဲ့စည်းခဲ့ပါတယ်။ တပ်ဖွဲ့သစ်အနေနဲ့ စစ်ပညာကို KIA ဆီကနေ ပြန်လည်သင်ယူပြီး ရှမ်းပြည်နယ်မြောက်ပိုင်းထဲကို ဝင်ရောက်လှုပ်ရှားနိုင်ဖို့ ၂၀၁၀-၁၁ ခုနှစ်တွေမှာ ပြင်ဆင်ခဲ့ပါတယ်။ KIA ထံမှာ စစ်ပညာသင်ယူစဥ်အတွင်း တအန်း လူငယ်တွေနဲ့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ခေါင်းဆောင်တွေနဲ့ သင်တန်းသားတွေအကြား ရင်းနှီးမှုရှိခဲ့ပါတယ်။ အဲဒီကတဆင့် နောင်မှာ စစ်ရေးအရကြီးမားတဲ့ ညီနောင်မဟာမိတ် ဖြစ်လာစေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထဲမှာ KIA ထံက သင်တန်းဆင်းလာတဲ့ တအန်းလူငယ် ၄၂ ဦးဟာ ရိုင်ဖယ်သေနတ် ၂၂ လက်နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ရွှေလီမြစ်ဝှမ်း ဒေသကို စတင်ထိုးဖောက်အခြေချခဲ့ပါတယ်။

အဲဒီအချိန်မှာ စစ်အစိုးရကနေ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အဖြစ် ဦးသိန်းစိန်အစိုးရတက်လာပြီး နိုင်ငံတဝန်းက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို အပစ်အခတ်ရပ်စဲဖို့ ဖိတ်ခေါ်နေပါတယ်။ အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့ သမ္မတဦးသိန်းစိန်က ကမ်းလှမ်းရာမှာ ပြည်တွင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံးနီးပါးဟာ ပြည်နယ်အဆင့် ဒါမှမဟုတ် ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ TNLA ကိုတော့ ကနဦးမှာ ဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ ရှိခဲ့ပေမဲ့ အသေအချာဆွေးနွေးနိုင်ခဲ့တာမျိုး မရှိပါဘူး။ ၂၀၁၄ ခုနှစ်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ကိုးကန့်မြေမှာ ပြန်အခြေစိုက်ဖို့ ထိုးစစ်ဆင်တဲ့အခါ TNLA နဲ့ AA တို့ဟာ မဟာမိတ်အဖြစ် ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ MNDAA ရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့ တအန်းစစ်သည်တွေက လက်ရှိမှာတော့ လူလတ်ပိုင်းအရွယ်တွေ ဖြစ်လာခဲ့ကြပြီး  အရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်နေကြပါတယ်။

အဲဒီနောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(NCA) ကို ဆွေးနွေးတဲ့အခါမှာ TNLA နဲ့ မဟာမိတ်တွေဖြစ်တဲ့ AA နဲ့ MNDAA တို့က ပါဝင်လိုခဲ့ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးကာလ အစိုးရသစ်ရလက်ထက်မှ ပေါ်လာပြီး အစိုးရကို တိုက်ခိုက်နေတဲ့အဖွဲ့တွေဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချန်လှပ်ထားခဲ့ဖို့ စစ်တပ်ဘက်က ကြိုးစားခဲ့ပါတယ်။ KIA နဲ့ KNU တို့ ဦးစီးပြီးကျင်းပခဲ့တဲ့ မိုင်ဂျာယန်နဲ့ လော်ခီးလာ ညီလာခံတွေမှာ TNLA၊ AA နဲ့ MNDAA ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။​ ဒါပေမဲ့ အစိုးရ၊ စစ်တပ်တို့နဲ့ ညှိနှိုင်းမယ့် အဆင့်တွေမှာတော့ အဲဒီသုံးဖွဲ့ကို စစ်တပ်ဘက်က လက်မခံခဲ့ပါဘူး။ လက်နက်ချမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ ပါဝင်လို့ရမယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ သူ့ရဲ့သဘောထားကို တင်းတင်းမာမာ ပြခဲ့ပါတယ်။

✤ PSLF/TNLA ၏ ခေါင်းဆောင်များ

စဥ်

အမည်

ရာထူး

တာဝန်

၁

တားအိုက်ဘုန်း

ဗိုလ်ချုပ်ကြီး

ဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင်

၂

တားဂျုတ်ဂျား

ဒုတိယဗိုလ်ချုပ်ကြီး

ဒုတိယဥက္ကဋ္ဌ-၁

ဗဟိုကော်မတီဝင်

၃

တားခူးလန်း

ဗိုလ်ချုပ်

ဒုတိယဥက္ကဋ္ဌ-၂

ဗဟိုကော်မတီဝင်

၄

တားဘုန်းကျော်

ဗိုလ်ချုပ်

အထွေထွေအတွင်းရေးမှူးချုပ်

ဗဟိုကော်မတီဝင်

၅

တားဟိုပလန်

ဗိုလ်ချုပ်

စစ်ဦးစီးချုပ်

ဗဟိုကော်မတီဝင်

၆

တားအိုမ်တမာဝ်း

ဗိုလ်မှူးချုပ်

တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)

ဗဟိုကော်မတီဝင်

၇

တားဂူဇာရ်

ဗိုလ်မှူးချုပ်

ဗဟိုအထွေထွေ အုပ်ချုပ်ရေးဌာနမှူး

ဗဟိုကော်မတီဝင်

၈

တာပန်လ

ဗိုလ်မှူးကြီး

တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)

ဗဟိုကော်မတီဝင်

၉

တားနောရိန်း

ဗိုလ်မှူးချုပ်

စစ်ဦးစီးဌာန

ဗဟိုကော်မတီဝင်

၁၀

တားလုမ်ကျော်မြ

ဗိုလ်မှူးချုပ်

အကောက်ခွန်ဌာန

ဗဟိုကော်မတီဝင်

၁၁

တားကုင်ခြီရ်

ဗိုလ်မှူးကြီး

ရဲချုပ်

ဗဟိုကော်မတီဝင်

✤ ‘ဝ’နှင့် မဟာမိတ်ဖွဲ့ခြင်း

NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကို အင်အားနှစ်ထောင်ဝန်းကျင်နဲ့ လှုပ်ရှားခွင် ချဲ့ထွင်လာပါတယ်။ အဲဒါဟာ TNLA အတွက် စစ်ရေးနဲ့ အုပ်ချုပ်ရေးမှာ အကျပ်အတည်းဖြစ်စေခဲ့ပါတယ်။ အဖွဲ့အစည်းအတွက် နယ်မြေစိုးမိုးနိုင်မှုနဲ့ အုပ်ချုပ်ရေးယန္တရားတွေ တည်ထောင်စကာလမှာ စစ်တပ်နဲ့ တိုက်ခိုက်နေရတာကြောင့် ခဲယမ်းမီးကျောက် ဖြည့်တင်းရတာက တဖက်၊ RCSS နဲ့ နယ်မြေလုတိုက်ပွဲတွေက တဖက်မို့ TNLA အတွက် အခက်ခဲဆုံးကာလပါပဲ။

၂၀၁၅ ခုနှစ် မေလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိပ်သီးညီလာခံကို ‘ဝ’တပ်ဖွဲ့က ဦးစီးပြီး ပထမအကြိမ်အဖြစ် ပန်ဆန်းမြို့မှာ ကျင်းပခဲ့ပါတယ်။ ညီလာခံမှာ TNLA ခေါင်းဆောင်တွေလည်း ပါဝင်တတ်ရောက်ခဲ့ပါတယ်။ အဲဒီညီလာခံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားတပ်ဖွဲ့တွေကို နိုင်ငံရေးနဲ့  စစ်ရေး မဟာမိတ်တွေအဖြစ် ပိုပြီးစည်းနှောင်နိုင်ဖို့ အစပြုမှုဖြစ်ခဲ့သလို TNLA အတွက်လည်း ‘ဝ’တပ်ဖွဲ့နဲ့ ပထမဦးဆုံးအကြိမ်အဖြစ် တရားဝင်တွေ့ဆုံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ညီလာခံအတွင်းမှာ နှစ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေ သီးခြားဆွေးနွေးမှုတွေရှိခဲ့ပြီး TNLA အတွက် လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ နိုင်ငံရေးအရပါ နောက်ကနေ ကျောထောက်နောက်ခံပြုပေးမယ့် အင်အားကြီး ‘ဝ’ တပ်ဖွဲ့ကို မဟာမိတ်အဖြစ် ရရှိစေခဲ့ပါတယ်။

TNLA နဲ့ RCSS အကြား တိုက်ပွဲတွေ ရပ်ဖို့၊ မရပ်တန့်ရင် RCSS ကို နိုင်ငံရေးအရ အရေးယူတာတွေ လုပ်မယ်လို့ပါ ၂၀၁၆ ခုနှစ်မှာ ‘ဝ’က ထုတ်ပြောခဲ့ပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလမှာ ‘ဝ’ ဦးဆောင်ပြီး ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC)ကို ဖွဲ့စည်းခဲ့ပါတယ်။ ‘ဝ’ နဲ့ မိုင်းလား(NDAA)၊ SSPP၊ KIA၊ MNDAA၊ AA နဲ့အတူ TNLA လည်း ပါဝင်ခဲ့ပါတယ်။ လက်နက်ချမှ အပစ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပါဝင်နိုင်မယ်ဆိုပြီး လမ်းပိတ်ခံထားရတဲ့ TNLA အတွက် FPNCC ဟာ ကြီးမားတဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့တခုဖြစ်လာပါတယ်။

FPNCC ထဲမှာ ပါဝင်တဲ့ ခုနစ်ဖွဲ့စလုံးဟာ NCA စာချုပ်ကို ငြင်းဆိုကြပြီး နောက်ထပ်အပစ်ရပ်စာချုပ်တခု သီးသန့်ဆွေးနွေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဖွဲ့အချင်းချင်းအကြားမှာလည်း နိုင်ငံရေးအရရော၊ မြေပြင်စစ်ရေး လှုပ်ရှားမှုတွေမှာပါ စည်းနှောင်မှုက ပိုပြီးအားကောင်းလာခဲ့ပါတယ်။ RCSS ရဲ့ နယ်မြေချဲ့ထွင် လှုပ်ရှားမှုကို တန်ပြန်တိုက်ခိုက်ဖို့ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ဟာ နမ္မတူမြို့နယ်တွင်းမှာ စစ်ရေးမဟာမိတ်ဖွဲ့ပြီး RCSS ကို အတူပြန်တိုက်ခဲ့ကြပါတယ်။ TNLA နဲ့ RCSS ကြား နယ်မြေအုပ်စိုးနိုင်ရေး တိုက်ခိုက်မှုတွေက ၂၀၁၆ ခုနှစ် ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ကျောက်မဲနဲ့ နမ္မတူမြို့နယ်တွေမှာ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ပါတယ်။ RCSS အနေနဲ့ အဲဒီမြို့နယ်တွေမှာ စစ်ရေးအရဗျူဟာကောင်းတဲ့ တောင်ကုန်း၊ တောင်ကြောတွေမှာ အခြေစိုက်ခဲ့ပါတယ်။ ဒါအပြင် နမ့်ဆန့်မြို့နယ်အတွင်းနဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့နယ်ခွဲ အတွင်းမှာလည်း တပ်ဖြန့်လှုပ်ရှားခဲ့ပါတယ်။ RCSS ရဲ့ လှုပ်ရှားမှုက TNLA နဲ့ SSPP တို့အပြင် ၎င်းတို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ မြောက်ပိုင်းအခြေစိုက် တပ်ဖွဲ့တွေရဲ့ အကျိုးစီးပွားတွေဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုနဲ့  ရှမ်းမြောက်ဒေသမှာ သြဇာထူထောင်မှုကိုပါ အစုရှယ်ယာခွဲဝေယူလာသလို ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစကာလမှာတော့ TNLA ဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက်တာမျိုး မလုပ်သေးပါဘူး။ ‘ဝ’နဲ့ ကိုးကန့်တပ်တွေရဲ့ စက်ရုံထုတ် ရိုင်ဖယ်အသစ်တွေကို ပြောင်းလဲတပ်ဆင်ပြီး တပ်အင်အားကို ပိုတောင့်တင်းအောင် တည်ဆောက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာပဲ RCSS ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ပါတယ်။ တခါ ‘ဝ’တပ်တွေကလည်း သံလွင်မြစ်ကို ဖြတ်ပြီး အနောက်ဘက်ခြမ်းကို တပ်ဖြန့်ခဲ့ပါတယ်။ အဲဒါအပြင် TNLA က နယ်မြေတိုးချဲ့လှုပ်ရှားနေတဲ့ လားရှိုးမြို့နယ် မိုင်းယော်ဒေသအပြင် SSPP ရဲ့ ဌာနချုပ်ဖြစ်တဲ့ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ၊ မိုင်းရှုး၊ တန့်ယန်း၊ ပင်လုံ၊ ဟိုပုံးနဲ့ ရပ်စောက်မြို့နယ်တွေအထိ ‘ဝ’ က တပ်ဖြန့်ခဲ့ပါတယ်။ TNLA က RCSS ကို ရှမ်းမြောက်ဒေသတွင်းမှာ တိုက်ခိုက်နေချိန် SSPP နဲ့ ‘ဝ’ တို့ကလည်း ရှမ်းတောင်ဒေသမှာ RCSS ကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ RCSS ကို ရှမ်းမြောက်ဒေသတခုလုံးကနေ တွန်းထုတ်ဖို့အတွက် TNLA ကို ‘ဝ’က နောက်ကွယ်က ပံ့ပိုးပေးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းမှာတော့ RCSS ဟာ  ရှမ်းမြောက်ဒေသမှာ ငါးနှစ်တာအတွင်း တပ်ဖြန့်အခြေချခဲ့တဲ့ သူ့ရဲ့ နေရာအားလုံးကို ဆုတ်ခွာသွားပါတော့တယ်။ ဒါအပြင် ဆယ်စုနှစ်သုံးခုဝန်းကျင် အခြေစိုက်ခဲ့တဲ့  မူဆယ်မြို့နယ် မန်ဟီးရိုးမြို့နယ်ခွဲထဲက အမှတ်-၇၀၁ စစ်ဒေသနဲ့ ရှမ်းတောင်ဒေသတွင်းက နယ်မြေတချို့ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။

ရှမ်းမြောက်ကနေ RCSS ဆုတ်ခွာသွားတာကြောင့် နယ်မြေစိုးမိုးမှုကျယ်ကျယ်ပြန့်ပြန့် ရလာတဲ့ TNLA အနေနဲ့ တပ်တွင်း အပြောင်းအလဲသစ်တချို့ကို လုပ်ပါတယ်။ ကနဦးက အခြေခံစစ်ပညာသင်ယူခဲ့တဲ့ KIA ရဲ့ လက်မောင်းတံဆိပ်(Badge)နဲ့ စစ်ဝတ်စုံတွေနဲ့ ဆင်တူတဲ့ ပုံစံကို တပ်ဆင်ခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်က စပြီးပြောင်းလဲလိုက်တဲ့ တံဆိပ်အသစ်မှာ တအန်းအမျိုးသားရေးအမှတ်တံဆိပ်ဖြစ်တဲ့ လက်ဖက်ညွန့်၊ နဂါး၊ တောင်သုံးလုံး စတာတွေ ပါဝင်ပါတယ်။ (တံဆိပ်အသစ်ဟာ ‘ဝ’ ရဲ့ အမှတ်တံဆိပ်နဲ့ ခပ်ဆင်ဆင်တူတယ်လို့ တိုင်းရင်းသားနိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေရဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။) လက်နက်ခဲယမ်း အသစ်တွေ ထပ်တိုးတပ်ဆင်မှု၊ နယ်မြေဖြန့်ကြက်လှုပ်ရှားနိုင်မှုနဲ့ အုပ်ချုပ်ရေးယန္တရားချဲ့ထွင် တည်ဆောက်မှုတွေနဲ့အတူ TNLA ဟာ ပိုပြီးအင်အားတောင့်တင်း ကြီးထွားလာခဲ့ပါတယ်။ စစ်အာဏာသိမ်းကာလမှာ စစ်ကောင်စီကို တုံ့ပြန်တော်လှန်လိုတဲ့ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း စတဲ့ ဒေသတွေက လူငယ်တွေကို စစ်ပညာတွေပို့ချပေးတာအပြင် မဟာမိတ်တွေဆီကရတဲ့ လက်နက်ခဲယမ်းတွေကို တပ်ဆင်ပေးတာတွေအထိ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ အင်အားသေးငယ်တဲ့ တပ်ဖွဲ့ကနေ အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ကြီးတခုအဖြစ် ဆယ်စုနှစ်တခုအတွင်းမှာ ပြောင်းလဲလာတာကို ပြသနေတာပါပဲ။ အင်အားကြီးလာတာနဲ့အမျှ တအန်း(ပလောင်) ပြည်နယ်ရရှိရေးကို ပြတ်ပြတ်သားသားထုတ်ဖော်ပြောဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။

✤ နယ်မြေအငြင်းပွားမှုများနှင့် တအန်းနိုင်ငံရေး၏ ရှေ့အလားအလာ

TNLA ရဲ့ နိုင်ငံရေးရည်မှန်းချက်က တအန်း(ပလောင်)ပြည်နယ်ရရှိရေး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်အာဏာသိမ်းမှုအလွန်ကာလမှာ ပိုပြီးကျယ်ကျယ်လောင်လောင် ပြောဆိုလာတဲ့အပြင် မြေပြင်မှာလည်း အုပ်ချုပ်ရေးယန္တရားကို ချဲ့ထွင်ထူထောင်တာ၊ စိုးမိုး-ထိန်းချုပ်နယ်မြေတွေကို တိုးချဲ့တာတွေကို လုပ်ဆောင်နေခဲ့ပါတယ်။ ဒီအပြင် ဥပဒေကြောင်းအရလည်း တရားဝင်ညှိနှိုင်းဆွေးနွေးတာတွေ လုပ်နိုင်ဖို့အတွက် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို တအန်းနိုင်ငံရေးအသိုင်းအဝိုင်းအတွင်းမှာ ပြင်ဆင်နေခဲ့တာ ရှိပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းက တတိယမူကြမ်းအထိ အချောသတ်ထားပြီး ဥပဒေကြမ်း ပြင်ဆင်မှုမှာ TNLA အပြင် တအန်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ(TPCC)၊ တအန်းနိုင်ငံရေး ခေါင်းဆောင်တွေ၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ တအန်းလူမျိုးလွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တအန်းနိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ ပါဝင်တယ်လို့ ကြေညာထားပါတယ်။

TNLA ဟာ တပ်တွေ ဖြန့်ကြက်လှုပ်ရှားနေတဲ့​ ဒေသတွေကို ခရိုင်ငါးခုခွဲပြီး အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ခဲ့ပါတယ်။ အဲဒါတွေကတော့ (၁) မန်အောင်ခရိုင်(မူဆယ်-နမ့်ခမ်းဒေသ)၊ (၂) ရွှေလီခရိုင်/အိုမ်တမော်ဝ်(မန်တုံ-မိုင်းဝီးဒေသ)၊ (၃) သံလွင်ခရိုင်/အိုမ်ခုံး(ကွတ်ခိုင်-မုံးစီး-မိုင်းဟွမ်ဒေသ)၊ (၄) လားရှိုးခရိုင်/လာဆျို(လားရှိုး-မိုင်းယော်ဒေသ)၊ (၅) နမ့်ဆန်ခရိုင်/အိုမ်ယ်ုရ်(နမ့်ဆန်-ကျောက်မဲ- မိုးကုတ်ဒေသ) တွေ ဖြစ်ပါတယ်။ ခရိုင်သတ်မှတ်မှုတွေက မြန်မာအစိုးရရဲ့ တရားဝင်နယ်နိမိတ်သတ်မှတ်မှုတွေအတိုင်း မဟုတ်ဘဲ TNLA ရဲ့ ဒေသအလိုက် သတ်မှတ်ထားချက်တွေ ဖြစ်ပါတယ်။ အဲဒီခရိုင်တွေဟာ အနာဂတ်မှာ ၎င်းတို့ တရားဝင်တည်ဆောက်လိုတဲ့ တအန်းပြည်နယ်ရဲ့ နယ်မြေအစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။ ပြည်နယ်တည်ဆောက်ရေးအတွက် ရည်မျှော်ပြီး ဖွဲ့စည်းထားတဲ့ ခရိုင်တွေမှာ အုပ်ချုပ်ရေးယန္တရားကို ဌာနတွေခွဲပြီး လုပ်ဆောင်နေပါတယ်။ တနည်းအားဖြင့် လက်နက်ကိုင်တော်လှန်ရေးအစိုးရ(Rebel Governance)တရပ်အဖြစ်  ရပ်တည်လည်ပတ်နေတာ ဖြစ်ပါတယ်။

∎ PSLF/TNLA တွင် ဖွဲ့စည်းထားသည့် ဌာနများ

TNLA တွင် လည်ပတ်လျက်ရှိသော လုပ်ငန်းဌာန ၁၄ ခု ရှိပြီး    ၎င်းဌာနများမှာ ကာကွယ်ရေးရာ၊ အထွေထွေအုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ အခွန်၊ မဟာမိတ်နှင့် နိုင်ငံခြားရေးရာ၊ သတင်းနှင့် ပြန်ကြားရေး၊ ပညာရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးရာ၊ စားနပ်ရိက္ခာစီမံထောက်ပံ့ရေး၊ စိုက်ပျိုးမွေးမြူရေး၊ မြေယာနှင့် သစ်တောကာကွယ်ရေးတို့ ဖြစ်သည်။ ထို့အပြင် လုပ်ငန်းကော်မတီသုံးခုရှိပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းကော်မတီ၊ ဗဟိုစီးပွားရေးကော်မတီနှင့် စစ်ဘေးရှောင်ရေးရာ စီမံကော်မတီတို့ဖြစ်သည်။ TNLA ၏ တရားစီရင်ရေးဌာနသည် ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ တိုက်နယ်အဆင့်နှင့် ပြည်သူ့ဆက်ဆံရေးအဆင့်ဟူ၍ ဖွဲ့စည်းထားပြီး ဒေသတွင်းအရပ်သားများအကြား အငြင်းပွားမှု၊ တိုင်တန်းမှုများနှင့် ရာဇဝတ်မှုများကို စီရင်သည်။

TNLA ရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ အရပ်သားတွေ စစ်မှု မထမ်းမနေရ၊ အခွန်ငွေ မထမ်းမနေရ စနစ်တွေလည်း ပါဝင်ပါတယ်။ တော်လှန်ရေးအစိုးရတရပ်ဖြစ်တာကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ပတ်သက်လို့ လွှမ်းခြုံနိုင်မှု  ကျယ်ကျယ်ပြန့်ပြန့်မရှိပေမဲ့ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ချိန်မှာတော့ ကော်မတီတွေကို အဆင့်ဆင့်ဖွဲ့စည်းပြီး ၎င်းတို့ စိုးမိုး-ထိန်းချုပ်ရာဒေသတွေမှာ ရောဂါ မပြန့်ပွားဖို့ စည်းကမ်းတွေ တင်းတင်းကျပ်ကျပ် ချမှတ်ခဲ့ပါတယ်။ ရွာအဝင်အထွက်တွေမှာ ဂိတ်စခန်းတွေ ဖွင့်လှစ်ပြီး လူအဝင်အထွက် စိစစ်တာ၊  နာမကျန်းသူတွေကို ဆေးစစ်တာနဲ့ ကုသပေးတာတွေ၊ ရောဂါကူးစက်ခံရသူလို့ သံသယရှိရင် မြန်မာအစိုးရဆေးရုံတွေကို ပို့နိုင်ဖို့ လုပ်ဆောင်တာတွေအထိ လုပ်ခဲ့ပါတယ်။ သို့ပေမဲ့ မဟာမိတ် တပ်ဖွဲ့ကြီးတွေဖြစ်တဲ့ UWSA၊ NDAA၊ KIA နဲ့ SSPP တို့လိုတော့ မိမိအုပ်ချုပ်ရာ ဒေသတွင်းက လူထုအတွက် တရုတ်နိုင်ငံကနေ ကိုဗစ်ကာကွယ်ဆေးတွေ ရရှိခဲ့တာမျိုးတော့ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် စစ်လက်နက်အင်အား၊ စစ်သည်အင်အားနဲ့ နယ်မြေထိန်းချုပ်နိုင်မှု ကျယ်ပြန့် လာတာကြောင့် တအန်းပြည်နယ် တည်ဆောက်ရေး TNLA ရဲ့ ရည်မှန်းချက်ကလည်း ပိုလို့အရှိန်မြင့် လာခဲ့ပါတယ်။ TNLA စိုးမိုး-ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ သစ်တောကြိုးဝိုင်းထိန်းသိမ်းရေးနယ်မြေတွေ သတ်မှတ်ပြီး တအန်းပြည်နယ်ဆိုတဲ့ အမှတ်အသားဆိုင်းဘုတ်တွေ စိုက်ထူတာမျိုးအထိပါ လုပ်ခဲ့ပါတယ်။ TNLA စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို စစ်ကောင်စီဘက်က ဖျက်ဆီးပစ်တာ ရှိသလို နယ်မြေစိုးမိုး-ထိန်းချုပ်မှု ရောယှက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား လက်မခံဘဲ သဘောထားတင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်ထဲက ရေပုံး၊ တုံကြီး၊ မန်ယွန်းနဲ့ လွယ်မောက်ကျေးရွာတွေ အနီးမှာ TNLA ရဲ့  မြေယာနဲ့ သစ်တောဌာနက စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ထိန်းသိမ်းရေးဆိုင်းဘုတ်တွေကို KIA တပ်ရင်း-၃၄ က ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနယ်မြေတွေဟာ နှစ်ဖက်တပ်တွေကြား စိုးမိုးမှု ရောယှက်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေ အချင်းချင်းကြား နိုင်ငံရေးပိုင်းမှာ မဟာမိတ်ဖြစ်ပေမဲ့ နယ်မြေ အုပ်ချုပ်စိုးမိုးနိုင်မှုမှာတော့ တင်းမာမှုတွေ၊ အငြင်းပွားမှုတွေ ရှိနေတာပါ။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာတော့ AA၊ MNDAA နဲ့ TNLA တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်းပြီး ‘စစ်ဆင်ရေး ၁၀၂၇’ ကို ဆင်နွှဲခဲ့ကြပါတယ်။  စစ်ဆင်ရေးနဲ့အတူ TNLA ဟာ မြို့ခုနစ်မြို့နဲ့ ဒေသအစိတ်အပိုင်းအများအပြားကို တိုက်ခိုက်သိမ်းယူလိုက်နိုင်တာကြောင့် ‘တအန်းပြည်နယ်’ တည်ထောင်ရေး ရည်မှန်းချက်အတွက် အရှိန်အမြင့်ဆုံးကာလကို ရောက်လာပါတယ်။

∎ TNLA သိမ်းပိုက်ခဲ့သည့် ဒေသများ၏ လူဦးရေအခြေပြဇယား

နမ့်ဆန်မြို့အပါအဝင် မြို့နယ်တခုလုံးနီးပါးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေ

ပလောင်

လီဆူ

ရှမ်း

ကချင်

အခြား

နမ့်ဆန်မြို့နယ်

၈၁, ၀၉၂

၉၀.၅ %

၂.၉ %

၂.၇ %

၀.၄၆ %

၃.၄၄ %

နမ့်ခမ်းမြို့အပါအဝင် မြို့နယ်တခုလုံးနီးပါးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေ

ရှမ်း

ပလောင်

လီရှော

ကချင်

အခြား

နမ့်ခမ်းမြို့နယ်

၁၁,၆၇၄

၄၀.၉၄ %

၃၄.၁၃ %

၁၅.၇၈ %

၄.၉၃ %

၄.၂၂ %

မန်တုံမြို့နယ်တခုလုံးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေ

ပလောင်

ကချင်

ရှမ်း

လီဆူ

အခြား

မန်တုံမြို့နယ်

၃၅, ၉၁၆

၆၄.၈ %

၁၅.၈၃ %

၇.၂၆ %

၇.၁၄ %

၄.၉၇ %

နမ္မတူမြို့အပြင် မြို့နယ်တခုလုံးနီးပါးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေ

ရှမ်း

ဗမာ

ပလောင်

ကချင်

အခြား

နမ္မတူ မြို့နယ်

၅၀,၇၂၀

၄၂.၅၃ %

၁၇.၃ %

၁၅.၄  %

၈.၀၂ %

၁၆.၇၅ %

ကျောက်မဲမြို့နယ်အတွင်းက မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်နှင့် ဒီဇင်ဘာ ၃၁ ရက်တို့တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေ

ရှမ်း

ပလောင်

ဗမာ

ကချင်

အခြား

ကျောက်မဲ မြို့နယ်

၁၇၁,၉၃၀

၅၈.၆ %

၁၈.၆ %

၁၂.၁ %

၂.၁ %

၈.၆ %

ကွတ်ခိုင်မြို့အပါအဝင် ကွတ်ခိုင်မြို့နယ်၏ အစိတ်အပိုင်းတချို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေ

မုန်းဝန်း

ပလောင်

ကချင်

ရှမ်း

အခြား

ကွတ်ခိုင် မြို့နယ်

၁၈၈,၇၅၁

၂၈.၉ %

၂၄.၉ %

၂၃.၉ %

၆.၇ %

၁၅.၆ %

‘စစ်ဆင်ရေး ၁၀၂၇’ အတွင်းမှာ TNLA အနေနဲ့ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲနဲ့ ကွတ်ခိုင်မြို့နယ် တွေထဲက မြို့ခုနစ်မြို့ကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို တိုက်ခိုက်သိမ်းယူပြီး မြို့နယ်တွေရဲ့ အစိတ်အပိုင်းအများစုကို ထိန်းချုပ်ထားပေမဲ့ KIA၊ SSPP တို့ အခြေစိုက်လှုပ်ရှားနေတဲ့ ဒေသတွေလည်း ရှိနေပါသေးတယ်။ အဲဒီအဖွဲ့တွေအကြား နိုင်ငံရေးအရ မဟာမိတ်တပ်ဖွဲ့တွေဖြစ်ပေမဲ့ စိုးမိုး-ထိန်းချုပ်နယ်မြေကို အခြားတပ်ဖွဲ့က ဝင်ရောက်လှုပ်ရှားတာမျိုးကို လက်ခံလေ့ မရှိကြပါဘူး။ နယ်မြေကျော်လွန်လှုပ်ရှားလာရင် တင်းတင်းမာမာတုံ့ပြန်တာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေအထိပါ ဖြစ်ခဲ့တဲ့ ဖြစ်စဥ်တွေ ရှိပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ ကာလအတွင်းမှာတော့ သူ့နယ်ကိုယ့်နယ် ကျော်လွန်မလာအောင် သတိနဲ့ လှုပ်ရှားကြတာမျိုး ရှိပေမဲ့ စစ်ရေးအရ တင်းမာမှုတွေ မရှိခဲ့ပါဘူး။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နမ့်ဆန်နဲ့ မန်တုံမြို့နယ်နှစ်ခုကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး သတ်မှတ်ပြဋ္ဌာန်းထားပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ခဲ့ပါတယ်။  လက်ရှိမြေပြင်မှာတော့ ပလောင်ဒေသနယ်မြေဟာ ပိုမိုကျယ်ပြန့်သွားပြီဖြစ်သလို အုပ်ချုပ်မှုပုံစံလည်း ပြောင်းလဲသွားပါပြီ။ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ လားရှိုး၊ ကျောက်မဲနဲ့ မိုးကုတ်မြို့နယ်တွေကိုပါ ပလောင်ပြည်နယ်အဖြစ် TNLA က သတ်မှတ်လိုက်ပါတယ်။ ဒီသတ်မှတ်မှုက TNLA နဲ့ တအန်းနိုင်ငံရေးအဝန်းအဝိုင်းတခုတည်းရဲ့ သတ်မှတ်ချက်ဖြစ်တာကြောင့် ဒေသတွင်းမှာ အတူယှဥ်တွဲနေထိုင်နေတဲ့ ရှမ်းနဲ့ ကချင်တွေကြားမှာ အားပြိုင်မှုနဲ့ ငြင်းခုံတာတွေ ပိုကြီးထွားလာနိုင်ခြေ ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့အကြား အပစ်ရပ်စဲခဲ့ပြီး TNLA ခေါင်းဆောင်ပိုင်းတွေဟာ သူတို့ သိမ်းထားတဲ့ မြို့တွေကို ကွင်းဆင်းစစ်ဆေးတာတွေနဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့တွေကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ TNLA အနေနဲ့ အုပ်ချုပ်ရေးယန္တရား ခိုင်ခိုင်မာမာထူထောင်လာခဲ့ရင် ဒေသတွင်းမှာ လှုပ်ရှားနေတဲ့  ရှမ်းနဲ့ ကချင်တို့လို တခြားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နယ်မြေအငြင်းပွားမှု၊ မကျေလည်မှုနဲ့ လိပ်ခဲတည်းလည်းဖြစ်မှုတွေ  ပိုကြီးထွားလာနိုင်ပါတယ်။

The post တအန်း(ပလောင်) တော်လှန်ရေး appeared first on ISP Myanmar Peace Desk.

စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော် တိုးလာ
အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၄၃)

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဧပြီ ၂၀ရက်အထိ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပြည်တွင်းစစ် ပြေးဒုက္ခသည်အရေအတွက် ၂,၆၉၄,၅၆၇ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလ ကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ကာလနှစ်ရပ်ပေါင်း ပြည်တွင်းစစ်ပြေးဒုက္ခသည် သုံးသန်းကျော် ရှိလာပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာများအပါအဝင် တသန်းထက်မနည်းမှာလည်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များ အဖြစ် ရှိနေပါတယ်။

The post စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းခွဲကျော် တိုးလာ appeared first on ISP Myanmar Peace Desk.

ရှမ်း-ကယားဒေသ၌ စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့် ၊ စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်မှု သုံးဆကျော် တိုးလာ
အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၄၂)

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်မှာ ခုခံတွန်းလှန်မှု အားကောင်းနေတဲ့ ဒေသတွေထဲက နေရာအများစု ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီး ဦးတည်ထိုးစစ်ဆင်မှု လုပ်နေပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်း ထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုများလာပါတယ်။ စစ်ကောင်စီထိုးစစ်နဲ့အတူ  များပြား ကျယ်ပြန့်လာတဲ့တိုက်ပွဲတွေထဲကမှ ရှမ်း-ကယား ဒေသအတွင်း ကရင်နီ ခုခံတော်လှန်ရေးတပ်တွေနဲ့ စစ် ကောင်စီအကြား အခြေအနေကို အလေးပေးပြီး ISP-Myanmar က လိုရင်းတိုရှင်း ဖော်ပြပါမယ်။

The post ရှမ်း-ကယားဒေသ၌ စစ်ကောင်စီ ထိုးစစ် အရှိန်မြှင့် ၊ စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်မှု သုံးဆကျော် တိုးလာ appeared first on ISP Myanmar Peace Desk.

သိက္ခာနှင့် သစ္စာအပေါ် အခြေခံသော SNLD ၏ နိုင်ငံရေး
ကနဦးသုံးသပ်ချက် (အမှတ်-၁၃)

∎ ဖြစ်ရပ်အချက်အလက်

၂၀၂၃ ခုနှစ် မတ် ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်တာ ပြုလုပ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအပြီး ဆုံးဖြတ်ချက်အရ SNLD ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မှာမဟုတ်တော့ပါဘူး။ သက်ဆိုင်ရာအနေနဲ့ ရွေးကောက်ပွဲကို ဘယ်တော့လုပ်မလဲဆိုတာ အတိအကျကြေညာထားခြင်းမရှိတာ၊ ပါတီဝင်တွေရဲ့သဘောထားရယူဖို့ အတွက် သူတို့ဆီသွားပြီး (အထူးသဖြင့် ကယားပြည်နယ်၊ ကချင်ပြည်နယ် အစရှိတဲ့ဒေသတွေမှာ) တွေ့ဆုံ ဖို့ လုံခြုံရေးအကန့်အသတ်တွေ ရှိနေတာတွေကြောင့် ဆက်ပြီးမှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တာလို့ SNLD ဘက်က ပြောဆိုခဲ့ပါတယ်။

∎ ကနဦးသုံးသပ်ချက်

SNLD ပါတီအနေနဲ့ တည်ဆဲစနစ်အောက်မှာ နိုင်ငံရေးပါတီအဖြစ် အခုလိုမှတ်ပုံမတင်ခြင်းဟာ ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သပိတ်မှောက်ခဲ့တဲ့ SNLD ဟာ နအဖအစိုးရက လုပ်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ဝင်မပြိုင်ခဲ့သလို၊ ပါတီမှတ်ပုံတင်ခြင်းလည်း မလုပ်ခဲ့တာမို့ ပါတီပယ် ဖျက်ခံခဲ့ရဖူးပါတယ်။ အခုတကြိမ်မှာလည်း ပါတီမှတ်ပုံတင်တာ ပြန်မလုပ်ဘူးဆိုရင် ပါတီဖျက်သိမ်းခံရ မယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ဒီမိုကရေစီဘက်တော် သားတွေထဲ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံး အနိုင်ရခဲ့တဲ့ပါတီ၊ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲမှာ (လွှတ်တော်နှစ်ရပ်ပေါင်း) တတိယမဲ အများဆုံးအနိုင်ရခဲ့သူဖြစ်ခဲ့တဲ့ SNLD ဟာ နိုင်ငံရေး ပါတီအဖြစ်က ပယ်ဖျက်ခံရဖို့ရှိနေပါတယ်။

ဖိနှိပ်မှု၊ တင်းကျပ်မှုအပြည့်နဲ့ စစ်ကောင်စီကပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ် ဟာ နိုင်ငံရေးပါတီတွေကို လက်ဝေခံ၊ အသုံးချခံအဖြစ် ချိုးနှိမ်ဆက်ဆံထားတာ၊ တတိုင်းပြည်လုံး အကြမ်းဖက်မှုတွေ ရင်ဆိုင်ရ၊ စစ်မီးတောက်နေရချိန် ပါတီမှတ်ပုံမတင်ဘူးဆိုတဲ့ SNLD ရဲ့ ဆုံးဖြတ်ချက် ဟာ စစ်အာဏာရှင်စနစ်ကို တရားဝင်မှု (legitimacy) မပေးဘဲ ရဲရဲဝံ့ဝံ့ငြင်းဆန်တဲ့ သဘောဆောင်တယ်လို့  သုံးသပ်နိုင်ပါတယ်။ တဖက်ကကြည့်ရင်လည်း မြန်မာစစ်တပ်ဟာ ပြည်သူကို အမှန်တကယ် ကိုယ်စားပြု နိုင်တဲ့ အရပ်သားနိုင်ငံရေးအင်အားစုတွေနဲ့ တန်းတူရည်တူ တွဲဖက်အခင်းအကျင်းမျှဝေပေးပြီး အပြောင်း အလဲကို ညင်ညင်သာသာသွားလိုစိတ်မရှိဘဲ၊ လက်အောက်ခံသဖွယ် နိုင်လိုမင်းထက် ဆက်ဆံနေသရွေ့ တော့ စစ်တပ်ကစီစဉ်တဲ့ အခင်းအကျင်းတိုင်းဟာ နိုင်ငံရေးထွက်ပေါက်ဖြစ်လာဖွယ်မရှိသလို၊ အရပ် ဘက်-စစ်ဘက် ဆက်ဆံရေးဟာလည်း လူထုရဲ့ နာကြည်းခါးသီးမှုတွေကြောင့် ပြန်ကောင်းလာဖွယ် မရှိ လှပါဘူး။

SNLD ရဲ့ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ဟာ အခုမှထ ငါးပွက်ရာငါးစာချ နိုင်ငံရေးပေါ်ပင်မျိုး၊ ဆိုရှယ် မီဒီယာပေါ်မှာ အတိုက်အခိုက်ခံရမှာစိုးလို့ ဆုံးဖြတ်လိုက်တဲ့ ဆင်ဝှေ့ရန်ရှောင် ပေါ်လစီမျိုး ဟုတ်ပုံမရပါ ဘူး။ ဒီဆုံးဖြတ်ချက်ဟာ SNLD ပါတီရဲ့ သမိုင်းနဲ့ချီ အစဉ်အလာကောင်းခဲ့တဲ့ သိက္ခာနဲ့ သစ္စာကို ထင်ဟပ် စေတဲ့ နောက်ဆုံးပြယုဂ်တခုလို့ သုံးသပ်နိုင်ပါတယ်။ ဒီနေရာမှာ သိက္ခာဆိုတာ နိုင်ငံရေးလုပ်တဲ့အခါ “မူ”နဲ့ တန်ဖိုးထားမှုနဲ့ လုပ်မယ်ဆိုတဲ့ နိုင်ငံရေးသိက္ခာကို ရည်ညွှန်းပါတယ်။ SNLD ဟာ ပဋိပက္ခရဲ့လတ်တလော အကြောင်းအရင်းတွေကိုသာ ကျော်လွှားဖို့ကြိုးစားတဲ့ ပဋိပက္ခဖြေရှင်းရေး (Conflict Resolution) ထက် ပဋိပက္ခကိုအရင်းအမြစ်အထိ လက်ကုန်နှိုက်ပြောင်းလဲပစ်ဖို့ (Conflict Transformation) အားထုတ်တာ တွေ့ရပါတယ်။

အာဏာသိမ်းရတာဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမသမာမှုကြောင့် ဖြစ်ရတာလို့ဆိုတဲ့ စစ်ကောင်စီ ရဲ့ဝါဒဖြန့်ချိမှုကိုပယ်ချပြီး ဒေသတွင်းနိုင်ငံတချို့နဲ့ ပြည်တွင်းအင်အားစုတချို့ ကြွေးကြော်တောင်းဆို ကြသလို ဒေါ်အောင်ဆန်းစုကြည်ပြန်လွှတ်၊ ရွေးကောက်ပွဲရလဒ်အသိအမှတ်ပြု၊ လွှတ်တော်ခေါ်ပေးဆို တဲ့ ပဋိပက္ခဖြေရှင်းရေးချဉ်းကပ်မှုမျိုးဟာလည်း မလုံလောက်ဘူး၊ အရင်းအမြစ်ကျကျ စနစ်ပြောင်းဖို့ လိုတဲ့ ထောက်ပြမှုမျိုး တွေ့ရပါတယ်။ “အစိုးရ အပြောင်းအလဲဆိုတာထက် ပေါ့ဗျာ-စနစ်ပေါ့၊ အဓိကက System Change ကိုသွားရမယ်လို့ ကျနော်တို့ CEC တဖွဲ့လုံးကနားလည်ထားပြီး ဒီဥစ္စာကို ပါတီဝင်ထုကို တင်ပြမယ်” လို့ SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က မတ် ၁၉ ရက် VOA မြန်မာပိုင်းရဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ ဒါဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ SNLD ခေါင်းဆောင် ခွန်ထွန်းဦး မြွက်ကြားခဲ့တဲ့ “သမိုင်းပေးတာဝန် တရပ်ဖြစ်သော အမျိုးသားတန်းတူရေးကို အာမခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်သည်အထိ” ဆိုတဲ့ အရင်းအမြစ်ကျကျ စနစ်ပြောင်းလဲရေးကို “မူ” အတိုင်း၊ တန်ဖိုးထားမှုအတိုင်း ရပ်တည်တဲ့ နိုင်ငံရေးသိက္ခာပဲ ဖြစ်ပါတယ်။

SNLD ရဲ့ နိုင်ငံရေးအဆုံးအဖြတ်မှာ သစ္စာလို့ ရည်ညွှန်းရတဲ့ အချက်က နှစ်ပိုင်းရှိပါတယ်။ တပိုင်းက ရှမ်း ပြည်နယ်သူ ပြည်နယ်သားတွေအပါအဝင် မြန်မာပြည်သူလူထုတရပ်လုံးရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို သစ္စာ စောင့်သိခြင်းပါ။ ပြည်ထောင်စုပေါ်ထွန်းရေး ကြိုးပမ်းရတဲ့ခရီးဟာ အလိုမကျစရာ၊ စိတ်ပျက်စရာတွေ ဖြစ်ရလွန်းလို့ ဗမာမဟုတ်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ကြားမှာ “ဗမာပြဿနာထဲ လက်ဝင်မလျှို နဲ့”  ဆိုတဲ့ယူဆချက်မျိုး အားကောင်းလေ့ရှိပါတယ်။ ဗမာနိုင်ငံရေး ဇာတ်ကောင်တွေ အချင်းချင်း တဖက် နဲ့တဖက် အလျှော့မပေးကြဘဲ ပဋိပက္ခတွေ ဖြစ်ကြရင် ပြည်ထောင်စုတည်ဆောက်ရေး ကြိုးစားထားသမျှ တွေ ရပ်တန့်သွားရ၊ သေသွားရတယ်။ ဒါကြောင့် ပြည်မအရေးနဲ့ လူနည်းစုအရေးကို ပဋိပက္ခရဲ့မျက်နှာစာ နှစ်ရပ်အဖြစ် အကန့်လိုက်ခွဲပြီး နည်းလမ်းဖော်ထုတ်စဉ်းစားတာ ၊ ပြီးမှ တိုင်းရင်းသားတွေအနေနဲ့ ဗမာ ပြည်မနဲ့ အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်တာမျိုးကို ဆောင်ရွက်ရမယ်ဆိုတဲ့ သဘောထားမျိုး ဖြစ်ပါ တယ်။ ဒီလို ယုံကြည်မှုအားလျော့တဲ့ အခြေအနေတွေရှိနေပေမဲ့ SNLD ဟာ ဘယ်တုန်းကမှ ရှမ်းနိုင်ငံရေး သက်သက်ကို ကွက်မစဉ်းစားဘဲ၊ တတိုင်းပြည်လုံးအရေး မျက်နှာမူပြီး ပြည်ထောင်စုပေါ်ထွန်းရေးအပေါ် သစ္စာထားတာ တွေ့နိုင်ပါတယ်။

ဒုတိယအပိုင်းက မဟာမိတ်တွေအပေါ် သစ္စာရှိတာပါပဲ။ ဒီလိုသစ္စာရှိပေမဲ့ မဟာမိတ်တချို့က အာဏာရ လာတဲ့အခါ SNLD အပေါ် တန်းတူ မဆက်ဆံတာ၊ တဆင့်နှိမ့်ချ လက်ဝေခံသဖွယ် ဆက်ဆံတာမျိုးတွေ ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ SNLD အကြား နိုင်ငံရေးလော ကဓံကို အတူလက်တွဲကြံ့ကြံ့ခံရင်ဆိုင်ခဲ့တဲ့ တကယ့်သွေးသောက်သဖွယ် ဆက်ဆံရေးရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၅ ခုနှစ် NLD အာဏာရချိန်မှာ SNLD အပေါ်ဆက်ဆံရေးစီးပိုးတာ၊ မူဝါဒထက် ရာထူးကိစ္စကိုသာ ညှိနှိုင်းပြီး ပေးတာယူ၊ ထားရာနေ သဘောထားမျိုး ကြုံခဲ့ရတာကို လက်ရှိပါတီဥက္ကဋ္ဌ စိုင်းညွှန့်လွင် ကိုယ်တိုင် သင်ခန်းစာအဖြစ် တရားဝင်ထုတ်ဖော်ပြောပြခဲ့တာတွေ ရှိပါတယ်။ SNLD ဘက်ကတော့ မဟာမိတ် ဆက်ဆံရေးမှာ သွားပုပ်လေလွင့် မပြောပါဘူး။ ဒါဟာ နိုင်ငံရေးအရ နုံအတာ မဟုတ်ဘဲ နိုင်ငံရေးအရ စည်းစောင့်တာပါပဲ။

၂၀၂၁ ခုနှစ် အာဏာသိမ်းအပြီးကာလ အခုလို NLD အပြင်းထန်ဆုံး ဖိနှိပ်ခံရချိန်မျိုးမှာ မဟာမိတ်ဖြစ်တဲ့ NLD အပေါ်မှာသာမက ကျန်မဟာမိတ်တွေဖြစ်တဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ UNA နဲ့ ချိတ်ဆက်ထားတဲ့ မဟာမိတ်တွေ (UNA ++) အပေါ်မှာလည်း SNLD ဟာ သစ္စာစောင့်သိတဲ့အတွက် စစ်ကောင်စီလိုရာ ဦးတည်လှော်ခတ်တဲ့ နိုင်ငံရေးလှေကြုံ လိုက်မစီးတာ၊ မှတ်ပုံဆက်မတင်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။

ပြည်ထောင်စုပေါ်ထွန်းရေးအပေါ်နဲ့ မဟာ မိတ်ဆက်ဆံရေးအပေါ်ထားတဲ့ သစ္စာတရားမှာကိုယ်လွတ်မရုန်းတာ၊ စိတ်အချဉ်မပေါက်တာနဲ့ နိုင်ငံရေး  အရရင့်ကျက်ယဉ်ကျေးတာတွေကို နမူနာကောင်းအဖြစ် သတိပြုမိနိုင်ပါတယ်။ ဒါကို အချုပ်သဘော အဖြစ် SNLD အထွေထွေအတွင်းရေး မှူးစိုင်းလိတ်က  VOA အင်တာဗျူးမှာ အခုလိုပြောထားပါတယ်။

“မဟာမိတ်အဖြစ်လက်တွဲခဲ့ဖူးတဲ့၊ လက်တွဲလာလတ္တံ့သောပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး တော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ချီတက်နိုင်ဖို့အတွက် ဆက်လက်ပြီးရုန်းကန်ဆောင်ရွက်သွားဖို့ ပြင်ဆင်နေကြပါတယ်”

∎ ဖြစ်တန်ခြေအကဲဖြတ်ချက်

SNLD အနေနဲ့ “လောလောဆယ်အားဖြင့် ဆက်လက်မှတ်ပုံတင်စရာမရှိဘူးလို့ဆုံးဖြတ်ခြင်း” သာဖြစ် တာမို့ နိုင်ငံရေးအခင်းအကျင်းအခြေအနေ ပွင့်လင်းပြောင်းလဲမှုတစုံတရာရှိလာရင် မှတ်ပုံပြန်တင်တာ၊ အသစ်တင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်တုန်းက စစ်အစိုးရလက်အောက်မှာ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်မှတ်ပုံမတင်ဘဲ ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်အပြောင်း အလဲတချို့ သိသိသာသာ ပုံပေါ်လာတဲ့အချိန်၊ မဟာမိတ် NLD နဲ့ ညှိနှိုင်းပြီးတဲ့ အချိန်မှာမှ ပါတီမှတ်ပုံပြန်တင်မျိုး နမူနာရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ SNLD ကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ဖိနှိပ်အရေးယူတာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒါကိုစောင့်ကြည့်နေဖို့၊ ဒီလိုအရေးယူတာမျိုးမလုပ် ဖို့ စစ်ကောင်စီကို သတိရှိစေသင့်ပါတယ်။ မြန်မာ့အပြောင်းအလဲအတွက် ပုံစံမျိုးစုံသော ဖိအားနဲ့ သံခင်း တမန်ခင်းတွေလိုအပ်ပေမယ့် တကယ့်အဖြေဟာ ပြည်တွင်းနိုင်ငံရေးနဲ့ အရပ်ဘက်ပြည်သူ အင်အားစု တွေပေါ်မှာပဲ အဓိကမူတည်တယ်၊ အဲ့ဒီအင်အားစုတွေမှာ တီထွင်ဖန်တီးပြီး အသွင်အမျိုးမျိုးနဲ့ ရပ်တည် နိုင်စွမ်း၊ ရုန်းကန်ကြီးထွားနိုင်စွမ်း ရှိတယ်ဆိုတာကို အသိအမှတ်ပြုကြရမှာပါ။ SNLD ဟာ တည်ဆဲစနစ် အတွင်းမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ SNLD ရဲ့ သဘောထားအမြင်တွေကို နိုင်ငံတကာက တန်ဖိုးထားနားထောင်ရမယ်၊ မြန်မာ့နိုင်ငံရေးမှာ အားလုံးပါ ဝင်ပြီးအဖြေရှာနိုင်ဖို့ SNLD ဟာမပါမဖြစ်ပါဝင်ရမယ့် အင်အားစုတရပ်အဖြစ်ဆက်ရှိနေဦးဖွယ်ရှိပါတယ်။

The post သိက္ခာနှင့် သစ္စာအပေါ် အခြေခံသော SNLD ၏ နိုင်ငံရေး appeared first on ISP Myanmar Peace Desk.

အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်၀င်္ကပါ ဇွတ်တိုးဝင်ခြင်း
ကနဦးသုံးသပ်ချက် အမှတ် (၁၂)

■ ဖြစ်ရပ်အချက်အလက်

အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ ဆုံးဖြတ်ချက်အရ “သာမန်မဟုတ်သော အခြေအနေ”ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီကို နောက်ထပ် ခြောက်လ သက်တမ်းတိုးလိုက်ပါတယ်။ စစ်ကောင်စီအဖွဲ့အတွင်း ရာထူးအပြောင်းအလဲအချို့ လုပ်ခဲ့သလို မြို့နယ်ပေါင်း ၃၇ ခုကို လည်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ် (ဇယား-၁ ကိုရှုပါ)။

■ ကနဦးသုံးသပ်ချက်

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် နေရာ အတော်များများမှာ လက်နက်ကိုင် တော်လှန်မှုကလွဲပြီး အခြား ရွေးစရာမရှိတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံအနှံ့ လက်နက် ကိုင်တပ်ဖွဲ့ ၅၇၇ ဖွဲ့ထက်မနည်း ရှိလာပြီး နှစ်နှစ်အတွင်း တိုက်ပွဲဖြစ်မှု အကြိမ်ရေ ၈,ဝဝဝ ကျော် ရှိလာပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဖြစ်ခဲ့တဲ့ အရေအတွက်ထက် နှစ်ဆနီးပါး ပိုများခဲ့တာပါ။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် တွေမှာလည်း မြို့နယ် ၃၃၀ ထဲမှာ ၁၃၂ မြို့နယ်ဟာ တည်ငြိမ်မှု မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိ ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေက စစ်ကောင်စီအပေါ် ဖိအားပေးနိုင်တာကို မြင်သာစေပါတယ်။ တဖက်မှာလည်း အာဏာသိမ်းမှု အကျိုးဆက်အဖြစ် ဆုတ်ယုတ်မှုတွေက နယ်ပယ်စုံမှာ ဖြစ်နေပါတယ် (ISP-Myanmar က ဖော်ပြခဲ့သော အာဏာသိမ်းနှစ်နှစ်ပြည့် “မြေအုတ်တို့ပြိုလေရာ” အထူးထုတ်ကိုရှုပါ)။

စစ်ကောင်စီမှာ အာဏာကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့် (Legitimacy) မရှိဘူးဆိုတဲ့ ဆန့်ကျင်မှုတွေကိုလည်း ပြည်သူလူထုက အခွင့်ကြုံတိုင်း လုပ်နေပါတယ်။ အသံတိတ်သပိတ်တွေ အောင်မြင်မှုက အထောက်အထား တခုပါပဲ။ စစ်ကောင်စီ ရင်ဆိုင်နေရတဲ့ လုံခြုံရေး ပြဿနာဟာ အာဏာကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့်မရှိခြင်း အကျပ်အတည်း (Legitimacy Crisis) နဲ့ တိုက်ရိုက် သက်ဆိုင်နေတာမို့ နိုင်ငံရေး ပြဿနာနဲ့ ဆက်စပ်နေပါတယ်။

စစ်ကောင်စီ သက်တမ်း ခြောက်လတိုးတာနဲ့ ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာတာက ရွေးကောက်ပွဲ လုပ်နိုင်ဖို့ စစ်ရေးအရ ပြန်လည်ထိန်းချုပ်နိုင်အောင်၊ လုံခြုံရေး ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်အောင် ကြိုးစားတယ်လို့ ယူဆ နိုင်ပါတယ်။ တဖက်မှာလည်း စစ်ကောင်စီဟာ နိုင်ငံရေးအရ လုပ်ခင်းလုပ်ကွက် မှန်သမျှ ပိတ်ဆို့နေပါတယ်။ ဒီအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်တွေကိုကြည့်ရင် ထင်ရှားပါတယ်။ ငြိမ်ဝပ် ပိပြားမှုကို ဒီလို အင်အားသုံးတည်ဆောက်၊ ဖိနှိပ်မှုမျိုးစုံ သုံးပြီး လူထုဆန့်ကျင်ရေးလုပ်၊ နိုင်ငံရေးနယ်မှန်သမျှ ပိတ်ဆို့တာတွေ လုပ်ပြီး နိုင်ငံရေးထွက်ပေါက် ဖန်တီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရွေးကောက်ပွဲ အကြောင်းပြပြီး လုပ်တဲ့ ဒီ စစ်ရေးနဲ့ ဖိနှိပ်ရေးအစီအမံတွေဟာ စစ်ကောင်စီရဲ့ လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အတွက်ဆိုရင် လုံခြုံရေးအရ အဆင်သင့်ဖြစ်ခြင်း၊ မဖြစ်ခြင်းထက် နိုင်ငံရေးအရ အဆင်သင့်ဖြစ်ခြင်း၊ မဖြစ်ခြင်းက ပိုအရေးကြီးပါတယ်။ အခုအချိန်မှာ နိုင်ငံရေးအရ တရားဝင်မှု၊ ကိုယ်စားပြုမှု၊ အခင်းအကျင်း အခြေအနေကောင်း ဖန်တီးပေးနိုင်မှု စတာတွေ တခုမှမရှိပါဘူး။ ဘယ်လိုပဲ ကင်ပွန်းတပ်တပ် ရွေးကောက်ပွဲတရပ် လုပ်နိုင်ဖို့ နိုင်ငံရေးအရ အဆင်သင့် မဖြစ်တာ ထင်ရှားပါတယ်။

■ ဖြစ်တန်ခြေ အကဲဖြတ်ချက်

လုံခြုံရေးအပေါ် အခြေခံ စဉ်းစားပြီး စစ်ကောင်စီကို သက်တမ်းတိုးတာ၊ စစ်အုပ်ချုပ်ရေး ကြေညာတာ၊ ဖိနှိပ်မှုတွေ တိုးမြှင့်တာ လုပ်တယ်ဆိုရင် အခု သက်တမ်း တိုးထားတဲ့ ခြောက်လ ပြည့်ရင်တောင် စစ်ကောင်စီ မျှော်လင့်နေတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ လိုအပ်တဲ့ လုံခြုံရေး အခြေအနေမျိုး ရဖို့ဆိုတာ မသေချာပါဘူး။ ပူးတွဲပါ ဒေတာအချက် အလက်၊ ညွှန်းပြမြေပုံတွေနဲ့ ချိန်ထိုးကြည့်ရင်လည်း နှစ်နှစ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲရေချိန်နဲ့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်တဲ့ နယ်မြေတွေ ရာနှုန်းပြည့် တိုက်ရိုက်အချိုးကျမှု မရှိတာကြောင့် အခြားအကြောင်းတွေ ရှိနိုင်ပါသေးတယ််။ လုံခြုံရေးကို အကြောင်းပြခြင်းဟာ နောက်ထပ် သက်တမ်း တိုးတာတွေ ဆက်လုပ်မယ့် ဖြစ်နိုင်ခြေတရပ်လည်း ဖြစ်နိုင်ပါတယ်။ လာမယ့် ခြောက်လအတွင်းမှာတော့ စစ်ကောင်စီရဲ့ အကြောင်းပြ ချေမှုန်းဖိနှိပ်ရေး အစီအမံတွေကြောင့် နိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ ပိုတိုးစေမှာပါ။ ဒါ့အပြင် လူသားချင်းစာနာမှု လိုအပ်ချက် အကျပ်အတည်း ပိုကြီးလာပြီး ဒေသတွင်း တည်ငြိမ်မှုကိုပါ သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။

The post အာဏာသိမ်း နှစ်နှစ်ပြည့် သက်တမ်းတိုးပြီး စစ်၀င်္ကပါ ဇွတ်တိုးဝင်ခြင်း appeared first on ISP Myanmar Peace Desk.

နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ
အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၄၀)

စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအကြား နေအိမ်၊ အဆောက်အအုံ (ဘာသာရေးအဆောက်အအုံများအပါအဝင်) ၅၇,၈၀၇ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီ လဝက်အတွင်းမှာပဲ နေအိမ်၊ အဆောက်အအုံပေါင်း ၁၉,၂၃၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းမှာ မီးရှို့ဖျက်ဆီးခံရမှုတွေ ပိုမြင့်တက်ခဲ့ပြီး နှစ်လခွဲအတွင်းမှာ နေအိမ်၊ အဆောက်အအုံ ၁၆,၂၄၆ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒ့ါအပြင် အရင်က မီးရှို့ဖျက်ဆီးခံရတာတွေ မြို့နယ်ပေါင်း ၁၀ ခုမှာလည်း နေအိမ်၊ အဆောက်အအုံပေါင်း ၆၇၃ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အဲ့ဒီအထဲက မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ခြံမြို့နယ်မှာ အများဆုံးဖြစ်ပြီး နေအိမ်၊အဆောက်အအုံ ၃၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။

Download as PDF Version

∎ ဘာကြောင့်အလေးထားသင့်သလဲ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေတွေအပြင် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ဆက်စပ်နေတဲ့ အခြင်းအရာတွေကို လေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ပဋိပက္ခမြေပုံအပြောင်းအလဲနဲ့ ပဋိပက္ခရေချိန် အတက်၊အကျ စတဲ့ အကြောင်းအရာတွေကို သုတေသနပြုဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့တိုက်ပွဲတွေအတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏ၊ အရပ်သားတွေအပေါ် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိကို လေ့လာပြီး အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှုရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်တဲ့အတွက် အလေးထားသင့်တဲ့ ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ ဖြစ်ပွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကျိုးဆက် တွေ အရပ်သားထိခိုက်သေဆုံးမှုတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေ တွေကို လွတ်လပ်တဲ့သတင်းမီဒီယာတွေ အထူးသဖြင့် တိုင်းရင်းသားသတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ အခြားလွတ်လပ်သော ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။

The post နှစ်လခွဲအတွင်း နေအိမ်၊ အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရ appeared first on ISP Myanmar Peace Desk.

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု
✤ မိတ်ဆက်

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုအပိုင်းလိုက်ခွဲ၍ ISP-Myanmar က ဖော်ပြနေခြင်း ဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြန်တန်ခြေ များအားဖြန့်ထွက် စဉ်းစားခြင်း” (Scenario Thinking) ကို အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့ပြီး၊ “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်- အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြားစိတ်ဖြာသုံးသပ်ချက် (Analysis) ကို အောက်တိုဘာ ၂၀ ရက်က ဖော်ပြခဲ့ပါသည်။ ယခု “စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု” (Key Questions) ကို ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာသုံးသပ်သူ စုစုပေါင်း ၃၂ ဦးအား ISP-Myanmar က မေးမြန်းခဲ့ပြီး၊ ၎င်းတို့၏ ဖြေဆိုချက်များကို ဖော်ပြခြင်းဖြစ်ပါသည်။ နောက်ရက်များတွင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သိသင့်သမျှအကြောင်းချင်းရာ (Backgrounder) နှင့် သိထားသင့်သော ဒေတာအချက်အလက်များအား စုစည်းဖော်ပြမည့် Visual Story တို့ကိုလည်း ဖော်ပြသွားမည် ဖြစ်သည်။

➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။

∎ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခုနှင့် ရလဒ်များအနှစ်ချုပ်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပေါ်ပေါက်ခဲ့သည်မှာ ခြောက်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာပင် အကျပ်ဆိုက်မှု deadlock ဖြစ်ခဲ့သော ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် (စာချုပ်အဖြစ် မည်ကာမတ္တ ကျန်နေသေးသော်လည်း) NCA အကောင်အထည်ဖော်ရေး တရားဝင်လုပ်ငန်းစဉ်အားလုံး ရပ်တန့်နေပြီဖြစ်သည်။ ထို့ကြောင့် NCA ကို အခြေခံသောလုပ်ငန်းစဉ်နှင့် NCA အပေါ် အခြေမပြုသော ပဋိပက္ခနှင့် ငြိမ်းချမ်းရေး အလားအလာများကို ပြန်လည်သုံးသပ်ရန် အဓိကမေးခွန်းများ ထွက်ပေါ်လာပါသည်။ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မေးသင့်မေးထိုက်သည်များကို မေးခွန်းထုတ်ခြင်းသည် ကြုံတွေ့နေရသော အကျပ်အတည်းများအား ဖြေရှင်းနိုင်ရန် ပထမခြေလှမ်းအားထုတ်မှု ဖြစ်နိုင်ကောင်းပါသည်။ ထို့ကြောင့် ပဏာမအနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ EAOs အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ သုတေသီများနှင့် လေ့လာသုံးသပ်သူများ စသဖြင့် ၃၂ ဦးအား ISP-Myanmar က မေးခွန်း ၇ ခု မေးမြန်းခဲ့ပါသည်။ ယခု မေးမြန်းချက်၏ အဖြေများကို ယတိပြတ်အဖြစ် မှတ်ယူသည်ထက် ဆက်လက်စဉ်းစားဆင်ခြင်နိုင်ရေးအတွက် အညွှန်းပြုစရာ အထောက်အကူအဖြစ် ရည်ရွယ်ပါသည်။

∎ နောက်ခံအခြေအနေ

ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဆက်စပ် အခြေအနေ (context) ကိုကြည့်ရင် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက် မှာ ၂၁ ရာစုပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (စတုတ္ထအစည်းအဝေး) လုပ်ခဲ့ပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အကျပ်ဆိုက်မှု deadlock ပြေလည်ခြင်း မရှိဘဲ ဆက်ရှိနေခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း လုပ်ငန်းစဉ် သုံးရပ်ပါတဲ့ ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို ၂၀၂၀ ပြည့်နှစ်အလွန်မှာ အကောင်အထည်ဖော်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံး ရပ်ဆိုင်းသွားပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဒီဇိုင်း (design) ပိုင်းမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုယ်တိုင်က အားနည်းချက် ဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆုံးဖြတ်ချက်တွေ အတွက် အရေးပါတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာပင်လျှင် တိုင်းရင်းသားတွေရဲ့ သဘောထား၊ ဆွေးနွေးချက်၊ လိုလားချက်တွေ လျစ်လျူရှုခံရတာ ရှိခဲ့ပါတယ်။ အဆိုးဆုံးက လုံခြုံရေး ကဏ္ဍ ဆွေးနွေးချက်တွေ ရှေ့မရောက်တဲ့အပြင် သဘောတူညီချက်တခုမှလည်း မရခဲ့ပါဘူး။ တဖက်မှာလည်း အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်မှု ပူးတွဲ ကော်မတီ (JMC) ယန္တရား ဟာ လုပ်ငန်းဆောင်ရွက်မှု လမ်းညွှန်ချက်၊ မူဘောင်တွေနဲ့ ရှုပ်ထွေးခဲ့ပြီး လက်တွေ့ကျတဲ့ ဖြေရှင်းပေးမှုတွေ အသက် မဝင်ခဲ့ပါဘူး။ ဒါ့အပြင်တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကျပ်ဆိုက်မှု deadlock ကို ဖြေရှင်း ပေးနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ်။ NCA ပြင်ပကနေ ဖြေရှင်းဖို့ ကြိုးစားမှုအဖြစ် လုပ်ခဲ့တဲ့ ၁၀+၁၀ လို ထိပ်သီး အစည်းအဝေးကလည်း အလုပ် မဖြစ်ခဲ့ပါဘူး။ NCA ကိုပဲ အခြေပြုပြီး ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်တာကြောင့် NCA ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်နိုင်ဖို့ နေရာ မရှိခဲ့တာလည်း ပြဿနာတခု ဖြစ်ခဲ့ပါတယ်။ ဒါကို NCA ပြင်ပ သီးသန့် စာချုပ် ဒါမှမဟုတ် သဘောတူညီမှု ယူပြီး ဖြေရှင်းနိုင်ရေးလမ်းစ ဖော်တာမျိုး ရှိခဲ့ပေမဲ့ အပြီးမသတ် နိုင်ခင်မှာပဲ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် NCA အခြေခံတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရပ်တန့်သွားပြီး အသစ်အသစ်သော အင်အားစုတွေနဲ့ အခင်းအကျင်း သစ်တွေ ဖြစ်လာပါတယ်။

NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေက တဖွဲ့ချင်းရော၊ အစုအဖွဲ့ အနေနဲ့ပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ထားပါတယ်။ ပြီးခဲ့တဲ့ သုံးလအတွင်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခမြေပုံက ပြောင်းလဲလာပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပိုဖြစ်လာသလို၊ နိုင်ငံအရှေ့မြောက်ဘက်မှာလည်း မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ တိုက်ပွဲဆင်မှုတွေကို ပြန် မြင်လာရပါတယ်။ သံလွင်မြစ် အရှေ့ခြမ်း မှာလည်း တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေက ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ကနေရှမ်းပြည်နယ် တောင်ပိုင်းအထိ ဆင်းလာခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း ဒေသမှာလည်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာအချို့နဲ့ စစ်ကောင်စီအကြား အကြိမ်ရေ ရာနဲ့ချီတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။

နောက်ထပ် ပေါ်လာတဲ့ အခင်းအကျင်းသစ်က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေရဲ့ ခုခံ တွန်းလှန်စစ် ဖြစ်ပါတယ်။ နိုင်ငံအနှံ့ အရေအတွက်အားဖြင့် အနည်းဆုံး ၁၈၀ ကနေ အများဆုံး ၃၀ဝ ကျော်အထိ ရှိတဲ့ PDF အဖွဲ့တွေရဲ့ ခုခံ တွန်းလှန်စစ်ကိုချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက် လွင်ပြင်ဒေသ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသတွေမှာ အများဆုံး တွေ့ရပြီး ကယားပြည်နယ်မှာလည်း တိုက်ခိုက်မှုတွေ အရှိန်မြင့်နေပါတယ်။

ခြုံပြောရရင် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်း ဒေသတွေမှာ အနည်းနဲ့အများ ဆိုသလို EAO တွေရဲ့တိုက်ပွဲဆင်မှုနဲ့ PDF တွေရဲ့ ခုခံ တွန်းလှန်စစ်က အရှိန်ကောင်းလာပါတယ်။ စစ်အာဏာ မသိမ်းခင် အချိန်က တပ်မတော်နဲ့အပြင်းအထန် တိုက်ပွဲဆင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်ပွား မှုမရှိတော့ဘဲ အပစ်ရပ်နေတာကထူးခြားချက်တခု ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းအတွက် ဆက်စပ် အခြေအနေ (context) ပြောင်းလဲသွားမှု၊ စကတည်းက အားနည်းချက် ရှိနေတဲ့ဒီဇိုင်း၊ စစ်အာဏာ သိမ်းပြီး နောက်ပိုင်း ဖြစ်လာတဲ့ အသစ်အသစ်သော အခင်းအကျင်း စတဲ့အချက်တွေက ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ NCA ကို အခြေပြုထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်မှုမရှိဘူးဆိုတဲ့ အငြင်းပွားမှု ရှိနေချိန်မှာပဲ၊ ဗဟိုချုပ်ကိုင်မှု လွန်ကဲတဲ့ အခင်းအကျင်းတွေက ကြိုးပမ်းမှု ဖြစ်စဉ်ကို ရှေ့မရောက်စေဘဲအကျပ်ရိုက်မှု deadlock ဖြစ်စေခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖြစ်စဉ်တခုလုံး ပျက်စီးသွားပြီး NCA ပျက်ပြယ်ပြီဆိုတဲ့ သုံးသပ်ချက်တွေပါ ရှိခဲ့ပါတယ်။ စစ်ကောင်စီက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ကို ဖျက်သိမ်းပြီး အသစ် ဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းကော်မတီ (NSPNC) ဦးဆောင်မှုနဲ့ NCA လမ်းကြောင်း အတိုင်း ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပေးတဲ့ ကိစ္စကလွဲလို့ ငြိမ်းချမ်းရေးအတွက် စေ့စပ် ညှိနှိုင်းမှုတွေကို စစ်ကောင်စီနဲ့ ဆွေးနွေး အဖြေရှာလို့ ရကြောင်း စစ်ကောင်စီဥက္ကဋ္ဌက အောက်တိုဘာ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံ အစိုးရ၊ လွှတ်တော် အပါအဝင် တရားဝင်ကိုယ်စားပြုမှု အင်္ဂါ မစုံတော့တဲ့ အခြေအနေတွေက NCA အခြေခံ ငြိမ်းချမ်းရေး လုပ်ငန်းအပေါ် ပြန်လှန် ဆန်းစစ်စရာ ဖြစ်စေခဲ့ပါတယ်။

∎ မေးခွန်း ၇ ခုနှင့် ရလဒ်အဖြေများ

ပစ္စက္ခအခြေအနေတွေအရ NCA ကို အခြေခံတဲ့ လုပ်ငန်းစဉ်နဲ့ NCA ကို အခြေမပြုတဲ့ ပဋိပက္ခ၊ ငြိမ်းချမ်းရေး အလားအလာတွေကို ပြန်ပြီးသုံးသပ်ဖို့ အဓိကမေးခွန်းတွေ ထွက်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မေးသင့်မေးထိုက်တာတွေကို မေးခွန်းထုတ်ခြင်း ဟာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ပထမခြေလှမ်း အားထုတ်မှု ဖြစ်နိုင်ပါတယ်။ ပဏာမအနေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေ၊ EAOs အဖွဲ့ဝင်တွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊ သုတေသီတွေနဲ့ လေ့လာသုံးသပ်သူ စသဖြင့် ၃၂ ဦးကို ISP-Myanmar က မေးခွန်း ၇ ခု မေးခဲ့ပါတယ်။ ဒီမေးမြန်းချက်ရဲ့ အဖြေတွေကို ယတိပြတ်အဖြစ် မှတ်ယူတာထက် ဆက်လက်စဉ်းစားနိုင်ဖို့ အညွှန်းပြုစရာ အထောက်အကူအဖြစ် ရည်ရွယ်ပါတယ်။

ISP-Myanmar ရဲ့ မေးခွန်းတွေကို ဖြေခဲ့ကြတဲ့ ၃၂ ဦးထဲမှာ ခုနစ်ဦးဟာ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ EAOs တွေထဲက ကိုယ်စားလှယ်တွေဖြစ်ပါတယ်။ တခါ NCA လက်မှတ်ထိုးမထားတဲ့ EAOs တွေထဲက ကိုယ်စားလှယ်လေးဦးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီတွေထဲက ကိုယ်စားလှယ် ခြောက်ဦး၊ နိုင်ငံရေး လေ့လာသုံးသပ် သူတွေအပါအဝင် ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်တလျှောက်ပါခဲ့တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊ သုတေသီတွေ စသဖြင့် စုစုပေါင်း ၁၅ ဦး လည်း ပါဝင်ဖြေဆိုခဲ့ပါတယ်။ အခုဖော်ပြချက်မှာ ဖြေဆိုသူတွေရဲ့ ပုဂ္ဂလိကလုံခြုံမှုကို အလေးထားပြီး ကာယကံရှင်တွေရဲ့ဆန္ဒမပါဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုမှာမဟုတ်ပါဘူး။ ဖြေဆိုသူ ၃၂ ဦးစလုံးဟာ မေးခွန်းဖြေဆိုမှုတွေအပြင် မေးခွန်းတခုချင်းစီအတွက် သီးခြားမှတ်ချက်ပေးမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုမှတ်ချက်ပေးမှုတွေထဲမှာ သူတို့မှတ်ချက်စကားတွေကို ဖော်ပြခွင့်ပေးခဲ့သူတွေရဲ့ ဖြေဆိုချက်တွေကိုလည်း အလျဉ်းသင့်သလို ကောက်နုတ်ဖော်ပြပေးသွားပါမယ်။

◉ မေးခွန်း (၁)

NCA သို့မဟုတ် NCA ကို ပြင်ဆင်၍ ရှေ့ဆက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်ဖြစ်ဦးမည်ဟု ယူဆပါသလား။

“NCA သေဆုံးပြီ” ဆိုတဲ့ သုံးသပ်ချက်တွေဟာ NLD အစိုးရ လက်ထက်ကတည်းက ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ “NCA ပျက်သွားပြီ” ဆိုတဲ့ ပြောဆိုမှုတွေ ကျယ်လောင်ခဲ့ပါတယ်။ ဒါပေမဲ့ NCA ဟာ အခုချိန်အထိ ဆက်ရှိနေပြီး စစ်ကောင်စီ ဘက်ရော၊ NCA လက်မှတ်ရေးထိုးထားသူတွေဘက်မှာပါ NCA ကို ဖျက်သိမ်းတာ၊ ပစ်ပယ်တာမျိုး မလုပ်သေးပါဘူး။ NCA ဟာ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆီသွားနိုင်ဖို့ လမ်းတခုဖြစ်ပေမဲ့ လူထုထောက်ခံမှု ကင်းမဲ့ခြင်းနဲ့ အာဏာ ကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့်မရှိခြင်း အကျပ်အတည်း (Legitimacy Crisis) ကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီလက်ထက်မှာ NCA မူဘောင်တွေ ဆွေးနွေးပြီး၊ နိုင်ငံရေးသဘောတူညီချက် တွေ လုပ်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌကတော့ NCA လမ်းကြောင်းအတိုင်း ဆက်လုပ်မယ်၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးတဲ့ကိစ္စက လွဲလို့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေကို စစ်ကောင်စီနဲ့ ဆွေးနွေးအဖြေရှာလို့ရတဲ့ သဘော ပြောထားပါတယ်။ တဖက်မှာလည်း NCA လက်မှတ်ထိုးထားတဲ့ EAOs တွေ ကိုယ်တိုင်က (ရွေးကောက်ခံအစိုးရ၊ လွှတ်တော်အပါအဝင် တရားဝင်ကိုယ်စားပြုမှု အင်္ဂါ မစုံတော့တဲ့ အခြေအနေမှာ) NCA မူဘောင်အတိုင်း စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေး တာကို ပေါ်ပေါ်ထင်ထင် လုပ်ချင်ပုံမရှိပါဘူး။ ဒါကြောင့်ပဲ “NCA ကို အခြေခံတဲ့ လုပ်ငန်းစဉ် ဒါမှမဟုတ် NCA ကို ပြင်ဆင်ပြီး ရှေ့ဆက်မယ့် ငြိမ်းချမ်းရေးလုပ်ငန်း အလုပ်ဖြစ်ဦးမလား” ဆိုတာက အဓိကကျတဲ့ မေးခွန်းတခုဖြစ်ပါတယ်။

ဒီမေးခွန်းကို ဖြေဆိုကြရာမှာ NCA ဟာ အလုပ်မဖြစ်နိုင်တော့ဘူးလို့ ယူဆမှု ၆၆ ရာခိုင်နှုန်းအထိရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။ အလုပ်ဖြစ်သေးတယ်လို့ ယူဆမှု ၂၂ ရာခိုင်နှုန်း ရှိပြီး သဘောထားမှတ်ချက်မပေးလိုမှု ၁၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါကြောင့် NCA အခြေပြု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အစဉ်တစိုက် ပါဝင်ပတ်သက်နေကြသူများ ကိုယ်တိုင် ယုံကြည်မှု လျော့ပါးလာတာကို တွေ့ရပါတယ်။ NCA စာချုပ် လက်မှတ်ထိုး ထားတဲ့ EAOs တွေထဲမှာတောင် NCA အလုပ်မဖြစ်နိုင်တော့ဘူးလို့ ဖြေဆိုကြတာရှိပါတယ်။ NCA ကို လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်နိုင်ရင် ဆက်သွားနိုင်မယ်လို့ မျှော်လင့်တာတွေ ရှိကြသလို တဖက်မှာလည်း အရင်ကတည်းက အကောင်အထည်ဖော်မှု အလွန်အားနည်းတဲ့ သဘောတူညီချက် ဖြစ်နေတဲ့အပြင် ရွေးကောက်ခံအစိုးရ၊ လွှတ်တော် အစရှိတဲ့ ယန္တရားတွေ မရှိတော့တာကြောင့် ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆကြတာကိုတွေ့ ရပါတယ်။

◉ မေးခွန်း (၂)

EAOs များအနေဖြင့် တပေါင်းတစည်းသော်လည်းကောင်း၊ အစုအဖွဲ့လိုက်သော်လည်းကောင်း၊ သီးသန့်တဖွဲ့ချင်းစီသော် လည်းကောင်း စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး (သို့မဟုတ်) ငြိမ်းချမ်းရေးစာချုပ်သစ်များ ချုပ်ဆိုလာမည်ဟု ယူဆပါသလား။

NCA မတိုင်ခင် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ EAOs တဖွဲ့ချင်းစီနဲ့ စကားပြောပြီး နှစ်ဘက်အပစ်ရပ်ရေး သဘောတူညီချက် အရင်လုပ်ခဲ့တာတွေ ရှိပါတယ်။ နောက်ပိုင်းမှာ EAOs အဖွဲ့တွေ ပေါင်းစည်းပြီး NCA လမ်းကြောင်း ဖြစ်လာပါတယ်။ လက်ရှိမှာလည်း NCA လက်မှတ်ထိုးမထားပေမဲ့ ပဏာမ အပစ်ရပ်သဘောတူစာချုပ် လုပ်ထားတဲ့ EAOs တွေ ရှိသလို၊ NCA မဟုတ်တဲ့ စာချုပ်သစ်ဖော်ဆောင်ဖို့ အရေးဆိုထားတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ (FPNCC) လို အဖွဲ့တွေလည်း ရှိနေပါတယ်။ NLD အစိုးရလက်ထက် NCA အကျပ်ရိုက်မှု deadlock ဖြစ်ချိန်ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ရှေ့ရောက်စေဖို့ NCA ပြင်ပ စာချုပ် ဒါမှမဟုတ် သဘောတူညီချက်ယူပြီးလုပ်ဖို့ လမ်းစဖော်တာမျိုးရှိခဲ့ပေမဲ့ အပြီး မသတ်နိုင်ခင်မှာပဲ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း NCA အကောင်အထည်ဖော်မှု ရပ်ဆိုင်းသွားပြီး ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော် မရှိတော့တဲ့ အခြေအနေမှာ “EAOs တွေအနေနဲ့ တပေါင်းတစည်းဖြစ်စေ၊ အစုအဖွဲ့လိုက် ဖြစ်စေ၊ သီးသန့်တဖွဲ့ချင်းဖြစ်စေ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ငြိမ်း ချမ်းရေးစာချုပ်သစ် ချုပ်ဆိုလာမည်လား} ဆိုတာ အဓိကကျတဲ့မေးခွန်းတခု ဖြစ်ပါတယ်။

ဒီမေးခွန်းကို ဖြေဆိုကြတဲ့အခါ  ဖြစ်လာနိုင်တယ်လို့ ယူဆမှုက ၄၄ ရာခိုင်နှုန်း ရှိသလို မဖြစ်နိုင်ဘူးလို့ ယူဆမှုလည်း ၄၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ မဖြေလိုမှုက ၁၂ ရာခိုင်နှုန်း ရှိပါ တယ်။ ဖြစ်လာနိုင်တယ်လို့  ယူဆကြရာမှာ အရင် စစ်အစိုးရ နဝတ၊ နအဖခေတ်မှာ တဖွဲ့ချင်း အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ သာဓကတွေရှိတာကြောင့် တနှစ်၊ နှစ်နှစ်အတွင်း ဖြစ် လာနိုင်တာ၊ ကိုယ့်အဖွဲ့အကျိုးစီးပွားကိုသာကြည့်ပြီး စစ်ကောင်စီနဲ့ အပေးအယူလုပ်မယ့် EAOs များ ရှိလာနိုင်တာ၊ နောက်ကွယ်မှာ တရုတ်အစိုးရရဲ့ဖိအားတွေ ရှိနေနိုင်တာ စတဲ့ အချက်တွေကြောင့် ယူဆတာကို တွေ့ရပါတယ်။ မဖြစ်နိုင်ဘူးလို့ ယူဆသူတွေကတော့ လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေ အဘက်ဘက်မှာ စစ်ကောင်စီဟာ နာမည်ပျက်များ နေတာကြောင့် ယုံကြည်မှုအားနည်းနေပြီး  ဘယ် EAO ကမှ စာချုပ်ချုပ်ဆိုဖို့ စဉ်းစားမှာ မဟုတ်ဘူး။ ဒါ့အပြင် စစ်ကောင်စီက အချိန်မရွေး ပြုတ်ကျနိုင်တဲ့ အနေအထားရှိတာကို နှစ်ဖက်လုံးက နားလည်ကြတဲ့အတွက် မဖြစ်နိုင်ဘူးလို့ယူဆတာ အစရှိတဲ့အချက်တွေကို အဓိကထား ပြောဆိုကြပါတယ်။

◉ မေးခွန်း (၃)

စစ်ကောင်စီနှင့် EAOs များ၊ PDF များ၏ တိုက်ပွဲပုံသဏ္ဍာန်သည် တိုက်ပွဲကြီးများအဖြစ် အသွင်ပြောင်းလဲသွားပြီး ပြည်တွင်းစစ် ပိုမို ကျယ်ပြန့် နက်ရှိုင်း တာရှည်လာမည်ဟု ယူဆပါသလား။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေကို စစ်ကောင်စီ က အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက်ပိုင်း လူငယ်အများစုက လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်လိုက်ပါတယ်။ နိုင်ငံအနှံ့မှာ ပြည်သှူကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ (LDF) စတဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း များစွာ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံရဲ့ ပဋိပက္ခမြေပုံအသစ် ဖြစ်ထွန်းလာပါတယ်။ နိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အနောက်မြောက်ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှု တွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်လာပြီး၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကလွဲလို့ နေရာအနှံ့မှာ လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်ရေးတင်းမာမှုတွေ ဖြစ်လာပါတယ်။ စစ်ကောင်စီဘက်က အပစ်ရပ်ကာလကို ငါးလအထိ သက်တမ်းတိုးခဲ့ပေမဲ့ PDF တွေကို EAOs တွေဆီကနေ ခွဲထုတ်ကိုင်တွယ်ဖို့ ပြင်ဆင်လာတာ၊ EAOs ဒေသတွေမှာ စစ်ကောင်စီတပ်တွေ တိုးမြှင့် ချထားခြင်းတွေ ရှိလာပါတယ်။ တခါ EAOs အချင်းချင်းအကြား နယ်မြေချဲ့ထွင်ရေး ကြိုးပမ်းမှု ဖြစ်နေတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာ “စစ်ကောင်စီနဲ့ EAOs တွေ၊ PDF တွေရဲ့ တိုက်ပွဲပုံသဏ္ဌာန်ဟာ တိုက်ပွဲကြီးတွေအဖြစ် အသွင်ပြောင်းသွားပြီး ပြည်တွင်းစစ် ပိုမိုကျယ်ပြန့် နက်ရှိုင်း တာရှည်လာမလား” ဆိုတာက အဓိကကျတဲ့ မေးခွန်းတခု ဖြစ်လာပါတယ်။

ဒီမေးခွန်းကို ဖြေဆိုကြရာမှာ တိုက်ပွဲတွေ ကြီးမားကျယ်ပြန့်ပြီး ပြည်တွင်းစစ် ပိုမို ကျယ်ပြန့်နက်ရှိုင်း တာရှည်လာမယ်လို့ ယူဆမှုက ၇၂ ရာခိုင်နှုန်းအထိရှိတာ တွေ့ရပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ ယူဆမှုက ၁၆ ရာခိုင်နှုန်းရှိပြီး၊ မဖြေလိုတာ ၁၂ ရာခိုင်နှုန်း ရှိပါတယ်။ တိုက်ပွဲတွေ ကျယ်ပြန့်လာမယ်လို့ ယူဆကြရာမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုတွေကို စစ်ကောင်စီက ဖြိုခွင်းနှိပ်စက်တာတွေ၊ စစ်မြေပြင်သဖွယ် ကိုင်တွယ်ပုံတွေနဲ့ ပြုမူတုံ့ပြန်နေပုံတွေဟာ အဲဒီအခြေအနေ ရောက်ရှိအောင် တွန်းပို့နေတာ၊ ဒီလုပ်ရပ်တွေကြောင့်လည်း ပြည်သူလူထုဘက်က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ထားခြင်းဖြစ်နေတာ စတဲ့အချက်တွေက အဓိကကျတယ်လို့ ပြောဆိုကြပါ တယ်။ တိုက်ပွဲတွေ ကြီးမားကျယ်ပြန့်လာမှာမဟုတ်ဘူးလို့ ယူဆတဲ့အခါ NCAလက်မှတ် ထိုးထားတဲ့ EAOs တွေအားလုံး တိုက်ပွဲဝင်နေတာမဟုတ်ဘူး၊ UWSA နဲ့ AA တပ်ဖွဲ့တွေ က နှုတ်ဆိတ်နေဆဲဖြစ်နေတာ၊ PDF တွေဟာ ဗဟိုကနေ သေနင်္ဂဗျူဟာ ညွှန်ကြားနိုင်တဲ့ အမိန့်ပေးစနစ် (Central Command) နဲ့ တိုက်ပွဲဝင်နိုင်ခြင်း မရှိ‌သေးတာ စတဲ့အချက် တွေကို ထောက်ပြကြတာတွေ့ရပါတယ်။

◉ မေးခွန်း (၄)

အဓိက အင်အားကြီး EAOs များနှင့် PDF များ အားလုံး ညီညွတ်ပေါင်းစည်း၍ “တပ်ပေါင်းစု” ဖြင့် စစ်ကောင်စီကို တိုက်ပွဲဝင်နိုင်မည်ဟု ယူဆပါသလား။

အင်အားကြီးမားတဲ့ EAOs တွေ အပါအဝင် အားလုံးပေါင်းစည်းထားတဲ့ “တပ်ပေါင်းစု” နဲ့ စစ်အာဏာရှင်ကို တိုက်ပွဲဝင်၊ အောင်ပွဲခံနိုင်ရေးကို နှစ် ၇၀ ကျော်ကြာ မြန်မာပြည်တွင်း စစ် ကာလအတွင်း တော်လှန်ရေးအင်အားစုတွေ အကြိမ်ကြိမ် ကြိုးစားခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ “တပ်ပေါင်းစု” နဲ့ တိုက်ပွဲဝင်နိုင်ရေးက မျှော်မှန်းကြိုးစားသလို မဖြစ်ခဲ့ဘဲ အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အခု စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်မှုမှာလည်း အင်အားကြီး  EAOs တွေအားလုံးပါဝင် တဲ့ “တပ်ပေါင်းစု” နဲ့ တိုက်ပွဲဝင်နိုင်ရေးက မျှော်မှန်းချက်တခု ဖြစ်လာပါတယ်။ တချိန်ထဲမှာပဲ အားလုံးပါဝင်သော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဆုံချက်ဖြစ်လာပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Charter) အသက်ဝင်လာမယ် ဆိုရင် အင်အားကြီး EAOs တွေနဲ့ “တပ်ပေါင်းစု” ဖွဲ့စည်းဖို့ ဆွဲဆောင်နိုင်မယ့် မြော်မြင်ချက်တွေ ရှိနေပါတယ်။ ဒါကြောင့်  “အဓိက အင်အားကြီး EAOs တွေနဲ့ PDF တွေအားလုံး ညီညွတ်ပေါင်းစည်းပြီး “တပ်ပေါင်းစု” နဲ့ စစ်ကောင်စီကို တိုက်ပွဲဝင်နိုင်မလား” ဆိုတာက အဓိကကျလာတဲ့ မေးခွန်းတခု ဖြစ်ပါတယ်။

အဲဒီမေးခွန်းကို ဖြေဆိုရာမှာ  “တပ်ပေါင်းစု” နဲ့ တိုက်ပွဲဝင်နိုင်မယ်လို့ ယူဆမှုက ၃၁ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ၅၆ ဒသမ ၃ ရာခိုင်နှုန်းက မယူဆဘူးလို့ ဖြေဆိုခဲ့ပါတယ်။ ကျန် ၁၂ ဒသမ ၄ ရာခိုင်နှုန်း က ဖြေကြားလိုခြင်း မရှိခဲ့ပါဘူး။ မယူဆဘူးလို့ ပြောသူတွေက EAOs နဲ့ PDF တွေအကြား “တပ်ပေါင်းစု” ဖြစ်လာဖို့အတွက် ပြောဖို့အလွန်စောပြီး ခက်ခဲနိုင်ကြောင်း၊ သမိုင်းကြောင်းများအရ “တပ်ပေါင်းစု” တွေ တာရှည်ခံလေ့မရှိတာကို ထောက်ပြကြပါတယ်။ တခါ အခုကာလမှာလည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) မှာ အခက်အခဲများစွာရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် EAOs တွေနဲ့ အသစ်ပေါ်ပေါက်လာတဲ့ PDF တွေအကြား စစ်ရေးရည်မှန်းချက်တွေ မတူညီနိုင်ကြောင်း ပြောကြပါတယ်။ ယူဆတယ်လို့ မှတ်ချက်ပေးကြသူတွေကတော့ EAOs တွေနဲ့ PDFs တွေ ပေါင်းစည်းဖို့ လူထုက ဖိအားပေးနေတာကြောင့် မကြာခင် စုစည်းမှုပုံစံသစ်တွေ မြင်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေဟာ အင်အားကြီး EAOs တွေ အကြားမှာ ပြီးပြတ်ခြင်းမရှိသေးသလို၊  ဦးစွာပါဝင်လာတဲ့ EAOs တွေ အစဉ်သဖြင့် ဆက်ပါနိုင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆွေးနွေးညှိနှိုင်းမှုနဲ့ ကတိကဝတ်အပေါ်မှာသာ မူတည်တယ်လို့ သုံးသပ်ကြပါတယ်။

◉ မေးခွန်း (၅)

EAOs များ၏ ငြိမ်းချမ်းရေးအတွက် အားထုတ်မှုနှင့် နွေဦးတော်လှန်ရေး ဦးတည်ချက်များ အောင်မြင်ရန် အားထုတ်မှုများ ဆုံချက်ကျပြီး ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် မျှော်လင့်နိုင်ပြီဟု ယူဆပါသလား။

နှစ် ၇၀ ကျော်ကြာ မြန်မာ့ပြည်တွင်းစစ်မှာ EAOs တွေရဲ့ ငြိမ်းချမ်းရေးအတွက် အားထုတ်မှုဟာ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု နွေဦးတော်လှန်ရေးရဲ့  ဦးတည်ချက်တွေထဲမှာ အကြောင်းအချက်ငါးရပ် ပါဝင်ပြီး အာဏာသိမ်း စစ်ကောင်စီ ပြုတ်ကျရေး၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊ ရွေးကောက်ခံ တရားဝင် အစိုးရသစ် ဖွဲ့စည်းနိုင်ရေး၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ပေါ်ထွန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တို့ ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိအချိန်မှာ “EAOs တွေရဲ့  ငြိမ်းချမ်းရေးအတွက် အား ထုတ်မှုနဲ့ နွေဦးတော်လှန်ရေး ဦးတည်ချက်တွေ အောင်မြင်ဖို့ အားထုတ်မှုတွေ ဆုံချက်ကျပြီး ပြည်ထောင်စုသစ် တည်ဆောက်ဖို့အတွက် မျှော်လင့်နိုင်ပြီလား” ဆိုတာက အဓိက ကျတဲ့ မေးခွန်းတခုဖြစ်ပါတယ်။

ဒီမေးခွန်းကို ဖြေဆိုကြရာမှာ မဖြစ်နိုင်သေးဘူးလို့ ယူဆမှုက ၄၇ ရာခိုင်နှုန်း ရှိပါတယ်။ ၃၈ ရာခိုင်နှုန်းကတော့ မျှော်လင့်နိုင်ပြီလို့ ယူဆခဲ့ပါတယ်။ ၁၅ ရာခိုင်နှုန်းက ဖြေကြားလိုခြင်း မရှိခဲ့ပါဘူး။ မျှော်လင့်နိုင်ပြီလို့ ယူဆကြသူတွေက ဗမာပြည်မက ပြည်သူတွေဟာ တိုင်းရင်းသားတွေကြုံနေခဲ့ရတဲ့ အခက်အခဲ၊ ဒုက္ခတွေနဲ့ ခံစားချက်တွေကို အခုကာလမှာ အတိုင်းအတာတခုအထိ နားလည်လာကြတယ်၊ ဒါကြောင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် ဆုံချက်က ရှိနေပြီလို့ ပြောကြပါတယ်။ တဖက်မှာလည်း မျှော်လင့်ဖို့ မဖြစ်နိုင်သေးဘူးလို့ ယူဆကြရတာဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ရည်မှန်းချက်တွေ တူပေမယ့် ဖက်ဒရယ် ဒီမို ကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် သဘောတူညီမှု မရှိသေးတာ၊  အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဗမာပြည်မက တော်လှန်ရေး အဖွဲ့အစည်း တွေနဲ့ EAOs  တွေအကြား ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Charter) နဲ့ ပတ်သက်လို့ သဘောထား  တထပ်တည်းမကျသေးတာ အစရှိတဲ့ အချက်တွေကို ထောက်ပြ ဆွေးနွေးကြပါတယ်။

◉ မေးခွန်း (၆)

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပိုမိုရှုပ်ထွေးသည့် ပဋိပက္ခအသစ်များကြောင့်  မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် နိုင်ငံတကာ၏ ကြား၀င်ကူညီမှုနှင့် ပံ့ပိုးမှုများ လျော့ပါးသွားမည်ဟု ယူဆပါသလား။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံတကာရဲ့ ကြားဝင်ကူညီမှုနဲ့ ပံ့ပိုးမှုတွေဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တလျှောက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာလည်း နိုင်ငံတကာရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ နည်းပညာပိုင်းဆိုင်ရာ ကူညီမှုတွေဟာ အင်အားစုအသီးသီး၊ ဘက်အသီးသီးမှာ ရှိခဲ့ပါတယ်။ ရံဖန်ရံခါမှာ နှစ်ဖက် ပဋိပက္ခ အရှိန်လျှော့ချရေးနဲ့ ပြေလည်နိုင်ရေးကိစ္စတွေမှာပါ နိုင်ငံတကာ (အထူးသဖြင့် တရုတ်၊ ဂျပန် အစရှိသဖြင့်) ဝင်ရောက်ဆောင်ရွက်ပေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ဒီလို ကြားဝင်ကူညီမှုနဲ့ ပံ့ပိုးမှုတွေရှိခဲ့ပေမဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ မျှော်မှန်းထားသလောက် ရှေ့မရောက်ခဲ့တဲ့အပြင်၊ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ပြီး နောက်ပြန်လန်တဲ့ အခြေအနေ ဆိုက်လာပါတယ်။ တချိန်တည်းမှာပဲ လက်နက်ကိုင်အဖွဲ့သစ်တွေ ဖြစ်တည်လာပြီး ပဋိပက္ခနယ်မြေသစ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် “စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသော ရှုပ်ထွေးတဲ့ပဋိပက္ခအသစ်တွေကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နိုင်ငံတကာရဲ့ ကြားဝင်ကူညီမှုနဲ့ ပံ့ပိုးမှုတွေ လျော့သွားမလား” ဆိုတာ အဓိကကျတဲ့မေးခွန်းတခု ဖြစ်လာပါတယ်။

ဒီမေးခွန်းကို ဖြေဆိုရာမှာ နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုများ လျော့နည်းသွားမယ်လို့ ယူဆမှုက ၅၃ ရာခိုင်နှုန်း ရှိပြီး အများဆုံးဖြစ်ပါတယ်။ မလျော့နည်းဘူးလို့ ယူဆမှုက ၃၁ ရာခိုင်နှုန်း ရှိနေပြီး မဖြေလိုသူ ၁၆ ရာခိုင်နှုန်း ရှိပါတယ်။ လျော့နည်းသွားမယ်လို့ ယူဆသူတွေက နိုင်ငံတကာအသိုင်းအဝိုင်းဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးထက် နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှု၊ ကြားဝင်စေ့စပ်ရာမှာ တိုးတက်မှုရှိဖို့ကို လိုလားကြတယ်၊ နိုင်ငံရေးရလဒ်က ယုံကြည်နိုင်လောက်တဲ့ ဖြစ်ပေါ်တိုးတက်မှု (Credibility) မရှိရင် နိုင်ငံတကာက စိတ်ပျက်သွားနိုင်တယ်ဆိုပြီး ပြောကြပါတယ်။ လျော့သွားမယ် မထင်ဘူးလို့ ဖြေကြသူတွေကတော့ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တွဲလျက် ဖြစ်နေတာကြောင့် မလျော့နိုင်ဘူးလို့ ယူဆတာရှိသလို၊ လက်ရှိအခြေအနေကို ဘယ်လို ချဉ်းကပ်ဆောင်ရွက်ရမလဲဆိုတာအတွက် အချိန်ယူနေတာကြောင့် ယာယီလျော့နည်းတာ ဖြစ်ပြီး ပြန်တိုးတက်လာမယ်လို့ ယူဆတာလည်းရှိပါတယ်။ နိုင်ငံတကာလို့ ပြောရာမှာ တရုတ်ကိုတော့ သီးသန့်ဆွေးနွေးဖို့လိုအပ်ပြီး၊  တရုတ်နိုင်ငံဟာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အောင်မြင်အောင်ပံ့ပိုးခြင်းထက် မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေး (Stability) ကို သာ အဓိကအာရုံစိုက်တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

◉ မေးခွန်း (၇)

ပြည်တွင်းစစ်နှင့် လက်ရှိ ကျယ်ပြန့်လာသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တိုင်းပြည်ပြိုကွဲရေးအခြေအနေ ကျရောက်သွားနိုင်သည်ဟု ယူဆပါသလား။

စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင် ပဋိပက္ခတွေဟာ ပိုမိုကျယ်ပြန့်လာပြီး အရင်က တိုက်ပွဲမဖြစ်ခဲ့တဲ့ နေရာတွေမှာပါ တိုက်ပွဲတွေ ဖြစ်လာပါတယ်။ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့အတူ “လုံးဝ အုပ်ချုပ်၍မရစေရ” ဆိုတဲ့ လှုပ်ရှားမှုတွေ ကလည်း ဆက်ရှိနေပြီး၊ ဒီအပေါ်မှာ စစ်ကောင်စီဘက်က အင်အားသုံး ဖိနှိပ်ချေမှုန်းတာတွေကို ဆက်လုပ်နေပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီပစ်မှတ်တွေကို ဗုံးခွဲတိုက်ခိုက်တာ၊ လုပ်ကြံသတ်ဖြတ်တာတွေလည်း အရှိန်ကောင်းစွာ ပေါ်ပေါက်လာပါတယ်။ နယ်မြေစိုးမိုးမှုနဲ့ စစ်ရေးအရ လွှမ်းမိုးမှုရအောင် စစ်ကောင်စီက နည်းပေါင်းစုံသုံး လုပ်နေပေမဲ့ အရပ်ဘက်အုပ်ချုပ်ရေး တည်ထောင်နိုင်ဖို့ အခက်ကြုံနေပါတယ်။ တခါ NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရပ်ဆိုင်းနေပြီး ဖက်ဒရယ်ထက် ကွန်ဖက်ဒရေးရှင်း ကို လိုလားတဲ့ အင်အားကြီး EAOs တချို့ကလည်း အခြေအနေကို စောင့်ကြည့်နေပုံရပါတယ်။  ဒီအနေအထားမှာ “ပြည်တွင်းစစ်နဲ့ လက်ရှိကျယ်ပြန့်လာတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံရဲ့  အချုပ်အခြာအာဏာနဲ့ တိုင်းပြည်ပြိုကွဲရေး အခြေအနေ ကျရောက်သွားနိုင်သလား” ဆိုတာ အဓိကကျတဲ့မေးခွန်းတခု ဖြစ်စေပါတယ်။

ဒီမေးခွန်းကို ဖြေဆိုရာမှာ ဖြစ်သွားနိုင်တယ်ဆိုတဲ့ ယူဆမှုက ၆၉ ရာခိုင်နှုန်းရှိပြီး များပြားတဲ့ပမာဏ ဖြစ်ခဲ့ပါတယ်။ မဖြစ်နိုင်ဘူးလို့ ယူဆမှုက ၂၅ ရာခိုင်နှုန်းရှိပြီး၊ မဖြေလိုသူ  ၆ ရာခိုင်နှုန်း ရှိပါတယ်။ တိုင်းပြည် ပြိုကွဲနိုင်တယ်လို့ ယူဆကြရာမှာ ၁၈ ရာစု နှောင်းပိုင်း တရုတ်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ပုံစံမျိုးကို ရည်òန်းကြပါတယ်။ တနိုင်ငံလုံးအနေနဲ့ လွှမ်းမိုးထိန်းချုပ်ထားနိုင်စွမ်း မရှိသော်လည်း ဒေသအလိုက် လက်နက်ကိုင်တပ်ဖွဲ့တွေ ဖွဲ့စည်းတည်ထောင် အုပ်ချုပ်ကြတဲ့ စစ်ဘုရင်ခေတ် (Chinese Warlords Era) လို ဖြစ်သွား နိုင်တယ်လို့ မှန်းဆကြပါတယ်။ တခါ ၁၉၉၀ ပြည့်လွန်နှစ်တွေက အရှေ့ဥ‌ရောပဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဘော်လကန်ကျွန်းဆွယ်ဒေသ နိုင်ငံငယ်များ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲကြပြီး နိုင်ငံငယ်များအချင်းချင်း စစ်မက်ဖြစ်ပွားခြင်း (Balkanization) လို အခြေအနေ ဖြစ်သွားနိုင်တယ်လို့ မှန်းဆတာလည်း ရှိကြပါတယ်။ မဖြစ်နိုင်ဘူးလို့ ယူဆကြသူတွေကတော့ ပင်လုံစာချုပ်အပေါ် အမှန်တကယ် ယုံကြည်နေသမျှ ဆက်သွားနိုင်ခြင်း၊ EAOs တချို့ကလွဲပြီး အများစုက ဖက်ဒရယ်ဒီမိုကရေစီကိုသာ လိုလားကြခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်သလို နယ်မြေအသီးသီးက အဖွဲ့အစည်းတွေကသာ ခွဲထွက်ဖို့ ဆုံးဖြတ်ထားရင် တိုင်းပြည်ပြိုကွဲမှုဟာ အရင်ကတည်းက ဖြစ်ပွားပြီးခဲ့ပြီလို့လည်း ပြောဆိုကြပါတယ်။

➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မေးသင့်မေးထိုက်သည်များကို မေးခွန်းထုတ်ခြင်းသည် ကြုံတွေ့နေရသော အကျပ်အတည်းများအား ဖြေရှင်းနိုင်ရန် ပထမခြေလှမ်းအားထုတ်မှု ဖြစ်ကောင်းပါသည်။ ထို့ကြောင့် ပဏာမအနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာသုံးသပ် သူ ၃၂ ဦးအား ISP-Myanmar က မေးခွန်း ၇ ခု မေးမြန်းခဲ့ခြင်းဖြစ်ပါသည်။ ယခု မေးမြန်းချက်၏ အဖြေများကို ယတိပြတ်အဖြစ် မှတ်ယူသည်ထက် ဆက်လက်စဉ်းစား ဆင်ခြင်နိုင်ရေးအတွက် အညွှန်းပြုစရာ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာငါးခုကို အပိုင်းလိုက်ခွဲ၍ ISP-Myanmar က ဖော်ပြနေခြင်းဖြစ်ပါသည်။ ပထမဆုံးအနေ ဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း” (Scenario Thinking) ကို အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့ပြီး၊ “မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် - အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြားစိတ်ဖြာသုံးသပ်ချက် (Analysis) ကို  အောက်တိုဘာ ၂၀ ရက်က ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

The post ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု appeared first on ISP Myanmar Peace Desk.

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ
✤ မိတ်ဆက်

NCA ခြောက်နှစ်ပြည့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုအပိုင်းလိုက်ခွဲ၍ ISP-Myanmar က ဖော်ပြနေခြင်း ဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြန်တန်ခြေ များအားဖြန့်ထွက် စဉ်းစားခြင်း” (Scenario Thinking) ကို အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့ပြီး၊ ယခု “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်- အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြားစိတ်ဖြာသုံးသပ်ချက် (Analysis) ကို ဆက်လက်ဖော်ပြခြင်းဖြစ်သည်။ နောက်ရက်များတွင် “စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု” (Key Questions) ကို ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာသုံးသပ်သူများအား ISP-Myanmar က မေးမြန်းထားပြီး၊ ၎င်းတို့၏ ဖြေဆိုမှုများကို ဖော်ပြသွားရန်ရှိပါသည်။ ထို့နောက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သိထားသင့်သော ဒေတာအချက်အလက်များအား စုစည်းဖော်ပြမည့် Visual Story နှင့် သိသင့်သမျှအကြောင်းချင်းရာ (Backgrounder) တို့ကိုလည်း ထပ်မံဖော်ပြသွားမည် ဖြစ်သည်။

➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။

➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။

➥ “NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း” ကို ယခု link တွင် ဖတ်ရှုနိုင်ပါသည်။

∎ အနှစ်ချုပ်

╸မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာပါပြီ။ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆိုရင်ပဲ ၂၀၁၁ ခုနှစ်ကနေ စတင် ရေတွက်ရင် ၁၀ နှစ် ရှိခဲ့ပါပြီ။ ဒီအခြေအနေမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ၊ သပိတ်တွေ အကြမ်းဖက် ချေမှုန်းခံရ ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပဋိပက္ခက အဆင့်သစ်တခုသို့ တိုးမြင့်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ရွေးကောက်ခံ တရားဝင်မှု အပေါ် အခြေခံ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပေါ်ထွက်လာသလို၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေလည်း ဦးဆောင်မှု ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာပြီးတက်ကြွသူ လူငယ် အများစုက လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ် ခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ပဋိပက္ခဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အသစ်သော အင်အားစုများအဖြစ် သတ်မှတ်နိုင်သလို လက်နက်ကိုင် တိုက်ပွဲကြီး/ ငယ်တွေလည်း ပြန်၍ ဖြစ်ပေါ်နေပါတယ်။

╸စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ငါးလကြာ (၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့အထိ) ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။ အခု ကြေညာမှုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာကစပြီး ရေတွက်ရင်အကြိမ် ၂၀ မြောက် အပစ်ရပ်သက်တမ်းတိုး ကြေညာခြင်း ဖြစ်ပါတယ်။ ကြေညာချက်မှာတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက် ကပ်ဘေးကို ထောက်ထားသောအားဖြင့် အပစ်ရပ်ကြဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်တယ်လို့ဖော်ပြထားပါတယ်။ လေးလကြာ အပစ် ရပ်စဲကြဖို့ နှစ်ဖက်သော အင်အားစုတွေကို အာဆီယံ အထူးကိုယ်စားလှယ်က တောင်းဆိုထားတာကို တုံ့ပြန်ပုံလည်း ရပါတယ်။

╸အပစ်ရပ် ကြေညာချက်အသစ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (EAO) တွေကို ဦးတည် ပစ်မှတ်ထားပုံ ရပြီး၊ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUGနဲ့ PDF စတဲ့ အင်အားစု အသစ်များ ပါဝင်ပုံ မရပါဘူး။ ဒါကြောင့် အခုတကြိမ် အပစ်ရပ် ကြေညာချက်ဟာလည်း ပဋိပက္ခတွေ ပြေငြိမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး (Dialogue) ဆီ မရောက်နိုင်ဘူးလို့ သုံးသပ်နိုင်ပါတယ်။

╸တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) က အရင် အခြေအနေအဟောင်း ဖြစ်ပြီး လက်မှတ် ထိုးထားတဲ့ EAO တွေကိုတောင် နိုင်ငံရေးအရ စည်းရုံး ဆွဲဆောင်နိုင်စွမ်း နည်းပါးပါတယ်။ NCA ပြင်ပမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေ၊ အသစ်သော လက်နက်ကိုင် အန်တုသူ အင်အားစုတွေအတွက်လည်း လွှမ်းခြုံနိုင်မှု မရှိပါဘူး။

╸စစ်ကောင်စီအနေနဲ့ အရင် အင်အားစုဟောင်းတွေ (Old Players) နဲ့ အခင်းအကျင်းအဟောင်းကို လက်ခံ ညှိနှိုင်း နိုင်တယ်လို့ယူဆရပေမဲ့ အင်အားစုသစ်များနဲ့ အသစ်သော အခြေအနေအတွက်တော့ မဟာဗျူဟာ စဉ်းစားထားပုံ မရပါဘူး။

╸မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်တွင်း အင်အားစုများရဲ့ သဘောထားနဲ့ ဆောင်ရွက်ချက်တွေသာမက အိမ်နီးချင်း နိုင်ငံများရဲ့ ပထဝီ နိုင်ငံရေးအကျိုးစီးပွားများဟာလည်း ထည့်သွင်း စဉ်းစားရတဲ့ အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အခု ကာလလိုအင်အားစု အသစ်တွေ ပေါ်ထွန်းနေတဲ့ ကာလ၊ တိုင်းပြည် တခုလုံးနဲ့ချီတဲ့ နိုင်ငံရေး ဦးတည်ရာ လမ်းကြောင်း ပုံမပေါ်လွင်သေးတဲ့ကာလမှာ “အညှီရှိ၊ ယင်အုံ” ဆိုသလို ပထဝီနိုင်ငံရေး ပယောဂ တွေက ပိုပြင်းထန် တတ်ပါတယ်။

∎ နိဒါန်း

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပါပြီ။ နောက်ဆုံးအကြိမ် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုကပဲ ဆယ်စုနှစ် တခု ရှိလာခဲ့ပါပြီ။ အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်တာ ခြောက်နှစ် သက်တမ်း ပြည့်မြောက်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ အခြေအနေအသစ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ခဲ့တဲ့ အကြမ်းမဖက် ဆန္ဒပြပွဲနဲ့ သပိတ်တွေကို စစ်ကောင်စီက အကြမ်းဖက် ချေမှုန်းခဲ့ပါတယ်။ စစ်ကောင်စီက အကြမ်းမဖက် လှုပ်ရှားမှုတွေကို ရက်စက်စွာ ချေမှုန်း ဖြိုခွဲခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းများအရ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်အထိ) အကြမ်းမဖက် ဆန္ဒပြသူ ပြည်သူ ၁,၁၈၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီကာလမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တချို့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ကြပါတယ်။

အကြမ်းမဖက် လူထုဆန္ဒပြပွဲတွေ အကြမ်းဖက် ချေမှုန်း ခံရပြီးတဲ့နောက် တက်ကြွသူ လူငယ်အများစုက လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့ကြပါတယ်။ NUG အစိုးရက ဖက်ဒရယ် တပ်မတော်ရဲ့ ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို ဖွဲ့စည်း ထူထောင်ခဲ့ပြီး၊ အမည် အမျိုးမျိုးနဲ့ ဒေသစုံမှာလည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ ဒေသဆိုင်ရာ ခုခံရေးတပ် (LDF) တွေ ပေါ်ပေါက်လာပါတယ်။ ဂျပန်အခြေစိုက် Nikkei Asia သတင်းဖော်ပြချက်တွေအရNUG က ပြည်သူ့ ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် ၈,၀၀၀ ကျော်ကို လေ့ကျင့်သင်တန်း ပေးထားတယ်လို့ ဖော်ပြပါတယ်။မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ တိုက်ခိုက်မှုများအပေါ် အနီးကပ် လေ့လာ နေကြသူတွေ ခန့်မှန်းချက်အရ နိုင်ငံအနှံ့မှာ PDF တပ်ဖွဲ့ပေါင်း၁၂၀ မှ ၃၀၀ အကြား ရှိနိုင်ပြီး၊ အင်အားအရ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရှိနိုင်တယ်လို့ တွက်ဆကြပါတယ်။

၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ၂၀၁၁ ခုနှစ် ဩဂုတ်မှာ စတင်ကြေညာပါတယ်။ နောက်ပိုင်းမှာ EAO ၁၅ ဖွဲ့နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေက တဆင့် နှစ်ဖက် အပစ်ရပ်မှု သဘောတူညီနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်မှာ လက်မှတ်ထိုး သဘောတူနိုင်ခဲ့ပါတယ်။အစောပိုင်းမှာ EAO ရှစ်ဖွဲ့နဲ့၊ ၂၀၁၈ ခုနှစ်မှာ နောက်ထပ် နှစ်ဖွဲ့ ထပ်တိုးပြီး စုစုပေါင်း EAO ၁၀ ဖွဲ့နဲ့ NCA သဘောတူညီချက် ရရှိခဲ့ပါတယ်။ NCA သဘောတူညီချက်အရ နိုင်ငံရေးဆွေးနွေး အဖြေရှာမှုအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) [နောက်ပိုင်း NLD အစိုးရလက်ထက်မှာ၂၁ ရာစုပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအဖြစ် ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ်] ကို ငါးကြိမ် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူညီချက်မှာ ထည့်သွင်းဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ၇၁ ချက် ရခဲ့ပါတယ်။ ဒါပေမဲ့ NCA သဘောတူညီမှု ပြင်ပမှာ အင်အားကြီးတဲ့ EAO အဖွဲ့တွေ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ပြီး၊ NLD အစိုးရ လက်ထက်မှာပဲ အင်အားကြီးမားလာတဲ့ ရက္ခိုင့်တပ်တော် (ULA/AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်မှာ ရက္ခိုင့် တပ်တော် (AA) ကို အစိုးရနဲ့ တပ်မတော်က အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်ကြေညာခဲ့ပါတယ်။ (စစ်အာဏာ သိမ်းအပြီး ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်မှာတော့ AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကနေ စစ်ကောင်စီက ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ၊ ဒေသဆိုင်ရာ ခုခံရေးတပ်(LDF) တွေ ပေါ်ပေါက် လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှည်ကြာတဲ့ ပြည်တွင်းစစ်အတွက် အင်အားစုသစ်တွေ ထပ်တိုးလာခြင်းပဲဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အချိန်တိုအတွင်းမှာပဲ ၂၀၂၁ ခုနှစ် မေ ၁၀ ရက်မှာ NUG၊ CPRH နဲ့ PDF တွေကို“အကြမ်းဖက် အဖွဲ့အစည်း”အဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ NUG အစိုးရကလည်း ပြည်သူတရပ်လုံး ခုခံစစ်အဖြစ် အုံကြွတော်လှန်ကြဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ တိုက်တွန်း ကြေညာခဲ့ပါတယ်။ ဒီနောက်ပိုင်း ပဋိပက္ခ တင်းမာမှု ပိုမို မြင့်မားလာပြီး နိုင်ငံတကာရဲ့ လိုလားချက်တခု ဖြစ်တဲ့ တွေ့ဆုံညှိနှိုင်း ပြေလည်နိုင်တဲ့ အခြေအနေက လတ်တလော အနေအထားမှာ မရှိသေးပါဘူး။

∎ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

၂၀၁၁ ခုနှစ် ဩဂုတ်မှာ သမ္မတ ဦးသိန်းစိန် စတင် ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အစိုးရနှစ်ဆက် ဆယ်စုနှစ်တခုတိုင်ခဲ့ပါပြီ။ ဆယ်နှစ်တာ ကာလအတွင်း တည်ငြိမ်ဖွံ့ဖြိုးမှု တစုံတရာနဲ့ NCA စာချုပ်ကို EAO အဖွဲ့ ၁၀ ဖွဲ့နဲ့ သဘောတူညီခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ရဲ့ ရေသောက်မြစ် အကြောင်းတရား ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလို့ ပြောနေပေမဲ့ NCA ပြင်ပမှာ လက်နက်ကိုင်အဖွဲ့ကြီးတွေ မပါဘဲ ကျန်နေပါသေးတယ်။ ၂၀၁၁ ခုနှစ်ကနေစတင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာလည်း ရေရှည်ကြာလွန်းတဲ့ လုပ်ငန်းစဉ် (Protracted Peace Process) ဖြစ်လာပါတယ်။နိုင်ငံတကာ သုတေသန စာပေများအရ ရှည်ကြာလွန်းတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဟာ အစိုးရတွေရဲ့ ဦးဆောင်မှု၊စွမ်းဆောင်နိုင်စွမ်း အပေါ်မူတည်ပြီး အတက်အကျ ရှိတတ်ပါတယ်။ ပြန်ပြီး ပျက်ပြယ် တတ်ကြတာလည်း ရှိပါတယ်။ ပဋိပက္ခများဆီ တကျော့ပြန်ပြီး လည်သွားကြတာလည်း ရှိတတ်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေကြပေမဲ့ ပစ်ခတ်မှုတွေ ငြိမ်းမသွားပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က “ငြိမ်းချမ်းရေးမရှိသော လုပ်ငန်းစဉ်” ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ စေ့ဆော်မှုတွန်းအား မီးပေါင်ကျလာပြီး၊လက်မှတ် ရေးထိုးထားတဲ့ EAO တွေအတွက်လည်း မက်လုံးမရှိ ဖြစ်လာပါတယ်။ NCA သဘောတူညီချက် ပြင်ပမှာ အင်အားကြီးမားတဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) စတဲ့ အဖွဲ့အစည်းတွေ ရှိနေကြပါတယ်။ NCA သဘောတူညီချက်ဟာ ဘယ်သော အခါကမျှ အင်အားစုအားလုံးကို လွှမ်းခြုံတဲ့ သဘောတူညီချက် (all-inclusive pact) တခု မဖြစ်ခဲ့ပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေတဲ့ ကာလအတွင်းမှာပဲ အောက်ခြေပြည်သူ လူထုတွေအတွက် “နေ့စဉ်ဘဝ ငြိမ်းချမ်းရေး” ပျောက်ဆုံးနေရပါတယ်။

ပြည်တွင်းစစ်ရဲ့ ရေသောက်မြစ် ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်များအတွင်းပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) ငါးကြိမ် ကျင်းပနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု သဘောတူညီချက် (Union Accords) တနည်းပြောရရင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံ နိုင်ငံရေး သဘောတူညီချက် ၇၁ ချက် ရရှိခဲ့တယ်လို့ဖော်ပြကြပါတယ်။ ဒါပေမဲ့ လုံခြုံရေးနဲ့ တပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အစပျိုးတောင် သဘောတူနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒါအပြင် နယ်စည်းပိုင်းခြား သတ်မှတ်ရေး (demarcation) သဘော တူညီချက်တွေကို သဘောတူနိုင်ခဲ့တာ မရှိတော့ ဒီအချက်တွေကြောင့်ပဲ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှု မတိုင်မီ၊ အရင် NLD အစိုးရ လက်ထက်ကတည်းကငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြန့်ကြာ တစ်ဆို့နေမှုတွေ ရှိခဲ့ပါတယ်။ တချို့သောသူများက ‘NCA ဟာ သေဆုံးပြီ’ လို့ ပြောခဲ့ကြပါတယ်။

∎ NCA သဘောတူညီချက် ငြိမ်းချမ်းရေးအတွက် အာမခံချက်လော၊ ထောင်ချောက်လော

NCA အတွက် ညှိနှိုင်း ဆွေးနွေးကြရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ကိုယ်စားလှယ် Nationwide Ceasefire Coordination Team (NCCT) နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) တို့ အကြား လပေါင်း ၅၀ ကျော်နဲ့ ဆွေးနွေးပွဲပေါင်း ၂၅၀ ကျော် ပြုလုပ် ညှိနှိုင်းခဲ့ကြရပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပြည်တွင်း အင်အားစုများ ကိုယ်တိုင်ကြိုးပမ်းမှု (Home-Grown) နဲ့ အစိုးရ-EAOs-နိုင်ငံရေး ပါတီများရဲ့ ဖက်စပ် လုပ်ငန်းစဉ် (Joint Venture) အဖြစ် ဂုဏ်ယူ ပြောဆို ခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ အမြင်မှာတော့ NCA သဘောတူညီချက်ဟာ တိုင်းရင်းသား အုပ်စုတွေဘက်က စတင် အဆိုပြုတာ၊ ဒါကို သူတို့ဘက်က လက်ခံ စဉ်းစားပေးတာ ဖြစ်ပြီး၊ နောက်ဆုံး တပ်မတော်-EAOs-နိုင်ငံရေးပါတီများ အားလုံးရဲ့ သဘောတူညီချက်အဖြစ် မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ NCA နဲ့ပြည်ထောင်စု သဘောတူညီချက်တွေကို ပြည်ထောင်စု လွှတ်တော်ကပါ တရားဝင် အတည် ပြုပေးထားပါတယ်။ ဒါကြောင့်ပဲအကယ်၍ ပြန်လည် ပြင်ဆင်မယ်ဆိုရင် အင်အားစုအားလုံးက ပြန်ပြီး သဘောတူညီ၊ လွှတ်တော်ကို နောက်တကြိမ် ပြန်ဖြတ်ရမယ်လို့ မြင်ကြပါတယ်။ NCA ကို ပထမဆုံးအကြိမ် အပြည့်စုံဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်လို့ ဂုဏ်တင် ပြောဆိုကြတာလည်း ရှိပါတယ်။ နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်မှာ လက်မှတ်ရေးထိုး သဘောတူ ထားကြတာ ဖြစ်ပါတယ်။ NCA ဟာ အရေးပါတဲ့ အဖွဲ့အစည်းစနစ်- အင်စတီကျူးရှင်း (institution) တခုလို့ ယူဆနိုင်ပြီး၊ အကယ်၍ NCA မရှိတော့ဘူးဆိုရင်နောက်ထပ် အစား ထိုးစရာ၊ စည်းနှောင်ထားမှု တစုံတရာရှိတဲ့ အထောက်အထား မှတ်တမ်းတခုခု မရှိတော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

NCA သဘောတူညီချက်အပေါ် အကောင်အထည်ဖော်မှု အားနည်းလွန်းခြင်းက လက်တွေ့ပြဿနာ ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို စလုံးရေ စ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ တပ်ဖွဲ့တွေအကြား နယ်စည်းသတ်မှတ်မှု (demarcation) အတွက်လည်း စစ်တပ်ဘက်က ဆွေးနွေးလိုစိတ် မရှိသလို၊ အရပ်သား အစိုးရကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့ ဦးဆောင်နိုင်စွမ်း မဲ့နေခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်ပဲ NLD အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မချောမွေ့မှုတွေ၊ တစ်ဆို့မှုတွေ ရှိခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ရွေးကောက်ခံ အရပ်သားအစိုးရနဲ့ လွှတ်တော်တွေကို စစ်ကောင်စီကဖျက်သိမ်းခဲ့ပါတယ်။ NCA လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အင်အားစုတွေ မရှိတော့တဲ့အခါ လုံးဝရပ်ဆိုင်းသွားပါတယ်။ NCA စာချုပ်အရ ဖွဲ့စည်း တည်ဆောက်ထားမှုတွေ ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ NCA ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) စတာတွေလည်း အားလုံး မရှိတော့သကဲ့သို့၊ ရှေ့မဆက်နိုင်ဘဲရပ်ဆိုင်းခဲ့ပါတယ်။ အရင်ကာလက ငြိမ်းချမ်းရေးကို အဓိကဆောင်ရွက်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပြီး၊ အစားထိုးအနေနဲ့ ဗိုလ်ချုပ်ကြီးရာပြည့်ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေတဲ့အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့ခဲ့ပေမဲ့ NCA အကောင်အထည်ဖော်မှုက အာဏာသိမ်းပြီး ရှစ်လကြာတဲ့ အထိ အကောင်အထည် ပေါ်မလာပါဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည်ချက် ကိုးရပ်မှာ NCA နဲ့ ထာဝရ ငြိမ်းချမ်းရေးစတဲ့ ဝေါဟာရတွေကို ထည့်သွင်းဖော်ပြထားဆဲ ရှိပါတယ်။

NCA သဘောတူညီချက်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အသစ်သော အင်အားစုတွေ၊ အသစ်သော အခြေအနေတို့ အတွက်ထည့်သွင်း စဉ်းစားထားတာမျိုး မရှိဘူးလို့ ယူဆထားနိုင်ပါတယ်။ ဒါတင်မက ၂၀၂၁ ခုနှစ် မေ ၁၀ ရက်မှာ စစ်ကောင်စီက စောစီးစွာပဲ NUG၊ CPRH နဲ့ PDF တွေကို “အကြမ်းဖက် အဖွဲ့အစည်း” များအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ဒီအချက်က ညှိနှိုင်းဆွေးနွေးရေးအတွက် တံခါး ပိတ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ငါးလကြာ (၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့အထိ) ရပ်ဆိုင်းထားမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။လက်ဟောင်း အင်အားစု EAO တွေ (လက်မှတ် ရေးထိုးထားသူရော – မထိုးထားသူပါ Signatories and Non-signatories) အတွက်ရည်ရွယ်ထားပုံ ရပါတယ်။ အသစ်သော အင်အားစုများအတွက် ထည့်သွင်း စဉ်းစားထားခြင်း မရှိဘူးလို့ တွက်ဆနိုင်ပါတယ်။အသစ်သော အခြေအနေ၊ အသစ်သော အင်အားစုများ အတွက် စစ်ကောင်စီက အခုချိန်မှာ လုပ်နေတဲ့၊ အရင်ကလည်း EAO တွေကို လုပ်ခဲ့ဖူးတဲ့“ငြိမ်ဝပ်ပိပြားရေး၊ ချေမှုန်းရေး” ကလွဲလို့ အခြား မဟာဗျူဟာ စဉ်းစားနိုင်စွမ်း ကင်းမဲ့နေတယ် ယူဆနိုင်ပါတယ်။ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဟန့်အတားကြီးတခု ဖြစ်လာနိုင်ပါတယ်။

∎ အသစ်သော အင်အားစုများ၊ အသစ်သော အခြေအနေ

နှစ် ၇၀ ကျော် ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ မြန်မာ့ပြည်တွင်းစစ်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်း နောက်ထပ် အင်အားစုအသစ်တွေ ထပ်ပေါ်ပေါက်လာပါတယ်။ အထူးသဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွဲခံခဲ့ရပြီး နောက်ပိုင်း ဖြစ်တည်လာတဲ့ NUG အစိုးရနဲ့ ဒေသ အများအပြားမှာ ရရာ လက်နက်စွဲကိုင်ပြီး ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေ၊ ဒေသဆိုင်ရာ ခုခံရေးတပ် (LDF) တွေ ဖြစ်ပါတယ်။ စစ်ကောင်စီက အခု ပေါ်ပေါက်လာတဲ့အင်အားစု အသစ်တွေကို မြန်မာ့ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ထဲမှာ ထည့်သွင်း စဉ်းစားပုံ မရှိပါဘူး။

အဲဒါအပြင် NUG၊ CPRH နဲ့ PDF အဖွဲ့အစည်းတွေကို စစ်ကောင်စီက “အကြမ်းဖက် အဖွဲ့အစည်း”အဖြစ် သတ်မှတ် ကြေညာခဲ့တာကြောင့် ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြင်ပက အဖွဲ့အစည်းတွေ ဖြစ်လာပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အုံကြွ ဆန့်ကျင်ကြဖို့ NUG က ခုခံစစ်ပွဲ ကြေညာတဲ့အခါ မြန်မာနိုင်ငံရေး ပဋိပက္ခဟာ တင်းမာမှုတွေပိုလို့ မြင့်မားလာပါတယ်။

ဒီလို ပြည်တွင်း ပဋိပက္ခဝန်းကျင်က အင်အားစုသစ်တွေကို လျစ်လျူရှုထားဖို့ ခက်ခဲနိုင်ပါတယ်။ အချို့သော နေရာတွေမှာ PDF တွေဟာ တဖြည်းဖြည်းနဲ့ တိုက်ခိုက်နိုင်စွမ်း မြင့်မားလာမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်တာ ဒါမှမဟုတ် ကြီးမားတဲ့ ဖျက်စီးနိုင်စွမ်းကို လုပ်နိုင်တဲ့စွမ်းရည် (lethality) မြင့်မားလာတာ တွေ့ရပါတယ်။ အရင်က သေနတ်သံ မကြားဖူးတဲ့ ဒေသအများအပြားမှာတိုက်ပွဲတွေ ဖြစ်လာတာ၊ ပြည်တွင်း ဒုက္ခသည် (IDPs) အရေအတွက် အလျှင်အမြန် မြင့်မားလာနေတဲ့ အခြေအနေတွေကို မြင်တွေ့နေရပါတယ်။ ပဋိပက္ခ မြေပုံသစ် (Conflict map) ဟာ အသစ် တဖန် ပြန်လည်ရေးဆွဲနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ နိုင်ငံတကာ သံတမန်ရေး ဝန်းကျင် အခြေအနေဟာ ပုံမှန် အနေအထားမှာ ရှိမနေပါဘူး။ ကမ္ဘာ့ကူးစက်ကပ်ဘေး Covid-19 Global Pandemic ကြောင့် အကျပ်အတည်း မြင့်မားနေသလို၊ နိုင်ငံတကာ စီးပွားဆုတ်ယုတ် ကျဆင်းနေမှုနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာတွေအပေါ် အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကြောင့် နိုင်ငံတကာ သံတမန်ရေး အာရုံစိုက်မှု မြင့်မားနေတဲ့ အချိန် ဖြစ်ပါတယ်။ ရိုဟင်ဂျာ အရေးကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC)၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) အပါအဝင် နိုင်ငံတကာမှာမြန်မာကိစ္စဟာ နိုင်ငံတကာအရေး ဖြစ်နေခဲ့ရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်တွင်း အင်အားစုများရဲ့ သဘောထားနဲ့ ဆောင်ရွက်ချက်တွေသာမက အိမ်နီးချင်း နိုင်ငံများရဲ့ပထဝီနိုင်ငံရေးအကျိုးစီးပွား များကလည်း ထည့်သွင်း စဉ်းစားရတဲ့ အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို အင်အားစု အသစ်တွေ ပေါ်ထွန်းနေတဲ့ ကာလ၊ တိုင်းပြည်တခုလုံးနဲ့ချီတဲ့ နိုင်ငံရေး ဦးတည်ရာ လမ်းကြောင်း ပုံမပေါ်လွင်သေးတဲ့ ကာလမှာ “အညှီရှိ၊ယင်အုံ” ဆိုသလို ပထဝီနိုင်ငံရေး ပယောဂတွေက ပိုပြင်းထန်တတ်ပါတယ်။

∎ မူဝါဒရေးရာ ရိုက်ခတ် သက်ရောက်မှုများ

နိုင်ငံတကာ မိသားစုကတော့ ညှိနှိုင်း ဖြေရှင်းရေးကိုသာ ဝိုင်းဝန်းတောင်းဆိုနေပါတယ်။ ဒီလိုအခြေအနေမှာ ဘက်အသီးသီး ပါဝင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လို ပြန်စနိုင်မလဲဆိုတာ အရေးကြီးပါတယ်။ ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးက အဓိကငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေးရပ် သတ်မှတ်ထားတဲ့နေရာမှာ ပဋိပက္ခတွေ မဖြစ်ပွားမီ ကြိုတင်ကာကွယ်မှု ဆိုင်ရာ သံတမန်ရေး(preventive diplomacy)၊ ငြိမ်းချမ်းရေး ရစေရေး (peacemaking)၊ ငြိမ်းချမ်းရေး ဆက်လက် ထိန်းသိမ်းထားရေး (peacekeeping) နဲ့ပဋိပက္ခလွန် လူ့အဖွဲ့အစည်းအနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး (post-conflict peace building) စသဖြင့် ခွဲခြားထားပါတယ်။ ဒီရှုထောင့်က ကြည့်ရင်ပဲ မြန်မာနိုင်ငံမှာ လုပ်ငန်းစဉ် အဆင့် အတော်များများ ပြန်လည် ဖြတ်သန်းကြရပါဦးမယ်။ လက်ငင်းမှာတော့ နိုင်ငံတကာက တောင်းဆိုနေသလို တွေ့ဆုံဆွေးနွေးရေး (Dialogue) စားပွဲဝိုင်းဆီကို ပြန်ရောက်ဖို့ဝေးလို့ တွေ့ဆုံစကားပြောဖို့အကြောင်း စကားပြောကြ (talks before the talk) ဖို့တောင် မလွယ်ကူသေးပါဘူး။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်၊ ပဋိပက္ခ မြင့်မားလာမှု အကျိုးဆက်က ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေဆီ ကူးစက်ဖွယ် စိုးရိမ်မှု ဖြစ်နေကြပါတယ်။ ပဋိပက္ခရဲ့ ဆိုးကျိုးအဖြစ် ပြည်တွင်း ဒုက္ခသည်များရဲ့ လူသားချင်းစာနာမှု အရေးပေါ်အခြေအနေကို ဒေသတွင်းနိုင်ငံတွေ လျစ်လျူရှုထားလို့ မရနိုင်အောင် ဖြစ်လာရပါတယ်။ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအလုပ်သမား ပြဿနာတွေနဲ့အတူ လူခိုးဝင်မှု၊ လူကုန်ကူးမှု ပြဿနာကို အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။ လက်နက်မှောင်ခို ဈေးကွက် တဖန်ပြန်လည် ထွန်းသစ်လာမှုကလည်း ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်ဖွယ် ဖြစ်လာပြီး၊ တပြိုင်နက်တည်းမှာ ပြည်တွင်း ပဋိပက္ခကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ကုန်သွယ်မှု မြင့်မားလာနိုင်တဲ့ ပြဿနာလည်း ရှိနေပါတယ်။

မည်သို့သော ဆင်ခြေ အကြောင်းပြချက် ဖြစ်ပါစေ၊ ဒေသတွင်း နိုင်ငံတွေအဖို့ နိုင်ငံတခုအတွင်းမှာ လက်နက်ကိုင် အင်အားစုများပြန့်ကျဲ ပေါ်ထွန်းလာတာ၊ နည်းပေါင်းစုံနဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာနေတာက ရှုစိမ့်နိုင်ဖွယ် အခြေအနေ တရပ် မဟုတ်ပါဘူး။ အထူးသဖြင့် “အကြမ်းဖက်မှု” ဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာတွေအပေါ်လေးလေးနက်နက် ထည့်သွင်း စဉ်းစားချက်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ အပေါ် စစ်ကောင်စီကအကြမ်းဖက်ချေမှုန်းမှု လုပ်ခဲ့တာကို တန်ပြန်သောအားဖြင့် ပေါ်ပေါက်လာတဲ့ လုပ်ကြံ သတ်ဖြတ်မှုတွေ၊ (စစ်မျက်နှာစာနဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်မဟုတ်တဲ့ နေရာတွေမှာ) လက်လုပ်မိုင်းနဲ့ ဗုံးခွဲမှု စသဖြင့် တိုက်ခိုက်မှုတွေကို အိမ်နီးချင်း နိုင်ငံများနဲ့ နိုင်ငံတကာသံတမန် ဆက်ဆံရေး နယ်ပယ်မှာ အချိန်ယူ နားလည် စဉ်းစားပေးနိုင်ဖို့ ဆိုတဲ့အချက်က ရှုပ်ထွေး ပွေလီလှပါတယ်။

တချိန်တည်းမှာပဲ မြန်မာ့အရေး လူသားချင်း စာနာမှု အရေးပေါ် အခြေအနေအတွက် သတိပေး ခေါင်းလောင်းသံက ပိုမြည်နေပါပြီ။ ထင်ရှားတဲ့ ခေါင်းဆောင်များနဲ့ လေ့လာ သုံးသပ်သူတွေ၊ သံတမန်တွေက မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ (failed state) ဖြစ်သွားမယ့် အလားအလာအပေါ် စိုးရိမ်မှုတွေကို အတိအလင်း ပြောဆိုနေကြပါတယ်။ တဖက်မှာလည်း စစ်ကောင်စီက နိုင်ငံခြား အစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုပါ ကန့်သတ်မှုတွေ ရှိနေခဲ့ပါတယ်။ နိုင်ငံတွင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (INGO/NGO) တွေရဲ့ လုပ်ကိုင် ဆောင်ရွက် နိုင်စွမ်းကလည်း သိသိသာသာ ကန့်သတ် ခံနေရပါတယ်။

အတိုက်အခံ လှုပ်ရှားမှုအတွင်း စုစည်းမှုနဲ့ ခေါင်းဆောင်မှု ပြဿနာကလည်း လက်တွေ့အဖြစ် ရှိနေပါတယ်။ အသစ်သောဆန့်ကျင်ရေး အင်အားစုတွေနဲ့ ရှိရင်းစွဲ EAO တွေအကြားမှာ ညီညွတ်မှု တည်ဆောက်ရေးက ရှစ်လကျော်ကြာသည့်တိုင် ခက်ခဲနေဆဲ ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာ ခေါင်းဆောင်မှု၊ မဟာဗျူဟာ၊ မဟာမိတ် တည်ဆောက်မှု၊ မူဝါဒဆိုင်ရာ ပြဿနာတွေလည်းအပြင်ပန်းအရတောင် မြင်သာလာပါတယ်။ မညီညွတ်သေးသော၊ စုစည်းမှုအားနည်းသေးသော ခေါင်းဆောင်မှုကနေ ရည်မျှော်ရာပန်းတိုင် အရောက်သွားဖို့ ကိစ္စတွေအတွက် ခက်ခဲနိုင်ပါသေးတယ်။

တပြိုင်နက်တည်းမှာ အကျယ်အပြန့်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး (broader democratization) နဲ့ လူမှု အသိုက်အဝန်းအတွက် ငြိမ်းချမ်းရေး (community peace) ကိစ္စတွေ ဖွံ့ဖြိုး အားကောင်း လာစေရေးအတွက် ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် ပဋိပက္ခ အသွင်ပြောင်းတိုးတက်မှု (conflict transformation) ဖြစ်ပေါ်လာအောင် ဝိုင်းဝန်း ကြိုးပမ်းကြဖို့လိုအပ်နေပါတယ်။ ဒီလို လုပ်ငန်းစဉ်တွေထဲမှာ အရပ်ဘက်လူမှု အဖွဲ့အစည်းက ပါဝင် ဆောင်ရွက်နေသူတွေ၊ ဖယ်ကျဉ်ခံထားရတဲ့အုပ်စုတွေ၊ အမျိုးသမီးတွေ၊ ဒေသခေါင်းဆောင်တွေ၊ ထုံးတမ်းစဉ်လာ ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရဲ့ အနာဂတ်အတွက်ရေရှည်မြော်မြင် ကြိုးပမ်းမှုကို အားထည့်ဆောင်ရွက်ကြရဦးမှာ ဖြစ်ပါတယ်။ ထင်ရှားသူ ခေါင်းဆောင်များနဲ့ နိုင်ငံတကာ မိသားစုတွေ စိုးရိမ်ပူပန်နေကြတဲ့ မြန်မာနိုင်ငံ “ကျရှုံးနိုင်ငံတခု ဖြစ်မသွားစေရေး” အတွက် ရပ်တန့်နေတဲ့ ငြိမ်ချမ်းရေး ဖြစ်စဉ်နဲ့အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်ကို မူပိုင်းဆိုင်ရာ ပရိယာယ်ကြွယ်မှု၊ ဖန်တီး‌တီထွင်မှု ရှိတဲ့လုပ်ငန်းစဉ်များနဲ့ အဟောင်း၊ အသစ် အဓိက အင်အားစုများ အားလုံးက ၀ိုင်းဝန်း ကြိုးစားကြဖို့ လိုအပ်မယ်လို့ သုံးသပ်ရပါတယ်။

The post မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ appeared first on ISP Myanmar Peace Desk.

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း
✤ မိတ်ဆက်

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုISP-Myanmar က ဖော်ပြရန် ရှိပါသည်။ ယခု ပထမဆုံးအနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း” (Scenario Thinking) ကို စတင်ဖော်ပြခြင်း ဖြစ်သည်။ ယင်းနောက် “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် – အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြား စိတ်ဖြာ သုံးသပ်ချက် (Analysis) ကို ဆက်လက် ဖော်ပြရန်ရှိပါသည်။ ထိုဖော်ပြချက် အပြီးတွင် “စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သောမေးခွန်း ၇ ခု” (Key Questions) ကို ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာ သုံးသပ်သူများအား ISP-Myanmar က မေးမြန်းထားပြီး၊ ၎င်းတို့၏ ဖြေဆိုမှုများကို ဖော်ပြသွားရန် ရှိပါသည်။ ထို့နောက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သိထားသင့်သော ဒေတာ အချက်အလက်များအား စုစည်းဖော်ပြမည့် Visual Story နှင့် သိသင့်သမျှ အကြောင်းချင်းရာ (Backgrounder) တို့ကိုလည်း ထပ်မံ ဖော်ပြသွားမည် ဖြစ်သည်။

➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။

➤ အသံဖြင့် နားဆင်နိုင်ပါသည်။

✤ ဖြစ်တန်ခြေ ဖြန့်ထွက်စဉ်းစားခြင်း

ISP-Myanmar က ဖော်ပြမည့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်တန်ခြေများကို ဖြန့်ထွက် စဉ်းစားခြင်းတွင် ပါဝင်သည့် အကြောင်းပြယူဆချက်များနှင့် ဆက်နွယ်သက်ရောက်မှုများသည် မလွဲမသွေ မုချ ဖြစ်မည် ဆိုသော အပြီးအပြတ် သဘော မဆောင်ဘဲ၊အနာဂတ် ရည်မှန်းချက်သို့ ရောက်ရှိနိုင်ရန် ပစ္စုပ္ပန်အခြေအနေနှင့် ချိတ်ဆက် စဉ်းစားရာ၌ အညွှန်း ပြုစရာအဖြစ် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ ယခု ဖော်ပြထားသော ဖြစ်တန်ခြေ ဖြန့်ထွက် စဉ်းစားခြင်းနှင့် ပတ်သက်၍ အထောက်အထားသစ်များ ပေါ်ထွက်လာသည်နှင့် အမျှ ပြန်လည် သုံးသပ် ဖြည့်စွက်မှုများ ပြုလုပ်သွားပါမည်။

မည်သည့် နယ်ပယ်အတွက်မဆို ဖြစ်တန်ခြေကို လေ့လာရာ၌ အနာဂတ်ဟောကိန်း သဘောထက် အကြောင်းပြ ယူဆချက်များအား အချက်အလက် အထောက်အထားများဖြင့် ဆန်းစစ်ပြီး၊ အထောက်အထား အားကောင်းပါက အားကောင်း လာသလောက်ဖြစ်တန်ခြေ ပို၍ နီးစပ်လာနိုင်မည့် အညွှန်းပြဆိုချက်များ အဖြစ် လေ့လာသင့်ပါသည်။ အထောက်အထား ကျိုးကြောင်းယုတ္တိကိုဖော်ထုတ် ပိုင်းခြား ဆန်းစစ်ပြီး ဖြစ်တန်ခြေကို ကြိုတွေးဆခြင်း နှင့် အကျိုးဆက်များအား ပုံဖော်ကြည့်ခြင်းသာ ဖြစ်ပါသည်။ဘက်အသီးသီးက မူဝါဒ ချမှတ်သူများ သာမက ပြည်သူများ အနေဖြင့်ပါ မိမိတို့ မျှော်မှန်းသော ဖြစ်တန်ခြေ အနာဂတ်မှ ယခု ဖြစ်နေသော ပစ္စုပ္ပန်သို့ ပြန်စုန်ဆင်းပြီး လိုအပ်သည့် အကြောင်းတရားများ ပြည့်စုံအောင် တည်ဆောက်ယူရင်း ရေဆန်ကို မည်သို့လှန်တက် မည်နည်း၊ ဦးတည်သော ပန်းတိုင်သို့ မည်သည့် နည်းလမ်းဖြင့် ရောက်နိုင်မည်နည်း စသဖြင့် မဟာဗျူဟာမြောက် ဦးနှောက်မုန်တိုင်းဆင်နိုင်ရန်၊ စီမံကိန်းများ ချမှတ်နိုင်ရန်အတွက် ဖြစ်တန်ခြေ တွေးတောပုံများက အထောက်အကူ ဖြစ်စေနိုင်ပါသည်။

∎ အနှစ်ချုပ်

╸တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ခြောက်နှစ်ပြည့်ချိန်မှာပဲ မြန်မာနိုင်ငံ နေရာအနှံ့လက်နက်ကိုင် တိုက်ပွဲ ကြီးငယ်တွေ၊ စစ်ရေး ပြင်ဆင် လှုပ်ရှားမှုတွေ၊ တင်းမာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။

╸ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို NLD အစိုးရ လက်ထက် ၂၀၂၀ ပြည့်နှစ် ဩဂုတ်မှာ နောက်ဆုံး လုပ်ခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်အောက်တိုဘာကတည်းက NCA အခြေပြု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှုဟာ အကျပ်ဆိုက် (deadlock) အခြေအနေ ကြုံနေခဲ့ရတာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း (စာချုပ်အဖြစ် မည်ကာမတ္တ ကျန်နေပေမဲ့) NCA အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ် အားလုံး ရပ်တန့် သွားပါတယ်။ NCA လုပ်ငန်းစဉ် အကောင်အထည် ဖော်ရာမှာ ရှိရမယ့်အစုအဖွဲ့ ကိုယ်စား ပြုမှု၊ ယန္တရား လည်ပတ်ပုံ ဒါတွေကလည်း စစ်အာဏာသိမ်းမှုကြောင့် ပျက်သွားပါတယ်။

╸NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (NCA-S EAO) တွေက တဖွဲ့ချင်းရော၊ အစုအဖွဲ့ အနေနဲ့ပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက် ထားပါတယ်။ မြေပြင်မှာလည်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ တချို့တို့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်နေပါတယ်။ တခါ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ရဲ့ တိုက်ပွဲဆင်မှုတွေကို ပြန်မြင်နေရပါတယ်။ ရှမ်းပြည်နယ်မှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့အကြား တိုက်ပွဲတွေ ပိုဖြစ်နေပါတယ်။ဒါပေမဲ့ အာဏာမသိမ်းခင် အချိန်က တပ်မတော်နဲ့ အပြင်းအထန် တိုက်ပွဲဆင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှု မရှိတော့ဘဲ အပစ်ရပ်နေပါတယ်။

╸ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက် လွင်ပြင်ဒေသ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း ဒေသတွေမှာလည်း ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။

╸မြန်မာ့ ငြိမ်းချမ်းရေး ရှေ့ဆက် ဖြစ်တန်ခြေတွေကို (အပြီးအပြတ် သဘော မဆောင်ဘဲ ဆက်လက် စဉ်းစားနိုင်ရန် အညွှန်းပြုစရာ အဖြစ်) ပိုင်းခြားရာမှာ အောက်ထစ် ဖြစ်တန်ခြေ (Baseline Scenario) ၊ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) နဲ့ရလဒ်ကောင်း ထွက်ရန် အားထုတ်မှု၏ ဖြစ်တန်ခြေ (Intervention Scenarios) စသဖြင့် သုံးပိုင်းခွဲပြီး ISP-Myanmar က သုံးသပ်ပါတယ်။

၁။ အောက်ထစ်ဖြစ်တန်ခြေ (Baseline Scenario) က စစ်ကောင်စီအနေနဲ့ NCA အပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်ထိန်းထားရင်း၊ လက်မှတ် ထိုးမထားတဲ့ EAO တွေနဲ့ တဖွဲ့ချင်း ဖြစ်ဖြစ်၊ အုပ်စုလိုက် ဖြစ်ဖြစ် သီးသန့် သဘောတူညီချက် ယူပြီးပဏာမ လက်မှတ် ရေးထိုးနိုင်ဖို့ ကြိုးပမ်းတာမျိုး ရှိလာနိုင်ပါတယ်။ ဖြစ်တန်ခြေ ၄၀ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။

၂။ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) က အရင် ရှိထားပြီးဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အနှစ်သာရ အရရော၊အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ် အရပါ အဆုံးသတ် သွားမယ်၊ ပျက်စီး သွားမယ်။ စစ်ကောင်စီ တပ်တွေနဲ့ EAO များ၊ PDF များအကြား ကြီးမားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်လာပြီး ပြည်တွင်းစစ် ပိုမို ကျယ်ပြန့် လာနိုင်ပါတယ်။ ဖြစ်တန်ခြေ ၃၀ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။

၃။ ရလဒ်ကောင်း ထွက်ဖို့ အားထုတ်မှု ဖြစ်တန်ခြေတွေ (Intervention Scenarios) မှာ နှစ်ပိုင်း ရှိနိုင်ပါမယ်။ ပထမတခုကနိုင်ငံတကာ (အထူးသဖြင့် တရုတ်ထောက်ခံမှုနဲ့) ကြားဝင်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကိုချိတ်ဆက် ဖြေရှင်းပေးတာ ဖြစ်ပါတယ်။ ဒုတိယ တခုက အဓိက EAO တွေ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ PDF တွေပူးပေါင်းပြီး “တပ်ပေါင်းစု” နဲ့ စစ်ကောင်စီကို အနိုင်ယူ အောင်ပွဲခံတာ ဖြစ်ပါတယ်။ ပထမအချက်က ၂၀ ရာခိုင်နှုန်း ရှိနိုင်ပြီးဒုတိယ အချက်က ၁၀ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။

∎ နောက်ခံအခြေအနေ

ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဆက်စပ် အခြေအနေ (context) ကိုကြည့်ရင် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက် မှာ ၂၁ ရာစုပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (စတုတ္ထအစည်းအဝေး) လုပ်ခဲ့ပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အကျပ်ဆိုက်မှု (deadlock) ပြေလည်ခြင်း မရှိဘဲ ဆက်ရှိနေခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း လုပ်ငန်းစဉ် သုံးရပ်ပါတဲ့ ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို ၂၀၂၀ ပြည့်နှစ်အလွန်မှာ အကောင်အထည်ဖော်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံး ရပ်ဆိုင်းသွားပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဒီဇိုင်း (design) ပိုင်းမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုယ်တိုင်က အားနည်းချက် ဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆုံးဖြတ်ချက်တွေ အတွက် အရေးပါတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာပင်လျှင် တိုင်းရင်းသားတွေရဲ့ သဘောထား၊ ဆွေးနွေးချက်၊ လိုလားချက်တွေ လျစ်လျူရှုခံရတာ ရှိခဲ့ပါတယ်။ အဆိုးဆုံးက လုံခြုံရေး ကဏ္ဍ ဆွေးနွေးချက်တွေ ရှေ့မရောက်တဲ့အပြင် သဘောတူညီချက်တခုမှလည်း မရခဲ့ပါဘူး။ တဖက်မှာလည်း အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်မှု ပူးတွဲ ကော်မတီ (JMC) ယန္တရား ဟာ လုပ်ငန်းဆောင်ရွက်မှု လမ်းညွှန်ချက်၊ မူဘောင်တွေနဲ့ ရှုပ်ထွေးခဲ့ပြီး လက်တွေ့ကျတဲ့ ဖြေရှင်းပေးမှုတွေ အသက် မဝင်ခဲ့ပါဘူး။ ဒါ့အပြင်တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကျပ်ဆိုက်မှု (deadlock) ကို ဖြေရှင်း ပေးနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ်။ NCA ပြင်ပကနေ ဖြေရှင်းဖို့ ကြိုးစားမှုအဖြစ် လုပ်ခဲ့တဲ့ ၁၀+၁၀ လို ထိပ်သီး အစည်းအဝေးကလည်း အလုပ် မဖြစ်ခဲ့ပါဘူး။ NCA ကိုပဲ အခြေပြုပြီး ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်တာကြောင့် NCA ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်နိုင်ဖို့ နေရာ မရှိခဲ့တာလည်း ပြဿနာတခု ဖြစ်ခဲ့ပါတယ်။ ဒါကို NCA ပြင်ပ သီးသန့် စာချုပ် ဒါမှမဟုတ် သဘောတူညီမှု ယူပြီး ဖြေရှင်းနိုင်ရေးလမ်းစ ဖော်တာမျိုး ရှိခဲ့ပေမဲ့ အပြီးမသတ် နိုင်ခင်မှာပဲ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် NCA အခြေခံတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရပ်တန့်သွားပြီး အသစ်အသစ်သော အင်အားစုတွေနဲ့ အခင်းအကျင်း သစ်တွေ ဖြစ်လာပါတယ်။

NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေက တဖွဲ့ချင်းရော၊ အစုအဖွဲ့ အနေနဲ့ပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ထားပါတယ်။ ပြီးခဲ့တဲ့ သုံးလအတွင်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခမြေပုံက ပြောင်းလဲလာပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပိုဖြစ်လာသလို၊ နိုင်ငံအရှေ့မြောက်ဘက်မှာလည်း မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ တိုက်ပွဲဆင်မှုတွေကို ပြန် မြင်လာရပါတယ်။ သံလွင်မြစ် အရှေ့ခြမ်း မှာလည်း တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေက ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ကနေရှမ်းပြည်နယ် တောင်ပိုင်းအထိ ဆင်းလာခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း ဒေသမှာလည်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာအချို့နဲ့ စစ်ကောင်စီအကြား အကြိမ်ရေ ရာနဲ့ချီတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။

နောက်ထပ် ပေါ်လာတဲ့ အခင်းအကျင်းသစ်က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေရဲ့ ခုခံ တွန်းလှန်စစ် ဖြစ်ပါတယ်။ နိုင်ငံအနှံ့ အရေအတွက်အားဖြင့် အနည်းဆုံး ၁၈၀ ကနေ အများဆုံး ၃၀ဝ ကျော်အထိ ရှိတဲ့ PDF အဖွဲ့တွေရဲ့ ခုခံ တွန်းလှန်စစ်ကိုချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက် လွင်ပြင်ဒေသ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသတွေမှာ အများဆုံး တွေ့ရပြီး ကယားပြည်နယ်မှာလည်း တိုက်ခိုက်မှုတွေ အရှိန်မြင့်နေပါတယ်။

ခြုံပြောရရင် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်း ဒေသတွေမှာ အနည်းနဲ့အများ ဆိုသလို EAO တွေရဲ့တိုက်ပွဲဆင်မှုနဲ့ PDF တွေရဲ့ ခုခံ တွန်းလှန်စစ်က အရှိန်ကောင်းလာပါတယ်။ စစ်အာဏာ မသိမ်းခင် အချိန်က တပ်မတော်နဲ့အပြင်းအထန် တိုက်ပွဲဆင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်ပွား မှုမရှိတော့ဘဲ အပစ်ရပ်နေတာကထူးခြားချက်တခု ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းအတွက် ဆက်စပ် အခြေအနေ (context) ပြောင်းလဲသွားမှု၊ စကတည်းက အားနည်းချက် ရှိနေတဲ့ဒီဇိုင်း၊ စစ်အာဏာ သိမ်းပြီး နောက်ပိုင်း ဖြစ်လာတဲ့ အသစ်အသစ်သော အခင်းအကျင်း စတဲ့အချက်တွေက ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ NCA ကို အခြေပြုထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်မှုမရှိဘူးဆိုတဲ့ အငြင်းပွားမှု ရှိနေချိန်မှာပဲ၊ ဗဟိုချုပ်ကိုင်မှု လွန်ကဲတဲ့ အခင်းအကျင်းတွေက ကြိုးပမ်းမှု ဖြစ်စဉ်ကို ရှေ့မရောက်စေဘဲအကျပ်ရိုက်မှု (deadlock) ဖြစ်စေခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖြစ်စဉ်တခုလုံး ပျက်စီးသွားပြီး NCA ပျက်ပြယ်ပြီဆိုတဲ့ သုံးသပ်ချက်တွေပါ ရှိခဲ့ပါတယ်။ စစ်ကောင်စီက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ကို ဖျက်သိမ်းပြီး အသစ် ဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းကော်မတီ (NSPNC) ဦးဆောင်မှုနဲ့ NCA လမ်းကြောင်း အတိုင်း ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပေးတဲ့ ကိစ္စကလွဲလို့ ငြိမ်းချမ်းရေးအတွက် စေ့စပ် ညှိနှိုင်းမှုတွေကို စစ်ကောင်စီနဲ့ ဆွေးနွေး အဖြေရှာလို့ ရကြောင်း စစ်ကောင်စီဥက္ကဋ္ဌက အောက်တိုဘာ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံ အစိုးရ၊ လွှတ်တော် အပါအဝင် တရားဝင်ကိုယ်စားပြုမှု အင်္ဂါ မစုံတော့တဲ့ အခြေအနေတွေက NCA အခြေခံ ငြိမ်းချမ်းရေး လုပ်ငန်းအပေါ် ပြန်လှန် ဆန်းစစ်စရာ ဖြစ်စေခဲ့ပါတယ်။

∎ မြန်မာ့ငြိမ်းချမ်းရေး ရှေ့ဆက် ဖြစ်တန်ခြေများ

မြန်မာ့ ငြိမ်းချမ်းရေး ရှေ့ဆက် ဖြစ်တန်ခြေတွေကို (အပြီးအပြတ် သဘော မဆောင်ဘဲ ဆက်လက် စဉ်းစားနိုင်ရန် အညွှန်းပြုစရာအဖြစ်) ပိုင်းခြားရာမှာ အောက်ထစ် ဖြစ်တန်ခြေ (Baseline Scenario) ၊ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) နဲ့ ရလဒ်ကောင်း ထွက်ရန် အားထုတ်မှု၏ ဖြစ်တန်ခြေတွေ (Intervention Scenarios) စသဖြင့် သုံးပိုင်းခွဲပြီး ISP-Myanmar က သုံးသပ်ခန့်မှန်းပါတယ်။ ဖြစ်တန်ခြေ အားလုံးအတွက် ကာလအပိုင်း အခြားဟာ အနည်းဆုံး ခြောက်လမှ သုံးနှစ်အတွင်း ဖြစ်နိုင်ပါတယ်။

◉ အောက်ထစ်ဖြစ်တန်ခြေ (Baseline Scenario)

စစ်ကောင်စီ အနေနဲ့ NCA အခြေပြု ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်လက်ထိန်းသိမ်းပြီး၊ NCA လက်မှတ်ထိုး မထားတဲ့ EAO တွေနဲ့တဖွဲ့ချင်း ဖြစ်ဖြစ်၊ အုပ်စုလိုက် ဖြစ်ဖြစ် သီးသန့် သဘောတူညီချက် ယူပြီး ပဏာမ လက်မှတ် ရေးထိုးနိုင်ဖို့ ကြိုးပမ်းတာမျိုး ရှိလာနိုင်ပါတယ်။ ဒီအတွက် ဖြစ်တန်ခြေ ၄၀ ရာခိုင်နှုန်း ရှိမယ်လို့ ISP-Myanmar က သတ်မှတ်ပါတယ်။

အောက်ထစ် ဖြစ်တန်ခြေအတွက် အကြောင်းပြ ယူဆချက် များစွာ ရှိနိုင်ပြီး အဓိကကျတဲ့ အချက် ငါးချက်ကို ဖော်ပြပါမယ်။ပထမအချက်က NCA အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ် ရပ်နေပေမဲ့ EAO တွေ ကိုယ်တိုင် က NCA ရဲ့ အခြေခံမူတွေကိုဆီလျော်သေးတယ်လို့ မှတ်ယူထားမှု ဖြစ်ပါတယ်။ ဒါကို NCA လက်မှတ် ထိုးထားတဲ့ NCA-S EAO အဖွဲ့တွေ့မှာ မြင်နိုင်ပါတယ်။NCA လက်မှတ် ထိုးထားတဲ့ EAO တွေထဲမှာ အဓိက ကျတဲ့ KNU အဖွဲ့ ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ကိုယ်တိုင် “KNU အနေဖြင့် NCA မူဘောင်များအား လိုက်နာ ကျင့်သုံးခြင်းကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး သက်ဆိုင်သူ အားလုံး အနေဖြင့်လည်း NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာ ကျင့်သုံးလျက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြပါရန် အလေးအနက် တိုက်တွန်းသည်” ဆိုပြီး ၂၀၂၁ ခုနှစ် မေမှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယအချက်က စစ်ကောင်စီဟာ အပစ်အခတ် ရပ်စဲရေးကို သက်တမ်းတိုးပြီး EAO တွေနဲ့ တိုက်ပွဲကြီးတွေ မဖြစ်အောင် သတိထား ထိန်းသိမ်းနေခြင်း ဖြစ်ပါတယ်။ တတိယ အကြောင်းပြ ယူဆချက်ကတော့ တဖြည်းဖြည်း အင်အား ကြီးမားလာတဲ့ PDF တွေကို ဦးတည် ကိုင်တွယ်ဖို့အတွက် EAO တွေနဲ့ တိုက်ပွဲကြီးတွေမဖြစ်အောင် စစ်ကောင်စီက ခြေလှမ်းပြင် နေသလို EAO တွေဆီကနေ PDF တွေကို ခွဲထုတ်ပြီး သီးသန့် ကိုင်တွယ်ခြင်း ဖြစ်ပါတယ်။နောက်တခုက စစ်တပ်အတွင်း ထိပ်ပိုင်း ခေါင်းဆောင်များအကြား အကွဲအပြဲ များမဖြစ်စေရန်၊ တပ်ပြေးအရေအတွက် များပြားပြီး တပ်ရင်း၊ တပ်မ၊ စစ်တိုင်းအလိုက် ဘက်ပြောင်းမှု မဖြစ်အောင် ထိန်းထား နိုင်သေးခြင်း ဖြစ်ပါတယ်။ ဒါကို ဘယ်လောက်ထိန်းထားနိုင်မလဲ ဆိုတဲ့ အချက်က ဒီအောက်ထစ် ဖြစ်တန်ခြေကို အပြောင်းအလဲ ဖြစ်စေပါမယ်။ နောက်ဆုံး အကြောင်းပြယူဆချက်က အိမ်နီးချင်း နိုင်ငံတွေဟာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ် ကျယ်ပြန့်လာမှာကို ရှောင်ရှားလိုခြင်း ဖြစ်ပါတယ်။အထူးသဖြင့် ကိုဗစ်အလွန်ကာလ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး အကျပ်ရိုက်မှုကို ရင်ဆိုင်နေရတဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေ သူတို့ဆီ လျှံကျလာမယ့် ကိစ္စတွေကို ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်းမြန်မာနိုင်ငံမှာ ပဋိပက္ခ မြေပုံ ကျယ်ပြန့်လာပြီး ပြည်တွင်းစစ် ပိုကျယ်လာအောင် အထောက်အပံ့ ပေးတာ မျိုး ရှောင်ရှားလိုဟန် ရှိပါတယ်။

အောက်ထစ် ဖြစ်တန်ခြေ ဖြစ်လာခဲ့မယ် ဆိုရင် ဆက်နွယ် သက်ရောက်မှုတွေထဲ ဖြစ်လာနိုင်တာက စစ်ကောင်စီဟာ လူထုထောက်ခံမှု ကင်းမဲ့ခြင်းနဲ့ အာဏာကိုင်စွဲ အုပ်ချုပ်ပိုင်ခွင့် မရှိခြင်း အကျပ်အတည်း (legitimacy crisis) ကို ကာလတာရှည် ခံစားရမှာပါ။ တခါ သူတို့ လိုလားချက် အတိုင်း ရလဒ်ထွက်စေဖို့ EAO အဖွဲ့ကြီးတချို့ကို နိုင်ငံရေး နဲ့ စစ်စီးပွားရေး အခွင့်ထူးတွေလိုက်လျောဖွယ် ရှိပါတယ်။ တချိန်တည်းမှာပဲ EAO တွေနဲ့ PDF တွေရဲ့ ထူးခြား ချိတ်ဆက်လှုပ်ရှားမှုတွေကြောင့် အနာဂတ်လက်နက်ဖြုတ်သိမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေး DDR/SSR ကိစ္စတွေက ပိုပြီး ရှုပ်ထွေး ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် အနာဂတ် ငြိမ်းချမ်းရေး ညှိနှိုင်းမှု မှန်သမျှမှာ DDR/SSR အရေးက အဓိကအကျဆုံး စိန်ခေါ်မှု ဆက်ဖြစ်ဖွယ် ရှိပါတယ်။

◉ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario)

အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) က အရင် ရှိထားပြီး ဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အနှစ်သာရ အရရော၊အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ်အရပါ အဆုံးသတ် သွားမယ်၊ ပျက်စီးသွားမယ်၊ စစ်ကောင်စီ တပ်တွေနဲ့ EAO၊ PDF တွေအကြား ကြီးမားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာပြီး ပြည်တွင်းစစ် ပိုမိုကျယ် ပြန့်လာနိုင်ခြင်း ဖြစ်ပါတယ်။ ဖြစ်တန်ခြေ ၃၀ရာခိုင်နှုန်း ရှိမယ်လို့ ISP-Myanmar က သတ်မှတ်ပါတယ်။

အဆိုးရွားဆုံး ဖြစ်တန်ခြေအတွက် အကြောင်းပြ ယူဆချက် ငါးချက်ထဲမှာ ပထမအချက်က EAO ဒေသတွေမှာ စစ်ကောင်စီတပ်တွေ တိုးမြှင့် ချထားတာကြောင့် ထိတွေ့မှု ဖြစ်ရာကနေ တွက်ကိန်းလွဲပြီး တိုက်ပွဲကြီးတွေ ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ အရင်က စစ်ပွဲမဖြစ်ဖူးတဲ့ ဒေသတွေမှာ တချို့သော EAO တွေရဲ့ အကူအညီနဲ့ အင်အား ကောင်းလာတဲ့ PDF တွေကို ကိုင်တွယ်ဖို့သာမကဘဲ၊အင်အားကြီး EAO တွေနဲ့ PDF တွေကို ခွဲထုတ် နိုင်ဖို့အတွက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်တာနဲ့ တပ်တိုးမြှင့် ချခြင်းတွေ လုပ်လာနိုင်ပါတယ်။ ဒီအခါ နှစ်ဘက်တပ်တွေ အကြား အင်အားချင်း အကဲစမ်းရာကနေ ကြီးမားတဲ့ စစ်ပွဲတွေ ဖြစ်လာနိုင်တယ်။ တခါမြို့ပေါ်လူထု ဆန္ဒပြပွဲတွေ နဲ့ PDF တွေရဲ့ တိုက်ခိုက်မှု၊ တိုက်ပွဲဆင်မှုတွေက စစ်ကောင်စီအပေါ် ပိုမိုထိခိုက်တဲ့ ခြိမ်းခြောက်မှုအဖြစ် အနည်းဆုံး နောက်ထပ် ခြောက်လအထိ အားကောင်းမောင်းသန် ဆက်ရှိနေနိုင်တယ်ဆိုရင် ပြည်တွင်းစစ်ဟာ ထိန်းရခက်အောင် ပိုမိုကျယ်ပြန့်သွားမယ်လို့ ခန့်မှန်းနိုင်တာက ဒုတိယ အကြောင်းပြ ယူဆချက် ဖြစ်ပါတယ်။ တချိန်တည်းမှာ ပဲ EAO တွေအကြား (ဥပမာ – ရှမ်းပြည်နယ်မှာ ဖြစ်နေသလို) နယ်မြေချဲ့ထွင်ရေးနဲ့ ကြီးစိုးရေးအတွက် အခွင့်အလမ်းနဲ့ ပြိုင်ဆိုင်မှု များလာခြင်းက တတိယအချက် ဖြစ်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ တဖက်နဲ့ တဖက် မူးယစ်ဆေး အစရှိတဲ့ စစ်စီးပွားရေးရုတ်ခြည်း ဖြတ်တောက်ခံရတာ (ဒါမှမဟုတ်) ပိုပြီး လွယ်ကူစွာ လုပ်လာနိုင်ခြင်းကြောင့်လည်း အဆိုးရွားဆုံး ဖြစ်တန်ခြေကိုခန့်မှန်းရတဲ့ စတုထ္ထမြောက် အကြောင်းပြ ယူဆချက် ဖြစ်ပါတယ်။ နောက်ဆုံး ယူဆချက်အဖြစ် အိမ်နီးချင်းနိုင်ငံတွေကမြန်မာနိုင်ငံအတွင်း သူတို့အတွက် မဟာဗျူဟာ အရ အရေးပါတဲ့ ဒေသတွေမှာ (ဥပမာ – ရှမ်းပြည်နယ်မှာ ဖြစ်နေသလို) သူတို့နဲ့ဆက်နွယ်တဲ့ EAO တွေ၊ လိုအပ်ရင် သူတို့ဩဇာခံ လက်နက်ကိုင် တပ်အသစ်တွေကို ဖန်တီးပြီး အထိုင်ချ ခြေကုပ်ယူထားဖို့လိုအပ်လာတယ်လို့ ဆုံးဖြတ်လာခြင်း ဖြစ်ပါတယ်။

အဆိုးရွားဆုံး ဖြစ်တန်ခြေ ဖြစ်လာခဲ့မယ်ဆိုရင် ဆက်နွယ် သက်ရောက်မှုတွေ ထဲမှာ ပြည်တွင်း လူသားချင်းစာနာမှုအကျပ်အတည်း အလွန်ကြီးမားစွာ ဖြစ်လာနိုင်ပါတယ်။ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး ပျက်ပြားပြီး ကျရှုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတာလည်း ဖြစ်လာနိုင်တယ်။ အိမ်နီးချင်း နိုင်ငံတွေကလည်း မြန်မာ့ ပဋိပက္ခက ဖိတ်စင်လာမယ့် ဒုက္ခသည်အရေး၊ မူးယစ်ဆေးကုန်သွယ်မှု စသဖြင့် ဘေးထွက် ဆိုးကျိုးတွေ လျှံကျမလာအောင် စစ်ရေး စတဲ့ ကြားခံတွေကို ပိုမို ဖန်တီးလာတာ၊ ကန့်သတ်တားဆီးမှုတွေ ပိုလုပ်ပြီး မြန်မာနိုင်ငံကို တဖြည်းဖြည်းနဲ့ ဖယ်ကြဉ်မှု လုပ်သွားနိုင်ခြေ ရှိပါတယ်။

◉ ရလဒ်ကောင်း ထွက်ရန် အားထုတ်မှု၏ ဖြစ်တန်ခြေများ (Intervention Scenarios)

ရလဒ်ကောင်း ထွက်ဖို့ အားထုတ်မှု ဖြစ်တန်ခြေတွေ (Intervention Scenarios) မှာ နှစ်ပိုင်း ရှိနိုင်ပါမယ်။ ပထမ တခုက နိုင်ငံတကာ(အထူးသဖြင့် တရုတ်ထောက်ခံမှုနဲ့) ကြားဝင်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ချိတ်ဆက် ဖြေရှင်းပေးခြင်း ဖြစ်ပါတယ်။ ဒုတိယတခုက အဓိက EAO တွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ PDF တွေ ပူးပေါင်းပြီး “တပ်ပေါင်းစု” နဲ့ စစ်ကောင်စီကို အနိုင်ယူ အောင်ပွဲခံတာ ဖြစ်ပါတယ်။ ပထမအချက်က ဖြစ်တန်ခြေ ၂၀ ရာခိုင်နှုန်း ရှိပြီး ဒုတိယအချက်က ဖြစ်တန်ခြေက ၁၀ ရာခိုင်နှုန်း ရှိမယ်လို့ ISP-Myanmar က သတ်မှတ်ပါတယ်။

ရလဒ်ကောင်း ထွက်ရန် အားထုတ်မှု၏ အလားအလာ – ၁ ကို ဖြစ်ပေါ်စေမယ့် အကြောင်းပြ ယူဆချက် သုံးရပ် ရှိပါတယ်။ ပထမတခုက စစ်ကောင်စီဟာ မြေပြင် အခြေအနေကို မထိန်းချုပ်နိုင်တဲ့အတွက် အနိမ့်ဆုံး လူထု ပူးပေါင်းပါဝင်မှုရှိမှ အောင်မြင်နိုင်မယ့်(ဥပမာ – ရွေးကောက်ပွဲ ကျင်းပခြင်း) လုပ်ငန်းမျိုးတွေကို မလုပ်နိုင်ခြင်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန် ယူထားတဲ့ စစ်ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးကဆင်းပေးလိုက်ရတာ၊ ဒါမှမဟုတ် ရာထူးကနေ ဖြုတ်ချခံရတာ စသဖြင့် တပ်တွင်းဖြုတ်ထုတ် လှုပ်ရှားမှု အပြောင်းအလဲ ဖြစ်နိုင်ခြင်းက ဒုတိယအကြောင်းပြ ယူဆချက် ဖြစ်ပါတယ်။ တတိယ တချက်ကတော့ တရုတ် အပါအဝင် အိမ်နီးချင်း နိုင်ငံတွေက စစ်ကောင်စီအပေါ် စိတ်ပျက်၊ စိတ်မရှည်တော့ဘဲ တညီတညွတ်တည်း ဖိအားပေးမှုတွေ လုပ်ခြင်း ဖြစ်ပါတယ်။ ဒီအခြေနေတွေ ရှိလာရင်တော့ နိုင်ငံတကာ ကြားဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ချိတ်ဆက် ဖြေရှင်းပေးခြင်းမျိုးဖြစ်တန်ခြေ ရှိပါတယ်။

ဒီအတွက် ဖြစ်လာနိုင်တဲ့ ဆက်နွယ် သက်ရောက်နိုင်မှုတွေထဲမှာ အဓိကအင်အားစုတွေ လက်ခံ သဘောတူတဲ့ ငြိမ်းချမ်းရေးစာချုပ်အသစ်တခု ဖြစ်နိုင်ခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း၊ ကြားကာလ အစိုးရတရပ် ပေါ်ထွန်းခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ဖြစ်လာရင် နိုင်ငံတကာဖိအား လျော့ပါးခြင်း၊ လူသားချင်းစာနာမှုနဲ့ အခြား အကူအညီ ပိုရခြင်းတွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ သဘောထား ပြင်းထန်သူတွေက စေ့စပ်ဆွေးနွေးမှု ရလဒ်ကို လက်မခံတာကြောင့် တိုက်ခိုက်မှုတွေ တစုံတရာ ဆက်ဖြစ်ပွားနေနိုင်ပါတယ်။

ရလဒ်ကောင်းထွက်ရန် အားထုတ်မှု၏အလားအလာ – ၂ ကို ဖြစ်ပေါ်စေမယ့် အကြောင်းပြ ယူဆချက် ငါးရပ် ရှိပါတယ်။ ပထမ တခုက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) က ဆုံချက် ဖြစ်မယ်၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် (Federal Charter) အသက်ဝင်လာပြီး EAO တွေကို တပ်ပေါင်းစုဖွဲ့ဖို့ ဆွဲဆောင်နိုင်ခြင်း ဖြစ်ပါတယ်။ EAO တွေအနေနဲ့လည်း သူတို့ရဲ့တိုင်းရင်းသား လူငယ်တွေနဲ့ မြန်မာလူထု တရပ်လုံးရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလမ်းကြောင်းကို လွန်ဆန်ဖို့ ခက်ခဲလာခြင်းကဒုတိယအချက် ဖြစ်ပါတယ်။ တခါ စစ်ကောင်စီ အနေနဲ့ EAO တွေကို မက်လုံးပေး ညှိနှိုင်းဖို့လည်း မစွမ်းဆောင်နိုင်တော့ခြင်း၊သွေးခွဲ အုပ်ချုပ်တာကိုလည်း မလုပ်နိုင်တော့ ခြင်းတွေက တတိယအချက် ဖြစ်ပါမယ်။ စတုတ္ထအချက်က စစ်တပ်ထဲမှာ တပ်ပြေးအရေအတွက် များလာပြီး တပ်ရင်း၊ တပ်မ၊ စစ်တိုင်းအလိုက် ဘက်ပြောင်းမှုဖြစ်လာတာကို မထိန်းနိုင်တော့ဘဲ ထိပ်ပိုင်းခေါင်းဆောင်တွေ အကြား အကွဲအပြဲ ဖြစ်လာတာ၊ တပ်တွေကို တနိုင်ငံလုံး ဖြန့်ကျက် ထားရတာကြောင့် အားနည်းပြီး စိတ်ဓာတ်ကျဆင်း စစ်ပန်းလာတာ စတဲ့ အချက်တွေကို ထည့်တွက်ရပါမယ်။ နောက်ဆုံး အချက်ကတော့ နိုင်ငံတကာ (အထူးသဖြင့်အိမ်နီးချင်းနိုင်ငံတွေ) က စစ်ကောင်စီဟာ တိုင်းပြည်ကို မထိန်းနိုင်တော့ဘူး လို့ ယူဆတဲ့အတွက် တော်လှန်ရေး အင်အားစုတွေကိုစုစည်းနိုင်အောင် ကူညီပေးတာ၊ ရုပ်ဝတ္ထု အထောက်အပံ့တွေ ပေးလာတာမျိုး ဖြစ်ပါတယ်။

ဒီဖြစ်တန်ခြေကြောင့် ဆက်နွယ် သက်ရောက်မှု ဖြစ်လာနိုင်တာက အငြင်းပွားမှုတွေ ဘယ်လိုပဲ ရှိစေ လူ့အဖွဲ့အစည်း အတွင်းအပြောင်းအလဲ ဖြစ်ပေါ်လာပြီး ပြည်ထောင်စု လက္ခဏာ တည်ဆောက်ရေးအတွက် အကျိုးများခြင်း ဖြစ်လာနိုင်ပါတယ်။ တခါနိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့ အကူအညီတွေ ပြန်လည်ရရှိ လာနိုင်ပါတယ်။ ဒါပေမဲ့ တပ်တွင်း လက်နက်ကိုင်ထားသူ အချို့၊ပြည်ခိုင်ဖြိုး (USDP) ပါတီဝင်တချို့နဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး ကြွေးကြော် ပြင်းထန်သူတချို့က ပြောင်းလဲလာမယ့်အခြေအနေကို လက်မခံနိုင်ဘဲ လက်နက်ကိုင်စွဲ တန်ပြန်ခြင်းတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဖြစ်တန်ခြေတွေကို လေ့လာရာမှာ အနာဂတ် ဟောကိန်းသဘောထက် အကြောင်းပြ ယူဆချက်တွေကို အထောက်အထားနဲ့ဆန်းစစ်ပြီး၊ အထောက်အထား အားကောင်းရင် အားကောင်းလာသလောက် ဖြစ်တန်ခြေ ပိုနီးစပ်လာနိုင်မယ့် အညွှန်းပြဆိုချက်များအဖြစ် လေ့လာသင့်ပါတယ်။ အထောက်အထား ကျိုးကြောင်း ယုတ္တိကို ဖော်ထုတ် ပိုင်းခြား ဆန်းစစ်ပြီး ဖြစ်တန်ခြေကို ကြိုတွေးဆခြင်းနဲ့ အကျိုးဆက်များကို ပုံဖော်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ ဘက်အသီးသီးက မူဝါဒ ချမှတ်သူများအနေနဲ့ရော၊ ပြည်သူများအနေနဲ့ပါ မိမိတို့ မျှော်မှန်းတဲ့ ဖြစ်တန်ခြေ အနာဂတ်ကနေ ယခု ပစ္စုပ္ပန်ကို ပြန်စုန်ဆင်းပြီး လိုအပ်တဲ့ အကြောင်းတရားတွေပြည့်စုံအောင် ဘယ်လို တည်ဆောက်ယူရင် ရေဆန်ကို လှန်တက်နိုင်မလဲ၊ ဦးတည်တဲ့ ပန်းတိုင်ရောက်မလဲ ဆိုတဲ့ မဟာဗျူဟာမြောက် ဦးနှောက် မုန်တိုင်းဆင်နိုင်ဖို့၊ စီမံကိန်းတွေ ချမှတ်နိုင်ဖို့ အတွက် ဖြစ်တန်ခြေ တွေးတောပုံက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဖြစ်တန်ခြေ ဖြန့်ထွက် စဉ်းစားတဲ့ အလေ့ကို လုပ်ခြင်းအားဖြင့် မိမိ စိတ်အစွဲအရ ဖြစ်ချင်တာတွေကိုပဲ သက်သေရှာကျားကန်ဖို့ ကြိုးစားတဲ့ အစွဲအထောက်အထား၊ အစွဲကောက်ချက်တွေကို ရှောင်ရှား နိုင်ပါတယ်။ မိမိဦးတည် လိုရာပန်းတိုင် ဖြစ်တန်ခြေကို ဘယ်လို ရောက်အောင် သွားနိုင်မလဲဆိုတဲ့ မဟာဗျူဟာ ပြင်ဆင်ချက်၊ လုပ်ဆောင်ချက်တွေကို အဂတိ အနည်းဆုံးနဲ့ဖော်ဆောင်နိုင်ပါတယ်။ မိမိ မလိုလား၊ မကြုံတွေ့ လိုတဲ့ ဖြစ်တန်ခြေ များကို ဖြစ်စေတတ်တဲ့ အကြောင်းပြ ယူဆချက်တွေ၊အထောက်အထားတွေကို မျက်စိဖွင့် စိတ်ဖွင့် လေ့လာဖြစ်တဲ့ အတွက် ဒီအ္တရာယ်မျိုး ဖြစ်မလာအောင် ဘယ်လို ဟန့်တားဆောင်ရွက်မလဲ၊ ဖြစ်လာခဲ့ရင်ကော အငိုက်မိစရာ မလိုဘဲ အဆုံးအရှုံးနည်းအောင် ဘယ်လို ပြန်လည် ရုန်းထွက် လမ်းသစ်ဖောက်မလဲ ဆိုတာကို မဟာဗျူဟာကျကျ ပြင်ဆင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

The post NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း appeared first on ISP Myanmar Peace Desk.

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် လူသားလုံခြုံရေးကဏ္ဍ
နိဒါန်း

နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍကို လေ့လာကြတဲ့အခါမှာ အခြေခံအားဖြင့် အမျိုးသားလုံခြုံရေး (National Security) ရှုထောင့်အမြင်နဲ့ စဉ်းစားကြလေ့ရှိပါတယ်။ နိုင်ငံတနိုင်ငံမှာ ကြုံတွေနေရတဲ့ အန္တရာယ်တွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုကို တိုက်ရိုက်စိန်ခေါ်နေကြတယ်ဆိုတဲ့ ဦးတည်စဉ်းစားချက်မျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ တာဝန်အပ်နှင်းခံထားရတဲ့ အစိုးရယန္တရားအဖွဲ့အစည်းတွေကိုယ်တိုင်က ပြည်သူတွေရဲ့လုံခြုံရေးကို ပြန်လည်ခြိမ်းခြောက်နေတဲ့ အခင်း အကျင်းမျိုးတွေလည်း ရှိပါတယ်။ ဒီလိုအချက်တွေကြောင့်ပဲ နိုင်ငံတော်ကို ဗဟိုပြုတဲ့ လုံခြုံရေး(State-centric Security) ရှုထောင့်အပြင် လူသားလုံခြုံရေး (Human Security)ကို ဗဟိုပြုတဲ့စဉ်းစားချက်မျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဆယ်စုနှစ်များစွာ ကြာမြင့်နေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရဲ့ သက်ရောက်မှုတွေက   ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေကိုပါ ရိုက်ခတ်မှုရှိနေပါတယ်။  ပြည်တွင်းစစ်အတွင်း  တပ်မတော်ဟာ လက် နက်ကိုင်ပဋိပက္ခတွေအပေါ် တန်ပြန်စစ်ဆင်ရေးဆောင်ရွက်ရာမှာ ဖြတ်လေးဖြတ် စစ်ဆင်ရေး ပုံစံကို အဓိကထား အသုံးပြုလေ့ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေအကြား ရိက္ခာဖြတ်၊ ဘဏ္ဍာငွေဖြတ်၊ သတင်းအချက်အလက်အဆက်အသွယ် ဖြတ်၊ လူထုနဲ့ အဆက်သွယ်ဖြတ်တဲ့ပုံစံတွေကို နည်းဗျူဟာ တရပ်သဖွယ် ဆောင်ရွက်ကြပါတယ်။ ဒီလို ဆောင်ရွက်မှုတွေရဲ့ အကျိုးဆက်ဟာ ဒေသခံပြည်သူ တွေအတွက် တဦးတယောက်ချင်းသာမက လူမှုအဝန်းအဝိုင်းတခုလုံးအပေါ် ဆိုးဝါးတဲ့ ထိခိုက်နစ်နာမှုတွေ ဦး တည် ဖြစ်ပေါ်စေပါတယ်။

အနီးစပ်ဆုံးနဲ့ အထင်ရှားဆုံး ဖြစ်ရပ်တွေအဖြစ် ရခိုင်ပြည်နယ် အတွင်း တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲ တွေရဲ့ အကျိုးဆက်တွေကို လေ့လာနိုင်ပါတယ်။ AA အဖွဲ့ကို ဆက်သွယ်မှု၊ ရိက္ခာထောက်ပံ့ပေးမှု စတဲ့ စွပ်စွဲချက် တွေအသီးသီးနဲ့ ဒေသခံအချို့ ဖမ်းဆီး တရား စွဲခံထား ရသလို၊ ရပ်ကွက် ကျေးရွာတွေအတွင်း AA အဖွဲ့ဝင်တွေကို ဝင်ရောက်ရှာဖွေရာမှ တဆင့် ရွာသားအချို့ကို သံသယတရားခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ် တွေလည်း ရှိနေပါတယ်။ ဒါ့အပြင် အစိုးရကလည်း AA အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ အင်တာနက်ကို တလွဲအသုံးချပြီး အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင် ဆောင်ရွက်နေတယ်လို့ ရှုမြင်ခဲ့ပါတယ်။[1] ဒါကြောင့်ပဲ ရခိုင်ပြည်နယ် မြောက်ပိုင်း ရှစ်မြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝတမြို့နယ်၊ စုစုပေါင်း ကိုးမြို့နယ် တို့ကို တနှစ်ကျော်ကြာ အင်တာနက် ဖြတ်တောက်ထားပြီး ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကိုပါ သက်ရောက်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

တဖန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တပ်မတော်နဲ့ စစ်ရေးအရရင်ဆိုင်ရာမှာ လက်နက်အင်အား၊ လူ အင်အားနဲ့ အခြားအရင်းအမြစ်တွေ အကန့်အသတ်ရှိတဲ့အတွက် အင်အားအခြေပြု ရင်ဆိုင်တွေ့တဲ့ နည်းဗျူဟာထက်၊ ပြောက်ကျားနည်းစနစ်နဲ့ တိုက်ခိုက်လေ့ ရှိပါတယ်။ ၂၀၁၉ ဩဂုတ်လအတွင်း ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ နေရာငါးခုကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တိုက်ခိုက်ခဲ့ခြင်းနဲ့ အဲဒီ တိုက်ခိုက်မှုအပြီး ပြည်ထောင်စုလမ်းမတလျောက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ခြင်းမှာ တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့ တွေရဲ့ ပြောက်ကျားနည်းစနစ် အသုံးပြုခြင်းရဲ့နမူနာတွေပဲ ဖြစ်ပါတယ်။ ပြောက်ကျားနည်းဗျူဟာအရ ထိုးစစ်ဆင်ပြီးတာနဲ့ တပ်ခြေရာဖျောက်ပစ်လေ့ ရှိတာကြောင့် တပ်မတော်ဘက်က ပြန်လည်နှိမ်နင်းဖို့ စစ်ရေး လှုပ်ရှားတဲ့အခါ တန်ပြန်စစ်ဆင်ရေးရဲ့ဒဏ်ကို လက်နက်ကိုင်တပ်ဖွဲ့တွေထက် အရပ်သားပြည်သူတွေက ပိုမို ထိခိုက်နစ်နာရပါတယ်။ တဆက်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဟာ လူများစုလူမျိုးများနဲ့ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်သူ လူတန်းစားက လူနည်းစုတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာကို ဖိနှိပ်ထားခြင်းဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်ပိုင် အမှတ်လက္ခဏာ အသိအမှတ်ပြုခံရရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှရေးတို့ ကြွေးကျော်ပြီး လက်နက်ကိုင် လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုအင်အားစုတွေဟာ သူတို့နဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာမတူတဲ့ အခြား လူနည်းစုတိုင်းရင်းသားလူမျိုးစုတွေအပေါ် လက်နက် အင်အားနဲ့  ဖိနှိပ်ကျူးလွန်မှုတွေ တဖန်ပြန်လည်ပြုလုပ်နေကြတာကို မကြာခဏ တွေ့မြင်နေရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မတူညီတဲ့ အစိုးရစနစ်ပုံစံအသီးသီးအတွင်း လူသားလုံခြုံရေးကဏ္ဍကတော့ တူညီတဲ့ အဟန့်အတား စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ စစ်အစိုးရစနစ်အောက်က ပြည်သူတွေအဖို့ နိုင်ငံရေးဖြစ်စဉ်မှာ လုံခြုံစွာပါဝင်နိုင်ရေးက လုံးဝ အာမခံချက်မရှိတဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ ဒီမိုကရေအသွင်ကူးပြောင်းရေး ကာလ ရောက်ရှိလာချိန်မှာတော့ ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်လာနိုင်ပေမယ့် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ စုဝေးခွင့်လို ကိစ္စတွေမှာ ဥပဒေကြောင်းအရ အကန့်အသတ်တွေ ရှိနေပါသေးတယ်။ ဒီမိုကရေစီ အသွင်ကူး ပြောင်းဖို့ ကြိုးပမ်းနေပေမယ့် လစ်ဘရယ်စံနှုန်း ကျင့်သုံးမှုတွေမှာတော့ အကန့်အသတ်တွေ ရှိနေသေးတာ ဖြစ်ပါတယ်။ လူသား လုံခြုံရေးဆိုင်ရာ ရှုထောင့်တွေဟာ တနည်းအားဖြင့် လူ့အခွင့်အရေးဆိုင်ရာ တန်ဖိုးထား မှုတွေကို အခြေခံထားတာ ဖြစ်တာကြောင့် ဒီမိုကရေအသွင်ကူးပြောင်းရေးကာလအတွင်းက အစိုးရတရပ်အနေနဲ့ အလေးအနက် သတိမူ ဖြေရှင်းသင့်တဲ့၊ ပိုပြီး အရေးကြီးလာတဲ့ ကိစ္စရပ်တွေ ဖြစ်နေပါတယ်။

ဒီလို အကြောင်းအချက်တွေကို အခြေပြုပြီး ယခုဆောင်းပါးရဲ့ တင်ကြိုအဆိုပြုချက်အဖြစ် ဆွေးနွေးလိုတာက “မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ကြောင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ နိုင်ငံတော်ကို ဗဟိုပြုတဲ့ အမျိုးသားလုံခြုံရေးရှုထောင့်ကနေ အမြဲအထိုင်ချစဉ်းစားတာမျိုးထက် လူသား ဗဟိုပြု စဉ်းစားချက်မျိုး ကိုပါ တပြိုင်နက်တည်း အရေးတကြီး ထည့်သွင်း စဉ်းစားသင့်ပြီ”ဆိုတာပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ် ဖော်ဆောင်နိုင်ရင်၊ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်အောင် ဖော်ဆောင်နိုင်ရင် လူတဦးချင်းစီရဲ့ လုံခြုံရေးကိုလည်း အာမခံချက်ရှိအောင် ကျွဲကူးရေပါ ဆောင်ရွက်သွားနိုင်မယ်ဆိုတဲ့ အမျိုးသားအဆင့် စဉ်းစားချက်တွေထက် လူအဖွဲ့အစည်းအတွင်း ကြုံတွေ့နေရတဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်ချက်ကိုလည်း တပြိုင်နက်တည်း အရေးတကြီး ထည့်သွင်းစဉ်းစားသင့်ကြောင်းကို ဆောင်းပါးမှာ အဓိက တင်ပြဆွေးနွေးလိုတာပဲ ဖြစ်ပါတယ်။

ယခုဆောင်းပါးက စင်စစ် ကနဦး တင်ကြိုဆန်းစစ်ချက်သာဖြစ်ပါတယ်။ လူသားလုံခြုံရေးရှုထောင့်မှာ ပါဝင်တဲ့ ကဏ္ဍအားလုံးကို ခြုံငုံသုံးသပ်နိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခနဲ့ ဆက်စပ်နေတဲ့ လူသားလုံခြုံရေး ကဏ္ဍ သက်ရောက်မှုတွေကို အလုံးစုံဆန်းစစ်နိုင်ဖို့အတွက် လိုအပ်တဲ့ သုတေသနတွေ ဆက်လက်လုပ်ဆောင်သင့်တဲ့ နယ်ပယ် တခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ NLD အစိုးရလက်ထက် ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ တဦးတယောက်ချင်း လုံခြုံမှု(Personal Security)၊ ဒေသအစုအဖွဲ့ အလိုက် လုံခြုံမှု(Community Security)၊ နိုင်ငံရေးအရလုံခြုံမှု(Political Security)  ကဏ္ဍ သုံးရပ်အပေါ် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက အဟန့်အတား ဖြစ်နေမှုတွေကို ချဉ်းကပ်တင်ပြ သွားမှာ ဖြစ်ပါတယ်။

ဝေါဟာရဖွင့်ဆိုယူဆချက်များ

စစ်အေးခေတ်နောက်ပိုင်းကာလတွေမှာ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီး အစဉ်အလာဖြစ်တဲ့ နိုင်ငံတော်ဗဟိုပြု လုံခြုံရေးနဲ့ စစ်ဘက်ရေးရာလုံခြုံရေးတို့ကနေ အယူအဆတွေ ပြောင်းလဲလာခဲ့ပါတယ်။  အဓိက ထွက်ပေါ်လာတဲ့ လုံခြံရေးအယူအဆကတော့ လူသားလုံခြုံရေးအယူအဆပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ၁၉၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ လူသားဖွံ့ဖြိုးရေးအစီရင်ခံစာ (Human Development Report) မှာ လူသားလုံခြုံရေးအယူအဆကို တရားဝင် စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီအစီရင်ခံ စာ မှာ “လုံခြုံရေးအယူအဆနဲ့ ပတ်သက်လို့ ပြည်ပခြိမ်းခြောက်မှုတွေနဲ့သာ ကာလရှည်ကြာ ပုံဖော်ခဲ့ကြပြီး ပြည်သူ ထက် နိုင်ငံတော်ကိုသာ ဗဟိုပြုခဲ့ကြတယ်။ အခုကာလမှာတော့ သာမန်ပြည်သူတွေရဲ့ သူတို့ နေ့စဉ်ဘ၀ အတွက် စိုးရိမ်ပူပန်မှုတွေက လုံခြုံရေးအယူအဆနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုအသစ်တွေ ဖြစ်တယ်”လို့ ဖွင့်ဆို ခဲ့ပါတယ်။ တနည်းအားဖြင့် လူသားလုံခြုံရေးဆိုတာ လူသားတွေရဲ့ ရှင်သန်ရေး၊ နေ့စဉ်ဘဝနဲ့ လူ့ဂုဏ်သိက္ခာ တို့ကို ထိခိုက်ပျက်ပြားစေမယ့် ခြိမ်းခြောက်မှု အန္တရာယ်တွေကို ထိန်းသိမ်းပေးထားနိုင်တာ၊ အဲ့ဒီလို ခြိမ်းခြောက်မှု တွေကို ပြန်လည်ရင်ဆိုင်နိုင်မယ့် တုံ့ပြန်ချက်တွေကို အားကောင်းအောင် ဆောင်ရွက်ပေးနိုင်တာပဲ ဖြစ်ပါတယ်။[2]

UNDP ရဲ့ အစီရင်ခံစာအရ လူသားလုံခြုံရေးကို ကဏ္ဍ ခုနစ်ရပ်နဲ့ ဖွင့်ဆိုခဲ့ပြီး စီးပွားရေးအရ လုံခြုံမှု၊ စားနပ်ရိက္ခာ ဆိုင်ရာ လုံခြုံမှု၊ ကျန်းမာရေးဆိုင်ရာ လုံခြုံမှု၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံမှု၊ တဦးတယောက်ချင်း လုံခြုံမှု၊ ဒေသအစုအဖွဲ့ အလိုက် လုံခြုံမှု၊ နိုင်ငံရေးအရ လုံခြုံမှုတို့ ဖြစ်ပါတယ်။  ယခုဆောင်းပါးမှာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ တဦးတယောက်ချင်း လုံခြုံမှု၊ ဒေသအစုအဖွဲ့ အလိုက် လုံခြုံမှု၊ နိုင်ငံရေးအရ လုံခြုံမှု စတဲ့ကဏ္ဍသုံးရပ်အတွင်း စိန်ခေါ်မှုတွေကို အဓိကထား ချဉ်းကပ်တင်ပြသွားမှာ ဖြစ်ပါတယ်။

တဦးတယောက်ချင်း လုံခြုံမှု ဆိုတာဟာ နိုင်ငံတော်အပါအဝင် အခြားနိုင်ငံတွေ၊ အခြား မျိုးနွယ်စုတွေ၊  ပြစ်မှု ကျူးလွန်သူတွေရဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်မှုတွေနဲ့  အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် ပစ်မှတ်ထားခြိမ်းခြောက်မှု တွေ မဖြစ်စေဖို့ ကာကွယ်ပေးတာပဲ ဖြစ်ပါတယ်။ ဒေသအစုအဖွဲ့အလိုက် လုံခြုံမှု က ဒေသခံပြည်သူတွေရဲ့ ရိုးရာဓလေ့ ထုံးတမ်းနဲ့ လူမှုစံနှုန်းတွေ ပျောက်ကွယ်တာ၊ လူမျိုးစု၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်စေဖို့ ကာကွယ်တားဆီးပေးတာ ဖြစ်ပါတယ်။ ဒေသအလိုက် လုံခြုံမှုနဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက်မရှိတဲ့အခါ ပြည်သူလူထု တဦးချင်းစီမှာဖြစ်စေ၊ ဒေသအစုအဖွဲ့အလိုက် ဖြစ်စေ၊ နိုင်ငံမှာ ဖြစ်စေ အချင်းချင်းအကြား ယုံကြည်မှုတွေ ပျက်ပြားစေနိုင်တာပါ။ နိုင်ငံရေးအရ လုံခြုံမှု ကတော့ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေနဲ့အတူ လူ့အဖွဲ့အစည်းမှာ ဂုဏ်သိက္ခာရှိရှိ နေထိုင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အစိုးရရဲ့  နိုင်ငံရေးအရ ဖိနှိပ်မှုတွေကနေ အကာအကွယ်ပေးတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ဘောင်ချဲ့ခြင်း အန္တရာယ်တွေကို ဟန့်တားပေးနိုင်တာကို နိုင်ငံရေးအရ လုံခြုံမှုလို့ မှတ်ယူနိုင်ပါတယ်။[3] ဆက်လက်ပြီး ပြည်တွင်းပဋိပက္ခဖြစ်စဉ်အတွင်း ပါဝင်သူ အစုအဖွဲ့အသီးသီးရဲ့ လူသား လုံခြုံရေးကဏ္ဍအပေါ် စိန်ခေါ်ချက်ဖြစ်စေတဲ့ အခင်းအကျင်းတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။

၁။ တပ်မတော်

မြန်မာနိုင်ငံ သမိုင်းကြောင်းအရရော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရပါ တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်ရဲ့ အရေးပါဆုံးအခန်းကဏ္ဍမှာ နေရာယူထားပါတယ်။ ဒါပေမဲ့ တပ်မတော်ကိုယ်တိုင် ၎င်းရဲ့ စစ်ရေး လှုပ်ရှားမှုတွေအတွင်း ဒေသခံအရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ် ဆိုတဲ့ စွဲချက်တွေလည်း ရှိနေပါတယ်။ အဆိုပါ စွဲချက်တွေ ထွက်ပေါ်လာစေတဲ့ အကြောင်းအရင်း ဖြစ်ရပ်တွေကို ဆက်လက်ဖော်ပြမှာ ဖြစ်ပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုနှင့် လူအခွင့်အရေးချိုးဖောက်မှုများ

လက်ရှိကာလတွေမှာ စစ်ရှိန်အမြင့်ဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်က အဖြစ်အပျက်အချို့က အဆိုပါအချက်ကို မီးမောင်း ထိုးပြနေပါတယ်။ နှစ်နှစ်နီးပါး ကြာလာခဲ့တဲ့ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀ဒေသ တိုက်ပွဲတွေအတွင်း ကလေးငယ်တွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှု များပြားခဲ့ပါတယ်။ ထိခိုက်သေဆုံးမှုတွေအနက် နှစ်ဖက်တိုက်ပွဲတွေကြောင့် ကြားညှပ်သေဆုံးခဲ့တာတွေအပြင် တိုက်ပွဲမရှိဘဲ တပ်မတော်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေနဲ့ အရပ်သားတွေကို ဖမ်းဆီး ခေါ်ဆောင်ပြီး သေဆုံးခဲ့မှုတွေ ရှိနေပါတယ်။ ဇူလိုင်လမှာ ဖာပွန်မြို့နယ် ကိုလိုထကျေးရွာမှ ဒေသခံ ကရင်အမျိုးသမီးတဦးကို တပ်မတော်သားနှစ်ဦးက ရွှေငွေပစ္စည်းလုယက်ပြီး ပစ်သတ်ခဲ့မှု  ဖြစ်ပွားခဲ့ပါတယ်။[4] ဒါ့အပြင် ယခုနှစ်၊ ဇွန်လအတွင်း တပ်မတော်သားသုံးဦးက ရသေ့တောင် ဦးဂါကျေးရွာဒေသခံ အမျိုးသမီးတဦး ကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကလည်း တပ်မတော်အပေါ် ဝေဖန်မှုတွေ မြင့်တက် စေခဲ့ပါတယ်။[5]

စစ်ဒဏ်သင့်ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ တပ်မတော်ရဲ့ ကျူးလွန်မှုတွေဟာ တဦးတယောက်ချင်း လုံခြုံမှုအပြင် ဒေသအစုအဖွဲ့အလိုက် လုံခြုံမှုကိုပါ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသတို့မှာ နှစ်နှစ်တာ လက်နက်ကိုင်ဋိပက္ခအတွင်း ရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အိမ်နှစ်ထောင်ကျော် မီးလောင် ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ အရပ်သားတွေ နေထိုင်ရာကျေးရွာတွေဆီကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း  ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်၀ ဒေသ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲဒေသနဲ့ ကရင်ပြည်နယ် ဖာပွန်ဒေသတွေမှာ ထွက်ပေါ်ခဲ့ပါတယ်။

မြေမြှုပ်မိုင်းနှင့် စစ်ဘေးရှောင်ဦးရေ

ဒေသအစုအဖွဲ့အလိုက် လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ နောက်ထပ်အန္တရာယ်တခုကတော့ လက်နက်ကိုင်အဖွဲ့   အစည်းအသီးသီးရဲ့ မြေမြှုပ်မိုင်းနဲ့ လက်လုပ်မိုင်းအသုံးပြုမှုပဲ ဖြစ်ပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ သက်တမ်းတလျှောက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ မြေမြှုပ်မိုင်းနဲ့ လက်လုပ်မိုင်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီး ၁၉၉၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက် သေဆုံးသူ ငါးထောင်ခန့် ရှိခဲ့ပါတယ်။ တပ်မ‌တော်အနေနဲ့ နိုင်ငံတကာက တိုက်တွန်းနေပေမယ့်  မြေမြုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်နဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ အသုံးပြု မှု တားမြစ် ပိတ်ပင်ခြင်း သဘောတူစာချုပ် စာချုပ်နှစ်ခုစလုံးမှာ လက်မှတ်ရေးထိုးမှု မပြုလုပ်ထားပါဘူး။[6]

တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်လာမှုနဲ့အတူ ရခိုင်နဲ့ ပလက်၀တို့မှာ မိုင်းသုံးစွဲမှုအသစ်တွေ တိုးလာ ခဲ့ပြီး အရင် မိုင်းသုံးစွဲမှု မတွေ့ရှိရတဲ့ မြို့နယ်တွေမှာပါ တွေ့လာရပါတယ်။ မိုင်းသုံးစွဲမှု ပြန့်နှံ့လာတဲ့အတွက် မိုင်း ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာပါတယ်။ မိုင်းအန္တရာယ်နဲ့ လုံခြုံရေးကို စိုးရိမ် နေရတာကြောင့် တိုက်ပွဲတွေ ရပ်ဆိုင်းနေတဲ့ထိတိုင် ဒေသခံအရပ်သားအများစုဟာ နေရပ်ပြန်ဖို့ စိုးရိမ်ကြောင့်ကြ နေရဆဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေက ဒေသခံ အစုအဖွဲ့တွေလည်း ကြုံတွေ့နေရပါတယ်။

မြေမြှုပ်မိုင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့  ၂၀၂၀ အစီရင်ခံစာထုတ်ပြန်မှုအရ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ၁၀ ခုက မြို့နယ် ၉၃ မြို့နယ်ဟာ မြေမြှုပ်မိုင်းနဲ့ လက်လုပ်မိုင်းအန္တရာယ် ရှိနေပြီး ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမှာ ရှမ်းနဲ့ ကချင်ပြည်နယ်တွေက အမြင့်ဆုံးမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် နိုင်ငံတဝန်းမှာ စစ်ရှောင်ဒုက္ခသည် လေးသိန်းသုံးသောင်းကျော် ရှိနေပါတယ်။ အဲဒီအထဲမှာ စစ်ရှိန်အမြင့်ဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ နှစ်သိန်းသုံးသောင်းကျော်အထိ ရှိခဲ့တာပါ။ အခုအချိန်မှာ ရခိုင်‌ပြည်နယ်အတွင်း တိုက်ပွဲတွေ  ရပ်တန့်သွားတာကြောင့် ဒုက္ခသည် ခုနစ်သောင်းခန့် အိမ်ပြန်နိုင် ခဲ့ ပေမယ့် ကျန်ရှိတဲ့ သိန်းနဲ့ ချီတဲ့ ဒေသခံတွေဟာ သူတို့ရဲ နေရပ်တွေကို စွန့်ခွာနေရဆဲ‌ ဖြစ်ပါတယ်။

တရားစွဲဆိုမှုများ

တပ်မတော်ဟာ စစ်ရေးလှုပ်ရှားမှုမြင့်မားတဲ့ဒေသတွေမှာ အရပ်သားတွေကို လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ် တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲဆိုမှုတွေ ရှိနေပါတယ်။  ရခိုင်ပြည်နယ်မှာ AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့အတူ အကြမ်းဖက်မှုဥပဒေပုဒ်မနဲ့ တရား စွဲခံထား ရသူ ၂၆၉ ဦးနဲ့ အမှုဖွင့်ခံထားရတဲ့ အမှုပေါင်း ၉၁ မှုအထိ ရှိနေပါတယ်။[7] ဒါ့အပြင် တပ်မတော်က ကချင်စစ်ရှောင်အရေးဆောင်ရွက်နေတဲ့ KBC ဥက္ကဋ္ဌ ဒေါက်တာ ခါလမ်ဆမ်ဆွန်ကို တရားစွဲဖို့ စီစဉ်ခဲ့သလို ကျောက်မဲဆန္ဒပြမှုမှ ဦးဆောင်သူတွေကိုလည်း တရားစွဲမယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

တပ်မတော်ရဲ့ တရားစွဲမှုတွေဟာ စစ်ဒဏ်သင့်ဒေသတွေမှာသာမကဘဲ ရန်ကုန်၊  ဧရာ၀တီ၊ တနင်္သာရီစတဲ့ ဒေသတွေမှာတောင် တက်ကြွလှုပ်ရှားသူတွေ၊ သံချပ်ထိုးတဲ့ လူငယ်တွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချနိုင်တဲ့ ပုဒ်မ တွေနဲ့ တရားစွဲဆိုထားပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် တပ်မတော်အနေနဲ့ ၎င်းနဲ့ သဘာထားမတူတဲ့ တက်ကြွ လူပ်ရှားသူတွေအပေါ် ဖိနှိပ်ဖို့ ကြိုးစားနေဆဲဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတွင်း ဒေသခံတိုင်းရင်းသားတွေအနေနဲ့ စစ်ပွဲဖြစ်ပွားမှုတွေကြောင့် စစ်ဘေးဒဏ်ကို တိုက်ရိုက်ခံစားရရုံသာမက စစ်ပွဲ မဖြစ်ပွားတဲ့အချိန်တွေမှာလည်း လက်နက်ကိုင်အင်အားစုတွေရဲ့ ဖမ်းဆီး နှိပ်စက်မှု၊ ဆက်ကြေးကောက်ခံမှုစတဲ့ လူ့အခွင့်အရေးချိးဖောက်မှုတွေကို  ခံစားနေရပါတယ်။ ဒါ့အပြင် တိုင်းရင်း သားလက်နက်ကိုင်အချို့ဟာ စစ်ရေးလှုပ်ရှားရာ နယ်မြေအတွင်းမှာ ရှိတဲ့ သူတို့နဲ့ နိုင်ငံရေး၊ လူမျိုးရေး အမှတ် လက္ခဏာ မတူညီတဲ့ လူမျိုးစုတွေရဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်တဲ့ ကျူးလွန်မှုတွေ ပြုလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်။ ယခုကဏ္ဍမှာတော့ အဆိုပါ အခင်းအကျင်းတွေကို ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဖမ်းဆီးသတ်ဖြတ်မှုများနှင့် တပ်သားသစ်စုဆောင်းမှု

စစ်ရှိန်မြင့်ခဲ့တဲ့ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်၀ဒေသမှာ ရခိုင်မဟုတ်တဲ့ အခြား တိုင်းရင်းသားတွေအပေါ် AA အဖွဲ့ရဲ့ ကျူးလွန်မှု အများအပြား ရှိခဲ့ပါတယ်။ AA အဖွဲ့အနေနဲ့ ပလက်ဝဒေသကို အခြေပြုပြီး စစ်ရေးလှုပ်ရှားမှု စတင်ဖော်ဆောင်ခဲ့ချိန်ကစပြီး ဒီနှစ်အောက်တိုဘာအထိ ချင်းတိုင်းရင်းသား ၂၀၀ ကျော်အထိ ဖမ်းဆီးခဲ့ပါတယ်။[8] ပလက်၀ဒေသက ဒေသခံတွေဟာ အဲဒီလို ဖမ်းဆီးခံရခြင်းသာမက AA အဖွဲ့ရဲ့ ရိက္ခာ အတင်းအကြပ် စုဆောင်း ခံရတာ၊ နှိပ်စက်သတ်ဖြတ်ခံရတာအပြင် မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း ရင်ဆိုင်နေရပါတယ်။

တပ်မတော်၊ ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားတတ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေအငြင်းပွားမှု၊ လူမျိုးစုအကြား ပဋိပက္ခတွေနဲ့ ပြည့်နှက်နေပါတယ်။ ကျောက်မဲဒေသဟာဆိုရင် ‌ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း လက်နက်ကိုင်အဖွဲ့တွေက အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ တနှစ်ထက် တနှစ်ထက် မြင့်တက်လာခဲ့လို့ လက်ရှိ အချိန်မှာ အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ခံနေရပါတယ်။

မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA)ရဲ့ ထုတ်ပြန်မှုအရ ကချင်ပြည်နယ်ရှိ ရှမ်းနီမျိုးနွယ် စုတွေ၊ ရှမ်းမျိုးနွယ်စု တွေနဲ့ ကချင်မဟုတ်တဲ့ တိုင်းရင်းသားတွေကို ကချင်လက်နက်ကိုင်အဖွဲ့ KIA ရဲ့ ဖမ်းဆီး ခေါ်ဆောင်ပြီး တပ်သားသစ်အဖြစ် အသုံးပြုမှုတွေ ၂၀၁၁ ကနေ ဒီနှစ်နှစ်လယ်ပိုင်းအထိ ရှိနေတယ်လို့ သိရပါတယ်။   ရှမ်းပြည်နယ် မြောက်ပိုင်းတန့်ယန်းမြို့နယ်အတွင်းမှာလည်း SSPP အဖွဲ့ရဲ့ တပ်သားသစ် အဓမ္မ စုဆောင်းမှုဒဏ်ကြောင့် ကျေးရွာ အချို့က ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဟာ သူ့ရဲ့ထိန်းချုပ်နယ်မြေတွေမှာ အရပ်သား တွေကို လူသစ်ခေါ်ယူစုဆောင်းမှုတွေ ပြုလုပ်ခဲ့လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။[9]

ဆက်ကြေးကောက်ခံမှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

ဒေသခံအရပ်သားတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ နောက်ထပ် လုပ်ရပ်တခုကတော့ အခွန် အမည်ခံ ဆက်ကြေးကောက်ခံမှုပဲ ဖြစ်ပါတယ်။ ဒီလိုကောက်ခံမှုတွေကို စစ်ဒဏ်သင့် ဒေသတွေမှာ တွေ့မြင်နေရပြီး ဆပ်ကြေးမပေးလို့ အရပ်သားတွေကို ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီး ခေါ်ဆောင်မှု တွေပါ တဆက်တည်းအနေနဲ့ ဖြစ်ပေါ်နေပါတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ ဒေသခံပြည်သူတွေအပေါ် ဆက်ကြေးကောက်ခံမှုတွေ ပြုလုပ်တတ်ကြပါတယ်။  RCSS ၊ KIA နဲ့ AA တို့ကတော့ ၎င်းတို့အခွန်ကောက်ခံကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများအပြားရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံပြည်သူတွေဟာ လက်နက် ကိုင် အဖွဲ့‌‌ပေါင်းစုံရဲ့ အမည် မျိုးစုံနဲ့ ဆက်ကြေးကောက်ခံမှုကို အများဆုံး ခံစားနေရပါတယ်။

ရှမ်းမြောက်နဲ့ နယ်ချင်းစပ်နေတဲ့ မန္တလေးတိုင်းမိုးကုတ်မြို့မှာတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြန်ပေးဆွဲမှု၊ ဆက်ကြေး ကောက်ခံမှုတို့ ကြောင့် မြို့ခံလူထုက ဆန္ဒထုတ်ဖော်ရတဲ့အခြေအနေအထိ ဖြစ်နေပါတယ်။ လက်နက် ကိုင်အဖွဲ့တွေက မိုးကုတ်မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေ၊ တပိုင် တနိုင်စီးပွားရေး လုပ်ငန်းတွေ၊ စျေးဆိုင်ကုန်စုံဆိုင်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ပြီး ဆပ်ကြေး တောင်းခံနေတာမျိုးလည်း ရှိနေပါတယ်။[10]

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေဟာ ဆက်ကြေးကောက်ခံမှုအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်း ပြပြီး အရပ်သားတွေကို ဖမ်းဆီးမှုလည်း ပြုလုပ်နေကြပါတယ်။ မိုးကုတ်နဲ့ ရှမ်းပြည်နယ် မိုင်းလုံမြို့နယ်ခွဲအတွင်း မူးယစ်ဆေးရောင်းဝယ်မှုနဲ့ နာမည်ကြီးနေသူတွေ သုံးစွဲနေသူတွေ စုစုပေါင်း ၁၆ ယောက်ကို ဖမ်းဆီးထားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က အတည်ပြုထားပါတယ်။[11] ဒီလိုဖမ်းဆီးမှုတွေကို အကြောင်းပြုပြီး ငွေကြေးတောင်းခံမှုတွေ ရှိနေတာကြောင့် ဒေသခံတွေအပေါ် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါ တယ်။ ဒီလိုကျူးလွန်မှုတွေဟာ SSPP အဖွဲ့တင်မဟုတ်ဘဲ အခြားလက်နက်ကိုင်အဖွဲ့အချို့ကလည်း ကျူးလွန်နေ ကြတာ ဖြစ်ပါတယ်။[12]

နိုင်ငံရေးအရ ဖိနှိပ်မှု

လက်နက်ကိုင်အဖွဲ့တွေဟာ အရပ်သားတွေအပြင် သူတို့နဲ့ နိုင်ငံရေးအမြင်သဘောထားမတူညီသူတွေ၊ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးပါတီတွေမှ ကိုယ်စားလှယ်လောင်းတွေအပေါ် ကျူးလွန်တဲ့ဖြစ်ရပ်တွေ လည်း ရှိနေပါတယ်။

ရခိုင်ပြည်သူတွေကို ကာကွယ်ဖို့၊  ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လွတ်လပ်ရေး၊ ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေနဲ့ ထူထောင်ထားတယ်လို့ ဆိုတဲ့ AA အဖွဲ့ဟာ သူတို့နဲ့ နိုင်ငံရေးအမြင်မတူတဲ့သူတွေအပေါ် ဖိနှိပ်တဲ့လုပ်ရပ်တွေကို ဒီနှစ်ပိုင်းတွေအတွင်း သိသိသာသာ ကျူးလွန်ခဲ့ပါတယ်။ ချင်းအမတ် ဦးဝှေ့တင်းကို လချီ ဖမ်းဆီးခဲ့တာ၊ တောင်ကုတ် NLD ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးထားတာတွေအပြင် NLD ပါတီဝင်တဦး ဖမ်းဆီး ထိန်းသိမ်းရင်း သေဆုံး ခဲ့တာတွေက AA အဖွဲ့ရဲ့လုပ်ရပ်တွေအပေါ် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။[13]

ဒါ့အပြင် ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်က လက်နက်ကိုင်အဖွဲ့အချို့ဟာ ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲ ကာလ အတွင်း နိုင်ငံရေးပါတီအချို့အပေါ် နိုင်ငံရေးအရ ဖိနှိပ်မှု ရှိခဲ့တယ်ဆိုတဲ့ ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု မြင့်တက်နေတဲ့ ကျောက်မဲဒေသမှာလည်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင် သုံးဦး ပစ်သတ်ခံရမှုနဲ့ အနိုင်ရ NLD ရွေးကောက်ခံ ကိုယ်စားလှယ် ဦးထိုက်ဇော်ကို လက်နက်ကိုင်တွေက လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ပြန်ပါတယ်။ အဆိုပါ ဖြစ်ရပ်တွေ အတွက် ကျူးလွန်သူတွေကို မမိသေးသလို ဘယ်အဖွဲ့အစည်းမှ ၎င်းတို့ ကျူးလွန်ကြောင်း ဝန်ခံမှု မရှိ သေးပါဘူး။[14]

၃။ အစိုးရ

အစိုးရယန္တရားအတွင်း မူဝါဒဥပဒေအပြောင်းအလဲတွေနဲ့ ဆောင်ရွက်မှုတွေက လူသားလုံခြုံရေး စံချိန်စံနှုန်း တွေအပေါ် သက်ရောက်မှုရှိနေတဲ့ အခင်းအကျင်း အချို့ကိုလည်း ထည့်သွင်း ဆွေးနွေးလိုပါတယ်။ အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ ဥပဒေတွေကို အသုံးပြု အရေးယူမှုအချို့ဟာ နိုင်ငံသားတွေရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ လုံခြုံစွာ ပါဝင်နိုင် ခွင့်အပေါ် ပိတ်ပင်မှုတွေနဲ့ ကြုံလာရစေပါတယ်။ ယခုအပိုင်းမှာတော့ ထင်ရှားတဲ့ ဆက်စပ် အကြောင်းအရာ နှစ်ခု ကို ဖော်ပြလိုပါတယ်။

ငြိမ်းစုစီဥပဒေ၏ အကျိုးသက်ရောက်မှုများ

၂၀၁၁ ခုနှစ်ကစပြီး ပေါ်ပေါက်လာခဲ့တဲ့ ငြိမ်းစုစီဥပေဒဟာ မြန်မာနိုင်ငံရဲ့ ပြည်သူများ နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်မှုတွေအတွင်း လုံခြုံမှုရရှိရေးအပေါ် ဥပဒေကြောင်းအရ စိန်ခေါ်မှု ကြီးမားစေတဲ့ အချက်ပဲ ဖြစ်ပါ တယ်။ ယခုကဏ္ဍမှာတော့ ဥပဒေစတင်ပေါ်ပေါက်လာပုံ၊ အစိုးရ နှစ်ဆက်အတွင်း ပြောင်းလဲ ပြင်ဆင်ပုံနဲ့ ဥပဒေရဲ့ အကျိုးသက်ရောက်မှုတွေကို ဆွေးနွေးပါမယ်။

USDP အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်မှာ ပြည်ထောင်စုလွှတ်တော်က “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ” ကို ပြဌာန်းခဲ့ပါတယ်။ ၂၀၁၁ ငြိမ်းစုစီဥပဒေဟာ ဆန္ဒပြသူတွေ အပေါ် ဥပဒေကြောင်းအရ အကာအကွယ်ပေးခြင်းထက် ထိန်းချုပ်ကန့်သတ်ခြင်း သဘောတွေ ပိုများခဲ့ပါတယ်။ ဆန္ဒပြဖို့ ခွင့်ပြုမိန့် မရရှိဘဲ ဆောင်ရွက်ခဲ့ရင်၊ တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ရင် ပုဒ်မ ၁၈ နဲ့ ၁၉ အရ ထောင်ဒဏ် ခြောက်လမှ တနှစ်အထိ ရာဇဝတ်မှုတွေလို အရေးယူနိုင်ခဲ့တာ ဖြစ်ပါတယ်။[15] ဒါ့ကြောင့်ပဲ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

၂၀၁၄ ခုနှစ်၊ ဇွန် ၂၄ ရက်မှာတော့ ပြည်ထောင်စုလွှတ်တော်က ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို တင်သွင်း လာပါတယ်။ ပြင်ဆင်ချက်ဥပဒေအရ ဖြေလျော့မှုအချို့ ပြုလုပ်လာတယ်ဆိုပေမယ့် ကန့်သတ်ချက်တွေကိုလည်း ထပ်မံထည့်သွင်းလာပါတယ်။ ဆန္ဒပြဖို့ ခွင့်ပြုမိန့်အစား ခွင့်ပြုချက်သာ လိုအပ်တော့တာ၊ သတ်မှတ်ထားတဲ့ အပြစ်ဒဏ်၊ ထောင်ဒဏ်တွေကို ထက်ဝက်အထိ လျော့ချပေးတာ စတဲ့ ဖြေလျော့မှု တွေကို ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြတဲ့ နေရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကိုတော့ ပိုမိုဖြည့်စွက်ထားခဲ့ပါတယ်။[16] ဒီအချက်တွေ ကြောင့်ပဲ USDP အစိုးရလက်ထက်မှာ ငြိမ်းစုစီဥပဒေပါ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၁၉ တို့ကို အသုံးပြုပြီး ခွင့်ပြုချက်မပါဘဲ ဆန္ဒပြသူအများအပြားကို ဖမ်းဆီးခဲ့ကြပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၅ ရက်မှာ ပြည်ထောင်စုလွှတ်တော်က “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ” ကို အသစ်တဖန်ပြဌာန်းလာခဲ့ပါတယ်။ ဥပဒေကြောင်းအရ ဆန္ဒပြသူလိုသူတွေဟာ ခွင့်ပြုချက်ရရှိအောင် စောင့်ဆိုင်းစရာမလိုအပ်တော့ ဘဲ၊ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကို ၄၈ နာရီအတွင်း အသိပေးအကြောင်းကြားရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလို ဖြေလျော့မှုတွေ ဟာ အကန့်အသတ်နဲ့ပဲရှိနေတာဖြစ်ပါတယ်။ ဆန္ဒပြလိုသူတွေအဖို့ ဆန္ဒပြမယ့် အကြောင်းအရာ၊ ပြုလုပ်မယ့် အစီအစဉ်တွေကို အသေအချာ တင်ပြပြီး တင်ပြချက်တွေအတိုင်း လိုက်နာပါမယ်ဆိုတဲ့ ခံဝန်ချက်ကတိ ထိုး ရမှာ ဖြစ်ပါတယ်။[17]

ဥပဒေအသစ်ပြဌာန်းပြီးနောက် ၂၀၁၈၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာတော့ ငြိမ်းစုစီ ဥပဒေကို ထပ်မံပြင်ဆင်မယ့် ဥပဒေကြမ်း အဆိုပြုချက်ကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒီဥပဒေကြမ်းရဲ့ ပြင်ဆင်လိုချက် တွေအရ ဆန္ဒပြလိုသူတွေဟာ မူလရှိရင်းစွဲ စည်းကမ်းချက်တွေအပြင် ဆန္ဒပြပွဲ ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံ မည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကိုပါ တပါတည်း တင်သွင်းဖော်ပြဖို့အထိ ကန့်သတ်ချက်တွေကို ထပ်မံ ဖြည့်စွက် ထားပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ငြိမ်းစုစီဥပဒေမှာ ကန့်သတ်ချက်တွေ လျော့ချလိုက်တာကြောင့် အဲ့ဒီအပေါ်မှာ အခွင့်ကောင်းယူပြီး တိုင်းပြည်ကို ဆူပူအောင် လုပ်ချင်တဲ့သူတွေအတွက် အခွင့်အရေး ဖြစ်နေတယ် လို့ NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ယူဆခဲ့တယ်လို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် အမျိုးသားရေး ဝါဒီဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာခဲ့တဲ့ အချက်နဲ့ နောက်ခံအကြောင်းအရာတွေအပေါ် ထိန်းချုပ်နိုင်ဖို့ ပြင်ဆင်လိုတာပဲ ဖြစ်ပါတယ်။[18] ဒါကြောင့်ပဲ ဆန္ဒပြလိုသူတွေလိုက်နာရမယ့် စဉ်းမျဉ်း စည်းကမ်းတွေ ထပ်မံ ဖြည့် စွက်နိုင်ဖို့ ဥပဒေကြမ်းက အဆိုပြုထားပါတယ်။

Free Expression Myanmar အဖွဲ့က ငြိမ်းစုစီဥပဒေမှာ အဓိက ပြဿနာ ငါးရပ်ရှိနေကြောင်း သုံးသပ်ထားပါ တယ်။ ပထမတချက်က ဆန္ဒထုတ်ဖော်မှုကို အဆင်ပြေအောင် ကူညီပေးရန်ထက် ထိန်းချုပ်ခြင်းကို ပိုမိုဦးစားပေး ထားတယ်လို့ ဆိုပါတယ်။ ဒုတိယအချက်က ဆန္ဒပြသူများအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်နေစေခြင်းနဲ့ ကြိုးနီစနစ် အတားအဆီးများကို ကျော်လွှားနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ တတိယအချက်က ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေကို ဥပဒေနဲ့ မညီတဲ့ စုဝေးမှုဖြစ်အောင် ထိရောက်စွာ စီမံထားတာဖြစ်ပါတယ်။ စတုတ္ထအချက်က ဆန္ဒထုတ်ဖော်မှုရဲ့ အကြောင်းအရာနဲ့ အပြုအမှုတို့ကို အလွန်အမင်းထိန်းချုပ်ထားပြီး ဆန္ဒထုတ်ဖော်သူတွေကို ရာဇဝတ်ပြစ်ဒဏ်တွေ ချမှတ်ထားတာပါ။ နောက်ဆုံးအချက်ကတော့ မသေချာတဲ့၊ ဖြစ်နိုင်ချေနည်းတဲ့ အန္တရာယ် သက်ရောက်မှုတွေအပေါ် အခြေခံပြီး ဆန္ဒထုတ်ဖော်မှုကို ပိတ်ပင်လူစုခွဲဖို့ အင်အား အသုံးပြုနိုင်ခြင်း အပါအဝင် ရဲတွေကို တိကျရှင်းလင်းမှုမရှိတဲ့ လုပ်ပိုင်ခွင့်အာဏာပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။[19] NLD အစိုးရ လက်ထက် သက်တမ်းအတွင်းမှာ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၉၁မှု ထက်မနည်း ရှိနေပါ တယ်။[20] ဒီအချက်တွေကတော့ ငြိမ်းစုစီဥပဒေ ပေါ်ပေါက်လာပုံ၊ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်တွေလို လူ့အခွင့်အရေး စံချိန်စံနှုန်းတွေအပေါ် ဥပဒေကြောင်းအရ စိန်ခေါ်ချက် အဟန့်အတား ဖြစ်နေတဲ့ အခင်းအကျင်းတွေပဲ ဖြစ်ပါတယ်။

ထင်ရှားသော နိုင်ငံရေးပြစ်ဒဏ်ချမှတ်ခံရမှု

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလအတွင်းမှာ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေအတွက် နိုင်ငံရေးအရ လုံခြုံမှုရှိရေးအပိုင်းမှာ  အစိုးရရဲ့ ဆောင်ရွက်မှုတွေက စိန်ခေါ်ချက် သဖွယ်ရှိနေသေးကြောင်း မီးမောင်းထိုးပြတဲ့ ဖြစ်ရပ်တခုကို ဆက်လက်ဖော်ပြလိုပါတယ်။

ရခိုင်ပြည်နယ်က ထင်ရှားတဲ့ နိုင်ငံရေးသမား တဦးဖြစ်ပြီး ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌဟောင်း ဒေါက်တာ အေးမောင်နဲ့ လူငယ်စာရေးဆရာ ‌ဝေဟင်အောင်တို့ဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလလယ်ပိုင်းက ရသေ့တောင်မြို့မှာ ပြုလုပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အထိမ်းအမှတ် အစီအစဉ်မှာ ဟောပြောပြီးနောက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ ဒေါက်တာအေးမောင်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ ဝင်ရောက်အရွေးချယ်ခံခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရက အဆိုပါ ဟောပြောမှုအပြီးမှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၂၂ နှစ် ချမှတ်လိုက်ပါတယ်။[21]

ဒီအခြေအနေဟာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးကို ဦးတည်နေတဲ့ အချိန်မှာ တိုင်းရင်းသားတွေအကြား ယုံကြည်မှု ပျက်ပြားစရာ၊ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စရာ ဖြစ်စေနိုင်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်မြောက်ရေး လက်မှတ်တွေ ကောက်ခံနေကြတာလည်း ရှိပါတယ်။ လက်ရှိ အာဏာရ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်ကတော့ ၂၀၂၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာမယ့် အစိုးရက သူတို့နှစ်ဦးကို လွှတ်ပေးနိုင်ချေ ရှိ၊ မရှိကို မှတ်ချက်မပေးနိုင်ကြောင်း ပြောဆိုထား ပါတယ်။ တဆက်တည်းမှာပဲ တိုင်းရင်းသားတွေ အချင်းချင်းအကြား သဘောထား ကွဲလွဲနိုင်ပေမယ့် ပြည်ထောင် စုကနေ ခွဲထွက်ဖို့ဆိုတဲ့အယူအဆတွေ မပြောသင့်ကြောင်း၊ သီးခြားနိုင်ငံ ထူထောင်မယ်ဆိုတဲ့ အယူအဆမျိုးကို လောလောဆယ်မှာ လက်မခံနိုင်ကြောင်းကိုလည်း ၎င်းက ပြောဆိုထားပါတယ်။[22]

ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်၊ မေ ၁၈ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒေါက်တာအေးမောင် အနေနဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ (ဃ)၊ ပုဒ်မ ၈၈ (က) တို့နဲ့ ငြိစွန်းနေတာကြောင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခဲ့သလို၊ နောင်လာမယ့်ရွေးကောက်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ် ပြိုင်ခွင့် မရှိတော့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခြေအနေက နိုင်ငံရေးသမား တွေ အတွက် ပိတ်ပင်တားဆီးမှုဖြစ်စေပြီး အဆိုပါဥပဒေတွေကို ပြင်ဆင်ဖို့ လိုတယ်လို့လည်း သုံးသပ်ကြပါတယ်။ ရခိုင်ပြည်နယ်က ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးက မိမိဒေသက နိုင်ငံရေးပြဿနာကို အကြောင်းပြု ပြီး အစိုးရကို ဝေဖန်ပြောဆိုခဲ့မိလို့ ဥပဒေကြောင်းအရ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ အပြင်၊ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ကိုပါ ရုတ်သိမ်းခံရတဲ့ အခြေအနေတွေဟာ နိုင်ငံရေးအရ လုံခြုံမှုရရှိရေးဆိုတဲ့ လူသားလုံခြုံရေး ကဏ္ဍအပေါ် စိန်ခေါ်နေ ကြောင်း ထင်ရှားတဲ့ ဥပမာ ဖြစ်ရပ်ပါ။

၄။ နိုင်ငံတကာရောက် ရခိုင်အရေး

မြန်မာ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှုတွေက ပြည်သူတွေရဲ့ လူသားလုံခြုံရေးအပေါ် ရိုက်ခတ်မှုရှိနေချိန်မှာပဲ ရခိုင်အရေးပဋိပက္ခကလည်း နိုင်ငံတကာမျက်နှာစာအထိပါ ရောက်ရှိနေတဲ့ အာရုံစိုက် စရာ ကိစ္စဖြစ်ပါတယ်။ နှစ်ကာလပေါင်းများစွာ အချေတင်အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ သမိုင်းအချက်အလက်တွေ၊ နိုင်ငံရေး၊ လူမျိုးရေး ပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံအနောက်ပိုင်းက လူမျိုးရေးပဋိပက္ခကို အခြေပြုပြီး ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုတွေဟယ လွန်ခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ ကြီးထွားခဲ့တာပါ။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ အတွင်းမှာ ARSA အဖွဲ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်က လုံခြုံရေးရဲစခန်း ၃၀ ကျော်ကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ကလည်း ပြင်းပြင်းထန်ထန် ပြန်လည် တုံ့ပြန်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် တုံ့ပြန်မှုတွေရဲ့ အကျိုးဆက်အဖြစ် ရိုဟင်ဂျာသိန်းချီကျော်ဟာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒီလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ လူဦးရေ ပမာဏ ရုတ်တရက်ကြီးထွားလာခြင်းကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက် မေးခွန်းထုတ်မှုတွေကိုလည်း ကြုံတွေ့လာရပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ အင်းဒင်ရွာသတ်ဖြတ်မှုအကြောင်းကို ဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာသတင်းဌာနက မြန်မာ သတင်းထောက်နှစ်ဦးကိုလည်း မြန်မာအစိုးရက ကနဦးမှာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ အဆိုပါ ပဋိပက္ခ ဖြစ်စဉ်အတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေအကြား လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေက ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေကို မြင့်တက်စေခဲ့ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ဒေသပြန်လည်တည်ငြိမ်ရေး ဖော်ဆောင်ဖို့ စိန်ခေါ်ချက်တွေ မြင့်မားနေချိန်မှာပဲ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ အတွင်းမှာ ဂမ်ဘီယာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ်ကို မြန်မာက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲဆိုခဲ့ပြီး မြန်မာနိုင်ငံက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးဆောင်ပြီး သွားရောက်ဖြေရှင်းနေရတဲ့ အခင်းအကျင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကြောင့် အကျိုးသက်ရောက်ရတဲ့ လူသားလုံခြုံရေးကဏ္ဍကို ချဉ်းကပ်လေ့လာတဲ့အခါမှာ ရခိုင်ပြည်အရေး ဟာလည်း အထူး ဂရုပြုဆင်ခြင်သင့်တဲ့ ကဏ္ဍတခု ဖြစ်ပါတယ်။

နိဂုံး

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပဋိပက္ခနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ လူသားလုံခြုံရေးကဏ္ဍအပေါ် စိန်ခေါ်ချက်တွေ ဆက်လက် မြင့်တက်နေဆဲပါ။ ယခုဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ အစုအဖွဲ့အသီးသီးရဲ့ ဆောင်ရွက်ချက်အချို့က လူသားလုံခြုံရေးကဏ္ဍ ပျက်ပြားစေတဲ့ အခင်းအကျင်းတွေကိုလည်း ပြန်လည်သုံးသပ်ကြဖို့ လိုအပ်ပါတယ်။ ပဋိပက္ခ ဖြစ်စဉ်အတွင်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အကြား စစ်ရေးလှုပ်ရှားမှု တွေအကြား အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးကြတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရတာ တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ တပ်သားသစ်အဖြစ် စုဆောင်းတာစတဲ့ ဖြစ်ရပ်တွေက တဦးတယောက်ချင်း လုံခြုံရေးအပေါ် အဓိက စိန်ခေါ်ချက် တွေ ဖြစ်နေပါတယ်။ စစ်ဒဏ်သင့်ဒေသတွေအတွင်း မြေမြှုပ်မိုင်းအန္တရာယ်တွေကြောင့် စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး ခက်ခဲနေတာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဆပ်ကြေး ကောက်ခံမှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်မှုအကြောင်းပြုပြီး ဒေသခံတွေကို ဖမ်းဆီးတာ စတဲ့ အချက်တွေက ဒေသလုံခြုံရေး အပေါ်မှာလည်း ရိုက်ခက်မှုတွေ ရှိလာပါတယ်။ ပြည်သူတွေ နိုင်ငံရေးဖြစ်စဉ်မှာ လုံခြုံစွာ ပါဝင်နိုင်ရေး မှာတော့ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရရဲ့ ဆောင်ရွက်ချက် အချို့က အဟန့်အတား ဖြစ်နေ စေပါတယ်။ တပ်မတော်ရဲ့ တက်ကြွ လှုပ်ရှားသူတွေအပေါ် တရားစွဲဆိုမှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ရွေးကောက်ပွဲ ဖြစ်စဉ်အတွင်း နိုင်ငံရေးအရ ဖိနှိပ်မှုအချို့ ပြုလုပ် နေတာ၊ အစိုးရက ဥပဒေကြောင်း အရ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်အပေါ် ထိန်းချုပ်ကန့်သတ်ထားတာ စတဲ့ အခင်းအကျင်းတွေက အထင်အရှား ရှိနေပါတယ်။

ဒီအခြေအနေတွေအပေါ် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေကြတဲ့ အစုအဖွဲ့အသီးသီးက ပိုမိုသတိမူ ဆောင်ရွက်နိုင်ကြဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ရဲ့ တည်ဆောက်ထားမှု ပုံစံဟာ အမျိုးသားအဆင့် စဉ်းစားချက်ကို အထိုင်ချပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို အဲ့ဒီ အထိုင်ပေါ်မှာသာ တည်ဆောက်ထားတဲ့ ပုံစံက ပိုမိုမြင်သာပါတယ်။ ဆောင်းပါးရဲ့ တင်ကြိုအဆိုပြုချက်ဖြစ်တဲ့ “မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ကြောင့် ဆက်စပ်ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှာ နိုင်ငံတော်ကို ဗဟိုပြုတဲ့ အမျိုးသားလုံခြုံရေးရှုထောင့်ကနေ အမြဲအထိုင်ချစဉ်းစား တာမျိုးထက် လူသားဗဟိုပြု စဉ်းစား ချက်မျိုးကိုပါ တပြိုင်နက်တည်း အရေးတကြီး ထည့်သွင်းစဉ်းစားသင့်ပြီ” ဆိုတဲ့ အချက်ကို ဆက်လက် ဆွေးနွေးလိုပါတယ်။ ဖက်ဒရယ်စနစ် ဖော်ဆောင်နိုင်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ် ဖော်ဆောင်နိုင်ရေး စတဲ့ နိုင်ငံရေးရည်မှန်းချက်တွေဟာ ပြည်တွင်းစစ်ကြောင့် အကျိုးသက်ရောက်မှု ရှိနေတဲ့ အမျိုးသား လုံခြုံရေး ကဏ္ဍအတွက် ကောင်းမွန်တဲ့ လမ်းကြောင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ လူသား လုံခြုံရေးဆိုင်ရာ ပြဿနာတွေအတွက်တော့  တိုက်ရိုက်ဖြေရှင်းနိုင်မယ့် လမ်းကြောင်းတခုသဖွယ် ရှိနေသလား ဆိုတာကတော့ သတိပြုဆင်ခြင်စရာပါ။

တဆက်တည်းမှာပဲ NCA ကို အခြေခံထားတဲ့ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဥ်အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဟာ အမျိုးသားအဆင့် အမြင့်ဆုံးဆွေးနွေးမှု လမ်းကြောင်း တည်ရှိနေပါတယ်။ ဒါပေမဲ့ လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွင်းမှာ ထည့်သွင်းဆွေးနွေးမယ့် ကဏ္ဍကြီးငါးရပ်အနက် နိုင်ငံရေး ကဏ္ဍ ကိုသာ အဓိက ဆွေးနွေးနိုင်ကြပြီး လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကဏ္ဍတွေကိုတော့ ဆွေးနွေးနိုင်ခြင်း မရှိသေးတာကလည်း သတိပြုစရာ အချက် တချက် ဖြစ်ပါတယ်။ အထူးသဖြင့် လုံခြုံရေးကဏ္ဍ အတွင်း သဘောထားကွဲလွဲမှုတွေ ပိုမို များပြားနေပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရပ်တန့်သွားခဲ့တဲ့ အခြေအနေတွေ ရှိခဲ့တာပါ။ အမျိုးသား အဆင့် နိုင်ငံရေးပန်းတိုင်တွေ ဖြစ်တဲ့ ဖက်ဒရယ်စနစ်တည်ဆောက်ရေး၊ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး စတဲ့ ရည်မှန်းချက်တွေကို ပိုမိုအလေးပေး ဆွေးနွေး ကြပေမယ့် အခြားကဏ္ဍ တွေမှာတော့ ဆွေးနွေးညှိနှိုင်းနိုင်မှု အားနည်းနေတာ ဖြစ်ပါတယ်။ NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တောင် လုံခြုံရေးကဏ္ဍအတွက် ဆွေးနွေးမှုတွေ အားမကောင်းတဲ့ အခြေအနေက NCA မူဘောင်ပြင်ပက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် စိန်ခေါ်ချက်တွေ ပိုမြင့်မားစေနိုင်ပါတယ်။ ဒါကြောင့် လူတဦးတယောက်ချင်းစီရဲ့ လုံခြုံရေး၊ ဒေသအစုအဖွဲ့လိုက် လုံခြုံနိုင်ရေးအတွက် လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်အတွင်း လုံခြုံရေး ကဏ္ဍက အလေးအနက် ထည့်သွင်း ဆွေးနွေးစရာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံသားတွေရဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်နိုင်ခွင့်အပေါ် လုံခြုံမှု အာမခံချက်ပေးနိုင်ခြင်း မရှိတဲ့ ဥပဒေတွေကိုလည်း ပြန်လည် သုံးသပ်သင့်ပါတယ်။ အချုပ်ဆိုရရင် လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး လမ်ကြောင်း တည်ဆောက်ထားပုံအထိုင် ပုံစံဟာ ပြည်တွင်းစစ်ပဋိပက္ခကြောင့် ထိခိုက်မှုရှိနေတဲ့ လူသားလုံခြုံရေးကဏ္ဍစိန်ခေါ်ချက်တွေကို ကျော်လွှား နိုင်မယ့် နည်းလမ်း အဖြစ် ရှိနေသလား၊ ပါဝင်ပတ်သက်သူ အစုအဖွဲ့ တွေအကြား နည်းလမ်း အသစ်တွေ ထပ်မံ ရှာဖွေသင့်သလားဆိုတဲ့ အချက်ကတော့ ဆက်လက်အဖြေရှာသင့်တဲ့ အမေးပုစ္ဆာပဲ ဖြစ်ပါတယ်။

အယ်ဒီတာမှတ်ချက်

မြန်မာနိုင်ငံတွင် တည်ဆဲအစိုးရအဖွဲ့နှင့် မီဒီယာများက “ရိုဟင်ဂျာ” အစား ‘ဘင်္ဂါလီ’ ဟု သုံးစွဲပါသည်။

[1] ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် အင်တာနက်ယာယီဖြတ်တောက်ထားရခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် အင်တာနက်ယာယီဖြတ်တောက်ထားရခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် | Myanmar President Office (president-office.gov.mm)

[2] Amartya Sen.(2014). Routledge Handbook of Human Security. Birth of a Discourse. (P.17)

[3] The United Nations Development Programme (UNDP). (1994). Human Development Report 1994.

[4] ISP-Myanmar Peace Desk ၏ Clashes Data စုစည်းမှုများ။ https://ispmyanmarpeacedesk.com/process/#clashes/

[5] ‌BBC News (၂၀၂၀၊ စက်တင်ဘာ ၁၅)၊ ဦးဂါရွာမှာ ပြစ်မှုကျူးလွန်သူ တပ်မတော်သား သုံးဦးကို စစ်တရားရုံးဖွဲ့ပြီး စစ်ဆေးမယ်လို့ တပ်မတော်ပြော။

https://www.bbc.com/burmese/burma-54159636

[6] မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့၊(၂၀၂၀)၊ မြန်မာနိုင်ငံအစီရင်ခံစာ။

[7] ထွန်းခိုင်၊ ( ၂၀၂၀၊ နိုဝင်ဘာ ၂၄)၊ ရခိုင်တွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲခံထားရသူ ၂၆၉ ဦးနှင့် အမှုပေါင်း ၉၁မှုရှိ၊ BNI Multimedia Group။

https://www.bnionline.net/mm/news-77058

[8] အောင်ငြိမ်းချမ်း၊ ( ၂၀၂၀၊ အောက်တိုဘာ ၁၉)၊ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးကို AA ဖမ်းဆီး၊ Myanmar Now။

https://www.myanmar-now.org/mm/news/4746

[9] ISP-Myanmar Peace Desk ၏ Statements စုစည်းမှုများ။

https://ispmyanmarpeacedesk.com/actors/#tmd-statements/

[10]ဧရာဝတီ၊(၂၀၂၀၊ ဒီဇင်ဘာ ၉)၊ လူထုအား ဖမ်းဆီး ငွေညှစ်သည့် လက်နက်ကိုင်များကို လူ့အခွင့်အရေး လှုပ်ရှားသူများဝေဖန်။ https://burma.irrawaddy.com/news/2020/12/09/234569.html

[11] RFA၊ (၂၀၂၀၊ ဒီဇင်ဘာ ၇)၊ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၁၆ ယောက်ကို SSPP ဖမ်းဆီးထား

https://www.rfa.org/burmese/news/sspp-arrest-16-drug-dealers-12072020064334.html

[12] ကိုမိုးဇော်၊ (၂၀၂၀၊ ဒီဇင်ဘာ ၆)၊ မိုးကုတ်မြို့နယ်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးမှု TNLA ဝန်ခံ၊ VOA။ https://burmese.voanews.com/a/mogok-u-kyaw-win-tnla/5689081.html

[13] သက်နိုင်၊ (၂၀၂၀၊ အောက်တိုဘာ ၂၀)၊ NLD ကိုယ်စားလှယ်တွေ ဖမ်းဆီးမှု AA အကြောင်းပြချက် NLD ပယ်ချ၊ VOA။

https://burmese.voanews.com/a/rakhine-nld-aa-conflict/5628303.html

[14] ISP-Myanmar Peace Desk ၏ Security Daily Round-Up ကဏ္ဍစုစည်းမှုများ

https://ispmyanmarpeacedesk.com/security/#security-daily-round-up/

[15] ၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ။

[16] ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၆၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင် သည့် ဥပဒေ။

[17] ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၈၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ။

[18] စမ်းယမင်းအောင်၊ (၂၀၁၈၊ ဧပြီ ၆)၊ ငြိမ်းစုစီဥပဒေ ပြင်ဆင်မှုနောက်ကွယ်၊ ဧရာဝတီ။

https://burma.irrawaddy.com/article/2018/04/06/155648.html

[19]Free Expression Myanmar (၂၀၁၈၊ ဖော်ဖော်ဝါရီ ၂၆)၊ 5 violations that need addressing in protest law amendment – ငြိမ်းစုစီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ ဦးတည်ဆန်းစစ်ရန်လိုအပ်နေသော လူ့အခွင့်အရေးချိုးဖောက်နေမှု (၅)ရပ်။

http://freeexpressionmyanmar.org/5-violations-that-need-addressing-in-protest-law-amendment/

[20] အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ (၂၀၂၀၊ မေ ၂)၊ အစိုးရ၏ လေးနှစ်တာသက်တမ်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆန်းစစ်ခြင်း။

[21] ကျော်လင်း၊ (၂၀၁၉၊ မတ် ၁၉)၊ ဒေါက်တာအေးမောင်၊ ဝေဟင်အောင်တို့ကို ထောင် ၂၂ နှစ်စီချ၊ Myanmar Now။

https://www.myanmar-now.org/mm/news/1896

[22] ဖဒူထွန်းအောင်၊ (၂၀၂၀၊ နိုဝင်ဘာ ၂၃)၊ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် လွတ်မြောက်ရေး လက်မှတ်ကောက်ခံ၊ Myanmar Now။

https://www.myanmar-now.org/mm/news/5081

The post ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် လူသားလုံခြုံရေးကဏ္ဍ appeared first on ISP Myanmar Peace Desk.