တိုက်ပွဲဖြစ်ပွားမှုများ(မတ်လ ပထမပတ်)

By Nyein Ko Ko Soe, On

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၄ ရက်အထိ (မတ်လ ပထမပတ်) ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ အမ်း၊ မင်းပြား၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မြေပုံမြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းကိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု ၃၀ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။ မတ်လ ပထမပတ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သား ၁၂ ဦး သေဆုံး၊ ၃၄ ဦးအထိ ထိခိုက် ဒဏ်ရာရခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် ARSA တို့ အကြား ဖြစ်ပွားမှု၊ NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် တပ်မတော်တို့ တိုက်ပွ... […]