Aung Thu Nyein Archives - ISP Myanmar Peace Desk

ပါတီများပေါင်းစည်းမှု မှန်းချက်နှင့် နှမ်းထွက်မကိုက်သေး
နိုင်ငံရေးပါတီများသည် မြန်မာနိုင်ငံတွင် ကာလကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ရသည့်အပြင်၊ နိုင်ငံရေးပါတီတခု တည်ထောင်ခြင်းပင်လျှင် အန္တရာယ်များသော စွန့်စားမှု တခုလည်း ဖြစ်ခဲ့သည်။ စစ်အာဏာရှင် စနစ်လက်အောက် တင်းကျပ်ပိပြားစွာ ရှင်သန်ခဲ့ကြရသော ပါတီအများစုအဖို့ မူဝါဒအရ ရပ်တည်မှုမှာ ဒီမိုကရေစီ အရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး – စစ်တပ် ဆန့်ကျင်ရေးသာ အဓိက ဖြစ်ခဲ့သည်။ တိုင်းရင်းသားအရေးမှာမူ လက်အောက်ခံ သဘောမျှသာ။

၂၀၁၀ ပြည့်နှစ် ဖြေလျှော့မှုများ နောက်ပိုင်းတွင်တော့ တိုင်းရင်းသား နိုင်ငံရေးပါတီများ အထဲမှာ ယေဘုယျအားဖြင့် အင်အားစု သုံးခုခွဲ၍ ရပ်တည်ခြင်းကို တွေ့လာခဲ့ရသည်။ အလွယ်သဘောဆိုရလျှင် ပြည်ခိုင်ဖြိုး (USDP) နှင့် နီးစပ်သည့်ပါတီများနှင့် ဒီချုပ် (NLD) နှင့် နီးစပ်သည့် ပါတီများဟူ၍ ပုံဖော်ခဲ့ကြသည်။ မည်သူနှင့်မျှ မနီးစပ်ဘဲ မိမိတို့ဘာသာ သီးခြားရပ်တည်ခဲ့သည့် တိုင်းရင်းသားပါတီများလည်း ရှိပါသည်။ သို့ရာတွင် တိုင်းရင်းသား ပါတီများ အဖို့ မြန်မာ့နိုင်ငံရေးသမိုင်း ဖြတ်သန်းမှု တလျှောက်လုံးတွင် အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍတွင် မရှိခဲ့ကြပါ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီတွင် Transnational Institute (TNI)က ထုတ်ဝေခဲ့သည့် “Myanmar : Ethnic Politics and the 2020 General Election” သုတေသနစာတမ်း၌ အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။

၁၉၆၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများက လွှတ်တော်ခုံနေရာ အားလုံး၏ ၈ ဒသမ ၄ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများတွင် တိုင်းရင်းသားပါတီများက လွှတ်တော် နေရာများ၏ ၁၄ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် တိုင်းရင်းသားပါတီများက လွှတ်တော်နေရာများ၏ ၁၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီများက လွှတ်တော်နေရာများ၏ ၁၁ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့ကြသည်ဟု တွက်ချက်ပြသည်။ ယင်းအစီရင်ခံစာတွင်ပင် ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင်လည်း ၁၅ ရာခိုင်နှုန်းထက် ကျော်လွန်နိုင်မည် မဟုတ်ဟု ခန့်မှန်းဖော်ပြခဲ့သည်။ TNI ၏ ကိန်းဂဏန်းများမှာ ပြည်သူ့ လွှတ်တော်ကို အခြေပြု၍ တွက်ချက်ထားခြင်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပေးထားချက်များအရ ပြည်ထောင်စု အဆင့်အနေဖြင့် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ် အပြင်၊ ထိုလွှတ်တော်နှစ်ရပ်ကို ပေါင်းစည်းဖွဲ့စည်းသည့် ပြည်ထောင်စု လွှတ်တော်ဟူ၍ ရှိလာခဲ့သည်။ ထို အချိန်နောက်ပိုင်း ပြည်ထောင်စု လွှတ်တော်တွင် တိုင်းရင်းသားများ၏ နေရာရရှိမှုသည်လည်း TNI က တွက်ချက်ထားသော ကိန်းဂဏန်းများနှင့် များစွာ ကွဲလွဲမှု မရှိခဲ့ပေ။ တပ်မတော်မှ အလိုအလျောက်ရယူထားသည့် ၂၅ ရာခိုင်နှုန်း မပါဘဲ တွက်ချက်ပါက တိုင်းရင်းသားများသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၁၅ ဒသမ ၂၁ ရာ ခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၁၁ ဒသမ ၄၀ ရာခိုင်နှုန်းသာ ပြည်ထောင်စု လွှတ်တော်တွင် နေရာရခဲ့သည်။ ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စု လွှတ်တော်၌ တိုင်းရင်းသားပါတီများမှ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၇ ဦးသာ ရှိခဲ့သဖြင့် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄၇၆ ဦး၏ ၉ ဒသမ ၈၇ ရာခိုင်နှုန်းသာ ရှိခဲ့ပါသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ကြိမ်နှင့် နှိုင်းယှဉ်ပါက လွှတ်တော်တွင်းမှ ကိုယ်စားပြုခွင့် အနိမ့်ဆုံးပမာဏသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ တိုင်းရင်းသားပါတီများသည် ရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးနိုင်ရေး အတွက် နိုင်ငံရေးပါတီ တပ်ပေါင်းစုများအဖြစ် စုစည်းခဲ့ကြပါသည်။ ထင်ရှားသည်မှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အခြေခံသည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD)၊ ထိုမှ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)၊ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) နှင့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA) တို့ဖြစ်သည်။ တိုင်းရင်းသားပါတီများ အချင်းချင်း နိုင်ငံရေးအမြင် ဖလှယ်နိုင်ကြရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ စုဖွဲ့ခဲ့ကြသည့် တိုင်းရင်းသားပါတီ တပ်ပေါင်းစုများသည်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သိသာသည့် အောင်မြင်မှု မရရှိခဲ့ကြပါ။ ထိုအခြေအနေကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများ (ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော် ရွေးကောက်ပွဲများ)၌ အနိုင်ရရှိခဲ့မှု ကိန်းဂဏန်းများကို ကြည့်နိုင်ပါသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် UNA တပ်ပေါင်းစုက ၄၅ နေရာသာ အနိုင်ရပါသည် (အထူးသဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကယန်း အမျိုးသားပါတီတို့ အနိုင်ရခြင်းဖြစ်သည်)။ ပေါင်းစည်း ထားသော ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ငါးပါတီ (ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီ)တို့က ၂၅ နေရာတွင် အနိုင်ရပါသည်။ ၁၄ ပါတီ မဟာမိတ်ဖြစ်သည့် NBF က ၃၉ နေရာတွင် အနိုင်ရရှိပါသည် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်နှင့် တအာင်း(ပလောင်) အမျိုးသားပါတီများ အနိုင်ရခဲ့သည်)။ FDA တပ်ပေါင်းစုကမူ နေရာတခုတွင်သာ အနိုင်ရရှိပါသည် (ကရင်ပြည်သူ့ ပါတီက အနိုင်ရရှိခြင်းဖြစ်သည်)။

မည်သို့ပင်ဖြစ်စေ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနောက်ပိုင်း ထူးခြားချက်မှာ လူမျိုးတူ တိုင်းရင်းသား နိုင်ငံရေးပါတီများအကြား စုစည်းမှုပြုလာကြခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ISEAS–Yusof Ishak Institute မှ ထုတ်ဝေသည့် မစုမွန်သန့်၏ “Party Mergers in Myanmar: A New Development“ သုတေသနစာတမ်းတွင်လည်း အကျယ်တဝင့် လေ့လာထားသည်ကို တွေ့ရှိရပြီး အောက်ပါအတိုင်း သုံးသပ်ထားသည်။

နိုင်ငံတကာ အတွေ့အကြုံများအရ ပါတီများ ပူးပေါင်းကြသည့် အဓိကအကြောင်းရင်း သုံးချက် ရှိပါသည်။ ယင်းမှာ ရွေးကောက်ပွဲစနစ် (Electoral Systems)၊ ရွေးကောက်ပွဲ ရလဒ်များနှင့် နိုင်ငံရေးအယူဝါဒချင်း နီးစပ်မှုတို့ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၏ အခြေ မလှခဲ့သော ရလဒ်များကြောင့်လည်း တိုင်းရင်းသား နိုင်ငံရေးပါတီများ ပူးပေါင်းလာကြခြင်းဖြစ်သည်။ ဤသို့ ပူးပေါင်းခြင်းဖြင့် ပါတီ၏အရင်းအမြစ်၊ စွမ်းဆောင်ရည်နှင့် ထောက်ခံမှု မြင့်မား လာကြမည်ဟု ယူဆထားကြသည်။ မြန်မာနိုင်ငံရှိ ပူးပေါင်းတိုင်းရင်းသားပါတီတို့တွင် တူညီသော မြော်မြင်ချက်တခုလည်း ရှိပါသေးသည်။ ယင်းမှာ ဖက်ဒရယ်ပြည်ထောင်စုသို့ မျှော်ရည် မှန်းချက်ဖြစ်သည်။

ရွေးကောက်ပွဲမှ တဆင့် နိုင်ငံရေးအရ ကိုယ်စားပြုခွင့် ပိုမိုရရှိနိုင်ရန် ပါတီချင်းပူးပေါင်းသည့် မဟာဗျူဟာကို ရွေးချယ်ခဲ့ကြသည်။ သို့သော် ပါတီများ ပူးပေါင်းခြင်းဖြင့် ရွေးကောက်ပွဲ အောင်ပွဲ ရမည်ဟု အာမခံချက် မရှိပါပေ။ သို့သော် အမြင်တူသည့် ပါတီများ အချင်းချင်း ကိုယ်စားလှယ် များ ယှဉ်ပြိုင်ရွေးချယ်ခံရသည့် အဖြစ်၊ မဲကွဲမည့် အဖြစ်ကို ရှောင်ရှားနိုင်သည်။ စနစ်အရ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သည့် အခြေအနေ (System Fragmentation) ကို ရှောင်ရှားနိုင်သည်။ ညီညွတ်ခြင်းအားဖြင့် အရင်းအမြစ်များ ပို၍စုစည်းနိုင်သည်၊ လူထုထောက်ခံမှုကို ပိုရယူနိုင်သည်။ လူထု ဖိအားကို တုံ့ပြန်သည့်အနေဖြင့် ပါတီများ ပေါင်းစည်းမိကြသည်လည်း ရှိနိုင်ပါသည်။ သို့သော် ရွေးကောက်ပွဲ၏ အခြေခံစနစ် တည်ဆောက်ထားပုံက ဤထက် ပို၍ ရှုပ်ထွေးပါသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်များကို ပြန်ကြည့်မည် ဆိုပါက ပါတီများ ပေါင်းစည်းထားမှုက မှန်းချက်နှင့် နှမ်းထွက်မကိုက်၊ အလုပ်မဖြစ်သေးသည်ကို တွေ့ရပါမည်။ သို့သော် ရေရှည်တွင် ပေါင်းစည်းပါတီများ၏ အရေအတွက် ပိုမိုများပြားလာရေး၊ စဉ်ဆက်မပြတ် ပါတီ တည်ဆောက်ရေး၊ ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်သည့် ညှိနှိုင်း ဆွေးနွေး အပေးအယူပြုမှုများတွင် ပို၍ တန်းတူရည်တူ ရှိလာရေးတို့က အရေးပါလာနိုင်ပါသည်။

The post ပါတီများပေါင်းစည်းမှု  မှန်းချက်နှင့် နှမ်းထွက်မကိုက်သေး appeared first on ISP Myanmar Peace Desk.

ကိုဗစ် – ၁၉ ကူးစက်ကပ်ဘေး နှင့် ပဋိပက္ခအပေါ် အကဲဆတ်သော တုံ့ပြန်မှု
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်တွင် နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြေညာစာဖြင့် “COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး နှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ”ကို ဖွဲ့စည်းပေးခဲ့သည်။ ယင်းကော်မတီတွင် ငြိမ်းချမ်းရေးကော်မရှင် (PC) မှ တာဝန်ရှိသူများပါဝင်နေပြီး သတင်းဖလှယ်ခြင်း၊ ရောဂါ ရှာဖွေဖော် ထုတ်ခြင်း၊ စစ်ဆေးခြင်း၊ စောင့်ကြပ်ကြည့်ရှုရာ လုပ်ငန်းများတွင် ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်ရေး စသည်ဖြင့်  လုပ် ငန်းစဉ်၇-ခုကို ချမှတ်ပေးခဲ့သည်။ (အပြည့်အစုံကို ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦးနှင့် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့၏ တွေ့ဆုံမေးမြန်းခန်းတွင် ဖတ်ရှုနိုင်သည်)။ မေ ၉ ရက်တွင် တပ်မတော်က COVID-19 ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်း ချမ်းရေးအတွက် မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း ကြေညာခဲ့သည်။ ကမ္ဘာတဝန်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အဲန်တိုနီယို ဂွန်တားရက်စ် (Antonio Guterres) ၏ တောင်းဆိုမှုကို တုံ့ပြန်မှုတခု အဖြစ် ဖော်ပြထားသည်။ သို့သော် “အကြမ်းဖက်”ဟုသတ်မှတ်ကြေညာထားသော အဖွဲ့အစည်းများရှိရာ နေရာများမှအပဟု ဆိုပါသည်။

နောက်ပိုင်း မေလအတွင်း ညှိနှိုင်းပူးပေါင်းရေးကော်မတီက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များနှင့်ပါ အွန်လိုင်း၊ ဗီဒီယိုကွန်ဖရင့်နည်း များဖြင့် တွေ့ဆုံဆွေးနွေးမှု ပြုခဲ့ကြသည်။ အစိုးရက COVID-19 ကူးစက်ကပ်ဘေး တုံ့ပြန်ရာတွင် မည်သူတဦးမျှ မကျန်ရစ် စေရ (leaving no one behind) ဟူသော မူဝါဒကို ချမှတ်ထားသည်မှာ အားတက်ဖွယ် ဖြစ်ပါသည်။

ဤအခြေအနေက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် “အသစ်သော ပုံမှန်အခြေအနေ” (New normal) ဖြစ်လာတော့ မည်ဟု ယူဆသည်။ ဤသို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ယုံကြည်မှု တိုးမြင့်လာ နိုင်သကဲ့သို့ ငြိမ်းချမ်းရေးအတွက်အထောက် အကူ ဖြစ်နိုင်ပါသည်။ သို့မဟုတ်ပါကလည်း ပူးပေါင်းဆောင်ရွက်မှု ပျက်ပြား၍ ပဋိပက္ခအသစ်တဖန် ပြန်၍မြင့်မားလာမည့် အခြေအနေ ရှိနိုင်ပါသေးသည်။

ပဋိပက္ခများအတွင်း သတင်းဆက်သွယ်ရေး ပြတ်တောက်မှု

နိုင်ငံအချင်းချင်းအကြားဖြစ်စေ၊ ပြည်တွင်းစစ်ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခများသည် ကျန်းမာရေးအရ ထိခိုက်မှုအရှိနိုင်ဆုံး နှင့် လူသေပျောက်မှု အများဆုံး အကြောင်းရင်းဖြစ်သည်။ အကြောင်းတခုမှာ ပဋိပက္ခများဖြစ်ပွားရာ ဒေသများတွင် သတင်းစနစ်များ (information systems) ပြတ်တောက်ပြိုလဲသွားသောကြောင့်လည်း မသေချာမရေရာမှုများ တိုးပွားစေ သည်။ ထို့အတွက်ကြောင့် သေဆုံးရမှု၊ မသန်စွမ်းဖြစ်ရမှု ပို၍ မြင့်မားစွာဖြစ်စေကြောင်း “လက်နက်ကိုင်ပဋိပက္ခများနှင့် ပြည်သူ့ကျန်းမာရေး” အဆက်အစပ် လေ့လာကြသည့် ပညာရှင်များက ဆိုပါသည်။ ထိုမျှမက စစ်ပွဲများမှနေ၍ ကျန်းမာရေးအရ အခြား ဆိုးကျိုးသက်ရောက်မှုများလည်း ဖြစ်စေသည်။ လူများ အိုးအိမ်နေရာများမှ ပြောင်းရွှေ့ထွက်ပြေးကြရခြင်း၊ ပဋိပက္ခ ဖြစ်ပွားရာဒေသများတွင် ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်ပေးမှုများ ပြိုကျသွားခြင်း၊ ကူးစက်ရောဂါ ထိန်းချုပ်နိုင်မှုမရှိ ကြခြင်းကြောင့် ပြည်သူ့ကျန်းမာရေးအန္တရာယ် မြင့်မားနေသည်။

သတင်းစနစ် ပြတ်တောက်ခြင်းမရှိအောင်၊ ပုံမှန်ဆက်သွယ်နိုင်သော လမ်းကြောင်းများ ပို၍ကောင်းမွန်အောင် ယခုပူးပေါင်း ဆောင်ရွက်မှုအချိန်တွင် စီမံသင့်ပါသည်။ သို့သော်လည်း သတင်းများအရ KNU ထိန်းချုပ်ဒေသရှိ COVID-19 စစ်ဆေးရေး စခန်းများကြောင့် နယ်မြေအငြင်းပွားမှု ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်း ဖတ်ရသည်။ အစိုးရအာဏာပိုင်များနှင့် တပ်မတော်ယူနစ်များက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ရောဂါစစ်ဆေးရေး စခန်းများကို ပိတ်သိမ်းစေ ကြောင်း၊ RCSS/SSA နယ်မြေတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထောက်ပံ့မှုများကို မယူရန် တားမြစ်ကြောင်း သတင်းများ တွေ့ရှိရပါသည်။

ဝမ်းနည်းဖွယ်အခြေအနေမှာ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းဒေသရှိ မြို့နယ် ကိုးခုတွင် (လူဦးရေ ခြောက်သိန်းကျော်ကို လွှမ်းခြုံ၍) အင်တာနက် ဖြတ်တောက်ထားမှု ခံနေရခြင်း ဖြစ်သည်။ စစ်ဘေးရှောင် ဒုက္ခသည်စခန်းရှိ ပြည်သူများအတွက် ခပ်ခွာခွာနေထိုင်ရန် ရွေးချယ်ခွင့် မသာကြပါ။ ထိုမျှမက အင်တာနက် ဖြတ်တောက်ထားခြင်းအတွက် ကျန်းမာရေးပညာပေး ဗဟုသုတများ ရယူနိုင်ရန်လည်း များစွာ အခက်အခဲရှိနိုင်ပါ သည်။ (“COVID-19 ကပ်ဘေးအတွင်းမှ စစ်ဘေးရှောင်ပြည်သူများ၏ ဆတိုးဒုက္ခများ” ဆောင်းပါးကို ဖတ်ရှုစေလိုပါသည်။)

ပဋိပက္ခဖြစ်ရာဒေသများတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ကင်းမဲ့နေခြင်း၊ သို့မဟုတ် ချည့်နဲ့နေခြင်း

ချည့်နဲ့ ပြိုကွဲလွယ်သည့်၊ ပဋိပက္ခစစ်ပွဲများ ခံစားနေရသည့် နိုင်ငံများ၏ ကျန်းမာရေး စောင့်ရှောက်ပေးမှုစနစ်များကို အလေးပေးပြုပြင်ရန် အထူးအရေးကြီးလှပါသည်။ အကြောင်းမှာ ပဋိပက္ခများ၊ စစ်ပွဲများ ရင်ဆိုင်ကြရသည်နှင့်အမျှ ပြည်သူ့ဝန်ဆောင်ပေးမှု လုပ်ငန်းများဖြစ်ကြသည့် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး ကဏ္ဍများမှာ ပြိုကွဲ ပျက်စီးကုန်ကြသည်။

ယင်းတို့ကို ပြုပြင်အားဖြည့်ရန် အထူးအလေးပေး ဆောင်ရွက်မှုများ၊ မူဝါဒများ၊ အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန် လိုအပ် ကြောင်း ပဋိပက္ခနှင့် ပြည်သူ့ကျန်းမာရေးကို အလေးပေး လေ့လာသောပညာရှင်များ၏ ဆွေးနွေးထားမှုများ ရှိပါသည်။ လေ့လာချက်များအရ ပြီးခဲ့သည့် ဆယ်စုနှစ်တွင် လက်နက်ကိုင် ပဋိပက္ခများအတွင်း သွယ်ဝိုက်သက်ရောက်ပြီး သေဆုံးရမှုအချိုးနှင့် စစ်ပွဲများကြောင့် တိုက်ရိုက်သက်ရောက်ခံရပြီး သေဆုံးရမှု အချိုးမှာ ၉:၁ ရှိသည်ဟု တွက်ဆကြသည်။ ဆိုလိုသည်မှာ စစ်ပွဲအတွင်း ၁ ဦးသေဆုံးလျှင်၊ စစ်ပွဲ၏ သွယ်ဝိုက်ပယောဂကြောင့် ၉ ဦး သေဆုံးနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

အစိုးရက COVID-19 ကူးစက်ကပ်ဘေး တုံ့ပြန်ရာတွင် နိုင်ငံတော်၏ ပိုင်နက် နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး (leaving no one behind) မူဝါဒကို ချမှတ်ထားရာ တီထွင်ဖန်တီးမှုရှိစွာ အကောင်အထည်ဖော်သင့်သည် ဟု မြင်ပါသည်။ COVID-19 ကူးစက်ရောဂါ ကပ်ဘေး သက်ရောက်နေစဉ်ကာလအတွင်း မြန်မာအစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်၍ အသက်များကို ကယ်တင်နိုင်ရန်၊ ယုံကြည်မှု တိုး၍တည်ဆောက်နိုင်ရန်နှင့် နောက်ဆုံး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်သည် အထိ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်နိုင်ကြစေရန် လိုအပ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ဆွေးနွေးခဲ့ကြသော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဆက်စပ်ပေါင်းစည်းမှု (Education/ Health Convergence) လုပ်ငန်းစဉ်များကို တိုး၍ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါမည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတွင် ဒေသအလိုက် သူတို့၏ ရပ်ရွာ အသိုက်အဝန်းများအတွက် ကျန်းမာရေး စောင့်ရှောက်ပေးမှုများ၊ ပညာရေးဝန်ဆောင်ပေးမှုများ ရှိနေခဲ့ကြပါသည်။ ပြီးခဲ့ သည့်ကာလတွင် ပေါင်းစပ်ညှိနှိုင်းရေး ဆွေးနွေးမှုများလည်း အရှိန်မပျက် ရှိနေခဲ့ကြပါသည်။

ကပ်ဘေးနှင့် အရင်းအမြစ် ရှားပါးမှု – ပဋိပက္ခကို မြင့်မားစေနိုင်ခြင်း

Covid-19 ကူးစက်ရောဂါ ကပ်ဘေးသည် ကမ္ဘာ့လူသားမျိုးနွယ် တရပ်လုံး မကြုံစဖူး ရင်ဆိုင်နေသော ကပ်ဘေးကြီး ဖြစ်သည်။ ဤကျန်းမာရေး ကပ်ဘေးကြောင့် ဖြစ်ပေါ်လာရသော စီးပွားရေးကပ်ဘေးကိုပါ ရင်ဆိုင်တုံ့ပြန်နေကြရပြီဖြစ်သည်။ နိုင်ငံကြီးများက စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်များဖြင့် ဈေးကွက်တွင်းနှင့် ပြည်သူတို့၏ အိတ်ကပ်အတွင်းသို့ ငွေများစီးဆင်းနိုင်ရန် ထည့်ပေးနေကြရသည်။ ကုမ္ပဏီကြီးအများ လူမွဲစာရင်းခံရန် ဖြစ်လာသည်။ လူများ သန်းနှင့်ချီ၍ အလုပ်လက်မဲ့ဖြစ်ရသည်။ အိမ်ထောင်စုတခုချင်းတွင်လည်း ရှားပါးကုန်ရသည်။ ဤသို့ အရင်းအမြစ်ရှားပါးလာမှုကြောင့် အရင်းအမြစ်များကို လုယက်ရယူကြခြင်းများလည်း ဖြစ်လာရာ ပဋိပက္ခများကို ပို၍မြင့်မားစေနိုင်ပါသည်။ ငတ်မွတ်ရှားပါးမှုကြောင့် ဒုစရိုက်မှုများ မြင့်တက်စေနိုင်သကဲ့သို့၊ နိုင်ငံရေးပြဿနာအထိပင် ပို၍ မြင့်မားလာစေနိုင်ပါသည်။ ချည့်နဲ့နိုင်ငံများတွင် မတည်ငြိမ်မှ်ဖြစ်နိုင်ခြေ ပို၍များပါသည်။ (ဒေါက်တာမင်းဇော်ဦး၏ “ကိုဗစ်-၁၉ ကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်သလား”၊ ISP Special Series No-2 ကို ကြည့်စေလိုပါသည်။) နိုင်ငံရေးပြဿနာအဖြစ် မမြင့်မားလာစေရန် အဓိကအင်အားစုများအကြား နားလည်မှုတည်ဆောက်သည့် “ထိပ်သီးခေါင်းဆောင်များ သဘောတူညီချက်” (Elite Pact) ချဉ်းကပ်မှုမျိုး လိုအပ်နိုင်သည်ဟု ဒေါက်တာမင်းဇော်ဦးက တိုက်တွန်းထားခဲ့သည်။ ထိုမျှမက အရင်းအမြစ်ရှားပါးမှုကို တစုံတရာဖြေရှင်းနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွက် အခြေခံရိက္ခာ ထောက်ပံ့ပေးမှုမျိုး လိုအပ်ပါလိမ့်မည်။ ဤသို့ ထောက်ပံ့မှုကြောင့်လည်း နှစ်ဦးနှစ်ဖက် ယုံကြည်မှုကို တိုးစေပါလိမ့်မည်။

အခြား ထည့်သွင်းစဉ်းစားသင့်သည့် အချက်မှာ NCA ပြင်ပရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။ ယခင်ကာလများကတည်းက မြောက်ပိုင်းမဟာမိတ် အဖွဲ့ ၄ ဖွဲ့နှင့် ဆွေးနွေးမှုများရှိခဲ့သည်။ တနည်းအားဖြင့် တိုက်ပွဲများဖြစ်ပေါ်နေသော်လည်း ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နေသည့် သာဓကရှိခဲ့ပါသည်။ အစိုးရက ဤသို့ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ခြင်းအပေါ် တပ်မတော်ကလည်း ကန့်ကွက်မှု မရှိခဲ့ပေ။ COVID-19 ကူးစက်ဘေးကြောင့် ကန့်သတ်မှုများမဖြစ်ခင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် ဆွေးနွေးခဲ့သော်လည်း နောက်ပိုင်းတွင် ရပ်ဆိုင်းသွားခဲ့ရသော အကြောင်းမှာ ဆွေးနွေးပွဲ နေရာရွေးချယ်မှုအကြောင်းသာဖြစ်သည်။ AA နှင့် မြောက်ပိုင်းအဖွဲ့များက ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်နိုင်ငံဖက်တွင် ဆွေးနွေးရန်အဆိုပြုပြီး အစိုးရဘက်ကမူ ကျိုင်းတုံ သို့မဟုတ် မြစ်ကြီးနား သို့မဟုတ် နေပြည်တော်သို့ဖိတ်သည်။ နေရာရွေးချယ်ရင်း ဆွေးနွေးပွဲများ တစ်ဆို့သွားခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် Zoom Peace Talk အဖြစ် အွန်လိုင်းမှ ဆောင်ရွက်နိုင်ပြီဖြစ်ရာ သမားရိုးကျစဉ်းစားပုံကိုကျော်ပြီး တီထွင်ဖန်တီးမှုရှိရှိ အလွတ်သဘော (Informal) အစည်းအဝေးများကို ပြန်၍ စတင်နိုင်မည်ဖြစ်သည်။ အနိမ့်ဆုံး ကူးစက်ဘေးနှင့် ပတ်သက်၍ ပြင်ဆင်မှု၊ ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာမှု အကူအညီများကို အပြန်အလှန် ပိတ်ဆို့မှုမရှိစေရေး ဆွေးနွေးနိုင်ကြပါမည်။ အလုပ်ဖြင့် သက်သေပြ ယုံကြည်မှုတည်ဆောက်ရန် လမ်းစပွင့်လာနိုင်ပါသည်။

နှစ်ထပ်ကွမ်း အရေးပေါ်မှု (Double emergency)

COVID-19 ကူးစက် ကပ်ဘေးကြောင့် နှစ်ထပ်ကွမ်းအရေးပေါ်မှု (Double emergency) ဖြစ်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ (IRC) ၏ အစီရင်ခံစာက ဖော်ပြသည်။ COVID-19 ကူးစက်မှု ရောဂါကြောင့် သေချာ ပြင်ဆင်ထားခြင်း မရှိသော ကျန်းမာရေး စနစ်များတွင် သေကျေပျက်စီးမှု များရုံသာမက နောက်ပိုင်းဆက်လက် ဖြစ်ပေါ်လာနိုင်သော လူသားချင်း စာနာမှု၊ စီးပွားရေး၊ လုံခြုံရေး၊ နိုင်ငံရေးဝန်းကျင်များအပေါ်တွင်ပါ ဒုတိယမြောက် ဗြောင်းဆန်ခြင်း (secondary havoc) ဖြစ်စေနိုင်ခြင်းကြောင့် နှစ်ထပ်ကွမ်းအရေးပေါ် (Double emergency) ဟု သုံးသပ်ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ယင်းအစီရင်ခံစာတွင် တောင်ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလား၊ ယီမင် ၄-နိုင်ငံအကြောင်းကို တင်ပြထားပြီး၊ ပဋိပက္ခများကြောင့် ယင်းနိုင်ငံများတွင် အိုးအိမ်စွန့်ပစ်ထွက်ပြေးနေကြရသည့် ၄၆ ရာခိုင်နှုန်းသော လူဦးရေများ၏ စိုးရိမ်ဘွယ် အခြေအနေများကို တင်ပြထားပါ သည်။ ယင်းအစီရင်ခံစာတွင် ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အသစ်သော လေ့လာမှုတခုအရ အကယ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကူးစက်ပျံ့နှံ့မှုအကြီးအကျယ်ဖြစ်ပွားပါက လူပေါင်း ၅၉၀,၀၀၀ ခန့် ရောဂါကူးစက်ခံရဖွယ် ရှိပြီး၊ လူပေါင်း ၂,၁၀၀ ခန့် သေဆုံးနိုင်ကြောင်းလည်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သူ့အထွာနှင့်သူ ကမ္ဘာ့ကူးစက်ကပ်ဘေးကို တုံ့ပြန်နိုင်ရန် ကြိုးစားနေကြသည်ကို တွေ့ရသည်။ နိုင်ငံကြီးများပါ တနိုင်ငံတည်း အထီးတည်းရင်ဆိုင်နိုင်ခြင်းမရှိသော ကူးစက်ကပ်ဘေးကို တိုင်းရင်းသား တဖွဲ့ချင်းအနေနှင့် အကယ်၍ ဖြစ်လာလျှင် ခုခံရင်ဆိုင်နိုင်ဖွယ်မရှိပါ။ နိုင်ငံအချင်းချင်းပင် ပေါင်းစည်းခုခံနေကြရာ ကပ်ဘေးအရေး ပေါင်းစည်းဆောင်ရွက်ကြရပါမည်။ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ပတ်သက်၍ COVID-19 အသိပညာပေးမှုများ၊ ကူညီထောက်ပံ့မှုများ ပြုပေးနေသည်ကို သတင်းစာများတွင် တွေ့နေရသည်။ ထို့အပြင် ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည် (IDP) စခန်းများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် မဟာဗျူဟာ အစီအစဉ်တရပ် မူကြမ်းရေးဆွဲထားကြောင်း သိရသည်။ သို့ရာတွင် ဝန်ကြီးဌာန၏ ပျံ့နှံ့ထိရောက်နိုင်မှု နှင့် သက်ဆိုင်ရာ အရေးပါသည့်အင်အားစုများ (stakeholders) များနှင့် ညှိနှိုင်းတိုင်ပင် အကောင်အထည်ဖော်မှုများ အကန့်အသတ် ရှိနေသေးမည်ဟု ယူဆမိသည်။

လူသားချင်း စာနာထောက်ထားသည့် အကူအညီများနှင့် အချုပ်အခြာအာဏာမေးခွန်း

ပဋိပက္ခအခြေအနေကို “ရှုပ်ထွေးပွေလီလွန်းလှသော အရေးပေါ်အခြေအနေများ” (complex emergencies) ဟု လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းများက ညွှန်းဆိုကြပါသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က “ကြီးမားသော လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပြီး၊ ယင်းကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ၊ လူမှုရေး မတရားမမျှတမှုများနှင့် တည်ဆဲ ဆင်းရဲမွဲတေမှုများ ဆက်စပ်ရလဒ် ဖြစ်ပေါ်နေသည်” ဟု ဖွင့်ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကမူ ရှုပ်ထွေးပွေလီသော အရေးပေါ် အခြေအနေများကို ဖွင့်ဆိုရာတွင် “စစ်ပွဲများကြောင့်၊ လူမှုအဓိကရုဏ်းများ၊ ဧရာမ လူအစုအပြုံလိုက် ပြောင်းရွှေ့ရမှုများကြောင့် ဖြစ်ရသော အသက်အန္တရာယ် ခြိမ်းခြောက်မှု၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရပ်ဆိုင်းရမှု” ဟု ဖွင့်ဆိုပြီး ခက်ခဲသော နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေတွင် အရေးပေါ်အကူအညီများ တုံ့ပြန်ပေးရသော လုပ်ငန်းများ လိုအပ်မည်ဟု ဆိုပါသည်။ ဤသို့ ရှုပ်ထွေးပွေလီ အရေးပေါ် အခြေအနေများတွင် နိုင်ငံတခု၏ အချုပ်အခြာ အာဏာဆိုသည်မှာ အကြွင်းမဲ့သဘောမဟုတ်ဘဲ နှိုင်းရသဘော ရှိတတ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံတော် အာဏာစက်နယ်မြေအသီးသီးသို့ အကြွင်းမဲ့ မထိန်းချုပ်နိုင်သေးသော အခြေအနေတွင် ပို၍ ညင်သာပျော့ပြောင်းမှု လိုအပ်ပါမည်။ အစိုးရ၏ သဘောထားကြီးမှု၊ ပျော့ပြောင်းစွာ ပူးပေါင်းဆောင်ရွက်မှုများ ပို၍ လိုအပ်နိုင်ပါသည်။ David Chandler က ဆွေးနွေးရာတွင် ဤသို့သော အခြေအနေမျိုး၌ “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပြန်လည် ထိန်းသိမ်းထားနိုင်ရေး၊ မူဝါဒအရ ကြားဝင်ဆောင်ရွက်ခြင်းများ၊ စနစ်များနှင့် လုပ်ငန်းစဉ်ညွှန်းဆိုမှုများအပေါ် နားလည်ထားမှု၊ ဒေသဆိုင်ရာ ရင်ဆိုင်တုံ့ပြန်မှု စွမ်းရည်များကို အခြေခံအားဖြင့် အားဖြည့်ပေးပြီး၊ အသစ်ဖြစ်ပေါ်လာသော ပြဿနာများကို ရင်ဆိုင်ခြင်း” လုပ်ငန်းများ ဆောင်ရွက်ရမည်ဟု ဆိုပါသည်။

စစ်ဘက်– အရပ်ဘက် ဆက်ဆံရေးနှင့် ရေရှည်မြော်မြင်သည့် ပူးပေါင်းဆောင်ရွက်မှု

COVID-19 ကူးစက်ကပ်ဘေးကို တုံ့ပြန်နေရဆဲ ကာလတွင် မြန်မာနိုင်ငံ၌ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးတွင်အက်ကြောင်းကြီးရှိနေသည်။ (ကိုရဲ၏ “မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲ- အမျိုးသားလုံခြုံရေး၊ နိုင်ငံတော်စီမံခန့်ခွဲရေးနှင့် အရပ်ဘက်-စစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေး ရှုထောင့်များမှ တိုက်ပွဲအတွက်ပြင်ဆင်ခြင်း”၊ ISP Special Series No-2 ကို ကြည့်စေ လိုပါသည်။) အစိုးရက ဖွဲ့စည်းပေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီက အွန်လိုင်း အစည်းအဝေးများဖြင့် ဆွေးနွေးမှုများ ပြုနေစဉ်မှာပင်၊ တပ်မတော်က EAOs အဖွဲ့ကြီးအချို့သို့ ရောဂါကာကွယ်ရေးနှင့် ဆေးပစ္စည်းများကို တိုက်ရိုက်ထောက်ပံ့မှုပြုနေသည်။ အချိတ်အဆက်မရှိဟု ယူဆရသည်။ တပ်မတော်က အရပ်ဘက်ကျန်းမာရေးဌာနသို့ COVID-19 ရောဂါနှင့်ပတ်သက်၍ ဖော်ထုတ်စစ်ဆေးရေးနှင့် ဖောင်ကြီး ကုသရေးဆေးရုံ၊ ကွာရန်တိုင်းစခန်းများ ကမ်းလှမ်းကူညီပေးမှုများရှိနေသော်လည်း၊ EAOs များနှင့် ဆက်ဆံရေးတွင် အပြိုင်သဘောဖြစ်နေသည်ကို တွေ့မြင်ရသည်။ ဤအခြေအနေသည် စစ်ဘက်-စစ်ဘက်ချင်း ဆက်ဆံရေးရသည်မှာ ပို၍ အလုပ်ဖြစ်သည်ဟူသည့် အယူအဆကို အားကောင်းလာစေဖွယ်ရှိသည်။ တပ်-တပ်ချင်း ဆက်ဆံရေးတွင် ပို၍ယုံကြည်မှု တိုးကောင်းတိုးလာနိုင်ပါသည်။ သို့သော်လည်း အထောက်အပံ့များကို EAOs အဖွဲ့အစည်းများက သဘောကျ စီမံခွင့်ရှိသောကြောင့်၊ ရပ်ရွာအခြေပြု လိုအပ်ချက်များ ဖော်ထုတ်ခြင်း၊ ရပ်ရွာလူထုကို ခွန်အား ဖြည့်ဆည်းပေးခြင်း (need-based support and empowerment)၊ စစ်ပြေးဒုက္ခသည်များနှင့် အိမ်ပြန် ရွှေ့ပြောင်းလူထုများအတွက် ပံ့ပိုးပေးခြင်းများတွင် အားနည်းချက် ဖြစ်ပေါ်နိုင်ပါသည်။ အကျယ်အပြန့်အားဖြင့် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး အက်ကြောင်းကို ပို၍ကြီးလာမည်ကိုလည်း စိုးရိမ်ဖွယ်ရှိပါ သည်။

ငြိမ်းချမ်းရေးအသီးအပွင့်များ (Peace dividend) မပုတ်သိုးစေရေး

ထာဝရငြိမ်းချမ်းရေးကို ရည်ရွယ်၍ ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) ကို အဖွဲ့များအကြား လက်မှတ်ရေးထိုးခဲ့ကြသည်။ NCA ပုဒ်မ ၂၅ (က) တွင် “ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ” ကို နှစ်ဖက်ညှိနှိုင်း၍ ဆောင်ရွက်သွားရန်ဟု ဖော်ပြထားပါသည်။ ယခု ကူးစက်ကပ်ဘေးကာလသည် NCA ၏ ရည်ရွယ်ချက်တခုဖြစ်သော အခြေခံ ပြည်သူများအတွက် ငြိမ်းချမ်းရေး အသီးအပွင့်များကို လက်တွေ့အကောင်အထည်ဖော် ပေးရတော့မည့် အခြေအနေ ဖြစ်ပါသည်။ မည်သည့်အကြောင်းနှင့်မျှ ကပ်ဆိုးကာလအတွင်း ငြိမ်းချမ်းရေး အသီးအပွင့်များကို မပုတ်သိုးစေသင့်ပါ။ စဉ်ဆက်မပြတ် ဆက်သွယ်ညှိနှိုင်းနေမှု၊ ပျော့ပြောင်းမှု၊ ပဋိပက္ခအခြေအနေကို အကဲဆတ်ခြင်း၊ သဘောထားကြီးခြင်း နှင့် ယုံကြည်မှုတည်ဆောက်ခြင်းတို့ကို ရှေးရှု ဆောင်ရွက်သင့်ပါသည်။ စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် မြန်မာအစိုးရက “COVID‐19 စီးပွားရေးထိခိုက်မှု သက်သာရေး အစီအစဉ် (CERP)” ကို ထုတ်ပြန်ကြေညာခဲ့သကဲ့သို့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်လည်း “ကပ်ဘေးကာလ ငြိမ်းချမ်းရေး တည်ဆောက်ရေး အစီအစဉ်ကြီး” (Peace Support or Peace Resiliency Package) တခု လိုအပ်မည်ဟု တိုက်တွန်းလိုပါသည်။

နိဂုံး

ကပ်ဘေးကာလအတွင်း ယာယီဖြေရှင်းမှုများ လိုအပ်ပါမည်။

၁။ အထူး ထိခိုက်နစ်နာဖွယ်ရှိသော အုပ်စုများအတွက် မြန်ဆန်သည့်၊ စဉ်ဆက်မပြတ်ဖြစ်သည့်၊ ပျော့ပြောင်း လိုက်လျော ညီထွေဖြစ်မည့် COVID-19 တုံ့ပြန်ရေး ထောက်ပံ့မှုများ ကူညီပံ့ပိုးရန် လိုအပ်ပါမည်။

၂။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ၊ ဝန်ဆောင်ပေးမှုများအတွက် အကန့်အသတ်များ (ဥပမာအားဖြင့်- ပဋိပက္ခ စစ်ပွဲများနှင့် ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းများ) ကို ဖယ်ရှားပေးရပါမည်။

၃။ ချိတ်ဆက်မှုရှိသည့်၊ အင်အားစုများအားလုံး ပါဝင်နိုင်ခွင့်ရှိသည့် (inclusive) တုံ့ပြန်မှုမျိုးကို စီစဉ်ရေးဆွဲထားရန် လိုအပ် ပါသည်။

၄။ မိမိတို့အဖွဲ့အချင်းချင်းအကြား ချိတ်ဆက်ညှိနှိုင်းမှုသာမက ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုအတွက် ချိတ်ဆက်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း COVID-19 တုံ့ပြန်ရေးအတွက် ပို၍အားကောင်းစွာ မြှင့်တင်ဆောင်ရွက်သင့်ပါသည်။

ရေရှည်ကာလတွင် ပဋိပက္ခ၏ ရေသောက်မြစ်ဆိုင်ရာ အကြောင်းအရင်း များကိုလည်း ဦးစားပေးကိုင်တွယ် ဖြေရှင်းရန် လိုအပ်ပါမည်။ ကူးစက်ဘေး၏ သွယ်ဝိုက်သက်ရောက်မှုများနှင့် ရေရှည်သက်ရောက်မှုများ၊ အနာဂတ်ကာလတွင် ကြုံရနိုင်သည့် အကျပ်အတည်းများအတွက်လည်း ကြိုတင်စဉ်းစား ပြင်ဆင်ထားမှုများ ရှိသင့်ပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် “အသစ်သော ပုံမှန်အခြေအနေ” (New normal) ဖြစ်သွားနိုင်သည်။ ပရိသတ် ၇၀၀ ကျော်ဖြင့် ညှိနှိုင်းဆွေးနွေးကြရသည့် ၂၁-ရာစု ပင်လုံ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးမျိုး ဖြစ်ချင်မှဖြစ်ပေတော့မည်။ ပဋိပက္ခသဘောရော၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါ အသွင်တခုသို့ ပြောင်းသွားနိုင်ပါသည်။ ယခု Covid-19 တိုက်ဖျက်ရေး လုပ်ငန်းစဉ်သည်ပင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဖြစ်လည်း အသွင်ပြောင်းသွားနိုင်ပါသေးသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အဲန်တိုနီယို ဂူတားရက်စ် (Antonio Guterres) က ပြောခဲ့ပါသည်။ “ကျနော်တို့၏ ယနေ့ကမ္ဘာတွင် စစ်ပွဲက တခုတည်းသာ ရှိသင့်ပါသည်။ COVID-19 ဆန့်ကျင်ရေးစစ်ပွဲအတွက် ကျနော်တို့မျှဝေပါဝင်ကြဖို့ ဖြစ်ပါသည်။”နောက်ဆုံးကျင်းပသည့် ၂၀၂၀၊ ဇန်နဝါရီ ၈ ရက် JICM ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး သဘောတူညီချက်များအနက် တချက်မှာ၊ ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၀ ပြည့်နှစ်အလွန်တွင် ဆောင်ရွက်ရမည့် အဆင့်လိုက်လုပ်ငန်းစဉ်များကို အစိုးရ၊ တပ်မတော်နှင့်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ကြိုတင်ညှိနှိုင်းထားခြင်း ဖြစ်သည်။ (ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၏ တွေ့ဆုံမေးမြန်းမှုကို ကြည့်ပါ။) ယခု COVID-19 တိုက်ဖျက်ရေး လုပ်ငန်းစဉ် အွန်လိုင်း အစည်းအဝေးများသည်ပင် အခြားတနည်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ်လည်း အသွင်ပြောင်းသွားနိုင်ပါသေးသည်။

အကိုးအကား

C J L Murry, G King, A D Lopez, N Tomijima, E G Krug. (September 2002). “Armed conflict as a public health problem”. BMJ Volume 324. p. 346-349.

David (February 2016). “Politics and Governance: From Emergency to Emergence”. The Palgrave Handbook of Disciplinary and Regional Approaches to Peace.

IRC. (April 2020). COVID-19 in Humanitarian crises: A double emergency.

WHO. (2002) Environmental health in emergencies and disasters: a practical guide

The post ကိုဗစ် – ၁၉ ကူးစက်ကပ်ဘေး နှင့် ပဋိပက္ခအပေါ် အကဲဆတ်သော တုံ့ပြန်မှု appeared first on ISP Myanmar Peace Desk.